← Chapters

ငဖားများ

Vol. 14 Ch. 178

ငဖားများ

Vol. 14 Ch. 178

"ကောင်းကင် လမ်းကို ထပ်ရောက်နေကြပြန်ပြီ ထင်တယ်။ သူတို့ မနေ့ညတည်းက နတ်ဆိုးမင်းသားတွေနဲ့ ပျော်ပါးနေပြီး ပြန်မလာခဲ့ကြဘူး"

ရှကျင်းက တစ်ချက်ပြုံး၍ အသိပေးလိုက်ပြီး ထိုမိန်းမများသည် နေ့ခင်းဘက်တွင် အထက်တန်းလွှာမလေးများဟန်ပန် ကစားနေကြသော်လည်း ညဘက်၌ နတ်ဆိုး တော်ဝင်မျိုးနွယ်များကို မျက်နှာချိုသွေးနေသဖြင့် ယို ချင်းကျစ်က နှာခေါင်းရှုံ့လိုက်သည်။

"သူတို့က တော်တော်စိတ်အားထက်သန်တဲ့ လက်ပါးစေ ခွေးတွေ ဖြစ်လာကြတာပဲ"

ရှကျင်း နှင့် လင်းကျုံးရှောင်က ထိုစကားကို မနှစ်မြို့ဟန်ဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ချိုင် ဟွာချီ နှင့် မော့ ရွှဲကျင်၊ သူတို့ ပြောနေသည့် မိန်းကလေးနှစ်ဦးသည် နဂါးအဆင့်သတ်မှတ်ချက်တွင် ပဉ္စမနှင့် ဆဋ္ဌမ အဆင့် ရရှိထားပြီး ချန်ရီ၏ စိန်ခေါ်ချက်ကို အန္တရာယ်ကြိုတင်ခံစားနိုင်ခဲ့သော ဤငါးယောက်က ဉာဏ်ရှိရှိ အရှုံးပေးခဲ့ကြသည်။ ထို့ကြောင့် သူတို့က ရဲ ရှင်းယင် နှင့် အခြားသူများကဲ့သို့ တိုက်ပွဲမြေပြင်တွင် ကြောက်မက်ဖွယ် ကံကြမ္မာဆိုးနှင့် မတွေ့ဆုံခဲ့ကြရပေ။ ယို၊ ချိုင်၊ ရှ၊ မော့၊ နှင့် လင်း မျိုးနွယ်များသည် ထောင်စုနှစ်ချီသော မျိုးရိုးစဉ်ဆက် သမိုင်း ရှိသည့် ကောင်းကင်နယ်မြေ၏ မြင့်မြတ် မိသားစုများ ဖြစ်ကာ ခေတ်နောက်ပြန်ဆွဲချင်သော အင်မော်တယ်ပြည်ထောင်၏ ဗျူရိုကရက်များ ဖြစ်ကြသည်။ အစွမ်းအင်အားနှင့် ဂုဏ်သိက္ခာအရ ဤမျိုးနွယ်များသည် ရဲ၊ ချန်၊ မူ နှင့် ဟန် မျိုးနွယ်များအောက် အနည်းငယ်သာ နိမ့်ကျ၍ ယို ချင်းကျစ်၏ ဖခင် ဝန်ကြီးချုပ်သည် အဆင့်အမြင့်ဆုံး ရာထူးကို သိမ်းပိုက်ထားသည်။ အခြားလေးဦး၏ မိဘများသည်လည်း သက်ဆိုင်ရာအပိုင်းများတွင် အခြေခံအားဖြင့် အဇူရာ သစ်ရွက် အဖွဲ့၏ ထိပ်တန်း အရာရှိများ ဖြစ်ကြသည်။

"သူတို့ကို လွှတ်ထားလိုက်ပါ၊ ယို။ ငါတို့ကို စာရင်း ပြ"

လင်းကျုံးရှောင်က တိုက်တွန်းသည်။

"ဒီစာရင်းက နည်းနည်းတော့ ပြဿနာရှိတယ် "

ယို ချင်းကျစ်က စာလိပ်တစ်ခုကို ဖြန့်ချရင်း အထက်ပါအတိုင်း မှတ်ချက်ချလိုက်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော အပြုံးတစ်ခု သူ၏ မျက်နှာပေါ်တွင် တည်ရှိနေသည်။ ကျန်နှစ်ယောက်က စာလိပ်ကို အသေအချာ စစ်ဆေးလိုက်သောအခါ ရယ်မောသံများ ထိန်းချုပ်မရနိုင်လောက်အောင် ထွက်ပေါ်လာ၏။ ယ

"ငါတို့ရဲ့ ပြိုင်ဘက်က… ချန်ကျင်း၊ ကျောက်ရှောင်ထန်၊ နန်ကုန်းရွှီ၊ လန့်ကော်၊ နဲ့ ယွမ်ရှောင်လား"

ထိုသုံးယောက်က မယုံကြည်နိုင်သည့် ဟန်ပန်မျိုးဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

"ဒါဆိုရင် ဒါက… ကိုယ်ရံတော် လေးယောက်နဲ့ ဝက်ပေါက်လေး တစ်ကောင်လား"

"သူတို့က ယွမ်ရှောင်ကို တကယ် တိုက်ပွဲကွင်းထဲ ထည့်ချင်နေတာပေါ့"

"အဇူရာ ကောင်းကင် ဧကရာဇ်ရဲ၊ မူ ထျန်းရှီ၊ နဲ့ ငါ့အဖေတို့က ငါတို့ကို အခြေတည်အဆင့် လေမီးတောက် ကပ်ဘေး နယ်ပယ် ရောက်ဖို့ များစွာ ရင်းနှီးမြှုပ်နှံခဲ့တယ်။ ငါတို့က ကိုယ့်တန်ဖိုးကို သက်သေပြရမယ်ဆိုပေမယ့် အခု ဝက်တစ်ကောင်လို အားနည်းသူကို သတ်ပြီး ဖွင့်ပွဲမှာ ကြမ်းပြရမှာလားကွာ"

ယိုချင်းကျစ်က အထင်သေးစွာ မှတ်ချက်ချ၍ ပြုံးနေခဲ့သည်။

"တကယ်လို့ ဒီလိုဆိုရင် ချန်ရီက တိုက်ပွဲကွင်းကို ကာကွယ်ဖို့ လိုအပ်လို့လား။ သူမက အိမ်အလွတ်တစ်လုံးကို စောင့်ကြပ်နေသလိုဖြစ်ပြီး နောက်မှာ ကျန်ရစ်နေခဲ့မှာပဲ"

ရှကျင်းက မောက်မာစွာ နှာခေါင်းရှုံ့လိုက်သည်။

"အားနည်းတဲ့ ဝက်ဆိုရင်တောင် ချောင်ပိတ်မိနေတဲ့ သူကို ဘယ်တော့မှ လျှော့မတွက်နဲ့။ ငါက လန့်ကောင်အကြောင်း ကောင်းကောင်းမသိထားပေမယ့် ကျန်သုံးယောက်က ငါတို့နဲ့ ကျင့်ကြံဆင့်ချင်း တူညီနိုင်တယ်"

ယိုချင်းကျစ်က လေးနက်စွာ သတိပေးလိုက်သည်။

"မျက်စိတစ်မှိတ်အတွင်း ငါတို့က အရင်ဆုံးတိုက်ခိုက်ပစ်ဖို့ ပထမ လိုအပ်တယ်။ အရေအတွက် အားသာချက်ကို အသုံးချပြီး အောင်ပွဲရဲ့ ချိန်ခွင်လျှာကို ငါတို့ဘက် ယိမ်းယိုင်စေတာပေါ့"

လင်းကျုံးရှောင်က ရက်စက်သော မျက်နှာထားဖြင့် ကြမ်းကြုတ်စွာ ကြုံးဝါးလိုက်သည်။

"သဘောတူတယ်"

သူတို့က တိုက်ပွဲအတွက် ဗျူဟာချနေစဉ် အခန်းတံခါး ပွင့်လာပြီး ရှည်လျားပြီး တောက်ပသော ခရမ်းရောင် ဆံပင်၊ နတ်သားမျက်နှာ နှင့် ခန့်ညားသော တည်ရှိမှု ရှိသည့် တော်ဝင် ဆန်သော လူကြီးလူကောင်းတစ်ဦးပုံရိပ်မျိုးဖြင့် ခရမ်းရောင်နတ်ပြည်ထောင်၏ မင်းသား ဝင်ရောက်လာခဲ့သည်။

"အရှင်မင်းသား"

ယို ချင်းကျစ်၊ ရှကျင်း၊ နှင့် လင်းကျုံးရှောင်က အပြုံးကိုယ်စီဖြင့် ချက်ချင်းထရပ်၍ ကြိုဆိုလိုက်ကြသည်။

"ကျေးဇူးပြုပြီး ထိုင်ပါ"

"မင်းတို့ စာရင်း ရထားပြီလား"

ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ မင်းသားက အခန်း၏ အဓိကနေရာတွင် ဝင်ထိုင်လိုက်ပြီး လက်ဆန့်မတောင်းခင်မှာပင် ယိုချင်းကျစ်သည် အခွင့်အရေးသမားပီပီ စာလိပ်ကို ပေးအပ်လိုက်၏။

" အစကတည်းက မင်းတို့အတွက် ဒီအလုပ်က ခက်ခဲနေပုံရတယ်"

မင်းသား၏ နှုတ်ခမ်းထောင့်များက အပြုံးတစ်ခုအဖြစ် ကွေးညွှတ်သွားသည်။

"ဒီငါးယောက်ကို ဖယ်ရှားခြင်းက မဟာကျောင်းတော်ရဲ့ အတိတ် မကျေနပ်မှုကို လက်စားချေရုံသာမက လောကကို ခြိမ်းခြောက်မှုများမှလည်း ကင်းစင်စေလိမ့်မယ်။ ပညာရှင်ကျောင်းတော်သားအနေနဲ့ ကျုပ်တို့က ရှေ့ထွက်ဖို့ တာဝန်ရှိတယ်"

ယိုချင်းကျစ်က ကပ်ဖားယပ်ဖား အပြုံးဖြင့် တုံ့ပြန်ခဲ့၏။

"ဒါဆို ရလဒ်ကို ငါ စောင့်မျှော်နေပါမယ်"

မင်းသားက စာရင်းကို ဆက်လက် စစ်ဆေးနေရင်း မျက်နှာထား အေးစက်သွားသည်။

"ခမည်းတော်က ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်၏ ကွင်းတွင်း ချန်ပီယံ ရာထူးကို ငါ့ ညီမလေးဆီ ပေးအပ်ခဲ့တာပဲ"

"သတ္တမ မင်းသမီးလေးက ဆယ့်နှစ်နှစ် အရွယ်မှာပင် သူတော်စင် နယ်ပယ်သို့ ရောက်ရှိခဲ့ပြီ။ သူမက အမှန်တကယ်ကို…" သူ

ဤစကားကို ကြားသောအခါ အဖားလွန်နေသော ရှကျင်းက လေးစားစွာ မြှောက်ပင့်လိုက်သောကြောင့် ယိုချင်းကျစ်တစ်ယောက် တံတောင်ဖြင့် တွတ်၍ သတိပေးလိုက်ရ၏။

"ဒီပတ်လည် တိုက်ပွဲက ပါဝင်သူတွေ ရောနှောနေတဲ့ အုပ်စုတစ်စု ဖြစ်နိုင်ပေမယ့် အရှင်မင်းသားလို သူတော်စင်နယ်ပယ် ကျင့်ကြံသူက သူတို့ကို ဦးဆောင်လိုက်ရင် စံနှုန်းတွေ မြင့်တက်လာပါလိမ့်မယ်။ ဒီလ်ုဆိုရင် ပတ်လည် တိုက်ပွဲက ကွင်းတွင်း ချန်ပီယံ တိုက်ပွဲထက် လူစိတ်ဝင်စားမှုများများ ရမှာ သေချာတယ်"

ယိုချင်းကျစ်၏ စကားကြောင့် မင်းသားက မဲ့ပြုံးတစ်ချက်ဖြင့် စိုက်ကြည့်ကာ စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

"ကျား မရှိရင် မျောက်တွေ သောင်းကျန်းတယ်။ ရဲ ရှင်းချန် မရှိ​တာနဲ့ အဇူရာသစ်ရွက် အင်မော်တယ်နတ်ပြည်ထောင်ရဲ့ ပါရမီရှင် စံနှုန်းတွေ ကျဆင်းသွားခဲ့ပြီ"

ယခင် နတ်ပြည်ထောင်နှစ်ခုက တန်းတူ ယှဉ်ပြိုင်မှု ဖြစ်ခဲ့သော်လည်း လက်ရှိ၌ နတ်ဘုရားကုန်းမြေတိုက်ကြီး၏ လူသား နိုင်ငံများအကြားတွင် ခရမ်းရောင်ကောင်းကင် အင်မော်တယ်နတ်ပြည်ထောင်က အထွတ်အထိပ်သို့ ရောက်ရှိနေသည်မှာ နတ်ဆိုးများနှင့် ပေါင်းသင်းခြင်း၏ အကျိုးကျေးဇူးများပင် ဖြစ်သည်။

"ကောင်းပြီ၊ သူတို့ကို ခေါ်လိုက်စမ်း"

"မိန်းကလေးတွေ ဝင်လာကြစမ်း"

မင်းသား၏အမိန့်အတိုင်း ယိုချင်းကျစ်က ညွှန်ကြားလိုက်သောအခါညအခန်းတံခါးများ ပွင့်လာ၍ မြေခွေးအမြီးများနှင့် ကြောင်နားရွက်များ ရှိသည့် မိန်းမငယ်လေးများ တန်းစီ ဝင်ရောက်လာခဲ့ကြသည်။

"ဘာလို့ နတ်ဆိုးတွေလဲ"

မင်းသားက တစ်ချက်မျှသာ ကြည့်၍ မျက်မှောင်ကြုတ်သည်။

"အရှင်မင်းသား၊ ဒါတွေက အသန့်စင်ဆုံးများထဲမှ အချို့…"

"နတ်ဆိုးတိုက်ကြီးမှာ ခြောက်လနေခဲ့ရတာက ငါ့ကို အန်ထွက်လုနီးပါး ဖြစ်စေခဲ့တယ်။နောက်တစ်ဖွဲ့ ခေါ်လိုက်စမ်း။ နန်ကုန်းရှီး၊ ရောင်ယွဲ့နဲ့ စုလန်လန်လို ဓားကျင့်ကြံသူ အလှပဂေးတွေ မရှိဘူးလားကွ"

ယိုချင်းကျစ်က ရှင်းပြရန် အသည်းအသန်ကြိုးစားလိုက်သော်လည်း မင်းသားက လူသတ်လိုသော အကြည့်ဖြင့် အမိန့်ပေးလာခဲ့သည်။

ကောင်းကင်လမ်းတွင် မိုး တဖွဲဖွဲ ရွာသွန်းနေပြီး လနတ်သားက စက္ကူထီးတစ်လက် ဆောင်း၍ ခြေဗလာဖြင့် လျှောက်လှမ်းနေသည်။ သူက တက်လှမ်းခြင်း ဂိတ်တံခါး၊ အင်မော်တယ်စစ်ပွဲ၏ တည်နေရာသို့ ဦးတည်နေကာ နံဘေးတွင် သခင်မဟွာလျန်သည် လိုက်ပါလာ၍ လက်မောင်းကို တွဲလျက်သားနှင့် ဦးခေါင်းကို သူ၏ ပခုံးပေါ် မှီထားသည်။

" လငယ်လေး"

သူမက တိုးတိုးလေး ခေါ်လိုက်၏။

ဘာများလဲ၊ ဆရာ"

ရှေ့သို့ စူးစိုက်နေကြည့်နေသော လနတ်သားက မေးလိုက်ခြင်း ဖြစ်သည်။

"မင်း ငါ့ကို လှည့်စားမှာလား"

သူမက တောက်ပသော မျက်ဝန်းအစုံဖြင့် သူ့ကို မော့ကြည့်နေခဲ့သည်။

"ဆရာ၊ ဘာကြောင့် အဲ့လို ပြောရတာလဲ"

သူက တစ်ချက်ငုံ့ကြည့်၍ နူးညံ့သိမ်မွေ့စွာ ထပ်မေးလိုက်သည်။

"မင်းရဲ့ တိုးတက်မှုက အရမ်းမြန်တယ်။ ရက်အနည်းငယ်အတွင်းမှာ မင်းက အလယ်အလတ်အဆင့် လေမီးတောက် ကပ်ဘေး နယ်ပယ်ကို ရောက်နေပြီ။ သူတို့က မကြာခင် သတိပြုမိပြီး မင်းရဲ့ ပါရမီကို လေ့လာကြလိမ့်မယ်"

သူမက ထူးဆန်းစွာ တီးတိုးရေရွတ်သည်။ ပျက်စီးအနှစ်သာရ အထောက်အပံ့ ရှိနေသရွေ့ လနတ်သားအနေဖြင့် လေမီးတောက်ကပ်ဘေးနယ်ပယ်သို့ အလွယ်တကူ တက်ရောက်နိုင်စွမ်း ရှိပေသည်။

"ကျုပ် နားလည်ပေမယ့် ဆရာ့ကို လှည့်စားမယ်လို့ ဘာကြောင့် ထင်ရတာလဲ"

လနတ်သားက ခပ်တိုးတိုး ပြောသည်။

"ငါ မင်းကို ပေးခဲ့တဲ့ ပျက်စီး အဆီအနှစ် နဲ့ မင်း ကိုယ်တိုင် ရရှိထားတာတွေကို ဘယ်မှာ ထားခဲ့လဲ"

ဟွာလျန် သခင်မက ရေကန်ပမာ လျှို့ဝှက်ဆန်းကြယ် နက်ရှိုင်းသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေခဲ့၏။

"ကျုပ် အကုန်လုံးကို ဝါးမျိုပစ်လိုက်တယ်ဆိုရင် ဆရာ ယုံကြည်ပေးမှာလား"

သို့သော် သူက အကြည့်မလွှဲဘဲ တည်ငြိမ်စွာ ဖြေလိုက်သည်။

"ငါ အစကတည်းက သိပြီးသားပါ"

ဟွာလျန်က ခဏတာ တိတ်ဆိတ်သွားပြီးမှ စကားစလိုက်သည်။

"ဒါဆိုရင် ဘာကြောင့် ကျုပ်အကြောင်း မဖော်ထုတ်ခဲ့တာလဲ"

သူမကို ကြည့်နေသော လနတ်သား၏ မျက်လုံးများတွင် အေးစက်မှု အနည်းငယ် ဖြစ်တည်လာ၏။

"မင်းက ထူးဆန်းတဲ့ နတ်ဆိုးတစ်ကောင်ပဲ။ မင်းရဲ့ အတွေးအခေါ်တွေက ငါတို့ မျိုးနွယ်ရဲ့ တခြား ဘယ်သူနဲ့မှ မတူဘူး"

"ဆရာကလည်း ကျုပ်လို ထူးဆန်းတယ်မလား။ ဒီလောကကြီးမှာ ငှက်တစ်ကောင်တည်းရဲ့ အမွေးတွေလို တူညီတဲ့ ကျုပ်ကသာ ဆရာ့ကို နားလည်နိုင်တယ်"

"အင်းပါ"

လနတ်သားသည် သူမ၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သောအခါ သူမက နူးညံ့စွာ ခေါင်းညိတ်သည်။

"ကျုပ်ရဲ့ လျှို့ဝှက်ချက်ကို ထိန်းသိမ်းပေးမယ်လို့ ကတိပေးပါ။ ကျုပ် အစွမ်းထက်မလာခင် ကာကွယ်ပေး၊ အပြန်အလှန်အနေနဲ့ ကျုပ်က ဆရာ့ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး"

သူက သူမ၏ နားသို့ ကပ်ကာ တိုးတိုးလေး ပြော၍ ခဏတာ အကြည့်ချင်း ဆုံခဲ့ကြသည်။ ထို့နောက် သူမက တိတ်တဆိတ်ဖြင့် သူ၏ပခုံးပေါ် ပြန်လည်မှီချကာ မိုးရေထဲတွင် အိပ်မက်တစ်ခုအတွက် ခရီးဆက်နေသော မြေခွေးနတ်ဆိုးနှစ်ယောက်အဖြစ် လျှောက်လှမ်းသွားကြ၏။

"ငါ့မှာ သူတော်စင် ကျောက်တုံး နည်းနည်း ကျန်သေးတယ်။ မင်းအတွက် ပျက်စီးအဆီအနှစ်အချို့ ထပ်ဝယ်ရအောင်"

ခဏအကြာတွင် ဟွာလျန်က ရုတ်တရက် စကားပြောလာခဲ့သည်။

"ကျေးဇူးပါပဲ၊ သူဌေးမကြီး"

"ဘာလဲ"

မျက်လုံးများ ဝင်းလက်သွားသော လနတ်သား၏ စနောက်မှုကြောင့် သူမ နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဆရာ"

"မင်း လူဆိုးလေး"

မိုး ပိုမို သည်းထန်လာပြီး ယနေ့ည အင်မော်တယ်စစ်ပွဲအတွက် ကြိုတင် ပြင်ဆင်ပေးထားပုံရပြီး မိုးရေသည် စီးထွက်လာမည့် သွေးများကို လျင်မြန်စွာ ဆေးကြောပေးသွားနိုင်သည်။ ထို့နောက် လနတ်သား နှင့် ဟွာလျန် သခင်မသည် ပျက်စီးအဆီအနှစ် အထူးရောင်းချသည့် ဆိုင်တစ်ဆိုင်မှ ထွက်လာကြသည်။ ကြီးစိုး၍ အေးစက်သော အရှိန်အဝါတစ်ခု ရုတ်တရက် ရောက်ရှိလာပြီး မိုးရေအကြား၌ အနက်ရောင်ဝတ် မိန်းကလေးတစ်ယောက်ကို မြင်လိုက်ရ၏။ ရှည်လျားသော ဆံပင်က သူမ၏ ခါးအထိ ဖြာကျနေပြီး မျက်နှာ၌ သွေးမရှိဟန် ဖြူဖျော့နေကာ သေးငယ်သော အစွယ်နှစ်ချောင်း သူမ၏ နှုတ်ခမ်းထောင့်များမှ ထွက်ပေါ်နေသည်။

"သခင်မ ဟွာလျန်"

"ဟုတ်ကဲ့"

"ဒါက လနတ်ဆိုး ဧကရာဇ်ရဲ့ ညီမငယ်၊ ထျန်းလုပဲ"

ဟွာလျန်က အနည်းငယ် ဦးညွှတ်၍ လနတ်သမီးဘက်သို့ လှည့်ကာ မိတ်ဆက်ပေးလိုက်၏။

"ဒီ မြေခွေးငယ်လေးက ရှေးဦး နတ်ဆိုးတစ်ကောင်လို့ ငါ ကြားထားတယ်"

"ဟုတ်ပါတယ်"

"ငါရဲ့ ဒီည တာဝန်ယူအတွက် အဖော်တစ်ယောက် လိုအပ်ပြီး သူ့ကို လိုချင်တယ်"

ထျန်းလုက အမိန့်ပေးလိုက်သော်လည်းဟွာလျန်မှာ တိတ်ဆိတ်နေဆဲဖြစ်သည်။

"ကောင်းကင်နယ်မြေက တော်တော်လေးကို ဖရိုဖရဲ ဖြစ်နေပြီ။ အစ်ကိုက နင်တို့ မြေခွေး မျိုးနွယ်ကို အတော်လေး မကျေမနပ် ဖြစ်နေတယ်၊ နားလည်လား"

"အမှုတော်ထမ်းရတဲ့အတွက် ဂုဏ်ယူပါတယ်"

ထျန်းလုက အေးစက်စွာ ခြိမ်းခြောက်လိုက်သောအခါ လနတ်သားသည် ခေါင်းညိတ်၍ ​ရှေ့တက်လာခဲ့၏။

"လိုက်လာခဲ့စမ်း"

ထျန်းလုက အမိန့်ပေးပြီး မိုးသီးမိုးပေါက်များအကြား ထွက်ခွာသွားသောကြောင့် တစ်ကိုယ်လုံး ရေရွှဲရွှဲစိုနေကာ ခန္ဓာကောက်ကြောင်းများ ပေါ်လွင်နေသည်။

"ဆရာ၊ ကျုပ် မကြာခင် ပြန်လာမယ်"

"သူမ စိတ်မဆိုးသွားအောင် သတိထားပါ"

ဟွာလျန်က လေးနက်စွာ သတိပေးလာသဖြင့် လနတ်သား ခေါင်းညိတ်​ပြကာ စက္ကူထီးကို မြှင့်တင်ရင်း ထျန်းလုနောက်သို့ အပြေးတစ်ပိုင်း လိုက်သွားခဲ့သည်။

"နင်နဲ့ပတ်သက်ပြီး တစ်ခုခု ထူးဆန်းနေတယ်"

ထျန်းလု၏ ခြေလှမ်းများ ရပ်တန့်သွားကာ အေးစက်စက် လှည့်ကြည့်လာ၏။

"ဘာ ထူးဆန်းတာလဲ"

"မင်းက နတ်ဆိုးတစ်ကောင်နဲ့ မတူဘူး၊ လူသားတစ်ယောက်နဲ့ ပိုတူတယ်"

သူမက မဲ့ပြုံးတစ်ချက်ဖြင့် ရေရွတ်နေသည်။

"ဘယ်လိုမျိုးလဲ"

"နတ်ဆိုးတွေက ဆန့်ကျင်ဘက် လိင်ကို မြင်ရင် ခါးနဲ့ တင်ပါးကို အရင်ကြည့်ကြတယ်။ မင်းကတော့ မျက်နှာကို အရင် ကြည့်တယ်"

လနတ်သားက တစ်ချက်ပြုံး၍ နတ်ဆိုးသရုပ်သကန်အတွက် သက်သေဖြစ်သော အမြှီးကို ထုတ်ဖော်ပြသခဲ့သည်။ ထို့နောက် နတ်ဆိုးနှစ်ယောက်သည် မိုးရေအကြား ထီးအောက်တွင် ဆက်လျှောက်သွားသောအခါ တိုက်ပွဲကွင်းပြင်ပတ်လည်၌ လူပင်လယ်ကြီးပမာ စည်ကားနေကြောင်း မြင်လိုက်ရလေသည်။

All Chapters