အကြိုနတ်ဘုရားတွေရဲ့လျှို့ဝှက်ချက်
Vol. 72 Ch. 1002
သူက လီဖူချန်းရဲ့စိတ်ဝိညာဉ်ကို ဝိညာဉ်ကမ္ဘာမှာ ပိတ်လှောင်နိုင်မယ်လို့ အမှောင်ဝိညာဉ်ဘိုးဘေးက အပြည့်အဝယုံကြည်တယ်။
ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်း အမှောင်ဝိညာဉ်ဘိုးဘေးက မင်တက်သွားရတယ်။ အမြဲတမ်းအောင်မြင်တဲ့ဝိညာဉ်ကမ္ဘာက လီဖူချန်းရဲ့စိတ်ဝိညာဉ်နဲ့ တွေ့ဆုံတဲ့အခါ နေနဲ့ထိတွေ့မိတဲ့နှင်းပမာ ချက်ချင်း အရည်ပျော်ကျသွားတယ်။
"သူ့ရဲ့စိတ်ဝိညာဉ်က ဘယ်အဆင့်မှာ ရှိတာပါလိမ့်"
"ဖြစ်နိုင်တာက ....." အမှောင်ဝိညာဉ်ဘိုးဘေးက ဖြစ်နိုင်ချေတစ်ခုကို တွေးမိသွားတယ်။
လီဖူချန်းရဲ့စိတ်ဝိညာဉ်က အကြိုနတ်ဘုရားအဆင့်ကို ရောက်ရှိနေတာများလား။
ဒါ ဖြစ်နိုင်တယ်။
အရှင်နဲ့အကြိုနတ်ဘုရားတွေအကြားမှာ ကျင့်ကြံခြင်းနယ်ပယ်ခြားနားချက်တစ်ခုပဲ ရှိတာလား။
အရှင်နဲ့အကြိုနတ်ဘုရားကြားခြားနားချက်က အကြိုနတ်ဘုရားလက်နက်တစ်ခုဆိုတာ အမှောင်ဝိညာဉ်ဘိုးဘေးက သိထားပြီးပြီ။
အကြိုနတ်ဘုရားလက်နက်တစ်ခုကို အချိန်အကြာကြီး ပိုင်ဆိုင်ထားပြီးနောက် တစ်ယောက်ယောက်က အကြိုနတ်ဘုရားလက်နက်ရဲ့စွမ်းအင်ကို သန့်စင်ပြီး ထိုအရှင်က အကြိုနတ်ဘုရားနယ်ပယ်ကို ခြေချနိုင်စေတယ်။
ထာဝရနတ်ဘုရားက လီဖူချန်းအတွက် အကြိုနတ်ဘုရားလက်နက်အပိုင်းအစတစ်ခုကို ချန်ထားပေးတယ်လို့ အမှောင်ဝိညာဉ်ဘိုးဘေးက သံသယရှိတယ်။ ဒါက လီဖူချန်းရဲ့စိတ်ဝိညာဉ်ကို အကြိုနတ်ဘုရားနယ်ပယ်သို့ အရင်ခြေချစေခဲ့တယ်။ အကြိုနတ်ဘုရားလက်နက်အပိုင်းအစအပြည့်အစုံတစ်ခုရှိဖို့ကတော့ မဖြစ်နိုင်ဘူး။ အတိတ်မှာ ထာဝရလက်အိတ်ကို အသန်မာဆုံးအကြိုနတ်ဘုရားနှစ်ယောက်က ယူဆောင်သွားခဲ့တယ်၊ ဒါကြောင့် လီဖူချန်းမှာ ရှိစရာအကြောင်းမရှိဘူး။ လီဖူချန်းမှာ အဲဒါရှိရင် သူက အကြိုနတ်ဘုရားစွမ်းအင်ကို သေချာပေါက် ပိုင်ဆိုင်ထားလိမ့်မယ်။ သူတို့သုံးယောက်ကို လီဖူချန်းကသာ ဖိနှိပ်နေပါလိမ့်မယ်။
"အကြိုနတ်ဘုရားလက်နက်အပိုင်းအစ...." အမှောင်ဝိညာဉ်ဘိုးဘေးရဲ့အသက်ရှုသံက မြန်ဆန်လာတယ်။
စကြာဝဠာမှာ အကြိုနတ်ဘုရားလက်နက်နဲ့အကြိုနတ်ဘုရားလက်နက်အပိုင်းအစကို ရနိုင်တဲ့နေရာတစ်ခုသာ ရှိတယ်။ အဲဒါက နတ်ဘုရားစစ်မြေပြင်ပါပဲ။
ဒါပေမယ့် နတ်ဘုရားစစ်မြေပြင်က အန္တရာယ်များလွန်းတယ်။ အကြိုနတ်ဘုရားတစ်ယောက် သွားရင်တောင် အဲဒါက အလွန်အမင်းအန္တရာယ်များလိမ့်မယ်။ သူတို့က ဝင်သွားရင် အကြိုနတ်ဘုရားအောက်တစ်ယောက်ယောက်က သေချာပေါက် သေဆုံးရလိမ့်မယ်။
နှစ်ပေါင်းမရေမတွက်များစွာအသက်ရှင်သန်ခဲ့ပြီး သူတို့အသက်ရှင်တာ လုံလောက်ပြီလို့ ထင်တဲ့ပြိုင်ဘက်ကင်းအရှင်တွေကသာ နတ်ဘုရားစစ်မြေပြင်ကို ရွေးချယ်ရလိမ့်မယ်။
ဒါပေမယ့် အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ဆိုရင် နောက်ထပ်နည်းလမ်းတစ်ခု ရှိသေးတယ်။ ဒါက အကြိုနတ်ဘုရားတစ်ယောက်ထံမှ အကြိုနတ်ဘုရားလက်နက်တစ်ခုကို အမွေဆက်ခံဖို့ပါပဲ။
လက်ရှိမှာ အကြိုနတ်ဘုရားကိုးဆယ်ကျော်လောက်က ဒီနည်းလမ်းနဲ့ အကြိုနတ်ဘုရားတွေ ဖြစ်လာတာပဲ။
"ဝိညာဉ်ကမ္ဘာက စိတ်ဝိညာဉ်ကို ရှုပ်ထွေးစေဖို့ အသုံးပြုတဲ့ ဝိညာဉ်တာအိုပုံရိပ်ယောင်ပညာရပ်တစ်ခုမျှပဲ၊ ဒါကြောင့် ၎င်းမှာ စွမ်းအားအများကြီးမရှိဘူး။ ငါ့ရဲ့အမှောင်ဝိညာဉ်ဓားသွားက မင်းကို မရင်ဆိုင်နိုင်ဘူးလို့တော့ ငါ မယုံဘူး" လီဖူချန်းက အကြိုနတ်ဘုရားစိတ်ဝိညာဉ်တစ်ခုကို ပိုင်ဆိုင်ထားမယ်လို့တော့ အမှောင်ဝိညာဉ်ဘိုးဘေးက မယုံကြည်သေးပါဘူး။
မမြင်နိုင်တဲ့အမည်းရောင်ဓားသွားတစ်ခုက အမှောင်ဝိညာဉ်ဘိုးဘေးရဲ့ဘယ်ဘက်မျက်လုံးမှ ပျံသန်းထွက်လာပြီး လီဖူချန်းဆီ ဦးတည်လာတယ်။
ဝုန်း.....
အမည်းရောင်ဓားသွားက လီဖူချန်းရဲ့စိတ်ဝိညာဉ်ကို မထိတွေ့နိုင်ခင် ၎င်းက ကြေမွသွားတယ်။
"ဘာလဲဟ....." အမှောင်ဝိညာဉ်ဘိုးဘေးရဲ့အသံက တုန်တုန်ယင်ယင်ဖြစ်နေတယ်။
"ဘာဖြစ်တာလဲ" အမှောင်အရှင်ဘုရင်နဲ့ခြောက်သွေ့ညှိုးနွမ်းသွေးဘိုးဘေးက အမှောင်ဝိညာဉ်ဘိုးဘေးကို ကြည့်လိုက်တယ်။
"အတူတိုက်ကြရအောင်"
အမှောင်ဝိညာဉ်ဘိုးဘေးရဲ့အမူအရာက ဖြူဖပ်ဖြူရော်ဖြစ်သွားတယ်။ ယခု ဖြစ်နိုင်ချေနှစ်ခုသာ ရှိတယ်။ ပထမ၊ လီဖူချန်းရဲ့စိတ်ဝိညာဉ်က အကြိုနတ်ဘုရားအဆင့်ကို ရောက်နေပြီ။ ဒုတိယ၊ လီဖူချန်းမှာ အံ့မခန်းဝိညာဉ်တာအိုအသုံးအဆောင်ပစွည်းတစ်ခု ရှိရမယ်။
အမှောင်ဝိညာဉ်ဘိုးဘေးက အံ့မခန်းဝိညာဉ်တာအိုလျှို့ဝှက်နည်းစနစ်ရှိရုံသာမက သူ့ရဲ့တိုက်ခိုက်ရေးခွန်အားကလည်း ပြိုင်ဘက်ကင်းတာ ကံကောင်းတယ်။
အမှောင်အရှင်ဘုရင်ပိုင်ဆိုင်တဲ့အမှောင်သတ္တဝါနှစ်ကောင်နဲ့ဆိုရင် သူတို့မှာ ပြိုင်ဘက်ကင်းအရှင်စုစုပေါင်းငါးယောက်ရှိတယ်။ ဒါက လီဖူချန်းကို အနိုင်ယူဖို့ ဖြစ်နိုင်ပါသေးတယ်။
"မျက်လုံးတစ်လုံးအတွက် မျက်လုံးတစ်လုံးပဲ။ ငါ့ရဲ့လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်ရေးလျှို့ဝှက်နည်းစနစ်ကို မြင်တွေ့ဖို့ မင်းတို့ရဲ့အလှည့်ပဲ" လီဖူချန်းက ထိုသုံးယောက်ထံ ဓားနတ်ဘုရားမျက်လုံးကို ဖော်ထုတ်လိုက်တယ်။
မမြင်နိုင်တဲ့ဓားအလင်းဖြာထွက်မှုသုံးခုက တောက်ပလာပြီး သုံးယောက်လုံးရဲ့သူတော်စင်လိပ်ပြာကို ထိုးဖောက်လာတယ်။
အား......
ခြောက်သွေ့ညှိုးနွမ်းသွေးဘိုးဘေးက အော်ညည်းလိုက်ရတယ်။
အမှောင်အရှင်ဘုရင်က အနည်းငယ်ပိုအဆင်ပြေပေမယ့် သူ့မျက်နှာလည်း ဖြူဖပ်ဖြူရော်ဖြစ်နေတယ်။
သက်ရောက်ခြင်းမရှိတဲ့သူက အမှောင်ဝိညာဉ်ဘိုးဘေးပါပဲ။
အခု အမှောင်ဝိညာဉ်ဘိုးဘေးက ဖြစ်နိုင်ချေတစ်ခုကို ဖယ်ရှားခဲ့တယ်။ လီဖူချန်းမှာ ဝိညာဉ်တာအိုအသုံးအဆောင်ပစ္စည်းတစ်ခုမရှိဘူး။ သူ့ရဲ့စိတ်ဝိညာဉ်ကသာ သေချာပေါက် အကြိုနတ်ဘုရားစိတ်ဝိညာဉ်ပဲ။ သို့မဟုတ်ရင် သူတော်စင်လိပ်ပြာက ဒီလောက်အားကောင်းမှာမဟုတ်ဘူး။
"နောက်ထပ်" လီဖူချန်းက ဓားနတ်ဘုရားမျက်လုံးကို ဆက်လက်ဖော်ထုတ်လိုက်တယ်။
သိပ်မကြာမီမှာတော့ ခြောက်သွေ့ညှိုးနွမ်းသွေးဘိုးဘေးက မတောင့်ခံနိုင်တော့ဘူး။ သူက ထူးကဲအဆင့်အန္တိမအဆင့်လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်တစ်ခုနဲ့ အဆင့်နိမ့်ဝိညာဉ်တာအိုခုခံမှုလျှို့ဝှက်နည်းစနစ်တစ်ခုကို ကျင့်ကြံထားပေမယ့် လီဖူချန်းရဲ့ဓားနတ်ဘုရားမျက်လုံးက အကြိမ်ကြိမ်တိုက်ခိုက်နေတာလေ။
"တောက်၊ ဘာလို့ အရင်တုန်းက သူက လိပ်ပြာအသိစိတ်အာရုံတိုက်ခိုက်ရေးလျှို့ဝှက်နည်းစနစ်တစ်ခုခုကို အသုံးမပြုခဲ့တာလဲ" အမှောင်အရှင်ဘုရင်က စဉ်းစားမရဖြစ်ကာ ဒေါသထွက်နေမိတယ်။
"ပြန်ဆုတ်တော့" ဒီမစ်ရှင်က ကျဆုံးသွားပြီးဆိုတာ အမှောင်ဝိညာဉ်ဘိုးဘေးက ရွေးချယ်စရာမရှိ၊ ဝန်ခံလိုက်ရတယ်။
လီဖူချန်းက သူတို့စိတ်ကူးထားတာထက် ပိုကြောက်စရာကောင်းတယ်။ သူ့မှာ အံ့အားသင့်စရာရုပ်ပိုင်းဆိုင်ရာခုခံမှုရှိသလို အကြိုနတ်ဘုရားစိတ်ဝိညာဉ်တစ်ခုလည်းရှိပြီး အားနည်းချက်မရှိလုနီးပါးပဲ။ ပြိုင်ဘက်ကင်းဒါဇင်ကျော်အတူတကွ အလုပ်လုပ်ရင်တောင် လီဖူချန်းကို အနိုင်ယူဖို့ မဖြစ်နိုင်ပါဘူး။
ထိပ်ဆုံးအရှင်ဆယ်ယောက်က လွဲပြီးပေါ့.......
ဒါပေမယ့် အမှောင်ကောင်စီမှာ အရှင်သတ်မှတ်ချက်ရဲ့ထိပ်ဆုံးအရှင်ဆယ်ယောက်ထဲကတစ်ယောက်သာ ရှိတယ်။ လက်ရှိမှာ ထိုသူက အပျက်အစီးတစ်ခုကို ရှာဖွေဖော်ထုတ်နေပြီး ပြန်ရောက်လာဖို့ အချိန်အကြာကြီးလိုအပ်တယ်။
"ငါ ဓားနတ်ဘုရားမျက်လုံးကို ကျင့်ကြံထားတာ ကံကောင်းတယ်၊ မဟုတ်ရင် ဒီတိုက်ပွဲက အချိန်အကြာကြီးကြာလိမ့်မယ်" သုံးယောက်သား ထွက်သားပြီးနောက် လီဖူချန်းက သူ့ရာသူ ပြောလိုက်တယ်။
လီဖူချန်းက အံ့ဖွယ်သစ်ရွက်မြို့ကို ဝင်ရောက်ပြီး ဓားသမားအစည်းအရုံးရဲ့တည်နေရာရွှေ့ပြောင်းရေးအစီအရင်ကို သုံးကာ ဓားကြယ်မြို့ဆီ တည်နေရာရွှေ့ပြောင်းခဲ့တယ်။ ပြီးနောက် သူက ဓားကြယ်မြို့ကနေ ဓားအလင်းဖြာထွက်မြိုသို့ တည်နေရာရွှေ့ပြောင်းခဲ့တယ်။ နောက်ဆုံးမှာ သူက နောက်ထပ်အဆင့်၁ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ဓားနက်မြို့ဆီ ရွှေ့ပြောင်းလာတယ်။
ဓားနက်မြို့က မီးလျှံနက်ကြယ်ပိုင်နက်မှာ တည်ရှိတယ်။ သမန်းဝံပုလွေလီဖူချန်းက မီးလျှံနက်ကြယ်ပိုင်နက်ရဲ့အပျက်အစီးနယ်မြေတစ်ခုမှာ ပိတ်မိနေတယ်.......
…
သစ်သားမျှော်စင်အပျက်အစီးနယ်မြေက မီးလျှံနက်ကြယ်ပိုင်နက်ရှိ အဆင့်နိမ့်အပျက်အစီးနယ်မြေတွေထဲကတစ်ခုပဲ။
ဒါပေမယ့် အဆင့်နိမ့်အပျက်အစီးနယ်မြေတစ်ခုကတောင် မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အတွက် အတော်လေးအန္တရာယ်များတယ်။
သစ်သားမျှော်စင်အပျက်အစီးနယ်မြေက လုံးဝအဖြူရောင်ရှိတဲ့အဆောက်အအုံတစ်ခုပဲ။ အဆောက်အအုံကို ညှိုးခြောက်နေတဲ့အပင်တွေနဲ့ ရစ်ပတ်ထားတယ်။ ဒါပေမယ့် သစ်သားမျှော်စင်အပျက်အစီးနယ်မြေရဲ့အများစုက အဆုံးမဲ့နေရာလပ်-အချိန်ထဲမှာ တည်ရှိတယ်။ အပြင်ဘက်ကနေ အဲဒါကို မြင်ဖို့က မဖြစ်နိုင်ဘူး။
သစ်သားမျှော်စင်အပျက်အစီးနယ်မြေကို ဝင်ရောက်လျက် လီဖူချန်းက အလွန်အမင်းအရှိန်နဲ့ ပျံသန်းသွားတော့တယ်။
…
"မကောင်းဘူး၊ သစ်သားမျှော်စင်အင်းဆက်တွေ များလွန်းတယ်၊ အနည်းဆုံးဆယ်သန်းပဲ......ငါတို့တွေ သစ်သားမျှော်စင်အပျက်အစီးနယ်မြေမှာပဲ သေရတော့မှာလား"
သစ်သားမျှော်စင်အပျက်အစီးနယ်မြေရဲ့အပြင်နယ်မြေက ဧရာမဖြစ်ပြီး ဥယျာဉ်တွေအများအပြားရှိတယ်။ အုပ်စုတစ်စုက ဥယျာဉ်တစ်ခုအနီးနားမှာ ပိတ်မိနေပြီး ရွှေရောင်အလင်းလွှာတစ်ခုက သူတို့ကို ဝန်းရံထားတယ်။ အုပ်စုကြားမှာ အရှင်တစ်ယောက်တစ်ယောက်သာရှိပြီး သူက သာမန်အရှင်တစ်ယောက်မျှပဲ။ ကျန်လူတွေက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေပါပဲ။
ရွှေအလင်းအကာအကွယ်ကို လေထဲမှာလွင့်မျောနေတဲ့ရွှေရောင်ချိတ်ပိတ်တစ်ခုက ထုတ်လွှတ်ခဲ့တယ်။
"ရွှေအလင်းအရှင်၊ ငါတို့ ဘာလုပ်ကြမလဲ" မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်က စိုးရိမ်တကြီးမေးလိုက်တယ်။
ရွှေအလင်းအရှင်က မျက်မှောင်ကြုတ်ကာ မေးလိုက်တယ်"ရွှေအလင်းချိတ်ပိတ်က နောက်ထပ်နှစ်နာရီပဲ ခံတော့မယ်။ ပြီးရင်တော့ ငါတို့တွေ ကိုယ့်အားကိုယ်ကိုးကြရလိမ့်မယ်"
ဒီသစ်သားမျှော်စင်အင်းဆက်တွေက အားနည်းတယ်၊ သူတို့ရဲ့အဆိပ်ကသာ အလွန်တိုက်စားနိုင်စွမ်းရှိတယ်။ သူတို့အရေအတွက်တစ်သောင်းက မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်အတွက် ခြိမ်းခြောက်မှုတစ်ခုပါပဲ။ အရေအတွက်တစ်သန်းက ဘယ်လိုမြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်ကိုမဆို တစ်စစီဖြစ်စေနိုင်တယ်။ အရေအတွက်ဆယ်သန်းက အရှင်တွေကိုတောင် အန္တရာယ်ဖြစ်စေတယ်။
အဆိပ်တွေက ရွှေရောင်အလင်းအပေါ် ပက်ဖျန်းနေပြီး ၎င်းက ပိုပိုပါးလာတယ်။
"ပျောက်ကွယ်သွားစမ်း" ရွှေအလင်းအရှင်က ရွှေရောင်အလင်းတွေ ထုတ်လွှတ်ကာ သစ်သားမျှော်စင်အင်းဆက်တွေကို အကြိမ်အကြိမ် ဖယ်ရှားနေတယ်။
ဒါပေမယ်ဘ သစ်သားမျှော်စင်အင်းဆက်တွေက စုစည်းလာတဲ့အခါ သူတို့က သဘာဝစွမ်းအင်အလွှာတစ်ခုကို ထုတ်လွှတ်လိမ့်မယ်။ ရွှေရောင်အလင်းတွေက သစ်သားမျှော်စင်ရာအနည်းငယ်ကိုသာ သတ်ဖြတ်နိုင်ခဲ့တယ်။
"ယောင်္ကျား၊ ရှင် လွတ်အောင်ပဲ ကြိုးစားတာ ပိုကောင်းမယ်။ ရှင်နေခဲ့ရင် ငါတို့အားလုံး သေရမှာပဲ" ရွှေအလင်းအရှင်ရဲ့ဘေးနားမှာ ရပ်နေတဲ့ ကောင်းကင်ဘုံအရှင်မတစ်ယောက်က ခါးသီးတဲ့လေသံနဲ့ ပြောနေတယ်။
"ငါ မင်းကို စွန့်ပစ်မှာ မဟုတ်ဘူး" ရွှေအလင်းအရှင်က အံ့ကြိတ်လိုက်တယ်။
ကောင်းကင်ဘုံအရှင်မက သူ့ရဲ့တာအိုလက်တွဲဖော်ဖြစ်ပြီး သူတို့တစ်ယောက်ကိုတစ်ယောက်သိလာတာ နှစ်သန်းအနည်းငယ်ကျော်ပြီ၊ ဒါကြောင့် သူတို့မှာ နက်ရှိုင်းတဲ့ခံစားချက်တွေ ရှိတယ်။
ရွှေရောင်အလင်းက ပိုပိုပါးလာပြီး သစ်သားမျှော်စင်အင်းဆက်တွေရဲ့အရေအတွက်က တိုးလာတယ်၊ ရွှေအလင်းအရှင်က စိတ်ပျက်အားငယ်နေမိတယ်။
သူ့မှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ ပထမက ဒိီနေရာမှာ နေပြိီး ဆက်လက်တိုက်ခိုက်ဖို့၊ ဒုတိယက ဒိီမြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေအားလုံးကို ချန်ထားပြီး သူတစ်ယောက်တည်း ကိုယ်လွတ်ရုန်းဖို့။
ဒါပေမယ့် သူက သူ့တာအိုလက်တွဲဖော်ကို မစွန့်ပစ်နိုင်ဘူး။ တကယ်တော့ သူကိုယ်တိုင်ထွက်ပြေးရင်တောင် လွတ်မြောက်ဖို့ အတော်လေးခက်ခဲတယ်။
"ငါတို့အားလုံး ဒီနေရာမှာပဲ တိုက်ခိုက်ရင်း သေကြမယ်......"
ရွှေအလင်းအရှင်က သူ့ရဲ့တာအိုလက်တွဲဖော်နဲ့အတူ သေမင်းကို အတူတူရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တယ်။
ရွှေရောင်အလင်းက ပါးပါးလာတာကြောင့် လူတိုင်းရဲ့မျက်လုံးတွေက ကြောက်ရွံ့ခြင်းတွေ စုဝေးလာတယ်။ ရွှေအလင်းအရှင်နဲ့သူ့ရဲ့တာအိုလက်တွဲဖော်တို့ကသာ တစ်ယောက်လက်တစ်ယောက်ကိုင်လျက် ၊ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လျက်........
"အချစ်၊ နောက်ဘဝမှာ ငါတို့တွေ ထပ်မံဆုံစည်းခွင့်ရပါစေလို့ ငါ မျှော်လင့်တယ်"
"နင်အာ၊ နောက်ဘဝမှာ ကိုယ်က ပိုသန်မာလာပြီး တစ်ယောက်ယောက်က မင်းကို နာကျင်ခွင့် ပြုလိမ့်မှာမဟုတ်ဘူး။ ငါ့ကို ယုံပါ"
"ကျွန်မ ယုံပါတယ်"
သူတို့နှစ်ယောက်သား သစ်သားမျှော်စင်အင်းဆက်တွေ ပြည့်နေတဲ့ ကောင်းကင်ကို စိုက်ကြည့်နေလျက်ရှိတယ်။
ဝှစ်......
ထိုအချိန်မှာ ဓားအလင်းတစ်ခု လက်သွားတယ်။ ကောင်းကင်တစ်ခုလုံးဖုံးလွှမ်းထားတဲ့သစ်သားမျှော်စင်အင်းဆက်တွေက ၉၉ရာခိုင်နှုန်းကျော် လျော့ကျသွားတယ်။ သစ်သားမျှော်စင်အင်းဆက်ထောင်ကျော်သာ ကျန်ရှိတော့ကာ ခြိမ်းခြောက်မှုတစ်ခု မဖြစ်နိုင်တော့ဘူး။
သေဖို့ပြင်ဆင်ထားပြီးဖြစ်တဲ့သူတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကာ ပြောစရာစကားမဲ့နေတယ်။
"စောစောက ဓားအလင်းက....."
"မယုံနိုင်စရာပဲ ၊ ဓားအလင်းတစ်ခုက သစ်သားမျှော်စင်အင်းဆက်ဆယ်သန်းကို သတ်ဖြတ်ခဲ့တာပဲ"
တစ်ခဏငြိမ်သက်သွားပြီးနောက် လူတိုင်းက အားတက်သွားကြတော့တယ်။
"ယောင်္ကျား"
ကောင်းကင်ဘုံအရှင်မက ရွှေအလင်းအရှင်ကို ကြည့်လိုက်တယ်။ အုပ်စုထဲမှာ သူမယောင်္ကျားကသာ ဓားအလင်းပိုင်ရှင်ရဲ့ခွန်အားကို ခန့်မှန်းနိုင်တယ်။
ရွှေအလင်းအရှင်က စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်"ဒါ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ပဲ။ သေချာပေါက် ပြိုင်ဘက်ကင်းအရှင်ပဲ........"
"ငါလဲ တစ်နေ့မှာ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်လာရင် သိပ်ကောင်းမှာပဲ" ရွှေအလင်းအရှင်က အလွန်အားကျမိတယ်။
"ယောင်္ကျား၊ ရှင် တစ်နေ့မှာ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်လာမယ်လို့ ကျွန်မ ယုံပါတယ်" ကောင်းကင်ဘုံအရှင်မက အားပေးလိုက်တယ်။
…
သစ်သားမျှော်စင်အပျက်အစီးနယ်မြေအထက်မှာ ပျံသန်းရင်း လီဖူချန်းက ပြုံးလိုက်တယ်။ သူ့အနေနဲ့ တစ်ယောက်ယောက်ကို ကယ်ရတာ လက်မြှောက်ရသလောက် လွယ်ကူတယ်။ သူသွားတဲ့လမ်းမှာ ရှိတာ ဒီလူတွေအတွက် ကံကောင်းတယ်လို့ ဆိုရမှာပေါ့လေ။