← Chapters

အလောင်းလှုပ်ရှားခြင်းသည် သာမန်ကိစ္စ

Vol. 9 Ch. 133

အလောင်းလှုပ်ရှားခြင်းသည် သာမန်ကိစ္စ

Vol. 9 Ch. 133

သူတို့အခန်းသို့ ပြန်လာချိန်တွင် မနေ့ကကုန်သည်နှစ်ယောက်ကို တွေ့သည်။ မောက်မောက်မာမာရှိခဲ့သည့် ကုန်သည်နှစ်ယောက်က ယနေ့ အတော်ဖော်ရွေနေသည်။ လုယန်တို့ကို ခဏဝင်ထိုင်ဖို့ပင် ဖိတ်ခေါ်နေသည်။ သိပ်မပတ်သက်လိုသဖြင့် လုယန် ငြင်းလိုက်သည်။

ကုန်သည်များက စိတ်ဆိုးဟန်မပြဘဲ တံခါးပိတ်သွားသည်။

မောင်းတီးသံ ပေါ်လာသည်။ ညကင်းသမားက ကြေညာသည်။

“ကိုးနာရီထိုးပါပြီခင်ဗျာ”

ကြားနေကျခြေသံများ ပြန်ပေါ်လာသည်။ မျက်လုံးနက်နှင့် စားပွဲထိုး စင်္ကြန်လမ်းအတိုင်း လျှောက်လာသည်။

တစ်ဘက်ခန်းမှတံခါးကို ငြင်သာစွာခေါက်သည်။

“ဧည့်သည်တော်တို့။ အိပ်ကြပြီလားဗျ။ တံခါးဖွင့်ပါဦး”

မနေ့ညကလိုပင် ကုန်သည်များ တံခါးမဖွင့်လောက်ဟု ထင်ထားသည်။ သို့သော် စားပွဲထိုး၏ တံခါးခေါက်သံ နားကွဲမတတ်ကျယ်လောင်လာချိန်တွင်

“ကျွီ”

တစ်ဘက်ခန်းမှ တံခါးဖွင့်သံပေါ်လာသည်။

ကုန်သည်တစ်ယောက်က သူ့အဖော်လုပ်ရပ်ကြောင့် ထိတ်လန့်သွားသည်။

“မင်း...မင်းဘာလုပ်နေတာလဲ။ ဘာလို့ တံခါးဖွင့်လိုက်တာလဲ။ မြန်မြန် ပြန်ပိတ်လိုက်။ မင်းသေချင်သေ၊ ငါ့ကို ဆွဲမခေါ်နဲ့ကွ”

“တံခါးက ဘာလို့ပိတ်မရတာလဲ”

ကုန်သည်နှစ်ယောက်ရှိသော်လည်း အစမှအဆုံးထိ တစ်ယောက်တည်း၏ စကားသံသာ ထွက်လာသည်။ နောက်တစ်ယောက်က လုံးဝစကားမပြော။ အတော်ထိတ်လန့်စရာကောင်းသည်။

“မလာနဲ့၊ အနားကို ကပ်မလာနဲ့နော်...အား....”

သံကုန်ခြစ်၍ အော်ဟစ်သံပေါ်လာသည်။ ထို့နောက် ပြန်လည်တိတ်ဆိတ်သွားသည်။

“ဘယ်လိုဖြစ်တာလဲ။ ဒီကုန်သည်တွေ အရူးမဟုတ်ပါဘူး။ ဘာလို့ တံခါးဖွင့်ပေးတာလဲ”

မုန်ကျင်းကျိုး ကြက်သီးထသွားသည်။

လုယန် ခဏစဉ်းစားသည်။ ဖြစ်နိုင်ခြေတစ်ခုကို တွေးမိသည်။

“ဒီမနက် အရာရှိတွေကြောင့် သေသွားတဲ့လူကို မှတ်မိလား။ သူက သက်ရှိလူလို အသက်ပြန်ရှင်လာတယ်လေ။ စည်းမျဉ်းထဲမှာလည်းပါတယ်။ အလောင်းတွေ လှုပ်ရှားတာ သာမန်ပဲတဲ့။ ဒါပေမယ့် အလောင်းတွေ အသက်ပြန်ရှင်လာတယ်လို့ ပြောမထားဘူး။ ဒီမနက် ပြန်ရှင်လာတဲ့လူဟာ သူ့စိတ်နဲ့သူ့ကိုယ် မဟုတ်လောက်တော့ဘူး”

မုန်ကျင်းကျိုး မျက်လုံးပြူးသွားသည်။

“ဒါ..ဒါဆို ကုန်သည်တွေထဲက တစ်ယောက်သေသွားတယ်ပေါ့။ သူ့အဖော်က အဲဒါကို မရိပ်မိတာလား”

“ဒါပေါ့”

လုယန် ခေါင်းငြိမ့်သည်။

မုန်ကျင်းကျိုး ကျောရိုးထဲစိမ့်သွားသည်။ ယနေ့ လမ်းပေါ်တွင် လူအတော်များများတွေ့ခဲ့သည်။ လူများများစားစား သားကောင်မဖြစ်ခဲ့လောက်ဟု သူထင်ခဲ့သည်။ ယခု ပြန်သုံးသပ်ကြည့်ရသော်လောက် နေ့ခင်းဘက်လမ်းပေါ်တွင် လမ်းလျှောက်နေသည့်လူသေများ ပြည့်နေပုံရသည်။

ကျယ်လောင်သည့် တံခါးခေါက်သံ ပြန်ပေါ်လာသည်။ ဤတစ်ကြိမ် သူတို့တံခါးကို လာခေါက်ခြင်းဖြစ်သည်။

“ကယ်ပါဦး၊ ကျုပ်ကို ကယ်ပါဦး။ စားပွဲထိုးက ကျုပ်ကိုသတ်နေပြီ”

“တံခါးမြန်မြန်ဖွင့်ပေးပါ”

“ကျုပ်ကို သနားပါဦး။ ကယ်ပါဦး‌ဗျာ။ ခင်ဗျားတို့ကို ရွှေတွေ ဝိညာဉ်ကျောက်တွေ ပေးပါ့မယ်။ လျှိုဝှက်နယ်မြေတွေရဲ့ တည်နေရာကိုတောင် ပြောပြလို့ရပါတယ်”

“အား...မသတ်ပါနဲ့”

ပုဆိန်ခုတ်သံ အသားပဲ့ထွက်သံ အရိုးကျိုးသံများ ပေါ်လာသည်။

လုယန်နှင့် မုန်ကျင်းကျိုး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်သည်။ တံခါးမဖွင့်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ တစ်ဘက်ခန်းသည် ခုနကပင် အသံတိတ်သွားသည်။ ယခု အကူအညီတောင်းသံ ပေါ်လာသည်။ မူမမှန်။ အတော်လေးထူးဆန်းနေသည်။

ထို့ပြင် ထာဝရနတ်မယ်ပြောသည့်စကားကို လုယန်မှတ်မိသည်။ ထိုကုန်သည်နှစ်ယောက်သည် လူကောင်းမဟုတ်။ ကယ်နေစရာအကြောင်းမရှိ။

ကုန်သည်၏အသံပျောက်သွားပြီးနောက် စားပွဲထိုး၏ တံခါးခေါက်သံ ပေါ်လာသည်။

“ဧည့်သည်တို့၊ အထဲမှာရှိလားဗျ။ တံခါးဖွင့်ပေးပါဦး”

“တံခါးဖွင့်ပေးလို့ ပြောနေတယ်နော်”

“သောက်တံခါးကို ဖွင့်စမ်းကွ”

မနေ့ညကလိုပင် တံခါးခေါက်သံက တည်းခိုခန်းတစ်ခုလုံး ကြားနိုင်လောက်အောင် ကျယ်လောင်လာသည်။

စည်းမျဉ်းချမှတ်ထား ကန့်သက်ချက်များက ကောင်း၍လား။ တံခါးအရည်အ‌သွေး ကောင်း၍လားမသိ။ စားပွဲထိုး တံခါးကို မချိုးဖျက်နိုင်။

လှေခါးအတိုင်း တက်သွားသည့်ခြေသံကို လုယန်ကြားရသည်။ “ကောင်းကင်”ခန်းများဆီ ပြန်တက်သွားပုံရသည်။

ထိုနေ့ညတွင် ပြတင်းပေါ်အပြင်ဘက်မှ မကောင်းဆိုးဝါးအရိပ် ပေါ်မလာ။ သူတို့အတွက် စိုးရိမ်စရာမရှိ။

နောက်တစ်နေ့ တည်းခိုခန်းမှ ထွက်ချိန်တွင် တစ်ဘက်ခန်းတံခါး အညိုရောင်မှ အနက်ရောင်ပြောင်းသွားသည်ကို လုယန်သတိထားမိသည်။ ကုန်သည်နှစ်ယောက် အခန်းထဲမှထွက်လာပြီး လုယန်ကို ပြုံး၍နှုတ်ဆက်သည်။

စည်းမျဉ်း ၁၆။ အနက်ရောင်တံခါးထဲသို့ ဝင်ပြီးလျှင် ဘာစကားမှမပြောရ။ ဘာမှမစားရ။

လုယန်အကြည့်က ထက်မြက်သည်။ ထိုကုန်သည်နှစ်ယောက် ပုံမှန်စည်းမျဉ်းများ၏ ကန့်သတ်မှုအောက်တွင် မရှိတော့။

“မနေ့ညက အော်ဟစ်ပြီး အကူအညီတောင်းနေတာ ဘယ်သူလဲ”

မုန်ကျင်းကျိုး မေးလိုက်သည်။

ကုန်သည်နှစ်ယောက် နားမလည်ဖြစ်သွားဟန်ရှိသည်။ သူတို့အမူအရာက လိမ်နေသည့်ပုံမျိုးမရှိ။

“အကူအညီတောင်းတာလား။ ဘယ်သူအကူအညီတောင်းလို့လဲ”

ကုန်သည်များ၏ အခြေအနေကို မှန်းဆမရ။ ဆက်လည်းမစုံစမ်းလိုတော့သဖြင့် လုယန်နှင့်မုန်ကျင်းကျိုး အမြန်ထွက်ခဲ့ကြသည်။

နေ့ခင်းပိုင်းတွင် အရာရှိများနောက်သို့ နောက်ယောင်ခံ၍ လိုက်ကြည့်သည်။ ထိုအရာရှိများ တစ်နေ့လျှင် တစ်နပ်သာစားကြသည်။ အသားပေါက်စီသာစားသည်။

မုန်ကျင်းကျိုး အသားပေါက်စီတစ်လုံး အသာခိုးယူခဲ့သည်။ ပေါက်စီထဲတွင် အသားအပြင် လက်သည်းခွံနှင့် ဆံပင်မွှေးများ ရှိနေသည်။

အရာရှိများက စားသောက်ပြီးလျှင် လမ်းများပေါ် လျှောက်သွားသည်။ ဘဲအုပ်ထိန်းသည့် လူစုလိုဖြစ်နေသည်။ ကံဆိုး၍ ခေါင်းလှည့်ကြည့်မိသူများ ဇက်ကျိုးပြီးသေသည်။ ထို့နောက် ချက်ချင်းအသက်ပြန်ဝင်လာသည်။

“မင်းသတိထားမိလား။ အရာရှိတွေက မြို့ထဲမှာ ပတ်လျှောက်ကြပေမယ့် ကိုယ်ပိုင်‌ကျောင်းနားကို လုံးဝမသွားဘူး”

လုယန် မနေ့က မြို့ထဲလှည့်လည်စူးစမ်းရင်း ရေးဆွဲခဲ့သည့် မြေပုံကို ဖြန့်လိုက်သည်။ ရထာပျံပျက်ကျသည့်နေရာ၊ တည်းခိုခန်း၊ ကိုယ်ပိုင်ကျောင်း၊ အပ်ချုပ်ဆိုင်၊ ဆေးဆိုင်နှင့် အရာရှိရုံးတော်နေရာများ ပါသည်။

မြေပုံကြမ်းဖြစ်သော်လည်း သူတို့ကိုယ်တိုင်ဆွဲထားခြင်းဖြစ်၍ ကောင်းကောင်းနားလည်သည်။

“ကြည့်ရတာ သူတို့စည်းမျဉ်းတွေက တစ်သမတ်တည်း မဟုတ်ဘူးဘဲ။ သံမဏိစည်းမျဉ်းမျိုး မဟုတ်ဘူးပဲ”

မုန်ကျင်းကျိုး ရယ်မောနေသည်။ ဤသတင်းလောက် ဘယ်ဟာမှမကောင်း။ ထိုအချက်ကို သူတို့အသုံးချနိုင်လောက်သည်။

လမ်းပေါ်တွင် လျှောက်သွားရင်း သက်ငယ်အိမ်များထဲတွင် လှုပ်ရှားနေသည့် သဏ္ဌာန်များကို စက္ကူပြတင်းမှတစ်ဆင့် သတိထားမိကြသည်။

စည်းမျဉ်း ၃။ အိမ်များ တည်းခိုခန်းများမှ မနက်ကိုးနာရီတွင် ထွက်ခွာရမည်။ ညခုနစ်နာရီမထိုးမချင်း ပြန်မလာရ။

ထိုသို့ဆိုလျှင် ယခု အိမ်များထဲတွင် ဘာရှိနိုင်သနည်း။

“ငါတို့မသိသေးတဲ့ ဒီမြို့ရဲ့စည်းမျဉ်းတွေ အများကြီးရှိသေးတဲ့ပုံပဲ”

နောက်ခံမတူသည့်လူများအတွက် ကွဲပြားသည့်စည်းမျဉ်းများ သတ်မှတ်ထားသည်။ ရှေးခေတ်စုစည်းခြင်းအဆင့်စွမ်းအားရှင်များ အချိန်ပိုအတော်အားကြသည်ဟု လုယန်တွေးမိသည်။

“နတ်မယ်၊ မြို့ပြင်မှာ ဘယ်လိုအခြေအနေရှိလဲမြင်ရလား။ ကျုပ်ဆရာရဲ့တိုက်ပွဲက ဘယ်လိုလဲ”

ထာဝရနတ်မယ်က အံ့ဩသည့်လေသံဖြင့် ချီးကျူးသည်။

“နင့်ဆရာရဲ့ ဓားပညာအသိက နက်ရှိုင်းတယ်။ လေးယောက်တစ်ယောက်တိုက်နေတာတောင် တစ်ဘက်က အသာစီးမရဘူး”

လုယန် ခေါင်းငြိမ့်လိုက်သည်။ စိတ်အေးသွားသည်။

တည်းခိုခန်းသို့ ပြန်ရောက်ချိန်တွင် စက္ကူပေါ် စာတစ်ကြောင်းရေး၍ တည်းခိုခန်းပိုင်ရှင်ကို လှမ်းပေးသည်။

‘ခင်ဗျား အပြင်ကလူလား’

လုယန် ဘာကြောင့်ထိုသို့မေးသည်ကို မုန်ကျင်းကျိုး သိသည်။ မြို့ခံများသည့် အပြင်လူများကို မြို့အကြောင်း ထုတ်ပြော၍မရ။ သို့သော် တည်းခိုခန်းပိုင်ရှင်က မြို့ခံမဟုတ်ခဲ့လျှင် ပြောပြလို့ရသည့်သဘောဖြစ်သည်။

လုယန်အမေးကြောင်း တည်းခိုခန်းပိုင်ရှင် အံ့အားသင့်သွားပြီး စာပြန်ရေးသည်။

‘ဟုတ်ပါတယ်’

‘သာမန်လူလား၊ ကျင့်ကြံသူလား’

‘ချီကျင့်ကြံမှုနဝမအဆင့်ပါ’

‘တည်းခိုခန်းပိုင်ရှင်ဘယ်လိုဖြစ်လာတာလဲ’

‘ပြောလို့မရဘး’

‘ကျုပ်တို့နဲ့ခင်ဗျားတို့ လိုက်နာရတဲ့စည်းမျဉ်းချင်း မတူဘူးလား။ ဘာတွေကွဲပြားတာရှိလဲ’

‘ကျုပ်က ‘အရပ်သားမြို့ရဲ့တည်းခိုခန်းစည်းမျဉ်း’ကို လိုက်နာရတယ်။ ခင်ဗျားကို အသေးစိတ်ပြောပြလို့မရဘူး’

‘ဒီကနေ ခင်ဗျားထွက်ချင်လား’

တည်းခိုခန်းပိုင်ရှင်၏လက် တုန်ခါသွားသည်။

‘ထွက်ချင်ပါတယ်’

လုယန် ကျောက်စိမ်းတံဆိပ်ကို ထုတ်ပြသည်။

‘ကျုပ်တို့က တာအိုလမ်းစဉ်ဂိုဏ်းတပည့်တွေပါ။ ဒီနေရာကို အမှတ်မထင်ရောက်လာတာ။ ကျုပ်တို့လည်း ထွက်သွားချင်တယ်”

သူတို့နောက်ခံကိုသိပြီး‌နောက် တည်းခိုခန်းပိုင်ရှင် ပို၍စိတ်လှုပ်ရှားလာသည်။ တုန်ရင်နေသည့်လက်များဖြင့် စာဆက်ရေးသည်။

‘ခင်ဗျားတို့ ဘာလိုချင်လဲ’

‘ခင်ဗျားရဲ့ ဝတ်ရုံဖြူကို ချွတ်ပေးပါ’

တည်းခိုခန်းပိုင်ရှင် အံ့အားသင့်သွားသည်။ လုယန် ထိုသို့တောင်းဆိုမည်ဟု ထင်မထား။ သူ့စည်းမျဉ်းတွင် “ကျင့်ဝတ်နှင့်ဆန့်ကျင်သည့်ကိစ္စများမှလွဲ၍ စည်းမျဉ်းဘောင်အတွင်း ဧည့်သည်တို့၏ တောင်းဆိုချက်များကို တတ်နိုင်သမျှ ဖြည့်ဆည်းရမည်”ဟု ပြောထားသည်။ ဝတ်စုံချွတ်မပေးရဟု မပါ။

ထို့ကြောင့် သူ့ဝတ်စုံဖြူကို ချွတ်၍ပေးလိုက်သည်။

လုယန် ဝတ်စုံကိုယူပြီး မုန်ကျင်းကျိုးနှင့် အခန်းသို့ပြန်သည်။

“နှစ်ရက်တောင် တံခါးခေါက်ခဲ့တာ။ ဒီနေ့တော့ ငါတို့အလှည့်ပေါ့ကွာ”

သူတို့နှစ်ယောက် အေးစက်စက်ရယ်မောနေကြသည်။

*************************************************

All Chapters