← Chapters

ငါလား

Vol. 14 Ch. 189

ငါလား

Vol. 14 Ch. 189

ယီလန် ၏ နှုတ်ခမ်းများသည် စတင်လှုပ်ရှားလာပြီး စကားလုံးများစတင် ထွက်ကျလာတော့သည်။

“@!#*&$...”

အာရန်သည် ယီလန် စကားပြောနေသည်ကို ဂရုတစိုက်နားထောင်နေသော်လည်း သူ၏ မျက်နှာအမူအရာသည် အချိန်ကြာလာသည်နှင့်အမျှ ပို၍ မှောင်မိုက်လာသည်။

သူမ ဘာပြောနေသည်ကိုပင် သူတစ်ခုမှ နားမလည်နိုင်သောကြောင့် ဖြစ်သည်။

အာရန်၏ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးသည် သူမ စကားလုံးများ စတင်ပြောလိုက်သော အခိုက်အတန့်၌ပင် ချို့ယွင်းမှုများ စတင်ဖြစ်ပေါ်လာသကဲ့သို့ ခံစားလိုက်ရသည်။

တစ်စုံတစ်ခု သို့မဟုတ် တစ်စုံတစ်ဦးက သူမကို တားဆီးရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေလေသည်။ ထိုကဲ့သို့သော အရာကို လုပ်နိုင်သော တစ်ဦးတည်းသောသူကို အာရန်သည် စိတ်ထဲ၌ သတိရလိုက်သည်။

“ဟို ငိုးမ စာရေးဆရာပဲလား....”

အာရန်သည် သူ၏စနစ်သိုလှောင်ခန်းအတွင်း အသင့်ပါလာစာအုပ်တစ်အုပ်ဆီမှ စာရွက်တစ်ရွက်ကို ဆွဲဖြဲလိုက်ကာ ဖောင်တိန်တစ်ချောင်းနှင့်အတူ ယီလန်အား ပေးလိုက်သည်။

“တော်ပြီ မင်းပြောတာ တစ်ခွန်းတောင် ငါ နားမလည်ဘူး မင်းပါးစပ်နဲ့ ပြောပြမဲ့အစား စာနဲ့ရေးပြတာ ပိုအဆင်ပြေလိမ့်မယ်ထင်တယ်”

ယီလန်သည် သူမအနီးရှိ စာရွက်ကို ကြည့်ရင်း အာရန်ကို ပြန်ပြောလိုက်သည်။

“ရှင် ရပ်လိုက်သင့်ပြီလို့ ကျွန်မထင်တယ် ကျွန်မဟာ ဒီကိစ္စနဲ့ပတ်သတ်ပြီး ကြိမ်စာတစ်ခု တစ်ခုအောက်မှာ ကျရောက်နေတယ် ကျွန်မက ရှင့်ကို အရာအားလုံး ပြောပြခဲ့ရင်တောင် ကျိန်စာရဲ့သက်ရောက်ခံရမှုကြောင့် အဲဒီအကြောင်းအရာတွေကို ဘယ်သူမှ မသိနိုင်အောင် တားဆီးထားခြင်းကို ခံရလိမ့်မယ်”

“ဒါကြောင့် ကျွန်မက အဲဒါအကြောင်းအရာတွေကို စာနဲ့ရေးပြရင်တောင် ဘာမှ ပြောင်းလဲသွားမှာ မဟုတ်ဘူး” သူမသည် စာရွက်ကိုချလိုက်ကာ ၎င်းအပေါ်တွင် တစ်စုံတစ်ခုကို ရေးသားလိုက်သည်။

သူမရေးသားပြီးသောအခါ ထိုစာရွက်ကို အာရန်ဆီသို့ ပြန်ပေးလိုက်သည်။

အာရန်သည် စာရွက်ကို ဖွင့်ကာ အတွင်း၌ ရေးထားသော အရာကို ဖတ်ကြည့်လိုက်သည်။ သို့သော် အစောပိုင်းကနှင့် တူညီသောအရာသည် တစ်ဖန် ဖြစ်ပျက်ခဲ့ပြန်သည်။

စာရွက်ထဲရှိ စကားလုံးများသည် ဖတ်၍ မရပေ။ ယီလန်သည် အဓိပ္ပာယ်မရှိသော ဘာသာစကားတစ်ခုဖြင့် ရေးထားသကဲ့သို့ ဖြစ်နေလေသည်။

အာရန်သည် ၎င်းမှာ အမှန်တကယ် ကျိန်စာကြောင့်လား သို့မဟုတ် ယီလန်မှ ဟန်ဆောင်ကာ ဆင်ခြေပေးနေခြင်းလား သေခြာမသိနိုင်ပေ။

“ကောင်းပြီလေ မင်း ငါ့ကို ပြောပြလို့လဲ မရဘူး ရေးပြလို့လဲ မရဘူးဆိုရင် အမူအရာနဲ့ပဲ ပြန်ဖြေပြပေ့ါ”

အာရန်သည် ထိုစာရွက်ကို ပြန်သိမ်းလိုက်ပြီး လက်လျှော့ရန် အစီအစဉ်မရှိပေ။

“ဒီနေ့ မတိုင်ခင်က ငါတို့ တွေ့ခဲ့ဖူးလား” အာရန်သည်ထပ်မံ မေးလိုက်သည်။

ခဏတာ တိတ်ဆိတ်သွားပြီးနောက် ယီလန်သည် ခေါင်းညိတ်ပြလိုက်သည်။

“မင်းကို ဒီကျိန်ဆိုမှု လုပ်ခိုင်းတဲ့သူက ... ဟိုစာရေးသူလား” အာရန်က မေးလိုက်သည်။

“ငါဆိုလိုတာက မျက်နှာကို မမြင်ရပဲ ဝါးတားတားဖြစ်နေတဲ့သူကိုပြောတာ ...”

သူသည် သူတွေ့ဆုံခဲ့ဘူးသော ဤကမ္ဘာ၏ စာရေးသူထင်ထားသူ၏ ပုံစံကို ဖော်ပြရန် ကြိုးစားလိုက်သည်။ ထိုပုဂ္ဂိုလ်မှ သူသည်စာရေးသူမဟုတ်ဟု ငြင်းဆိုခဲ့သော်လည်း အာရန်အတွက်မူ ထိုပုဂ္ဂိုလ်သည် စာရေးသူ အစစ်အမှန်ဟုပင် မှတ်ယူထားလေသည်။

အာရန်သည် ယီလန် ခေါင်းညိတ်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။ ဤစနစ်၏ ဖန်တီးသူမှလွဲ၍ မည်သူက ယီလန်ကို ဤကဲ့သို့ ကြိမ်စာမျိုးသင့်စေနိုင်မည်နည်း။

သေဆုံးသွားသော ဝိညာဉ်တစ်ဦးကို ပြန်လည်အသက်သွင်းရန်မှာ စာရေးသူမှလွဲ၍ မည်သူမျှ ပြုလုပ်နိုင်မည် မဟုတ်သောအရာဖြစ်သည်။

ကံမကောင်းစွာဖြင့် အံ့အားသင့်စရာကောင်းလောက်အောင်ပင် ယီလန်မှ ခေါင်းခါပြလိုက်သည်။

“သူ မဟုတ်ဘူးလား”

အာရန်သည် ထိုအဖြေကို ယုံကြည်ရန် ခက်ခဲနေလေသည်။ စာရေးသူ မဟုတ်လျှင် မည်သူနည်း။

ဤကမ္ဘာ၌ သေဆုံးသွားသော ဝိညာဉ်များကို ပြန်လည်အသက်သွင်းနိုင်စွမ်းရှိသော စာရေးသူကဲ့သို့ တကယ်ပင် စွမ်းဆောင်နိုင်သောသူသည် ရှိနေပါသေးသလား။

သေဆုံးသွားသော ဝိညာဉ်သည် သာမန်ဝိညာဉ်ဖြစ်လျှင် နားလည်ပေးနိုင်သေးသည်။

သို့သော် ယခုသူ၏ရှေ့ရှိ မေးခွန်းများဖြေကြားနေသော ဝိညာဉ်သည် မူလကနဦးအစဝိညာဉ်တစ်ဦးဖြစ်သူ ပထမ ဝိညာဉ်ဘုရင်မပင်ဖြစ်လေသည်။

“မဟုတ်သေးပါဘူး နေပါဦး သူမနဲ့ တွေ့တဲ့အခါတုံးက သူကပုံစံတစ်မျိုးများ ပြောင်းလိုက်တာဆိုရင်ကော အဲ့လိုကောမဖြစ်နိုင်ဘူးလား အဲဒါဆိုရင် ငါ သူမကို ပြောတဲ့ပုဂ္ဂိုလ်ရဲ့ပုံစံနဲ့ ဘာလို့ မတူတာလဲဆိုတာ ဖြေရှင်းပြီးဖြစ်သွားလိမ့်မယ်” အာရန်သည် စဉ်းစားရင်း ပြောလိုက်သည်။

အခြားမည်သည့်ဖြစ်နိုင်ခြေမျှ သူစဥ့်စား၍မပေ။ ၎င်းသည် တစ်ခုတည်းသော ဖြစ်နိုင်ခြေဖြစ်သည်။ သူမသည် သူပုံစံပြောပြသော ထိုပုဂ္ဂိုလ်အား မသိသည်နှင့် ထိုပုဂ္ဂိုလ် မဟုတ်ဟု မဆိုလိုပေ။

ထိုပုဂ္ဂိုလ်သာဖြစ်မည်ဟု သူယုံကြည်မိနေသော်လည်း သူ၏ စိတ်ထဲ၌ မဆီလျော်သော အတွေးတစ်ခုလည်း ရှိနေလေသည်။

သူသည် ထိုအတွေးကို အလေးအနက် မထားသော်လည်း ၎င်းအတွေးသည် သူ့ကို စိတ်အနှောင့်အယှက်အတော်လေး ဖြစ်စေနေသည်။

နောက်ဆုံး၌ အာရန်သည် သူ၏ စိတ်ကျေနပ်မှုအတွက်သာ သူသည်ထိုမေးခွန်းကို သာမန်ကာရှန်ကာမေးလိုက်လေသည်။

“မင်းကို အဲဒီကျိန်ဆိုမှု ပြုလုပ်ခိုင်းတဲ့သူက... ငါကိုယ်တိုင်များလား”

ယီလန်သည် ထိုမေးခွန်းကိုကြားလိုက်သောအခါ လုံးဝ တိတ်ဆိတ်သွားလေသည်။ သူမသည် နောက်ထပ် တုံ့ပြန်ခြင်း မပြုတော့ပေ။ ထိုအစား သူမသည် အာရန်ကိုသာ စိုက်ကြည့်နေလေတော့သည်။

“ငါ ထပ်မေးမယ် မင်းကို ဒီလိုကျိန်ဆိုမှုတွေ ပြုလုပ်ခိုင်းခဲ့တဲ့သူ ငါပဲလား”

အာရန်သည် သူမ၏ တုံ့ဆိုင်းမှုကို မြင်သောအခါ သူ၏ နှလုံးသား၌ မကောင်းသော ခံစားချက်တစ်ခုသည် ဆတိုးဖြစ်ပေါ်လာသဖြင့် ထပ်မေးလိုက်သည်။

သူသည် ထိုအဖြေကို ယုံကြည်ချင်စိတ် မရှိသော်လည်း ၎င်းသည် အမှန်တရားတစ်ခုပင် ဖြစ်နေခဲ့ခြင်းလော။

အာရန်၏ စာချုပ်အမှတ်အသား၌ အလင်းရောင်လျှပ်စီးကြောင်းများ တောက်ပလာသောအခါ ယီလန်၏ နှလုံးသား၌ ရုတ်တရက် နာကျင်မှုတစ်ခု ပေါ်လာသည်။

ယီလန်၏ မျက်နှာသည် နာကျင်မှုကြောင့် ဖြူရော်သွားကာ လက်သီးကို ခပ်တင်းတင်းလေးဆုပ်ထားရင်း ခေါင်းညိတ်ပြလိုက်သည်။

“နောက်ထပ် မေးခွန်းတစ်ခု... မင်း ငါ့ကို အရင်က တွေ့ဖူးတယ်ဆိုတာ သေချာလောက်အောင်... မင်းအရင်က မြင်ခဲ့တဲ့ငါက ခုလက်ရှိင့ါပုံစံ ရုပ်ရည်မျိုးပဲလား” အာရန်သည် မေးခွန်း ပြောင်းကာ ဆက်မေးလိုက်သည်။

သူ၏ လက်ရှိပုံစံသည် အတုဖြစ်သည်။ ၎င်းသည် နတ်ဆိုးဝါးမြိုသူမှ ပေးခဲ့သော အသွင်ပြောင်းလက်စွပ်အစွမ်းကြောင့် ပြောင်းလဲသွားသော မျက်နှာတစ်ခု ပင်ဖြစ်သည်။

သူမတွေ့ခဲ့သော သူသည် သူ၏ ယခုပုံစံပင်ဖြစ်နေပါက သူမသည် ရန်နစ်ခရိုလိုင်း မဟုတ်သော အခြားဟန်ဆောင်ထားသူ တစ်ဦးပင်ဖြစ်မည်ဟု ဆိုလိုနိုင်သည်။

အဘယ်ကြောင့်ဆိုသော် ရန်သည် ထိုအချိန်က သူ၏ လက်ရှိအသွင်အပြင်အတိုင်း မဟုတ်သောကြောင့် ဖြစ်လေသည်။

သို့သော် ယီလန်သည် ချက်ချင်းပင် ခေါင်းခါပြ၍ အဖြေတစ်ခုပြန်ပေးလိုက်သည်။

“ရှင့်ရဲ့ ဟန်ဆောင်ထားတဲ့မျက်နှာက ကျွန်မအပေါ် အလုပ်မဖြစ်ဘူး ဘာလို့လဲဆိုတော့ အဲ့ဒီမျက်နှာအတုနောက်က ရှင်ရဲ့ ပုံစံအမှန်ကို ကျွန်မ မြင်နိုင်နေလို့ပဲ”

ဤတစ်ကြိမ်တွင် တိတ်ဆိတ်သွားရသူသည် အာရန်ပင် ဖြစ်လေသည်။ ထိုသို့ဆိုပါက သူမသည် ဆင့်ခေါ်မှုကြောင့် စတင်ရောက်ရှိလာသည့် အချိန်မှစ၍ အာရန်၏ အစစ်အမှန် ပုံစံကို သိထားခဲ့ပြီးဖြစ်သည်ဟုဆိုလိုခြင်းမဟုတ်ပါလား။

ဆိုလိုသည်မှာ သူမသည် အခြားသူတစ်ယောက်အကြောင်း မဟုတ်ဘဲ သူ၏ မူလခန္ဓာကိုယ်ပိုင်ရှင် ရန်နီခရိုလိုင်း အကြောင်း ပြောနေခြင်းဖြစ်လေသည်။

“မင်းကို ခုလို ပြန်အသက်သွင်းပေးခဲ့တဲ့သူ... အဲဒီလူကလည်း... ငါပဲလား”

အာရန်သည် ခေါင်းကို နောက်သို့ လှန်လိုက်ကာ မျက်နှာကျက်သို့ မော့ကြည့်ရင်း မေးလိုက်သည်။

ဤအချက်၌ သူသည် သူမ၏အဖြေကို ကြိုတင်ခန့်မှန်းနိုင်ခဲ့လေသည်။

ရန်နီခရိုလိုင်း .........

ဤကမ္ဘာတစ်ခုလုံးကို သူ၏ ရန်သူဖြစ်စေခဲ့သော ထိုသူသည် အာရန် မျှော်လင့်ထားသည်ထက် ပို၍ ထူးခြားသော တည်ရှိမှုတစ်ခုဖြစ်နေခဲ့လေသည်။

“မင်း သွားလို့ရပြီ ငါ ခဏလောက် တစ်ယောက်တည်း နေချင်သေးတယ်”

အာရန်သည် သူမ၏ အဖြေကိုပင် မစောင့်တော့ဘဲ သူမကို ထွက်သွားရန် ပြောလိုက်သည်။ ယခုအချိန်တွင် သူ့၌ စဉ်းစားစရာများစွာ ရှိနေလေသည်။

သူ ယခုစုဆောင်းရရှိခဲ့သော အချက်အလက်များသည် အလွန်အမင်း များပြားလွန်းနေသဖြင့် သူ့အား ခေါင်းကိုက်သွားစေခဲ့သည်။

ယီလန်သည် ထရပ်ကာ အာရန်ကို နောက်ဆုံးတစ်ကြိမ် လှမ်းကြည့်ပြီး လှည့်ထွက်သွားလိုက်သည်။

သူမသည် ထိုခန်းမမှ ထွက်ခွာကာ တိုက်ပွဲ အဆုံးသတ်သွားသော ဒုတိယကျွန်းသို့ ပြန်သွားလိုက်လေသည်။ သူမသည် ကရားအိုး၏ အပိုင်းအစများ ပြန့်ကျဲနေသော နေရာသို့ ပြန်ရောက်လာသည်။

သူမသည် တစ်စစီကွဲကြေနေသော ထိုကရားအိုး၏ အပိုင်းအစများကို ဂရုတစိုက် ပြန်လည် ကောက်ယူလိုက်လေသည်။

သူမ မည်သည့်အရာများ တွေးနေသည်ကိုမူ မည်သူမျှသိရှိရန် မဖြစ်နိုင်ပေ။

....

အာရန်သည် ခမ်းနားသော ခန်းမကြီးတစ်ခုရှိ ပုလ္လင်တစ်ခုထက်တွင် ထိုင်ကာ အလှဆင်ထားသော မျက်နှာကျက်ကို ငေးကြည့်နေမိသည်။

သို့သော် သူသည် မျက်နှာကျက်ပေါ်ရှိ အနုပညာကိုလေ့လာရန် စိတ်မပါပေ။

သူ၏ လက်ချောင်းများသည် သူ အစောပိုင်းက သိရှိခဲ့သော အကြောင်းအရာများကို စဉ်းစားနေရင်း ပလ္လင်၏ လက်ရန်းကို တောက်လျှောက် ခေါက်နေလေသည်။

“ရန် နီခရိုလိုင်း…... မင်းက ဘယ်လို တည်ရှိမှုမျိုးလဲ မင်းက ငါဒီကို ဒီအချိန်မှာ ရောက်လာမယ်ဆိုတာကို ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်မယ် ဒီအရာတွေအားလုံးကို အစီအစဉ်တကျဖြစ်လာအောင် ကြိုတင်အကွက်ချ ထားခဲ့တာလဲ မင်းပဲဖြစ်မယ်လို့ ငါဘာလို့ ခံစားမိနေတာလဲ”

အလွန်ခမ်းနားသော ပလ္လင်တစ်လုံံ တည်ရှိနေသည့် ခန်းမကြီးတစ်ခုသည် လုံးဝ တိတ်ဆိတ်လျက်ရှိပြီး အာရန်၏ စကားသံများသာ ထိုတိတ်ဆိတ်မှုအတွင်း ပဲ့တင်ထပ်လျက်ရှိနေသည်။

ကံမကောင်းစွာဖြင့် ယခုအချိန်တွင် သူ၏မေးခွန်းကို ဖြေကြားမည့်သူ မည်သူမျှ ထိုနေရာတွင် ရှိမနေခဲ့ပေ။

#Catfoot

All Chapters