← Chapters

တာအိုလမ်းစဉ်ဂိုဏ်း၏ မောင်နှမကိုးဖော်

Vol. 9 Ch. 125

တာအိုလမ်းစဉ်ဂိုဏ်း၏ မောင်နှမကိုးဖော်

Vol. 9 Ch. 125

ညီကိုးထိုမျှစိတ်အားထက်သန်နေလျှင် ထောင်ချောက်တစ်ခု သို့မဟုတ် ပူးပေါင်းကြံစဉ်မှုတစ်ခု သေချာပေါက်ရှိမည်မှန်း သူသိသည်။

သူသတိအနေအထားဖြစ်သွားသည်။

တာအိုဝစီပိတ် သူ့ကိုဒုက္ခပေးချင်သည့် အကြောင်းရင်းတစ်ခု ရှိသည်ဟု သူယုံကြည်သည်။ တာအိုဝစီပိတ် ကလေးအရွယ်တွင် တတိယအကြီးအကဲက ဂိုဏ်းသို့ခေါ်လာသည်။ အငယ်ဆုံးတပည့်ဖြစ်လာသည်။ သို့သော် သူတို့ဆရာမှအစ ညီအကိုမောင်နှမများအားလုံး တစ်ယောက်မှ ကလေးမထိန်းဖူးကြ။ ထို့ကြောင့် သူတို့ဘာသာ နည်းလမ်းစဉ်းစားရသည်။

မဟာအကြီးအကဲက အိပ်မက်မှော်ပညာကို ကျွမ်းကျင်သည်။ တာအိုရှင်ဝစီပိတ် ကလေးအရွယ်တွင် အိပ်မပျော်လျှင် သူက အိပ်မက်မှော်ပညာဖြင့် အိပ်‌ပျော်အောင်လုပ်ပေးသည်။

တာအိုဝစီပိတ် ကျင့်ကြံသည်အရွယ်ရောက်လာသည်။ ကျင့်ကြံရင်း အမြဲအိပ်ငိုက်နေတတ်သည်။ ထိုအချိန်တွင် မဟာအကြီးအကဲက အိပ်မက်မှော်ပညာဖြင့် သူလန့်နိုးအောင်လုပ်သည်။ နည်းနည်း ခြောက်လန့်မှု လွန်သွားဟန်တူသည်။ ယနေ့ထိ တာအိုရှင်ဝစီပိတ်စိတ်ထဲတွင် မဟာအကြီးအကဲက အရိပ်မည်းတစ်ခုလိုဖြစ်နေသည်။

မဟာအကြီးအကဲ သတိဖြင့် အကဲခတ်နေသည်ကိုကြည့်၍ တစ်ခြားအကြီးအကဲခုနစ်ယောက်ကလည်း နှုတ်ဆက်ကြသည်။

“အကိုကြီး၊ လာပါ။ ဒီဟော့ပေါ့ကလည်း အကိုကြီးကို သတိရနေတာပါ”

ကံဆိုးလျှင် သူတို့ချည်းကံဆိုး၍မဖြစ်။ တာအိုလမ်းစဉ်ဂိုဏ်း မောင်နှမကိုးယောက်လုံး ကံဆိုးရမည်။

လူရှစ်ယောက် ဂူဝတွင် ပြုံးပြနေကြသည်။ သို့သော် အပြင်သို့ ခြေမလှမ်းရဲကြ။ ထိုမြင်ကွင်းက တစ်ခြားလူအတွက် အတော်သံသယဝင်စရာကောင်းသည်။

ညီငယ်ညီမငယ်ခုနစ်ယောက် ထိုမျှလောက် ဘယ်တုန်းကမှ စိတ်အားမထက်သန်ဖူးမှန်း မဟာအကြီးအကဲသိသည်။

နှစ်သုံးထောင်အတွေ့အကြုံကြောင့် သူရင့်ကျက်နေပြီဖြစ်သည်။ ချက်ချင်း သဘောပေါက်လိုက်သည်။ ဤမြင်ကွင်းသည် ပုံရိပ်ယောင်တစ်ခုဖြစ်မည်။

သူ့လျှာသူ နည်းနည်းကိုက်လိုက်သည်။

လျှာထိပ်မှထွက်လာသည့်သွေးဖြင့် ပုံရိပ်ယောင်ကို ဖျက်ဆီးရန်ကြိုးစားသည်။ သို့သော် ဘာမှပြောင်းလဲမသွား။

ပုံရိပ်ယောင်မဟုတ်လောက်။

ညီကိုးကို ယွမ်ကျိက ဂူထဲတွင် ပိတ်လှောင်ထားသည်ဟု လုယန်က ပြောလိုက်သည်။ သို့သော် ဘာကြောင့် ကျန်သည့်ခုနစ်ယောက်က ဘယ်လိုပိတ်မိသွားသနည်း။

“ဘယ်လိုလုပ်ပြီး မင်းတို့အားလုံး ပိတ်မိသွားတာလဲ”

အဋ္ဌမအကြီးအကဲက အလေးအနက်လေသံဖြင့် ပြောသည်။

“ဒီလိုပါ အကိုကြီ။ ညီကိုးကို ယွမ်ကျိက ပိတ်လှောင်ထားတယ်ကြားလို့ အမြန်လာကြည့်ကြတာပါ။ ညီကိုးကပြောတယ်။ ဒီမှော်တံဆိပ်က ဉာဏ်ကောင်းတဲ့လူတွေကို ပိတ်လှောင်မထားနိုင်ဘူးတဲ့။ ကျုပ်တို့ခုနစ်ယောက် ကိုယ့်ကိုယ်ကို ဉာဏ်ကောင်းတယ်လို ယူဆကြတယ်လေ။ ဒါကြောင့် တစ်ယောက်တစ်လှည့်ကြိုးစားခဲ့တယ်။ အခု အကိုမြင်တဲ့အတိုင်း ဒီလိုဖြစ်လာတာပဲ”

မဟာအကြီးအကဲ မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။

“အဲလောက်တောင်ထူးဆန်းတယ်ပေါ့။ ငါစမ်းကြည့်မယ်”

မဟာအကြီးအကဲ ဂူထဲသို့ဝင်လာသည်။ အားလုံးပျော်သွားကြသည်။

အဋ္ဌမအကြီးအကဲ ပြောသည့်စကားလည်း မှားတော့မမှားပါ။ ဉာဏ်ကောင်းသူသည် ကိုယ့်သဘောနှင့်ကိုယ် အချုပ်အနှောင်ထဲ ဝင်မည်မဟုတ်။

ထိုသို့ဖြင့် တာအိုလမ်းစဉ်ဂိုဏ်း မောင်နှမကိုးယောက်လုံး ပိတ်မိသွားသည်။ ဂုဏ်ပြုပွဲကျင်းပစရာ အကြောင်းတစ်ခုရလာသည်။

လူကိုးယောက် ဟော့ပေါ့အိုးဘေးပတ်လည်တွင် ဝိုင်ထိုင်သည်။ ဂူတစ်ခုလုံး မြူးခိုးများပြည့်နေသည်။ နတ်သမီးကျွန်းနှင့်တူသည်။ ဟော့ပေါ့နံ့သင်းနေသည်။

ဟော့ပေါ့ပြင်ဆင်ဖို့ပစ္စည်းများကို တတိယအကြီးအကဲက ထုတ်ပေးခဲ့သည်။ ခန္ဓာကိုယ်ကျင့်ကြံသူဖြစ်၍ လိုအပ်သည့်အဟာရပြည့်အောင် မိုးမြေရတနာများ သားရဲတို့၏ဝိညာဉ်အသားများ ပုံမှန်စားဖို့လိုသည်။

အားလုံးထံမှ ဇာတ်လမ်းအပြည့်အစုံကို ကြားပြီးချိန်တွင် မဟာအကြီးအကဲ မျက်နှာတင်းသွားသည်။

လူရှစ်ယောက် ဤနေရာတွင် ပိတ်မိခဲ့သည်။ သို့သော် အကူအညီမတောင်းဘဲ နောက်တစ်ယောက်ကိုပါ မျှားခေါ်သည်။

လောင်ပါး ရှင်းပြသည်။

“ကျုပ်တို့ အပြင်ထွက်နိုင်ဖို့ စဉ်းစားကြည့်ခဲ့ပါတယ်။ ဒါပေမယ့် ထွက်သွားချင်ရင် အတွင်းနတ်ဆိုးကို ကျော်လွှားနိုင်ရမယ်လို့ ညီကိုးကပြောတယ်။ ဒါပေမယ့် အတွင်းနတ်ဆိုးတွေက သန်မာလွန်းတယ်။ ကျုပ်တို့ လုံးဝအနိုင်မယူနိုင်ဘူး။

ဒါကြောင့်တစ်ခြားနည်းလမ်းတွေ စဉ်းစားကြည့်တယ်။ ဥပမာ ညီသုံးက ဇွန်းတစ်ချောင်းသုံးပြီး ဥမင်တူးမယ်လို့ပြောတယ်။ ညီလေးက တူမယွမ်ကျိကို အော်ခေါ်ပြီး အကူအညီတောင်းကြည့်ဖို့ ပြောတယ်။ ညီငါးက ဇွန်းကို မှော်လက်နက်အဖြစ် သန့်စင်ပြီး ဥမင်တူးဖို့ပြောတယ်။ နောက်ပြီး...”

မဟာအကြီးအကဲ လက်ကာပြ၍ တားလိုက်သည်။

“လုယန်ပြောလိုက်တယ်။ သုံးရက်ကျင့်ကြံလိုက်တာနဲ့ မှော်တံဆိပ်အစွမ်းက အလိုလိုပြယ်သွားမှာ။ ညီကိုးကိုလည်း လွန်ခဲ့တဲ့သုံးရက်ကတည်းက ပြောပြီးသားတဲ့။ အခုချိန် မှော်တံဆိပ်ပြယ်လောက်ပြီတဲ့။ အဲဒါ ငါနားကြားမှားခဲ့လို့များလား”

မဟာအကြီးအကဲ အရူးမဟုတ်ပါ။ ဂူထဲသို့ အငိုက်မိပြီး ဝင်လာခဲ့သည်မဟုတ်။ ထွက်နိုင်သည့်နည်းကို သိထားသောကြောင့်ဖြစ်သည်။

အေးစက်စက်အကြည့်ရှစ်ခုက တာအိုဝစီပိတ်ဆီ ကျလာသည်။

တာအိုရှင်ဝစီပိတ်က တည်ငြိမ်သည့်လေသံဖြင့်

“ဂိုဏ်းအတွက် ငါလည်းအများကြီးအကျိုးဆောင်ခဲ့ပါတယ်။ မင်းတို့မလှုပ်ရှားခင် သေတမ်းစာတစ်ခုလောက် ငါအရင်ရေးလို့ရမလား”

......

ကျင့်ကြံနေရင်းမှ ကောင်းကင်ဂိတ်တောင်ထိပ် အနည်းငယ်တုန်ခါသွားသည်ကို လုယန် ခံစားလိုက်ရသည်။ သူအံ့ဩသွားသည်။ ဘာဖြစ်သည်မသိ။

ကောင်းကင်ဂိတ်တောင်ထိပ်တွင် ဘယ်သူက လှုပ်ရှားရဲသနည်း။

သို့သော် တောင်ထိပ်က တစ်ကြိမ်သာလှုပ်ပြီး ပုံမှန်အတိုင်းငြိမ်သက်သွားသည်။ ထို့ကြောင့် သူသိပ်မတွေးတော့။ ယွမ်ကျိချန်ထားခဲ့သည့် သီးခြားမှော်စက်ဝန်းထဲသို့ဝင်၍ အသက်ရှူနှုန်းထိန်းညှိပြီး အခြေတည်အစောပိုင်းအဆင့်မှ တက်နိုင်ရန် အာရုံစိုက်သည်။

ယွမ်ကျိက သူ့အနားတွင်ရှိမနေပါ။ အခြေတည်အလတ်တန်းအဆင့်တက်သည်က လုယန်အတွက် သာမန်ကိစ္စသာဖြစ်သည်။ ပြဿနာရှိမည်မဟုတ်။ ကာကွယ်ပေးဖို့မလို။

ခဏကြာပြီးနောက် သူ့ဝိညာဉ်၊ စွမ်းအင်နှင့် သန္ဓေအားလုံး အထွတ်အထိပ်သို့ ရောက်လာသည်။ သူ့စိတ်များကြည်လင်နေသည်။ နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်ကိ လည်ပတ်လိုက်သည်။ ဘေးပတ်လည်ဝိညာဉ်ချီများကို စုပ်ယူသည်။ များပြားသည့် ချီစွမ်းအင်များ သူ့ကိုယ်ထဲတွင် အဆက်မပြတ်လည်ပတ်နေသည်။

အခြေတည်အစာပိုင်း၊အလတ်တန်းနှင့် နောက်ဆုံးအဆင့်များသို့တက်ချိန်တွင် ရိုးတွင်းခြင်ဆီကိုသန့်စင်၍ အသစ်ပြန်တည်ဆောက်နိုင်သည်။ ကျင့်ကြံမှုနှင့် တိုက်ပွဲများကြောင့် ရခဲ့သည့် ဒဏ်ရာဟောင်းများကို ပြန်ပြုပြင်နိုင်သည်။

သို့သော် လုယန်အတွက် ထိုအဆင့်က မလိုအပ်။

ချီအဆင့်ကတည်းက ရိုးတွင်းခြင်ဆီသန့်စင်ခြင်းအစားထိုးခြင်း ပြီးမြောက်ခဲ့သည်။ စွန့်ထုတ်စရာ အညစ်အကြေးများ လုံးဝမကျန်တော့။

အခြေတည်အဆင့်ရောက်ပြီးနောက် လုယန်၏ ကျင့်စဉ်က ခန္ဓာကိုယ်ကို အမြဲသန့်စင်အောင် ထိန်းထားနိုင်သည်။ သူဘာစားစား စွမ်းသန္ဓေများစုပ်ယူ၍ အညစ်အကြေးများကို စွန့်ထုတ်နိုင်သည်။

နှလုံးသဘာဝဉာဏ်အလင်းကျင့်စဉ်သည် စိတ်ကိုသာမက ခန္ဓာကိုယ်ကိုလည်း သန့်စင်ပေးသည်။

သူ့ဒန်ထန်တွင် ဝိညာဉ်ရည်ဝဲကတော့တစ်ခု ဖြစ်လာသည်။

ဒန်ထန်ထဲတွင် ပူနွေးလာသည်။ အတွင်းပိုင်းသို့ကြည့်သည်။ စွမ်းအင်ဝဲကတော့ တဖြေးဖြေးအားကောင်းလာသည်ကို ခံစားမိသည်။ အပြင်ဝိညာဉ်ချီများကို စုပ်ယူနေသည်။ သူ့အတွက် သင့်တော်သည် ပိုသန့်စင်သည့် ဝိညာဉ်စွမ်းအင်ကို ရှူထုတ်သည်။

မဟာကောင်းကင်လည်ပတ်ခြင်းစနစ်ကို စတင်သည်။ ကိုယ်ထဲတွင် လည်ပတ်နေသည့် ဝိညာဉ်စွမ်းအင်ကို အဆက်မပြတ်သန့်စင်သည်။ အစိတ်ပိုင်းတစ်ခုမကျန် အားဖြည့်သည်။

ဝဲကတော့က မြန်သထက်မြန်လာသည်။ သူ့ကိုယ်ထဲစီးဆင်းနေသည့် ဝိညာဉ်စွမ်းအားလည်း ပို၍ အရှိန်မြင့်လာသည်။ နောက်ဆုံးတွင် အတားအဆီးတစ်ခုကို ဝိညာဉ်စွမ်းအားက အတင်းချိုးဖျက်သွားသည်။

လုယန် မျက်လုံးပွင့်လာသည်။ သူအ့ကြည့်က ကြည်လင်စူးရှိသည်။

အခြေတည်အလတ်တန်းဆင့်သို့ ရောက်ပြီဖြစ်သည်။

မှော်စက်ဝန်းအပြင်ဘက်မှ သစ်သားရုပ်သေးက သူအဆင့်၍ အခြေငြိမ်ပြီး အန္တရာယ်မရှိတော့မှန်းသိသဖြေင့ ထရပ်၍ ထွက်သွားသည်။

“ငါမလုပ်ရသေးတာတစ်ခုရှိတယ်”

အခြေတည်ဆောက်ခြင်းမှတ်တမ်းမှ စကားလုံးများကို သူပြန်သတိရလာသည်။ ထိုမှတ်တမ်းသည့် သတ္တမအကြီးအကဲအခြေတည်ဆောက်သည့် အတွေ့အကြုံကို ရေးထားခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ဂိုဏ်းတပည့် အကိုများအမများက ပြင်ဆင်ဖြည့်စွက်ခဲ့သည်။ အခြေတည်ဆောက်ရာတွင် ကြုံနိုင်သည့် ပြဿနာများကို ပြည့်စုံစွာ ဖော်ပြထားသည်။

လုယန် ညာလက်တွင် ဝိညာဉ်ချီစုစည်း၍ ဝမ်းဗိုက်ညာဘက်အောက်ပိုင်းကို ညင်သာစွာရိုက်လိုက်သည်။ ထို့နောက် အသားစတစ်ခု ပါးစပ်မှ တွေးထုတ်သည်။ သူ့ကိုယ်ထဲမှ သွေးနီအသားစဖြစ်ဟန်တူသည်။

“ဒါကဘာလဲ”

လုယန်အဆင့်တက်သည်ကို ထာဝရနတ်မယ် သိစိတ်နယ်မြေမှ ကြည့်နေခဲ့သည်။ အနှောက်အယှက်ဖြစ်မည်စိုး၍ စားမပြောရ။ တစ်ချိန်လုံးငြိမ်နေခဲ့သည်။ ယခု အခြေတည်အလပ်တန်းဆင့်သို့ အောင်မြင်စွာရောက်ရှိသွားသည်။

သူသေမတတ် စကားပြောချင်နေသည်။

လုယန် အလေးအနက်ရှင်းပြသည်။

“စားသောက်ပြီးတဲ့အချိန် ကြမ်းတမ်းတဲ့လေ့ကျင့်ခန်းမျိုး မလုပ်ရဘူးလို့ပြောကြတာ ခင်ဗျားကြားဖူးလား။ အဲလိုလုပ်ရင် ဗိုက်ထဲမှာထိုးအောင့်ပြီးနာကျင်တာမျိုး ဖြစ်နိုင်တယ်။ နဖူးကနေချွေးသီးချွေးပေါက်တွေကျပြီး မြေပေါ်မှာလူးလှိမ့်နေရတဲ့အထိ ဖြစ်နိုင်တယ်။ ကျင့်ကြံမှုမှာ အများကြီးထိခိုက်တယ်။

ကျုပ်တို့တာအိုလမ်းစဉ်ဂိုဏ်းက အကိုအမတွေ စမ်းသပ်လေ့လာရင်း တစ်ခုသိလာတယ်။ အခြေတည်အလတ်တန်းဆင့် တက်တဲ့အချိန် အသုံးမဝင်တဲ့အသားစတစ်ခု ဖြတ်ထုတ်လိုက်ရင် ဒီလိုဝေဒနာမျိုး မခံရတော့ဘူးတဲ့။ စားပြီးရင်လည်း ကိုယ့်စိတ်ကြိုက်လှုပ်ရှားနိုင်တယ်”

“ဒါဆို နင်ခုနက ဖြတ်ထုတ်လိုက်တာက...”

“အူအတက်ပါ”

ထာဝရနတ်မယ် - “...”

ယနေ့ခေတ်ကျင့်ကြံသူတို့၏ အတွေးအခေါ်ကို သူလိုက်မမီတော့။

**************************************************************

All Chapters