← Chapters

ဒဏ္ဍာရီအဆင့် တစ်စုံတစ်ခုကို ဆင့်ခေါ်ခြင်း

Vol. 14 Ch. 184

ဒဏ္ဍာရီအဆင့် တစ်စုံတစ်ခုကို ဆင့်ခေါ်ခြင်း

Vol. 14 Ch. 184

“ပထမဦးဆုံးအနေနဲ့ ရှင် ကျွန်မတို့ကို ကူညီဖို့ကလွဲပြီး ရှင့်မှာကော တခြားရွေးချယ်စရာ ရှိသေးလို့လား”

ဝိညာဉ်ဘုရင်မ ဖီလိုနာသည် အာရန်၏ တောင်းဆိုမှုကို သဘောမတူခဲ့ပေ။

“ရှင်သာ ကျွန်မတို့ကို မကူညီရင် ရှင်လည်း ဒီမှာပဲ သေရလိမ့်မယ် ဒါ မှန်တယ်မဟုတ်လား”

သူမသည် ထိုကရားအိုးကို ချိုးဖျက်ရန်အတွက်သာ သူ၏ အကူအညီ လိုအပ်ခြင်းဖြစ်သည်။

ထို့နောက် ၎င်းသည် သူမ၏ တိုက်ပွဲသာဖြစ်သည်။

၎င်းတို့၏ အကူအညီမပါဘဲ အာရန်သည် နစ်ခရိုမန်ဆာကို အနိုင်ယူနိုင်မည်ဟု သူမ မယုံကြည်ခဲ့ပေ။

သူသည် ၎င်းတို့၏ အကူအညီမပါဘဲ ဤနေရာမှ ထွက်ခွာနိုင်မည်လည်း မဟုတ်ပေ။

သူသည် ၎င်းတို့နှင့်အတူ ဤနေရာ၌ ပိတ်မိနေသည်။ ၎င်းတို့ သေဆုံးပါက သူလည်း သေဆုံးရမည်ဖြစ်သည်။ သူ သေဆုံးပါက ၎င်းတို့လည်း သေဆုံးရမည်ဖြစ်သည်။

၎င်းတို့နှစ်ဦးနှစ်ဖက်စလုံး ရှင်သန်နိုင်ရန်မှာ တစ်ဦးကိုတစ်ဦးအပြန်အလှန် လိုအပ်လေသည်။ တစ်ဦးကတစ်ဦးကို အသာစီးရနေသော အခြေအနေမျိုး မဟုတ်ပေ။

ထိုနစ်ခရိုမန်ဆာအရိုးစုသည် အချိန်အတော်ကြာ တည်ရှိနေခဲ့သူဖြစ်သည်။ သူသည် သာမန် နစ်ခရိုမန်ဆာတစ်ဦးသာ မဟုတ်ဘဲ မည်သည့် သာမန် နစ်ခရိုမန်ဆာထက်မဆို ပိုမိုအစွမ်းထက်သော ဖုတ်ကောင် နစ်ခရိုမန်ဆာ တစ်ဦးလည်းဖြစ်လေသည်။

ဤအခြေအနေ၌ပင် ဖီလိုနာသည် ထိုမျှ တည်ငြိမ်စွာ တွေးတောနိုင်သည်ကို အာရန် အံ့အားသင့်နေမိခဲ့သည်။

“သူက ခွန်အားကြီးတဲ့သူတစ်ဦးဆိုတာမှန်ပေမဲ့ ငါ့ကို အနိုင်ယူနိုင်တဲ့သူ မဟုတ်ဘူး” ဟု သူ ပြန်ဖြေလိုက်သည်။

“တခြား နစ်ခရိုမန်ဆာတစ်ယောက်ဆိုရင် ကွဲပြားနိုင်ပေမဲ့ သူ့အတွက်ကတော့... ငါမှာ သူ့ကို ငါတစ်ယောက်တည်းနဲ့ ဖြုတ်ချဖို့ လုံလောက်တဲ့ စွမ်းရည်ရှိတယ်”

“မင်း ဒီအပေးအယူကို မကြိုက်ရင် ငါက ပွဲကြည့်ပရိတ်သတ်အဖြစ် ပြန်သွားနေနိုင်တယ် သူက မင်းတို့ဝိညာဉ်တွေကို အမုန်းဆုံးပဲ ဒါကြောင့် သူ မင်းတို့ကို ညှဉ်းပန်းနှိပ်စက်ဖို့ အချိန်အတော်ကြာ ယူလိမ့်မယ်ဆိုတာ ငါ သေချာပြောရဲတယ်”

“ရှင် လိမ်ပြောနေတာ ရှင် သူ့ကို ဘယ်လို အနိုင်ယူနိုင်မှာလဲ”

ဖီလိုနာက မယုံကြည်နိုင်စွာဖြင့် မေးလိုက်သည်။

အာရန်၌ သူမမသိသေးသော ရတနာပစ္စည်းအချို့ ရှိနေခဲ့လျှင်ပင် ထိုအရိုးစုကို သတ်ရန် မဖြစ်နိုင်သင့်ပေ။

၎င်းတို့နှစ်ဦးတွင် စွမ်းအားအရာ၌ အတော်ကို ကွာခြားမှုများ ရှိနေသည်။

အထူးသဖြင့် ထိုနစ်ခရိုမန်ဆာအရိုးစုသည် မည်သည့်တိုက်ခိုက်မှုကိုမဆို ရင်ဆိုင်ရန် အခြားသူများ၏ ခန္ဓာကိုယ်တည်နေရာနှင့် သူ၏ ခန္ဓာကိုယ်တည်နေရာကို လဲလှယ်နိုင်သောအစွမ်းလည်းရှိလေသည်။

သူမ၏ ကိုယ်ပိုင်တိုက်ခိုက်မှုများပင် သူ့ကို မထိခိုက်စေခဲ့ပေ။

“မင်း ငါ့ကို မယုံကြည်ရင်တောင် ငါသေနိုင်တယ်၊ မသေနိုင်ဘူးဆိုတာနဲ့ အဲဒါက ဘာကို ပြောင်းလဲစေမှာမို့လဲ” အာရန်သည် ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။

“ဒါပေမဲ့ မင်းနဲ့ မင်းဝိညာဉ်တွေကတော့ သေမှာ သေချာနေတယ်”

ဖီလိုနာသည် သူမ၏ လက်သီးကို ကြစ်ကြစ်ပါအောင်ဆုပ်ထားလိုက်ပြီး သူမ၏ နောက်ကျောသည် နံရံတစ်ခုနှင့် ထိကပ်နေသည်ဟု ခံစားလိုက်ရသည်။

သူမသည် ဤတိုက်ခိုက်မှုဆီမှ ရှင်သန်နိုင်လျှင်ပင် ဝိညာဉ်မည်မျှ အသတ်ခံရမည်နည်း။ သူမ၏ မျိုးနွယ်စုတစ်ခုလုံးသာ ပျောက်ကွယ်သွားပါက ဝိညာဉ်ဘုရင်မ အဖြစ်မည်သို့ဆက်လက်ရပ်တည်ရမည်နည်း။

ဖီလိုနာသည် မြေပြင်ပေါ်သို့ လဲကျသွားသော ဝိညာဉ်စစ်သည်များကို ကြည့်လိုက်သည်။ လွတ်မြောက်သွားသော ဝိညာဉ်များသည်လည်း ခပ်ဝေးဝေးသို့မပြေးနိုင်ကြတော့ပေ။

သူမ ဘာမျှ မလုပ်ပါက တစ်ယောက်ပြီးတစ်ယောက်နှင့် နောက်ဆုံးတွင် အားလုံးအသတ်ခံရ တော့မည်ဖြစ်သည်။

“ကျွန်မရဲ့ မျိုးနွယ်စုတစ်ခုလုံးရဲ့ ကံကြမ္မာကို ရှင့်လက်ထဲကို ထည့်ပေးဖို့ မဖြစ်နိုင်ဘူး ကျွန်မ... ကျွန်မ သူတို့အတွက် ဒီလိုကိစ္စမျိုးကို ကိုယ်စားဆုံးဖြတ်ချက် ချပေးလို့မရဘူး”

ဝိညာဉ်ဘုရင်မသည် သွားများကို တင်းတင်းကြိတ်ကာ ပြန်ပြောလိုက်သည်။

“ဒါဆိုရင်တောလဲ ငါ...”

အာရန်သည် ဖြည်းဖြည်းချင်း နောက်ဆုတ်ရန် စတင်လိုက်သော်လည်း ဝိညာဉ်ဘုရင်မသည် မျက်စိရှေ့တွင်ပင် သူ့အား ဒူးထောက်လိုက်သည်ကို မြင်သောအခါ ထိုနေရာတွင်ပင် ရပ်တန့်သွားမိသည်။

ဝိညာဉ်တို့၏ ဘုရင်မ... အားအကောင်းဆုံး ဝိညာဉ်သည် သာမန်လူသားတစ်ဦးရှေ့၌ ဒူးထောက်နေသည်တဲ့လား။

သူမ၏ လူများကို ကယ်တင်ရန် သူမသည် သူမ၏ မာနကိုပင် မြိုသိပ်ကာ သာမန်လူသားတစ်ဦးရှေ့၌ ဒူးထောက်ရန်ပင် ဆန္ဒရှိနေခဲ့သည်။

ဝိညာဉ်တစ်ဦးအတွက် ၎င်းတို့၏ မာနသည် အရာအားလုံးဖြစ်သည်။

သို့သော် ဝိညာဉ်ဘုရင်မသည် အာရန်အား နယ်မြေတစ်ခုလုံးနှင့် သူမ၏ လူမျိုးများ၏ အသက်များကို ထိန်းချုပ်ခွင့်ပေးရမည့်အစား ထိုမာနကို စတေးနေခြင်းဖြစ်သည်။

သာမန်အခြေအနေများတွင် အာရန်သည် သူမ၏ စကားကို နားထောင်လိမ့်မည်။

သူသည်ပင် ဤအရာကို လျစ်လျူရှုရန် ထိုမျှ နှလုံးသားမဲ့သူ မဟုတ်ပေ။ ကံမကောင်းစွာဖြင့် သူ၌လည်း ရွေးချယ်စရာ မရှိပေ။

ယခု သူမကို သူ ကူညီပါက စနစ်ရွေးချယ်မှုကို ပြီးမြောက်ရန် အခွင့်အရေး မရှိတော့ပေ။ သူသည် သူစိမ်းတစ်ဦးအတွက် သူ၏ အနာဂတ်ကို အမှန်တကယ် စွန့်လွှတ်နိုင်ပါ့မလား။

အာရန်၏နောက်ကျောတွင် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုတ်ထာနေမိသော်လည်း ဝိညာဉ်ဘုရင်မသည် သူ၏ကိုယ်ဖြင့် ကွယ်နေသောကြောင့် ထိုဆုပ်ထားသော လက်သီးများကို မမြင်နိုင်ခဲ့ပေ။

ထို့နောက် သူသည် ဖြည်းဖြည်းချင်း နောက်ပြန်လှည့်သွားကာ မကြာမီပင် သူ၏ ခန္ဓာကိုယ်သည် လေထဲသို့ မြင့်တက်သွားကာ ထိုနေရာမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

“ရင့် အဲဒီလောက်အထိ အသဲအသန်ဖြစ်နေရင်တောင် ကျွန်မ ဒါနဲ့ပတ်သက်ပြီး ဘာမှ မလုပ်ပေးနိုင်ဘူး”

သူသည် လေထဲသို့ တဖြည်းဖြည်း မြင့်တက်သွားပြီး သူမထံမှ တဖြည်းဖြည်း ဝေးကွာသွားသည်။

ဝိညာဉ်ဘုရင်မသည် မြေပြင်ပေါ်၌ ထိုင်နေပြီး အာရန် ထွက်သွားသည်ကို ကြည့်ရင်း သူမ၏ လက်သည် မြေကြီးပေါ်တွင်ကျစ်ကျစ်ပါအောင်ဆုတ်နေမိသည်။

သူမ ငိုကြွေးခြင်း မပြုသော်လည်း သူမ၏ မျက်လုံးများသည် သူမ၏ အားနည်းမှုကြောင့် ကူကယ်ရာမဲ့မှုတို့ဖြင့် ပြည့်နှက်နေဆဲဖြစ်သည်။

သူမသည် ခေါင်းမော့ကာ မန္တန်စက်ဝိုင်း ပြီးစီးလုနီးပါး ဖြစ်နေသည်ကို ကြည့်လိုက်သည်။

သူမသည် သူမ၏ သမီးများနှင့်အတူ ထိုပထမမျိုးဆက် ဝိညာဉ်များ၏ အပြစ်များ အတွက် မဆီမဆိုင် ပေးဆပ်ရတော့မည့် အခြားဝိညာဉ်များ၏ မျက်နှာများကို မြင်ယောင်ကြည့်လိုက်သည်။

......

“ကောင်းပြီ ဒီက အရာအားလုံး ရှင်ပိုင်တယ် ကျွန်မတို့အားလုံးကို ရှင်ပိုင်တယ် ကျွန်မတို့ရဲ့ သေခြင်းရှင်ခြင်း အဲဒါ အားလုံး ရှင့်လက်ထဲမှာ ကျွန်မလူတွေကို ကူညီပါ” သူမသည် အသံကုန် အော်ဟစ်လိုက်လေသည်။

အာရန်သည် ရွေးချယ်မှုကို ပြီးမြောက်ရန် သူမ၏ စကားများကိုသာ လိုအပ်သည်။

သူမသည် နောင်တွင် သူမ၏ စကားများကို တည်မည်မတည်မည်ကို သူပင် မသိနိုင်ပေ။ ဝိညာဉ်များသည် လိမ်ညာ၍ မရဟု ဆိုကြသော်လည်း အမှန်တကယ် ဟုတ်မဟုတ်မသေခြာပေ။

သို့သော် သူသည် သူမ၏ စကားများ မှန်မမှန်ကို ဂရုမစိုက်ပေ။သူဂရုစိုက်သည်မှာ သူ၏ စနစ်ကိုသာ ဖြစ်လေသည်။

သို့သော် အံ့အားသင့်စွာဖြင့် နောက်တစ်ခဏ၌ ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်ခဲ့သည်။

သူ၏ မျက်လုံးရှေ့၌ သွေးရောင်လွှမ်းနေသော ဖန်သားပြင်တစ်ခု ပေါ်လာပြီး အနက်ရောင် အမှုန်အမွှားများဖြင့် တဖျပ်ဖျပ် ထနေလေသည်။

[သင်သည် ပထမရွေးချယ်မှုကို ပြီးမြောက်ခဲ့ပါပြီ]

[ဝိညာဉ်ဘုရင်မ၏ စကားများကို အတည်ပြုပြီးပါပြီ ပြန်လည်ရုပ်သိမ်း၍ မရသော သဘောတူညီချက်ကို ရယူပြီးပါပြီ]

“သဘောတူညီချက်ကို ပြန်လည်ရုပ်သိမ်းလို့ မရဘူးလား”

ထိုစကားများကို ကြည့်ရင်း အာရန်သည် သူ၏ ပထမဆုံးအကြိမ် ထိုမသမာသော ကောင်းကင်ဝတ္ထုများ၏ ဝက်ဘ်ဆိုက်တစ်ခုအတွင်းသို့ ဝင်ရောက်မိခဲ့သော ညကို ပြန်လည်သတိရလိုက်သည်။

အရာအားလုံးသည် ဤစာကြောင်းတစ်ခုဖြင့်ပင် စတင်ခဲ့ပြီး သူသည် သိပ်မစဉ်းစားမိခဲ့ဘဲ သဘောတူညီချက်ခလုပ်ကို နှိပ်မိခဲ့သည်။

အချိန်အတော်ကြာပြီးနောက် ယခုတွင် ဤစာသားများသည် သူ့အတွက် မဟုတ်ဘဲ တစ်ဖန် ပြန်လည်ထွက်ပေါ်လာခဲ့သည်။

အာရန်တစ်ဦးတည်းသာ မြင်နိုင်သော သွေးရောင်လွှမ်းနေသည့် သံကြိုးများ စနစ်ဖန်သားပြင်မှ ထွက်ပေါ်လာသည်။

ထိုသံကြိုးများသည် ဝိညာဉ်ဘုရင်မနှင့် အခြားဝိညာဉ်များဆီသို့ တည့်တည့် ပျံသန်းသွားပြီး ၎င်းတို့၏ ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်ကာ ၎င်းတို့၏ နှလုံးသားများကို ချည်နှောင်ထားလိုက်ကြသည်။

ဒုတိယကျွန်းပေါ်ရှိ ဝိညာဉ်များသာမက နယ်မြေတစ်ခုလုံးရှိ ကျွန်းတိုင်း၌ရှိသော ဝိညာဉ်များသည်ပင် မသိလိုက်ရဘဲ ဤသံကြိုးများဖြင့် ချည်နှောင်ခံခဲ့ရသည်။

ဝိညာဉ်ဘုရင်မ၏ စကားများသည် သူမ၏ လူမျိုးတစ်ခုလုံးအတွက် သဘောတူညီချက်အဖြစ် မှတ်ယူခံခဲ့ရသည်။

[ပထမဆုံး သိမ်းပိုက်ခြင်း ပြီးမြောက်မှုအတွက် ဂုဏ်ယူပါသည်။]

[သင်သည် ခေါ်ဆိုမှုတစ်ခုအား ဆုချီးမြှင့်ခံလိုက်ရပါသည်။]

[သင်သည် စောင့်လျှောက်သူ ဝိညာဉ်တစ်ဦးအား ဆုအဖြစ်ချီးမြှင့်ခံရပါသည်။ သင်သည် သူမကို မည်သည့်အချိန်၌မဆို ခေါ်ယူနိုင်ပါသည်။]

“ငါ့ရဲ့ ဒဏ္ဍာရီအဆင့် ဆုလာဘ်လား”

အာရန်သည် စနစ်ဖန်သားပြင်ကို ကြည့်ရင်း သူ၏ နှုတ်ခမ်းများသည် အပြုံးတစ်ခု ဖြစ်ပေါ်လာလေသည်။

သူ၏ စနစ်ဖန်သားပြင်မှ သံကြိုးများ ထွက်လာသည်ကို မြင်သောအခါ သူ သည် ခဏတာ အံ့အားသင့်သွားခဲ့သော်လည်း ဆုလာဘ်သည် သူ၏ အတွေးများကို လုံးဝ ပြောင်းလဲပစ်လိုက်သည်။

သူ အလိုချင်ဆုံးအရာကို နောက်ဆုံး၌ သူရရှိနိုင်ခဲ့ပြီဖြစ်သည်... ၎င်းသည် သူ၏ ပထမဆုံး ဒဏ္ဍာရီအဆင့် ဆုလာဘ်ဖြစ်လေသည်။

ထိုနစ်ခရိုမန်ဆာအရိုးစု ကို တားဆီးရန် မည်သူ့အကူအညီကိုမျှ သူ မလိုအပ်သော်လည်း (အဘယ်ကြောင့်ဆိုသော် ထိုသူ၏ အားနည်းချက်ကို သူ သိပြီးဖြစ်သောကြောင့်) ဤသည်မှာ သူ၏ ဆုလာဘ်အသစ်ကို စမ်းသပ်ရန် အကောင်းဆုံးအချိန်လည်း ဖြစ်လေသည်။

“ထွက်လာစမ်း...”

အာရန်သည် ဘယ်ဘက်လက်ကို မြှောက်လိုက်ရာ ၎င်း၏နောက်၌ စာချုပ်ချုပ်ဆိုထားသော အမှတ်အသားတစ်ခု ပေါ်လာသည်။

#Catfoot

All Chapters