သူက လျို့ဝှက် တပ်ဖွဲ့က
Vol. 113 Ch. 1687
သူ့ လက်အောက်ငယ်သားမှ စကားပြောလာသည်ကို မြင်တော့ မိုဟုန်ရှန်း လှမ်းကြည့်လိုက်သည်။
ပြောလာခဲ့သူက မာမင်း အမည်ရသည့်သူပင်။ သူက လောလော လတ်လတ် ဝင်လာသည့် လူသစ်လေး ဖြစ်ပြီး နှစ်ဆယ် အစောပိုင်းမျှသာ ရှိသေး၏။ လင်းရီထက်ပင် ငယ်ရွယ်သေးသည်။ ဆံပင်အတိုနှင့် အရပ်လည်း သိပ်မမြင့်ပေ။ သူ့ပုံစံက ရိုးရှင်းပြီး ရိုးသားသည့် သွင်ပြင်ရှိ၏။
“ မင်းက အရှုံးမပေးချင်ဘူးပေါ့ …”
မာမင်း ခေါင်းကုတ်လိုက်ပြီး ကိုးရို့ကားယား ပြုံးကာ “ ကျုပ်တို့ အချင်းချင်း ပတ်သက်မှုကောင်းတွေ ရှိတယ်ဆိုရင်တောင် ဒါက တိုက်ပွဲပဲလေ… ကျုပ်တို့ တိုက်ခိုက်သင့်တာပေါ့ … အပြင်မှာ ဒီလောက် လူတွေ အများကြီးကို ကျုပ်တို့ မြို့စောင့်တပ်က လူတွေ ရှုံးသွားမှန်း သိရင် နောင်ကျ လူရယ်စရာ ဖြစ်လာမှာ မဟုတ်ဘူးလား …”
ကောင်းချုံ ပြုံးလျက်သာ နေ၍ ဘာမျှမဆိုချေ။ ဤကိစ္စက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသည်ဟု သူ ခံစားလိုက်ရ၏။
လင်းရီလည်း ဘာမျှ မဆိုချေ။ ဤကိစ္စကို လျင်မြန်စွာ အပြတ်ဖြတ်နိုင်မည်ဆိုပါက ကောင်းသော်လည်း အကယ်၍ တစ်စုံတစ်ယောက်က ဆန့်ကျင်လိုပါက သူ့ဘက်ကလည်း စိတ်ရှိနေလိမ့်မည် မဟုတ်ချေ။
မိုဟုန်ရှန်း ကျန်သူများဘက်သို့ လှည့်ကြည့်လိုက်ပြီး “ မင်းတို့ရော အဲ့လို တွေးနေတာလား …”
“ ကျုပ်တို့ မရှုံးချင်ဘူး …” တစ်စုံတစ်ယောက်က အသံထွက်လာခဲ့၏။
သို့သော် လူအများစု၏ တစ်စိတ်တစ်ပိုင်းသာ ထောက်ခံကြသည်။
ကျန်သည့် တခြား လူငါးယောက်မှာတော့ ဘေးတွင် ကပ်ရပ်နေပြီး မရယ်မိအောင် အတင်းထိန်းချုပ်နေကြရကာ စကားသံပင် မထွက်ချေ။
သူတို့အားလုံးက လူဟောင်းများ ဖြစ်ကြပြီး လင်းရီနှင့် သိသည်။
ဤလူ၏ အဆင့်က သာမန်ညောင်ည မဟုတ်ချေ။
ဘော့စ်မိုပင် လူချင်း ပုတ်သတ်၍ သူ၏ ပြိုင်ဘက် မဖြစ်လေရာ သူတို့ဆိုလို့ကတော့ ပြောစရာပင် မလိုချေ။ အကယ်၍ နှစ်ဘက် တိုက်ခိုက်မည်ဆိုပါက သူတို့ဘက်ခြမ်းကသာ ကျိန်းသေပေါက် ရှုံးနိမ့်လိမ့်မည်။
ဤအတိုင်း အေးဆေးလေး ထွက်သွားသည်က အရိုက်ခံရပြီးမှ ထွက်သွားရသည်ထက်တော့ သာပါသေးသည်။
“ ဒါဆိုလည်း ထွက်လာခဲ့ကြ … လက်ရည်စမ်းကြတာပေါ့ …” မိုဟုန်ရှန်း ပြောလိုက်ပြီး “ မင်းတို့ရှစ်ယောက် … ရှေ့ထွက်ခဲ့ …”
“ ဟုတ်ကဲ့ ဆာ …”
လူသစ်လေး ရှစ်ယောက်မှာ ရှေ့သို့ ထွက်လာကြသည်။
မိုဟုန်ရှန်း သူတို့ရှစ်ယောက်လုံးကို သိမ်းကျုံးကြည့်၍ “ ငါတို့ဘက်ခြမ်းမှာ လူတွေအများကြီးရှိတယ်… ၁၅ ယောက် ၁ ယောက်ဆိုတာက သိပ်ပြီးမှ မသင့်လျော်ဘူး … မင်းတို့ ၈ ယောက် သူ့ကို အတူတိုက်ခိုက်လို့ရတယ်… မင်းတို့နိုင်ရင် အနည်းဆုံး စိတ်ထဲ နိုင်သွားတယ်ဆိုတာလေးတော့ ရလိုက်မှာပေါ့ …”
“ မကောင်းဘူးနော် ခေါင်းဆောင် … ကျုပ်တို့ ရှစ်ယောက်က လူတစ်ယောက်တည်းကို အတူတိုက်မယ်ဆိုတော့ ဒါ အနိုင်ကျင့်နေတာပဲ မဟုတ်လား …”
မာမင် ပြောလိုက်ပြီး “ သူက ခေါင်းဆောင်ကြီးနဲ့ ရင်းနှီးတယ်ဆိုတော့ ကျုပ်တို့ သိပ်အများကြီး အနိုင်ကျင့်လို့ မသင့်ဘူးလေ…”
“ အဆင်ပြေတယ်… ဒီတိုင်း လေ့ကျင့်တယ်ပဲ သဘောထားလိုက် … မင်းတို့အသက်ကို စွန့်စားပြီး တိုက်ဖို့ မလိုဘူး … “
“ ဒါလည်း မကောင်းသေးဘူးလို့ ထင်တယ်… တစ်ယောက်ချင်း တစ်ယောက် တိုက်ကြတာပေါ့ …”
“ ကျုပ်တော့ မာလေးရဲ့ အရည်အချင်းတွေက မဆိုးဘူးဘူးလို့ ထင်တယ်… သူက ကျုပ်တို့ အသုတ်ထဲမှာ အတော်ဆုံးပဲ … သူ ကျုပ်တို့ကို ကိုယ်စားပြုလို့ရတယ်….”
“ မာလေးကို ကိုယ်စားပြုခိုင်းလိုက်ပါ … အလျင်လိုစရာ မရှိမှတော့ ဒီတိုင်း လက်ရည်စမ်းလို့ရပါတယ်…”
လူတိုင်း၏ အားပေးချီးမြောက်မှုအောက်တွင် မာမင် ရှေ့သို့ တက်လာပြီး လင်းရီ၏ တည့်ကြည့်လိုက်၏။
“ ညီကို … ငါတို့ စိတ်ကျေနပ်တဲ့အထိ လက်ရည်စမ်းကြတာပေါ့ …”
“ ရတယ်… မင်းပြောတဲ့အတိုင်းပဲ …”
တစ်ဖက်သူက လွယ်လွယ်ကူကူနှင့် အရှုံးပေးလိုသည့် လူစားမျိုး မဟုတ်သည်ကို လင်းရီ ခံစားမိနေသည်။ မဟုတ်ပါက မိုဟုန်ရှန်း ပြောပြီးသည့်တိုင်အောင် မေးခွန်းထုတ်လာလိမ့်မည် မဟုတ်ချေ။
လူတိုင်း နောက်သို့ အလှမ်းခပ်ဝေးဝေး ဆုတ်ပေးလိုက်ကြကာ သိုလှောင်ရုံ အလယ်၍ လူသားကြိုးဝိုင်း လုပ်ပေးလိုက်၏။
မာမင် သူ၏ ကိုယ်ဟန်ကို ယူ၍ လင်းရီထံသို့ ပြောလိုက်သည်။
“ ညီကို … မင်းအဆင်သင့်ဖြစ်ရင် စလို့ရပြီ…”
“ အိုကေ … မင်းလည်း အဆင့်သင့်ဖြစ်ရင် စလို့ရပြီ…”
ထိုမြင်ကွင်းမှ ဘေးမှ ကြည့်ရင်း လူတိုင်း ရယ်ရယ်မောမောနှင့် ဆွေးနွေးနေကြ၏။
“ ဒီကောင်ရဲ့ အရည်အချင်း ဘယ်လို ရှိမယ်လို့ မင်းတို့ထင်လဲ …”
“ ပေါ့သေးသေးတော့ မဟုတ်လောက်ဘူး … ဘယ်အဆင့်လဲဆိုတာတော့ ပြောရခက်လောက်တယ်….”
“ မာလေး သူ့ကို နိုင်ပါ့မလား….”
“ ငါတော့ ပြဿနာ ရှိမယ် မထင်ဘူး … သူလည်း သိုင်းပညာ လေ့ကျင့်တဲ့လူပဲမလား … ခေါင်းဆောင်မိုကိုယ်တိုင် သူ့ကို နေ့တိုင်း လေ့ကျင့်ပေးနေတာ ဒီဘရိုကို နိုင်ဖို့ကတော့ ပြဿနာ ရှိမယ် မထင်ဘူး …”
လူသစ်လေးများ၏ ဆွေးနွေးငြင်းခုန်ကြသည့် အသံကိုကြားတော့ လူဟောင်းများမှာ နှာမကစ်ဘဲ မနေနိုင်ချေ။
ဤအခွင့်အရေးအား အသုံးချ၍ သူတို့တွေကို သင်ခန်းစာပေးမည်ဆိုပါက စိတ်ဝင်စားဖို့ ကောင်း၏။
ထိုအခိုက်အတန့်တွင် မာမင် စတင်လှုပ်ရှားလာခဲ့သည်။ ခုခံရခက်သည့် ထောင့်ဘက်ခြမ်းမှ လင်းရီထံသို့ တိုးဝင်လာသည်။
“ မဆိုးဘူးပဲ… မင်း တကယ်ကြီး သာလွန်လက်သီးရှစ်ကွက်ကို လေ့ကျင့်ထားတယ်ပေါ့ …”
“ ရှစ်နှစ်တောင်လေ…”
မာမင်း တိုက်ခိုက်ရင်း ပြောလိုက်သည်။
“ တကယ်ဆိုးဘူး … နောင်ကျ သေချာလေ့ကျင့် … မင်းမှာ အလားအလာ ရှိတယ်…”
စကားဆုံးသည်နှင့် လင်းရီ ဘေးသို့ရွေ့ကာ ရှေ့သို့ကိုင်းလိုက်၏။
၎င်းနောက် ချက်ချင်း တျယ်ရှန်းခေါင် ရိုက်ချက်ဖြင့် မာမင်း၏ ကိုယ်ကို ရိုက်နှက်လိုက်သည်။
ဘန်း …
ခပ်အုပ်အုပ် အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး လူတိုင်း ရှင်းရှင်းလင်းလင်း ကြားလိုက်ရ၏။
အရှင်းလင်းဆုံး ခံစားမိလိုက်သည့်လူကတော့ မာမင်ပင်။ သူ့အား ထရပ်ကား တစ်စင်းမှာ လာတိုက်သည့်နှယ် ခံစားလိုက်ရသည်။
ဒီလူက တော်တော် သန်မာတယ်…
လင်းရီက တစ်ကွက်တည်းဖြင့် ပွဲသိမ်းပြသွားခဲ့သည်။
မာမင် သူ၏ ရင်ဘက်ကို ဖိနှိပ်၍ ညည်းညူသံ ပေးမိလိုက်၏။ မြေပြင်တွင် အချိန်အတော်ကြာအောင် လဲလျောင်းနေရင်း ပြန်ထလာနိုင်ခြင်း မရှိချေ။
ဤသည်က သာလွန်လက်သီး ရှစ်ကွက်တွင် နာမည်အကြီးဆုံးနှင့် အခက်ခဲဆုံး လှုပ်ရှားမှုပင်။
ရှစ်နှစ်ကြာအောင် မပျက်မကွက် လေ့ကျင့်လာခဲ့သည့်သူပင် ဒီလှုပ်ရှားမှုအား ဤမျှ ကျွမ်းကျွမ်းကျင်ကျင် မရွေ့လျားနိုင်သေးချေ။ သို့သော် ဤလူကတော့ အမှန်ပင် အသုံးပြုပြသွားခဲ့၏။
“ ဘယ်လိုနေသေးလဲ … ထနိုင်သေးလား …”
မိုဟုန်ရှန်း အပြုံးလေးဖြင့် မေးလာသည်။
“ ပြဿနာ မရှိဘူး …”
မာမင် နာကျင်လျက်သားဖြင့် ပြုံးပြလိုက်ပြီး “ ညီကို … ကျုပ် လေးစားပါတယ်… မင်းရဲ့ အဆင့်က ငါ့ထက်သာတယ်ဆိုတာ ဝန်ခံပါတယ်…”
မိုဟုန်ရှန်း ပြုံးလိုက်ပြီး အခြားသူများ ဘက်သို့ လှည့်၍ “ ဒီလောက်ဆို မင်းတို့လည်း ကျေနပ်ရောပေါ့ … မင်းတို့ မကျေနပ်သေးဘူးဆိုလည်း ထွက်လာပြီး စမ်းကြည့်လို့ရတယ်….”
“ မလုပ်ပါနဲ့ မလုပ်ပါနဲ့ … ကျုပ်တို့ မစမ်းတော့ပါဘူး…”
တော်ပါသည်ဆိုသည့် မာလေးပင် တစ်ကွက်တည်းနှင့် ပြန်မထနိုင် ဖြစ်သွားခဲ့ရာ သူတို့ဆိုပါက တစ်ကွက်ပင် လိုပါ့မလား မပြောတတ်။ လှမ်းခြောက်ရုံမျှဖြင့် လူမှောက်သွားနိုင်သည်။
မာမင် အမှောက်သိပ်ခံလိုက်ရပြီးနောက် မည်သူမျှ ရှေ့ထွက်လာလိုစိတ် မရှိကြတော့ချေ။
“ ဘယ်သူမှ စောဒက မတက်ချင်တော့ဘူးဆိုတော့ ဒီနေ့အတွက် ဒီလောက်ပဲ … မင်းတို့အားလုံး ထွက်သွားကြတော့ …”
“ သွားစို့ …”
ရလဒ်ကို ဆွေးနွေးပြီးနောက် လူတိုင်း ပစ္စည်းများ သိမ်းဆည်းကာ ထွက်ခွာရန် ဟန်ပြင်လိုက်ကြသည်။
လင်းရီနှင့် မိုဟုန်ရှန်းက ရှေ့မှနေပြီး စကားပြောလျက်နေသည်။ မာမင်သည် ကောင်းချုံအား ဘေးသို့ တိတ်တဆိတ် ခေါ်သွား၍ တိုးတိုးလေး မေး၏။
“ အစ်ကိုကောင်း … ဒီလူက ဘယ်ကနေ ရောက်လာခဲ့တာ … တအား တော်လွန်းတယ်… သူလည်း ကျုပ်တို့ မြို့စောင့်တပ်ကပဲလား ….”
“ ငါတို့တပ်က မဟုတ်ဘူး … ဒါပေမယ့် သူ ဘယ်ကလဲလို့ မမေးနဲ့ … သူက လျှို့ဝှက်တပ်ဖွဲ့က … ဒီတော့ မင်းကို ပြောပြလို့ မရဘူး …”
ထိုစကား ကြားတော့ လူတိုင်း လင်းရီအား ကြည်ညိုလေးစားကုန်ကြသည်။
“ ဒါ … ဒါဆို ကျုပ်တို့ရော နောင်ကျ အဲ့ဒီ တပ်ဖွဲ့ထဲ ဝင်ဖို့ အခွင့်အရေး ရှိလောက်လား …”
“ မင်း ဘာတွေ တွေးနေတာ … ငါနဲ့ အစ်ကိုရှန်းတောင် အရည်အချင်း မမှီပါဘူးဆို မင်းတို့ကောင်တွေ ဆိုလို့ကတော့ … အေး အိမ်သာ သန့်ရှင်းရေး ဝန်ထမ်းလုပ်ချင်ရင်တော့ မပြောတတ်ဘူးပေါ့ ….” ကောင်းချုံ ပြောလိုက်သည်။
“ တခြားဟာတွေ စဉ်းစားမနေစမ်းပါနဲ့ကွာ … ဒီခု မင်းရှိနေတဲ့ နေရာကရော မကောင်းလို့လား … မြို့စောင့်တပ်ကရော ကောင်းကောင်း မလေ့ကျင့်ပေးလို့လား …”
ဤတစ်ကြိမ်တွင်တော့ လူတိုင်း လင်းရီအား ထပ်မံ ကြည့်လိုက်ပြီး မလေးစားပဲ မနေနိုင်ကြချေ။
စက်ရုံ အပြင်ဘက်တွင် လူတိုင်းမှာ စခရင်ကို စိတ်လှုပ်ရှားစွာဖြင့် စောင့်ကြည့်နေကြ၏။
“ လောင်လျို … မင်းရဲ့ ကျန်တဲ့ တစ်ယောက်က တကယ် မဆိုးဘူးပဲ … တကယ်ကြီး ဒီလောက် ကြာအောင် တောင့်ခံနိုင်တယ်…” ဝေသလုံ ပြောလိုက်သည်။
“ ငါ မပြောဘူးလား … သူက ငါတို့ လျှို့ဝှက်လက်နက်ပါဆိုနေ… ဒါတွေ အားလုံးက ငါ မှန်းထားတဲ့ အတိုင်းအတာထဲမှာပဲ ရှိတယ်….”
“ စကားကြီး စကားကျယ်တွေ … ငါတော့ အဲ့ကောင် ဒီတိုင်း ပုန်းနေတယ်လို့ပဲ မြင်တယ်… ခေါင်းတောင် ထွက်ရဲမှာ မဟုတ်လောက်ဘူး…”
“ သူ ပုန်းနေလား မပုန်းနေလား မင်း အပူမပါဘူး … အနည်းဆုံးတော့ သူက အဆုံးထိ ကျန်နေခဲ့သေးတယ်… “
“ အမှန်ပဲ … ဒါပေမယ့် အဲ့တာလည်း အဓိပ္ပာယ်မဲ့နေတုန်းပဲလေ… တစ်ဖက်က လူ ၁၅ ယောက် … မင်းမှာက တစ်ယောက်တည်း ကျန်တာ … ရလဒ်က အသိသာကြီးပဲ … သူ ရှုံးလည်း ပြဿနာ မရှိဘူး .. ဒါပေမယ့် လူတိုင်းရဲ့ အချိန်ကို ဒီလို အကြောင်းမဲ့ ဖြုန်းနေတာကြီးကတော့ မဖြစ်သင့်ဘူး … ငါတို့မှာ တစ်ဦးချင်း ပြိုင်ပွဲ ကျင်းပဖို့လည်း ကျန်သေးတယ်…”
လျိုကွမ်းရှန် နှုတ်ခမ်းကိုက်မိလိုက်သည်။
ဝေသလုံ ပြောသည်က အဓိပ္ပာယ် ရှိလေသည်။
လင်းရီ ယခု အချိန်ထိ တောင့်ခံနိုင်သည်ကပင် အံ့ဖွယ် ဖြစ်နေပြီး ဖြစ်သည်။ သူ့အဖို့ လူ ၁၅ ယောက်ကို အနိုင်ယူဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။ ယခုလို အခြေအနေကို ထိန်းထားသည်က အချိန်ဖြုန်းရုံသာ ရှိ၏။ အဓိပ္ပာယ် မရှိချေ။
“ လီလေး .. သွားပြီး လင်းရီကို ထွက်လာဖို့ ပြောလိုက် … ပြိုင်ပွဲက ဒီမှာတင် ပြီးပြီ…”
“ ဟုတ်ကဲ့ ….”
လီရှန်းဟွေ့ များများ ပြောမနေချေ။ လူ ၁၅ ယောက်က မြို့စောင့်တပ်ဖွဲ့ဝင်များ ဖြစ်၏။
လင်းရီက အသစ်ဂျတ်ချွတ် လူသစ်လေးဖြစ်ပြီး သူ၏ အစွမ်းအစဖြင့် ယခုလို အခြေအနေထိတိုင်အောင် စွမ်းဆောင်ပြနိုင်သည်ကပင် အင်မတန် အထင်ကြီးစရာ ကောင်းနေပြီး ဖြစ်သည်။
ခေါင်းဆောင် ပြောသွားခဲ့သည့်အတိုင်း သူသာ ဤအတိုင်း ဆက်လက် နေရစ်ဦးမည် ဆိုပါက လူတိုင်း၏ အချိန်ကို ဖြုန်းတီးရုံသာ ရှိလိမ့်မည်။
ထိုအခိုက်အတန့်တွင် စက်ရုံ၏ ရေဒီယိုမှ ကျယ်လောင်စွာ ကြေညာလာသည်။
“ ဓားစာခံများကို အောင်မြင်စွာ ကယ်တင်လိုက်နိုင်ပါပြီ… ရှင်းရှန်း အသင်း နိုင်တယ်….”