← Chapters

ဒုတိယနေ့ အစစ်အမှန်သတ်ပွဲ

Vol. 14 Ch. 178

ဒုတိယနေ့ အစစ်အမှန်သတ်ပွဲ

Vol. 14 Ch. 178

"ကွင်းတွင်း ချန်ပီယံ တိုက်ပွဲကကော ဘယ်လိုလဲ"

ယွမ်ရှောင်က မေးမြန်းလိုက်သည်။

"ကွင်းတွင်း ချန်ပီယံ တိုက်ပွဲက အများကြီး ပို ရိုးရှင်းတယ်။ ချန်ပီယံ ဆယ့်ခြောက်ဦးက သူတို့ရဲ့ အင်မော်တယ်စစ်ပွဲ ကျောက်စိမ်းပြားကို ရွှေရောင်တစ်ခုအဖြစ် အဆင့်မြှင့်တင်ရလိမ့်မယ်။ ရွှေရောင် အင်မော်တယ်စစ်ပွဲ ကျောက်စိမ်းပြားတစ်ခုတည်းက အဖြူရောင် အခု တစ်ရာနဲ့ တန်ဖိုး ညီတယ်။ အထူးသဖြင့် သတ္တိရှိတဲ့ ဘယ်သူမဆို ချန်ပီယံတစ်ဦးကို သူတို့ရဲ့ အဖြူရောင် ကျောက်စိမ်းဖြင့် စိန်ခေါ်နိုင်ပေမယ့် မင်းအနေနဲ့ အခွင့်အရေး တစ်ကြိမ်သာ ရတယ်။ ရှုံးသွားရင် မင်းရဲ့ အဖြူရောင် ကျောက်စိမ်းပြားကို ပေးအပ်ပြီး ပြိုင်ပွဲက ထုတ်ပယ်ခံရလိမ့်မယ်။ နိုင်ရင်တော့ မင်းက ရွှေရောင် ကျောက်စိမ်း ပြားကို လုယူပြီး၊ ကိုယ်တိုင် ချန်ပီယံ ဖြစ်လာမယ်"

ချန်ကျင်း၏ ရှင်းပြချက်ကြောင့် ယွမ်ရှောင်သည် တိုက်ပွဲ၏ အဓိပ္ပာယ်ကို သဘောပေါက်သွားသည်။ ချန်ပီယံ ကွင်းတွင်း တိုက်ပွဲသည် တစ်ဦးချင်း ယှဉ်ပြိုင်မှုများအကြောင်း ဖြစ်ပြီး ပတ်လည် တိုက်ပွဲသည် ပါဝင်သူ ငါးဦးစီဖြင့် အဖွဲ့လိုက် တိုက်ပွဲ ဖြစ်သည်။ ပြိုင်ပွဲနှစ်ခုလုံး၏ အဓိက အချက်မှာ အင်မော်တယ်စစ်ပွဲ ကျောက်စိမ်း ဖြစ်ပြီး ကွင်းတွင်း ချန်ပီယံ တိုက်ပွဲတွင်ဖြစ်စေ၊ ပတ်လည် တိုက်ပွဲတွင်ဖြစ်စေ အောင်နိုင်သူသည် ရှုံးနိမ့်သူ၏ ကျောက်စိမ်းကို အမြဲတမ်း သိမ်းပိုက်ရပေလိမ့်မည်။ ပတ်လည် တိုက်ပွဲသည် လှည့်ကွက်များစွာရှိသောကြောင့် အလွန်ခက်ခဲမည်ဟု သေချာနေ၏။

"ပထမနေ့မှာ ပါဝင်သူ တစ်ဦးစီက တိုက်ပွဲမြေပြင် တစ်ခုတည်းကိုသာ ရွေးချယ်နိုင်တယ်။ ပတ်လည် တိုက်ပွဲ ဒါမှမဟုတ် ကွင်းတွင်း ချန်ပီယံ တိုက်ပွဲ ဖြစ်ပါစေ၊ တစ်ရ​က်ကုန်ဆုံးသွားရင် အရေအတွက် အများအပြား ဖယ်ရှားခံရလိမ့်မယ်။ ကျန်ရှိနေတဲ့ တိုက်ခိုက်သူတွေအတွက် ကနဦး အဆင့်သတ်မှတ်ချက်တစ်ခု ထွက်ပေါ်လာမှာဖြစ်တယ်"

ချန်ကျင်းက ထပ်မံ ရှင်းပြသည်။

"ဒါပေမယ့် ချန်ပီယံ ဆယ့်ခြောက်ဦးလုံး အားကောင်းတာကို ထည့်သွင်းစဉ်းစားရင် ဘယ်သူက သူတို့ကို စိန်ခေါ်ဖို့ အမှန်တကယ် ရွေးချယ်မှာလဲ"

ယွမ်ရှောင်က တစ်ချက်စဥ်းစား၍ မေးခွန်းထုတ်လိုက်ခြင်း ဖြစ်၏။

" သူတို့ လုပ်ကြလိမ့်မယ်။ ပြီးတော့ အရေအတွက် နည်းနည်းတောင် မဟုတ်ဘူး"

ချန်ကျင်းက မဲ့ပြုံးဖြင့် ပြန်ဖြေသည်။

"ဘာကြောင့်လဲ"

"ကောင်းကင်နယ်မြေ၊ အင်မော်တယ်စစ်ပွဲရဲ့ အဓိက ရည်မှန်းချက်ဟာ လူ့လောကရဲ့ ထိပ်တန်း အင်မော်တယ်ကို သရဖူဆောင်းပေးရန် ဖြစ်တယ်။ ဒီဘွဲ့ထူးကို ချန်ပီယံ ဆယ့်ခြောက်ဦးထဲမှ တစ်ယောက်က သိမ်းပိုက်နိုင်ချေရှိတယ်။ ဒါ့​ကြောင့် စိန်ခေါ်သူ အများစုက အမြောက်စာတွေ၊ အတွေ့အကြုံ ရလိုသူတွေနဲ့ ခဏတာ ကျော်ကြားမှုကို ရှာဖွေသူတွေ ဖြစ်ကြလိမ့်မယ်။ သူတို့ ရှုံးနိမ့်မှာ သေချာရင်တောင် အများအပြားက ထိပ်တန်းအဆင့် ပါရမီရှင်တွေနဲ့ တိုက်ခိုက်ဖို့ အခွင့်အရေးကို တောင့်တနေကြဆဲပဲ။ အသိအမှတ်ပြုမှု တစ်ခုက တချို့အတွက် တန်ဖိုးရှိတယ်လေ။ ဒါ့အပြင် ချန်ပီယံ လေးဦးက အင်မော်တယ်နတ်ပြည်ထောင်တွေရဲ့ ပါရမီရှင်တွေ ဖြစ်ကြပြီး သူတော်စင်နယ်ပယ်အောက်မှာ ရှိတယ်လို့ သတင်းထွက်နေတယ်။ နတ်ဆိုး အများစုက သူတို့ကို အဆင့်တစ်ဆင့် ဒါမှမဟုတ် နှစ်ဆင့် လျှော့ချပစ်ဖို့ စောင့်ဆိုင်းနေမှာ မဟုတ်ဘူး။ သူတို့ကို အရှက်ခွဲခြင်း​က နတ်ဆိုးတိုက်ကြီးအတွက် ပျော်စရာသက်သက်ပဲ"

ချန်ကျင်းက ခဏရပ်တန့်သွားကာ ရှည်ရှည်ဝေးဝေး ရှင်းပြလိုက်ပြန်သည်။

" ဒါဆိုရင် ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုအရ အချို့က ချန်ပီယံတွေကို အင်အားပြုန်းတီးစေဖို့ နည်းဗျူဟာတစ်ခု အသုံးပြုနိုင်တယ်။ အဖွဲ့တစ်ဖွဲ့ရဲ့ ပါဝင်သူတွေက ထိပ်တန်း အရည်အချင်းရှိ ပါရမီရှင် ကိုယ်စား တခြား ပါရမီရှင်တွေကို အင်အားချိနဲ့စေဖို့ အရေအတွက် အားသာချက်ကို အသုံးချတာမျိုးပေါ့"

ယွမ်ရှောင်က မျက်ခုံးတစ်ချက်ပင့်၍ ထောက်ပြလိုက်ပြီး အဆင့်အတန်းကွဲပြားမှုကို အဆုံးအဖြတ်ပေးနိုင်သော တိုက်ပွဲသည် စိတ်လှုပ်ရှားစရာများ ပြည့်နှက်နေသည်။

"ဥပမာပြောရရင် မရေမတွက်နိုင်တဲ့ နတ်ဆိုးတွေက ချန်ရီကို တစ်ယောက်ပြီးတစ်ယောက် စိန်ခေါ်နိုင်တာပေါ့။ အတိတ်က ငါ့ အတွေ့အကြုံအရ ကွင်းတွင်း ချန်ပီယံ တိုက်ပွဲမှာ ပါဝင်သူ သုံးဦးတိုင်းအတွက် ပတ်လည် တိုက်ပွဲမှာ ခုနစ်ယောက် ရှိတယ်။ ဒါပေမယ့် ဒီတစ်ခေါက်မှာ တခြား အင်မော်တယ်နတ်ပြည်ထောင် ငါးခုနဲ့ နတ်ဆိုးတိုက်ကြီး ထပ်တိုးလာတော့ ဘာကိုမှ အတိအကျ တွက်ချက်မရဘူး"

ချန်ကျင်းက အတွေးနက်နေပြီး ယခင် ပြိုင်ပွဲများတွင် ချန်ပီယံများသည် နဂါးအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံး ဆယ်ဦးသာ ဖြစ်သော်လည်း အင်မော်တယ်စစ်ပွဲသည် မှတ်တမ်းတင်ထားသမျှ သမိုင်းတွင် အခမ်းနားဆုံးဖြစ်ပြီး ထည့်သွင်းစဉ်းစားရန် ကွဲပြားခြားနားသော အချက်များ ထွက်ပေါ်လာတတ်သည်။

"ဒါဆိုရင် ပထမနေ့မှာ ဒီတိုက်ပွဲနှစ်ခုလုံးရဲ့ အဓိက ရည်မှန်းချက်က လူအရေအတွက် လျှော့ချပြီး ဒုတိယနေ့အတွက် ပြင်ဆင်တာမျိုး ဖြစ်နေမလား"

ယွမ်ရှောင်က မျက်လုံးများ ကျဥ်းမြောင်း၍ စဥ်းစားခန်းဝင်နေ၏။

"မင်းပြောသလို အတိအကျပဲ။ ဒုတိယနေ့မှာ တကယ့်တိုက်ပွဲအစစ် ဖြစ်တည်လာပြီး ပြိုင်ပွဲဝင်အားလုံးကို ကြီးမားတဲ့ စစ်မြေပြင်တစ်ခုဆီ ပို့ဆောင်ပစ်လိုက်တယ်။ ချန်ပီယံဖြစ်ဖြစ် အဖွဲ့တွေဖြစ်ဖြစ် လူတိုင်းက သူတို့ရဲ့ ကျောက်စိမ်းအတွက် တိုက်ခိုက်ကြလိမ့်မယ်။ နောက်ဆုံးမှာ အရေအတွက်အများဆုံးရှိတဲ့ ဘယ်သူမဆို လူသားမျိုးနွယ်ရဲ့ ထိပ်တန်း အင်မော်တယ်အဖြစ် ချီးမြှောက်ခံရမှာပဲ"

ချန်ကျင်းက စိတ်ဓာတ်တက်ကြွစွာ ထောက်ခံနေပြီး ယွမ်ရှောင်သည် ချန်ရီထံ လှမ်းကြည့်ကာ ပထမနေ့တွင် သူမသည် လွှမ်းမိုးနိုင်စွမ်းရှိမည် ဖြစ်သော်လည်း ထိပ်တန်းနတ်ဆိုးပါရမီရှင်တိုင်းကို သတ်နိုင်မည် မဟုတ်ပေ။ အကယ်၍ သူမသာ အကြံတစ်ခုခု စီစဉ်ထားလျှင် ဒုတိယနေ့ နောက်ဆုံးတိုက်ပွဲအတွင်း ဖြစ်ပေလိမ့်မည်။

" အရင်အင်မော်တယ်စစ်ပွဲတွေက အရုဏ်တက်နတ် ပြည်ထောင်ရဲ့ ပြည်တွင်းရေး ဖြစ်ခဲ့ပြီး နောက်ဆုံးတိုက်ပွဲမှာ အဖွဲ့အလိုက် အတူတကွ ပူးပေါင်း စုစည်းခဲ့ကြတယ်။ ဒါပေမယ့် အခုတစ်ခေါက်တော့ တခြား အင်မော်တယ်နတ်ပြည်ထောင်တွေနဲ့ နတ်ဆိုးတိုက်ကြီး ပါဝင်လာလို့ နိုင်ငံစစ်ပွဲတွေပမာ ဆင်တူမယ်လို့ ငါ ထင်တယ်။ လူသားနဲ့ နတ်ဆိုးကြားက စစ်ပွဲတစ်ခုပေါ့။ ဟုတ်တယ်မလား"

ယွမ်ရှောင်၏ ကောက်ချက်ကို ပြုံးနေသော ချန်ကျင်းက မငြင်းဆန်ခဲ့ပေ။

"မှန်တယ်။ ဒါက စိတ်လှုပ်ရှားစရာ ကောင်းတယ်ကွ။ ပါရမီရှင် အားလုံး၊ လူသားရော နတ်ဆိုးပါ လှောင်အိမ်တစ်ခုတည်းအတွင်း ပစ်ချခံရပြီး သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ကျင့်ကြံသူတစ်ယောက်က အမြင့်မြတ်ဆုံးအဖြစ် ပေါ်ထွက်လာလိမ့်မယ်။ မဟာမိတ်ဖွဲ့ခြင်း၊ သစ္စာဖောက်ခြင်း၊ နဲ့ နောက်ကျောဓားဖြင့်ထိုးခြင်း ဒီလိုအရာတွေအားလုံးကို မြင်တွေ့ရနိုင်တယ်"

အင်မော်တယ်စစ်ပွဲအတွက် ပြိုင်ပွဲဝင်များ၏ အစီအစဥ်မှာ ပထမနေ့ – ကွင်းတွင်း ချန်ပီယံ တိုက်ပွဲ သို့မဟုတ် ပတ်လည် တိုက်ပွဲ၊ တစ်ခု ရွေးချယ်ရန် ဖြစ်ကာ ဒုတိယနေ့- အစစ်အမှန်တိုက်ပွဲကို ဆင်နွှဲရပေလိမ့်မည်။ မည်သူက နှစ်ရက်အကြာတွင် ဤပါရမီရှင်များ၏ ထိပ်ပိုင်းတွင် ရပ်တည်ကာ အများဆုံး ကျောက်စိမ်းပြား အရေအတွက်အား ကိုင်ဆောင်၍ ထိပ်တန်း အင်မော်တယ်အဖြစ် သရဖူဆောင်းခံရမည်ကို လောကကြီးတစ်ခုလုံး အသက်ပင်မရှူဘဲ စောင့်ကြည့်နေကြသည်။

"ဒါဆိုရင် ပထမနေ့မှာ ပတ်လည် တိုက်ပွဲကြောင့် ချန်ရီလက်က လွတ်သွားနိုင်တဲ့ သစ္စာဖောက်တွေနဲ့ နတ်ဆိုးတွေကို ငါ ကိုင်တွယ်ပေးရမှာပေါ့"

ယွမ်ရှောင်က ခပ်ညစ်ညစ်ပြုံး၍ ဆုံးဖြတ်လိုက်ပြိး ပထမနေ့တွင် သူနှင့် ချန်ရီ တစ်ယောက်ချင်းစီက တိုက်ပွဲအမျိုးအစား တစ်ခုစီ ရွေးချယ်၍ ဒုတိယနေ့၌ သူတို့ ဘေးချင်းယှဉ် တိုက်ခိုက်သတ်ဖြတ်ရ​ပေလိမ့်မည်။

"ယွမ်ရှောင်၊ ငါတို့ရဲ့ နောက်ဆုံး အသင်းဖော် နှစ်ယောက် ရောက်လာပြီ"

အပြင်ဘက်မှ အသံအချို့ကို ရုက်တရက်ကြားလိုက်ရသောကြောင့် ချန်ကျင်းသည် ကျေနပ်စွာ ပြုံး၍ ထရပ်လိုက်၏။ ယွမ်ရှောင်က မတ်တပ်ရပ်၍ စူးစမ်းလိုက်ရာ သူ မျှော်လင့်ထားသည့်အတိုင်း ပထမဆုံး ရောက်လာသူမှာ နက်ရှိုင်းသော ခရမ်းရောင် မျက်လုံးများ ရှိသည့် လူငယ် လန့်ကော် ဖြစ်သည်။ ကောလာဟလအရ သူသည် အင်မော်တယ်နတ်ပြည်ထောင်၏ အောက်နယ်မြေ ကိုးဆယ့်ကိုးခုအတွင်း အင်အားအကြီးဆုံး ကျင့်ကြံသူ ဖြစ်ပြီး ရှားပါးသော သိုင်းပညာကျင့်ကြံသူ တစ်ဦးလည်း ဖြစ်သည်။

"နန်းကုန်းရှု"

အနီရောင်ဝတ်ရုံ ဆင်မြန်းထားသော ကျန်လူငယ်ကိုလည်း ယွမ်ရှောင်က ချက်ချင်း မှတ်မိခဲ့ပြီး သူ၏မွေးစားအဒေါ်၊ နန်းကုန်းရှီ၏ တူဖြစ်ကာ ယခင်က အဘိုးဆွန်နှင့်အတူ သူ့ကို လာရောက်ကြိုဆိုဖူးသည့် ကောင်းကင်နယ်မြေ၏ ဓားပါရမီရှင် တစ်ဦးပင်။

"ယွမ်ရှောင် မင်းနဲ့ ဒီလောက်စောစော ဘေးချင်းယှဥ် တိုက်ခိုက်ခွင့်ရှိလိမ့်မယ်လို့ မထင်ထားဘူး"

နန်းကုန်းရှုသည် နွေးထွေးစွာ နှုတ်ဆက်၍ ယွမ်ရှောင်က ဓားတာအိုကျောက်တိုင်ရှေ့တွင် နတ်ဆိုးများကို ရင်ဆိုင်ခဲ့သည့် အခိုက်အတန့်ကြောင့် သူနှင့်အတူ တိုက်ပွဲဝင်ရန် စိတ်ကူးထားပြီးဖြစ်သည်။

"ညီအစ်ကို နန်းကုန်း"

ယွမ်ရှောင်က အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်ပြလိုက်ပြီး ဤသို့ဖြင့် အဖွဲ့မှာ ပြည့်စုံသွားသည်။ ယွမ်ရှောင်၊ ချန်ကျင်း၊ ကျောက်ရှောင်ထန်၊ လန့်ကော်၊ နှင့် နန်းကုန်းရှု ဤပါရမီရှင်ငါးယောက်သည် ချန်မျိုးနွယ်၊ ဝိညာဉ်ရတနာနန်းတော်၊ အောက်နယ်မြေများ နှင့် ကောင်းကင်နယ်မြေ၏ ဓားကျင့်ကြံသူများကို အသီးသီး ကိုယ်စားပြုသည်။ ဤအဖွဲ့သည် အရုဏ်တက်နတ် ဧကရီ၏ အင်အားစုများအနက် အရည်အချင်းရှိသူများ၏ အသန်မာဆုံး စုစည်းမှု ဖြစ်ကာ အဇူရာသစ်ရွက် အဖွဲ့နှင့် ယှဥ်နိုင်စွမ်းရှိသည်။

"နင်တို့ အားလုံးအတွက် ဂုဏ်ယူပါတယ်။စိတ်တူကိုယ်တူ ရဲဘော်ရဲဘက်တွေ ရှာဖွေဖို့ ခက်ခဲပေမယ့် မင်းတို့က အချိန်တိုအတွင်း ပါရမီရှင်ငါးယောက်တောင် စုစည်းနိုင်ခဲ့တယ်"

ချန်ရီက မနာလိုအားကျဟန်ဖြင့် ရေရွတ်လိုက်ပြီး သူတို့သည် ပတ်လည် တိုက်ပွဲတွင် ပါဝင်ရန် ရည်ရွယ်ထားကာ သူမမှာ အရုဏ်တက် အင်မော်တယ်နတ်ပြည်ထောင်၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် တစ်ကိုယ်တော် တိုက်ခိုက်ရပေလိမ့်မည်။

"ဒီလို မဟုတ်သေးဘူး။ မင်း အပါအဝင် ငါတို့အဖွဲ့ အရေအတွက်က ခြောက်ယောက်ပဲ။ မင်းက ငါတို့ရဲ့ အဓိက တိုက်ခိုက်သူဖြစ်တယ်။ ငါတို့က မင်းရဲ့ အစ်ကိုကြီးတွေ အနေနဲ့ အတူတူ တိုက်ခိုက်ရတာ ဂုဏ်ယူစရာပဲ"

ချန်ကျင်းက လက်ကာပြ၍ ဖြတ်ပြောလိုက်ခြင်း ဖြစ်၏။

"ကောင်းပြီ၊ ဒါဆိုရင် ငါတို့က ဒုတိယနေ့ အစစ်အမှန် တိုက်ပွဲအတွင်း လူပြန်စုကြမယ်"

ချန်ရီက သဘောတူညီကြောင်း ခေါင်းညိတ်ပြခဲ့သည်။

"ငါတို့ ငါးယောက်က မင်းကို ကာကွယ် စောင့်ရှောက်ပေးမယ်။ ချဉ်းကပ်လာတဲ့ ဘယ်သူမဆို သတ်ပစ်ပြီး ငါတို့ ရှိနေသရွေ့ မင်းက လူသားမျိုးနွယ်ရဲ့ ထိပ်တန်း အင်မော်တယ် ဖြစ်လာစေရမယ်"

ကျောက်ရှောင်ထန်က လေးနက်စွာ ကတိပေး၍ ပြုံးလိုက်သည်။

"ဟမ့်။ နင့်လိုလူမျိုးကလား"

ချန်ရီက သူ့ကို အမြင်မကြည်ဟန်နှင့် မျက်စောင်းထိုးကြည့်လိုက်သဖြင့် ရယ်သံများ ဆူညံစွာ ထွက်ပေါ်လာ၏။ လန့်ကော်သည် ချန်ကျင်းနှင့် နန်းကုန်းရှုကို ပထမဆုံးအကြိမ် တွေ့ဆုံဖူးခြင်းဖြစ်ကာ လူငယ်များအကြား ရဲဘော်ရဲဘက်စိတ်ဓာတ် လျင်မြန်စွာ ဖြစ်တည်လာသည်ဟု ခံစားလိုက်ရပြီး တစ်ချက်ပြုံး၍ မေးသည်။

"ငါတို့ ငါးယောက် အဖွဲ့ကို ဘယ်လို နာမည် ပေးသင့်လဲ"

"ယောက်ျားပီသသူများ ဆိုရင်ကော။ ငါတို့အားလုံးက သန်မာတဲ့ လူတွေပဲ"

အဖွဲ့ကို စစ်ဆေး၍ ကျောက်ရှောင်ထန်က လျင်မြန်စွာ အကြံပြုခဲ့သည်။

"နင့်ကိုယ်နင်လည်း ပြန်ကြည့်ဦး။ ဘယ်နားမှာ ယောကျ်ားပီသတာလဲ"

ချန်ရီက နောက်ပြောင်လိုက်သည်။

"တကယ်လား။ နင်က အရမ်း ရိုင်းတာပဲ"

ကျောက်ရှောင်ထန်က ပြဇာတ်ဆန်သော ကိုယ်ဟန်အနေအထား ပြုလုပ်၍ တစ်ချက်ငဲ့ကြည့်ကာ ပြောလိုက်သဖြင့် ယွမ်ရှောင်သည် ရယ်ချင်စိတ်ကို ထိန်းသိမ်းနိုင်ခဲ့သော်လည်း ကြယ်ပြာက ဝါးလုံးကွဲ ရယ်မောလုနီးပါး ဖြစ်သွားသည်။

"ဒါဆိုရင် ယွမ်ရှောင်ကို မင်းတို့ လက်ထဲ အပ်ထားလိုက်မယ်။ သူရဲ့ ဓားဝိညာဉ်ပေါ်က ဓားစက်ကွင်း ငါးခုကြောင့် အာရုံစိုက်ခံရလိမ့်မယ်။ သူ့ကို ဘေးထွက်နေဖို့ စိတ်ပြောင်းအောင် ငါလည်း မဖြောင်းဖျနိုင်ဘူး။ ဒါကြောင့် သူ့လုံခြုံရေးအတွက် မင်းတို့ အားလုံးကို အားကိုးပါတယ်"

ချန်ရီက ထိုအုပ်စုကို တစ်ချက်ဝေ့ကြည့်ကာ တောင်းဆိုခဲ့သည်။

"စိတ်မပူပါနဲ့။ မနေ့ညက ငါတို့ လေမီး ကပ်ဘေး ဆေးလုံးများ အများကြီး စားသုံးခဲ့ပြီး ပဉ္စမမြောက် ကပ်ဘေးကို တမင်တကာ ဆင့်ခေါ်ခဲ့တယ်။ ဒါက အန္တရာယ်များခဲ့ပေမယ့် ကျော်ဖြတ်နိုင်ခဲ့လို့ အခု ငါတို့လေးယောက်က အခြေ တည်အဆင့် လေမီး ကပ်ဘေးနယ်ပယ်ရောက်နေတဲ့အတွက် ယွမ်ရှောင်ကို လုံခြုံအောင် ကာကွယ်ပေးနိုင်မှာပါ"

ချန်ကျင်းက အသက်ပြင်းပြင်းရှူ၍ လေးနက်စွာ အာမခံလိုက်သဖြင့် ယွမ်ရှောင်ပင် အံ့သြသွားရသည်။ သူတို့က အင်မော်တယ်စစ်ပွဲအတွက် အစွမ်းကုန် ကြိုးစားနေကြပြီး လေမီးတောက် ကပ်ဘေးကိုပင် တမင်တကာ ဆင့်ခေါ်၍ ခွန်အားရယူရန် အသက်နှင့် လောင်းကြေးထပ်ခဲ့ကြ၏။ ၎င်းက စစ်သူကြီးချန်ရှောင်၏ ဗျူဟာမြောက် လှုပ်ရှားမှုတစ်ခု ဖြစ်ပုံရကာ ဤနေရာတွင် မတ်တပ်ရပ်နေခြင်းမှာ သူတို့၏ အောင်မြင်မှုအတွက် သက်သေပင်။

"ဒါပေမယ့် အဇူရာ သစ်ရွက်၊ ခရမ်းရောင်ကောင်းကင်နဲ့ နတ်ဆိုးတိုက်ကြီးလို အဖွဲ့တွေမှာလည်း ပြည့်စုံခြင်းအဆင့် လေမီး ကပ်ဘေးနယ်ပယ် ပြိုင်ဘက်တွေ ရှိနိုင်တယ်။ ဒါကြောင့် ငါတို့ ရန်သူတွေကို လျှော့မတွက်ကြနဲ့"

လန့်ကော်က ဖြတ်ပြော၍ သတိပေးလိုက်၏။

"ဒီပတ်လည် တိုက်ပွဲက ပန်းခြံထဲ လမ်းလျှောက်ရသလို သာယာနေမှာ မဟုတ်ဘူးလေ"

ယွမ်ရှောင်က မှတ်ချက်ပေးလိုက်သည်။

"လုံးဝ မဟုတ်ဘူးပေါ့။ ပြီးတော့ "

ချန်ကျင်း၏ အကြည့်က ရုတ်တရက် စူးရှလာသည်။

"ဘာများလဲ"

တစ်ဖွဲ့လုံး သိချင်စိတ်ဖြင့် သူ့ဘက် လှည့်ကြည့်လိုက်ကြ၏။

"ပတ်လည် တိုက်ပွဲမှာ ငါတို့ရဲ့ ပထမဆုံး ပြိုင်ဘက်ကို မဟာကျောင်းတော်က ရွေးချယ်ထားတယ်။ ငါတို့၏အဖွဲ့ လူသိများကျော်ကြားနေလို့ သူတို့က ကြောက်စရာ ပြိုင်ဘက်တစ်ဖွဲ့ကို သေချာပေါက် စီစဉ်ထားလိမ့်မယ်။ ဒါက သူတို့ရဲ့ အမြင်ကျဥ်းမြောင်း အောက်တန်းကျတဲ့ နည်းလမ်းပဲ။ ငါတို့အ​နေနဲ့ ဘယ်ရန်သူ အင်အားစုရဲ့ အဖွဲ့ကို ရင်ဆိုင်ရမယ်ဆိုတာကို ခန့်မှန်းရုံပဲ"

သူက အေးစက်စက်ပြုံး၍ ရှင်းပြခဲ့၏။

"မစိုးရိမ်ပါနဲ့၊ သူက ငါတို့ရဲ့ အားနည်းချက် ဖြစ်လာမှာ မဟုတ်ဘူး"

ယွမ်ရှောင်အကြောင်း ကောင်းကောင်းသိထားသော ချန်ရီက အာမခံလိုက်သဖြင့် ကျန်လူများ စိတ်ရှုပ်သွားပုံရသည်။ လက်ရှိတွင် သူက အင်မော်တယ်သွေးကြောနယ်ပယ်သာ ဖြစ်သော်လည်း အစောပိုင်းအဆင့် လေမီးကပ်ဘေးနယ်ပယ် ရန်သူကို အနိုင်ယူနိုင်ခဲ့သည် မဟုတ်ပါလော။

"ငါတို့ သွားသင့်ပြီ"

နောက်ထပ် စကားတစ်ခွန်းမှ မဆိုဘဲ ချန်ရီက ရှေ့သို့ လှမ်း၍ စစ်မြေပြင်သို့ ချီတက်ရန် အသင့်ဖြစ်နေသည်။

တော်ဝင် စားသောက်ပွဲ ခန်းမ၊ ကောင်းကင်နယ်မြေတွင် အကျော်ကြားဆုံး အဆောက်အအုံ၌ ဝန်ကြီးချုပ်၏ သား၊ ယို ချင်းကျစ်သည် အပေါ်ဆုံးထပ်ရှိ ခမ်းနားစွာ အလှဆင်ထားသော အခန်းတစ်ခုအတွင်း လှမ်းဝင်လာသည်။

"ယို ချင်းကျစ်၊ မင်း စာရင်း ရပြီလား"

အခန်းထဲရှိ လူငယ်နှစ်ယောက်က သူ့ကို ကြိုဆို နှုတ်ဆက်ရန် ထရပ်လာကြပြီး ရှကျင်း နှင့် လင်းကျုံးရှောင် ဖြစ်ကာ သူတို့သည် လက်ရှိ နဂါးအဆင့်သတ်မှတ်ချက်တွင် တတိယနှင့် စတုတ္ထ နေရာများကို ရယူထားကြသည်။

"ငါ ရလာခဲ့ပြီ။ ချိုင်ဟွာချီနဲ့ မော့ရွှဲကျင် ဘယ်ရောက်နေတာလဲ"

ယိုချင်းကျစ်က အခန်းတွင်း လှည့်ပတ်စစ်ဆေး၍ မေးလိုက်လေသည်။

All Chapters