လူတိုင်း အံ့အားသွားကြခြင်း
Vol. 113 Ch. 1684
ယွမ်ဟော် အသင်းဝင်များအားလုံး ကြက်သေသေသွားခဲ့ကြ၏။
မည်သူကမှ ယခုလို တစ်စုံတစ်ရာမျိုး ဖြစ်လာလိမ့်မည်လို့ မျှော်လင့်မထားကြချေ။
“ မီးခိုးဗုံး ဘယ်ကောင် ပစ်လိုက်တာတုန်းကွ …”
ကျူးကျင်းရန် ဟိန်းဟောက်လိုက်၏။ သူ၏ အမူအရာမှာ တစ်စုံတစ်ယောက်ကို အစိမ်းလတ်လတ် ဝါးစားချင်နေသည့်ပုံ ပေါ်သည်။
“ တခြား နှစ်သင်းက ထင်တယ်….”
“ မဖြစ်နိုင်ဘူး …” အဆိုပါအချက်ကို ကပ္ပတိန် လီရဲ့ ချက်ချင်း ငြင်းဆန်လိုက်ပြီး တည်ငြိမ်စွာဖြင့် “ လီရွေ့နဲ့ ကျုံးရှင်းဟုန်ကို ငါ ကောင်းကောင်းသိတယ်.. ငါတို့ ဒီအကြောင်း ပြောထားပြီးသား … သူတို့ ဒီလိုမျိုး လုပ်မှာ မဟုတ်ဘူး … ပြီးတော့ ငါတို့ ရွေးချယ်ထားတဲ့ လမ်းကြောင်းကလည်း လျှို့ဝှက်တယ်.. ဒီကောင်တွေ ငါတို့လမ်းကြောင်း သိသွားတယ်ဆိုတာ မဖြစ်နိုင်ဘူး …”
ထိုသို့ ပြောပြီးနောက် လီရဲ့မှ “ အမြန် ပြန်ဆုတ် … ခုက ဒီအကြောင်းတွေ ပြောနေရမယ့် အချိန်မဟုတ်ဘူး …”
“ အမိန့်နာခံပါတယ်…”
လူတိုင်း တုံ့ပြန်လိုက်ကြ၏။ အကယ်၍ သူတို့တွေ ယခု အချိန် ထွက်မသွားဘူးဆိုပါက အလွန်အမင်း နောက်ကျသွားနိုင်သည်။
ဘန်း ဘန်း ဘန်း ဘန်း …
သေနတ်သံ အတွဲလိုက် မြည်ဟည်းလာခဲ့ပြီး လီရဲ့နှင့် ကျန်သူများအပေါ်သို့ ဗလာကျည်များ အတောင့်လိုက်ကျလာခဲ့ကာ သူတို့ကိုယ်ပေါ်တွင် ဝတ်ထားသည့် အချက်ပြ ကိရိယာမှာ တုန်ခါသွားခဲ့လေသည်။ သူတို့တွေ ထုတ်ပယ်ခံလိုက်ရပြီ ဖြစ်ကြောင်းကို အသိပေးလာခဲ့ခြင်းပင်။
ဗလာကျည်တောင့်များက သူတို့ကို လာထိမှန်တော့ လီရဲ့နှင့် ကျန်သူများ အားလုံး ကြက်သေသေသွားခဲ့ကြ၏။ တခြားအုပ်စုက လှုပ်ရှားသွားသည်မှာ အလွန်လျင်မြန်သည်။
သူတို့တွေက ခုလေးတင်ပဲ ဖော်ထုတ်ခံလိုက်ရတာလေ… ဒါကို ချက်ချင်း အပစ်ခံလိုက်ရတယ်လား …
တစ်ချိန်တည်းတွင် ဖျော့တော့သည့် အသံတစ်ခု ထွက်ပေါလာပြီး ကောင်းချုံ ထောင့်တစ်နေရာမှ သူ့လူများနှင့် ထွက်ပေါ်လာကာ “ ကစားပွဲပြီးပြီ .. ပြန်ဆုတ်…”
“ ငိုးပဲ ….”
လီရဲ့ ကျိန်ဆဲလိုက်မိသည်။ ယခု အချိန်တွင်တော့ သူ ပြန်ဆုတ်ရန်သာ တတ်နိုင်သည်။
ထုတ်ပယ်ခံလိုက်ရပြီးနောက် လီရဲ့နှင့် ကျန်သူများမှာ ငြင်းခုန်မနေကြတော့ပဲ တန်းတန်းမတ်မတ်သာ ထွက်သွားခဲ့ကြ၏။
“ ငါ အခုထိ နားမလည်နိုင်သေးဘူး … ဘယ်သူက ငါတို့ရဲ့ တည်နေရာကို ဖော်လိုက်တာလဲ …” ကျူးကျင်းရန် မသာမယာ ဖြစ်စွာဖြင့် ပြောလိုက်သည်။
ဤသည်က အဘယ်ကြောင့်ဆိုသော် သူတို့တွေသည် ပြိုင်ပွဲ မစတင်မီကပင် အားသွန်ခိုက်စိုက် ပြင်ဆင်ထားပြီး ပြိုင်ပွဲတွင် ပထမ နေရာ ရဖို့ ရည်မှန်းထား၏။
ယခု ရှင်းရှန်း ကိုယ်စားပြု အသင်းသားများ အားလုံးကို မဖြုတ်ရသေးခင် သူတို့အားလုံး အကုန်ပြုတ်သွားခဲ့သည်။ တွေးကြည့်ရုံမျှနှင့် ရှက်ဖို့ကောင်းလှ၏။
“ ငါလည်း သိချင်နေတာ …” လီရဲ့ ပြောလိုက်ပြီး “ ထိုက်ဖျင်နဲ့ ပေါင်ရှန်းက ငါတို့နဲ့ တစ်ဖက်တည်းတွေဆိုတော့ သူတို့တော့ မဖြစ်နိုင်ဘူး … မြို့စောင့်တပ်က လူတွေဆိုလို့ကတော့ ပိုလို့တောင် မဖြစ်နိုင်သေး … ဘာလို့ဆို မီးခိုးဗုံးက . . . . . . “
ထိုနေရာရောက်တော့ လီရဲ့ ပြောနေရင်းတန်းလန်း ရပ်တန့်သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် ကြောက်မက်ဖွယ်ကောင်းသည့် ဖြစ်နိုင်ချေ တစ်ခုအား သူ စဉ်းစားမိလိုက်သောကြောင့် ဖြစ်လေသည်။
ရှင်းရှန်း ကိုယ်စားပြု အသင်းမှာ ကျန်တဲ့ နောက်ဆုံး အသင်းသားက သူတို့ကို ပစ်လိုက်တာရော မဖြစ်နိုင်ဘူးလား …
“ သူတော့ မဖြစ်နိုင်ဘူး …” ကျူးကျင်းရန် ပြောလိုက်ပြီး “ သူက လူသစ်လေး … ဒီလိုမျိုး ဘယ်လို လုပ်နိုင်မှာ …”
“ အဲ့တာဆို မင်းမှာ တခြား ရှင်းပြနိုင်မယ့် အကြောင်းပြချက် ရှိလား … ငါတို့ သူ့ကို ရှာတာ ရှာမတွေ့ဘူး … သူ ငါတို့ကို တစ်နေရာကနေ ချောင်းနေတာပဲ ဖြစ်ရမယ်…” လီရဲ့ ပြောလိုက်ပြီး “ ဒီကောင်က လူသစ်လေးဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး … ငါတို့ လှည့်ဖျားခံလိုက်ရပြီ…”
“ မဖြစ်နိုင်တာ … ခေါင်းဆောင်ကိုယ်တိုင် ဒီကိစ္စကို ပြောခဲ့တာ သူက လောလောလတ်လတ် သင်တန်းပြီးသားတဲ့ လူသစ် … ပြီးတော့ အသစ်ဂျတ်ချွတ် လူသစ် … ရဲအကယ်ဒမီတောင် မတက်ခဲ့ဖူးတဲ့ကောင် …”
“ ငါတော့ ဖြစ်နိုင်ချေ မရှိဘူးလို့ ထင်တယ်…” ကျူးကျင်းရန် ရေရွတ်လိုက်သည်။
ကျန်သုံးယောက်လည်း သူနှင့် အတွေးတူနေသည်။
အသစ်ဂျတ်ချွတ် လူသစ်လေးက ထိုသို့ စွမ်းဆောင်နိုင်လိမ့်မည်လို့ သူတို့ မယုံကြချေ။
“ ကောင်းပြီ… ငါတို့ အထုတ်ခံလိုက်ရပြီးပြီပဲ … ဒီကိစ္စ ဆက်မပြောနဲ့တော့ … ဘယ်လိုပဲ ဖြစ်ဖြစ် နောက်ဆုံးကျရင် အဖြေက သိလာရမှာပဲ … ဒီကိစ္စ ခေါင်းဆောင်ကြီးဆီ ဘယ်လို ရှင်းပြမလဲဆိုတာသာ စဉ်းစားကြ … ပြန်ရောက်ရင်တော့ ငါတို့ကောင်တွေ ကောင်းကောင်းကြီး စက်သေနတ် ပစ်ခံရလောက်တယ် ဟားဟား …..”
သူတို့ စကားပြောနေစဉ်မှာပဲ စက်ရုံ၏ ရေဒီယိုမှ ကျယ်လောင်စွာဖြင့် ယွမ်ဟော် ကိုယ်စားပြု အသင်းသား ငါးယောက်လုံး ထုတ်ပယ်ခံလိုက်ရခြင်းကို ကြေညာသွားခဲ့သည်။
စက်ရုံအပြင်ဘက်တွင်တော့ … သူတို့တွေ ကြေညာချက်ကို ကြားသည်နှင့် ယွမ်ဟော်အသင်း၏ ခေါင်းဆောင်ပိုင်းတို့မှာ မြေပြင်တွင် ငူငူငိုင်ငိုင်ကြီးများ ဖြစ်သွားခဲ့ကြသည်။ သူတို့၏ အမူအရာတို့မှာတော့ တညီတညွှတ်တည်း ဖြစ်လို့နေလေသည်။ အကုန်လုံးက အကျည်းတန်နေခဲ့၏။
တစ်သင်းလုံး အဖြုတ်ခံလိုက်ရလိမ့်မည်လို့ သူတို့တွေ အိပ်မက်ပင် မမက်ခဲ့ဖူးချေ။
“ ဟားဟား … လောင်ဝေ့ … မင်းတို့ ဒီနှစ်ကလည်း ဘယ်မှာကောင်းလို့ … မင်းတို့ကောင်တွေ တစ်သင်းလုံး အဖြုတ်ခံလိုက်ရတယ်… အုတ်အောသောင်းနင်း ဖြစ်နေလိုက်တာများ ကြည့်စမ်း .. ငါတို့ရဲ့ အသစ်ဂျတ်ချွတ် လူသစ်ကြီးတောင် ဘာမှ မလုပ်ရသေးဘူး မင်းတို့ တစ်သင်းလုံးက ပြုတ်ကုန်ပြီ… မင်းတို့ ဒီလို အရည်အချင်းနဲ့တော့ မဖြစ်သေးပါဘူးကွာ …”
လျိုကွမ်းရှန် ကျယ်လောင်စွာ ရယ်မောပြီး ပြောလိုက်သည်။
“ ငါ့ လာလှောင်မနေနဲ့ …” ဝေသလုံ ပြောလိုက်ပြီး “ ဒီတစ်ခါ လူဆိုးနေရာကနေ အသွင်ဆောင်တဲ့လူတွေက ကျိုးဟိုင် မြို့စောင့်တပ်က … ငါတို့လူတွေရဲ့ အရည်အချင်းက သူတို့နဲ့ ကွာတာ အသိသာကြီးပဲ .. ရှုံးသွားတာ ရှက်စရာ အကြောင်း မရှိဘူး …”
“ အမှန်ပဲ … ဒါပေမယ့် ငါတို့ရဲ့ လူသစ်လေးက ခုထိ အသက်ရှင်နေတုန်းပဲလေ… မင်းတို့ကောင်တွေ အားလုံး အထုတ်ခံလိုက်ရတာ ရှက်ဖို့ကောင်းတယ် မထင်ဘူးလား …”
“ ဘာ ရှက်စရာ အကြောင်းရှိလို့ … ဒါက အသင်းလိုက် တိုက်ပွဲပဲ … ကံအကြောင်းတရားနဲ့လည်း အများကြီး သက်ဆိုင်တယ် … ဘာ ရှက်စရာမှ မရှိဘူး …”
“ အေးပါ အေးပါ … မင်း ပြောတာမှန်သမျှ အကုန် အဓိပ္ပာယ် ရှိပါတယ်…”
လျိုကွမ်းရှန် ပျော်ပျော်ရွှင်ရွှင်နှင့် တစ်ဖက်သူ၏ စကားကို တမင်တကာ ထောက်ခံပေးလိုက်သည်။ အကုန်လုံးက မိတ်ဆွေဟောင်းကြီးများ ဖြစ်သဖြင့် မည်သည့်အချိန်တွင် ရပ်တန့်ရမည်ကို နားလည်လေသည်။
လီရှန်းဟွေ့နှင့် ကူရိရန်တို့ တိတ်တဆိတ် သက်ပြင်းချမိလိုက်ကြ၏။ လင်းရီ၏ကံက တကယ်ကို ကောင်းလွန်းသည်။
ယခုထိတိုင်အောင် ဖော်ထုတ်ခံရခြင်း မရှိသေးချေ။ သူက ဉာဏ်တော့ အတော်ကောင်း၏။ အကယ်၍ ဖြစ်နိုင်မည်ဆိုပါက လီရှန်းဟွေ့သည် ယခုအချိန် လင်းရီထံသို့ စကားပြောစက်မှတဆင့် အမိန့်ပေးလိုက်ချင်သည်။
မင်း အခု ပုန်းနေတဲ့ နေရာမှာပဲနေ… ဓားစာခံတွေ ကယ်ဖို့လား … စဉ်းတောင် မစဉ်းစားမနဲ့ .. ဒါပေမယ့် အခွင့်သာရင်တော့ တခြား သုံးသင်းက လူတွေကို ဖြုတ်နိုင်အောင် ကြိုးစားပေါ့ …
သို့သော် သူ ဆန္ဒရှိသည့် အတိုင်း လုပ်ဖို့ဆိုသည်မှာ မည်သို့မျှ မဖြစ်နိုင်ချေ။ စိတ်ထဲတွင် လင်းရီသည် ယခုအတိုင်း ဆက်လက် ပုန်းနေပါစေဟုသာ မျှော်လင့်နေမိ၏။
ထိုအခိုက်အတန့်တွင် လီရဲ့နှင့် ကျန်သူများမှာ စက်ရုံထဲမှ ထွက်လာခဲ့ကြ၏။
“ ခေါင်းဆောင်ဝေ ..” လီရဲ့ အပြုံးလေးဖြင့် နှုတ်ဆက်လိုက်၏။
“ ထွက်သွားစမ်း … မင်းတို့ကောင်တွေ ငါ့ကို ဒေါသထွက်ပြီး သေအောင် လာလုပ်တာလား …"
“ ဟိတ် မသွားနဲ့ … ဘာတွေဖြစ်နေလဲ ငါမေးဦးမယ်…” လျိုကွမ်းရှန်သည် လီရဲ့အား အပြုံးလေးဖြင့် လက်ဝှေ့ရမ်းပြလိုက်၏။
“ ငါတို့ အထဲမှာ ဘာဖြစ်သွားလဲ မမြင်လိုက်ရလို့ ဘာတွေဖြစ်ခဲ့လဲ ငါတို့ကို ပြော …”
ဝေသလုံကို လီရဲ့ တစ်ချက်ကြည့်လိုက်သည်။ ပြောသင့်မပြောသင့် မျက်လုံးဖြင့် မေးမြန်းလိုက်၏။
“ ပြော …”
သူ့ဘက်က ထုတ်မပြောစေချင်သော်လည်း တစ်ဖက်သူက မေးလာခဲ့ပြီး ဖြစ်သဖြင့် အကယ်၍ မပြောဘူးဆိုပါက သူ့ဘက်က အပြစ်ရှိသည်ဟု ဆိုလိုသည့် အဓိပ္ပာယ် ရောက်ကာ ပိုပြီး မျက်နှာပျက်ရလိမ့်မည်။
“ ကျုပ်တို့ ဓားစာခံကို ကယ်ဖို့ လုပ်နေတဲ့ အချိန်မှာပဲ ဘယ်ကမှန်း မသိတဲ့ နေရာကနေ မီးခိုးဗုံးတစ်လုံး ရောက်ချလာပါတယ်… အဲ့မှာ ကျုပ်တို့ရဲ့ နေရာ ဖော်ထုတ်ခံလိုက်ရပြီးတော့ မြို့စောင့်တပ်ကလူတွေ ရောက်လာတော့တာပဲ …”
“ ဟင် … မီးခိုးဗုံး ….”
ရှိနေကြသည့် လူတိုင်းက အတွေ့အကြုံ ရင့်ကျက်သည့် လူများ ဖြစ်သဖြင့် တစ်ခုခု မူမမှန်သည်ကို အနံ့ရလိုက်ကြသည်။
တစ်စုံတစ်ယောက်က မီးခိုးဗုံး ပစ်လာခဲ့သည်ဆိုတော့ သူတို့အား ရှာတွေ့သွားခဲ့သည့်လူက မြို့စောင့်တပ်မှ လူများတော့ မဖြစ်နိုင်ချေ။ သို့သော် တစ်ဖက်သူမှ သူ၏ ပစ်မှတ်ကို ဖော်ထုတ်ရန်အတွက် ယခု နည်းလမ်းဖြင့် မြို့စောင့်တပ်ဖွဲ့ဝင်များအား မျှားခေါ်လာခဲ့သည်။
ခေါင်းဆောင် လေးဦးလုံး အချင်းချင်း ကြည့်လိုက်ကြပြီး ခေါင်းထဲတွင် တူညီသည့် အတွေးကိုယ်စီတို့ဖြင့် ရှိနေကြ၏။
ဝေသလုံနှင့် ကျန်နှစ်ယောက်က သူတို့ နှစ်သင်းသည် အချင်းချင်း တိုက်ခိုက်ဖို့ မဖြစ်နိုင်သည်ကို သိသည်။ ထို့ကြောင့် တစ်ခုတည်းသော ဖြစ်နိုင်ချေမှာ …..
“ ဟားဟား …..”
လျိုကွမ်းရှန် ကျယ်လောင်စွာ အော်ရယ်၍ “ ငါ ခုနလေးတင် မပြောဘူးလား … သူက ငါတို့ရဲ့ အသင်းရဲ့ လျှို့ဝှက်လက်နက်ပါဆိုနေ… မင်းတို့ ငါးယောက်လုံးကို တစ်ယောက်တည်း ဖြုတ်သွားခဲ့တယ်.. မင်းတို့အခု ငါ့ကို ယုံပြီမလား …”
“ ပေါက်တတ်ကရတွေ မပြောနဲ့ … အသစ်ဂျတ်ချွတ် လူသစ်က ဒီလောက်ထိ စွမ်းဆောင်နိုင်တယ်ဆိုတာ ငါမယုံဘူး …”
“ ဒါဆိုလည်း မင်းရှင်း … အခု ဘာတွေ ဖြစ်နေလဲ …”
လျိုကွမ်းရှန်၏ ဟိတ်ဟန်များလွန်းသည့် မေးခွန်းနှင့် ရင်ဆိုင်ရလိုက်တော့ သုံးယောက်လုံး အသံတိတ်ကုန်ကြ၏။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စတွင် သူတို့ အကျိုးသင့် ၊ အကြောင်းသင့် ရှင်းမပြနိုင်သောကြောင့်ပင်။
လီရှန်းဟွေ့လည်း အခြားသော ဖြစ်နိုင်ချေများအား စဉ်းစားမိ၍ မျက်မှောင်ကြုတ်လိုက်မိသည်။
သူ လင်းရီကို မြင့်မြင့်မှန်းထားသော်လည်း လင်းရီသည် ယခုကိစ္စအား ဖန်တီးခဲ့သူဆိုတာကို အနည်းငယ် ယုံရခက်နေခဲ့၏။
ထို့ပြင် မည်သည့်နေရာက တိုက်ခိုက်လာခဲ့သနည်း။
သူ ပစ်လာခဲ့သည့် နေရာကို မည်သူမျှ ရှာမတွေ့သည်က သံသယ ဝင်ဖို့ ကောင်းလှသည်။
ဟန်အန်းလုံနှင့် အချိန်အတော်ကြာကတည်းက အထုတ်ခံလိုက်ရသည့် သုံးယောက်မှာလည်း ပြောစရာကားတို့ ပျောက်ဆုံးနေကြလေသည်။
လခွမ်းတွေ ဖြစ်နေတာလား ….