← Chapters

လွယ်ကူတဲ့ နိုင်ပွဲ

Vol. 113 Ch. 1690

လွယ်ကူတဲ့ နိုင်ပွဲ

Vol. 113 Ch. 1690

“ တကယ်ကြီး အခွင့်အရေး လုံးဝ မရှိတော့ဘူးပေါ့ …” ဟန်အန်းလုံ လက်မလျော့လိုစွာ ထပ်မံမေးမြန်းလိုက်ပြီး “ သူ့ကို လွှတ်လိုက်မယ်ဆိုရင် ကျုပ်တို့ပထမနေရာရဖို့ အခွင့်အရေး ရှိတော့မှာ မဟုတ်ဘူးနော်….”

“ ပထမနေရာ မရရုံတင် မကဘူး … ဒုတိယနေရာတောင် သေချာချင်မှ သေချာမှာ … တတိယနဲ့ စတုတ္ထနေရာအတွက်ပါ တိုက်ခိုက်ရင် တိုက်ခိုက်ရလောက်တယ်….” လျိုကျစ်ချန် ပြောလိုက်သည်။

“ အဲ့လောက် အများကြီး မပြောနဲ့ … ဘယ်သူက သိနိုင်မှာ … ငါတို့ ပထမရရင်လည်း ရနိုင်တာပဲလေ…” လျိုကွမ်းရှန် ပြောလိုက်ပြီး “ ခုနက အသင်းလိုက်တိုက်ပွဲတုန်းကလိုပေါ့ .. ဘယ်သူက လင်းရီ အခြေအနေကို ပြောင်းပြန်လှန်ပြီး ငါတို့ကို ပထမနေရာရအောင် လုပ်ပေးမယ်လို့ ဘယ်သူက ထင်ထားလို့လဲ ….”

“ လင်းရီက ဉာဏ်ကောင်းတာကို ကျုပ် ဝန်ခံတယ်… ကျုပ်တို့ ဦးနှောက်တွေက သူ့လောက် မကောင်းဘူး …” ဟန်အန်းလုံ ပြောလိုက်ပြီး “ ဒါပေမယ့် ဒါက တစ်ဦးချင်း တိုက်ပွဲ … ဉာဏ်ကောင်းတာက အသုံးမဝင်ဘူး … ဒါက ဘယ်သူ့လက်သီး ပိုအားကောင်းလဲဆိုတာ ယှဉ်ပြိုင်တဲ့ တိုက်ပွဲ … ပြီးတော့ အသင်းလိုက် တိုက်ပွဲမှာ ပထမနေရာ ရသွားခဲ့တာက သူ့ကိုယ်ပိုင် ခွန်အားနဲ့ မဟုတ်ဘူး … သူ့ရဲ့ အဆက်အသွယ်နဲ့ … တစ်ဦးချင်း ပြိုင်ပွဲမှာ သူ့လိုလူအတွက် နေရာမရှိဘူး …”

“ အလုပ်မဖြစ်ရင်တောင် ငါတို့ တတ်နိုင်တာ ဘာမှမှ မရှိတာ …” လျိုကွမ်းရှန် ပြောလိုက်ပြီး “ ဘာမှ ထပ်မပြောနဲ့တော့ … သွားပြီး သွေးပူအောင် လုပ်ထားနှင့် … ပြိုင်ပွဲက ခဏနေရင် စတော့မှာ …”

ခေါင်းဆောင်က စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်ကို မြင်တော့ နှစ်ယောက်လည်း တခြား ဘာမျှ ထပ်မပြောနိုင်တော့ချေ။ သူတို့ ဤကိစ္စ ဆက်ပြောနေမည်ဆိုပါက ဦးနှောက် မရှိရာ ကျသွားလိမ့်မည်။

ထိုအခိုက်အတန့်တွင် လီရှန်းဟွေ့နှင့် ကျန်သူများ လင်းရီရှေ့တွင် ရပ်ပြီး သူ့အား ပြိုင်ပွဲနှင့် မိတ်ဆက်ပေးသည်။

“ ခဏကျရင် ပြိုင်ပွဲက အတွဲလိုက် တိုက်ပွဲပဲ … ငါတို့ တစ်ယောက်ချင်း တစ်ယောက် … တစ်ဖက်လူ အရှုံးမပေးမချင်း တိုက်ခိုက်ရမယ်… အရှုံးပေးသွားမှ နိုင်တယ်ဆိုပြီး ယူဆမှာ …”

လင်းရီ ခေါင်းညိမ့်လိုက်၏။ “ နားလည်ပြီ…”

ပြိုင်ပွဲက တည့်တိုးဆန်သော်လည်း အလွန်အမင်း ဖျော်ဖြေရေး ဆန်ကာ နှစ်ဖက်နှစ်လမ်း ရည်ရွယ်ချက်ဖြင့် ဖန်တီးထားမှန်း သိသာသည်။

“ လုပ်ထား လင်းကော … မင်းရှုံးရင်တောင် မျက်နှာတော့ မရှုံးစေနဲ့ … မင်း တစ်ချက်တည်း မမှောက်သွားသရွေ့ ငါတို့ နိုင်တယ်လို့ပဲ ယူဆမယ်…”

လင်းရီ ရယ်ရအခက် ၊ ငိုရအခက် ဖြစ်သွားခဲ့သည်။ “ မင်းတို့ကောင်တွေ ငါ့ကို အဲ့လောက်တောင် အထင်ကြီးကြတာလားကွ …”

“ မင်းက ထရိန်နင်မှာတုန်းက သတ်တာ ပုတ်တာ နည်းနည်းလောက်လေးပဲ လေ့လာခဲ့ရသေးတာလေ… မင်းက ငါတို့ အသုတ်ထဲမှာ အကောင်းဆုံးဆိုပေမယ့် ကျွမ်းကျင်သူတွေနဲ့ ယှဉ်ရင်တော့ ကွာဟမှုတွေ ရှိတာ ပုံမှန်ပဲ … မင်း ခဏလောက် တောင့်ခံနိုင်တယ်ဆိုရင်ပဲ ငါတို့ အောင်မြင်တယ်လို့ ယူဆမယ်…”

“ ကောင်းပြီ.. အခုလို အားပေးလို့ ကျေးဇူးပဲ … ငါနည်းနည်းကြာကြာ တောင့်ခံနိုင်အောင် ကြိုးစားမယ်…”

“ ယှဉ်ပြိုင်သူများအားလုံး ကျေးဇူးပြုပြီး မှတ်သားပေးပါ … ပြိုင်ပွဲ စတင်ပါတော့မယ်…”

နှစ်ယောက် စကားပြောနေစဉ်မှာပဲ ကွင်းပြင်ထဲတွင် ရေဒီယို အသံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ပြိုင်ပွဲ တရားဝင် စတင်ကြောင်း ကြေညာလာသည်။

ကြေညာပြီးနောက် ပွဲကြည့်ရှုသည့် နေရာတစ်ခုလုံး အားပေးချီးမြောက်သံတို့ဖြင့် ပြည့်နှက်သွားခဲ့သည်။

သူတို့တွေ ယခု ပြိုင်ပွဲကို စောင့်မျှော်နေခဲ့သည်မှာ အတော်လေး ကြာလှပြီ ဖြစ်၏။

ရဲအကယ်ဒမီတွင် နေရသည်က ပျင်းဖို့ကောင်းလှသည်။ ယခုလို စိတ်ဝင်စားဖို့ကောင်းသည့် ပြိုင်ပွဲများအား မြင်တွေ့ရ ခဲယဉ်းလှ၏။ အထူးသဖြင့် ဤကဲ့သို့သော လူချောလေးကိုပင်။

ရှိနေကြသည့် မိန်းကလေးများအားလုံး အသံပါဝါ အားကောင်းကောင်းဖြင့် လင်းရီအား အော်ဟစ်အားပေးနေလျက် ရှိတော့သည်။

မကြာမီ သက်ဆိုင်ရာ ပြိုင်ဘက်များအား စခရင်ပေါ်တွင် ကြေညာလာခဲ့၏။

တစ်ဦးချင်း ပြိုင်ပွဲအတွက် ပထမ နှစ်သင်းက ယွမ်ဟော် အသင်းနှင့် ပေါင်ရှန်း အသင်းပင်။ လင်းရီ၏ ရှင်းရှန်း အသင်းနှင့် ထိုက်ဖျင် အသင်းက ဒုတိယ အချီတွင် ဆုံတွေ့ကြမည် ဖြစ်၏။

“ ဘာလို့ ငါတို့နှစ်ယောက်က အတူလာကျနေရတာလဲ …”

“ ကံဆိုးလို့ နေမှာပေါ့ … ထင်တာပဲ ..”

ပထမ နှစ်သင်းတွင် တစ်သင်းက ယမန်နှစ် ပထမဆုရှင် ဖြစ်ပြီး ကျန်တစ်သင်းက ဒုတိယ ဆုရှင်ပင်။

လူတော်တော်များများ၏ မျက်လုံးထဲတွင် ဤနှစ်သင်း၏ ထိပ်တိုက်တွေ့ဆုံမှုက ဖိုင်နယ်ပွဲစဉ်နှင့် ညီမျှသည်။ ပြိုင်ပွဲတစ်ခုလုံးက သိလိုစိတ် ၊ မျှော်လင့်တောင့်တစိတ်တို့ဖြင့် ပြည့်နှက်နေတော့၏။

“ ငါ တကယ် စိတ်တော့ မကောင်းဘူး … ဒါပေမယ့် လင်းရီကို သင်ခန်းစာပေးဖို့ ကိစ္စ ငါနဲ့ လွှဲထားခဲ့လိုက်တော့ …” ကျုံးရှင်းဟုန် ရယ်မောရင်း ပြောလိုက်သည်။

“ သူက အသင်းလိုက်တိုက်ပွဲမှာတုန်းက ပြိုင်ပွဲရဲ့ အာရုံကို ခိုးယူသွားခဲ့တယ်ဆိုတော့ ဒီတစ်ကြိမ်တော့ ငါတို့ကောင်တွေ ဂရုမစိုက်ဘဲ နေလို့ မရတော့ဘူး … ငါတို့ရဲ့ ဂုဏ်အသရေကို ပြန်ပြီး ယူရမယ်…”

“ စိတ်ချ… ငါ ဒီအခွင့်အရေးကို သေချာ အသုံးချပြီး သူ့ကို တစ်သက်မမေ့နိုင်တဲ့ ပြိုင်ပွဲလေး တစ်ခု ဖြစ်အောင် ဖန်တီးပေးလိုက်မယ်…”

တစ်ချိန်တည်းတွင် လင်းရီသည် သူ၏ ထိုင်ခုံ နောက်ကျောသို့ မှီ၍ သမ်းဝေလိုက်၏။

အာ … ဘယ်ကောင်တွေ ငါ့အတင်းပြောနေလဲ မသိပါဘူး …

သူ၏ လက်ရှိ အဆင့်ဖြင့် ယခုလို ပြိုင်ပွဲမျိုးအား ကြည့်ရှုရသည်က အချိန်ဖြုန်းရုံမျှသာ ရှိသည်။ စိတ်ဝင်စားစရာ မကောင်းလှချေ။

အခြားတစ်ဖက်တွင်တော့ ကျန်းဖန့်နှင့် ကျန်းဇီရှင်းတို့မှာ စိတ်ရောကိုယ်ပါ နစ်မြုပ်ပြီး ပြိုင်ပွဲအား ကြည့်ရှုနေလေသည်။

သူတို့၏ မျက်လုံးများမှာ နဂိုကထက် နှစ်ဆ ပြူးကျယ်နေပြီး အသေးစိတ် အချက်အလက်လေး တစ်ချက်တစ်လေမျှ လွဲချော်သွားမည်ကိုပင် စိုးရိမ်နေလျက် ရှိသည်။

“ ဘာတွေ စိတ်လှုပ်ရှားနေတာ …” လင်းရီ မေးမြန်းလိုက်သည်။

“ ကိုယ့်ကိုယ်ကို သိပြီး ကိုယ့်ရန်သူကို သိရင် တိုက်ပွဲ တစ်ရာကို အောင်နိုင်တယ်တဲ့ … သူတို့ရဲ့ နည်းဗျူဟာတွေကို သေချာ လေ့လာဖို့ လိုတယ်လေ… ဒါမှ နင် စင်ပေါ်တက်တဲ့ အခါကျရင် ထောက်ပြပေးလို့ရမှာပေါ့ …”

လင်းရီပြုံးလျက် ခေါင်းခါရမ်းလိုက်၏။ ကျန်းဇီရှင်းမှာ ဤမျှ သတိကြီးနေလိမ့်မည်လို့ သူ ထင်မထားခဲ့ချေ။

မကြာမီ ပထမ ပွဲစဉ် စတင်သည်။

နှစ်သင်း၏ ပြိုင်ပွဲဝင် နှစ်ယောက်လုံး စင်ပေါ်သို့ တက်လာခဲ့ကြသည်။

ပေါင်ရှန်း အသင်းဘက်ခြမ်းမှ ပထမဆုံး စေလွှတ်လာသူမှာ ဟန်ကန်းပင်။

သူက ပိန်သယောင် ထင်ရသော်လည်း ထင်းနေသည့် မာဆယ်ကြီးများက စင်အောက်ရှိ ပရိသတ်များအား အော်ဟစ်ဆူညံသွားစေသည်။ အထူးသဖြင့် မိန်းကလေး ပရိသတ်များထံမှ ဖြစ်၏။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ကြွက်သားရှိခြင်း၏ အရေးပါပုံကိုလည်း တစ်နည်းတစ်ဖုံ မြင်သာနိုင်လေသည်။

နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယွမ်ဟော် အသင်းဘက်ခြမ်းရှိ ကိုယ်စားပြုမှာ အများအပြား အလှမ်းဝေးနေလျက် ရှိသည်။

ယှဉ်ပြိုင်သူ၏ နာမည်က ချိန်ပင်းရန် ဖြစ်ပြီး ဝိုင်းသည့်ခါး ၊ ကြီးမားသည့် လက်မောင်းကြီးများဖြင့် လူကောင်ကြီးကြီး တစ်ကောင် ဖြစ်လေသည်။ သူ့တွင် ထွေထူး ပြောရက်လောက်စရာ ဆွဲဆောင်မှုဟူ၍ တစ်ချက် တစ်လေမျှမရှိ။ နှစ်ဘက်လုံးက ကြွက်သားကိုယ်စီ ရှိကြသော်လည်း အဘယ်ကြောင့် ကွာခြားချက်တို့ ရှိနေလဲဆိုတာကို လင်းရီ မစဉ်းစားတတ်။

ပြိုင်ပွဲမှာ ရှုပ်ထွေးပွေလီနေခြင်း မရှိပေ။ ဘဲလ်သံမြည်ပြီ ဆိုတာနှင့် ချက်ချင်းစတင်ပြီဖြစ်၏။

ဘဲလ်သံ မြည်သည်နှင့် တစ်ပြိုင်နက် ဟန်ကောင်းသည် သူ၏ လျင်မြန် သွက်လက်မှုကို အသုံးချ၍ အရင်ဦးစွာ တိုက်ခိုက်လိုက်လေသည်။

ကျယ်လောင်စွာ အော်မြည်သံပေး၍ ချိန်ပင်းရန်အား ခြေထောက်ဖြင့် ကန်ကျောက်လိုက်သည်။

သို့သော် ချိန်ပင်းရန်ကလည်း အပေါ်ယံသာ ရှိသည့် လူတစ်ယောက် မဟုတ်။ ဟန်ကောင်း၏ တိုက်ခိုက်မှုက ကြမ်းတမ်းသော်လည်း သူ၏ ခုခံမှုက သန်မာသည်။ သူ့အပေါ်သို့ များများစားစား သက်ရောက်သွားခြင်း မရှိချေ။

နောက် ဆယ်မိနစ် ထိတိုင်အောင် နှစ်ဘက်မှာ လက်သီးချင်း ဖလှယ်နေကြပြီး မည်သူကမျှလည်း မည်သူ့ကို ငဲ့ညှာနေခြင်း မရှိချေ။ သူတို့၏ ဂုဏ်ကျက်သရေအတွက် ကောင်းမွန်သည့် စတင်မှု တစ်ခုကို သူတို့ဘက်ကပဲ ရရှိဖို့ မျှော်လင့်၏။

သို့သော် ပြိုင်ပွဲ တစ်ခုဖြစ်သဖြင့် အနိုင်နှင့် အရှုံးသည် ရှိစမြဲပင်။

မိနစ် နှစ်ဆယ်ကျော်ကြာအောင် တိုက်ခိုက်ပြီးသည့်နောက် ပေါင်ရှန်း အသင်းမှ ဟန်ကောင်းသည် ယွမ်ဟော် အသင်း၏ ကိုယ်စားပြု ချိန်ပင်းရန်ကို ဖိနှိပ်လိုက်နိုင်ကာ ပြိုင်ပွဲအား အနိုင်ရသွားခဲ့၏။

ဟန်ကန်း၏ နိုင်ပွဲက ပေါင်ရှန်းအသင်း၏ စိတ်ဓာတ်ကို မြင့်တက်သွားစေသည်။

လီရွေ့အပြုံးလေးဖြင့် “ လောင်လီ … ဆောရီးပဲ … ဒီတစ်ချီတော့ ငါတို့ နိုင်သွားပြီ…”

“ ဒီတိုင်း တစ်ပွဲလေးပဲကို … ဘာမှမဟုတ်သေးဘူး … နောက် လာမယ့် ပွဲကမှ အရေးပါတာ …”

မကြာမီ ဒုတိယ အချီ စတင်လာခဲ့သည်။

ပထမအချီမှ အကဲဖြတ်ကြည့်ရသလောက် လူတိုင်း တွေးထားသည်မှာ ဤသည်က အပိတ်ပွဲ ဖြစ်ပြီ ဟူ၍ပင်။

ပထမ တစ်ချက် အနေဖြင့် ဟန်ကန်းသည် ပထမ အချီ၌ ခွန်အားများစွာကို အသုံးချထားခဲ့သည်။

ယွမ်ဟော် ကိုယ်စားပြုအသင်းကလည်း ၎င်းတို့၏ ရှုံးနိမ့်သည့် အဟုန်ကို ရပ်တန့်ရန် အလို့ငှာ အစွမ်းကုန် ကြိုးစားမည်မှာ ကျိန်းသေပေါက်ပင်။ ထို့ကြောင့် တိုက်ပွဲသည်လည်း ပြင်းထန်မည်မှာ သဘာဝပင်။ မဟုတ်သေး။ တစ်ဖက်သတ် တိုက်ပွဲတောင် ဖြစ်သွားနိုင်ပါသည်။

သို့သော် နောက်ဆုံး ထွက်လာသည့် ရလဒ်က လူတိုင်းကို ရှော့ခ်ရသွားစေခဲ့၏။

ဟန်ကန်းသည် ပထမတစ်ချီကို အနိုင်ယူပြီးသည့်နောက် အခြား ပြိုင်ဘက် နောက်တစ်ယောက်ကိုလည်း ဖိနှိပ်ကာ ပေါင်ရှန်း အသင်းအတွက် နိုင်ပွဲ နောက်ထပ်တစ်ပွဲကို ထပ်မံ ယူဆောင်လာပေးသည်။

သို့သော် တတိယ အချီတွင်တော့ ဟန်ကန်းမှာ လျင်လျင်မြန်မြန်ပဲ ရှုံးနိမ့်သွားခဲ့၏။

သို့ပေမယ့် ဒုတိယ တစ်ယောက် ပြန်ဝင်လာပြီး သူ၏ လွှမ်းမိုးမှုကာ ပြသကာ တစ်ဖက် ပြိုင်ဘက် လီရဲ့ အား ချက်ချင်းလက်ငင်း အမှောက်သိပ်ပစ်လိုက်၏။

ဤ ရလဒ်က ပွဲကြည့်ပရိသတ်တို့၏ သွေးများအား ဆူပွက်သွားခဲ့စေသည်။

သူတို့အဖို့ တစ်ဦးချင်း ယှဉ်ပြိုင်ပွဲစဉ်၏ ချန်ပီယံမှာ သံသယ ရှိနေရန် မလိုတော့ချေ။ ယွမ်ဟော် အသင်းပဲ ဖြစ်မည်မှာ သေချာပေါက်ပင်။

“ လောင်လီ … ငါ မတော်မဆ မင်းကို အနိုင်ယူလိုက်မိတာ စိတ်မကောင်းဘူးကွာ ..” လီရွေ့ ပြုံးတုံ့တုံ့ဖြင့် တောင်းပန်လိုက်၏။

“ လခွမ်းကောင် .. မင်း ငါ့ကို အခွင့် အရေးယူပြီးတော့မှ ဘာမှ မသိသလို လာလုပ်မနေစမ်းပါနဲ့ …” လီရဲ့ အမောတကော အသက်ရှူရင်း ပြောလိုက်ပြီး “ ဒီရဲ့ စွေ့ရာကျိုးဆိုတဲ့ကောင်က ဘာလို့ ဒီလောက် တော်နေရတာ …”

“ သူက အသစ်ရောက်လာတဲ့လူလေ… အရင်က လျှို့ဝှက် တပ်ဖွဲ့မှ တာဝန်ထမ်းခဲ့ဖူးတဲ့လူ … တော်တော် ထူးချွန်ခဲ့တယ်လို့တော့ ကြားမိတာပဲ ..”

“ သူက လျှို့ဝှက်တပ်ဖွဲ့က ဟုတ်လား ….”

“ တော်တယ်…”

“ အင်း … ဒီလိုဆိုရင်တော့ သူ့လို လူစားမျိုးဆီမှာ ရှုံးနိမ့်သွားတာ ရှက်စရာတော့ မဟုတ်ပါဘူး …”

လီရဲ့ ပြောလိုက်ပြီး “ ဒါပေမယ့် ငါ့အထင် မင်း လယ်ဗယ်ကလည်း သူ့လောက် ကောင်းမနေပါဘူး …”

“ ကိုယ့်လူ … မင်းငါ့ကို အထင်လာမသေးနဲ့ … ငါ ကြိုးစားပြီး လေ့ကျင့်နေတာ တစ်နှစ်ကျော်နေပြီ.. တော်တော်လေးလည်း တိုးတက်လာတယ်… စွေ့ရာကျိုးတောင် ငါ့ပြိုင်ဘက် မဟုတ်ဘူး …”

All Chapters