မုန်းတီးမှု၏ အကြောင်းရင်း
Vol. 14 Ch. 193
ဝိညာဉ်စာချုပ်နှင့်ပတ်သက်၍ အာရန်သည် ယခုကဲ့သို့သော အခြေအနေမျိုးကို မျှော်လင့်မထားခဲ့ပေ။ ဖီလိုနာ၏ နှုတ်ခမ်းမှတဆင့် ခံစားလိုက်ရသော နွေးထွေးမှုကြောင့် သူသည်အလွန် အံ့အားသင့်သွားသည်။
သူ၏လက်ပေါ်ရှိ ဝိညာဉ်အမှတ်အသားသည် ညင်သာစွာ တောက်ပလာပြီး ၎င်းတို့နှစ်ဦး၏ ကံကြမ္မာကို ဝိညာဉ်စာချုပ်ဖြင့် ချည်နှောင်လိုက်လေသည်။
အခြားသူများနှင့်မတူဘဲ အသက်ဓာတ်ကို မပေးဆပ်ရသော စာချုပ်ချုပ်ဆိုမှုမျိုး ဖြစ်သောသည် အာရန်အတွက် ပို၍ အကျိုးရှိသည်ဟုဆိုနိုင်သည်။
ဖီလိုနာသည် သူမ၏နှုတ်ခမ်းကိုအာရန်၏နှုတ်ခမ်းဆီမှ ခွာလိုက်သောအခါ သူမ၏ မျက်နှာသည် နီရဲလျက်ရှိပြီး အာရန်၏ အကြည့်များကို ရှောင်ဖယ်ရှောင်ဖယ်လုပ်နေမိသည်။
သူမအတွက် ဝိညာဉ်စာချုပ် ချုပ်ဆိုခြင်းသည် ပထမဆုံးအကြိမ်ဖြစ်သကဲ့သို့ ယခုကဲ့သို့ ရှက်ဖွယ်ကောင်းသောအမှုကို ပြုလုပ်မိခြင်းသည်လည်း ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။
ရုတ်တရက် အနမ်းကြောင့် အာရန်သည် အံ့အားသင့်လျက် “ဒါလားစာချုပ်ချုပ်တာ” ဟု မေးလိုက်မိသည်။
အာရန်သည် သူ၏လက်နောက်ဘက်ကို ကြည့်လိုက်ရာ အခြား ဝိညာဉ်အမှတ်အသားတစ်ခု ထပ်မံပေါ်လာသည်ကို သတိပြုမိလိုက်သည်။
ထိုအမှတ်အသားသည် ယီလန် ထံမှ ရရှိခဲ့သော အမှတ်အသားနှင့် အတောလေးဆင်တူလေသည်။
ဖီလိုနာသည် အသံတိုးတိုးဖြင့် ခေါင်းညိတ်ကာ “ဟုတ်ကဲ့ စာချုပ်ချုပ်ဆိုပြီးပါပြီ” ဟု ပြန်ပြောလိုက်သည်။
ထိုမြင်ကွင်းကို စောင့်ကြည့်နေသော ယီလန် သည် အနည်းငယ် ရယ်ချင်လာသည်ကို မထိန်းနိုင်တော့ပေ။
“အခုတော့ ရှင်က ဘယ်နေရာမှမဆို ဖီလိုနာနှင့် ဆက်သွယ်နိုင်ပြီး သူမဟာ ရှင့်ရဲ့ အမိန့်တွေကို ဝိညာဉ်လောကတစ်ခုလုံးကို ပြန်ဖြန့်ကျက်နိုင်လိမ့်မယ် ဒီနည်းနဲ့ဆို ရှင်ဟာ အကြိမ်တိုင်း ပြန်လာနေစရာမလိုတော့ဘူးပေ့ါ” ဟု သူမက ရှင်းပြလိုက်သည်။
အာရန်သည် မိမိလက်ကို ဆန့်တန်းလိုက်ရာ ဝိညာဉ်အဆီအနှစ်များသည် ဝိညာဉ်အမှတ်အသားအတွင်းသို့ စီးဝင်နေသည်ဟု ခံစားလိုက်ရသည်။
သူသည် ဖီလိုနာနှင့် အမှန်တကယ် ချိတ်ဆက်မိသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမ၏ အတွေးများကို သူ သူမဖတ်နိုင်သော်လည်း ဝိညာဉ်စာချုပ်မှတစ်ဆင့် သူမ၏ ခံစားချက်များကိုမူ ခံစားနိုင်နေခဲ့သည်။
“ခဏလေး”
အာရန်သည် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိသွားပြီး သံသယမျက်လုံးများဖြင့် ယီလန် ကို ကြည့်လိုက်သည်။
“ဝိညာဉ်ဘုရင်မနဲ့ စာချုပ်ချုပ်ဆိုဖို့ အတွက် အနမ်းတစ်ပွင့် လိုအပ်တယ်ဆိုရင် ဘယ်လိုလုပ်ပြီး.....”
သူသည် ယီလန် ၏ ဝိညာဉ်စာချုပ် အမှတ်အသား ရှိသော လက်ကို မြှောက်ပြလိုက်သည်။
သူမသည် သူ့ကို မနမ်းခဲ့ပါဘဲလျက် သူမ၏ ဝိညာဉ်စာချုပ်ကို သူ မည်သို့ ရရှိခဲ့သနည်း။
၎င်းသည် စနစ်ကြောင့်များလား သို့မဟုတ် အတိတ်၌ သူမနှင်သူ၏ ချုပ်ဆိုထားခဲ့ပြီးသား စာချုပ်တစ်ခုဖြစ်ကာ ယခုမှသာ စနစ်ကြောင့် ပြန်လည် ပေါ်ပေါက်လာခြင်းပေလော။
သူသည် လုံးဝ တည်ငြိမ်လျက် အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိသော ယီလန် ကို စိုက်ကြည့်လိုက်သည်။
‘ငါ အလွန်အကျွံ တွေးမိသွားပုံရတယ် ဆုလာဘ်တွေနဲ့ ပတ်သက်ရင် စနစ်က ဒီကမ္ဘာက ဘယ်ဥပဒေသတွေကိုမှ လိုက်နာခဲ့တာမှမဟုတ်တာ’
မှတ်ဉာဏ်အပိုင်းအစမှ ရရှိခဲ့သော အချက်အလက်များတွင်လည်း သူ၏လက်၌ မည်သည့် ဝိညာဉ်စာချုပ်ကိုမျှ သူ မမြင်ခဲ့ရပါ။
ဆိုလိုသည်မှာ သူသည် ဤခန္ဓာကိုယ်သို့ မရောက်ရှိမီကပင် ဝိညာဉ်စာချုပ် မရှိခဲ့သေးပေ။
ဝိညာဉ်စာချုပ်သည် ဆုလာဘ်တစ်ခုအနေဖြင့်သာ ရရှိခဲ့ခြင်းဖြစ်ပြီး အခြားမည်သည့်အကြောင်းကြောင်းမှ မဟုတ်ပေ။
အနည်းဆုံး သူ့၏ သာမန်သိထားသလောက်ဖြင့် ထိုသို့သာ ပြောနိုင်လေသည်။
ထို့နောက် အာရန်သည် ဝိညာဉ်စာချုပ်အကြောင်းကို စဉ်းစားခြင်းကို ရပ်လိုက်ပြီး သူ့အားစိတ်အနှောက်အယှက်ပေးနေသော အခြားမေးခွန်းတစ်ခုသို့ သာ အာရုံပြောင်းလိုက်သည်။
“ငါ ဒီက မထွက်ခွာခင် နောက်ဆုံး မေးချင်တဲ့အရာတစ်ခု ရှိသေးတယ်”
သူ၏ အာရုံသည် နောက်တွင် ရပ်နေသော အက်စ်တီလီနာဆီသို့ ရောက်သွားသည်။
အက်စ်တီလီနာသည် သူမ သူ့ကို လုပ်ခဲ့သမျှ အရာအားလုံးအတွက် သူက သူမကို အပြစ်တင်မည်လားဟု တွေးတောနေမိသည်။
သူမကို ပြင်္နတောင်းပန်ခိုင်းမည်လား။ သို့မဟုတ် ဝိညာဉ်ဘုရင်မကို သူမအား အပြစ်ပေးခိုင်းမည်လား။
အပြစ်ဒဏ်ကို အနည်းငယ် ကြောက်ရွံ့သော်လည်း သူမသည် မည်သည့်အရာကိုမဆို ရင်ဆိုင်ရန် အဆင်သင့်ပြင်ထားလိုက်သည်။
“ရှုယင်က ဝိညာဉ်တွေကို မုန်းတီးတယ်လို့ မင်း ပြောခဲ့တာ ငါ မှတ်မိသေးတယ် အဲဒါ ဘာကြောင့်လဲ မင်း ငါ့ကို ပြောပြပေးနိုင်မလား”
အာရန်သည် အက်စ်တီလီနာ၏ စကားများကို ပြန်လည် အမှတ်ရရင်း မေးလိုက်သည်။
အာရန်သည် အက်စ်တီလီနာကို နောက်တစ်ကြိမ် ဘယ်အချိန်မှ ပြန်တွေ့မည်ကို မသေချာပေ။
ရှုယင်ကိုလည်း မမြင်စေလိုသောကြောင့် သူမကို သူနှင့်အတူ ပြန်ခေါ်သွားရန်ပင် မဖြစ်နိုင်ပေ။
ထို့ကြောင့် သူသည် ထိုမေးခွန်းကို ဤနေရာ၌သာ မေးမြန်းနိုင်လေသည်။
“သူမရဲ့ ဆန္ဒကြောင့်ပါ” ဟု အက်စ်တီလီနာက ဖြေကြားလိုက်သည်။
“အဲဒါက သူမရဲ့ အကြီးမားဆုံး နောင်တ ဖြစ်သွားခဲ့တဲ့ ဆန္ဒတစ်ခုပါ”
ယခင်ကဆိုလျှင် သူမသည် သူ့ကို ဤအကြောင်းကို ပြောပြမည်မဟုတ်ပေ။ သို့သော် ယခု သူမ ဘာများတတ်နိုင်ဦးမည်နည်း။
သူမ၏ မိခင်နှင့် ပထမ ဝိညာဉ်ဘုရင်မပင် အာရန်၏ လက်အောက်တွင် အလုပ်လုပ်နေကြရပြီဖြစ်သည်။
သူမသည် သူ၏ အမိန့်များကိုလည်း လျစ်လျူရှု၍ မရတော့ပေ။
“ဝိညာဉ်တစ်ဦးနဲ့ စာချုပ်ချုပ်ဆိုလိုက်တာဟာ အခက်အခဲတွေလဲများသလို အကျိုးအမြတ်လည်း အလွန် ကြီးမားပါတယ်” သူမက ထပ်လောင်း ပြောကြားလိုက်သည်။
“အသက်ဓာတ်ကို စတေးလိုက်တာနဲ့ သူမဟာ သင့်လျော်တဲ့ ဘယ်တောင်းဆိုမှု ကိုမဆို ပြုလုပ်နိုင်ပြီး ဝိညာဉ်ဘက်ကနေလဲ အဲ့ဒီတောင်းဆိုမှုကို လက်ခံလိုက်မယ်ဆိုရင် အဲ့ဒါကို မဖြစ်ဖြစ်အောင် ဆောင်ရွက်ပေးရမည့် တာဝန်ရှိသွားပါတယ် ကျွန်မ လုပ်ခဲ့တာကလဲ တာဝန်အရပါပဲ”
“ပြီးတော့ သူမရဲ့ တောင်းဆိုမှုက ဘာလဲ”
အာရန်သည် အနည်းငယ်ရှုပ်ထွေးစွာဖြင့် ပြန်လည်မေးမြန်းလိုက်သည်။
သူမ၏ တောင်းဆိုမှု ပြည့်စုံသွားခြင်းက ဘာကြောင့် သူမကို ဝိညာဉ်များအား မုန်းတီးသွားစေခဲ့သနည်း။
“အဲဒါက နားလည်မှု အနည်းငယ် လွဲသွားတာကြောင့်ပါ...” ဟု အက်စ်တီလီနာက ပြန်ဖြေလိုက်သည်။
“သူမက အဲဒီနေရာမှာ ရှိနေခဲ့တဲ့ လူတိုင်းကို သေစေချင်တယ်လို့ ပြောခဲ့တယ်”
“သူမရဲ့ စကားတွေက အရမ်းကို မသဲမကွဲနိုင်နေတော့ သူမရှေ့က လူတွေကိုပဲပြောနေခဲ့တာကို ကျွန်မက မြို့ထဲက လူတိုင်းကို ပြောနေတယ်လို့ ထင်လိုက်မိတယ်”
“ကျွန်မရဲ့ နားလည်မှုအတိုင်း အမိန့်ကို လက်ခံခဲ့ပြီး သူမရဲ့ အနာဂတ်ကျင့်ကြံမှု ဒါမှမဟုတ်အသက်ဓာတ်ကို ဂရုမစိုက်ဘဲပြုလုပ်ခဲ့တဲ့ တောင်းဆိုမှုတစ်ခုဟာ သူမရဲ့ သက်တမ်း တစ်ဝက်လောက်ကို ကုန်ဆုံးသွားစေခဲ့တယ်”
ဟု အက်စ်တီလီနာက ထပ်မံပြောပြလိုက်သည်။
“ဒါဆို မင်းရဲ့ ကိုယ်ပိုင် နားလည်မှုလွဲမှားခဲ့တာအပေါ် အခြေခံပြီး မင်းက သူမရဲ့ သက်တမ်း တစ်ဝက်ကို ခိုးယူခဲ့လို့ သူမက စိတ်ဆိုးသွားခဲ့တာလား”
အာရန်သည် သူ၏ ခေါင်းကို ပြန်ကုတ်လိုက်ရင်း သူမ ဘာကြောင့် ဤမျှ ဝိညာဉ်များကို မုန်းတီးခဲ့ရသနည်းဟု တွေးနေမိလိုက်သည်။
နားလည်မှုလွဲမှားခြင်းတစ်ခုကြောင့် သူတို့ရဲ့ သက်တမ်းရဲ့ တစ်ဝက်ကို ခိုးယူခံရမည်ဆိုလျှင် မည်သူမဆို ဒေါသထွက်သွားမည်ဖြစ်လေသည်။
ထို့ပြင် ၎င်းသည် သူမ၏ လက်ရှိဘဝ သက်တမ်း၏ တစ်ဝက်ပင် မကဘဲ သူမ၏ အနာဂတ် အင်အား သို့မဟုတ် ကျင့်ကြံမှု မည်မျှမြင့်မားလာစေကာမူ သူမ၏ စုစုပေါင်း သက်တမ်း၏ တစ်ဝက်သာပိုင်ဆိုင်နိုင်တော့မည်ဟု ဆိုလိုခြင်းမဟုတ်ပေဘူးလော။
အကယ်၍ သူမ၌ နှစ်ခြောက်ရာ သက်တမ်းရှိလျှင် အဲဒီထဲမှ နှစ်သုံးရာကို ခိုးယူခံလိုက်ရပြီးဖြစ်လေသည်။
ပုံမှန် ဆင့်ခေါ်မှုတစ်ခုတွင် သက်တမ်း ဆယ်နှစ်သာ ကုန်ကျသော်လည်း သူမသည် အဆပေါင်းများစွာ ဆုံးရှုံးခဲ့ရလေသည်။
၎င်းသည် သူမအတွက် တစ်သက်လုံး ကျိန်စာသင့်သွားသလို ဖြစ်နေပြီး သူမ ကျင့်ကြံခြင်းများ မည်မျှတိုးတက်လာပါစေ သူမ၏ သက်တမ်းတစ်ဝက်ကိုမူ ဆက်လက်ခိုးယူခံနေရဦးမည့် ကျိန်စာတစ်ခုလည်း ဖြစ်လေသည်။
“သူမက သက်တမ်းကုန်ဆုံးမှုကြောင့် ဒေါသထွက်ခဲ့တာမဟုတ်ပါဘူး ရလဒ်တွေကြောင့် ဖြစ်သွားခဲ့တာပါ ကျွန်မ ပြောခဲ့သလိုပဲ ဝိညာဉ်တွေရဲ့ နားလည်မှုအပေါ် အခြေခံပြီး အမိန့်ကို လက်ခံပြီးတာနဲ့ ပြန်ပြောင်းလဲလို့ မရတော့ပါဘူး” ဟု အက်စ်တီလီနာသည် အာရန်အား ပြောကြားနေရင်း လွန်ခဲ့သော အချိန်တစ်ခုခန့်က ကလေးမလေး
တစ်ယောက်မှ သူမကို ဆင့်ခေါ်၍ စာချုပ်ချုပ်ဆိုခဲ့သည့်ဖြစ်ရပိမှာ မကြာခင်ကမှ ဖြစ်ပျက်သွားခဲ့သကဲ့သို့ ခံစားမိလိုက်သည်။
မည်သည့် လေ့ကျင့်မှုမျှ မရှိသော ကလေးမလေး
တစ်ယောက်သည် သူမကို မည်သို့ ခေါ်ယူနိုင်ပြီး စာချုပ်အခြေအနေများကိုလည်း နားလည်အောင် မည်သို့ လုပ်ဆောင်နိုင်ခဲ့သည်ကို သူမပင် နားမလည်နိုင်ခဲ့သောကြောင့် သူမကိုယ်တိုင်ပင် ထိုအချိန်က အလွန်အံ့အားသင့်သွားခဲ့ရလေသည်။
“သူမက အဲဒီနေ့က ကျွန်မ လုပ်မိခဲ့တာတွေအတွက် ဒေါသထွက်သွားခဲ့ရတာပါ ကျွန်မက အဲ့ဒီသဘောတူညီမှုကြောင့် လူတိုင်းကို သတ်ခဲ့ရတယ်... သူမရှေ့က လူတွေကိုတင် မကဘူး မြို့ထဲက တခြားလူတိုင်းကိုလည်း သတ်ခဲ့မိတယ် ကျွန်မပြုလုပ်မိခဲ့တဲ့ သဘောတူညီချက်ကို ကျွန်မကိုယ်တိုင်တောင်ဆန့်ကျင်လို့ မရဘူး”
“အဲဒီနေ့က ကျွန်မဟာ လူငယ်တွေ၊ ကလေးတွေ၊ အဘိုးအိုတွေ၊ အားကောင်းတဲ့သူတွေနဲ့ အားနည်းတဲ့သူတွေကို တစ်ယောက်မကျန်သတ်ခဲ့ရပြီး အဲဒီနေရာကို သူမတစ်ယောက်တည်း အသက်ရှင်ကျန်ရစ်တဲ့ သရဲမြို့တစ်မြို့ အဖြစ် ပြောင်းလဲပစ်ခဲ့မိတယ်” ဟု သက်ပြင်းတစ်ချက်ချရင်း အက်စ်တီလီနာက ပြောပြလိုက်သည်။
အက်စ်တီလီနာ၏ စကားများကို ကြားသောအခါ အာရန်သည် သူ၏ နဖူးကို ပြန်ပွတ်လိုက်မိသည်။
သူ ကြားလေလေ အကြောင်းအရာများသည် ကြာလေပို၍ ဆိုးရွားလေလေ ဖြစ်လေသည်။
ကံမကောင်းစွာဖြင့် ၎င်းသည် အစသာ ရှိသေးသည်။ သူ နောက်ထပ် ကြားခဲ့သောအရာသည် အတော်လေး လွန်လွန်းသွားလေသည်။
“ကျွန်မ သတ်ခဲ့တဲ့ လူတွေထဲမှာ ရှုယင်ရဲ့ မိသားစုလည်း ပါဝင်သွားခဲ့မှန်း ကျွန်မ တကယ် မသိခဲ့မိဘူး...” ဟု သူမက ထပ်မံပြောလိုက်သည်။
#Catfoot