← Chapters

အချက်အလက်အသစ်များ

Vol. 14 Ch. 187

အချက်အလက်အသစ်များ

Vol. 14 Ch. 187

ဖုတ်ကောင်များအကြား၌ပင် လစ်ခ်ျသည် သာလွန်သော တည်ရှိမှုတစ်ခုဖြစ်သည်။ လစ်ခ်ျသည် မည်သည့်မှော်အတတ်ကိုမဆို အလွယ်တကူ ကျွမ်းကျင်နိုင်ပြီး အထူးသဖြင့် သေခြင်းနှင့်သက်ဆိုင်သော မှော်များကို အထူးကျွမ်းကျင် ပိုင်နိုင်သည်ဟု ဆိုကြသည်။

လစ်ခ်ျသည် သတ်ရန်လည်း အခက်ခဲဆုံးဖြစ်သည်။

မည်မျှပင် အကြိမ်ကြိမ် သတ်ခံရသော်လည်း အမြဲ တစေ ပြန်လည်အသက်ရှင် နိုင်သောကြောင့်ဖြစ်သည်။

ထို့ကြောင့် လစ်ခ်ျသည် သတ်ရန် အခက်ခဲဆုံးသော တည်ရှိမှုတစ်ခု ဖြစ်နေရခြင်းဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ၎င်း၏အသက်သည် အခြားအရာဝတ္ထုတစ်ခုနှင့်အတူ တွဲ၍ ချည်နှောင်ခံထားရသော သက်ရှိတစ်မျိုးဖြစ်သွားသောကြောင့်ဖြစ်လေသည်။

ထိုအရာဝတ္ထု မဖျက်ဆီးခံရသမျှ ကာလပတ်လုံး လစ်ခ်ျကို မသတ်နိုင်ပေ။ အချိန်တိုင်းလိုလိုပင် ထိုအရာဝတ္ထုသည် လုံခြုံစွာ ဝှက်ထားခြင်းခံရလေ့ပြီး ရှာဖွေရန် အလွန်ခက်ခဲလေသည်။

လစ်ခ်ျတစ်ဦးတည်းအတွက်သီးသန့်လိုဖြစ်နေသော ထိုအရာဝတ္ထုကို ဖော်ထုတ်လိုက်ခြင်းသည် သူ၏ အသက်ကို ဖော်ထုတ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည်။

သို့သော် သူ၏ရှေ့၌ရှိနေသော လစ်ခ်ျသည် ၎င်းကဲ့သို့ တူညီသောအမှားကို ကျူးလွန်ခဲ့သူဖြစ်သည်။

ဝိညာဉ်များကို အနိုင်ယူရန် သူလိုအပ်သော အရာဝတ္ထုသည် သူ၏ ကိုယ်ပိုင်အသက်နှင့် ချည်နှောင်ထားသော ဝိညာဉ်ကရားအိုးပင်ဖြစ်သည်။

သူမသေဆုံးမီက ၎င်းသည် သူအတွက် အဖိုးတန်ဆုံးအရာတစ်ခုဖြစ်ခဲ့သည်။ ထို့ပြင် သူ သေခြင်းမှ ပြန်လာပြီးနောက်လည်း ဤအရာဝတ္ထုသည် သူ၏ အသက်ပင် ဖြစ်လာခဲ့သည်။

လစ်ခ်ျသည် ဤနေရာသို့ ရောက်သောအခါ သူသည် ဝိညာဉ်များကို ဖျက်ဆီးရန်ကိုသာ ဂရုစိုက်ခဲ့သည်။

မည်သည့်ဝိညာဉ်မှ သူ့ကို ခြိမ်းခြောက်နိုင်သည်ဟု သူ မယုံကြည်သောကြောင့် သူ၏ အသက်ဖြစ်သော ထိုကရားအိုးကို အနည်းငယ်ဂရုမစိုက်မိသလိုဖြစ်သွားခဲ့သည်။

ထိုကရားအိုးသည် သူ၏ လက်တွင်းမှ လွတ်ထွက်သွားသောအခိုက်အတန့်၌ သူသည် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့မှုကို ခံစားခဲ့ရသည်။

သို့သော် ၎င်းသည် သူ၏ ကိုယ်ပိုင်သေခြင်းအတွက် ကြောက်ရွံ့မှု မဟုတ်ပေ။ ဝိညာဉ်အားလုံးကို မသတ်မီ သေဆုံးရမည်ကို ကြောက်ရွံ့ခြင်းမျိုးဖြစ်လေသည်။

သူသည် အိုးနောက်သို့ အားကုန်သုံး၍ လိုက်ခဲ့သော်လည်း သူ၏ အသက်ထက် ပို၍ ချစ်မြတ်နိုးသော အမျိုးသမီးနှင့် တူညီသော မျက်နှာရှိသူက ၎င်းအိုးကို ခွဲပစ်လိုက်သည်ကို တွေ့လိုက်ရလေသည်။

ထိုကရားအိုးကွဲသွားသောအခိုက်အတန့်၌ သူ၏ ခန္ဓာကိုယ်သည် ထိုနေရာ၌ ပင် ရပ်တန့်သွားခဲ့သည်။ သူသည် ပထမ ဝိညာဉ်ဘုရင်မ၏ ခြေရင်း၌ ထိုအိုး၏ အပိုင်းအစများ ကျဆင်းသွားသည်ကို စိုက်ကြည့်နေခဲ့သည်။

သူ၏ ခန္ဓာကိုယ်မှ ခွန်အားများသည် တဖြည်းဖြည်းထွက်ခွာသွားပြီး သေခြင်း၏ အေးစက်သော ဆုပ်ကိုင်မှုသည် သူ့နှင့် တဖြည်းဖြည်းပို၍ နီးကပ်လာနေသည်ကို ခံစားလိုက်ရသည်။

သို့သော် သူ့ ချစ်သူ ၏ မျက်နှာကိုအတုလုပ်ရန် ရဲရင့်သော ထိုအမျိုးသမီးကို အာရုံစိုက်ရန် အသဲအသန်ကြိုးစားနေမိသည်။

တုန်ယင်နေသော လက်များဖြင့် သူမ၏ လည်ပင်းကို ဆုပ်ကိုင်ရန် ကြိုးစားလိုက်သော်လည်း သူ၏ ဆုပ်ကိုင်မှုမှာ အားနည်းလွန်းနေခဲ့သည်။

ထိုအမျိုးသမီး၏ မျက်ရည်တစ်စက်သည် သူ၏ လက်ပေါ်သို့ ကျဆင်းသွားလေသည်။

“ဒီလိုတွေဖြစ်လာမယ်လို့ ကျွန်မကြိုသိခဲ့ရင် ရှင့်ဘဝထဲကို ဘယ်တော့မှ ဝင်လာခဲ့မှာ မဟုတ်ဘူး...”

ပထမ ဝိညာဉ်ဘုရင်မသည် လစ်ခ်ျ၏ လက်ကို ဖယ်ရှားရန် မကြိုးစားဘဲ ပြောလိုက်သည်။

သူမသည် သူ၏ ဘဝထဲသို့ ဝင်လာသောကြောင့်သာ သူသည် ဤအရာအားလုံးကို ကြုံတွေ့ခဲ့ရခြင်းဖြစ်လေသည်။

သူမသည် သူ့ကို မတွေ့ခဲ့လျှင် သို့မဟုတ် သူတို့နှစ်ယောက်ကြား အကွာအဝေးတစ်ခုကို ထိန်းသိမ်းထားနိုင်ခဲ့လျှင်... သူမသည် လောဘမကြီးမိခဲ့လျှင် ဤအရာများ ဖြစ်ပျက်လာမည် မဟုတ်ပေ။

“မင်း ကြောင့်မဟုတ်ပါဘူး... ကိုယ်...” လစ်ခ်ျသည် တီးတိုးပြောကာ တိတ်ဆိတ်သွားသည်။

သူသည် သူမ၏ လည်ပင်းကို လွှတ်ပေးလိုက်ပြီး သူ၏ တုန်ယင်နေသော လက်ချောင်းများသည် သူမ၏ ပါးပြင်ရှိမျက်ရည်များကို သုတ်ပေးလိုက်သည်။

“ကိုယ်မင်းနဲ့….ပြန်တွေ့ခွင့်ရတာ… တကယ်ဝမ်းသာတယ်...”

သူ၏ ခန္ဓာကိုယ်သည် တစ်စတစ်စပို၍ ပျက်စီးသွားပြီးနောက် ဖုန်မှုန့်များအဖြစ် သို့ ပြောင်းလဲသွားကာ လေနှင့်အတူ အဝေးသို့လွင့်မြော ပျောက်ကွယ်သွားလေသည်။

....

ဝိညာဉ်လောကအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုတစ်ခုသည် ဤသို့ပင် အဆုံးသတ်သွားခဲရလေသည်။

ဝိညာဉ်ကရားအိုးဖျက်ဆီးခံရသောအခါ ဝိညာဉ်အဆီအနှစ်များသည်လည်း ဤလောကသို့ တဖန်ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဝိညာဉ်ဘုရင်မ ဖီလိုနာနှင့် အခြားဝိညာဉ်လည်း ၎င်းတို့၏ ခွန်အာများ ပြန်လည်ရရှိလာသည်ကို ခံစားမိလိုက်ကြသည်။

လစ်ခ်ျ ဖန်တီးထားသော မန္တန်စက်ဝိုင်းသည်လည်း မည်သည့်အရင်းအမြစ်မျှ မကျန်ရှိတော့သောကြောင့် တဖြည်းဖြည်း ပျောက်ကွယ်စပြုလာခဲ့သည်။

အနက်ရောင်မီးတောက်များလည်း တဖြည်ဖြည်းပျောက်ကွယ်သွားပြီး ကြည်လင်သော ကောင်းကင်ပြင်သည် တစ်ဖန် ပြန်လည်ပေါ်လာခဲ့သည်။

နယ်မြေအတွင်းရှိ ဝိညာဉ်များနှင့် ဝိညာဉ်စစ်သည်တော်များအားလုံးသည် အောင်ပွဲခံရန် စိတ်မပါသော ဤတိုက်ပွဲ၏ သူရဲကောင်းဖြစ်သူကို သတိမထားမိဘဲ ကျယ်လောင်စွာ အော်ဟစ်မိလိုက်ကြသည်။

ပထမဝိညာဉ်ဘုရင်မသည် သူမ၏ ခြေရင်း၌ ပြန့်ကျဲနေသော ကရားအိုး၏ အပိုင်းအစများကို စိုက်ကြည့်နေသည်။ အချိန်အတော်ကြာသည်အထိ သူမသည် စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

ဖီလိုနာနှင့် အခြားသူများလည်း ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။ ၎င်းတို့သည် ၎င်းတို့၏ ဘိုးဘေးဖြစ်သူ ထိုအမျိုးသမီးကို တိတ်တဆိတ်သာ စောင့်ကြည့်နေခဲ့ကြသည်။

အာရန်ပင်လျှင် ဝင်ရောက်စွက်ဖက်ခြင်း မပြုခဲ့ပေ။ ၎င်းသည် ပထမ ဝိညာဉ်ဘုရင်မအား ဝမ်းနည်းပူဆွေးရန် အချိန်ပေးလိုသောကြောင့်သာ မဟုတ်ပေ။

ထိုအစား သူ့တွင်လည်း စိတ်ဝင်စားစရာ တစ်စုံတစ်ခုကို ရရှိခဲ့သောကြောင့် ဖြစ်လေသည်။

အာရန်သည် သူ၏ စနစ်မျက်နှာပြင်ကို စိတ်ဝင်တစားစိုက်ကြည့်နေခဲ့မျိသည်။

[သင်၏ စောင့်လျှောက်သူသည် လစ်ခ်ျ ဆိုသူကို သတ်ပစ်ခဲ့သည်]

[သင်သည် ယင်းအတွေ့အကြုံအတွက် ဆုချီးမြှင့်ခံရသည်]

[သင်၏ စောင့်လျှောက်သူက ကိုယ်စားသတ်ခဲ့ခြင်းဖြစ်သောကြောင့် အတွေ့အကြုံရမှတ်များသည် လျှော့ချခံရမည်ဖြစ်သည်]

[သင်သည် အဆင့်တက်ခဲ့သည်]

[သင်သည် အဆင့်တက်ခဲ့သည်]

[သင်သည် အဆင့်တက်ခဲ့သည်]

တစ်ခုပြီးတစ်ခု သတိပေးချက်များသည် သူ၏ ရှေ့၌ ထွက်ပေါ်လာနေခဲ့သည်။

[အမည်: အာရန် (ရန် နီခရိုလိုင်း)]

[အဆင့်: ၁၉]

[အချက်အလက် : မိစ္ဆာဂိုဏ်း ၏ အကြီးအကဲ၊ သူရဲကောင်း အကယ်ဒမီ၏ သူလျှို၊ ဝါးမြိုသူ မျိုးဆက်သွေး ပိုင်ရှင်၊ နစ်ခရိုမန်ဆာမျှော်စင်၏ အမွေဆက်ခံသူ၊ ဝိညာဉ်လောက၏ အုပ်စိုးသူ]

[သွေးမျိုးဆက်: အမည်မသိ၊ ဝါးမြိုသူ ၊ တော်ဝင်ပင်လယ်နဂါး၊ ပင်လယ်မြွေ]

[စောင့်လျှောက်သူ: ပထမ ဝိညာဉ်ဘုရင်မ ယီလန်]

[အသက်: ၂၁]

[စရိုက်လက္ခဏာများ : တည်ငြိမ်]

-အဆင့်သတ်မှတ်ချက်များ-

[ခွန်အား: ၂၉]

[သွက်လက်မှု: ၃၁]

[ခံနိုင်ရည်: ၃၀]

[ဉာဏ်ရည်: ၄၅]

[မာနာ: ၁၉၅]

[ကျင့်ကြံခြင်းအဆင့် : မသိ (ချိတ်ပိတ်ထားသည်)]

[သူရဲကောင်းအဆင့်: SSS]

[နတ်ဘုရားမ၏ ကာကွယ်မှု: မရှိ]

[ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ : အဆိပ်လည်ဆွဲ၊ ပြုပြင်ထားသော လက်နက်၊ အရှင်သခင်သတ်ဓား (မပြည့်စုံ)]

[ကျွမ်းကျင်မှုများ: ဓားဧကရာဇ်၏ အော်ရာ၊ အော်ရာ ထိန်းချုပ်နည်း၊ ခွဲခြားသတ်မှတ်ခြင်း ၊ ဝါးမြိုခြင်း၊ ရေနေကျွမ်းကျင်မှု၊ ပျံသန်းခြင်း၊ နဂါးလျှာ၊ နဂါးအသွင်ပြောင်းခြင်း၊ စွမ်းရည်ပေါင်းစည်းခြင်း]

သူသည် သူ၏ စနစ်ဆီမှ အချက်အလက်များဖော်ပြသောမျက်နှာပြင်ကို လေ့လာလိုက်ပြီးနောက် အပြောင်းအလဲ အချို့ကို သတိပြုမိခဲ့သည်။

ပထမဆုံးနှင့် အထင်ရှားဆုံး အပြောင်းအလဲမှာ သူ၏ အဆင့်နှင့် အချက်အလက်များ တိုးတက်လာခြင်းပင်ဖြစ်သည်။

နောက်ထပ် သိသာထင်ရှားသော အပြောင်းအလဲတစ်ခုမှာ သူ့အား နောက်ထပ် အမည်တစ်ခု ထပ်မံထည့်ပေးလိုက်ခြင်းပင်ဖြစ်သည်။

သူ၏ အမည်ခံများအကြားတွင် ဝိညာဉ်လောက၏ အုပ်စိုးသူဖြစ်ကြောင်းကိုပါ ထပ်မံဖော်ပြထားလေသည်။

သူသည် မည်သည့် စွမ်းရည်အသစ်ကိုမျှ မရရှိခဲ့သော်လည်း ပို၍ အရေးပါသော အရာတစ်ခုကို ရရှိခဲ့သည်။ သူ၏ စနစ်မျက်နှာပြင်တွင် ဖော်ပြထားသော ထို စောင့်လျှောက်သူတစ်ဦးကို ရရှိခဲ့ပြီဖြစ်သည်။

ပထမ ဝိညာဉ်ဘုရင်မ၏ အမည်ကို သူ မြင်ဖူးသည်မှာ ယခုသည် ပထမဆုံးအကြိမ်ဖြစ်လေသည်။

အာရန်သည် ဤနေရာသို့ အတင်းအဓမ္မ ဆွဲခေါ်ခံရသောအခါ သူသည် မလိုအပ်သော ရှုပ်ထွေးမှုတစ်ခု၌ ကြားညှပ်သွားခဲ့ခြင်းဖြစ်သည်ဟု ထင်မှတ်ထားခဲ့သည်။

သို့သော် ဤနေရာသည် သူ့အတွက် အကျိုးရှိခဲ့ကြောင်း သိရှိလိုက်ပြီဖြစ်သည်။

သူရရှိခဲ့သော ဆုလာဘ်သည် ယခင်က မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။

ယခု သူသည် ဤနေရာတစ်ခုလုံး၏ အုပ်စိုးသူဖြစ်လာပြီဖြစ်သည်။

အရှင်သခင်လေးဦးနှင့် နဂါးဘုရင်မကဲ့သို့ပင် သူ၌လည်း သူ၏ ကိုယ်ပိုင်အင်အားစုတစ်ခု ရှိလာခဲ့ပြီဖြစ်သည်။

ထို့ပြင် အားလုံးထက်ပို၍အရေးပါသည်မှာ ပထမ ဝိညာဉ်ဘုရင်မသည် သူ၏ စောင့်ရှောက်သူ ဖြစ်လာခဲ့ပြီ ဖြစ်လေသည်။

သို့သော် သူပြန်လည်မထွက်ခွါခင် သူ့အတွက် လုပ်ရန်လိုအပ်သော အရေးကြီးသည့် အရာတစ်ခု ကျန်နေသေးသည်။

၎င်းသည် သူအား ပထမဦးဆုံးအကြိမ်အဖြစ် ဤနေရာသို့ ရောက်လာချင်ခဲ့သော အကြောင်းပြချက်တစ်ခုလည်းဖြစ်လေသည်။

အဓိကဇာတ်လိုက်ရဲ့လန်သည် သူ့အား သတ်ရန် ကြိုးစားခဲ့သည်။ အချိန်ကြာလာသည်နှင့်အမျှ ထိုအဓိကဇာတ်ကောင်သည် သူ့အတွက် မသက်မသာဖြစ်စေသောတည်ရှိမှုတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။

သူ့ကို အဆိပ်ခတ်ရန် ကြိုးစားသောအခိုက်အတန့်၌ အာရန်သည် ရဲ့လန်အား သတ်ပစ်ရန် ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်လေသည်။

ထိုဇာတ်လိုက်ကဲ့သို့သော ဇာတ်ညွှန်အကာအကွယ်ရရှိထားသော ဖြစ်တည်မှုများအားသတ်ဖြတ်နိုင်ရန် သူလိုအပ်သော အရာသည် ဝိညာဉ်လောက၌ ရှိနေသည်ဟု ဆီလက်စ်ကလေးက သူ့အားအသိပေးခဲ့၍လည်း ဖြစ်လေသည်။

#Catfoot

All Chapters