← Chapters

အားလုံးရဲ့ပစ်မှတ်

Vol. 72 Ch. 999

အားလုံးရဲ့ပစ်မှတ်

Vol. 72 Ch. 999

ဝုန်း အုန်း.......

လီဖူချန်းနဲ့အမှောင်အရှင်ဘုရင်က ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်။ အလင်းနှစ်အနည်းငယ်အတွင်းရှိ နေရာတစ်ခုလုံးက ကွဲကြေသွားတဲ့မှန်တစ်ချပ်အလား ပေါက်ကွဲထွက်သွားတယ်။ မြင်ကွင်းက အတော်လေးကြောက်စရာကောင်းတယ်။

နောက်တစ်နေ့အထိ တစ်ယောက်က အခြားတစ်ယောက်ကို ဒဏ်ရာမရစေနိုင်သေးပါဘူး။

"အမှောင်ကမ္ဘာ"

အမှောင်အရှင်ဘုရင်က သူ့ရဲ့မွေးရာပါစွမ်းရည်အမှောင်ကမ္ဘာကို အသက်သွင်းလိုက်တယ်။

ချက်ချင်းပဲ အမှောင်ကမ္ဘာတစ်ခုက ဆင်းသက်လာပြီး လီဖူချန်းကို ဝန်းရံသွားတယ်။

"အမှောင်ကမ္ဘာပြန်ပဲလား"

ရောင်စဉ်ခုနှစ်ဖြာတိုက်ကြီးပေါ်မှာ လီဖူချန်းက ဝမ့်ဟေးလုံရဲ့အမှောင်အရိုးတည်ဆောက်ပုံရဲ့အံ့ဖွယ်နတ်စွမ်းရည်အမှောင်ကောင်းကင်အမိုးကို မြင်တွေ့ခဲ့တယ်။ အဲဒါက အမှောင်ကမ္ဘာရဲ့စတင်ကာစပုံစံဖြစ်ပြီး အမှောင်ကမ္ဘာရင်းမြစ်မဖြစ်ပေါ်သေးပါဘူး။ အဲဒါက အမှောင်စွမ်းအင်က ဖွဲ့စည်းထားတဲ့ပုံရိပ်ယောင်ပိုင်နက်တစ်ခုသာဖြစ်ပြီး အစစ်အမှန်အမှောင်ကမ္ဘာထက် အဆသန်းချီပိုအားနည်းတယ်။

လီဖူချန်း ညနတ်ဆိုးအဖွဲ့နဲ့အတူ စွန့်စားခန်းထွက်ခဲ့တုန်းက  သွေးဆာသူတော်စင်အရှင်ရဲ့အစစ်အမှန်အမှောင်ကမ္ဘာကို မြင်တွေ့ခဲ့ရတယ်။

အမှောင်ကမ္ဘာမှာ အမှောင်ကမ္ဘာရင်းမြစ်ဖြစ်ပေါ်ထားပြီး အမှောင်သတ္တဝါတွေကို မွေးထုတ်နိုင်တယ်။ အမှောင်သတ္တဝါတွေရဲ့အရေအတွက်က အကန့်အသတ်မဲ့ရှိပြီး အမှောင်ကမ္ဘာကို ထိန်းသိမ်းထားနိုင်သရွေ့ အမှောင်သတ္တဝါအားလုံးကို သတ်ဖို့က မဖြစ်နိုင်ဘူး။

အမှောင်အရှင်ဘုရင်က ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်တယ်၊ သူဖော်ထုတ်လိုက်တဲ့အမှောင်ကမ္ဘာက သွေးဆာသူတော်စင်အရှင်ထက် အဆထောင်ကျော်ပိုသန်မာတယ်။

စူးရှတဲ့အသံတစ်ခုပြီးနောက် လီဖူချန်းကို အမှောင်ကမ္ဘာက ဝန်းရံသွားပြီး အမှောင်ပုံရိပ်နှစ်ခုက လီဖူချန်းကို တိုက်ခိုက်လာတယ်။

ဝုန်း ဝုန်း......

ထိပ်တိုက်တွေ့ပြီးနောက် အမှောင်ပုံရိပ်နှစ်ခုက ပြိုင်ဘက်ကင်းအရှင်တွေရဲ့ခွန်အားရှိတာကို လီဖူချန်းက သိလိုက်ရတယ်။

အမှောင်အရှင်ဘုရင်ရဲ့အသံက ဦးတည်ဘက်တိုင်းမှ ပဲ့တင်ထပ်လာတယ်"သူတို့အားလုံးရဲ့ခွန်အားက ပြိုင်ဘက်ကင်းအရှင်အဆင့်မှာရှိတာ မင်းသိပြီးပြီပဲ။ ငါနဲ့ဆိုရင် ပြိုင်ဘက်ကင်းအရှင်သုံးယောက်ရှိတယ်။ မင်း ဆက်တိုက်မှာ သေချာရဲ့လား"

"ငါမကြိုးစားဘဲနဲ့ ငါ ဘယ်လိုလုပ်သိမှာလဲ"

အမှောင်အရှင်ဘုရင်သုံးယောက်သာဆိုရင် လီဖူချန်းက သေချာပေါက်ဒုက္ခရောက်လိမ့်မယ်။ ဒါပေမယ့် ဒါတွေက သာမန်ပြိုင်ဘက်ကင်းအရှင်ရဲ့ခွန်အားရှိတဲ့အမှောင်သတ္တဝါနှစ်ကောင်ပဲ။ သူတို့က အစိမ်းရောင်ဝိညာဉ်ဘိုးဘေးနဲ့တောင် မယှဉ်နိုင်ပါဘူး။

ဝုန်း ဝုန်း ဝုန်း.....

ယခု လီဖူချန်းက လုံးဝအောက်စည်းရောက်နေပြီဖြစ်တယ်။

"အမှောင်ကမ္ဘာလက်သည်း...."

အဆုံးမဲ့အမှောင်ထုထဲမှာ အမှောင်အရှင်ဘုရင်ရဲ့လက်သည်းက ပိုမှောင်မိုက်တဲ့ခံစားချက်တစ်ခုကို ပေးစွမ်းတယ်။

ဝုန်း......

ဒီလက်သည်းက လီဖူချန်းရဲ့ရင်ဘက်ကို ထိမှန်သွားတယ်။

အခြားပြိုင်ဘက်ကင်းအရှင်တွေသာဆိုရင် ဒီလက်သည်းက နံရိုးတွေကို ဆုတ်ပြဲသွားစေလောက်ပြီ။ ဒါပေမယ့် အမှောင်အရှင်ဘုရင်ရဲ့လက်သည်းက လီဖူချန်းရဲ့ရင်ဘက်နဲ့ ထိတွေ့တဲ့အခါ ဒီလက်သည်းက မဖျက်ဆီးနိုင်တဲ့သတ္တုတစ်ခုကို ထိုးမိသလို ခံစားရတယ်။ တုန်ခါမှုကြောင့် သူ့လက်သည်းကိုတောင် နာကျင်သွားစေတယ်။

"ခန္ဓာကိုယ်အပြင်အားတာအိုလား။ မဟုတ်ဘူး၊ ခန္ဓာကိုယ်အပြင်အားတာအိုကတောင် ဒီလောက်ထိမလွန်ကဲဘူး။ ပြိုင်ဘက်ကင်းအရှင်တွေကြားမှာ နဂါးနက်ဘိုးဘေးနဲ့အခြားပြိုင်ဘက်ကင်းအရှင်အနည်းငယ်မှာသာ ဒီလိုကြောက်မက်ဖွယ်ခုခံမှုရှိတယ်"

အမှောင်အရှင်ဘုရင်က ထပ်မတိုက်ခိုင်တော့ဘူး၊ သူက အမှောင်သတ္တဝါနှစ်ကောင်ကိုသာ လီဖူချန်းကို အချိန်ဆွဲစေခဲ့တယ်။

"မူလအဆုံးစွန်းအရှင်၊ ငါ မင်းကို ဘာမှမလုပ်နိုင်တာ ဝန်ခံပေမယ့် မင်းကို အချိန်တိုလေးတစ်ခုတော့ ပိတ်မိစေနိုင်ပါတယ်" အမှောင်အရှင်ဘုရင်က ရယ်ကာ မသေမျိုးအရှင်ဆီ တစ်ဟုန်ထိုးပြေးသွားလိုက်တယ်။

အမှောင်ကမ္ဘာထဲမှာ လီဖူချန်းရဲ့မြန်နှုန်းက အဆများစွာ လျော့ကျနေတယ်၊ ဒီလိုနဲ့ သူက အမှောင်အရှင်ဘုရင်ကို လုံးဝမရပ်တန့်နိုင်ခဲ့ဘူး။

"အိမ်မက်မက်နေ....." ကပ်ဘေးစွမ်းအားကို အသက်သွင်းလျက် လီဖူချန်းက မြန်နှုန်းကို ပေါက်ကွဲထွက်စေကာ အမှောင်အရှင်ဘုရင်ကို ချက်ချင်း လိုက်မီသွားတယ်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" အမှောင်အရှင်ဘုရင်က ထိတ်လန့်သွားတယ်။

လီဖူချန်းကို အမှောင်ကမ္ဘာက ဘာလို့ လုံးဝမသက်ရောက်တာလဲကို သူ နားမလည်နိုင်ဘူး။

လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားက ဘယ်လိုဥပဒေသကန့်သတ်မှုကိုမဆို လစ်လျူရှုနိုင်တာကို သူ သိလိမ့်မှာမဟုတ်ဘူး။ ဒါ့ပြင် ကပ်ဘေးလက်က အလယ်ဆင့်အခြေအနေကို ရောက်ရှိနေတာကြောင့် လီဖူချန်းရဲ့ခုခံမှုက အဆများစွာတိုးလာရုံသာမက သူ့ရဲ့မြန်နှုန်းကလည်း အဆများစွာတိုးလာတယ်။

"မသေမျိုးအရှင်၊ မင်း ကမ္ဘာသစ်သီးကို ငါ့ကို အရင်ပေးထားတာ ပိုကောင်းမယ်" ဒီအတိုင်းဆက်သွားနေရင် ကောင်းလိမ့်မှာမဟုတ်တာကို လီဖူချန်းက သိတယ်၊ ဒါကြောင့် သူက မသေမျိုးအရှင်ထံ အကြောင်းကြားလိုက်တယ်။

"ကောင်းပြီ" မသေမျိုးအရှင်က ခေါင်းညိတ်လိုက်တယ်။

သူနဲ့အဆိပ်တစ်သောင်းအရှင်ကိုလည်း အမှောင်ကမ္ဘာထဲမှာ ဝန်းရံထားတယ်။ ဒါပေမယ့် အဆိပ်တစ်သောင်းအရှင်က သူ့ကို မြင်နိုင်ပေမယ့် သူက ဘာတစ်ခုကိုမှမမြင်နိုင်မခံစားနိုင်ဘူး၊ သူက တိုက်ခိုက်မှုတွေကို ခုခံရုံသာ တတ်နိုင်တယ်။

မသေမျိုးအရှင်သ‌ဘောတူတာကို မြင်ပြီး လီဖူချန်းက လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်ကာ အမှောင်အရှင်ဘုရင်ကို အဝေးကို တွန်းပို့ပြီး မသေမျိုးအရှင်ရဲ့ဘေးနားကို ရောက်ရှိလာတယ်။

"ဒီမှာ" မသေမျိုးအရှင်က လီဖူချန်းထံ အရောင်အဝါတောက်ပတဲ့ဧရာမသစ်သီးတစ်လုံးကို လီဖူချန်းထံ ကမ်းပေးလိုက်တယ်။

"မဟုတ်ဘူး" အမှောင်အရှင်ဘုရင်က ထိတ်လန့်သွားတယ်၊ သူက အမည်းရောင်အလင်းတိုင်တစ်ခုအဖြစ်ပြောင်းကာ လီဖူချန်းကို တိုက်ခိုက်လာတယ်။

လီဖူချန်းက တည်တည်ငြိမ်ငြိမ်နဲ့ ကမ္ဘာသစ်သီးကို သိမ်းပြီး အမှောင်အရှင်ဘုရင်မှစွမ်းအားပြည့်တိုက်ခိုက်မှုကို ခုခံလိုက်တယ်။

"ချိုးဖြတ်စမ်း"

ကပ်ဘေးစွမ်းအားကို ထုတ်လွှတ်လိုက်ရာ လီဖူချန်းက အမှောင်ကမ္ဘာကို ဆုတ်ဖြဲပြီး မသေမျိုးအရှင်ကို ဆွဲထုတ်လိုက်တယ်။

အမှောင်ကမ္ဘာပျောက်ကွယ်သွားတာကြောင့် အမှောင်အရှင်ဘုရင်က လီဖူချန်းကို မည်းမှောင်တဲ့အမူအရာနဲ့ ကြည့်လိုက်တယ်။

"အမှောင်အရှင်ဘုရင်၊ ပစ္စည်းက ငါ့မှာပဲ၊ မင်းလာယူချင် လာယူလေ" လီဖူချန်းက ပြောလိုက်တယ်။

"ကောင်းတယ်၊ အရမ်းကောင်းတယ်၊ ဒိတစ်ကြိမ် ငါ ရှုံးနိမ့်တယ်လို့ ငါဝန်ခံတယ်"

အခု အမှောင်အရှင်ဘုရင်က အလွန်နောင်တရနေတယ်။ သူက လေးဖင့်မိတဲ့အပေါ် နောင်တရမိတယ်။ သူက အမှောင်ကမ္ဘာကို ချက်ချင်းအသုံးပြုပြီး လီဖူချန်းကို သူကိုယ်တိုင် အချိန်ဆွဲကာ မသေမျိုးအရှင်ကို ဖမ်းဆီးဖို့ အမှောင်သတ္တဝါနှစ်ကောင်ကို တိတ်တဆိတ်အမိန့်ပေးနိုင်တယ်။

ဒါပေမယ့် အမှောင်အရှင်ဘုရင်မသိတာကတော့ သူက အဲလိုပြုလုပ်ရင်တောင်  မသေမျိုးအရှင်ကို မဖမ်းဆီးနိုင်ဘူးဆိုတာပဲ။ လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံကို အမှောင်ကမ္ဘာက လုံးဝမတားဆီးနိုင်ဘူး။ လီဖူချန်းက အမှောင်အရှင်ဘုရင်ရဲ့အစီအစဉ်တွေကို သတိပြုမိရင် သူက မသေမျိုးအရှင်ကို ချက်ချင်းကာကွယ်ပြီး ကမ္ဘာသစ်သီးကို လက်လွှဲပေးထားဖို့ မေးပေလိမ့်မယ်။

"ဒါပေမယ့် ငါမရသလို မင်းလဲ အလွယ်တကူမရစေရဘူး။ ကန့်လန့်ဖြတ်မြစ်ဘိုးဘေး၊ သွေးပုဆိန်အရှင်၊ ငါ  ဒီိကို လာတာ ဘာအတွက်လဲလို့ မင်းတို့ထင်လဲ" အမှောင်အရှင်ဘုရင်က ကန့်လန့်ဖြတ်မြစ်ဘိုးဘေးနဲ့သွေးပုဆိန်အရှင်တို့ကို ကြည့်လိုက်တယ်။

"ဘာအတွက်လဲ" မသေမျိုးအရှင်မှာ စကြာဝဠာရတနာတစ်ခုခု ရှိမယ်လို့ သွေးပုဆိန်အရှင်က ခန့်မှန်းမိပေမယ့် ဘာလဲကိုတော့ သူ မသိဘူး။

အမှောင်အရှင်ဘုရင်က လီဖူချန်းကို ညွှန်ပြလိုက်တယ်"ကမ္ဘာသစ်သီးက သူ့လက်ထဲမှာပဲ၊ ငါ ကမ္ဘာသစ်သီးအတွက် ဒီကို လာတာ"

အရိုးသားဆုံးပြောရရင် အမှောင်အရှင်ဘုရင်က ကမ္ဘာသစ်သီးကို မဖော်ထုတ်ချင်ပါဘူး။ အမှောင်ကောင်စီရဲ့စွမ်းအားကို သုံးပြီး လီဖူချန်းကို ဖိနှိပ်ဖို့က ဖြစ်နိုင်ပေမယ့် လီဖူချန်းမှာလည်း ဓားသမားအစည်းအရုံးရဲ့နောက်ခံရှိတယ်။ ဒါကြောင့် သူက လီဖူချန်းကို လူတိုင်းရဲ့ပစ်မှတ်ဖြစ်အောင်သာ ပြုလုပ်နိုင်တယ်။

"ကမ္ဘာသစ်သီးလား" ကန့်လန့်ဖြတ်မြစ်ဘိုး‌ဘေးနဲ့သွေးပုဆိန်အရှင်ရဲ့မျက်လုံးတွေက ပြူးကျယ်သွားရတယ်။

ကမ္ဘာသစ်သီးက ကမ္ဘာသစ်ပင်ရဲ့အသီးလေ။ ၎င်းမှာ ဆန်းကြယ်ပြီးနက်နဲသိမ်မွေ့တဲ့ဥပဒေသပါဝင်တယ်။ ဒါက အရှင်တစ်ယောက်ရဲ့ကျင့်ကြံခြင်းအတွက် အကြီးအကျယ်အကျိုးရှိတယ်။

နှိုင်းယှဉ်ရရင် ကမ္ဘာသစ်ရွက်လည်း တန်ဖိုးရှိပေမယ့် ပါဝင်တဲ့ကမ္ဘာဥပဒေသက ကမ္ဘာသစ်သီးထက် နိမ့်ကျတယ်။

"မူလအဆုံးစွန်းအရှင်၊ မင်းမှာ ကမ္ဘာသစ်သီးတကယ်ရှိတာလား" ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက မေးလိုက်တယ်။

လီဖူချန်းက မဝန်ခံသလို မငြင်းခဲ့ဘူး၊ သူက အမှောင်အရှင်ဘုရင်ကို ပြောလိုက်တယ်" ဘယ်လောက်ယုတ်မာလိုက်သလဲ၊ ဒါပေမယ့် အဲဒါက အချည်းနှီးပဲ ဖြစ်သွားရမှာပါ"

အမှောင်အရှင်ဘုရင်က တခစ်ခစ်ရယ်လိုက်တယ်"  မင်း ကမ္ဘာသစ်သီးကို ကောင်းကောင်းမွန်မွန်ထိန်းသိမ်းထားနိုင်ပါစေလို့ ငါ ဆုတောင်းပေးပါတယ်။ သွားကြစို့"

ပြောပြီးနောက် အမှောင်အရှင်ဘုရင်နဲ့အဆိပ်တစ်သောင်းအရှင်က ထွက်သွားလိုက်တယ်။

All Chapters