← Chapters

ချက်ချင်း အမှောက်သိပ်

Vol. 113 Ch. 1693

ချက်ချင်း အမှောက်သိပ်

Vol. 113 Ch. 1693

လီရှန်းဟွေ့နှင့် ကူရိရန်တို့သည်လည်း ဤအချင်းအရာကို မျှော်လင့်ထားပြီး ဖြစ်သည်။

ဟန်အန်းလုံနှင့် လျိုကျစ်ချန်တို့က ၎င်းတို့၏ တိုက်ခိုက်နိုင်သည့် စွမ်းအားများကို ဆုံးရှုံးထားပြီး ဖြစ်သည်။ နောက် တစ်ချီတွင် သူတို့ ဆက်လက်ယှဉ်ပြိုင်နိုင်သေးသည် ဆိုဦးတော့ လွယ်လင့် တကူ အနိုင်ယူခြင်းကို သွားရောက်ခံယူရုံမျှသာ ဖြစ်လိမ့်မည်။

သံသယ ရှိရန် မလိုပါဘဲ တစ်ဦးချင်း ယှဉ်ပြိုင်၏ ပထမဆုမှာ ပေါင်ရှန်းအသင်းတွက်သာလျှင်ပင်။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ မည်သည့် အသင်းဝင်ကမျှ တိုက်ပွဲအတွင်း ထိခိုက်ဒဏ်ရာ မရှိနေသောကြောင့်ပင်။ သူတို့အားလုံးက အထွတ်အထိပ် အခြေအနေကို ထိန်းသိမ်းထားကြ၏။ ထိုသို့သော အခြေအနေမျိုးတွင် ၎င်းတို့က ရှုံးချင်ပါသည်ဆိုလျှင်တောင် ရှုံးဖို့ အင်မတန် ခက်ခဲလိမ့်မည်။

“ မင်းက ငါတို့ကို 2 v 3 တိုက်ခိုက်ရအောင် လုပ်လိုက်တာပဲ … ဒီ အဘိုးကြီး … ရှက်ရွံ့မိပါတယ်…” လျိုကွမ်းရှန် အပြုံးလေးဖြင့် ပြောလိုက်သည်။ “ ဒီည ငါဒကာခံမယ်… မင်းတို့ ကြိုက်တာ မှာကြ …”

ဖူကျန်းကော်၏ အမူအရာမှာ အလွန်အမင်း အကျည်းတန်နေလျက် ရှိသည်။ ဤပြိုင်ပွဲက သူ့အား ဧရာမ အရှက်ခွဲလိုက်ခြင်း မည်သည်။

“ ဘဝင် လေဟပ်မနေနဲ့ … နောက်တစ်ပွဲ လာဖို့ ကျန်နေသေးတယ်… မင်းရဲ့ အသင်းက လူတွေ အကုန်လုံး ဒဏ်ရာကိုယ်စီနဲ့ ကျန်တာဆိုလို့ အသစ်ဂျတ်ချွတ် လူသစ်ကြီးပဲ ကျန်တယ်.. သူက လောင်ရှဲ့နဲ့ တခြားသူတွေကို 1 v 3 ဖြစ်အောင် လုပ်သွားပေးမှာ …”

“ ကိစ္စ မရှိဘူး … ငါကတော့ ဒီခု အခြေအနေကိုပဲ ကျေနပ်တယ်…”

လျိုကွမ်းရှန် အမှန်အတိုင်း ပြောနေခြင်းပင်။

အကယ်၍ ကောင်းရန်ကိုသာ စေလွှတ်နိုင်ခဲ့မည် ဆိုပါက ဤပြိုင်ပွဲမှာ ဤမျှ သနားဖို့ ကောင်းနေလိမ့်မည် မဟုတ်ချေ။

သူတို့ဘက်က ပေါင်ရှန်းအသင်းကိုပင် ပြန်ပြီး ဖိအားပေးနိုင်သည်မျိုးပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ ယခုအခြေအနေတွင်တော့ ထိုသို့ ဖြစ်ဖို့ဆိုသည်မှာ မဖြစ်နိုင်တော့ချေ။ လင်းရီ၏ တိုက်ခိုက်နိုင်သည့် စွမ်းအားကလည်း အကန့်အသတ်နှင့် ဖြစ်ပြီး သူ့အဖို့ ကြိုးစားလျှင်ပင် အချည်းနှီး ဖြစ်လိမ့်မည်။

ထို့ကြောင့် လက်ရှိ အခြေအနေလေးကိုပဲ သူ အတော်လေး အားရကျေနပ်နေပြီး ဖြစ်၏။ မည်သို့ပင်ဆိုစေ သူတို့က အသင်းလိုက် ပြိုင်ပွဲ၏ ချန်ပီယံပင်။ ပထမနေရာ မရလျှင်ပင် ရလဒ်က အတော်လေး ကောင်းနေပြီး ဖြစ်၏။

“ ကျစ်…. ကြည့်စမ်း … ငါကတော့ ငါတို့ရဲ့ ခွန်အားနဲ့ စကေးတွေ ပြမလို့ တေးထားပါတယ်ဆိုမှ မင်းတို့ကောင်တွေက ပြိုင်တောင် မပြိုင်နိုင်ကြတော့ဘူး … ဒီလိုမျိုး ပထမ နေရာကို လွယ်လွယ်လေး ယူရတာကို လူကို မျက်နှာတော့ နည်းနည်းပူတယ်…”

“ သောက်အဘိုးကြီး .. လူကို အခွင့်ကောင်းယူပြီး ဘာမှ မသိသလို လာဟန်ဆောင်မနေစမ်းနဲ့ ….” ဖူကျန်းကော် ပြောလိုက်ပြီး “ ဒီညတော့ မင်း ဒကာခံရမယ်…”

“ ပြဿနာ မရှိဘူး … မင်းတို့ သုံးယောက်လုံးကို ကောင်းကောင်း ဧည့်ခံပေးမယ်… ဘာပဲဆိုဆို ပထမနေရာလေ… အောင်ပွဲခံသင့်တာပေါ့ ဟုတ်တယ်မလား …”

သုံးယောက်လုံး ပြိုင်တူ မျက်လုံးလှိမ့်ကြပြီး မြောက်ကြွကြွနှင့် သကောင့်သားအား ဖင်ပိတ်ကန်ချင်နေကြ၏။

ပြိုင်ပွဲ၏ ဒုတိယအကျော့ ပြီးဆုံးတော့ ကြားထဲတွင် နာရီဝက်နားချိန် ရှိသည်။

လီရှန်းဟွေ့သည် ဟန်အန်းလုံနှင့် လျိုကျစ်ချန်အား ကြည့်၍ “ ပြိုင်ပွဲကတော့ ဒီမှာတင် ဆုံးပြီ.. နောက်ပိုင်းကျရင် မင်းတို့ စင်ပေါ်တက်ပြီး နည်းနည်းပါးပါး ဟန်ရေးပြ တိုက်ခိုက်လိုက် … ပြီးရင် အရှုံး ဝန်ခံလိုက် … မင်းတို့ကိုယ်မင်းတို့ အပင်ပန်းခံနေစရာ မလိုဘူး … နိုင်သွားလည်း မင်းတို့ မြေကွက်တို့ ၊ အိမ်တို့ ဆုရမှာ မဟုတ်ဘူး … ဒီလောက်ဆို လုံလောက်ပြီ…”

“ နားလည်ပါပြီ အရာရှိလီ….”

သူတို့နှစ်ယောက်လည်း ကိုယ့်အခြေအနေကိုယ် နားလည်သည်။ ယခုက မိမိကိုယ်ကို မာကြောင်း ကြွားဝါနေရမည့် အချိန်မဟုတ်ချေ။ လေးလေးနက်နက် အတည်ပေါက်ကြီး လုပ်နေဖို့ မလိုချေ။

နာရီဝက် အနားယူချိန်ပြည့်တော့ ပြိုင်ပွဲ၏ တတိယအကျော့ ပထမအချီသည် တရားဝင် စတင်လာခဲ့၏။ ထိုအချိန်တွင် ကြေညာသံ ထွက်ပေါ်လာသည်။

“ တတိယအကျော့ ပထမအချီအတွက် … ပေါင်ရှန်း အသင်းနဲ့ ရှင်းရှန်း အသင်းကို ဖိတ်ခေါ်ပါတယ်…”

“ ကျုပ် အရင်တက်မယ် အရာရှိလီ…” လျိုကျစ်ချန် ပြောလိုက်၏။

လီရှန်းဟွေ့ ခေါင်းညိမ့်လိုက်သည်။ “ ငါ စောနက ပြောသွားခဲ့တာ မမေ့နဲ့ … အလွန်အကျွံ လုပ်ဖို့ မလိုဘူး …”

“ ကျုပ် မှတ်မိတယ်….”

မကြာမီ လျိုကျစ်ချန်နှင့် ပေါင်ရှန်း အသင်းဘက်မှ ဟန်ကန်းတို့ မျက်နှာချင်းဆိုင် ထိပ်တိုက် ရပ်နေကြ၏။

ဤတစ်ကြိမ်တွင်တော့ လေထုအခြေအနေမှာ ပြင်းထန် သိပ်သည်းနေခြင်း မရှိတော့ချေ။ နှစ်ယောက် အချင်းချင်း အရိုအသေပေးလိုက်ကြပြီး ပြိုင်ပွဲကို ချက်ချင်း စတင်လိုက်ကြ၏။

မိနစ် အနည်းငယ်ကြာပြီးနောက် နှစ်ယောက်မှာ ဆယ်ကွက်ကျော်မျှ လက်ရည်ဖလှယ်ပြီးသွားခဲ့လေပြီ။ လျိုကျစ်ချန်မှာ အရှုံးပေးကြောင်း အချက်ပြ၍ စင်ပေါ်မှ ထွက်ခွာသွားခဲ့ကာ ဆက်လက် တိုက်ခိုက်ခြင်း မရှိတော့ချေ။

ပထအချီပြီးနောက် ဆယ်မိနစ် နားချိန်ရှိသည်။ ၎င်းနောက် ဟန်အန်းလုံ စင်ပေါ်သို့ တက်လာသည်။

ယခင်ကကဲ့သို့ နှစ်ဘက်မှာ လေးငါး ဆယ်ကွက်မျှ ဝတ်ကြေတမ်းကြေ ဖလှယ်ပြီး အရှုံးပေးသွားခဲ့သည်။

ထိုအချိန်တွင် ပေါင်ရှန်း အသင်းဘက်မှ အားပေးသူများကတော့ အသံအကျယ်ဆုံး ဖြစ်နေကြ၏။ ပြိုင်ပွဲအတွက် ၎င်းတို့၏ အနိုင်ရရှိမှုကို အောင်ပွဲခံနေကြလေသည်။

“ ပြိုင်ပွဲက ပြီးပြီ… ဒီတစ်ခေါက်လည်း ပထမနေရာပဲ … ဒါနဲ့ဆို သုံးထပ်ကွမ်းပေါ့ … မင်းတို့သုံးကောင် ကြိုးစားကြစမ်းပါကွာ … နှစ်တိုင်း ငါချည်းပဲ ပထမနေရာ ယူနေရတာ ငြီးငွေ့လာပြီ…. “

“ ဟိတ်ကောင် … မင်း စောက်စကားတွေ လျှောက်မပြောနဲ့ … ဒီည သောက်ပြီး ဘယ်သူ အရင်မှောက်မလဲ ကြည့်ကြမယ်….”

ဝေသလုံမှ ပြောလိုက်သည်။

“ အချိန်မရွေးပဲ … နောက်ဆုံးကျ ဘယ်သူအရင် မှောက်မလဲ ကြည့်ကြတာပေါ့ …”

ထိုအချိန်တွင် အသံတစ်သံက ရုတ်ချည်း ထွက်ပေါ်လာသည်။

“ ဘာတွေ ဖြစ်နေကြတာ … ငါတစ်ယောက်လုံး စင်ပေါ် မတက်ရသေးတာကို ဘာလို့ ပြုင်ပွဲ ပြီးသွားသလိုတွေ လုပ်နေကြတာ …”

လင်းရီ၏ စကားကို ကြားတော့ လူတိုင်း၏ အကြည့်မှာ သူ့ထံသို့ စုပြုံသွားခဲ့သည်။

ပေါင်ရှန်းအသင်း၏ ကပ္ပတိန် လီရွေ့မှ “ မင်းရဲ့ အခြေအနေကို ငါနားလည်တယ်.. မင်းက လူသစ် … ထွေထူး လေ့ကျင့်ပေးမှုလည်း မခံရသေးဘူး … အဲ့တာကို မင်းက တက်လာပြီး တိုက်ခိုက်ချင်နေသေးတယ်ပေါ့ …."

“ ဘယ်လိုပဲ ဖြစ်ဖြစ် ငါလည်း ပြိုင်ပွဲဝင်တစ်ယောက်ပဲလေ… မင်းတို့ ငါ့ကို ဝင်ပြိုင်ခွင့်လေးတော့ ပေးသင့်တာပေါ့ …”

“ သေချာတာပေါ့ … ပြိုင်ပွဲ စည်းမျဉ်းတွေအရဆို မင်းလာကို လာရမှာ … ဒါပေမယ့် အဲ့တာက ရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး … စိတ်ကူးတွေ ယဉ်မနေနဲ့ …”

“ အဲ့စကားကို ငါ စင်ပေါ် တက်လာပြီးမှ ပြော ….”

“ မင်းမှန်တယ်… အခု တက်လာခဲ့လိုက် .. ငါတို့ နောက်ပိုင်းကျ အောင်ပွဲခံကြတာပေါ့ …”

လီရှန်းဟွေ့ လင်းရီ၏ ပခုံးအား ပုတ်လိုက်သည်။

“ စောနက ငါပြောသွားတဲ့ထဲမှာ မင်းကိုလည်း ရည်ရွယ်တယ်… သွားပြီး လက်ရည်ဖလှယ်လိုက် .. ကိုယ့်ကိုယ်ကို မထိခိုက်စေနဲ့ …”

“ အနည်းဆုံးတော့ ကျုပ်က အထွတ်အထိပ် အခြေအနေမှာ ရှိနေတဲ့ တစ်ယောက်ပါ … ခင်များတို့ ကျုပ်ကို နည်းနည်းပါးပါး ကွန်ဖီးဒန့်လေးတော့ ပေးသင့်တာပေါ့ … ဘာလို့ အရှုံးပေးခိုင်းနေတာ …” လင်းရီ ပြုံးလိုက်သည်။

“ အရှုံးပေးခိုင်းနေတာ မဟုတ်ဘူး … ငါ မင်းရဲ့ လယ်ဗယ်ကို ကောင်းကောင်းနားလည်တယ်…” လီရှန်းဟွေ့ ပြောလိုက်ပြီး “ ဒီနှစ်ရဲ့ ပေါင်ရှန်း ကိုယ်စားပြုအသင်းက ရယ်စရာကောင်းလောက်အောင် သန်မာတယ်… ငါတို့အားလုံး တိုက်ခိုက်ရင်တောင် သူတို့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး … မင်းတစ်ယောက်တည်းဆိုလို့ကတော့ ပြောကို မနေနဲ့ …”

“ ကောင်းပြီလေ.. ကျုပ် အတတ်နိုင်ဆုံး ကြိုးစားမယ်…”

“ အဲ့လိုကြားရတာ ငါဝမ်းသာတယ်…”

မကြာမီ တတိယအကျော့၏ တတိယအချီ စတင်ပြီး လင်းရီနှင့် ဟန်ကန်းတို့ စင်ပေါ် တက်လာခဲ့ကြသည်။

လင်းရီကို စင်အထက်တွင် မြင်တော့ ဘေးတွင် ရှိနေကြသည့် မိန်းကလေးတို့မှာ ကျယ်လောင်စွာဖြင့် အားပေးဟစ်ကြွေးလာကြ၏။

ကျန်းဇီရှင်းလည်း အပါအဝင်ပင်။

“ တိတ်တိတ်နေ… နင်တို့အဲ့လို လုပ်နေတော့ သူ့အတွက် ဖိအားများတယ် …” ကူရိရန် ပြောလိုက်၏။

“ ဖိအားများတယ် ဟုတ်လား …”

“ နင်တို့ ပိုပြီး အားပေးလေလေ သူ့အတွက် ပိုဖိအားများလေလေပဲ … သူ လွယ်လွယ်နဲ့ အရှုံးပေးတော့မှာ မဟုတ်ဘူး … အနည်းဆုံးတော့ အားပေးရကျိုးတန်အောင် ဟန်ကန်းကို တိုက်ခိုက်သွားမှာ … အဲ့လိုဆို သူပဲ နာကျင်ရမှာ …”

ကူရိရန်၏ စကားကိုကြားတော့ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့ အလင်းပွင့်သွားခဲ့ကြသည်။ သူတို့ ချက်ချင်းပဲ လင်းရီအား အော်ဟစ်အားပေးနေသည်ကို ရပ်တန့်လိုက်လေသည်။

စင်ထက်တွင် ဟန်ကန်း အကြောလျှော့ရင်း လင်းရီအား ပြောလိုက်၏။

“ ညီကို … ငါတော့ မင်း စောစီး အရှုံးပေးလိုက်တာ ကောင်းမယ်လို့ ထင်တယ်… ငါ လက်ဆမထိန်းနိုင်ဘဲ မင်းမျက်နှာကို ဖူးယောင်နေအောင် ထိုးမိသွားရင် မကောင်းဘူးနော်…”

“ ရတယ်… စိတ်မပူနဲ့ … ရဲရဲသာချ … အတွေးလွန်နေစရာ မလိုဘူး …”

“ ဒါဆိုလည်း ငါ မထိန်းထားတော့ဘူးနော်… “ ဟန်ကန်း လက်ညိုးညွှတ်၍ လင်းရီအား စိန်ခေါ်လိုက်ပြီး “ မင်း အဆင့်သင့်ဖြစ်ရင် စတော့ …”

“ ကောင်းပြီ…”

စကားဆုံးသည်နှင့် လင်းရီသည် ဟန်ကန်းအရှေ့သို့ ပြေးဝင်လာပြီး တစ်ဖက်သူအား ကန်ကျောက်လိုက်သည်။

“ အားးး …..”

အော်ဟစ်သံ ထွက်ပေါ်လာခဲ့၏။ ဟန်ကန်းမှာ စင်အောက်သို့ လွင့်နေအောင် ကန်ထုတ်ခံလိုက်ရသည်ကိုမြင်တော့ လူတိုင်း ရှော့ခ်ရသွားခဲ့ကြလေသည်။

ထိုအခိုက်အတန့်တွင် ကြီးမားသည့် ပြိုင်ပွဲကွင်းကြီးတစ်ခုလုံး အပ်ကျသံကြားရလောက်သည်အထိ တိတ်ဆိတ်သွားခဲ့၏။ မည်သူကမျှ အသက်ပင် ရဲရဲတင်းတင်း မရှူဝံ့ကြတော့ချေ။

တစ်မိနစ်မျှ ကြာပြီးနောက် လူတိုင်း အသိပြန်ဝင်လာခဲ့ကြလေသည်။

ဟန်ကန်း ရှုံးသွားတယ်….

ပြီးတော့ တစ်ဖက်လူက တစ်ချက်လေးနဲ့ ချက်ချင်း အဆုံးသတ်ပစ်လိုက်တယ်…

ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ …

ထိုအခိုက်အတန့်တွင် ကွင်းဒိုင်လူကြီးသည်ပင် ဆွံ့အနေမိ၏။

အဖြစ်အပျက်တို့က မြန်ဆန်လွန်း၍ သူပင် လိုက်မမီလိုက်ချေ။

ပွဲပြီးသွားတာ တစ်စက္ကန့်တောင် ကြာလိုက်ရဲ့လား ..

ဒါကြီးက စောက်ရမ်း မြန်လွန်းပါတယ်…

ရှဲ့ချွင်းချိန်၏ အမူအရာမှာတော့ ရယ်စရာကောင်းနေသည်။ သူ ကြက်သေသေနေခဲ့၏။

ဘာတွေ ဖြစ်သွားခဲ့တာလဲ ….

သူက ဟန်ကန်း 1 v 3 ဖြုတ်မှာကို စောင့်နေတာလေ…

စစချင်းပဲ ရှိသေးတာကို ဘာလို့ ကားယားကြီး စင်အောက် လွင့်ထွက်သွားရတာလဲ ….

စင်အောက်တွင် လဲလျောင်းနေသည့် ဟန်ကန်းမှာတော့ လင်းရီအား လက်ညိုးထိုး၍ ဖျစ်ညှစ်ထားသည့် အသံဖြင့်

“ မင်း လှည့်စားတယ်…”

All Chapters