← Chapters

တစ်ယောက်ကို တစ်ချက်ပဲ

Vol. 113 Ch. 1694

တစ်ယောက်ကို တစ်ချက်ပဲ

Vol. 113 Ch. 1694

ဟန်ကန်း၏ ဆန္ဒပြသည့် အသံကို ကြားတော့ ရှဲ့ချွင်းချိန်သည် ကွင်းဒိုင်လူကြီးထံသို့ လှမ်းပြော၏။

“ ဒီပွဲရဲ့ ရလဒ်ကို ထည့်မတွက်ဘူး … သူက ငါတို့ အသင်းသားကို ခိုးကြောင်ခိုးဝှက် တိုက်တာ…”

လင်းရီ ကူကယ်ရာမဲ့စွာ ပြုံးလိုက်မိ၏။ “ ခင်များတို့လူကိုက အသင့်ဖြစ်ရင် သူ့ကို တိုက်ပါလို့ ပြောနေတာကို ဘယ်နားက ခိုးကြောင်ခိုးဝှက်တိုက်တယ် ဖြစ်ရမှာ …”

“ ဒါက …..”

ရှဲ့ချွင်းချိန်နှင့် ဟန်ကန်းတို့ ကိုးရို့ကားယား အမူအရာများ ဖြစ်သွားခဲ့ကြသည်။

အဘယ်ကြောင့်ဆိုသော် ဟန်ကန်းမှ အမှန်ပင် ထိုသို့ ပြောခဲ့လေသည်။ နှစ်ဖက်မှာ အငြင်းပွားနေကြသော်လည်း လီရှန်းဟွေ့၊ ကူရိရန်နှင့် ကျန်သည့် ရှင်းရှန်း အသင်းသားတို့မှာတော့ ကြက်သေသေနေကြဆဲပင်။

လင်းရီ တစ်စက္ကန့်အတွင်း ဟန်ကန်းအား အနိုင်ယူသွားခဲ့သည်ဟူသည့် အချက်ကို သူတို့က လက်သင့်မခံနိုင်ဆုံး ဖြစ်နေခဲ့၏။

အထူးသဖြင့် လျိုကျစ်ချန်ပင်။ သူသည် စောနလေးတင် ဟန်ကန်းနှင့် တိုက်ခိုက်ခဲ့ပြီး တစ်ဖက်သူ၏ မည်မျှ သန်မာသည်ကို ကောင်းစွာ သိသည်။

အဲ့လိုလူကို တစ်စက္ကန့်အတွင်း အနိုင်ယူဖို့ဆို သူ့ လယ်ဗယ်က ဘယ်လောက် မြင့်နေတာပါလိမ့် …

“ ဒီလင်းရီဆိုတဲ့ ကောင်က တော်သားပဲ … သူ အရင်က လေ့ကျင့်ဖူးလား မသိဘူး … ငါ ဘာလို့ အရင်က သတိမထားမိခဲ့တာပါလိမ့် …”

သူမက လင်းရီနှင့် မကျေမချမ်း ဖြစ်ထားသည် ဆိုသော်လည်း ကူရိရန်သည် ယခုလေးတင် ဖြစ်ပျက်သွားခဲ့သည်က တိုက်ဆိုင်မှု မဖြစ်နိုင်ဟု ခံစားနေရ၏။

ဟန်ကန်း၏ အဆင့်ဖြင့် အခြားသူများ ချောင်းမြောင်းတိုက်ခိုက်ရုံမျှဖြင့် ရှုံးနိမ့်သွားသည်က မဖြစ်နိုင်ချေ။

“ နောက်တစ်ချီ ထပ်လေ့လာကြည့်တာပေါ့ …”

တစ်ချိန်တည်းတွင် ဒိုင်လူကြီး နေရာတွင် ထိုင်နေကြသည့် လူသုံးယောက်လည်း လျိုကွမ်းရှန်အား ပြိုင်တူကြည့်လိုက်ကြကာ ဘာဖြစ်နေလဲဆိုတာကို သိချင်နေကြသည်။

တစ်ဖက်သူမှာ ပခုံးတွန့်ပြလိုက်၏။ “ သူက လျှို့ဝှက်လက်နက်ပါလို့ ငါ မပြောခဲ့ဘူးလား … မင်းတို့ အခု ယုံပြီမလား …”

“ ဘဝင် လေဟပ်မနေနဲ့ အဘိုးကြီး … မင်း စောနက ပြောသွားခဲ့တာ မင်း လင်းရီအပေါ် မျှော်လင့်ချက် မရှိဘူးဆိုပြီး ပြောသွားခဲ့တာ … အခုကျ သူက ငါ့လူကို တစ်ချက်တည်း အဆုံးသတ်သွားတယ်… ဘာတွေ ဖြစ်နေတာလဲ …”

“ တကယ်တမ်းကျ … လင်းရီက ဒီလောက် အဆင့်မြင့်တယ်ဆိုတာ ငါလည်း မသိခဲ့ဘူး …” လျိုကွမ်းရှန် သူ၏ ကိုယ်ဟန်ကို ပြန်လည်ရရှိသွားခဲ့ပြီး ရင်တွင်းမှ ဖြစ်ပေါ်နေသည့် စိတ်လှုပ်ရှားမှုတို့အား အတင်းဖိနှိပ်ထားလိုက်လေသည်။

“ ဒါပေမယ့် စိတ်ထဲ မထားကြပါနဲ့ .. ငါတို့က တစ်ချီပဲ နိုင်သေးတာ … ဇာချဲ့မနေကြနဲ့ … ဒါတွေအားလုံးက ကစားပွဲရဲ့ တစ်စိတ်တစ်ပိုင်းပဲ ရှိသေးတာ …”

“ ကျစ် … ငါတို့ရဲ့ ဒုတိယ ပြိုင်ပွဲဝင်က စွေ့ရာကျိုး … မင်းလည်း သူ့ လယ်ဗယ်ကို မြင်ပြီးပါပြီ… လင်းရီက သူ့ပြိုင်ဘက် မဟုတ်ဘူး …”

“ ငါတို့ ကြည့်ကြတာပေါ့ …”

လျိုကွမ်းရှန် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်၍ စိတ်ထဲတွင် လင်းရီသည် သူ့အား တစ်ဖန် အံ့အားသင့်‌အောင် လုပ်နိုင်ပါစေဟု ဆုတောင်းနေမိသည်။

အနားယူသည့် ဧရိယာတွင်တော့ ပေါင်ရှန်းအသင်းမှ စွေ့ရာကျိုးသည် မတ်တပ်ရပ်လိုက်၏။

“ ရှောင်ကန်း … မင်း သွေးမကြောင်စမ်းနဲ့ … ငါမင်း အတွက် လက်စားချေပေးမယ်…”

“ သေစမ်း … ငါတို့ဒင်းကို သင်ခန်းစာပေးမှရမှာ …” ဟန်ကန်း ပြောလိုက်ပြီး “ ငါက 1 v 3 နိုင်ချင်တာကို အဲ့ကောင် ဖျက်စီးသွားတယ်…”

“ မင်းကိုက သတိမဲ့လွန်းတာ … မင်းသာ ပိုပြီး လေးလေးနက်နက်ထားခဲ့ရင် ဒီလိုမျိုး အဆုံးသတ်မှာ မဟုတ်ဘူး …” စွေ့ရာကျိုး သူ့ကိုယ်ပေါ်ရှိ ဖုန်များအား ခါခပ်၍ အပြုံးလေးဖြင့် ပြောလိုက်ပြီး “ ဒီတစ်ချီတော့ ငါ့တာဝန်ထားလိုက် …”

ပြောပြီးနောက် စွေ့ရာကျိုး စင်ပေါ်သို့ တက်သွားခဲ့သည်။

စွေ့ရာကျိုးကို မြင်တော့ လူတိုင်း မနေနိုင်ဘဲ အလိုအလျောက် ချွေးစေးတွေ ပျံလာခဲ့ကြ၏။

ထိုသူက ယခုလေးတင် ယွမ်ဟော် အသင်းကို 1 v 2 ဖြင့် အနိုင်ယူခဲ့သည့်လူပင်။ သို့တိုင် သူက ချွေးတစ်ပေါက်ပင် မထွက်ခဲ့ချေ။ ( 1 v 2 = တစ်ယောက်တည်းဖြင့် နှစ်ယောက်ဖြုတ်နိုင်ခြင်းကို ဆိုလိုသည်။)

သူ၏ အဆင့်က ကျိန်းသေပေါက်ကို သာမန်ထဲ မပါချေ။

“ ငါ့မှာ မျှော်လင့်ချက် အလင်းရောင်လေး သမ်းခါရှိသေး … ခုတော့ ပျောက်ပြီ… ဒီကောင်ကြီးက ကိုင်တွယ်လို့ မလွယ်တဲ့လူကြီးနော်…” ကျန်းဇီရှင်း စိတ်ပျက်လက်ပျက်ဖြင့် ပြောလာခဲ့၏။

“ ဒါပေါ့ … စွေ့ရာကျိုး ဒီတိုင်း မတ်တပ်ရပ်နေပြီး လင်းရီကို ထိုးခိုင်းရင်‌တောင် လင်းရီ သူ့ကို နိုင်မှာ မဟုတ်ဘူး …”

စင်အောက်တွင်တော့ ဆွေးနွေးငြင်းခုန်လို့ ကောင်းနေသော်လည်း စင်ပေါ်ရှိ လေထုမှာတော့ သက်တောင့်သက်သာ ဖြစ်လို့နေသည်။

လင်းရီနှင့် စွေ့ရာကျိုးတို့ နှစ်ဦးလုံး အလျင်လိုခြင်း မရှိကြချေ။ သူတို့ ပုံစံ ကြည့်ရသည်မှာ လက်ဖက်ရည်သောက်ရင်း စကားပြောဆိုကြတော့မည့် ပုံစံပင်။

စွေ့ရာကျိုးသည် လင်းရီအား နှာခေါင်းရှုံ့၍ အသံကို နိမ့်ပြီး ပြောလိုက်၏။

“ လင်းရီ … ငါမင်းကို ဘယ်လို အကြံဉာဏ်တွေမှ မထုတ်ဖို့ အကြံပေးလိုက်မယ်… မင်း ငါ့ကို ခိုးကြောင်ခိုးဝှက် တိုက်နိုင်မယ် မထင်နဲ့ ….”

“ မင်းကို ခိုးကြောင်ခိုးဝှက်တိုက်မယ်လား …”

“ ရှောင်ကန်းက မင်းရဲ့ လှည့်ကွက်မှာ ရှုံးနိမ့်သွားတာက သူကိုယ်တိုင် သတိမမူမိလိုက်လို့ … ဒါပေမယ့် ငါအခု ဒီရောက်နေပြီ…. မင်းမှာ အဲ့လို အခွင့်အရေး မရှိတော့ဘူး ….”

“ ကြွားတာက လူတိုင်း ကြွားတတ်တယ်…. ဒါပေမယ့် လူဆိုတာ နောက်ဆုံးကျ ကိုယ့်အရည်အချင်းကိုယ်ပဲ မှီခိုရတယ်…”

“ မင်း ပြောတာ မှန်တယ်… ငါတို့ တိုက်ကြတာပေါ့ …” စွေ့ရာကျိုး စကားပြောပြီးသည့်နောက် ဒိုင်လူကြီးထံသို့ ပြောလိုက်၏။

“ မြန်မြန် ပွဲစတင်ကြောင်း ကြေညာလိုက်တော့ … ငါ ထပ်မစောင့်နိုင်တော့ဘူး …”

“ ပေါင်ရှန်း ကိုယ်စားပြုအသင်း vs ရှင်းရှန်း ကိုယ်စားပြု အသင်း …. စတုတ္ထ အချီ ပြိုင်ပွဲ စတင်မယ်…”

စွေ့ရာကျိုးမှာ သွေးပူအောင် လုပ်ပြီးထားပြီး ပြိုင်ပွဲစတင်သည်နှင့် လင်းရီထံသို့ ချက်ချင်း ပြေးဝင်လာသည်။

အခြားသူများ၏ မျက်လုံးထဲတွင်တော့ စွေ့ရာကျိုးမှာ လျှပ်တစ်ပြက်အတွင်း လင်းရီရှေ့သို့ ရောက်ရှိလာခဲ့၏။ သူ ပြေးလာသည့် အချိန်၌ ပြိုင်ပွဲကွင်းကြီး တစ်ခုလုံးပင် တုန်ဟီးသွားပြီး လူအုပ်ကြီးအား မသိလိုက် မသိစွာဖြင့် အသက်အောင့်မိသွားခဲ့စေသည်။

“ မင်း ငါ့ ဘယ်နှကွက် ခံနိုင်မလဲ ကြည့်ကြတာပေါ့ ….”

ရုတ်ချည်းဆိုသလို ဧရာမ လက်သီးကြီးတစ်လုံးက လင်းရီထံသို့ ပျံဝဲလာခဲ့သည်။

“ သပ …. ဒီလက်သီးကြီးနဲ့သာဆိုရင် လင်းကောတော့ သွေးအန်သွားလောက်တယ်….” ကျန်းဇီရှင်း ပါးစပ်အုပ်ပြီး အလန့်တကြား အော်လိုက်၏။

“ မင်းမှာ ရှိတာနဲ့ ကျေနပ်စမ်းပါ …. အခု လင်းကော သွေးအန်အောင် အရိုက်မခံရသေးဘူးမလား …” ကျန်းဖန့် ပြောလိုက်သည်။

ဒိုင်လူကြီးများ ထိုင်သည့် နေရာတွင်‌တော့ ရှဲ့ချွင်ချိန်သည် လျိုကွမ်းရှန်အား ကြည့်၍ “ လောင်လျို … ငါတကယ် အားနာပါတယ်ကွာ … စွေ့ရာကျိုး ကြည့်ရတာ ဒီကလေး ခွန်အား မထိမ်ချန်ထားတဲ့ပုံပဲ … မင်းရဲ့ အသင်းသားလေးကို ထိခိုက်စေမိရင် ကျေးဇူးပြုပြီး စိတ်ထဲ မထားပါနဲ့ …”

လျိုကွမ်းရှန်၏ အမူအရာ ပြောင်းလဲသွားခြင်း မရှိဘဲ တည်ငြိမ်သည့် လေသံဖြင့် “ သတိထားရမှာက မင်း …. လင်းရီရဲ့ အရည်အချင်းတွေက ဗန်းပြသပ်သပ်ပဲ မဟုတ်ဘူးဆိုတာ မင်းနားလည်လား ….”

“ အိုကေလေ.. ငါတို့ မြင်ရမှာပါ….”

စင်ပေါ်ရှိ ကြိုးဝိုင်းထဲတွင်‌တော့ စွေ့ရာကျိုး၏ လက်သီးမှာ လင်းရီနှင့် မီတာဝက်လောက်မျှသာ ဝေးကွာတော့သည်။

သို့တိုင်အောင် လင်းရီသည် မည်သည့် စိတ်လှုပ်ရှားမှုကိုမျှ မခံစားရဘဲ တစ်ဖက် ပြိုင်ဘက်အား ဂရုပင် စိုက်မနေချေ။

“ အားးး ……”

ထိုစဉ် ရုတ်ချည်း အော်ဟစ်လိုက်သည့် အသံက ရှိနေကြသည့် လူတိုင်းအား ရှော့ခ်ရသွားစေခဲ့၏။

လူတိုင်း၏ မျက်ဝန်းများ ပြူးကျယ်သွားခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် အော်ဟစ်သံက စွေ့ရာကျိုးထံမှ လာခဲ့သောကြောင့် ဖြစ်သည်။

လင်းရီ၏ ကြီးမားသည့် လက်တစ်ဖက်က စွေ့ရာကျိုး၏ လက်သီးကို တင်းကြပ်စွာ ဆုပ်ကိုင်ထားပြီး တစ်ချက် လှုပ်ရှားရုံမျှဖြင့် စွေ့ရာကျိုး၏ တိုက်ခိုက်မှုကို ပိတ်ဆို့ကာကွယ်ထားလိုက်သည်။

စွေ့ရာကျိုး၏ မျက်ဝန်းတို့ ပြူးကျယ်သွားခဲ့ပြီး နဖူးထက်တွင် ချွေးအေးတို့ ပျံလာသည်။

သူ၏ လက်မှာ ပလာယာဖြင့် အညှပ်ခံထားရသည့်နှယ် ခံစားနေရသည်။ သူ မည်သို့ပင် ကြိုးစား ရုန်းကန်စေကာမူ လွတ်မြောက်နိုင်မည့် လမ်းမမြင်ချေ။

“ မင်းရဲ့ ဒီအဆင့်လောက်လေးနဲ့ …. ကြည့်ရတာ ငါ့ကို အနိုင်ယူနိုင်မယ့်ပုံလည်း မပေါ်ပါဘူး ….”

လင်းရီသည် ဤပြိုင်ပွဲကို စိတ်ဝင်တစား မရှိသည်မှာ အသိသာကြီးပင်။

လူတိုင်း မတုံ့ပြန်နိုင်သေးခင်မှာပဲ စွေ့ရာကျိုး၏ ခန္ဓာကိုယ်သည် အဝေးသို့ လွင့်ထွက်သွားခဲ့တော့၏။

လင်းရီ၏ ပုံစံအား ကြည့်ရသည်မှာ သာမန်လျှံကာ နိုင်လှပြီး ခွန်အားလည်း မထည့်ထားသည်ပုံပင်။ ဤသည်ကို မြင်တော့ ကြည့်ရှုနေကြသည့် ပရိသတ်များအားလုံး လေအေးကြီးများ ရှူသွင်းမိလိုက်ကြသည်။

“ ဒါ … ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ …”

“ ဒီကောင်ကြီးက အနည်းဆုံး ပေါင် ၂၀၀ လောက်တော့ ရှိမယ် ထင်တယ်နော်… ဒါကို ဘယ်လိုလုပ် အသာလေး ကိုင်တွယ်သွားခဲ့တာလဲ ….”

စင်အောက်ရှိ လူများအားလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားခဲ့ကြ၏။

မည်သူကမျှ ထိုသို့သော ရလဒ် ထွက်ပေါ်လာလိမ့်မည်လို့ ကြိုတင် ခန့်မှန်းထားခြင်း မရှိသကဲ့သို့ မျှော်မှန်းထားခြင်းလည်း မရှိ‌ချေ။

အကယ်၍ ပထမ အချီတွင် လင်းရီသည် အခွင့်အရေးကို ကောင်းကောင်း အသုံးချနိုင်ခဲ့သည်ဆိုပါက ယခု တစ်ခေါက်တွင်တော့ သူ၏ ကိုယ်ပိုင် အရည်အချင်းကိုသာ မှီခိုအားထားခဲ့သည်။

စတုတ္ထအချီအတွက် နိုင်ပွဲကို သေချာသွားစေခဲ့၏။

“ လောင်ရှဲ့ … မင်း လူကြည့်ရတာ ရှုံးသွားတဲ့ပုံပဲ … ကျစ် ကျစ် ကျစ်… ကြည့်ရတာ တော်တော်ဆိုးဆိုးဝါးဝါးကြီးကို ရှုံးသွားခဲ့တာပဲ …”

လျိုကွမ်းရှန်မှာ အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့သည်။ သို့သော် ရှဲ့ချွင်းချိန်အား ဒေါသထွက်စေရန် အလို့ငှာ တမင်တကာ အေးဆေးတည်ငြိမ်ချင်ယောင် ဆောင်ထားခဲ့လေသည်။

ရှဲ့ချွင်းချိန်၏ မျက်နှာ ဖြူလျော်သွားခဲ့သည်။ လူအများကြီးရှေ့တွင် လွယ်လင့်တကူ အနိုင်ယူခံလိုက်ရ၏။ ဤသည်က ကြီးကြီးမားမား အရှက်ခွဲခံလိုက်ရခြင်းပင်။

ရှဲ့ချွင်းချိန် မည်သို့မျှ ဆက်ပြီး သည်းမခံနိုင်တော့ချေ။ လူတွေ ဝိုင်းကြည့်နေသည်ကိုလည်း ဂရုမစိုက်နိုင်တော့ဘဲ အနားယူသည့် ဧရိယာသို့ လှမ်းအော်လိုက်၏။

“ လီရွေ့… နောက်တစ်ချီကို မင်းထွက် … မင်း အဲ့ကောင်ကို အမှောက်သိပ်ရမယ်….”

လင်းရီက ကိုင်တွယ်ရလွယ်ကူသည့် လူစားမျိုး မဟုတ်ကြောင်းကို ရှဲ့ချွင်းချိန် ပြောနိုင်သည်။ လီရွေ့မှလွဲပြီး သူ့ပြိုင်ဘက် ဖြစ်နိုင်သည့်လူ မရှိလောက်ချေ။

“ အဲ့လောက်ကြီးလည်း စိတ်လှုပ်ရှား မနေပါနဲ့ …. မင်း အသက်ကဖြင့် ဒီလောက် ကြီးနေပြီကို ဘာလို့ တည်တည်ငြိမ်ငြိမ် မနေနိုင်တာ .. တရားနဲ့ ဖြေစမ်းပါကွာ …” လျိုကွမ်းရှန် အပြုံးလေးဖြင့် ပြောလိုက်၏။

“ ဒီခုလို အခြေအနေနဲ့ မင်းရဲ့ ကပ္ပတိန်ကို လွှတ်ရင်တောင် ရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး …”

လျိုကွမ်းရှန်သည် လင်းရီ၏ လယ်ဗယ်ကို အကြမ်းဖျင်း မှန်းဆကြည့်ပြီး ဖြစ်၏။ သူ၏ စကေးလယ်ဗယ်က စစ်မှန်ရမည်။ ဟန်ကန်းနှင့် စွေ့ရာကျိုးကို ဆက်တိုက် အနိုင်ယူနိုင်ခဲ့သည်က တိုက်ဆိုင်မှု တစ်ခုတော့ မဖြစ်နိုင်ချေ။

ထို့ကြောင့် လီရွေ့အား အနိုင်ယူနိုင်သည်ကလည်း ဖြစ်နိုင်ချေ များ၏။

“ ယုံကြည်ချက်တွေ လွန်ကဲမနေနဲ့ ….” ရှဲ့ချွင်းချိန် နှာမှုတ်လိုက်ပြီး “ လီရွေ့ရဲ့ လယ်ဗယ်က တခြားသူတွေနဲ့ မတူဘူး … သူ့ကို အထင်မသေးနဲ့ ….”

“ ငါတော့ သူ့ လယ်ဗယ်က သာမန်ပဲလို့ ထင်တယ်… မင်း ချဲ့ကားပြီး ပြောမနေစမ်းပါနဲ့ကွာ ….”

“ ငါတို့ တွေ့ကြမှာပါ …”

All Chapters