← Chapters

အဆင့်မြင့် နည်းဗျူဟာကျကျ တွေးခေါ်ခြင်း

Vol. 113 Ch. 1685

အဆင့်မြင့် နည်းဗျူဟာကျကျ တွေးခေါ်ခြင်း

Vol. 113 Ch. 1685

အပြင်ဘက်ရှိ လူများအားလုံး ပဟေဠိ ဖြစ်နေခဲ့ကြ၏။ သို့တိုင်အောင် စက်ရုံထဲရှိ တိုက်ပွဲမှာတော့ အရှိန်ကောင်းနေလျက်ပါပင်။

ယွမ်ဟော် ရုံးခွဲမှ လူများ တိုက်ခိုက်ခံရပြီး အကုန်လုံး အထုတ်ခံလိုက်ရပြီးသည့်နောက်တွင် ကျန်နှစ်သင်းမှာ ပိုပြီး ဂရုတစိုက် ရှိလာခဲ့ကြ၏။ သူတို့၏ လှုပ်ရှားမှုတို့ပင် နှေးကွေးလာသည်။

ယခင်ကလို ပေါ်ပေါ်ထင်ထင် မရှာဖွေဝံ့ကြတော့ချေ။

“ အခုကစပြီး … ငါတို့တွေ နှစ်အုပ်စုခွဲပြီး သွားမယ်… ငါနဲ့ ကျားထောင်က တစ်အုပ်စု .. ကျန်တဲ့ မင်းတို့သုံးယောက်က တစ်အုပ်စု … ဒီအတိုင်း ခွဲသွားကြမယ်…”

ပေါင်ရှန်း ကိုယ်စားပြုအသင်း၏ ကပ္ပတိန် လီရွေ့မှ ပြောလိုက်၏။

“ ကောင်းပြီ…”

ယခုလေးတင် ဖြစ်သွားခဲ့သည့် အဖြစ်အပျက်ကြောင့် သူတို့တွင် ရွေးချယ်စရာမရှိ၊ ဖွဲ့စည်းပုံကို ပြောင်းလဲရတော့သည်။

ထို့ပြင် စောနက အဖြစ်အပျက်၏ နောက်ကွယ်တွင် လူသစ် လင်းရီ ရှိနေသည်ဟုလည်း သူတို့တွေ ရေးတေးတေး ခန့်မှန်းမိနေကြ၏။

သူတို့၏ ယခု မစ်ရှင်က ကိုယ့်ကိုယ်ကို ဖုံးကွယ်ပြီး လင်းရီကို ရှာဖွေရန်ပင်။ ထိုအခါမှသာ သူတို့ စိတ်ချလက်ချ အသက်ရှူနိုင်မည် ဖြစ်၏။

လီရွေ့နှင့် သူ့အသင်းသား ကျားထောင်တို့ ဂရုတစိုက်နှင့် ရှာဖွေနေကြပြီး လင်းရီ တည်နေရာကို ခန့်မှန်းရန် ကြိုးစားနေကြသည်။

ရုတ်ချည်းဆိုသလို တစ္ဆေလို အသံတစ်သံက ကျားထောင်နောက်ကွယ်မှ ထွက်ပေါ်လာခဲ့၏။

“ ထပ်မသွားနဲ့တော့ …”

“ ဟင် …”

လီရွေ့၏ ခန္ဓာကိုယ် တုန်ယင်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ပြောလိုက်သူက သူလည်း ဟုတ်မသလို အခြားအသင်းသားတို့ကလည်း သူတို့နှင့် ရှိမနေသောကြောင့်ပင်။

သူ လှည့်ကြည့်လိုက်တော့ လင်းရီ ဖြစ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

ကြောက်လန့်စရာ အကောင်းဆုံးကတော့ ကျားထောင်မှာ သူ၏ လက်တွင်း၌ ရှိနေခြင်းပင်။

သိသာစွာဖြင့် … ယခုတိုက်ပွဲတွင် သူ သေဆုံးသွားခဲ့လေပြီ။

“ မင်း ….”

ဘန်း …

လင်းရီ သူ့အား စကားပြောဆိုရန် အခွင့်အရေး မပေးဘဲ ဗလာကျည်အား ရင်ဘက်သို့ ပစ်ခတ်လိုက်၏။

“ မင်း အထုတ်ခံလိုက်ရပြီ… ဘိုင့်ဘိုင် …”

လင်းရီ အချိန်မဖြုန်းချေ။ တစ်ချက်ပစ်ပြီးသည်နှင့် ပြန်လစ်ထွက်သွားခဲ့၏။

သို့သော် သူ ထွက်သွားသည့် အချိန်၌ တစ်ယောက်တည်း မသွား။ လီရွေ့ကိုပါ ဆွဲခေါ်လာသည်။

ထိုကိစ္စများအားလုံးက မျက်တောင် တစ်ခတ်အတွင်း ဖြစ်ပျက်သွားခြင်း ဖြစ်ပြီး နှစ်စက္ကန့်ပင် မကြာလိုက်ကာ လီရွေ့ တုံ့ပြန်ချိန်ပင် မရလိုက်ချေ။

သူ ထုတ်ပယ်ခံလိုက်ရပြီဟုသည့် ကြေညာချက်ကို မကြားခင် အချိန်အထိ ဖြစ်၏။

ထိုအခိုက်အတန့်တွင် လင်းရီသည် လီရွေ့အား ဆွဲ၍ အခင်းဖြစ်သည့် နေရာမှ ထွက်ပြေးသွားခဲ့ကာ လူတိုင်း၏ မြင်ကွင်းမှ ထပ်မံပျောက်ကွယ်သွားခဲ့ပြန်သည်။

“ မင်း ဘာလုပ်နေတာလဲ …”

“ မင်းက အခု သေနေတဲ့လူ … စကားမပြောနဲ့ ….”

လီရွေ့ ဤနေရာက စည်းမျဉ်းတို့အား နားလည်သည်။ ထို့ပြင် သူ့ဘက်က ချိုးဖောက်မှာလည်း မဟုတ်ချေ။ ဒီတိုင်း အနည်းငယ် ဒေါသထွက်မိရုံသာ ဖြစ်သည်။

“ ကောင်လေး … မင်းမှာ စကေးတစ်ချို့တော့ ရှိသားပဲ … လီရဲ့နဲ့ တခြားသူတွေကို ထုတ်ပယ်ရုံတင် မကဘူး … ငါ့ကိုတောင် သတ်သွားတယ်..”

“ အဆင်ပြေပါတယ်… ဒီတိုင်း ကံကောင်းသွားလို့ပါ …”

“ မင်း တော်တော် ဟန်များတဲ့ကောင် …” လီရွေ့ ရယ်သွမ်းလိုက်၏။

“ ကောင်းပြီ… ငါ အခု လမ်းလျှောက်ရမှာ ပျင်းတယ်.. မင်းငါ့ကို သယ်သွား … နည်းနည်းပါးပါး ကစားကြတာပေါ့ …”

“ မင်း ပုံမှန်ဆို ရဲဇာတ်ကားတွေ မကြည့်ဖြစ်ဘူးလား …”

“ ဘာလို့ …”

“ ပုံမှန်ဆို မင်းက အခု လူသေ ဖြစ်နေပြီ … အဲ့တာကို ငါက သောက်လုပ်ရှုပ်ခံ၊ ခွန်အား အကုန်ခံပြီး မင်းကို သယ်သွားရဦးမှာလား … ဘာလို့ အဲ့လိုလုပ်ရမှာလဲ …”

လီရွေ့ ထိတ်ကနဲ ဖြစ်သွားခဲ့၏။

“ မင်း ဘာလုပ်မလို့လဲ …”

“ မမေးနဲ့ … မေးချင်ရင် မင်းက အခု လူသေဖြစ်နေပြီဆိုတာကို နှလုံးသွင်း … လူသေတွေက စကားမပြောတတ်ဘူးဆိုတာ မင်းနားလည်တယ်မလား …”

“ ငိုးပဲ…”

လင်းရီသည် လီရွေ့အား အပူကူးပြောင်း တာဝါ ထိပ်သို့ ခေါ်သွားပြီး ထင်သာ မြင်သာ ရှိသည့်နေရာတွင် တွဲလောင်းဆွဲထားလိုက်၏။

“ ငိုးပဲ .. မင်းက အကျဉ်းသားကို နှိပ်စက်နေတာပဲ …”

“ မပြောနဲ့ … မင်းက သေနေပြီ…”

“ ငိုးမ မင်းမြေနိုးပဲ …”

“ ဟမ်… ငါ့အမေကို မဆဲနဲ့ … ဆဲချင်ရင် ငါ့အဖေကိုဆဲ …”

လီရွေ့အား ချိတ်ဆွဲပြီးနောက် လင်းရီ အော်ဟစ်လိုက်၏။

“ ပေါင်ရှန်းကကောင်တွေ … မင်းတို့ နား‌ထောင် … အခု ငါ မင်းတို့ ခေါင်းဆောင်ကို ဖမ်းထားပြီးပြီ… အရှုံးပေးလိုက်တော့ …”

အော်ဟစ်ပြီးနောက် လင်းရီသည် ပေါ့ပါးသွက်လက်သည့် အသွင်ဖြင့် လေးလွှာ လက်ရန်းမှ အဆင့်ဆင့် ခုန်ဆင်းကာ ပထမထပ်သို့ ထွက်ပြေးသွားခဲ့၏။

လီရွေ့မှာတော့ တာဝါ ထိပ်တွင် ချိတ်ထားခြင်း ခံရကာ ရွေ့လျားနိုင်ခြင်း မရှိပေ။

လင်းရီ၏ အော်ဟစ်သံကို ကြားတော့ ကျန်သည့် ပေါင်ရှန်း အသင်းဝင် သုံးယောက်မှာ အသံလာရာဘက်သို့ ကြည့်လိုက်ကြပြီး သူတို့၏ ခေါင်းဆောင်မှာ ချိတ်ဆွဲခံထားရသည်ကို မြင်တွေ့လိုက်ရလေသည်။

“ ကပ္ပတိန် … ငါတို့ အခု မင်းကို လာကယ်ပြီ…”

လီရွေ့ မျက်လုံးလှန်ပြီး ကျိန်ဆဲလိုက်၏။ “ ဒီငိုးမသားတွေကတော့ ထောင်ချောက်ထဲ ခုန်ဆင်းပြန်ပြီ…”

အသင်းသားများမှာ မသိစိတ်အလျောက် အော်ဟစ်မိလိုက်ကြပြီး သူတို့၏ တည်နေရာကို အလိုအလျောက် ထုတ်ဖော်မိလျက်သား ဖြစ်သွားခဲ့ကြ၏။

ကောင်းချုံ သူ့လူများနှင့် အပြေးအလွှား ရောက်လာကာ ကျန်သည့် လူများအား ထုတ်ပယ်ပစ်လိုက်သည်။ ထိုအခိုက်အတန့်တွင် ပေါင်ရှန်းအသင်းသားများအားလုံး ထုတ်ပယ်ခံလိုက်ရလေသည်။ စက်ရုံ အပြင်ဘက် တဲအောက်တွင်တော့ လူတိုင်း တိတ်ဆိတ်နေလျက် ရှိကြ၏။

ဤတစ်ကြိမ်တွင်တော့ လူတိုင်းသည် ဤကိစ္စများအားလုံးက လင်းရီ လက်ချက်ဖြစ်သည်ကို လက်ခံသွားကြသည်။

သို့သော် ထိုအရာက သူတို့ တိတ်ဆိတ်နေရခြင်း အကြောင်းအရင်း မဟုတ်ချေ။

မီးခိုးဗုံး ပစ်သည့် နည်းလမ်းက သမာရိုးကျ ဖြစ်သည်ဆိုပါက ပေါင်ရှန်း အသင်းကို ကိုင်တွယ်သွားသည့် သူ၏ နည်းလမ်းမှာ ပိုပြီးတောင် အဆင့်မြင့်နေသည်။

အဘယ်ကြောင့်ဆိုသော် သူက လူ၏ စိတ်အား အသုံးချသွားခဲ့ခြင်းကြောင့်ပင်။

စိတ်ကူးကြည့်…. စစ်မြေပြင်မှာ ကိုယ့်ရဲ့ ခေါင်းဆောင်ကို ရန်သူက ဖမ်းထားပြီး အဲ့လို ပုံစံမျိုးနဲ့ ဆက်ဆံခံထားရတယ်ဆိုရင် တပ်သားတွေကလည်း ခံပြင်းဒေါသထွက်ပြီး အလိုအလျောက် တုံပြန်မိမှာ အမှန်ပင်။

သို့သော် ဤသို့ ပြုသည်က ရန်သူ၏ ထောင်ချောက်ထဲသို့ အားပါးတရကြီး ခုန်ဆင်းသွားခြင်း မည်လိမ့်မည်။

သူတို့အားလုံး ခြုံခိုတိုက်ခိုက်ခံရပြီး ဆုံးရှုံးမှုများနှင့် ခံစားရသည်များက ပို၍ပင် ကြီးမားသွားလိမ့်မည်။

ဤသည်က တိုက်ဆိုင်သည်ပဲလော … သို့မဟုတ် လင်းရီကပဲ ထိုသို့ အဆင့်မြင့်သည့် နည်းဗျူဟာကျကျ စဉ်းစားတွေးခေါ်နေနိုင်ခြင်းလား ဆိုတာကို သူတို့ မသိချေ။

သို့သော် မည်သို့ပင် ဖြစ်စေကာမူ သူ့ဘက်က ထင်မှတ်မထားသည့် နည်းဗျူဟာကို ဤပြိုင်ပွဲသို့ ခေါ်ဆောင်လာလေသည်။

ဤသည်က ထင်မှတ်မထားသည့် အရာဖြစ်၏။

ဟစ်…..

လီရှန်းဟွေ့ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။ သူက တည်ငြိမ် ရင့်ကျက်သည့် လူစားမျိုး ဆိုပေမယ့် လင်းရီ၏ အောင်မြင်မှုက သူ၏ အမြင်ကောင်းမွန်မှုကို ဖော်ပြနေသည်။

သူ ပင့်သက်မရှိုက်မိဘဲ မနေနိုင်ချေ။ လင်းရီမှာ အမှန်တကယ်ပင် အံ့အားသင့်ဖို့ကောင်းသည့် စစ်သား တစ်ယောက်ဖြစ်လာပြီး ခေါင်းဆောင်၏ စကားလုံးများကို သက်သေပြပေးသွားခဲ့သည်။

လခွမ်းပဲ … သူ ဒီညတော့ အရက်ပြင်းပြင်းနဲ့ အောင်ပွဲခံပစ်ရမယ် …

စက်ရုံ ဧရိယာတွင် ထိုက်ဖျင် အသင်းနှင့် ရှင်းရှန်း အသင်းသာလျှင် ကျန်ရှိတော့သည်။

လင်းရီက တစ်ဦးတည်းသော ကျန်ရစ်သူ ဆိုသော်လည်း ကျုံးရှင်းဟုန်ကို ဆံပင်မွေး ထောင်လုမတတ် ထိတ်လန့်နေစေသည်။

သူက တစ်ယောက်တည်းဖြင့် နှစ်သင်းလုံးကို ဖြုတ်သွားခဲ့သူ ဖြစ်သည်။ ထိုကောင်လေးကို ယခင်လို နှိမ့်ချဆက်ဆံလို့ မရတော့ချေ။

“ ကပ္ပတိန်… ငါတို့တွေ ချဉ်းကပ်တဲ့ နည်းလမ်းကို ပြောင်းသင့်ပြီ ထင်တယ်နော်…”

လျိုကျန်းချန် အမည်ရသည့် တစ်ယောက်မှ ပြောလာခဲ့၏။

“ ငါတို့ အဲ့ကောင်နဲ့ ယှဉ်လို့မရဘူး … သူနဲ့ ယှဉ်တိုက်တာက ငါတို့အတွက် ကောင်းမှာ မဟုတ်ဘူး .. သွားပြီး ဓားစာခံတွေကိုပဲ အရင်ကယ်ကြမယ်… ငါတို့ ကယ်နိုင်တာနဲ့ ငါတို့ နိုင်ပြီ…”

ကျုံးရှင်းဟုန် တုံ့ဆိုင်းခြင်း မရှိ ခေါင်းညိမ့်လိုက်၏။

သူလည်း ထိုသို့ စဉ်းစားနေသည်။

ယခင်တုန်းက သူတို့တွေ ရှင်းရှန်းရုံးခွဲမှ လူများကို အရင်ဖြုတ်မည်ဟု သဘောတူထားခဲ့သည်မှာ အပျင်းပြေ ၊ အပျော်သဘောသာ ဖြစ်ပြီး သူတို့ကိုယ်သူတို့ ပိုကြည့်ကောင်းချင်၍ ဖြစ်၏။

ယခုတော့ ထိုအကြောင်းအရာများအား ဂရုစိုက်နေရမည့် အချိန် မဟုတ်တော့ချေ။ လုပ်စရာရှိသည်ကို အရင်လုပ်၍ ပထမနေရာကို သိမ်းပိုက်ရမည်။

နောက် အစီအစဉ်ကို ဆွေးနွေးတိုင်ပင် ပြီးနောက် ကျုံးရှင်းဟုန်နှင့် ကျန်သူများမှာ ပို၍ပင် ဂရုတစိုက်နှင့် ဖြစ်လာခဲ့ကြ၏။

မည်သူကမျှ လက်လွတ်စပယ် မပြုမူဝံ့ကြချေ။ သူတို့၏ အသက်ရှူသံသည်ပင် ဂရုတစိုက်နှင့် ဖြစ်လို့လာသည်။

ထိုအတိုင်းပဲ စစ်တုရင် ကစားပွဲမှာ တစ်နာရီကျော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။

ကျုံးရှင်းဟုန်နှင့် ကျန်သူများမှာ မည်သည့် ဒဏ်ရာဒဏ်ချက်မျှ မခံစားရချေ။ တစ်ချိန်တည်းတွင် သူတို့အားလုံး ပြန်ပေးဆွဲသမားတို့ အခြေစိုက်ရာ သိုလှောင်ရုံသို့ ဖြည်းဖြည်းမှန်မှန် ချဉ်းကပ်လာကြလေသည်။

“ ကပ္ပတိန်… အထဲမှာ လူခြောက်ယောက် ရှိတယ်.. တခြား စောင့်ကြပ်နေတဲ့ သူတွေကလည်း အများကြီးပဲ... သူတို့ကို ရှင်းဖို့ဆို နည်းနည်းတော့ ခက်မယ်…” လျိုကျန်းချန် ပြောလိုက်၏။

နှစ်ဖက်ခြမ်းရှိ လူအရေအတွက် မညီမျှမှုက အတော်လေးကို ကြီးမားနေသည်။ ကနေဦးအစတွင် ပြန်ပေးဆွဲသမားဘက်က လူ ၁၅ ယောက်ရှိပြီး သူတို့ တိုက်ခိုက်သူများဘက်က လူ ၂၀ ရှိသည်။ ထို့ကြောင့် ရှန်းရှန်းရုံးခွဲမှ လူများအား အရင်ဖြုတ်လိုက်လျှင်ပင် လူအရေအတွက်ညီ၍ တိုက်ပွဲစွမ်းအားကလည်း မျှတသည်။ ထို့ကြောင့် သုံးသင်းခေါင်းဆောင်များမှာ ရှင်းရှန်းအသင်းအား အရင်ဖြုတ်ဖို့ စဉ်းစားခဲ့ကြခြင်းဖြစ်ပြီး သူတို့ လူ ၁၅ ယောက်ကသာ မစ်ရှင်ကို အောင်မြင်စေမည်။

သို့သော် ယခု လူ ၆ ယောက်သာ ကျန်တော့ပြီး တစ်ဖက်က တစ်ယောက်တစ်လေမျှ ဆုံးရှုံးထားခြင်း မရှိချေ။ သဘာဝအလျှောက် သူတို့ဘက်က အလေးမသာသည့် အခြေအနေတွင် ဖြစ်၏။

“ မလောနဲ့ … ငါ ညွှန်ကြားတဲ့နောက်လိုက် … ပြဿနာ မရှိစေရဘူး …”

“ ကောင်းပြီ…”

ဘန်း …

ထိုအခိုက်အတန့်တွင် သေနတ်သံ တစ်ချက် ပျံ့လွင့်လာသည်။

မီးခိုးဗုံး တစ်လုံးမှာ ကျုံးရှင်းဟိုင်၏ ခြေထောက်ပေါ်သို့ မည်သည့် သတိပေးချက်မျှ မရှိဘဲ ဆင်းသက်လာခဲ့၏။

All Chapters