← Chapters

ဒုတိယမြောက် စာချုပ်

Vol. 14 Ch. 192

ဒုတိယမြောက် စာချုပ်

Vol. 14 Ch. 192

“…”

ရက်စ်ဖီသည် သူမ၏လျှာကိုသာ ပြန်ကိုက်လိုက်ပြီး ဘာမှထပ် မပြောခဲ့ပေ။ ထို့နောက်မည်သည့်စကားမျှထပ်မံမပြောမိစေရန် သူမ၏ ပါးစပ်ကို တင်းတင်းစေ့ ထားလိုက်သည်။

အက်စ်တီလီနာလည်း နေရခက်နေပုံရသည်။

သူမသည် သူမ၏ မိခင်ကို လူသားကမ္ဘာ၏ လျှို့ဝှက်ချက်အချို့ကို ဖော်ထုတ်ရန် အကူအညီဖြစ်နိုင်သည်ဟု တွေးမိကာ အာရန်ကို ဤနေရာသို့ ခေါ်ဆောင်လာခဲ့မိသူ ဖြစ်လေသည်။

သို့သော် အာရန်သည် ဝိညာဉ်လောက၏ အကြွင်းမဲ့ အုပ်ချုပ်သူ ဖြစ်လာလိမ့်မည်ဟု သူမ ဘယ်တုံးကမှ မထင်မှတ်ထားခဲ့ပေ။

သို့သော် သူမသည် ဤရွေးချယ်မှုကို နောင်တမရခဲ့ပေ။

အာရန် ဤနေရာတွင်ရှိမနေခဲ့ပါက ဝိညာဉ်အားလုံးသည် သေဆုံးသွားနိုင်လိမ့်မည်ဟု သူမ သေချာသိနေခဲ့သည်။

၎င်းတို့၏ နားလည်နိုင်မှုအပေါ် အခြေခံ၍ အနည်းငယ်ပို၍ ကောင်းမည်ထင်သည့် အရာတစ်ခုကို သူမတို့ ရွေးချယ်မိခဲ့ကြသည်။

၎င်းသည် အမှန်တကယ် ပိုကောင်းသော သို့မဟုတ် ပိုမို၍ဆိုးဝါးသော အရာတစ်ခုလားဟူ၍မူ အချိန်ကသာ ပြောပြပေးသွားလိမ့်မည် ဖြစ်လေသည်။

သူမကိုသာ နောက်ထပ် အခွင့်အရေးတစ်ခုထပ်ပေးခဲ့လျှင်လည်း နောက်တစ်ကြိမ် မတူညီသော အကြောင်းပြချက်များဖြင့် တူညီသော ဆုံးဖြတ်ချက်ကိုသာ ထပ်မံ ချမှတ်မိလိမ့်မည်ဟု သူမ သေချာနေခဲ့သည်။

သူမသည် အတိတ်ကို ပြန်သွားနိုင်လျှင် အာရန်ကို ပို၍ တလေးတစား ဆက်ဆံခဲ့မည်ဖြစ်ပြီး သူတို့ဆီက ဘာမှ ပြန်မလိုချင်ဘဲ သူတို့ကို ကူညီချင်စိတ် ဖြစ်လာအောင် သူငယ်ချင်းဖြစ်ရန်ပင် ကြိုးစားမိလိမ့်မည်ဖြစ်သည်။

ကံမကောင်းစွာဖြင့် ၎င်းသည် စိတ်ကူးတစ်ခုသာဖြစ်လေသည်။ အရာရာသည် နောင်တရရန် အလွန်နောက်ကျသွားပြီဖြစ်လေသည်။

“ငါ အိမ်ကိုပြန်ချင်ပြီ င့ါအတွက် ပြန်ဖို့

လမ်းကြောင်းတစ်ခု ဖွင့်ပေးနိုင်မလား”

အာရန်က ရက်စ်ဖီကို ထပ်မံမစနောက်တော့ဘဲ ယီလန် ကိုသာ မေးလိုက်သည်။

ဖီလိုနာသည် အလွန် အံ့အားသင့်သွားရသည်။ အာရန်သည် ဤနေရာ၌ နေထိုင်ပြီး အကြွင်းမဲ့ အရှင်သခင်ကဲ့သို့ ပြုမူကာ ၎င်းတို့၏ အင်အားကို သူ့ကိုယ်ကျိုး အတွက်ပင် အသုံးပြုလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။

အံ့အားသင့်စွာဖြင့် ထိုအရာများအားလုံးပြီးနောက်တွင် သူပြောလိုက်သော တစ်ခုတည်းသောအရာမှာ သူသည် အိမ်ပြန်ချင်သည် ဟူသောစကားတစ်ခွန်းပင် ဖြစ်လေသည်။

အာရန်သည် ဖီလိုနာမှ အဘယ်ကြောင့် အံ့အားသင့်နေသည်ကို နားလည်လေသည်။ ဘာပဲဖြစ်ဖြစ် သူလည်း ထွက်သွားချင်စိတ် မရှိသေးပေ။

ဤဝိညာဉ်လောက၏ အုပ်ချုပ်သူတစ်ဦးအနေဖြင့် ဤနေရာ၌ အသတ်ခံရမည်ကို အမြဲတမ်း စိုးရိမ်နေစရာ မလိုအပ်ပေ။

ဤကမ္ဘာ၌ သူသည် သက်တောင့်သက်သာရှိစွာဖြင့် အလှပဂေးများ ဝန်းရံလျက် သူ့ဘဝကို ပျော်ပျော်ကြီး ကုန်ဆုံးနိုင်လေသည်။

သို့သော် ဤနေရာသည် အချိန်မရွေး ပေါက်ကွဲသွားနိုင်သော ဗုံးတစ်လုံးဖြစ်နေကြောင်းလည်း သူ မေ့ထား၍မဖြစ်ပေ။

ထိုဗုံးသည် မျှော်စင်သခင် ရောက်ရှိလာခြင်းနှင့်အတူ ပေါက်ကွဲသွားမည်လားဟု သူ မသေချာနေသော်လည်း ထိုအန္တရာယ်ကို မစွန့်စားလိုပေ။

ထိုနေ့သို့သာ ရောက်ရှိလာပါက ဝိညာဉ်လောက၌ ရှိနေသည်ထက် လူ့ကမ္ဘာ၌ ရှိနေခြင်းဖြင့် ဝိညာဉ်များကိုပင် ပို၍ အကူအညီပေးနိုင်ပေလိမ့်သည်။

မျှော်စင်သခင်သည် သူ့ဖုတ်‌ကောင်တပ်ဖွဲ့ တစ်ခုလုံးနှင့်အတူ ဤနေရာသို့ အမှန်တကယ် ရောက်ရှိလာပါက နစ်ခရိုမန်ဆာမျှော်စင်သည် ခုခံနိုင်စွမ်း လျော့နည်းသွားမည် ဖြစ်သဖြင့် သူသည် ထိုမျှောင်စင်နေရာသို့ သွားရောက်ရန်ပင် အခွင့်အရေးများ ရရှိလာနိုင်သည်ဟု ဆိုလိုနေသည်။

“လမ်းကြောင်းတစ်ခု ဖွင့်ဖို့က အရမ်းလွယ်ကူပါတယ်”

ယီလန်သည် လွယ်ကူသည်ဟုပြောလိုက်သော်လည်း တော်ဝင်နန်းတော်၏ အလယ်ဗဟို၌ ထိုကဲ့သို့သော အရာတစ်ခုကို တိုက်ရိုက်ဖွင့်ရန်မှာ သူမတစ်ဦးတည်းသာ တတ်နိုင်လေသည်။

ထို့နောက်ပြန်သွားရန် ဂိတ်ပေါက် လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်သည်။ ဖီလိုနာပင် ထိုကဲ့သို့သော အရာကို သူမကဲ့သို့မပြုလုပ်နိုင်ပေ။

အက်စ်တီလီနာ ဖွင့်ခဲ့သော လမ်းကြောင်းနှင့် ဆင်တူသော်လည်း အနည်းငယ် ပို၍ကြီးပြီး ပို၍ တည်ငြိမ်သော ဟင်းလင်းပြင် တံခါးပေါက်တစ်ခုသည် ပလ္လင်ဘေး၌ ပေါ်လာလေသည်။

“ကောင်းတယ်” အာရန် ထရပ်လိုက်ပြီး ဆီလက်စ်အား သူ့ပခုံးပေါ်၌ ဆင်းသက်စေလိုက်သည်။

ဆီလက်စ် ကို မြင်သောအခါ ယီလန်၏ မျက်နှာတွက် အနည်းငယ် ပြောင်းလဲမှုများ ရှိမရှိ သိနိုင်ရန် မကြခဏ အာရုံစိုက်အကဲခပ်ကြည့်ခဲ့သော်လည်း သူမသည် ဆီလကစ်၏ဖြစ်တည်မှုကို လုံး၀သတိမထားမိပုံရလေသည်။

၎င်းသည် သူ၏ သံသယများကို အတည်ပြုပေးလိုက်သည်။ ပထမ ဝိညာဉ်ဘုရင်မပင် ဆီလက်စ် ကို မမြင်တွေ့နိုင်ပေ။

ဤနတ်သူငယ်ကဲ့သို့ သတ္တဝါလေးသည် မည်သည့်ဖြစ်တည်မှုမျိုးနည်ဟု အာရန်သည် တစ်ချက် တွေးတောလိုက်မိသည်။

“မင်းက အရင်အတိုင်းပဲ ဒီလောကကို ဆက်ပြီး အုပ်ချုပ်နိုင်ပါတယ် ငါ လုံးဝ ပါဝင်ဖို့ လိုအပ်တဲ့ကိစ္စတွေပေါ်လာမှသာ မင်းတို့ရဲ့ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှာပါ”

အာရန်သည် တံခါးပေါက်ဘက်သို့ လှည့်ရင်း ဖီလိုနာကို ပြောလိုက်သည်။

“မထွက်ခင်မှာ လက်ရှိ ဝိညာဉ်ဘုရင်မနဲ့ စာချုပ်တစ်ခု ချုပ်ထားသင့်တယ်လို့မထင်ဘူလား”

အာရန်သည် ဂိတ်တံခါးပေါက်ထဲသို့ ဝင်ရန် ပြင်နေစဉ် ယီလန် က သတိပေးလိုက်သည်။

အာရန်သည် ခြေလှမ်းပြင်နေသည်ကို ရပ်တန့်လိုက်ပြီး သူ၏ ခြေထောက်သည် တံခါးပေါက်နှင့် လက်မအနည်းငယ်သာ ကွာဝေးတော့သည်။

“မင်းက ဘာကို ဆိုလိုတာလဲ ငါက မင်းလို မူလဝိညာဉ်ဘုရင်မနဲ့ စာချုပ် ချုပ်ဆိုထားပြီးပြီမဟုတ်လား” အာရန်က ပြန်မေးလိုက်သည်။

“ပြီးတော့ ဝိညာဉ်လောကတစ်ခုလုံးကလည်း ငါနဲ့ ချည်နှောင်ထားပြီးသားလို့ ထင်တယ် သူတို့ ငါ့ရဲ့ အမိန့်တွေကို ငြင်းပယ်ချင်ရင်တောင် ငြင်းပယ်လို့ မရတော့ဘူးလေ ဒါဆို ဘာလို့အဲ့လိုလုပ်ဖို့လိုဦးမှာလဲ”

“အဲဒါ မှန်ပါတယ် ရှင်က သူတို့ကို အမိန့်ပေးနိုင်ပေမယ့် အဲဒါက ပိုရှုပ်ထွေတယ်လို့ မထင်ဘူးလား ရှင်က သူတို့ရှေ့မှာ ရှိမှ သူတို့ကို အမိန့်ပေးလို့ရမှာလေ ရှင်က သူတို့ကို အမိန့်ပေးချင်တဲ့အခါတိုင်း ဒီကိုပြန်လာမှရလိမ့်မယ်” ဟု ယီလန် က ပြန်ရှင်းပြလိုက်သည်။

အာရန်က ယီလန် ဘာစီစဉ်နေသည်ကို နားမလည်နိုင်ဘဲ မျက်မှောင်ကြုတ်၍သာ ကြည့်နေလိုက်သည်။ သူမက သူ့ကို အမှန်တကယ် ကူညီဖို့ ကြိုးစားနေတာလား။

“ဝိညာဉ်စာချုပ်တစ်ခုဆိုတာက ဝိညာဉ်တစ်ယောက်ကို ရှင့်အတွက် ကူညီပေးဖို့ ခေါ်ရုံသက်သက် မဟုတ်ဘူး ရှင် ဘယ်မှာပဲ ရှိနေနေ သူတို့နဲ့ ဆက်သွယ်ဖို့လည်း ကူညီပေးနိုင်တယ်”

“တကယ်လို့ရှင်ကသာ သူတို့ကို အမိန့်ပေးဖို့ လိုအပ်ရင် ဝိညာဉ်စာချုပ်နဲ့ ရှင့်ရဲ့ အမိန့်ကို ထုတ်ပြန်လိုက်လို့ရတယ်”

သူမသည် အာရန်ကို ဘာကြောင့် နောက်ထပ် စာချုပ်တစ်ခု ချုပ်ခိုင်းရသည်ကို နားလည်အောင် တစ်ချက်ချင်း ရှင်းပြလိုက်သည်။

“ပုံမှန် ဝိညာဉ်စာချုပ်နဲ့ဆို ဆင့်ခေါ်မှုကို ဝိညာဉ်ကလည်း သဘောတူဖို့ လိုတယ် ဝိညာဉ်ကို အလုပ်တစ်ခု ပြီးမြောက်အောင် ရှင်က အတင်းအကျပ် စေခိုင်းလို့မရဘူး ဒါ့အပြင် အသက်ဓာတ်စွမ်းအင် အများကြီးလည်း သုံးစွဲရလိမ့်မည် ဒါပေမဲ့ ရှင်ကတော့ မတူဘူး”

“ရှင်က သူတို့အပေါ်မှာ အကြွင်းမဲ့ အုပ်ချုပ်ခွင့် ရှိနေတယ် ဘယ်အသက်ဓာတ် စွမ်းအင်မှ မသုံးဘဲ စာချုပ်ကို အသုံးပြုနိုင်တယ်။”

သူမ၏ ရှင်းပြချက်ကို ကြားပြီးနောက် အာရန်သည် သူမ ဘာပြောနေသည်ကို နားလည်နိုင်ခဲ့သည်။

သူသည် ဤဝိညာဉ်လောက၏ အုပ်ချုပ်သူတစ်ဦးဖြစ်နေသော်လည်း အမိန့်များ ထုတ်ပြန်ရန် နည်းလမ်းတစ်ခု လိုအပ်လေသည်။

အလွယ်ကူဆုံး နည်းလမ်းမှာ သူ့နောက်၌ ဝိညာဉ်လောက၏ အမြင့်ဆုံး အာဏာရှိသူနှင့် ဆက်သွယ်မှုတစ်ခု ထူထောင်ထားရန် ဖြစ်လေသည်။

ထိုသူမှာ ယီလန်ပင် ဖြစ်သော်လည်း သူမသည် သူ့နှင့်အတူ လိုက်ပါသွားရမည် ဖြစ်လေသည်။

သူမသည် ယခုနေရာတွင်နောက်ချန် နေခဲ့၍မရပေ။

ထိုအခါကျန်ရှိသော တစ်ဦးတည်းသောသူမှာ ဖီလိုနာပင်ဖြစ်သောကြောင့် ဒုတိယ ဝိညာဉ်စာချုပ် ချုပ်ဆိုခြင်းသည် အဓိပ္ပာယ်ရှိလေသည်။

“ကောင်းပြီ ငါ ဖီလိုနာနဲ့ ဝိညာဉ်စာချုပ်တစ်ခု ချုပ်ဆိုမယ်”

အာရန်သည် သဘောတူညီ လိုက်သော်လည်း စာချုပ်တစ်ခုကို ပထမဦးဆုံး မည်သို့ ချုပ်ဆိုရမည်မှန်း သူ မသိနေပေ။

သူက မန္တန်တစ်ခုခု ရွတ်ဆိုရမည်လား။ မှော်စက်ဝိုင်းတစ်ခု ဖန်တီးရမည်လား။ ဒါမှမဟုတ် သူ၏ သွေးကို ရစ်ပူဇော်ရမည်လား။

“ရှင် က ဘာမှ လုပ်စရာ မလိုဘူး ဝိညာဉ်တစ်ဦးက ဝိညာဉ်စာချုပ်ကို သဘောတူညီလိုက်တာနဲ့ သူမက အရာအားလုံးကို ကိုင်တွယ်သွားလိမ့်မယ် ရှင်က သူမကို ဝိညာဉ်စာချုပ်တစ်ခုချုပ် လိုချင်ကြောင်း ပြောပေးရုံပါပဲ”

ယီလန် က အာရန် ဘာတွေးနေသလဲ နားလည်ရန် သူ၏ မျက်နှာအမူအရာကို ဖတ်တတ်သကဲ့သို့ ပြောလိုက်သည်။

အာရန်သည် တစ်စုံတစ်ဦးက သူ့အတွေးများကို ခန့်မှန်းနေသည်ကို မကြိုက်သော်လည်း ယခုမူ အမှန်တကယ် အထောက်အကူဖြစ်ခဲ့သည်။

“မင်းနဲ့ ဝိညာဉ်စာချုပ်တစ်ခုချုပ်ဆိုချင်ပါတယ်”

ဟု အာရန်သည် အကြောင်းတစ်ခုခုကြောင့် မျက်နှာ အနည်းငယ် နီရဲနေသော ဖီလိုနာကို ပြောလိုက်သည်။

သူ အနည်းငယ်စိတ်ရှုပ်ထွေးသွားသည်။ သူသည် သူမအား တစ်စုံတစ်ခု မှားယွင်းစွာ လုပ်ခိုင်းခဲ့မိသလော။

ဘာကြောင့် ထိုသို့ ရှက်ရွံ့သော တုံ့ပြန်မှုကို ပြသနေရသနည်း။

ဖီလိုနာသည် အာရန်၏ အနားသို့ ပို၍ ကပ်လာပြီး ၎င်းတို့ကြား၌ မည်သည့် အကွာအဝေးမှ မခြားတော့သောနေရာအထိ ကပ်လိုက်သည်။

ထို့နောက် အာရန်မှာ မည်သည့်အရာကိုမျှ မတုံ့ပြန်နိုင်ခင်မှာပင် ဖီလိုနာသည် ခြေဖျားထောက်လိုက်ကာ သူမ၏ နှုတ်ခမ်းများကို အာရန်၏ နှုတ်ခမ်းများပေါ်၌ ဖိကပ်ထားလိုက်သည်။

သူမ၏ နွေးထွေးသော အသက်ရှူသည် အာရန်နှင့် ရောနှောသွားလေသည်။

တစ်ချိန်တည်းမှာပင် အာရန်၏ အခြားလက်တစ်ဖက် နောက်ကျော၌ ဝိညာဉ်အမှတ်အသားတစ်ခု စတင်ပေါ်ပေါက်လာခဲ့သည်။

သူသည် ဝိညာဉ်ဘုရင်မနှင့် ဝိညာဉ်စာချုပ် ချုပ်ဆိုဘူးသော ပထမဆုံးလူသားတစ်ဦးဖြစ်သည့်အပြင် ချုပ်ဆိုထားသည်မှာလည်း ဝိညာဉ်ဘုရင်မတစ်ဦးပင်မကပေ။

#Catfoot

All Chapters