← Chapters

နေရာတိုင်းမှာ အန္တရာယ်

Vol. 9 Ch. 132

နေရာတိုင်းမှာ အန္တရာယ်

Vol. 9 Ch. 132

အရုဏ်အလင်းပေါ်စတွင် သူတို့နိုးလာသည်။ ခုနစ်နာရီထိုးဖို့ နည်းနည်းလိုသေးသည်။

“မနေ့က ငါသေမတတ်ကြောက်သွားတာကွ”

လွန်ခဲ့သည့်ညက အတွေ့အကြုံကို ပြန်တွေးပြီး မုန်ကျင်းကျိုး ကြောက်နေဆဲဖြစ်သည်။

လုယန်က ပိုတည်ငြိမ်သည်။

“အရင်ဆုံး စည်းမျဉ်းတွေနဲ့ ရင်းနှီးအောင်လုပ်ရမယ်။ စည်းမျဉ်းသိရင် ကြောက်စရာမလိုတဲ့သဘောပဲ”

မုန်ကျင်းကျိုး ခေါင်းငြိမ့်သည်။

သူတို့နှစ်ယောက် စည်းမျဉ်း ၂၁ ခုကို တစ်ယောက်တစ်လှည့်ပြော၍ အမှားအယွင်းရှိမရှိ စိတ်ချရအောင် ပြန်စီစစ်ကြသည်။

“အခု ဘယ်အချိန်ရှိပြီလဲ”

ထိုခဏမှာပင် အပြင်ဘက်မှ မောင်းတီးသံပေါ်လာသည်။ ညကင်းသမားက မောင်းတီး၍အော်သည်။

“မနက်ခုနစ်နာရီ ထိုးပါပြီခင်ဗျား”

အောက်ထပ်သို့ သူတို့အမြန်ဆင်းကြသည်။

ပထမထပ်တွင် ကုန်သည်နှစ်ယောက်က တည်းခိုခန်းပိုင်ရှင်ကို ဒေါသတကြီးရန်တွေ့နေသည်။

“မနေ့က နောက်ဖေးမြင်းဇောင်းထဲမှာ ကျုပ်တို့မြင်းတွေ ထားခဲ့တယ်။ ဘာလို့ဒီနေ့ မြင်နှီးကုန်းတွေပဲ ကျန်ခဲ့တာလဲ”

မနေ့ညကတွေ့သည့် သတ္တဝါကြီးအကြောင်း လုယန်ပြန်သတိရလာသည်။ မြင်းများကို စားလိုက်ပုံရသည်။ မနေ့ညက မြင်းဟီသံတစ်ချက်မှ မကြားလိုက်ရသည်။ မြင်းများ ခုခံခွင့် မရသည့်သဘောဖြစ်သည်။ တကယ်ကြောက်စရာကောင်းသည့် သတ္တဝါဖြစ်သည်။

ကုန်သည်များကို အရေးမစိုက်ဘဲ တည်းခိုးခန်းမှ သူတို့နှစ်ယောက် အမြန်ထွက်ခဲ့ကြသည်။

ထာဝရနတ်မယ်က သတိပေးသည်။

“ဟိုကုန်သည်နှစ်ယောက်ရဲ့ကိုယ်ပေါ်မှာ မရဏရိပ်စွမ်းအင်ရောင်တွေ ပြင်းထန်တယ်။ နာကျဉ်းဝိညာဉ်တွေလည်း တွယ်ကပ်နေတယ်။ သာမန်ကုန်သည်တွေမဟုတ်ဘူး”

လုယန် နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သည်။

စားသောက်ဆိုင်များ ဖွင့်ထားသဖြင့် လမ်းပေါ်တွင် အနံ့များ မွှေးကြိုင်နေသည်။ အငွေ့တထောင်းထောင်းထနေသည့် အစားအသောက်များက သွားရည်ကျချင်စရာဖြစ်သည်။ သို့သော် ထူးဆန်းသည်မှာ စားသောက်ဆိုင်များတွင် လူမရှိ။ ဆိုင်တစ်ဆိုင်တွင် “အသားပေါက်စီ”ဟု ဆိုင်းဘုတ်တပ်ထားသည်။

လျှော်ချည်ကြမ်းဝတ်စုံများဝတ်ထားသည့် မြို့ခံလူများက ထိုမြင်ကွင်းနှင့် အသားကျနေဟန်ရှိသည်။ မနက်စာကိုယူ၍ ထိုင်စားသည်။ အသားပေါက်စီများကို လုံးဝမထိ။

လုယန်တို့နှစ်ယောက်လည်း မြို့ခံလူများလို လိုက်လုပ်ကြသည်။ ပန်ကိတ်သုံးခုနှင့် ပဲနို့တစ်ခွက်ယူစားသည်။

လူများစားသောက်သည်က အတော်မြန်နေကြောင်း လုယန်သတိထားမိသည်။ တစ်ချို့က လမ်းလျှောက်ရင်း စားကြသည်။ အတော်အလျင်စလိုနိုင်သည်။

ထိုစဉ် လမ်းတစ်ဘက်မှ ဆူဆူညံညံအသံများ ပေါ်လာသည်။ လုတစ်စု အမြန်ထွက်ပြေးလာသည်။ စားသောက်နေသူများလည်း စားလက်စမုန့်များကို ထားခဲ့ပြီး ထွက်ပြေးသည်။

“ငါတို့လည်း ပြေးရအောင်”

လုယန် ပန်ကိတ်တစ်ခုယူပြီး ပြေးသည်။

ဆူညံသံပေါ်သည့်နေရာနှင့် ဆန့်ကျင်ဘက်ဆီသို့ သူတို့ပြေးသည်။ အခြေအနေသိရန် နောက်လှည့်ကြည့်သည်။

ခါးတွင် ဓားကိုယ်စီချိတ်ထားသည့် ဝတ်ရုံနက်တစ်ဒါဇင်ခန့် ချီတက်လာသည်။

“ဟေ့..မင်း... ရပ်စမ်း”

ဝတ်ရုံနက်တစ်ယောက်က ထွက်ပြေးနေသည့်လူတစ်ယောက်ကို လှမ်းအော်သည်။ ထိုလူ အလိုလို နောက်လှည့်ကြည့်မိသည်။ သူ့ဦးခေါင်းက ၃၆၀ ဒီဂရီ လည်ထွက်ပြီး တွဲလောင်းဖြစ်သွားသည်။

ဝတ်ရုံနက်က တစားဟားအော်ရယ်လျက် စားသောက်ဆိုင်တံခါးတွင် ထိုင်သည်။ ပေါင်းအိုးအဖုံးကိုမ,၍ အသားပေါက်စီတစ်လုံး စတင်စားသောက်သည်။ ပါးစပ်မှ အဆီများ စီးကျနသည်။

သေသွားသည့်လူက ခေါင်းပြန်ထောင်လည်။ လည်ပင်းက နေရာမှန် ပြန်လည်သွားသည်။ ထို့နောက် ခုနကအဖြစ်ကို မေ့သွားသကဲ့သို့ ထိုနေရာမှ ပုံမှန်အတိုင်း ပြန်ထွက်သွားသည်။

“သူတို့က အစိုးရအရာရှိတွေပဲ။ စည်းမျဉ်းမှာ အသားပေါက်စီမစားရဘူးလို့ပြောတယ်။ ဒါပေမယ့် အရာရှိတွေက စားနေတယ်။ သူတို့နဲ့ငါတို့ လိုက်နာရတဲ့စည်းချဉ်းချင်း မတူလောက်ဘူး”

လုယန် သေချာသုံးသပ်သည်။

“မနက်စာတွေ အများကြီးရွေးချယ်စရာရှိတယ်။ ဒါပေမယ့် အရာရှိအားလုံး အသားပေါက်စီကို ရွေးကြတယ်။ သူတို့ အသားပေါက်စီပဲ စားခွင့်ရှိတဲ့သဘောပဲ။

စည်းမျဉ်းမှာ နောက်လှည့်မကြည့်ရဘူးလိုလည်းပါတယ်။ နောက်လှည့်ကြည့်တာနဲ့ လည်ပင်းကျိုးမယ့်သဘောပဲ”

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ကြပြီးနောက် အရာရှိများနှင့် တတ်နိုင်သမျှဝေးဝေးနေဖို့ ဆုံးဖြတ်လိုက်ကြသည်။

“ကမ္ဘာဦးအစမှာ လူ့စရိုက်ဟာ ကောင်းတယ်။ သဘာဝကလည်း ကောင်းတယ်။ ဒါပေမယ့် အမူအကျင့်တွေကြောင့် လူတွေကွဲပြားလာတယ်.........”

ကိုယ်ပိုင်ကျောင်းဘေးမှ ဖြတ်သွားချိန်တွင် စာဖတ်သံများကြားရသည်။ အရွယ်ရောက်လူတစ်စု ကန္တဝင်ကျမ်းစား ရွတ်ဆိုနေသံဖြစ်သည်။

သို့‌သော် လုယန်မှတ်မိသည်။

“စည်းမျဉ်း ၈။ ကိုယ်ပိုင်ကျောင်းကို စွန့်ပစ်ထားသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ဆရာမရှိ။ ထိုကျောင်းမှ ခွေးဟောင်သံများသာ ကြားရမည်။ စာဖတ်သံ ကြားရမည်မဟုတ်”

လုံးဝမူမမှန်။

သူတို့နှစ်ယောက် အမြန်ထွက်လာကြသည်။ သို့သော် မီးခိုးရောင်ဝတ်စုံနှင့် လူတစ်ယောက်က လမ်းပိတ်ရပ်သည်။

“မင်းတို့နှစ်ယောက်ကို မမြင်ဖူးဘူး။ တစ်ခြားနေရာက ရောက်လာတာလား”

စည်မျဉ်း ၉။ မီးခိုးရောင်ဝတ်စုံဝတ်ထားသူများသည် ကိုယ်ပိုင်ကျောင်းမှဆရာများဖြစ်သည်။ သူတို့ဘာပြောပြော အရေးမစိုက်ရ။

စည်းမျဉ်း ၁၀။ ကိုယ်ပိုင်ကျောင်းမှဆရာများနှင့် မျက်လုံးချင်းဆုံမကြည့်ရ။ ကြည့်မိလျှင် ခွေးနက်အဖြစ် ပြောင်းသွားမည်။

နှစ်ယောက်လုံး ချက်ချင်းခေါင်းငုံ့၍ ရှေ့တည့်တည့်လျှောက်သည်။ ကျောင်းဆရာနှင့် မျက်လုံးချင်းမဆုံအောင်ကြိုးစားသည်။ သူဘာပြောပြော အရေးမစိုက်။

ကျောင်းဆရာက ဇွဲမလျှော့။ သူတို့ဘေးမှ လိုက်ပြောနေသည်။

“မင်းတို့နှစ်ယောက်က ဝတ်ကောင်းစားလှဝတ်ထားတယ်။ ကျင့်စဉ်စွမ်းအားတစ်ချို့ ပိုင်ဆိုင်ထားမယ်ထင်တယ်။ ဟိုစာရွက်ပေါ်က စည်းမျဉ်းတွေကို မင်းတို့လည်း ယုံကြည်တယ်ပေါ့”

စည်းမျဉ်းတိုင်းက အမှန်မဟုတ်ပါဘူး။ တစ်ချို့စည်းမျဉ်းတွေက တမင်နားလည်မှုလွဲအောင် လုပ်ထားတာ။ အမှန်တော့ စည်းမျဉ်းရေးတဲ့လူက ဒုက္ခပေးဖို့ မရည်ရွယ်ဘူး။ သူ့ကိုယ်သူ ကာကွယ်ချင်လို့ ဒီလိုအစွန်းကုန် ကြိုးစားထားတာ။ မင်းတို့ရောက်လာတာကို သူသိတယ်။ မင်းတို့ကို လာကူညီဖို့ ငါ့ကိုတာဝန်ပေးလိုက်တာ။

ဒီမြို့က ထွက်နိုင်မယ့် နည်းလမ်းတစ်ခု ငါ့မှာရှိတယ်။ ဒါပေမယ့် ဒီမြို့နဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေတော့ ဆုံးရှုံးသွားလိမ့်မယ်။

ကိုယ်ပိုင်ကျောင်းမှာ သုံးရက် ကျမ်းစာရွတ်လိုက်ရုံပဲ။ အဲဒါဆို မင်းတို့ မြို့ထဲက ထွက်လို့ရပြီ။ ငါလိမ်နေတာမဟုတ်ဘူး။ ကျောင်းထဲက စာဖတ်သံတွေ မင်းကြားတယ်မဟုတ်လား။ မနေ့က ငါ့အကူအညီနဲ့ တစ်ချို့လူတွေ ငါ့အကူအညီကြောင့် မြို့ထဲက ထွက်သွားကြပြီ”

ကောင်းဆရာ သူတို့ရှေ့သို့ ရုတ်တရက်ပြေးသွားပြီး ခါးကုန်း၍ လုယန်နှင့် မျက်လုံးချင်းဆုံဖို့ ကြိုးစားသည်။

လုယန် မျက်လုံးမှိတ်၍ ဆက်လျှောက်သည်။ သို့သော် မျက်လုံးမမှိန်မီ ကျောင်းဆရာမျက်နှာအောက်ပိုင်းကို မြင်လိုက်ရသည်။ အရေပြားမရှိ။ နီရဲနေသည့်ကြွက်သားများ ပေါ်နေသည်။ အတော်မသတီစရာကောင်းသည်။

နှစ်ယောက်လုံး အရေးမစိုက်ဘဲ ခေါင်းငုံ့နေသဖြင့် ကျောင်းဆရာ လက်လျှော့ရသည်။ သူတို့နောက်ကျောဘက်မှ လှမ်းအော်သည်။

“မြို့ထဲကထွက်ဖို့ ဒီတစ်နည်းပဲရှိတယ်။ ငါ့အကူအညီကို လက်မခံတဲ့အတွက် မင်းတို့နောင်တရလိမ့်မယ်”

ထာဝရနတ်မယ်က သိစိတ်နယ်မြေမှ လှမ်းပြောသည်။

“လုယန်၊ သူပြောတာမယုံနဲ့။ သူပြောတာက တစ်ဝက်ပဲမှန်တာ”

“တစ်ဝက်..”

လုယန် နည်းနည်းနားရှုပ်သွားသည်။ ကျောင်းဆရာပြောသမျှအားလုံး အလိမ်အညာများဟု ထင်ခဲ့သည်။

“လူတွေကို မြို့ထဲကနေ လွှတ်ပေးနိုင်တဲ့နည်းလမ်းတစ်ခု သူ့မှာ တကယ်ရှိတယ်။ ဒါပေမယ့် လူသားအသွင်နဲ့ ထွက်သွားရတာမဟုတ်ဘူး။ ခွေးနက်တွေအဖြစ် ထွက်ရတာပါ။ မနေ့ညက ခွေးနက်အတော်များများ သူလွှတ်ပေးလိုက်တာ မြင်ခဲ့တယ်။

နင်တို့နဲ့မတွေ့ခင် တစ်ခြားလူတစ်ယောက် သူနဲ့မျက်လုံးချင်းဆုံတယ်။ အဲဒီ့လူက ချက်ချင်းခေါင်းကိုက်ဝေဒနာ ခံစားရပြီး မျက်လုံးတွေ နီရဲလာတယ်။ လက်မောင်းမှာ အမွှေးနက်တွေ စပေါက်လာတယ်။ အဲဒါပြီးတော့ ကျောင်းထဲသို့ ဝင်သွားတယ်”

လုယန် ကျောရိုးထဲမှ စိမ့်တက်လာသည်။ ကိုယ်ပိုင်ကျောင်းဆရာ၏ စွမ်းရည်များက သိရခက်သည်။ ရင်ဆိုင်ရန် မလွယ်။

“အပ်ချုပ်ဆိုင်ကို သွားကြည့်ရအောင်”

လုယန်ခေါင်းထဲ အတည်ပြုချင်သည့်အချက်တစ်ချို့ရှိသည်။

အရပ်သားမြို့ထဲမှ အပ်ချုပ်ဆိုင်တိုင်းကို သူတို့ရောက်ခဲ့သည်။ အနက်ရောင်၊ အဖြူရောင်နှင့် မီးခိုးရောင်အထည်ရောင်းသည့်ဆိုင် လုံးဝမရှိ။ ထိုအရောင်ချည်မျှင်များလည်း မရှိ။

တစ်မြို့လုံး လှည့်ပတ်သွားရင်း ပြဿနာတစ်ခု သတိထားမိသည်။ ဘိုးဘေးခန်းမကို မတွေ့။

ဘိုးဘေးခန်းမသည် လုံခြုံဘေးကင်းသည်ဟု စည်းမျဉ်းက ဖော်ပြသည်။ ထို့ပြင် မကောင်းဆိုးဝါးရှိသည်ဟုလည်း ဖော်ပြထားသည်။ ဆန့်ကျင်ဘက်စည်းမျဉ်းနှစ်ခု ရှိနေသည်ဖြစ်၍ သာမန်နေရာမဖြစ်နိုင်။

သို့သော် တစ်မြို့လုံးပတ်ရှာသော်လည်း ဘိုးဘေးခန်းမကိုမတွေ့။ ညမိုးချုပ်အချိန် ရောက်လာသည်။ ညကိုးနာရီထိုးခါနီးပြီဖြစ်၍ တည်းခိုခန်းသို့ သူတို့ပြန်သွားရသည်။

“ဧည့်သည်တို့၊ ဘေးကင်းကင်းပြန်ရောက်လာကြတာပဲ။ ကျုပ်တို့တည်းခိုခန်းက အရမ်းစိတ်ချရပါတယ်။ စိတ်ပူစရာမလိုပါဘူး။ ခင်ဗျားတို့ဘေးကင်းဖို့ ကျုပ်အာမခံပါတယ်”

တည်းခိုခန်းတံခါးဝတွင် ပြုံးရွှင်နေသည့်စားပွဲထို့က ဆီးကြိုနှုတ်ဆက်သည်။ သူ့မျက်လုံးတွင် မျက်သားဖြူမရှိ။ အနက်ရောင်မျက်လုံးသူငယ်အိမ်များသာရှိသည်။ သာမန်လူမမြင်နိုင်သည့်အရာများကို မြင်နိုင်သယောင်ထင်ရသည်။

သူ့စကားသံကြားသည်နှင့် လုယန်တို့ ထိတ်လန့်တုန်လှုပ်သွားသည်။ မနေ့ညက တံခါးလာခေါက်သူ၏အသံဖြစ်သည်။ လုံးဝမမှားနိုင်။

မနေ့ညကလူသည် သူဖြစ်သည်။

“စားပွဲထိုး၊ အချိန်မကျသေးဘူး။ မင်းအခန်း မင်းပြန်ပါ”

တည်းခိုခန်းပိုင်ရှင်က စားပွဲထိုးကို မောင်းထုတ်သည်။

စားပွဲထိုးက သူ့ကို အချိန်အတော်ကြာအောင် စိုက်ကြည့်နေပြီးနောက် စိတ်မပါ့တပါ ထွက်သွားသည်။

ထိုစားပွဲထိုးသည့် “ကောင်းကင်”ခန်းများရှိသည့် တတိယထပ်ဆီ တက်သွားသည်ကို လုယန်သတိထားမိသည်။

***************************************************

All Chapters