← Chapters

ဗီလိန်တစ်ဦးနှင့်တူသော

Vol. 14 Ch. 183

ဗီလိန်တစ်ဦးနှင့်တူသော

Vol. 14 Ch. 183

အာရန် ဘာကို ဆိုလိုနေသည်ကို နားမလည်နိုင်လောက်အောင် ဖီလိုနာသည် တုံးအသူတစ်ယောက် မဟုတ်ပေ။

ဤအခြေအနေ၌ ဝိညာဉ်အားလုံးသည် အသုံးမဝင်တော့ပေ။ ထိုနစ်ခရိုမန်ဆာအာ ပြန်တိုက်ခိုက်နိုင်စွမ်းရှိသော တစ်ဦးတည်းသောသူမှာ အာရန်ပင်ဖြစ်သည်။

အာရန်သည် နစ်ခရိုမန်ဆာကို အမှန်တကယ် အနိုင်ယူနိုင်မလား သူမ မသေခြာပေ။

အထူးသဖြင့် ဤမျှ ခွန်အားကြီးမားသူတစ်ဦးကိုဖြစ်လေသည်။

သူမပင် သူမ၏ လူများကို ကာကွယ်နေစဉ်အတွင်း ထိုသူ၏ မန္တန်အစွမ်းများကို အနည်းငယ်သာ တားဆီးနိုင်ခဲ့သည်။

သို့သော် မည်သို့ပင်ဆိုစေ သူသည် ဤအချိန်၌ ၎င်းတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်လည်းဖြစ်လေသည်။

သူမသည် အာရန်မှ ၎င်းနစ်ခရိုမန်ဆာကို အနိုင်ယူနိုင်လိမ့်မည်ဟု မျှော်လင့်ချက် မထားခဲ့သော်လည်း သူမသည် ထိုမျှအထိပြုလုပ်ပေးရန်လည်း မလိုအပ်ခဲ့ပေ။

သူမ လိုအပ်သောတစ်ခုတည်းသောအရာမှာ ထိုအရိုးစု၏လက်ထဲတွင် ရှိနေသော ထိုဝိညာဉ်ကရားအိုး ကွဲသွားရန်သာ ဖြစ်လေသည်။

ထိုအိုးကွဲသွားသည်နှင့် ၎င်းတို့သည် အခြားသူများကို အားကိုးမည့်အစား ၎င်းတို့၏ ကံကြမ္မာကို ၎င်းတို့ကိုယ်တိုင် ဆုံးဖြတ်နိုင်လိမ့်မည်ဟု သူမ ယုံကြည်ထားသည်။

ကံမကောင်းစွာဖြင့် သူမတို့ဝိညာဉ်များသည် မည်သူမျှထိုကရားအိုးကို ချိုးဖျက်ရန် လောလောဆယ်တွင် မဖြစ်နိုင်ပေ။

အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ တိုက်ခိုက်မှုအားလုံးသည် ဝိညာဉ်အဆီအနှစ်မရှိတော့ခြင်းကြောင့် မည်သို့မျှ အသုံးမဝင် ဖြစ်သွားသောကြောင့် ဖြစ်လေသည်။

အပြင်လူတစ်ဦးသာ ထိုကဲ့သို့သော အရာကို လုပ်ဆောင်နိုင်ပြီး ကံကောင်းစွာဖြင့် ၎င်းတို့၌ ထိုအပြင်လူတစ်ဦး ရှိနေခဲ့လေသည်။

အာရန်သည် တစ်ခုခု မှားယွင်းနေသကဲ့သို့ သူ၏ နားရွက်များကို ပြန်ကုတ်လိုက်မိသည်။ သူသည် ထပ်မံတုံ့ပြန်ခြင်း မပြုဘဲ ဝိညာဉ်ဘုရင်မကိုသာ ကြည့်နေလိုက်သည်။

“ဘာလို့ ဘာမှ မလုပ်တာလဲ” အက်စ်တလီနာက တင်းမာစွာ ပြောလိုက်သည်။

“သွားပြီး အဲဒီအရာကို ခွဲပစ်လိုက်လေ”

အာရန်သည် သက်ပြင်းသာ ချလိုက်ပြီး သူမ၏ နဖူးကို ပုတ်လိုက်သောကြောင့် သူမသည် နောက်သို့ လဲကျသွားသည်။

သူသည် အင်အားများများ မသုံးခဲ့သော်လည်း အက်စ်တလီနာသည် ယခုအချိန်တွင် အလွန်အားနည်းနေသောကြောင့် ဟန်ချက်ပျက်သွားရသည်။

“ရှင် သေချင်နေတာလား”

အက်စ်တလီနာသည် သူမ၏ နဖူးကို ပြန်ပွတ်သတ်ရင်းပြောလိုက်သည်။

သို့သော် သူမ မတ်တပ်မရပ်နိုင်မီပင် အာရန်သည် သူမအနားသို့ ချဉ်းကပ်လာပြီး သူ၏ မျက်လုံးများသည် သူ၏အောက်တွင် သူစိတ်ကြိုက်ဆော့ကစားလို့ရသည့် အရာတစ်ခုကို ကြည့်နေသကဲ့သို့ သူမကို ကြည့်နေခြင်းဖြစ်သည်။

သူသည် ယခုအချိန်တွင် အရာအားလုံးကို လုယူရန် ဆုံးဖြတ်ထားပြီး ဖြစ်သောကြောင့် သူရဲကောင်းတစ်ဦးအဖြစ်ဆိုပါက ထိုသို့ လုပ်၍ရမည် မဟုတ်ပေ။

ထို့ကြောင့် သူသည် ဗီလိန်တစ်ဦး ဖြစ်ရမည်ဖြစ်ပြီး ထိုအခန်းကဏ္ဍကို သရုပ်ဆောင်ရန် သူသည် အသင့်ဖြစ်နေပြီဖြစ်သည်။

သူ၏ စူးရှသော အကြည့်များအောက်တွင် အက်စ်တလီနာသည် သူမ၏ နှလုံးသားအနက်ရှိုင်းဆုံးမှ ကြောက်ရွံ့မှုများ တိုးပွားလာသည်ကို တကယ်ပင် ခံစားလိုက်ရသည်။

သူမသည် လူသားတစ်ဦးက သူမကို ကြည့်နေသည်ဟု မခံစားရဘဲ လူ့အရေခွံခြုံထားသော ရှေးဟောင်း နတ်ဆိုးသားရဲကြီးတစ်ကောင်မှ ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။

“မိန်းကလေး မင်းတစ်ခုခုကို နားလည်မှုလွဲနေတယ်လို့ မထင်ဘူးလား” ဟု အာရန်က မေးလိုက်ပြီး သူ၏ ဓားသည် သူ၏ လက်ထဲသို့ ပြန်ရောက်သွားသည်။

သူသည် သူမလိုချင်သည့်အချိန်တိုင်း သူမ၏ အသက်ကို နှုတ်ယူနိုင်ကြောင်း ပြသရန်အတွက် သူမ၏ နှလုံးသားကို ဓားဖြင့် ချိန်ရွယ်လိုက်သည်။

“ပထမဦးဆုံး မင်း ငါ့ကို ငါ့အိမ်ကနေ ပြန်ပေးဆွဲလာခဲ့တယ် ပြီးတော့ မင်း ငါ့ကို ဒီနေရာကို ဆွဲခေါ်လာပြီး နယ်စပ်မြို့မှာ မင်းလူတွေနဲ့အတူ င့ါကိုတိုက်ခိုက်ဖို့ ကြိုးစားခဲ့တယ် အခုတော့ မင်းက ငါ့ကို မင်းအတွက် တိုက်ခိုက်စေချင်နေတာလား”

သူသည် ဒူးတစ်ဖက်ထောက်ကာ သူ၏ နှုတ်ခမ်းများကို သူမ၏ နားရွက်နှင့် ပို၍ နီးကပ်စေလိုက်သည်။

“တတိယအကြိမ်သာဆို ငါမင်းကို သတ်မယ်လို့ ငါ မင်းကို မပြောခဲ့ဘူးလား ငါ တကယ် လုပ်နိုင်မလား မလုပ်နိုင်ဘူးလား စမ်းကြည့်ချင်လို့လား”

အက်စ်တလီနာသည် မျက်နှာတစ်ခုလုံး ဖြူဖတ်ဖြူရော်ဖြစ်သွားသည်။

သူမသည် အာရန်မှာ သူမ သူ့ကို ဤနေရာသို့ ခေါ်ဆောင်လာစ ကတည်းက တစ်ကြိမ်မျှပင် သူမ စကားကို နားထောင်ခဲ့သောသူမဟုတ်ကြောင်း မေ့လျော့နေခဲ့သည်။

သူမသည် ဝိညာဉ်အဆီအနှစ်ကို အသုံးပြုနေနိုင်စဉ်၌ပင် သူသည် ပြန်လည်တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့ခြင်းဖြစ်သည်။

နယ်စပ်မြို့၌ ဝိညာဉ်စစ်သည်များ ဝန်းရံထားစဉ်၌ပင် သူသည် သူမကိုပြန်လည် သတ်ရန် ခြိမ်းခြောက်ခဲ့သည်။

သူမ တိုက်ခိုက်နိုင်စဉ်တွင်ပင် သူသည် သူမကို မကြောက်ရွံ့ခဲ့ပေ။ တစ်ဖက်တွင် မူ သူမသည် ယခုအချိန်တွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်းပင်လုံး၀ မရှိတော့ပေ။

၎င်းတို့နှစ်ဦးတွင် မည်သူသည် ပို၍ ကြီးမားသော ခြိမ်းခြောက်နိုင်မှုဖြစ်သည်ကိုပင် သူမ မသိတော့ပေ။

ထိုနစ်ခရိုမန်ဆာအရိုးစုလား သို့မဟုတ် ဤသာမန်ဟန်ပေါက်နေခဲ့သော လူသားတစ်ဦးနှင့်တူသေ သူလား။

သူမသည် အာရန်ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့ပြီး ၎င်းတို့သည် ဝံပုလွေများဖြစ်ပြီး သူသည် တန်ဖိုးတန်သော သိုးငယ်လေး တစ်ကောင်သာဖြစ်မည်ဟု ထင်ခဲ့ကြသည်။

သို့သော် အမှန်တကယ်မူပြောင်းပြန်ဖြစ်နေခဲ့လေသည်။ ၎င်းတို့သည် သိုးများဖြစ်နေခဲ့ခြင်းဖြစ်ပြီး သူမသည် သူမ၏ အိမ်သို့ ဝံပုလွေတစ်ကောင်ကို ခေါ်ဆောင်လာခဲ့ခြင်းနှင့် တူနေသည်မဟုတ်ပါလော။

သူမသည် ထိုသူမှာ ရှုယင်နှင့်အတူ ရှိနေသောကြောင့် ဆိုးသွမ်းသူ သို့မဟုတ် အန္တရာယ်ရှိသူဖြစ်လိမ့်မည်ဟု မထင်ခဲ့ပေ။

သူသည် ရှုယင်နှင့် လုံးဝ ကွဲပြားခြားနားသောသူတစ်ဦးဖြစ်ကြောင်း သူမ မသိနိုင်ခဲ့ပေ။

အာရန်သည် သူဖတ်ခဲ့သော ဆန့်ကျင်ဘက်ဇာတ်ကောင်များအားလုံးထံမှ သင်ယူကာ လူဆိုးတစ်ဦးအဖြစ် သူ၏ သရုပ်ဆောင်မှု၌ အမှန်တကယ် နှစ်မြုပ်ထားလိုက်သည်။

သူသည် ၎င်းတို့အားလုံးကို သတ်ပစ်ရန် အမှန်တကယ် အစီအစဉ်မရှိသော်လည်း ၎င်းတို့ကို ကြောက်ရွံ့စေခြင်းသည် အမှန်တကယ် ပျော်စရာကောင်းသည်ဟု ခံစားနေရသည်။

ထို့ပြင် ၎င်းတို့ကို လက်အောက်ခံဖြစ်စေလိုပါက အကြောက်တရားသည် လုံးဝ လိုအပ်လေသည်။

သူရွေးချယ်မိခဲ့သော သိမ်းပိုက်ခြင်းရွေးချယ်မှုကို ပြီးမြောက်နိုင်ရန် လုပ်ဆောင်ရာ၌ မည်သည့် အားနည်းချက်ကိုမျှ သူပြသ၍ မရပါ။

သူသည် ဤဝိညာဉ်လောကကို သူ့အား လွှဲပြောင်းပေးရန် တောင်းခံရန် မလိုပေ။ ၎င်းအတွက် ဆုလာဘ်တစ်ခုခု ရရန်လည်း မလိုပေ။

အဖြေသည် ရိုးရှင်းသည်... သူသည် ဤနေရာတစ်ခုလုံးကို လုံးဝ သိမ်းပိုက်ရမည်ဖြစ်သည်။

“ဟေ့နှာဗူးကောင် င့ါအမ ဆီကနေ ဖယ်စမ်း”

ရက်စ်ဖီသည်အာရန်အား အော်ဟစ်လိုက်သော်လည်း အာရန်၏ အကြည့် သူမဆီသို့ ရောက်သွားသည်နှင့် သူမလည်း ထိုနေရာ၌ပင် ရပ်တန့်သွားသည်။

“မင်းအတွက်ကတော့...” အာရန်သည် ထရပ်ကာ ရက်စ်ဖီဆီသို့ ပြန်လျှောက်သွားသည်။

“နောက်ဆုံးတစ်ခေါက်က မင်းကိုငါ သတိမပေးခဲ့ဘူးလား မွေးကင်းစဝိညာဉ်တွေကကော သွေးထွက်တတ်လားဆိုတာ ကြည့်ရအောင်”

အာရန်သည် ဓားကို မြှောက်ကာ အရူးတစ်ယောက်ကဲ့သို့ ဓားသွားကို လျှာဖြင့် သပ်လိုက်သည်။

၎င်းသည် သူဖတ်ခဲ့ဘူးသော ဗီလိန်ဇာတ်ကောင်များမှာ ထိုသို့လုပ်ဆောင်ကြသည်အား မိုက်သည်ဟု ထင်နေခဲ့ဘူးသော်လည်း အမှန်တကယ် လုပ်ဆောင်သောအခါ သူသည် အလွန် ထူးဆန်းသော ခံစားချက်ကို ခံစားခဲ့ရသည်။

ဖီလိုနာသည် အာရန်နှင့် သူမ၏ သမီးကြား၌ ဝင်ရပ်ကာ ရက်စ်ဖီကို သူမ၏ နောက်၌ ကွယ်ဝှက်ထားလိုက်သည်။

“ရှင့်ရဲ့ အကူအညီအတွက် ဘာနဲ့ လဲလှယ်ချင်တာလဲ” ဟု သူမသည် နစ်ခရိုမန်ဆာအကြောင်းကို ပြန်လည်အသိပေးရင်း မေးလိုက်သည်။

“အကူအညီလား.. ငါနဲ့မဆိုင်တဲ့အပြင်လူတွေကို ကူညီကာကွယ်ပေးဖို့ ငါမှာ အစီအစဉ်မရှိဘူး ဒါပေမဲ့ ငါပိုင်တဲ့ အရာတစ်ခုအတွက်ဆိုရင်တော့... ငါ က သေချာပေါက် ကာကွယ်ပေးမှာပေ့ါ ငါပိုင်တဲ့အရာတွေကို ဘယ်သူမှ ယူသွားတာကို ငါ မကြိုက်ဘူးလေ”

အာရန်သည် ဓားကို ချထားလိုက်ပြီး ထိုနေရာ၌ ဘာတွေဖြစ်နေတာလဲဟု ကြောင်ကြည့်နေဟန်ရကာ စိတ်ရှုပ်ထွေးနေပုံဖြင့် ငူငူကြီးရပ်နေသော နစ်ခရိုမန်ဆာအရိုးစုအား တစ်ချက်ကြည့်လိုက်သည်။

ထိုဝိညာဉ်များသည် သူ့အားကြောက်ရွံ့ကြလိမ့်မည် သို့မဟုတ် သူ့အား ခွင့်လွှတ်ရန် တောင်းပန်ကြလိမ့်မည်ဟု သူ ထင်ထားခဲ့သည်။

သူသည် ၎င်းတို့သည် သူ့အား နည်းမျိုးစုံဖြင့် ထပ်မံတိုက်ခိုက်ရန် ကြိုးစားလိမ့်မည်ဟုပင် မျှော်လင့်နေခဲ့သည်။

သို့သော် ဝိညာဉ်ဘုရင်မသည် သူ့ကို လုံးဝ လျစ်လျူရှုထားလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

ထိုအစား သူမ၏ အာရုံအားလုံးသည် ထိုဘယ်ကမှန်းမသိသည့် လူသားပေါ်၌သာ ရှိနေခဲ့သည်။

“ငါ မင်းတို့ကို လျှောက်ဆော့စကားဖို့ အချိန်တွေအများကြီး ပေးလိုက်မိပုံရတယ် ခုတော့ အကုန်လုံးကို အပြီးသတ်လိုက်ကြရအောင်”

ဟု သူသည် ခုနစ်ဆင့်ထပ် ငရဲမီး မန္တန်စက်ဝိုင်းကို နောက်ထပ် ပြီးမြောက်အောင် လုပ်ဆောင်ရင်း ပြောလိုက်သည်။

အာရန်၏ စကားများနောက်ကွယ်၌ ဝှက်ထားသော အဓိပ္ပာယ်များကို ဖီလိုနာ နားလည်နိုင်ခဲ့သည်။ သူသည် ၎င်းတို့ထံမှ ဆုလာဘ်တစ်ခုကို တောင်းခံနေခြင်း မဟုတ်ပေ။

ထိုအစား သူသည် ၎င်းတို့၌ ရှိသမျှ အရာအားလုံးကို တောင်းခံနေခြင်း ဖြစ်လေသည်။

သူသည် ဝိညာဉ်နယ်မြေ၏ အကြွင်းမဲ့ အုပ်စိုးသူ ဖြစ်လာရန် တောင်းခံနေခြင်းဖြစ်သည်။ အတိတ်၌ ထိုအရာကို သူမ ကြားခဲ့ပါလျှင် သူမ သည် ရယ်မောမိခဲ့လိမ့်မည်ဖြစ်သည်။

လူသားတစ်ဦးသည် ဝိညာဉ်များနှင့် ၎င်းတို့၏ လောကကို အုပ်စိုးလိုနေသည်တဲ့လား။ ၎င်းသည် အတော်ပင် အဓိပ္ပာယ်မဲ့သော အတွေးတစ်ခုဖြစ်သည်။

သူမသည် သူ၏ တောင်းဆိုချက်ကို ရယ်မောရုံသာမက ထိုကဲ့သို့သော အတွေးများ ထားရှိခဲ့ခြင်းကြောင့် သူ့ကိုပင် သတ်ပစ်နိုင်သည်။

သို့သော် ယခု... အခြေအနေများသည် ပို၍ ရှုပ်ထွေးနေပြီဖြစ်သည်။

#Catfoot

All Chapters