← Chapters

အောင်မြင်စွာ ဖယ်ရှားလိုက်နိုင်ခြင်း

Vol. 113 Ch. 1682

အောင်မြင်စွာ ဖယ်ရှားလိုက်နိုင်ခြင်း

Vol. 113 Ch. 1682

“ မင်းတို့ဘာမင်းတို့ ဂရုစိုက်ပြီး အကုန်လုံး မဖြုတ်ခံရအောင်သာ လုပ်စမ်းပါ …”

“ တိတ်ကြစမ်း …”

“ မင်းတို့အားလုံး ဘာလုပ်‌နေကြတာလဲ …” လျိုကွမ်းရှန် အေးစက်စက် နှာမှုတ်လိုက်ပြီး “ အခု ဘယ်အချိန်ရှိနေပြီလဲ ဆိုတာ မင်းတို့သိလား … ပွဲက စတောင် မစသေးဘူး မင်းတို့ချင်း အတွင်းမှာကိုက စိတ်ဝမ်းကွဲနေပြီ… မင်းတို့ မရှက်ဘူးလား …”

အငေါက်ခံလိုက်ရ၍ လူတိုင်း ငြိမ်ကျသွားခဲ့ကြသည်။

သူတို့ လင်းရီကို အထင်သေးနှိမ့်ချပြီး မြင်နေသော်လည်း အပြင်လူများက သူတို့အား ဟာသသဖွယ် သဘောထားမည်ကိုတော့ ခွင့်ပြု၍ မဖြစ်ပေ။

“ ခေါင်းဆောင် … ကျွန်တော် ရှေ့ထွက်ရင်ကော … ကျွန်တော့်ကိုယ် ကျွန်တော် သူ့ထက် သာတယ်လို့ ထင်တယ်….”

ပြောလိုက်သူက ကူရိရန် ဘေးနားတွင် ရပ်နေသည့်လူပင်။ သူက အရပ်မမြင့်သော်လည်း ဘော်ဒီကတော့ အထင်ကြီးလောက်စရာကြီးပင်။ ကြွက်သားဗလ အပြည့်ဖြင့် ဖြစ်၏။ သာမန်လူ တစ်ယောက် မဟုတ်သည်မှာ ကြည့်ရုံဖြင့်ပင် သိသာသည်။

ထိုစကား ပြောလိုက်သည်က လျိုကျစ်ဟောင်၏ ညီ ၊ လျိုကျစ်ချန်ဖြစ်ပြီး ဤတစ်ကြိမ် တစ်ဦးချင်း ယှဉ်ပြိုင်ပွဲ အတွက် လျိုကွမ်းရှန် လေ့ကျင့်ပေးထားသည့် လူတစ်ယောက်ပင်။

“ မင်း အသာနေဦး …” လျိုကွမ်းရှန် ပြောလိုက်ပြီး “ အသင်းလိုက်ပြိုင်ပွဲ ပြီးသွားရင် တစ်ဦးချင်း တိုက်ပွဲအတွက် အလှည့်ရောက်လာလိမ့်မယ်… မင်းရဲ့ သက်လုံကို ကောင်းကောင်းထိန်းထားဖို့ လိုတယ်… မဟုတ်ရင် ခဏကျ ဝင်ပြိုင်နိုင်မှာ မဟုတ်ဘူး …”

“ ဒါပေမယ့် ကျွန်တော် သူ့ကို မယုံဘူး … သူက စကားနာမခံဘူးဆိုရင် တခြား အသင်းသားတွေက ကျွန်တော်တို့ရဲ့ စနစ်မှာ ယိုပေါက်တွေ တွေ့သွားလိမ့်မယ်… အဲ့ဒီအခါကျရင် ကျွန်တော်တို့ရဲ့ အစီအစဉ်အပေါ်ကိုလည်း သက်ရောက်မှု ရှိလာမှာပဲ ….”

“ ငါ လင်းရီရဲ့ အရည်အချင်းကို သိတယ်… သူ့မှာ အားသာချက်တွေ မရှိရင် ငါသူ့ကို ပြိုင်ဖို့ လွှတ်လိုက်ပါ့မလား … ဘာမှ ထပ်မပြောနဲ့ … ငါစီစဉ်တဲ့ အတိုင်းပဲလုပ် …”

“ ဟုတ်ကဲ့ ….”

လျိုကွမ်းရှန်က ပြောလာခဲ့ပြီ ဖြစ်သဖြင့် ကျန်သူများလည်း ဘာမျှ စောဒကတက်မရကြတော့ချေ။ သူတို့၏ စိတ်ထဲတွင် လင်းရီ သူတို့အား ဆွဲမချပါစေနဲ့ဟုသာ ဆုတောင်းနေမိတော့၏။ သို့မှသာ သူတို့တွင် အခွင့်အရေး ရှိလေမည်။

အလွန်လျင်မြန်စွာဖြင့် လေးသင်းလုံးမှာ အဆင်သင့် ပြင်ဆင်ပြီးသွားကြ၏။ ညွှန်ပြထားသည့် လမ်းကြောင်းအတိုင်း ဦးတည်လာရင်း စီစဉ်သတ်မှတ်ထားသည့် ကျူးကျော် နေရာသို့ ရောက်ရှိလာကာ အသင်းတိုက်ပွဲသည်လည်း စတင်ချေပြီ။

တစ်ချိန်တည်းတွင် အခြားသုံးသင်းမှ ခေါင်းဆောင်ကြီးများကလည်း လျိုကွမ်းရှန်ထံသို့ ရောက်လာကာ “ လောင်လျို … ငါအခုလေးတင် မင်းရဲ့ အခြေအနေကို နည်းနည်းလေး ကြားမိတယ်… အသင်းပြိုင်ပွဲက စတောင် မစသေးတာကို ဘာလို့ အသင်းထဲမှာ စိတ်ဝမ်းကွဲမှုတွေ ဖြစ်နေတာလဲတဲ့ … ဒါက အသင်းတိုက်ပွဲမှာ ကိစ္စကြီးနော် … မှားယွင်းသွားရင် နောက်ဆုံးရလဒ်အထိပါ သက်ရောက်မှု ရှိလာနိုင်တယ်…”

ပြောလိုက်သူက ယွမ်ဟော် ရုံးခွဲ၏ ခေါင်းဆောင် ဝေသလုံပင်။

“ သူတို့က ဒီတိုင်း နည်းဗျူဟာတွေ ဆွေးနွေးငြင်းခုံနေတာပါကွာ … မင်း အသက်ကြီးလို့ နားကြားမှားတာ နေမှာပါ …”

လျိုကွမ်းရှန် အပြုံးလေးဖြင့် ပြန်ပြောလိုက်၏။ သူ မျက်နှာ တစ်ချက် ပျက်မသွားခဲ့ချေ။

“ ဒါဆိုလည်း မင်းတို့အားလုံး ကံကောင်းပါစေလို့ ဆုတောင်းပေးမယ်.. ဒီနှစ်တော့ ရလဒ်ကောင်းတွေ ရအောင် အကောင်းဆုံးကြိုးစားပေါ့ကွာ … မနှစ်ကလို ဘိတ်ချေးတော့ မဖြစ်စေနဲ့ပေါ့ ….”

“ မနှစ်တုန်းက ငါတို့နည်းနည်း ကံခေသွားရုံပဲ … မဟုတ်ရင် ငါတို့နှစ်သင်းထဲက ဘယ်သူ ဘိတ်ဆုံး ဖြစ်မယ်ဆိုတာ ဘယ်သူက ပြောနိုင်မှာ …”

“ မင်းတို့ သက်ကျားအိုကြီး နှစ်ကောင် ကိုက်မနေကြနဲ့ … ဒီနှစ်လည်း ငါတို့ပဲ ပထမယူမှာ … ပြိုင်ပွဲပြီးရင် ညစာစားဖို့ ကြိုဖိတ်လိုက်တယ်… အဲ့ခါကျ ငါ ဘယ်လိုတွေ လုပ်လို့ ပထမရလဲဆိုတာ မင်းတို့ ဗဟုသုတ ရအောင် ပြောပြပေးမယ်… “ ပေါင်ရှန်း ရုံးခွဲ၏ ခေါင်းဆောင် ၊ ရှဲ့ချွင်းချိန်မှ ပြောလာခဲ့၏။

သူတို့က အလုပ်သဘောအရသာ မကြာခဏ ပြိုင်ဆိုင်လေ့ရှိကြသော်လည်း ကိုယ်ရေးကိုယ်တာ အရတော့ ပတ်သက်မှုကောင်းတို့ ရှိကြသည်။

“ အဘိုးကြီး … မင်း အမောက်ကြီး တကားကားနဲ့ ကြကဖကြီးလို လုပ်မနေနဲ့ … ဒီနေ့ ဘယ်သူနိုင်မယ် မနိုင်ဘူးဆိုတာ ခုထိ ရှင်းလင်းသေးတာ မဟုတ်ဘူး …” လျိုကွမ်းရှန် ပြန်ပြောလိုက်သည်။

“ ငါလည်း မင်းတို့ အသင်းအကြောင်း နည်းနည်း ကြားမိထားတယ်… လေးယောက်က အသက်ကြီးနေပြီ… တစ်ယောက်ကလည်း လူသစ် … ကြားမိတာတော့ လောလောလတ်လတ်မှ သင်တန်းဆင်းထားတဲ့ အသစ်ဂျတ်ချွတ် လူသစ်လေးဆို … မင်းသူ့ကို ဒီထဲ လွှတ်လိုက်မှတော့ အသတ်ခံရဖို့ စောင့်နေတဲ့ သိုးပေါက်လေးလို ဖြစ်သွားမှာ မဟုတ်ဘူးလား …” ရှဲ့ချွင်းချိန် ပြောလိုက်ပြီး “ အမှန်အတိုင်း ပြောရရင် ငါ အနိုင်ရသွားခဲ့ရင်တောင် ဂုဏ်ယူမိမှာ မဟုတ်ဘူး… မင်းကွာ .. တကယ်ကြီး လူသစ် တစ်ယောက်ကိုမှ လွှတ်လိုက်ရတယ်လို့ …”

“ မင်းမသိရင် မပြောနဲ့ … လောင်လျိုက သူ့လွတ်လမ်းသူ ဖန်တီးထားတာ … သူသာ ဆရာကြီး ငါးယောက်လုံး လွှတ်ပြီး ရှုံးသွားရင် ဘယ်လောက် မျက်နှာရှက်စရာ ကောင်းထားလဲ ဟုတ်တယ်မလား … အခုလို လူသစ်လေး တစ်ယောက် ညှပ်ထည့်လိုက်တော့ ရှုံးလည်း အပြစ်ဖို့ စရာ လူရှိသွားတာပေါ့ …” ဝေသလုံ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ လောင်လျိုရာ လောင်လျို … မင်း အသက်ကြီးလေ ကောက်ကျစ်ဉာဏ်များလာလေပါလား… ဒီအပိုင်းမှာတော့ ငါတို့ အဘိုးကြီးတွေ မင်းနဲ့ မယှဉ်နိုင်တာ ဝန်ခံပါတယ်…”

“ တိတ်စမ်း … ငါ လင်းရီရဲ့ အရည်အချင်းကို သိတယ်… သူ့ရဲ့ သေနတ်ပစ်စွမ်းရည်က ကောင်းလို့ ဝှက်ဖဲအနေနဲ့ လွှတ်လိုက်တာ ..” လျိုကွမ်းရှန် ပြောလိုက်ပြီး “ မင်းတို့ကောင်တွေရဲ့ နည်းဗျူဟာ အစီအစဉ်က ညံ့လွန်းတော့ ငါ့အတွေးတွေကို ဘယ်လိုလုပ် နားလည်နိုင်မှာ … ခဏနေ ရှုံးမှ ဆရာလာမခေါ်နဲ့ … “

ကျန်သည့် သုံးယောက်မှာ အချင်းချင်းကြည့်၍ ကျယ်လောင်စွာ ရယ်မောလိုက်ကြလေသည်။

“ ဟုတ်ပြီလေ… ငါတို့စောင့်နေမယ်… သူ ငါတို့ကို စပရိုက် ဖြစ်အောင် လုပ်ပြီး ငါတို့ အမြင်တွေ ကျယ်သွားစေမယ်လို့ မျှော်လင့်ပါတယ်…”

“ ငါတို့ ကြည့်ကြတာပေါ့ …”

တစ်ချိန်တည်းတွင် လင်းရီနှင့် ကျန်သူများမှာ စွန့်ပစ်ထားသည့် ဓာတု စက်ရုံအတွင်းသို့ ဝင်ရောက်နေပြီ ဖြစ်၏။

လင်းရီ ဧရိယာကို တစ်ချက် အမြန် စကန်ဖတ်လိုက်ပြီး ရီအက်တာ ယူနစ် သုံးခုနှင့် အပူကူးပြောင်းသည့် တာဝါသုံးခုကို ရေတွက်လိုက်သည်။ များပြားလှသည့် ရီအက်တာများနှင့် အပူပိုက်လိုင်းတို့က ဓားစာခံ ကယ်တင်ရသည့် စစ်ရှင်ရေးတွင် ခက်ခဲမှုအား ပိုပြီး တိုးပွားလာစေသည်။

“ အစီအစဉ်အတိုင်း သွားမယ်…”

စက်ရုံအတွင်းသို့ ဝင်ရောက်ပြီးနောက် ဟန်အန်းလုံသည် ပတ်ဝန်းကျင်ကို သတိဖြင့် ကြည့်၍ ကျန်သူများကို လက်ဟန်ဖြင့် ညွှန်ကြားလိုက်သည်။

အခြားတစ်ဖက်တွင်တော့ လင်းရီမှာ လုံးလုံးလျားလျား ဖယ်ကြဉ်ထားခြင်း ခံရ၏။ လေးယောက်သားမှာ သူ့အစီအစဉ်နှင့်သူ ထွက်ခွာသွားပြီးသည့်နောက်တွင် လင်းရီတစ်ယောက်တည်းသာ ကျန်ရစ်ခဲ့တော့လေသည်။ သူ့အား အသင်းသားဟုပင် သဘောမထားကြချေ။

တံခါးအပြင်ဘက်ရှိ တဲအောက်တွင်တော့ လျိုကွမ်းရှန်နှင့် ကျန်သူများမှာ စခရင်ကို ငေးကြည့်နေကြပြီး လေထုမှာ အနည်းငယ် အုံ့မှိုင်းလို့နေသည်။

သူတို့ အထဲသို့ ရောက်သည်နှင့် လင်းရီအား တစ်ယောက်တည်း ချန်ထားရစ်ခဲ့လိမ့်မည်လို့ မည်သူကမျှ မျှော်လင့်မထားကြချေ။

“ ဒီခွေးသူတောင်းစားတွေ သိပ်ဟုတ်နေတာပဲ … ငါ့စကားကို လျစ်လျူရှုဝံ့ကြတယ်…”

မည်သူကမျှ စကားမပြောဝံ့ကြချေ။ အထူးသဖြင့် ကူရိရန်ပင်။ ဤသည်ကလည်း သူမ ထင်ထားသည့် အတိုင်းအတာ အတွင်း၌သာ ရှိသည်။

သူတို့မှာ စောနလေးတင် အချင်းချင်း စကားနာထိုးနေကြသဖြင့် သူတို့ကြားတွင် သဘောထားကွဲလွဲမှု တစ်ချို့ ရှိထားမည်မှာ ကျိန်းသေပေါက်ပင်။ ထို့ပြင် လင်းရီက လူသစ်တစ်ယောက်ဖြစ်ပြီး မနိမ့်ချတတ်သည့် သူ၏ စရိုက်ကို ထည့်သွင်းလိုက်မည်ဆိုပါက စီနီယာ တစ်ယောက်အဖို့ အမြင်ကတ်စရာ ဂျူနီယာ လူသစ်လေးပင်။ သူတို့ လေးယောက်လုံး လင်းရီကို လက်ခံပေးဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။

သို့သော် ဓာတုစက်ရုံအတွင်းရှိ လင်းရီမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့၍လည်း အလျင်လိုခြင်း မရှိချေ။

သူ့ကိုယ်သူ လုံခြုံသည့် တစ်နေရာ ရှာ၍ ပုန်းအောင်းနေလိုက်၏။

ဤသို့သော ပြိုင်ပွဲများက စစ်ရေး လေ့ကျင့်မှုများနှင့် ကွဲပြားသည်။ ထိပ်တိုက်ရင်ဆိုင်တွေ့ဖို့ မလိုချေ။ ဓားစာခံအား ကယ်တင်နိုင်သည်နှင့် အောင်မြင်ပြီ ဖြစ်၏။

ထို့ကြောင့် သိုသိုသိပ်သိပ်နေပြီး တိတ်တဆိတ် လှုပ်ရှားသည်က သင့်တော်သည့် ရွေးချယ်မှုတေ့ မဟုတ်ချေ။ ၎င်းက ကျန်သူများအား လက်ဦးမှု ရသွားစေနိုင်သည်။

အရှိန်နှုန်းအား မြင့်တင်ပြီး ဓားခံစားများအား အောင်အောင်မြင်မြင်နိုင် ကယ်တင်နိုင်မှသာ အောင်မြင်နိုင်မည့် အခွင့်အရေး ရှိမည်။

သို့သော် အကယ်၍ မစ်ရှင်က ဓားစာခံများအား ကယ်တင်ရုံချည်း သပ်သပ်ဆိုပါက စိတ်ဝင်စားဖို့ကောင်းမည် မဟုတ်တော့ချေ။

လီရှန်းဟွေ့မှာ သူ ကြွားဝါ ရှိုးထုတ်နိုင်ရန်အတွက် အခွင့်အရေးကို တကူးတက ဖန်တီးပေးထားရသည်။ ထို့ကြောင့် လီရှန်းဟွေ့ မျက်နှာအတွက် လင်းရီသည် ကောင်းကောင်းမွန်မွန် ဆောင်ရွက်ကာ သူ ဂုဏ်ယူနိုင်အောင် လုပ်ဖို့လိုသည်။

ထို့ကြောင့် ဓားစာခံများအား ကယ်တင်ရုံမျှမက အခြား တစ်ဖက် အသင်းသားများကိုလည်း တစ်ချိန်တည်းတွင် ဖယ်ရှားဖို့ လိုအပ်သည်။ ထိုအခါမှသာ စိတ်ဝင်စားဖို့ ကောင်းမည် ဖြစ်၏။

ထိုအကြောင်း တွေးတောရင်း လင်းရီ ပတ်ဝန်းကျင်ကို ကျီးကန်းတောင်မှောက် တစ်ချက်ကြည့်လိုက်ရာ အပြင်လူများ စူးစမ်းနိုင်ရန်အတွက် စောင့်ကြည့်ရေး ကင်မရာတို့ အများအပြားတပ်ဆင်ထားသည်ကို မြင်တွေ့လိုက်ရသည်။

အပေါ်ယံတွင် ကင်မရာများက အရာအားလုံးကို ခြုံလွှမ်းထားနိုင်ဟန် ရှိသော်လည်း မျက်ကွယ်ရာ ထောင့်တစ်ချို့တော့ ရှိနေဆဲပင်။ သူသာ မှန်ကန်သည့် ထောင့်တစ်ခုကို ရှာတွေ့သရွေ့ စောင့်ကြည့်ရေး ကင်မရာတို့၏ မြင်ကွင်းထဲမှ ပျောက်ကွယ်နိုင်ပြီး မည်သူကမျှ သူ့အား ရှာတွေ့နိုင်မည် မဟုတ်တော့ချေ။

လင်းရီ၏ ခန္ဓာကိုယ်က လျင်မြန်စွာ ရွေ့လျားသွားခဲ့သည်။ ကင်မရာ၏ အမြင်ကွယ်သည့် ထောင်သို့ ရွေ့လျားသွားခဲ့ပြီး လူတိုင်း၏ မြင်ကွင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။

ထို့နောက် လင်းရီသည် အပူကူးပြောင်းသည့် တာဝါလေးလုံးကို ကြည့်လိုက်၏။

အမြင့်ဆုံး တစ်ခုက မီတာ ခြောက်ဆယ်ကျော် မြင့်ပြီး သူ တိတ်တဆိတ် တွယ်တက်သွား၏။

သို့သော် တက်ရင်း လမ်းတစ်ဝက်တွင် စက်ရုံ၏ ရေဒီယိုမှ ကျယ်လောင်စွာ အသိပေးလာသည်။

“ ရှင်းရှန်း ကိုယ်စားပြု အသင်းသား ၊ လျိုကျစ်ဟောင် … ထုတ်ပယ်ခံရပါပြီ…”

“ တကယ်… နာရီဝက်တောင် မရှိသေးဘူး အထုတ်ခံရပြီပေါ့ … သောက်ကျိုးနည်းကြီး …”

စောဒကတက်ပြီးနောက် လင်းရီ များများ စားစား ဂရုစိုက်မနေတော့ဘဲ ကိုယ်တက်စရာ ရှိသည်ကို ဆက်တက်သည်။

မည်သို့ပင်ဆိုစေ သူက သူတို့နှင့် အလုပ်လုပ်နေသည်ပင်။ သူ့ဘက်က သူ့အလုပ်ကို ကောင်းစွာ လုပ်ဖို့ တာဝန်ရှိ၏။

မကြာမီ စက်ရုံ၏ ရေဒီယိုအသံမှာ ကျယ်လောင်စွာ အသိပေးလာပြန်သည်။

“ ရှင်းရှန်း ကိုယ်စားပြု အသင်းသား .. ဟန်အန်းလုံ … ထုတ်ပယ်ခံလိုက်ရပါပြီ…”

လင်းရီ “ ….. “

ကပ္ပတိန်တောင် အထုတ်ခံလိုက်ရပြီ….

သောက်ကျိုးနည်းကြီးဟ…

All Chapters