← Chapters

နတ်ဆိုးတစ်ဦး၏ တီးတိုးပြောသံ

Vol. 14 Ch. 182

နတ်ဆိုးတစ်ဦး၏ တီးတိုးပြောသံ

Vol. 14 Ch. 182

....

ထိုနေရာရှိ ဝိညာဉ်အဆီအနှစ်များသည် ဝိညာဉ်ကရားအိုး၏ စုပ်ယူခံရမှုကြောင့် အာရန် လိုချင်ခဲ့သည့် အခြေအနေသုံးရပ်စလုံးသည် ပြည့်စုံသွားခဲ့ပြီး ဖြစ်လေသည်။

ဤအချိန်၌ သူသည် အခြေအနေတစ်ခုလုံးကို လုံးဝ ထိန်းချုပ်နိုင်တော့မည်ဟု မှတ်ယူလိုက်သည်။

ဝိညာဉ်များသည် စွမ်းအားမဲ့သွားကြကာ သူ့ကိုသာ အားကိုးရန်မှလွဲ၍ အခြားဘာမျှ မတတ်နိုင်ကြတော့ပေ။

သူသည် ၎င်းတို့ကို မည်သည့်အရာကိုမဆို စေခိုင်းနိုင်သည့် အခြေအနေသို့ ရောက်သွားပြီဖြစ်ပြီး ၎င်းဝိညာဉ်များသည် ဆက်လက်ရှင်သန်လိုပါက သူ၏စကားကို နားထောင်ရမည်ဖြစ်ပေသည်။

ထိုနစ်ခရိုမန်ဆာအရိုးစုသည် စွမ်းအားကြီးသည်မှာ မှန်သော်လည်း ၎င်းသည် ခုချိန်တွင် တစ်ဦးတည်းသာ ဖြစ်လေသည်။

“ငါ့ရဲ့ ချစ်စရာကောင်းတဲ့ စနစ်ကလေးရေ မင်း ငါ့ကို လှည့်စားဖို့ ကြိုးစားခဲ့တာ သေချာပါတယ် ဒါပေမဲ့ ငါက ဒီအခြေအနေတွေကို ငါ့ဘက်ရောက်အောင် ဘယ်လို ပြောင်းလဲပစ်မလဲ ကြည့်နေ” အာရန်သည် စိတ်ထဲ၌ ပြောရင်း တစ်ချက်ပြုံး လိုက်သည်။

အရာအားလုံးစီစဉ်ပြီး၍ အဆင်သင့်ဖြစ်သောအခါ သူသည် တတိယကျွန်းမှ အောက်ဘက်ကျွန်းသို့ ခုန်ဆင်းလိုက်သည်။

သို့သော် သူသည် ဆင်းသက်နေစဉ် ခရီးတစ်ဝက်ခန့်အရောက်တွင် အက်စ်တလီနာနှင့် ရက်စ်ဖီတို့နှစ်ဦးသည် ၎င်းတို့၏ ပျံသန်းမှုကို မထိန်းချုပ်နိုင်တော့ဘဲ အောက်သို့ ပြုပ်ကျသွားသည်ကို သတိပြုမိလိုက်သည်။

ထိုပြုတ်ကျမှုလောက်နှင့် ၎င်းတို့တွင် အသက်အန္တရာယ်မရှိနိုင်မှန်းသိသောကြောင့် အစကဒီတိုင်းထားလိုက်မည်ဟုတွေးလိုက်သော်လည်း နောက်ဆုံး၌ သူသည် ၎င်းတို့ကို ကယ်တင်ရန်သာ ဆုံးဖြတ်လိုက်လေသည်။

ခေတ္တမျှ သူ၏ ထိုမန်နာသေနတ်နှင့် ဓားကို ပြန်ရုပ်သိမ်းလိုက်ကာ ၎င်းတို့နှစ်ဦးဆီသို့ ပျံသန်းသွားသည်။

သူ၏ လက်များသည် ၎င်းတို့၏ လက်ကောက်ဝတ်များကို ဖမ်းဆုပ်ကာ ၎င်းတို့၏ ပြုတ်ကျမှုအရှိန်မှ နှေးကွေးစေခဲ့သည်။

“ဟေ့ ဟိုနှာဗူးကောင် ပြန်ပေါ်လာပြန်ပြီ” ရက်စ်ဖီ အော်ဟစ်လိုက်သည်။

အာရန်၏ လက်များသာ အလုပ်မများနေပါက သူမ၏ နဖူးကိုသူသည် တစ်ချက်ခန့်အနည်းဆုံး ရိုက်လိုက်ပြီး ဖြစ်နေလိမ့်မည်။

“မင်း အဲဒီပါးစပ်ကို မပိတ်ရင် အပေါ်ကဟိုလူဆီကို ပို့ပစ်လိုက်မယ်နော်” ဟု အာရန်က ပြန်ပြောလိုက်သည်။

ရက်စ်ဖီ၏ မျက်နှာသည် ဖြူရော်သွားပြီး သူမသည် ချက်ချင်းပင် ပါးစပ်ကို ပိတ်လိုက်သည်။

“ရှင် ထွက်ပြေးသွားပြီလို့ ထင်ထားတာ ဘာလို့ ပြန်လာရတာလဲ” အက်စ်တလီနာသည် အထုပ်အပိုးတစ်ခုကဲ့သို့ သယ်ဆောင်ခံထားရရာမှပြန် မေးလိုက်သည်။

၎င်းသည် ခဏတာပေါ်ပေါက်လာသော သူတော်ကောင်းစိတ်ကြောင့်ဟု ယူဆလိုက်ရန်အထိ မိုက်မဲလွန်းသူ မဟုတ်ပေ။

အာရန်၌ သူ၏ ကိုယ်ပိုင် အကြောင်းပြချက်တစ်ခုရှိနေမည်ဟု သူမ သေချာသိနေသည်။

“ငါပိုင်တဲ့ အရာတစ်ခုကို ပြန်ယူဖို့ ငါ ပြန်လာခဲ့တာ” အာရန်သည် ဝေ့လည်ကြောင်ပတ် အဖြေတစ်ခုကိုသာပြန်ပေးလိုက်သည်။

“အဲဒါ ဘာဖြစ်မလဲ” အက်စ်တလီနာက ဆက်မေးလိုက်သည်။

“မင်း မကြာခင် သိရလိမ့်မယ် ဘာပဲဖြစ်ဖြစ် အဲ့ဒီအရာကအတည်ပြုပြီးသားပဲလေ”

အာရန်သည် ဖီလိုနာ၏ နောက်၌ ဆင်းသက်လိုက် ယခုအချိန်တွင် သာမန်လူတစ်ဦးထက် ပိုမနေသော အက်စ်တလီနာနှင့် ရက်စ်ဖီတို့ကို ချပေးလိုက်သည်။

အကယ်၍သူသာအလိုရှိလျှင် ၎င်းတို့နှစ်ဦးစလုံးကို အလွယ်တကူပင် သတိလစ်မေ့မျောသွားအောင် ပြုလုပ်နိုင်လေသည်။

ထိုလာရာလမ်း၌ သူသည် နစ်ခရိုမန်ဆာအရိုးစုမှ ပြောသော ဇာတ်လမ်းကို ကြားလိုက်ရပြီးဖြစ်သည်။ သို့သော် သူသည် မည်သူ့ထက်မဆို ထိုအကြောင်းအရာကို ပို၍ ကောင်းစွာ သိလေသည်။

သူသည် နစ်ခရိုမန်ဆာနှင့် ဝိညာဉ်ကရားအိုးအား ခွဲခြားသတ်မှတ်ခြင်း အစွမ်းကို တစ်ဆက်တည်း အသုံးပြုခဲ့သောကြောင့် ဖြစ်သည်။ထိုစဉ်က စနစ်မျက်နှာပြင်နှစ်ခုတွင် တူညီသောအရာတစ်ခု ရှိနေခဲ့သည်။

“အဲဒါတွေ အားလုံးကို ရှင် ဘယ်လိုသိနေတာလဲ”

ဖီလိုနာသည် အာရန် သူမ၏ နောက်၌ ဆင်းသက်လာသည်ကို သတိမထားမိဘဲ မေးလိုက်သည်။

ဝိညာဉ်အဆီအနှစ်အစွမ်းများမရှိတော့သောကြောင့် သူမ၏ အာရုံများပင် မှုံမှိုင်းသွားရသည်။

“မင်း တကယ် မေးဖို့ လိုသေးလို့လား သူဟာ ပထမ ဝိညာဉ်ဘုရင်မရဲ့ လူသားချစ်သူဖြစ်ပြီး ပထမဦးဆုံး ဝိညာဉ်ကရားအိုးကို ပေးအပ်ခံခဲ့ရတဲ့သူပဲ”

အာရန်သည် ထိုနစ်ခရိုမန်ဆာအရိုးစု၏ အချက်အလက်များကို ဖော်ပြချက်ဇယားတွင် ဖတ်ခဲ့ရသောအခါ အနည်းငယ် မယုံကြည်နိုင်အောင် ဖြစ်ခဲ့ရသည်။

ထိုနစ်ခရိုမန်ဆာအရိုးစုသည် ထိုအိုး၏ မူလပိုင်ရှင်ဖြစ်သော်လည်း သူသည် ထို ကရားအိုး၏ အသေးစိတ်ဖော်ပြချက်များကို စစ်ဆေးကြည့်သောအခါ ထိုနစ်ခရိုမန်ဆာအရိုးစုအား ပိုင်ရှင်အဖြစ် မသတ်မှတ်ထားပေ။

အဘယ်ကြောင့်ဆိုသော် သူသည် လူသားတစ်ဦး မဟုတ်တော့သောကြောင့် ဖြစ်လေသည်။

သူသည် ထိုယခင်ပိုင်ရှင်ပင်ဖြစ်သော်လည်း မျှော်စင်သခင်၏ ဖုတ်ကောင်အဖြစ် ပြန်လည်အသက်သွင်းခံရပြီးနောက် လုံးဝ ကွဲပြားခြားနားသော တည်ရှိမှု တစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ဒါ … မဖြစ်နိုင်ဘူး သူက ဘယ်လိုလုပ်...”

ဖီလိုနာသည် အာရန်၏ စကားများကြောင့် မယုံကြည်နိုင်စွာဖြင့် အော်ဟစ်မိလိုက်သည်။

ဝိညာဉ်များသည် အမှန်တကယ်တွင် အပြစ်သားများသာဖြစ်လေသည်။ ၎င်းတို့သည် ပထမ ဝိညာဉ်ဘုရင်မကို သစ္စာဖောက်ခဲ့ကြသူများဖြစ်ပြီး ထိုနောက်ပိုင်း ရာစုနှစ်များစွာကြာအောင် ဝိညာဉ်များစွာသည် ၎င်းတို့၏ ဆုံးဖြတ်ချက်ကို နောင်တရခဲ့ကြသည်။

၎င်းတို့သည် ၎င်းတို့၏ မိခင်ကိုပင် ပြန်သတ်မိခဲ့ကြပြီး ထိုလူသားဆီမှ အရာအားလုံးကိုလည်း ယူဆောင်သွားခဲ့ကြသည်။

ထိုပထမဝိညာဉ်ဘုရင်မ မရှိတော့သောအခါမှသာ ဝိညာဉ်လောကသည် တဖြည်းဖြည်း အားနည်းလာကာ ထိုအခါမှ ၎င်းတို့၏ လုပ်ရပ်များ၏ ကြီးလေးမှုကို သဘောပေါက်လာခဲ့ကြသည်။

ထိုနောက်ပိုင်းတွင် ပြန်ပေးဆပ်သည့်အနေဖြင့် ဝိညာဉ်များသည် ၎င်းတို့၏ အတိတ်ကအမှားများကို ပြန်လည်ပြုပြင်ရန် လူသားများနှင့် စာချုပ်များ စတင်ချုပ်ဆိုခဲ့ကြသည်။

ဝိညာဉ်များသည် စာချုပ်အရ လူသားများထံမှ ၎င်းတို့အား ဆင့်ခေါ်ခြင်းအတွက် ထိုလူသားတို့၏ အသက်ဓာတ်ကို ပြန်လည်ရယူခြင်းသည် ဝိညာဉ်လောကကို ပိုမိုအားကောင်းလာစေသော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

ဝိညာဉ်များသည် ၎င်းတို့ မှားယွင်းခဲ့ကြောင်း သိသော်လည်း အချို့အရာများမှာ မပြောင်းလဲဘဲ ရှိနေခဲ့လေသည်။

နောက်တက်လာသည့် ဝိညာဉ်ဘုရင်မများသည် လည်း ထိုအမှားမျိုးကို ထပ်မံမကျူးလွန်မိရန် လူသားများနှင့် ကင်းကင်းနေရန် ဆုံးဖြတ်ခဲ့ကြသဖြင့် လူသားများနှင့် ထပ်မံ၍ ချစ်ကြိုက်ခြင်းအဖြစ်မျိုးထပ်မံ မဖြစ်ပွားခဲ့တော့ပေ။

ဝိညာဉ်ဘုရင်မအား လူသားတစ်ဦးနှင့် စာချုပ်ချုပ်ဆိုရန် သို့မဟုတ် ဝိညာဉ်နယ်မြေမှ ထွက်ခွာရန်ပင် ခွင့်မပြုခဲ့ကြတော့ပေ။

“မှန်တယ်... ခုအချိန်အခိုက်အတန့်အတွက် ကျုပ်ဟာ ကျုပ်ရဲ့ လူသားဆန်မှုကို ရောင်းစားခဲ့တဲ့သူပဲ”

နစ်ခရိုမန်ဆာအရိုးစုသည် ကျွန်းဆွယ်ခုနစ်ခုလုံးကို ပဲ့တင်ထပ်သွားစေလောက်အောင် ကျယ်လောင်သောအသံကြီးဖြင့်အော် ပြောလိုက်သည်။

“သူမဟာ မင်းတို့ဝိညာဉ်တွေကို ဖြစ်တည်လာစေခဲ့တဲ့သူတစ်ယောက်ပဲ သူမက မင်းတို့ကို အရမ်း တန်ဖိုးထားခဲ့တာ သူမ သေဆုံးချိန်မှာတောင် မင်းတို့အပေါ်ကို မုန်းတီးစိတ်နည်းနည်းလေးလောက်တောင်ဖြစ်ခဲ့တဲ့သူမဟုတ်ဘူး ဒါပေမဲ့ ငါကတော့ သူမလို မဟုတ်ဘူး”

“မင်းတို့ သူမကို ငါ့ဆီကနေ ခွဲထုတ်သွားခဲ့ကြတယ် မင်းတို့ ငါ့ရဲ့ အရာအားလုံးကို လည်း လုယူသွားခဲ့ကြတယ် ငါ မှတ်မိသလောက် ငါဟာအဲ့ဒီအချိန်တုံးက ပြင်းထန်တဲ့ အမုန်းတရားတွေရဲ့ လောင်မြိုက်ခြင်းကိုခံခဲ့ရတယ် နောက်ဆုံးငါ သေဆုံးခဲ့ချိန်မှာတောင် ငါ လိုချင်ခဲ့တဲ့အရာက တစ်ခုတည်းပဲ... အဲ့ဒါ မင်းတို့အားလုံးကို ဖျက်ဆီးပစ်ဖို့”

“ကံမကောင်းစွာနဲ့ပဲ ဒီနေရာကို ဝင်ဖို့ နည်းလမ်းကို ငါ မရှာဖွေနိုင်ခဲ့ဘူး ဒီအားနည်းချက်အတွက် ငါ့ကိုယ်ငါ အကြိမ်ကြိမ် ကျိန်ဆဲမိရင်း အဲ့ဒီအမုန်းတရားတွေနဲ့ပဲ ငါဟာ သေဆုံးသွားခဲ့ရတယ်… ဒီလိုနဲ့ တစ်နေ့မှာတော့ သေခြင်းတရားဆီကနေ ငါ ပြန်လာနိုင်ခဲ့တယ်”

“မျှော်စင်သခင်ရဲ့ ကျေးဇူးကြောင့် ငါဒီကို ပြန်ရောက်လာနိုင်ခဲ့တာပဲ ဒါပေမဲ့ ပြန်လည်ရှင်သန်လာကတည်းက ငါ့ဘဝအကြောင်း ဘာတစ်ခုမှ မမှတ်မိတော့ဘူး ဒီကရားအိုးကို ထိမိလိုက်တဲ့အချိန်မှပဲ အရာအားလုံး ပြန်မှတ်မိခဲ့တာ”

“ငါ အလွန်မိုက်မဲမိခဲ့တယ်လို့ ခံစားခဲ့ရတယ်... သေခြင်းတရားက သူမအကြောင်းကို မေ့သွားစေခဲ့တယ်.. သေခြင်းတရားက မင်းတို့အားလုံးအကြောင်းကိုလည်း မေ့သွားစေခဲ့တယ် ဒါပေမဲ့ တစ်ဖန် သူမက ထာဝရအမှောင်ထုထဲကနေ င့ါအတွက်အလင်းရောင်တစ်ခုကို ပြသပေးခဲ့ပြီး အရာရာကို ပြန်မှတ်မိစေခဲ့တယ်...”

ထိုနစ်ခရိုမန်ဆာ၏ အရိုးစုလက်ချောင်းများသည် သူ၏ အဖိုးတန်ဆုံးအရာဖြစ်သည့်အပြင် သူပိုင်ဆိုင်သည့် တစ်ခုတည်းသောအရာဟု လည်း ဆိုနိုင်သည့် ထိုကရားအိုးလေးကို ညင်သာစွာ ပွတ်သပ်နေရင်း ပြောလိုက်သည်။

သူ၏ အတိတ်ကို ပြန်မှတ်မိသောအချိန်ကတည်းက သူသည် ဤနေရာသို့ လာရောက်၍ ဝိညာဉ်များအပေါ် ငရဲမီးများ ရွာသွန်းဖြိုးလိုခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ပဲ ယခုအချိန်မှသာ ပစ္စည်းများ စုဆောင်းရန်အတွက် ခွင့်ပြုမိန့်ရခဲ့ခြင်း ဖြစ်လေသည်။

“ပစ္စည်းတွေအလုံအလောက် မစုဆောင်းနိုင်ခဲ့ရင် ငါဟာ အပြစ်ပေးခံရလိမ့်မယ် ဒါပေမဲ့ မင်းတို့အားလုံးကိုသာ ချေမှုန်းပစ်နိုင်ခဲ့ရင် ဘယ်အပြစ်ဒဏ်ကိုမဆို ငါခံယူနိုင်တယ်”

“အဲဒီနောက်မှာ ငါဟာ တကယ့် သေခြင်းတရားဆီကို ပြန်ရောက်သွားရင်တောင် ငါ ပျော်ရွှင်နိုင်လိမ့်မယ် မင်းတို့အားလုံးကိုလည်း သူမရဲ့ ခွင့်လွှတ်ခြင်းကို တောင်းခံနိုင်အောင် ငါနဲ့အတူ သေခြင်းတရားဆီ ဆွဲခေါ်သွားရလိမ့်မယ်”

သူသည် ညာဘက်လက်ကို မြှောက်လိုက်ပြီး ငရဲမီးမန္တန်စက်ဝိုင်းသည် တစ်ဖန် ကောင်းကင်၌ ပေါ်လာခဲ့သော်လည်း ဤတစ်ကြိမ်၌မူ ၎င်းနှင့်ပတ်သက်၍ တစ်စုံတစ်ခု ကွဲပြားခြားနားနေလေသည်။

ဤတစ်ကြိမ်၌ စက်ဝိုင်းသည် ပို၍ ရှုပ်ထွေးလာပြီး သေခြင်းနှင့် သက်ဆိုင်သော မန္တန်များလည်း ထပ်၍ တိုးလာလေသည်။

ဖီလိုနာ၏ မျက်နှာအမူအရာသည် ထိုမန္တန်စက်ဝိုင်းကို မြင်သောအခါ ပို၍ မှောင်မိုက်သွားလေသည်။ သူမတွင် ခွန်အားများ မကျန်ရှိတော့သောကြောင့် သူမသည် သူမ၏ လူများကိုပင် မကာကွယ်နိုင်တော့ပေ။

“ဝိညာဉ်အားလုံး အသတ်ခံရတော့မယ်ဆိုတာ မင်း နားလည်တယ်မလား” အာရန်သည် ဝိညာဉ်ဘုရင်မကို သူမ၏ နားရွက်နားသို့ကပ်၍ တစ်စုံတစ်ရာ တီးတိုးပြောဆိုလိုက်ကာ သွေးဆောင်ရန်ကြိုးစားလိုက်သည်။

“ဒါပေမဲ့ အဲဒီလိုမျိုး ဖြစ်သွားစရာ မလိုပါဘူး... မင်းသာတကယ်လို့ အဲ့လိုအဖြစ်မျိုး မဖြစ်စေချင်ခဲ့ရင်ပေ့ါ…”

#Catfoot

All Chapters