လင်းရီ တိုက်ခိုက်ပါစေ
Vol. 113 Ch. 1688
ရုတ်တရက် ကြေညာလာသည့် ရေဒီယိုအသံက လူတိုင်းကို ကြက်သေသေသွားစေခဲသည်။
“ ရေဒီယိုက ဘာပြောတယ်… ဓားစာခံတွေ ကယ်တင်ခံလိုက်ရပြီ ဟုတ်လား …”
လူတိုင်း တဒင်္ဂမျှ ကြက်သေသေသွားခဲ့၏။
ကျန်းဇီရှင်းမှ မဝံ့မရဲ လေသံဖြင့် “ ငါလည်း သူတို့ အဲ့လိုပြောသွားတယ် ထင်တာပဲ …”
“ ဒါဆို လင်းကောက ဓားစာခံတွေကို ကယ်တင်လိုက်နိုင်ပြီပေါ့ …”
“ စည်းမျဉ်းတွေ အတိုင်းဆိုရင်တော့ အဲ့လိုပဲ ဖြစ်လိမ့်မယ်….”
“ ဒီကလေး ဘယ်လိုလုပ်သွားခဲ့တာ … လူ ၁၅ ယောက်လုံးကို သူတစ်ယောက်တည်း အနိုင်ယူသွားခဲ့တာလား …”
“ ကျုပ်လည်း ဘယ်လိုလုပ်သိမှာ …” လီရှန်းဟွေ့ စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ပြီး “ သူ ခဏနေဆိုရင် ထွက်လာတော့မှာပေါ့ … အဲ့ခါကျ မေးကြည့်ပေါ့ ….”
ကူရိရန်သည်လည်း လင်းရီ ပြသသွားခဲ့သည်များနှင့် စပ်လျဉ်း၍ အတော်လေး ကျေနပ်နေသည်။
သို့သော် နှစ်ယောက်မှာ သိပ်ပြီး ဓာတ်မတည့်လှသဖြင့် သူမ၏ စိတ်လှုပ်ရှားမှုများကိုတော့ ဖိနှိပ်ထားလိုက်သည်။
ရှုပ်ထွေးနေသည့် ခံစားချက်တို့က သူမမျက်နှာထက်တွင် အနည်းငယ် ချစ်စရာ ကောင်းနေပါသည်။
“ သောက်ရေး မပါတာ … လူတစ်ယောက်က ဆယ့်ငါးယောက်ကို ဘယ်လိုနိုင်မှာလဲ …” ဝေသလုံ ကျိန်ဆဲလိုက်၏။
“ မင်း မနာလိုနေတာလား … မနာလိုလည်း တည့်သာပြောလိုက် …” လျိုကွမ်းရှန် ရယ်ကျဲကျဲ အမူအရာဖြင့် ပြောလိုက်သည်။
“ ငါ မနာလိုလို့ ပြောနေတာ မဟုတ်ဘူး … အဓိကက ဒါကြီးက မဖြစ်နိုင်လွန်းလို့ … ကျိုးဟိုင် မြို့စောင့်တပ်ဖွဲ့ဝင်တွေနဲ့ တစ်ယောက်ချင်း တိုက်မယ်ဆိုရင်တောင် သူက ပြိုင်ဘက်ဖြစ်နိုင်မှာ မဟုတ်ဘူး … ခုက ၁၅ ယောက် ၁ ယောက်လေ….”
“ ကျိန်းသေပေါက် ထိပ်တိုက်ရင်ဆိုင်တာတော့ မဟုတ်လောက်ဘူး … ဉာဏ်နဲ့ အကွက်ရွေ့သွားတာပဲ ဖြစ်မယ်…” လျိုကွမ်းရှန် ပြောလိုက်သည်။ “ ဒါကြောင့်မို့ အဲ့လို ကိစ္စမျိုးတွေအတွက် ဦးနှောက်ကို သုံးပါလို့ … နေရာတကာ အကြမ်းပတမ်း ခွန်အားချည်းပဲ သုံးနေလို့ အဆင်မပြေဘူး ….”
“ ငါတော့ တစ်ခုခုလို့ ထင်တယ်… ခဏနေ သူတို့ ထွက်လာရင် ငါတို့ သေချာလေး စစ်မေးကြည့်ရမယ်…”
“ မှန်တယ်… ကျိန်းသေပေါက် မရိုးသားဘူး …” လီရဲ့ ပြောလိုက်ပြီး “ မြို့စောင့်တပ်ဖွဲ့ဝင်တွေက ဒီလောက် တော်တာ သူတို့ တစ်ယောက်က ကျုပ်တို့ နှစ်ယောက်နဲ့ ညီမျှတယ်…”
“ သူတို့ကို နှာတစ်ဖျားရှူးဖို့ဆိုတာကတော့ … အဲ့တာက ပိုလို့တောင် မဖြစ်နိုင်သေး … သူတို့ရဲ့ ပရိယာယ်နည်းဗျူဟာတွေက ကျုပ်တို့ထက် အပုံကြီးသာတယ်… လင်းရီက သူတို့နည်းဗျူဟာမှာ အားနည်းချက် ရှာတွေ့သွားခဲ့တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး … တစ်ခုခုတော့ ရှိကို ရှိရမယ်…” လီရွေ့ ပြောလိုက်သည်။
လင်းရီ သူ့ကို တာဝါထိပ်၌ ချိတ်ဆွဲသွားခဲ့သည်အား မကျေမနပ် ဖြစ်နေသည်မှာ အသိသာကြီးပင်။
“ မင်းတို့ကောင်တွေက မျက်စိစပါးမွှေးစူးဖို့ကောင်းတဲ့ အရှုံးသမားတွေပဲ … သူတို့ ခဏနေထွက်လာလို့ မေးလိုက်ရင် ဘာဖြစ်လဲ သိရနေပြီပဲမလား …”
မကြာမီ လင်းရီ၊ မိုဟုန်ရှန်းနှင့် ကျန်သူများအားလုံး စက်ရုံထဲမှ အပြုံးလေးဖြင့် ထွက်လာခဲ့ကြ၏။
၎င်းတို့၏ အမူအရာကို မြင်တော့ လျိုကွမ်းရှန်နှင့် ကျန်သူများမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ကြသည်။
၎င်းတို့ကြားရှိ လေထုကို ခံစားမိသလောက် အကဲဖြတ်ကြည့်ရမည်ဆိုပါက သူတို့အချင်းချင်း ရင်းနှီးနေကြလောက်သည်။ မဟုတ်ပါက ယခုလို ပုံစံမျိုး ဖြစ်နေလိမ့်မည် မဟုတ်ချေ။
လူတိုင်း လျိုကွမ်းရှန်နဲ့ ကျန်သူများဆီသို့ ရောက်လာခဲ့ကြ၏။
“ လူတိုင်း … အလေးပြု …”
လျိုကွမ်းရှန်နှင့် ကျန်သူများအားလုံး အလေးပြုလိုက်ကြသည်။
မိုဟုန်ရှန်း၏ စစ်တပ်အဆင့်က စီနီယာ ကိုလိုနယ် အဆင့်မျှ ရှိသည်။ သူက ရှိနေကြသည့် လူထဲတွင် ရာထူး အမြင့်ဆုံးလူပင်။ ထို့ကြောင့် မြင်တွေ့သည့်အခါ၌ နှုတ်ဆက်ရသည်က သဘာဝသာ ဖြစ်၏။
“ ထုံးစံတွေ မလိုပါဘူး … ငါက ဒီတိုင်း တစ်ချက် လာကြည့်တာ ….” မိုဟုန်ရှန်း လျိုကွမ်းရှန်ထံသို့ ပြောလိုက်ပြီး “ မင်းရဲ့ အသင်းသားတွေ လုပ်သွားတာ တကယ်မဆိုးဘူး … သူတို့ကို ကောင်းကောင်းပျိုးထောင် … မင်း လုံးဝ မမှားစေရဘူး …”
မိုဟုန်ရှန်း၏ စကားလုံးက လူတိုင်းအား ဉာဏ်ပွင့်သွားစေခဲ့သည်။
“ ခေါင်းဆောင်က … လင်းရီကို သိလို့လား …”
မိုဟုန်ရှန်း ခေါင်းညိမ့်လိုက်သည်။ “ ငါ သူနဲ့ တစ်ခါတွေ့ခဲ့ဖူးတယ်… ခုထိလည်း မှတ်မှတ်ရရ ဖြစ်နေတုန်းပဲ ….”
မိုဟုန်ရှန်း ဘာမျှ မပြောခဲ့သလို လင်းရီ၏ အထောက်အထားကိုလည်း ထုတ်ဖော်ခဲ့ခြင်း မရှိချေ။ မဟုတ်ပါက သူသည် ဗျူရိုရုံးခွဲ၌ ဆက်လက် နေနိုင်မှာ မဟုတ်တော့ချေ။
“ ကျုပ် နားလည်ပြီ….”
မိုဟုန်ရှန်း သူ့နာရီအား တစ်ချက်ကြည့်၍ “ ငါတို့ ဒီမှာ ကိစ္စပြီးပြီဆိုတော့ အရင် ပြန်နှင့်တော့မယ်…. မင်းတို့ရဲ့ ကိုယ်ခံပညာပြိုင်ပွဲကို ဆက်လိုက်ဦး …”
“ ကောင်းပြီ… ကျုပ် ခေါင်းဆောင်ကို လိုက်ပို့ပေးပါ့မယ်…”
ထို့နောက် လူတိုင်း မိုဟုန်ရှန်းနှင့် ကျန်သူများကို ဘက်စ်ကားသို့ လိုက်ပို့၍ ၎င်းတို့ ထွက်ခွာသွားသည်ကို စောင့်ကြည့်နေလိုက်ကြသည်။
လီရှန်းဟွေ့ ၊ လင်းရီ၏ ပခုံကို ဖတ်ကနဲ ပုတ်လိုက်၏။
“ ကောင်လေး … မင်း မဆိုးဘူးပဲ … မင်းမှာ တကယ်ကြီး ဒီလို အဆက်အသွယ်ကောင်းတွေ ရှိနေတယ်ပေါ့ ဟမ် ….”
“ အဆက်အသွယ် မဟုတ်ရပါဘူးဗျာ … တစ်ခါလောက်လေးပဲ တွေ့ဖူးတာပါ ….”
“ အဲ့တာလည်း မဆိုးဘူး … ငါတို့ဆို အဲ့လို ပုဂ္ဂိုလ်မျိုးနဲ့ တစ်ခါတောင် ဆုံဖူးတာ မဟုတ်ဘူး …”
လျိုကွမ်းရှန် ရောက်လာပြီး လင်းရီ၏ ပခုံးကို ပုတ်လိုက်သည်။
“ မင်း ဒီနေ့ လုပ်ခဲ့တာ ကောင်းတယ်… ပြန်ရောက်ရင် ဆုချမယ်…”
“ ဒါဆိုလည်း ကျုပ် အားနာမနေတော့ဘူးနော်…”
“ လောင်လျို … မင်းတို့ကောင်တွေ တယ်ကံကောင်းတဲ့ကောင်ပဲကွ ….” ရှဲ့ချွင်းချိန်မှ ထူးမခြားနားသည့် အမူအရာဖြင့် ပြောလိုက်ပြီး “ သူသာ မြို့စောင့်တပ်ရဲ့ ခေါင်းဆောင်နဲ့ သိမနေရင် အစောကြီးကတည်းက အထုတ်ခံနေရလောက်ပြီ…”
“ မင်း ဘာတွေလာပြောနေတာ… ငါတို့က ကိုယ့်ခွန်အားနဲ့ကိုယ် အနိုင်ရခဲ့တာပါကွ အိုကေ …”
“ မင်း ရှင်းပြဖို့ မလိုဘူး … မင်း ဒါတောင် မမြင်နိုင်ဘူးဆိုရင် ငါတို့လည်း ဒီမှာ ဆက်နေစရာ မလိုတော့ဘူး …”
“ လောင်ရှဲ့ ပြောတာ မှန်တယ်… သူတို့နှစ်ယောက်က တစ်ခါတွေ့ဖူးတယ် … ဒီတော့ ခေါင်းဆောင်က သူ့ကို ကျိန်းသေပေါက် လျော့ပေါ့ပေးပြီး ဓားစာခံတွေကို ပေးကယ်လိုက်တာ နေမှာ … မဟုတ်ရင် မြို့စောင့်တပ်ဖွဲ့က လူတွေရဲ့ အစွမ်းအစနဲ့ သူ ထုတ်ခံရပြီးတာ ကြာပေါ့ ….”
“ ဟုတ်တယ် ဟုတ်တယ်… ကျုပ်တို့ မကျေနပ်ဘူး …”
လီရဲ့၊ လီရွေ့နှင့် ကျန်သူများလည်း အသံထွက်လာခဲ့ကြသည်။
“ မင်းရဲ့ ခွန်အား အစစ်အမှန်နဲ့သာဆိုရင် မင်းနိုင်မှာ မဟုတ်ဘူး …”
“ ငါ နိုင်သာ မနိုင်သာ အရေးမကြီးဘူး … ဘယ်လိုပဲ ပြောပြော မင်းတို့ သုံးသင်းလုံးကို ဖြုတ်သွားခဲ့တဲ့လူကတော့ ငါပဲ …” လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
“ ထေ့စကားတွေ လာမပြောစမ်းနဲ့ … ကံလေး ကောင်းသွားတဲ့ကောင်ကများ …” ကျုံးရှင်းဟုန် ပြောလိုက်ပြီး “ တစ်ဦးချင်း ပြိုင်ပွဲကျရင် မင်းရဲ့ အရောင် အစစ်အမှန် ထွက်လာမှာပဲ …”
“ ဆောတီးပဲ … လင်းရီက တစ်ဦးချင်းပြိုင်ပွဲမှာ ဝင်ပြိုင်မှာ မဟုတ်ဘူး … ငါ့ဘက်က တခြားတစ်ယောက်ကို လွှတ်မှာ …” လျိုကွမ်းရှန်မှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ တစ်ဖက်က ယခုလို ပြောလာမည်ကို သူ ကြိုတင်ပြီး မျှော်လင့်ထားသည့်ဟန်ပင်။
“ မဟုတ်သေးပါဘူး… လူသစ်တွေအတွက် တစ်နေရာ ရှိတယ်မဟုတ်လား … လင်းရီရဲ့ လယ်ဗယ်က ဒီလောက် မြင့်တာ မင်းတို့က သူ့ကို မလွှတ်ဘူးပေါ့ ….”
“ သူ့ရဲ့ စကေးတွေကို သံသယ ဖြစ်စရာ မလိုဘူး .. ဒါပေမယ့် ငါ့ဘက်က တခြားသူတွေကို စီစဉ်ထားပြီး ဖြစ်နေတယ်… သူ့ကို ဒီ တစ်ဦးချင်း ပြိုင်ပွဲမှာ အနားပေးထားမလို့ …”
“ ဟင်းဟင်း …” ဝေသလံ ခပ်ထေ့ထေ့ ရယ်မောလိုက်ပြီး “ ငါတော့ ညှီနံ့တွေ ရနေတယ်... ညှီနံ့တွေ ရနေတယ်.…”
“ မင်း ဘာပြောချင်နေတာလဲ …”
“ မင်းက လူသစ်နေရာကို တခြားတစ်ယောက် ပေးထားတယ်… ဒါကြောင့် လင်းရီကို တက်ခွင့် မပြုတာပေါ့ ဟုတ်လား …”
လူတိုင်း ဤအရာကို ကောင်းစွာ သတိပြုမိကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့လည်း ယခုလို လုပ်နေကြသောကြောင့် ဖြစ်၏။
သို့သော် ကျယ်လောင်စွာ ထုတ်ပြောလိုက်သည့် အခါတွင်တော့ မတူညီတော့ချေ။
“ မင်းတို့ မဟုတ်တမ်းလျားတွေ လျှောက်မပြောနဲ့ … ငါက ဘာလို့ အဲ့လိုမျိုး လုပ်ရမှာလဲ ….”
“ မင်း မလုပ်ဘူးဆို လင်းရီကို ခဏနေ တစ်ဦးချင်းပြိုင်ပွဲမှာ လွှတ်လိုက် ..” ဝေသလုံ ပြောလိုက်ပြီး “ သူ့ရဲ့ လယ်ဗယ်က ဒီလောက်မြင့်တာ မင်းရဲ့ အုပ်စုထဲမှာ အမြင့်ဆုံးတောင် ဖြစ်လောက်တယ်… ပြီးတော့ သူက လူသစ် … မင်းသူ့ကို လွှတ်တာ ဖြစ်သင့်တဲ့ ကိစ္စပဲ …”
“ ဟုတ်တယ်… သူက ကျုပ်တို့အားလုံးကို ဖြုတ်သွားခဲ့တာ သူ့လယ်ဗယ်ကို သံသယ ဖြစ်နေစရာ မလိုဘူး … ကျုပ်တို့လည်း သူ့ခွန်အား အစစ်အမှန်ကို မြင်ရတော့ ကောင်းတာပေါ့ …” လီရဲ့ ရွှတ်နောက်နောက် ပြောလိုက်သည်။
“ လင်းရီ … မင်းလုပ်ရဲလား … မလုပ်ရဲဘူးဆိုလည်း ပြောလိုက် … ရှက်နေဖို့ မလိုဘူး …” လီရွေ့ ပြောလိုက်၏။
“ မင်းတို့ကောင်တွေ . . . . . .. “
“ ခေါင်းဆောင် …..”
လျိုကွမ်းရှန် စကားမဆုံးမီ လင်းရီ ဖြတ်ပြောလိုက်၏။
“ ခေါင်းဆောင် … သူတို့က အဲ့လိုတောင်းဆိုနေတယ်ဆိုလည်း တားနေစရာ မလိုဘူး … မဟုတ်ရင် ပိုပြီး အတင်းပြောစရာပဲ ဖြစ်သွားမှာ …”
“ မဟုတ်ဘူး … ငါ့မှာ ငါ့အစီအစဉ်နဲ့ငါ ရှိတယ်… ငါမင်းကို မလွှတ်နိုင်ဘူး …”
လျိုကွမ်းရှန်သည် လင်းရီ၏ လယ်ဗယ်ကို ကောင်းစွာ သိသည်။
သူ၏ ကာယ ကြံ့ခိုင်မှုက သာလွန်ပြီး ပစ်ခတ်သည့် စကေးတို့က ထိပ်တန်းပင်။
သို့သော် အသစ်ဂျတ်ချွတ် လူသစ်ကြီး ဖြစ်သည့် အချက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ချေ။
အသင်းလိုက်တိုက်ပွဲတွင် သူ၏ ပြိုင်ဘက်များအား လှည့်စားပြီး အနိုင်ယူနိုင်သည်။ သို့သော် တစ်ဦးချင်း ပြိုင်ပွဲသည်ကား စစ်မှန်သည့် ခွန်အားအပေါ်၌သာ အမှီသဟဲ ပြုရသည်။ အခြေအနေကို အသာစီးယူဖို့ဆိုသည်မှာ မဖြစ်နိုင်ချေ။
အကယ်၍ လင်းရီသာ တကယ်ကြီး တက်သွားခဲ့မည်ဆိုပါက အညိုမည်းစွဲအောင်ပင် အရိုက်ခံရလောက်လေသည်။
ထို့ကြေင့် မည်သို့ပင် ဖြစ်စေ … သူ့အား တစ်ဦးချင်း ပြိုင်ပွဲ၌ ဝင်ပါခွင့်ပြု၍ မဖြစ်ချေ။
“ တကယ်တမ်းကျ … ကျုပ် သူတို့ရဲ့ လယ်ဗယ်က သာမန်ပဲလို့ ထင်တယ်… သူတို့ တစ်ယောက် ၊ နှစ်ယောက်လောက်ကို ဖြုတ်နိုင်ပြီး အသင်းအတွက် ဂုဏ်သရေ ယူလာခဲ့ပေးတာလည်း ဖြစ်နိုင်တာပဲလေ…”