← Chapters

ရန် ၏ အတိတ်

Vol. 14 Ch. 188

ရန် ၏ အတိတ်

Vol. 14 Ch. 188

အာရန်သည် အဓိကဇာတ်လိုက်ဖြစ်သူရဲ့လန်ကို သတ်ရန် ထိုသူ၏ အသက်ကယ်ရတနာကို အရင်ဆုံးအသုံးမဝင်အောင် ပြုလုပ်နိုင်သော အရာတစ်ခု ကို လိုအပ်နေလေသည်။

သူသည် အဓိကဇာတ်ကောင် သေလုမျောပါးဖြစ်နေချိန်၌ ထွက်ပြေးလွတ်မြောက်နိုင်မှုမှ တားဆီးနိုင်သော အရာတစ်ခု လိုအပ်နေသည်။

သူ၏ အဆိုးရွားဆုံး အိပ်မက်များ၌ပင် သူသည် အဓိကဇာတ်လိုက်ကို လွတ်မြောက်ရန် အခွင့်အရေးများ မပေးလိုပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အန္တရာယ်တစ်ခုကိုဖန်တီးမိလိုက်ခြင်းနှင့်အတူတူပင်ဖြစ်ကြောင်း သူ သိနေသောကြောင့်ဖြစ်သည်။

သူဖတ်ခဲ့ဘူးသော စိတ်ကူးယဉ်ဝတ္ထုတိုင်းနီးပါးတွင် အဓိကဇာတ်လိုက်ထက် များစွာပိုမိုအားကောင်းသော ဗီလိန်တစ်ဦးသည် အမြဲတစေပါတတ်ကြလေသည်။

သို့သော် ၎င်းတို့သည် အဓိကဇာတ်လိုက်အား လွတ်မြောက်ရန် အခွင့်အရေးများပေးမိခဲ့ကြပြီး ထိုဇာတ်လိုက်သည် ပို၍ အားကောင်းလာကာ ၎င်းတို့ကို သတ်ပစ်ရန် ပြန်လာခဲ့သည်ချည်း ဖြစ်လေသည်။

၎င်းသည် အာရန် မလိုချင်ဆုံးသော အရာတစ်ခု ဖြစ်သောကြောင့်သာ သူသည် သူ၏ ထိုအစီအစဉ်ကို နှောင့်နှေးခံခဲ့ခြင်းဖြစ်လေသည်။

သို့သော် အဓိကဇာတ်လိုက်သည် ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိကြောင်း သူ သည် သေချာအောင်ပြုလုပ်နိုင်ခဲ့ပါက နောက်ဆုံးခြေလှမ်းကို စတင်လျှောက်လှမ်းနိုင်တော့မည် ဖြစ်လေသည်။

စာရေးသူ၏ အဆိုအရ အာရန်မှလွဲ၍ အရှေ့ပိုင်းတိုက်တွင် အခြားသော ကမ္ဘာကူးပြောင်းလာသူ မရှိပေ။ အဓိကဇာတ်လိုက် ပျောက်ကွယ်သွားသည်နှင့် ၎င်းသည် သူ သတိထားနေသမျှ ကာလပတ်လုံး သူ့အတွက် အတော်အတန် လုံခြုံသော နေရာတစ်ခုဖြစ်သွားမည်ဟု ဆိုလိုနိုင်လေသည်။

၎င်းယူဆချက်သည် မည်မျှ မှန်ကန်သည်ကို သူ မသေချာနေသော်လည်း ဆီလက်စ်ကလေး၏ အဆိုအရ သူရှာဖွေနေသော အဖြေသည် ဤ ဝိညာဉ်လောက၌ တည်ရှိနေလေသည်။

“ဟင် အခုမှ သတိရတယ် ဆီလက်စ်ကလေး ခုဘယ်မှာလဲ”

ဆီလက်စ် အကြောင်း စဉ်းစားမိတော့မှ ထိုမိန်းကလေးငယ်လေးသည် ပျောက်ဆုံးလျက်ရှိနေသည်ကို သူ သတိပြုမိလိုက်သည်။

သူမသည် သူ၏ အိတ်ကပ်ထဲတွင် မရှိသလို သူမ ဘယ်အချိန်က ထွက်သွားသည်ကိုပင် သူ မသိလိုက်ပေ။

“ယီလန်” သူသည် ပထမ ဝိညာဉ်ဘုရင်မကို သူမ၏ အမည်ဖြင့် ပထမဆုံးအကြိမ်အဖြစ် ခေါ်ကြည့်လိုက်သည်။

ယီလန် သည် အာရန်ဘက်သို့ ပြန်လှည့်လိုက်သည်။ သူမသည် အာရန်နှင့် စာချုပ်ချုပ်ဆိုထားသော ဝိညာဉ်သာ မဟုတ်ပေ။

သူမသည် သူ၏ စောင့်လျှောက်သူလည်း ဖြစ်လေသည်။ သူမသည် သူ့အားသစ္စာဖောက်နိုင်စွမ်း မရှိသလို သူ၏ အမိန့်များကို ဆန့်ကျင်နိုင်စွမ်းလည်း မရှိပေ။ သူမသည် အာရန်နှင့် ကံကြမ္မာခြင်း ချည်နှောင်ခံထားရသူ ဖြစ်လေသည်။

ယီလန်သည် ဒူးတစ်ဖက်ထောက်ကာ အာရန်ကို စောင့်လျှောက်သူတစ်ဦး အနေဖြင့် ပထမဆုံးအကြိမ် ထုံးတမ်းစဉ်လာများအတိုင်း နှုတ်ဆက်လိုက်သည်။

ယီလန်၏ အမည်ကို သိရှိသွားသော ဖီလိုနာနှင့် အခြားဝိညာဉ်များသည် ၎င်းတို့၏ ပထမ ဝိညာဉ်ဘုရင်မသည် လူသားတစ်ဦးရှေ့၌ ဒူးထောက်နေသည်ကို မြင်သောအခါ အလွန်အံ့အားသင့်သွားကြသည်။

“ဘိုးဘေး ရှင် အဲ့လို မလုပ်နဲ့….”

ရက်စ်ဖီသည် စကားပြောရန် ကြိုးစားလိုက်သော်လည်း ယီလန်၏ စူးရှသောအကြည့်ကို မြင်သောအခါ သူမ၏ နောက်ကျောတစ်ခုလုံး အေးစက်သွားရသည်။

“ကလေး မင်းနောက်တစ်ခါစကားပြောရင် သေခြာဆင်ခြင်ဖို့ ငါ အကြံပေးချင်တယ်”

ရက်စ်ဖီသည် သူမ၏ ပါးစပ်ကို ပိတ်လိုက်ကာ နောက်ထပ် စကားတစ်ခွန်းမျှ ထပ်မံ မပြောဝံ့တော့ပေ။ အာရန်သည် ရက်စ်ဖီမှ နောက်ထပ် ဘာပြောချင်နေမည်ကို ခန့်မှန်းရန် မခက်ခဲပေ။

“ငါ သီးသန့်အနေနဲ့ မင်းနဲ့ နှစ်ယောက်ထဲ အေးဆေးစကားပြောချင်တယ်” အာရန်သည် ရက်စ်ဖီနှင့် အခြားသူများကို လျစ်လျူရှုကာ ယီလန် ကို ပြောလိုက်သည်။

သူသည် ဆီလက်စ်၏ တည်နေရာကို သိချင်နေသော်လည်း သူမကို မမြင်နိုင်သော ဝိညာဉ်များကို သူမကို ရှာဖွေခိုင်းရန်မှာ မဖြစ်နိုင်ပေ။

သူသည် သူ၏ကိစ္စများကိုဖြေရှင်းရင်း သူမကိုယ်တိုင် ပြန်ရောက်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းနိုင်ပေသည်။

ယီလန်သည် အာရန်၏ အဓိပ္ပာယ်ကို နားလည်ကာ ထရပ်လိုက်သည်။ သူမသည် လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဝိညာဉ်စွမ်းအင်များသည် အာရန်ကို ဝိုင်းရံကာ လှည့်ပတ်လိုက်လေသည်။

အာရန်သည် သူ၏ ပတ်ဝန်းကျင် ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်ပြီး နောက်တစ်ခဏ၌ သူသည် အခြားနေရာတစ်ခုသို့ ရောက်ရှိသွားကြောင်း သတိထားမိလိုက်သည်။

ထိုနေရာသည် တော်ဝင်နန်းတော်အတွင်းရှိ ခမ်းနားသော ခန်းမဆောင်တစ်ခုနှင့် တူညီနေသည်။

ဝိညာဉ်လောက၌ ဤမျှ ခမ်းနားနိုင်သော နေရာမှာ ဝိညာဉ်ဘုရင်မ၏ နန်းတော်ပင်ဖြစ်လေသည်။ အာရန်သည် သူ၏ နောက်တွင်ရှိသော ပလ္လင်ကိုပင် မြင်နိုင်နေသည်။

ပုံမှန်အားဖြင့် ဝိညာဉ်ဘုရင်မသည် ဤနေရာ၌ ထိုင်ရမည်ဖြစ်သော်လည်း အုပ်ချုပ်သူတစ်ဦးအနေဖြင့် ဤပလ္လင်သည် သူ့အတွက်သာဖြစ်လေသည်။

အာရန်သည် ခမ်းနားသော ပလ္လင်ကို ကြည့်လိုက်ရင်း ယီလန် သည် သူ့ကို ဤနေရာသို့ အဘယ်ကြောင့် ခေါ်ဆောင်လာသည်ကို သဘောပေါက်သွားသည်။ သူမသည် သူ့အား ထိုပလ္လင်ကို သိမ်းပိုက်စေလိုခြင်း ဖြစ်လေသည်။

သူသည် အနည်းငယ် ထူးဆန်းနေသည်ဟု ထင်မိလိုက်သည်။ ယီလန် သည် အဘယ်ကြောင့် ဤမျှ နာခံနေသနည်း။

သူမသည် သူမ၏ ရုတ်တရက် ပြန်လည်ရောက်ရှိလာမှုနှင့်ပတ်သက်၍ မည်သည့် မကျေနပ်ချက် သို့မဟုတ် မည်သည့် စိတ်ရှုပ်ထွေးမှုမျှ မဖော်ပြခဲ့ပေ။

ဤကဲ့သို့သော အရာများ ဖြစ်ပျက်လာမည်ကို သူမက အလုံးစုံ ကြိုတင်သိထားသကဲ့သို့ ဖြစ်နေလေသည်။

အာရန်သည် ပလ္လင်ပေါ်သို့တက်ထိုင်လိုက်ကာ ၎င်း၏ ရွှေရောင်လက်ရန်းပေါ် သို့ သူ၏လက်ကိုတင်လိုက်ရင်း ပထမဝိညာဉ်ဘုရင်မဖြစ်သူ ယီလန်ကို အကဲခပ်ကြည့်နေလိုက်သည်။

[အောင်နိုင်သူသူရဲကောင်း ၏ လမ်းစဉ် ပြီးမြောက်မှု: ၁၆.၅]

“မင်းကို မေးခွန်းအနည်းငယ် မေးချင်တယ်” အာရန်က ပြောလိုက်သည်။

ယီလန်သည် အာရန် မည်သည့်မေးခွန်းများ မေးမည်ကို စောင့်နေသည့်အလား တိတ်ဆိတ်စွာ ငြိမ်သက်နေလေသည်။

“ဒီနေ့ ငါတို့မတွေ့ခင်ကတည်းက မင်း ငါ့အကြောင်းကိုသိနေခဲ့တာမဟုတ်လား” ရုတ်တရက် အာရန်က မေးသည်။

သူသည် ထိုမေးခွန်းကိုမေးပြီးနောက် ခန်းမတစ်ခုလုံးသည် လုံးဝ ပြန်လည် တိတ်ဆိတ်သွားသည်။ ယီလန်သည် မည်သည့်အဖြေကိုမျှ ပြန်မပေးခဲ့ပေ။

“မင်းကို မေးခွန်းတစ်ခု မေးနေတယ်လေ ဒီနေ့ မတိုင်ခင်ကတည်းက မင်း င့ါအကြောင်းကို သိနေခဲ့တာလားလို့” အာရန်သည် ထိုမေးခွန်းကိုပင် ထပ်မံမေးလိုက်သောအခါ သူ၏ လက်နောက်ဘက်ရှိ ဝိညာဉ်အမှတ်အသား၌ လျှပ်စီးကြောင်းအနည်းငယ် တဖျပ်ဖျပ် ထလာလေသည်။

ယီလန်သည် ရင်ဘတ်ကို ဆုပ်ကိုင်လိုက်ပြီး သူမ၏ နှလုံးသား၌ နာကျင်မှုများ တိုးပွားလာသည်ကို ခံစားလိုက်ရသည်။

သူမသည် ဒူးထောက်ကျ လုနီးပါးဖြစ်သွားသော်လည်း နောက်ဆုံးအခိုက်အတန့်၌ သူမကိုယ်သူမ ပြန်လည် ထိန်းချုပ်နိုင်လိုက်သည်။

နောက်ဆုံးတွင် သူမသည် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။

“ဟုတ်တယ်”

“ငါလည်း အဲဒီလိုပဲ ထင်ပါတယ်” အာရန်သည် ထိုအဖြေကို မျှော်လင့်ထားသောကြောင့် ခေါင်းညိတ်ပြလိုက်သည်။

၎င်းသည် အလွန်ထင်ရှားလေသည်။ သူမ သည် ၎င်းဆင့်ခေါ်ခံရသော အခိုက်အတန့်၌ သူမသည် အရာရာကို ပြင်ဆင်ထားပြီးပုံရလေသည်။

“ငါ့ရဲ့ နောက်ထပ်မေးခွန်းက... ဒီနေ့ မတိုင်ခင်က ငါတို့ တွေ့ဖူးခဲ့ကြလား” အာရန်သည် ပထမ ဝိညာဉ်ဘုရင်မကို ထပ်မံမေးလိုက်သည်။

ဝိညာဉ်ဘုရင်မသည် အာရန်ကို ပြန်လှည့်ကြည့်လိုက်သည်။

“ရှင် ဘာလို့ ဒီလိုမေးခွန်းတွေကို မေးနေတာလဲ ကျွန်မတကယ် နားမလည်ဘူး”

“မင်း တုံ့ဆိုင်းလေလေ ငါက မှန်ကန်တဲ့လမ်းကြောင်းပေါ်ကို ရောက်နေတယ်ဆိုတာ ပိုပြီး မြင်နိုင်လေလေပဲ ဒါကြောင့် ငါ့မေးတာကို ဖြေပါ ဒီနေ့ မတိုင်ခင်က ငါတို့ တွေ့ဖူးခဲ့သလား”

အာရန်သည် ရန်၏ အတိတ်ကို ခဏတာသာ မြင်ခဲ့ဘူးသည်။

ထိုမှတ်ဉာဏ်အပိုင်းအစအတွင်း မြင်ခဲ့ရသော အရာများစွာသည် ယခုတိုင် လျှို့ဝှက်ဆန်းကြယ်နေဆဲဖြစ်လေသည်။

ပထမ ဝိညာဉ်ဘုရင်မနှင့်အတူ သူသည် ၎င်းလျှို့ဝှက်ချက်များမှ တစ်စုံတစ်ခုကို ဖော်ထုတ်ရန် နီးကပ်နေပြီဟု ခံစားမိလိုက်သည်။

သူမသည် ယနေ့မတိုင်မီက သူ့အကြောင်းများကို သိထားပြီးသားဖြစ်ပါက သူမ မပြောပြရသေးသော အရာများစွာကိုပင် သူမသိရှိထားနိုင်သည့် အခွင့်အရေးများစွာ ရှိသည်ဟု ဆိုလိုခြင်းမဟုတ်ပါလား။

ယီလန်၏ တုံ့ဆိုင်းမှုကြောင့် အာရန်သည် ထိုမေးခွန်းကိုပင် ထပ်မံမေးလိုက်သည်။

ယီလန်သည် သူ၏ ဆန္ဒကို လိုက်နာ၍ ပြန်မဖြေခဲ့သောကြောင့် ဝိညာဉ်အမှတ်အသားသည် တစ်ဖန် အသက်ဝင်လာသည်။

ဤတစ်ကြိမ်တွင်မူ ယီလန်သည် သူမကိုယ်သူမ ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ ဒူးထောက်ကာ ရင်ဘတ်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားပြီး တဆစ်ဆစ် နာကျင်မှုကို ခံစားနေရသည်။

ပုံမှန်အားဖြင့် ဝိညာဉ်စာချုပ်သည် ဝိညာဉ်တစ်ဦးကို နာကျင်စေနိုင်စွမ်း မရှိပေ။ သို့သော် အစောင့်အလျှောက် ဝိညာဉ်မှာမူ ကွဲပြားခြားနားသည်။

“မင်း ငါ့ကို ကူညီပေးခဲ့တဲ့အရာတွေအတွက် မင်းကိုငါတကယ် မနာကျင်စေချင်ခဲ့ပါဘူး မင်းရဲ့ ချစ်သူကို မင်းကိုယ်တိုင် လက်နဲ့ ပြန်သတ်ခဲ့ရပြီး ငါ့ကို ကယ်တင်ခဲ့ရတဲ့အတွက်လည်း ငါတကယ်စိတ်မကောင်းပါဘူး” ဟု အာရန်သည် သူမကိုမနာကျင်စေချင်ကြောင်း အသိပေးလိုက်သည်။

သို့သော် အာရန်သည် ဤမေးခွန်းများကိုတော့ လျစ်လျူရှုပေး၍ မရပါ။

အဘယ်ကြောင့်ဆိုသော် ၎င်းသည် သူ့အတွက်အရေးအလွန်ကြီးသော သူရှာဖွေနေသည့် အတိတ်နှင့် နောက်ထပ် ချိတ်ဆက်မှုတစ်ခု ဖြစ်နိုင်သောကြောင့် ဖြစ်လေသည်။

အာရန်သည် ဆက်လက်ပြောကြားလိုက်သည်။

“ဒီအဖြေတွေက ငါ့အတွက် တကယ်အရေးကြီးတယ် ဒါကြောင့် ငါ့ကို ကျေးဇူးပြုပြီး ပြောပြပေးပါ... ဒီနေ့ မတိုင်ခင်က ငါတို့ တွေ့ခဲ့ဖူးလား ဒါမှမဟုတ် ငါတို့ ဘယ်လို တွေ့ခဲ့တာလဲ”

သူမ၏ တုံ့ဆိုင်းမှုကြောင့် သူတို့အမှန်တကယ်တွေ့ခဲ့ဘူးခြင်းဖြစ်မည်ဟု သူ ခန့်မှန်းနိုင်ပြီးဖြစ်လေသည်။

ရန်သည် ယီလန်ကို ယခင်က တွေ့ခဲ့ဖူးခြင်းဖြစ်မည်ဖြစ်သော်လည်း မည်သို့နှင့် မည်သည့်အချိန်၌ တွေ့ခဲ့သနည်း။ ထိုအရာသည် မေးခွန်းဖြစ်လေသည်။

ထိုစဉ် ယီလန်သည် ခေါင်းမော့လိုက်သည်။ သူမ၏ နှုတ်ခမ်းများ ပွင့်လာပြီး နောက်ဆုံး၌ တစ်စုံတစ်ခုကို ဖွင့်ပြောလိုက်သည်။

သူမ၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး အချိန်ကြာလာသည်နှင့်အမျှ အာရန်၏ မျက်နှာအမူအရာသည် မှောင်မိုက်သွားရသည်။

#Catfoot

All Chapters