မိန်းမငယ်လေးတွေကို ဖျားယောင်းဖို့ မမေ့ဘူး
Vol. 113 Ch. 1691
ထိုစကားကြားတော့ လီရဲ့ ရှော့ခ်ရသွားခဲ့လေသည်။
“ မင်း အတည်ပြောနေတာလား … စွေ့ရာကျိုးတောင် မင်းပြိုင်ဘက် မဟုတ်ဘူးပေါ့ …”
“ မင်းကိုလိမ်လို့ ငါ ဘာရသွားမှာမို့လို့ …” လီရွေ့ ဂုဏ်ယူစွာ ပြောလိုက်ပြီး “ ငါ့မှာသာ စကေး မရှိဘူးဆို …. ခေါင်းဆောင်က ငါ့ကို နောက်ဆုံးမှ ပွဲထုတ်မယ်လို့ ထင်လား …”
“ ဒါပေမယ့် …. ငါ မင်း လယ်ဗယ်ကို ကောင်းကောင်းသိပါတယ်… မနှစ်ကတောင် ငါတို့နှစ်ယောက် လက်ရည်ညီနေကြတာ မဟုတ်ဘူးလား … တစ်နှစ်တည်းနဲ့ ဘယ်လိုဖြစ်ပြီး ဒီလောက်တောင် တိုးတက်လာခဲ့တာ …”
“ ငါ မင်းထက် အသက်ငယ်တာကိုလည်း မေ့မထားနဲ့လေ… အဲ့တာ အားသာချက်ပဲ …”
“ ချီးလို အကြောင်းပြချက် … မြန်မြန် ပြောစမ်းပါကွ … မင်း ဘယ်မှာ လေ့ကျင့်ခဲ့တာ ….”
“ ကျစ် ကျစ် … ကောင်းကင်ရဲ့ လျှို့ဝှက်ချက်ဆိုတာ ထုတ်ဖော်လို့ မရဘူး …”
“ သေစမ်း … မပြောပြဘဲ လူကို သိချင်အောင် လာဆွနေတယ်….”
လီရဲ့ စိတ်တိုသွားသည်ကို မြင်တော့ လီရွေ့မှာ အကျေနပ်ကြီး ကျေနပ်သွားခဲ့တော့သည်။ သူ့ဘက်က ကပ်စေးနည်းပြီး မပြောပြချင်တာ မဟုတ်ဘဲ တစ်ချို့အရာတို့က ပွင့်ပွင့်လင်းလင်း ပြောပြ၍ မရသောကြောင့်ပင်။
မနှစ်တုန်းက သူ ဆရာကြီး တစ်ယောက်နှင့် တွေ့ခဲ့ပြီး သူ့အား တော်တော်များများ သင်ကြားပြသပေးခဲ့သည်။ ထို့ပြင် ထိုအရာများက တန်းထျန်ထဲမှ အတွင်းအား ထုတ်သည့်နေရာ၌ အချက်အချာကျသည့် အရာများ ဖြစ်လေသည်။ ၎င်းကြောင့်ပဲ သူ၏ အဆင့်မှာ တစ်နှစ်အတွင်း သိသိသာသာကြီး သတိထားမိရလောက်အောင် တိုးတက်လာခဲ့သည်။
တစ်ချိန်တည်းတွင် အကဲဖြတ် ဒိုင်နေရာ၌ ထိုင်နေကြသည့် ခေါင်းဆောင်လေးဦးမှာ မတူကွဲပြားသည့် အမူအရာကိုယ်စီနှင့် ရှိနေကြသည်။
“ လောင်ဝေ … ငါတို့ကို အနိုင်ပေးတဲ့အတွက် ကျေးဇူးပဲ …” ရှဲ့ချွင်းချိန် ထူးမခြားနား အမူအရာဖြင့် တည်ငြိမ်စွာ ပြောလိုက်သည်။
၃ မှတ် ၂ မှတ်ဖြင့် အနိုင်ယူခံထားရ၍ ဝေသလုံ၏ မျက်နှာအမူအရသည် သဘာဝအလျောက် သာယာမနေချေ။ သို့သော် သူ ဘာမျှ မဖြစ်သကဲ့သို့ ဟန်ဆောင်ရင်း ပြန်ပြောရုံသာ တတ်နိုင်သည်။
“ အေးဆေးပေါ့ … မင်း ငါ့ကို နိုင်သွားတယ် ဆိုရင်တောင် မင်းတို့ကောင်တွေ ချန်ပီယံ ဖြစ်ပြီလို့ မဆိုလိုဘူး … နောက်မှာ လောင်ဖူနဲ့ လောင်လျိုတို့ ကျန်နေသေးတုန်းပဲ …”
“ အိုး … မင်းသာ မပြောရင် ငါ လောင်လျို ကိုတောင် မေ့တော့မလို့ …”
ရှဲ့ချွင်းချိန်သည် လျိုကွမ်းရှန်အား ကြည့်၍ “ လောင်လျို … ငါတို့ရဲ့ ခွန်အားကိုလည်း မင်းမြင်ပြီးပြီ ဆိုတော့ မင်းမှာ မျှော်လင့်ချက် ရှိသေးဦးမယ်လို့ ထင်သေးလား …”
“ ဟမ့် … လှည့်ကွက် အသေးစားလေးကိုများ … စောင့်သာ ကြည့်စမ်းပါ ….”
“ စောင့်ကြည့်တာက ကြည့်လို့ရတယ်… ဒါပေမယ့် မင်းလူတွေကို လောင်ဖူနဲ့ တခြားသူတွေရဲ့ ရိုက်နှက်တာကို ခံရပြီး မရှုံးသွားဖို့လည်း ကြိုပြောထားဦး … မဟုတ်ရင် မတိုက်ခိုက်လိုက်ရပဲ နေလိမ့်မယ်…”
“ ငါတော့ မင်းတို့နှစ်ယောက် တိုက်ခိုက်ခွင့် မရှိလိုက်မှာကို စိုးရွံ့မိသား ….” ဖူကျန်းကော် ပြောလိုက်ပြီး “ လောင်လျိုနဲ့ သူ့လူတွေ ငါတို့ကို ကျော်နိုင်မယ်လို့ ငါတော့ မထင်ဘူး…..”
“ အမှန်ပဲ … ဘယ်လိုပဲ ပြောပြော သူက အသစ်ဂျတ်ချွတ် လူသစ်ကြီးကို ခေါ်လာတာဆိုတော့ သူတို့ရဲ့ ပျှမ်းမျှ ခွန်အားက အတိုင်းအတာတစ်ခုထိအောင်ကို လျော့သွားပြီ… “ ရှဲ့ချွင်းချိန်မှ ပြောလိုက်သည်။ “ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ … လူတိုင်းက စွေ့ရာကျိုးလို တော်နေကြတာမှ မဟုတ်တာ … ဟုတ်တယ်မလား …”
“ ဒါပေမယ့် နောက်ဆုံးကျတော့လည်း မင်းတို့ သုံးသင်းလုံးကို အသစ်ဂျတ်ချွတ် လူသစ်ကြီးကပဲ ဖြုတ်သွားခဲ့တာပဲလေ… ငါတော့ ပြောရမှာတောင် ရှက်တယ်…”
“ အသင်းလိုက်ပြိုင်ပွဲမှာ အဆက်အသွယ်အားကိုးနဲ့ အနိုင်ရသွားတာကိုများ ဘာတွေ ဂုဏ်ဆာနေစရာ အကြောင်းရှိလို့ …” ရှဲ့ချွင်းချိန် ပြောလိုက်ပြီး “ မင်းတို့လူတွေ ဒီ တစ်ဦးချင်း ပြိုင်ပွဲမှာပါ ဗိုလ်ဆွဲဦးမယ်ဆိုရင် ငါ့အိမ်က ဂျင်ဆင်းဝိုင်ကို မင်းဆီ ပေးလိုက်မယ်…”
“ မင်းဘာမင်း ပြောတာနော်.. နောက်ကျတော့မှ မသိဘူး ငြင်းလို့ကတော့ သေပြီသာမှတ် ….”
လျိုကွမ်းရှန်လည်း သူ့ကိုယ်သူ မဖြစ်နိုင်မှန်း သိသည်။ သို့သော် ယခုအချိန်တွင်တော့ သူတို့၏ အဟုန်ကို ဆုံးရှုံးလိုက်၍ မဖြစ်ပါချည်။
“ စောင့်ကြည့်တာပေါ့ …”
ဆယ်မိနစ် ခေတ္တနားပြီးနောက် ဒုတိယ ပွဲစဉ်သည်လည်း တရားဝင် ပြန်စတင်လာခဲ့သည်။
“ ငါတို့ ဒီနှစ် ကံတော်တော် မဆိုးဘူးပဲ … တကယ်ကြီး လောင်ဟန်နဲ့ တခြားသူတွေကို ဆွဲချလိုက်နိုင်တယ်… ကြည့်ရတာ ဒီပြိုင်ပွဲမှာ ငါတို့က အေးဆေး အသာစီးနဲ့ နေလို့ ရပြီထင်တယ်….” ကျုံးရှင်းဟုန် ပြောလိုက်၏။
“ မင်းတို့နှစ်ကောင် သေချာကြည့်ထား … ငါတို့ 1 vs 3 နဲ့ ဖြုတ်ပြမယ်…”
“ 1 v 3 … မဖြစ်နိုင်တာ… သပိုင်လည်း ရှိသေးတာကို အများဆုံး 1 v 2 ပဲရမယ်…” လီရွေ့ စနောက်လိုက်၏။ “ ဒါပေမယ့် မင်းတို့ကောင်တွေက ကံတော့ တော်တော်ကောင်းပါတယ်.. ဒီနည်းနဲ့ သက်လုံချွေတာလို့ ရတယ်… ငါတို့နဲ့ တိုက်ခိုက်တဲ့အခါကျ နည်းနည်း အသာစီး ရှိတာပေါ့ …”
“ ဘယ်တတ်နိုင်မှာ … ကောင်းကင်က ငါတို့ဘက်မှာလေ….”
အခြားဘက်ခြမ်းရှိ သက်တောင့်သက်သာ ဖြစ်နေသည့် လေထု အခြေအနေနှင့် နှိုင်းယှဉ်မည်ဆိုပါက ရှင်းရှန်း အသင်းဘက်ခြမ်းရှိ လေထုမှာတော့ အနည်းငယ် အုံ့ဆိုင်းနေလေသည်။
“ ကပ္ပတိန် ဟန် … ငါတို့ စင်ပေါ် တက်ရမယ့် အလှည့်ရောက်ပြီ… ဘယ်သူ အရင် သွားမလဲ …”
“ တတိယနဲ့ စတုတ္ထနေရာအတွက်ပဲ ပြိုင်ကြစို့ …” ဟန်အန်းလုံ ပြောလိုက်ပြီး “ မင်း အရင်တက် … တစ်ယောက်ဖြုတ်နိုင်အောင် ကြိုးစား … ပြီးရင် ဒုတိယ တစ်ယောက်ကို ပင်ပန်းအောင် လုပ်ပြီး အရှုံးပေးလိုက် … ကျန်တာ ငါ့တာဝန်ထား …”
“ ငါတို့ ဒီထက် နည်းနည်းပိုပြီး ……… တတိယနဲ့ စတုတ္ထ နေရာအတွက်ကျ ………..”
“ တကယလို့ ကောင်းရန်သာ တက်မယ်ဆိုရင်တော့ ကျိန်းသေပေါက်ပေါ့ … ဒါပေမယ့် အခုကတော့ . . . . . . .”
ဟန်အန်းလုံ ပြောလိုက်ပြီး “ မင်းတို့မှာ အကြံဉာဏ်တွေ ရှိတယ်ဆိုလည်း ခေါင်းဆောင်ကို သွားပြောကြည့်ပေါ့ …”
“ ငါတော့ မသွားနိုင်ပါဘူး …”
“ ဒါဆိုလည်း ပထမ နေရာအတွက် ယှဉ်ပြိုင်ဖို့ကို မေ့လိုက်တော့ …” ဟန်အန်းလုံ ယတိပြတ် ပြောလိုက်ပြီး “ မင်းတို့လည်း ပေါင်ရှန်းက လူတွေကို မြင်ပြီးလောက်ပြီ … စွေ့ရာကျိုးက တော်တော် သန်မာတယ်… ငါတို့ လူအားလုံး တက်ရင်တောင် သူ့ပြိုင်ဘက် မဖြစ်နိုင်ဘူး .. ပထမ နေရာရဖို့လား … စဉ်းတောင် မစဉ်းစားနဲ့ ….”
“ ပြီးရော ….”
အခြားဘက်ခြမ်းတွင် ကျုံးရှင်းဟုန်သည် သူ၏ အသင်းသားများအား ကြည့်၍ “ ရှောင်ခုံ … မင်းထွက် … ဒါပေမယ့် ညင်ညင်သာသာလေးတော့ လုပ်နော်… သူတို့ မှောက်ရင်ကို ရပြီ… ထိခိုက်အောင် လုပ်ဖို့ မလိုဘူး ….”
ရှောင်ခုံ၏ နာမည်က ခုံလျန်ချိန် ဖြစ်သည်။ သူ၏ လက်ဝှေ့စကေးတို့က ထိပ်တန်းဖြစ်ပြီး ဝါရင့် ရဲအရာရှိကြီးများပင် သူ့ ပြိုင်ဘက် မဖြစ်နိုင်ချေ။
ကျုံးရှင်းဟုန်လည်း ထိုအချက်ကို စိတ်ဝင်စားမိသဖြင့် သူ့အား ခေါ်ယူလာခဲ့ခြင်းပင်။
ခုံလျန်ချိန် နှာမှုတ်လိုက်သည်။ “ ကျုပ် အကောင်းဆုံး ကြိုးစားမယ်… ဒါပေမယ့် ဒီကြားထဲ လက်လွန်သွားရင်တော့ ကျုပ် အပြစ် မဆိုနဲ့ပေါ့ ….”
ထိုစကားကြားတော့ တစ်သင်းလုံး ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
“ ကောင်လေး .. မင်းက ငယ်ပြီး စိတ်မြန်လက်မြန်ရှိတော့ တစ်ယောက်တည်းနဲ့ သုံးယောက် ဖြုတ်ချင်တယ်ပေါ့ ဟုတ်လား …”
ခုံလျန်ချိန် ရယ်မောလိုက်သည်။ “ တကယ်လို့ တခြား အသင်းဆိုလို့ကတော့ ကျုပ် အဲ့လို ပြောရဲမှာ မဟုတ်ဘူး … ကျုပ် အိပ်မက်တောင် မမက်ဘူး… သူတို့ကို ဘယ်သူကရော ဒီလောက်ထိ အားနည်းနေဖို့ ပြောလို့ … ကျုပ် ခွန်အားနဲ့ဆိုရင် တစ်ယောက်တည်းနဲ့ ငါးယောက်ဆိုရင်တောင် အသာလေး ဖြုတ်လို့ရတယ်…”
“ ဟားဟား … ဒါဆိုလည်း သူတို့ကို သုံးပြီး သွေးပူအောင် လုပ်တာပေါ့ ….”
“ ပထမအချီ … ထိုက်ဖျင် အသင်းက ခုံလျန်ချိန် vs ရှင်းရှန်း အသင်းက လျိုကျစ်ချန် …. ပြိုင်ပွဲ စတင်ပါပြီ…”
ကြေညာသံ ဆုံးသည်နှင့် ခုံလျန်ချိန်သည် ပြိုင်ပွဲကွင်းထဲသို့ လွှားကနဲ ခုန်ပျံပြီး ရောက်ရှိလာသည်။ သူ၏ ဝင်ရောက်လာမှုက စိုးမိုးနိုင်စွမ်း အပြည့်နှင့် ဖြစ်ကာ လူတိုင်းကလည်း ဟစ်ကြွေးပြီး အားပေးလိုက်ကြ၏။
သူ၏ မျက်နှာထက်တွင်တော့ မျှော်လင့်စောင့်စားမှုတို့ဖြင့် ပြည့်နှက်နေပါသည်။ ဤသည်က တစ်ယောက်တည်းနဲ့ သုံးယောက်လုံးကို တရစပ် ဖြုတ်သွားပြီး မိမိကိုယ်ကို သက်သေပြရန် အခွင့်အရေးကောင်းပင်။ သူ လုံးဝ လွဲချော်၍ မဖြစ်ချေ။
အခြား တစ်ဖက်တွင်တော့ လျိုကျစ်ချန်မှာ အတော်လေး စိတ်လှုပ်ရှားပြီး ရင်ထဲ တဒိတ်ဒိတ် ဖြစ်နေလျက် ရှိ၏။
ရှင်းရှန်း အသင်းသည် မနှစ်က ဘိတ်ဆုံး ဖြစ်ခဲ့၏။ အကယ်၍ သူသာ တစ်ဖက်အသင်းကို ကောင်းကောင်းကြီး ဖြိုနိုင်ခဲ့မည်ဆိုပါက အသင်းအတွက် အကြီးမားဆုံး အကျိုးပြုမှု တစ်ခု ဖြစ်သွားလိမ့်မည်။
လျိုကျစ်ချန် စင်ပေါ်တွင် ရပ်နေပြီး ခုံလျန်ချိန်ထံသို့ လက်ညိုးကွေး၍ ယုံကြည်ချက် အပြည့်ဖြင့် ပြောလိုက်၏။
“ ဟိတ်ကောင် … မင်းဘာမင်း လှိမ့်ပြီး ဒီက ဆင်းသွားမလား … ဒါမှမဟုတ် ဆင်းသွားအောင် ငါကပဲ ရိုက်နှက်ပေးရမလား ….”
ခုံလျန်ချိန် တဟားဟား အော်ရယ်လိုက်၏။ “ မင်း ဆေးမှားသောက်ခဲ့တာလား ဟမ်… မင်းကများ ငါ့ကို အနိုင်ယူမယ်….”
“ ဖြစ်နိုင်တယ်လို့ မင်း မထင်ဘူးလား ….”
“ ဟားဟား … မင်းတို့ကောင်တွေ နိုင်ချင်လွန်းလို့ ရူးကုန်ကြတာများလားကွာ … အိပ်မက်မက်နေလိုက်…..”
“ ငါ့ဘက်က ဝိုင်ကမ်းပေးနေတာကို မသောက်မှတော့ ဒီလိုဆိုလည်း ခြေဆေးရေသာသောက်လိုက်တော့ … မင်းကို အမှောက်သိပ်ရုံ ကျန်တော့တာပဲ …”
ပြောပြီးသည်နှင့် လျိုကျစ်ချန်သည် အကြမ်းပတမ်း ရှေ့သို့ ချီတက်လာလေသည်။ သူ၏ လှုပ်ရှားမှုတို့က လေ့ကျင့်ထားသည့် ဖိုက်တာကောင်း တစ်ယောက် ဖြစ်မှန်း သိသာလှသည်။
ခုံလျန်ချိန် သူ၏ ကိုယ်ဟန်ကို စတင်ယူဆောင်သည်နှင့် လင်းရီမှာ အံ့အားသင့်သွားခဲ့၏။ “ အိုး … ဒီကောင်က မွေ့ထိုင်း လေ့ကျင့်ထားတာပဲ ….”
လင်းရီ ကွာစေ့ကိုက်ရင်း ပြောလိုက်၏။
ကျန်းဇီရှင်းမှာ ပြိုင်ပွဲအပေါ်တွင် အာရုံစိုက်နေလျက် ရှိပြီး လင်းရီ ပြောသည့် အသံကို ကြားတော့ မေးမြန်းလိုက်၏။
“ လင်းကော … နင် ဒီကွာစေ့တွေ ဘယ်က ရခဲ့တာ ….”
လင်းရီ နောက်က ကျောင်းသူလေးအား ညွှန်ပြလိုက်သည်။ “ သူတို့ပေးတာပဲ …”
ကူရိရန်မှာ ဆွံ့အသွားခဲ့ရ၏။
ဒီအကောင်ရဲ့ ပင်ကိုယ်စရိုက်က ပြောင်းဖို့ တော်တော်ခက်တာပဲ … ဘယ်နေရာပဲ ရောက်ရောက် ကောင်မလေးတွေကို ဖျားယောင်းဖို့ မမေ့ဘူး ….
“ လင်းကော … ဘယ်သူနိုင်မယ်လို့ နင်ထင်လဲဟင် …”
လင်းရီနားမှ ကွာစေ့တစ်ချို့ နှိုက်ရင်း ကျန်းဇီရှင်း မေးကြည့်လိုက်၏။
“ ပြောဖို့ခက်တယ်… ဒါပေမယ့် ခုံလျန်ချိန်ကလည်း တော်တော့်ကို အားကောင်းတာ …” လင်းရီ သာမန်လျှံကာသာ ပြောလိုက်သည်။
“ ဆိုတော့ သူ နိုင်မယ်ပေါ့ …”
“ အဲ့လိုကြီးလည်း မဟုတ်သေးဘူး …” လင်းရီ ပြောလိုက်ပြီး “ လျိုကျစ်ချန်က ခွန်အားပိုင်းမှာ အားသာချက် ရှိတယ်… ဒါကြောင့်မို့ နှစ်ယောက်ကြား လယ်ဗယ်အဆင့်က သိပ်ပြီး မကွာလှဘူး … ကျန်တာက တိုက်ပွဲ နည်းပရိယာယ်ပဲ … ဉာဏ်ပိုကောင်းတဲ့လူ… ပိုပြီး အတွေ့အကြုံများတဲ့လူက နိုင်သွားမှာ ….”