← Chapters

ရေနတ်ဘုရားအုတ်ဂူ

Vol. 72 Ch. 1003

ရေနတ်ဘုရားအုတ်ဂူ

Vol. 72 Ch. 1003

သမန်းဝံပုလွေလီဖူချန်းက သစ်သားမျှော်စင်အပျက်အစီးနယ်မြေရှိ မြေအောက်နန်းတော်တစ်ခုထဲမှာ ပိတ်မိနေတယ်။

မြေအောက်နန်းတော်က အသုံးအဆောင်ပစ္စည်းလေးခုကြောင့် ရတနာအလင်းတွေ တောက်ပနေတယ်။

သမန်းဝံပုလွေလီဖူချန်းက နန်းတော်ရဲ့အစီအရင်တစ်ခုအထဲမှာ ပိတ်မိနေတာပဲ။  အားကောင်းတဲ့စိတ်ဝိညာဉ်ကြောင့်မဟုတ်ရင် သမန်းဝံပုလွေလီဖူချန်းက သေသွားတာ အချိန်အတော်ကြာပြီ။

"မြေအောက်နန်းတော်က တကယ်ဖုန်းကွယ်ထားတာပဲ၊ အဲဒါကို ရှာမတွေ့ကြတာ အံ့ဩစရာမရှိဘူးပဲ" စိတ်ဝိညာဉ်စွမ်းအားရဲ့ရှာဖွေမှုနဲ့အတူ လီဖူချန်းက မြေအောက်နန်းတော်ကို ချက်ချင်း ရှာတွေ့ခဲ့တယ်။

လီဖူချန်းက ဝင်ပေါက်ကို ရှာကာ မြေအောက်နန်းတော်ကို ဝင်ရောက်ခဲ့တယ်။

"ချိုးဖြတ်စမ်း......"

ကပ်ဘေးစွမ်းအားကို အသက်သွင်းလျက် လီဖူချန်းက အစီအရင်ကို သူ့လက်ဝါးနဲ့ ခုတ်ပိုင်းလိုက်တယ်။

အချက်အလက်အရ ဒီအစီအရင်က အားမနည်းဘူး၊ သာမန်အရှင်တစ်ယောက်ရဲ့စွမ်းအားနီးပါးရှိတယ်။ ဒါက လီဖူချန်းအတွက် မလုံလောက်တာ စိတ်မကောင်းစရာတစ်ခုပဲ။

" စွမ်းအင် အရင်ပြန်ဖြည့်လိုက်"  ဒဏ်ရာရနေတဲ့သမန်းဝံပုလွေလီဖူချန်းက အားနည်းတဲ့ချီတည်ရှိမှုရှိတယ်။ သူက လီဖူချန်းကို ခေါင်းညိတ်ပြကာ သူ့စွမ်းအင်ကို ပြန်ဖြည့်ဖို့ လျင်မြန်စွာ တင်ပျဉ်ခွေထိုင်လိုက်တယ်။

သာမန်အရှင်အဆင့်အစီရင်က အံ့မခန်းပဲ။ လီဖူချန်းက ဒီနေရာကို တစ်ဟုန်ထိုးပြေးလာပေမယ့် သမန်းဝံပုလွေလီဖူချန်းစွမ်းအင်ရဲ့၇၀ရာခိုင်နှုန်းက ကုန်ဆုံးနေပြီ။ လီဖူချန်း နောက်ကျရင် သမန်းဝံပုလွေလီဖူချန်းက ‌သေသွားလောက်ပြီ။

"သမန်းဝံပုလွေလူဝင်စားက ခွန်အားအားဖြင့် အတော်လေးအားနည်းသေးတာပဲ" လီဖူချန်းက သူ့ရာသူ တွေးလိုက်တယ်။

လွန်ခဲ့တဲ့ရာစုနှစ်အနည်းငယ်က သမန်းဝံပုလွေလီဖူချန်းရဲ့ခွန်အားက လက်ရွေးရှင်မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်အဆင့်ကို ရောက်နေပြီ။ ဒါပေမယ့် အားကောင်းတဲ့ကြယ်ပိုင်နက်တစ်ခုကို စွန့်စားခရီးထွက်ဖို့အတွက် အရှင်တစ်ယောက်ရဲ့ခွန်အားမရှိဘဲနဲ့ မလုံလောက်ပါဘူး။

လီဖူချန်းမှာ အမှောင်အသုံးအဆောင်ပစ္စည်းတစ်ခုတောင်မရှိတာ စိတ်ပျက်စရာပဲ၊ အဲဒါသာ ရှိရင် သမန်းဝံပုလွေလီဖူချန်းရဲ့ခွန်အားကို လျင်မြန်စွာ တိုးတက်စေနိုင်တယ်။

သက်သာစပြု‌နေတဲ့သမန်းဝံပုလွေလီဖူချန်းကို တစ်ချက်ကြည့်ပြီးနောက် လီဖူချန်းက နန်းတော်ထဲရှိ အသုံးအဆောင်ပစ္စည်းတွေကို စတင်သိမ်းလိုက်တယ်။

အသုံးအဆောင်ပစ္စည်းလေးခုထဲမှသုံးခုက အဆင့်မြင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတွေ ဖြစ်ပြီး သူတို့ထဲကတစ်ခုက ထူးကဲအဆင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။

"ဒါ မိုးကြိုးတာအိုအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ မဆိုးပါဘူး"

ထူးကဲအဆင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းက စူးတစ်ခုပါပဲ။ စူးရဲ့မျက်နှာပြင်က ကြောက်စရာကောင်းတဲ့လျှပ်စီးကြောင်းတွေ တဖျပ်ဖျပ်လက်နေပြီး မှင်တက်စရာစွမ်းအားရှိတယ်။

စူးအတွင်းရှိအင်းကွက်တွေကို ကြည့်ခြင်းဖြင့် စွမ်းအားက သာလွန်အရှင်တစ်ယောက်ရဲ့အလုံးစုံတိုက်ခိုက်မှုထက် အားမနည်းပါဘူး။ ဒါက သမန်းဝံပုလွေဖူချန်းရဲ့ခွန်အားကင်းမဲ့မှုအတွက် အစားထိုးဖို့ သင့်တော်ရုံမျှပဲ။

နောက်ထပ်ရက်အချို့ကြာပြီးနောက် သမန်းဝံပုလွေလီဖူချန်းက သူ့စွမ်းအင်ကို ပြန်ဖြည့်လိုက်တယ်။

သမန်းဝံပုလွေလီဖူချန်းကို သူနဲ့အတူ ပြန်လာပြီး ကမ္ဘာသစ်သီးကို လေ့လာစေဖို့ လီဖူချန်းက ဆုံးဖြတ်လိုက်တယ်။

…

ဓားပိတ်လှောင်ခြင်းကမ္ဘာမှာ လူစိမ်းတစ်ယောက်ထွက်ပေါ်လာတာအတွက် ထူးဆန်းတယ်လို့ လူတိုင်းက မခံစားရပါဘူး။ သူတို့က လီဖူချန်းကို ယုံကြည်ပြီး ဒီလူစိမ်းကလည်း ရင်းနှီးတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းနေတယ်။

ဒီတစ်ကြိမ်မှာ လီဖူချန်းက ကမ္ဘာသစ်သီးကို နားလည်ဖို့ မရွေးချယ်ပါဘူး၊ သူက အပျက်အစီးနယ်မြေတစ်ခုကို စွန့်စားထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်။

သူ့ခွန်အားက အားကောင်းပြီး အရှင်သတ်မှတ်ချက်ကြားမှာတောင် အဆင့်မြင့်မားပြီးသား ဖြစ်တယ်။ ဒါပေမယ့် သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသေးတဲ့ အခြားပြိုင်ဘက်ကင်းအရှင်တွေ ရှိမှန်း သူ သိတယ်။

"ငါ့မှာ လက်နက်တွေ၊ ချပ်ဝတ်တွေ၊ အသုံးအဆောင်ပစ္စည်းတွေ ကင်းမဲ့နေတာ။ အပျက်အစီးနယ်မြေတွေထဲမှာ အဆင့်၃ရေနတ်ဘုရားအုတ်ဂူက အသင့်တော်ဆုံးပဲ"

ရေနတ်ဘုရားအုတ်ဂူက အကြိုနတ်ဘုရားတစ်ယောက်ရဲ့အုတ်ဂူဖြစ်တယ်။

နှစ်ပေါင်းမရေမတွက်များစွာကြာအရှင်များစွာက ရေနတ်ဘုရားအုတ်ဂူကို ဝင်ရောက်ခဲ့ကြသလို ထိုနေရာမှာ ပျောက်ကွယ်သွားခဲ့ကြတဲ့ အရှင်များစွာလည်း ရှိတယ်။

ရေနတ်ဘုရားအုတ်ဂူရဲ့စစ်မှန်တဲ့ရတနာတွေက ရေနတ်ဘုရားရဲ့အဖိုးတန်စုဆောင်းမှုတွေပါပဲ။ ဒဏ္ဍာရီအရ ရေနတ်ဘုရားက သူ့ရဲ့အကြိုနတ်ဘုရားလက်နက်ဖြစ်တဲ့ရေနတ်ဘုရားသုံးခွမှိန်းကို ထိန်းသိမ်းထားပြီး ၎င်းကို ကံကြမ္မာရှိတဲ့ပုဂ္ဂိုလ်တစ်ယောက်အမွေဆက်ခံဖို့အတွက် စောင့်နေတယ်။

ရေနတ်ဘုရားသုံးခွမှိန်းက မရေမတွက်နိုင်တဲ့အရှင်တွေအ‌နေနဲ့ သူတို့ရဲ့အသက်တွေ စွန့်လွှတ်ဖို့အတွက် စစ်မှန်တဲ့အကြောင်းပြချက်ပါပဲ။ တကယ်တော့ ဒါက ခြေတစ်လှမ်းနဲ့ နတ်ဘုရားဖြစ်လာဖို့အခွင့်အလမ်းတစ်ခုပါပဲ။ ဒါ့အပြင် ဒါက နတ်ဘုရားစစ်မြေပြင်မှာ စွန့်စားခန်းထွက်တာထက် အများကြီးအန္တရာယ်ပိုကင်းတယ်။ လီဖူချန်းရဲ့ရည်ရွယ်ချက်က နေနတ်ဘုရားသုံးခွမှိန်းမဟုတ်ဘူး၊ ၎င်းရဲ့စွမ်းပကားက သူ့အတွက် မသင့်တော်ဘူးလေ။ သူ့ရဲ့ရည်ရွယ်ချက်က ထူးကဲအဆင့်အန္တိမအဆင့်လက်နက်တွေ၊ ချပ်ဝတ်တွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ ရရှိဖို့ပဲ။

…

အလင်းဖြာထွက်ကြယ်ပိုင်နက်ရဲ့အနက်ပိုင်းထဲမှာ ကြယ်အစု‌အဝေးတစ်ခုလောက် ကြီးမားတဲ့ ‌ဝဲ‌ကတော့တစ်ခု ရှိတယ်။

ဒီဝဲကတော့က ရေနတ်ဘုရားအုတ်ဂူသို့သွားရာ ဝင်ပေါက်ပါပဲ။

နှစ်တိုင်းမှာ အရှင်များစွာက ရေနတ်ဘုရားအုတ်ဂူကို ဝင်ရောက်ခဲ့ပြီး အရှင်အများစုက အလင်းဖြာထွက်ကြယ်ပိုင်နက်ကပါပဲ။

ဒီနေ့မှာ ဓားအလင်းတစ်ခုက ဝဲကတော့ထဲ ပြေးဝင်သွားတယ်။

"ဒါ ရေနတ်ဘုရားအုတ်ဂူပဲ" ရေနတ်ဘုရားအုတ်ဂူကို ဝင်လာတဲ့အခါ လီဖူချန်းက အစိုဓာတ်‌ကို ခံစားမိနေတယ်။

ရေနတ်ဘုရားအုတ်ဂူထဲမှာ သိပ်သည်းလှတဲ့ရေတာအိုရင်းမြစ်တွေနဲ့ ပြည့်နေပြီး အခြားစကြာဝဠာရင်းမြစ်တွေကို ပြင်းပြင်းထန်ထန် ဖိနှိပ်ထားတယ်။

အခြားစကားအားဖြင့်ပြောရရင် ရေနတ်ဘုရားအုတ်ဂူထဲမှာ ရေတာအိုကျင့်ကြံသူတစ်ယောက်က ခွန်အားအကြီးအကျယ်တိုးမြင့်လာပေမယ်။ အခြားလေ့ကျင့်သူတွေက ခွန်အားအားဖြင့် ကြီးကြီးမားမားကျဆင်းလာပေမယ်။

"ကြည့်ရတာ အဆင့်မြင့်အပျက်အစီးနယ်‌မြေ၊ အန္တရာယ်နယ်မြေတွေကို ရှာဖွေဖော်ထုတ်ရတာ မလွယ်လှဘူးပဲ" လီဖူချန်းက ရေရွတ်လိုက်လေတယ်။

...........

ရေနတ်ဘုရားအုတ်ဂူက ကြီးမားပြီး ၀င်္ကဘာနဲ့ တူတယ်။

ပြိုင်ဘက်ကင်းအရှင်တွေကတောင် ရေနတ်ဘုရားအုတ်ဂူထဲမှာ ပျံသန်းဖို့ မဖြစ်နိုင်ဘူး။

လီဖူချန်းက ခြေချပြီး ရှေ့သို့ ဂရုတစိုက် တိုးသွားနေတော့တယ်။

"အမ်၊ မိုးရွာနေတာပဲ"

တစ်ခဏလမ်းလျှောက်ပြီးနောက် မိုးတစ်စက်က လီဖူချန်းရဲ့ဆံပင်အပေါ် ကျရောက်လာတယ်။ သူက ခေါင်းမော့ကာ ကြည့်လိုက်ရာ မီး‌ခိုးရောင်ကောင်းကင်ကို မြင်လိုက်ရတယ်၊မိုးဖွဲဖွဲက စတင်ရွာသွန်းနေတယ်။

ဒါပေမယ့် မိုးဖွဲမှာ ကြီးမားပြင်းထန်တဲ့စွမ်းအားရှိတယ်။ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တစ်ယောက်ကတောင် အသက်တစ်ခါရှုချိန်အထိ မတောင့်ခံနိုင်ဘူး။ သာမန်အရှင်တွေက အချိန်အကြာကြီးတောင့်ခံနိုင်လိမ့်မှာမဟုတ်ဘူး။

"ဒါက မိုးဖွဲပဲရှိသေးတယ်။ ရေနတ်ဘုရားအုတ်ဂူမှာ မိုးအမျိုးအစားလေးမျိုးရှိတယ်။ မိုးဖွဲ၊ မိုးလတ်၊ မိုးသည်း၊ မိုးမုန်တိုင်း။ မိုးမုန်တိုင်းတစ်ခုအထဲမှာ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကတောင် သေရေးရှင်ရေးဖြစ်နေရလိမ့်မယ်၊ ပြီးတော့ အထဲမှာ အကြာကြီးနေရဲလိမ့်မှာမဟုတ်ဘူး"

မိုးဖွဲက ရက်အနည်းငယ်ကြာ ရွာသွန်းနေပြီး လီဖူချန်းက ရေကန်တစ်ခုအရှေ့ကို ရောက်ရှိလာတယ်။

ရေကန်က သိမ်မွေတဲ့ပုံစံတစ်ခုရှိပြီး ရေကန်အလယ်မှာ ဖားရုပ်တုတစ်ခုရှိတယ်။

ကန်ရေက အလွန်ကြည်လင်ပြီး လီဖူချန်းက ရေကန်အောက်ခြေကို ရှင်းရှင်းလင်းလင်းမြင်နိုင်တယ်။ ရုတ်တရက် သူ့မျက်လုံးတွေက လင်းလက်သွားပြီး သူက နေရာလပ်လက်စွပ်တစ်ကွင်းကို ရှာတွေ့ခဲ့တယ်။

ဒီနေရာလပ်လက်စွပ်ကို ‌သေဆုံးသွားတဲ့အရှင်တစ်ယောက်က ချန်ထားမှန်း သိသာတယ်။

‌လီဖူချန်းက ရေကန်အထဲကို ရောက်ရှိလာတယ်။

မျှော်လင့်ထားတဲ့အတိုင်းပဲ ကန်ရေက မိုးဖွဲထက် အများကြီးပိုအန္တရာယ်များတယ်။ ၎င်းမှာ အားကောင်းတဲ့ဖိအားပါဝင်ပြီး သူတို့က အထဲကို ခုန်ချရင် သာလွန်အရှင်တစ်ယောက်ကတောင် တစ်စစီဖြစ်သွားရလိမ့်မယ်။

ဗွမ်း.......

လီဖူချန်းက ရေကန်အနက်ပိုင်းထဲသို့ ထိုးဆင်းသွားတယ်။

ကန်ရေရဲ့ဖိအားအတွက်ကတော့ ၎င်းက သူ့ရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို မရင်ဆိုင်နိုင်ဘူး။

မကြာမီမှာတော့ လီဖူချန်းက နေရာလပ်လက်စွပ်ကို ရရှိခဲ့ပြီး ကမ်းခြေပေါ်ကို တက်လာတယ်။

နေရာလပ်လက်စွပ်ကို တစ်ချက်ကြည့်ပြီးနောက် လီဖူချန်းက အလိုအလျောက်ပြုံးလိုက်မိတယ်။

သူ ထင်တာ မမှားရင် ဒီနေရာလက်စွပ်ကို အထွတ်အထိပ်အရှင်တစ်ယောက်ပိုင်ဆိုင်ထားတာပဲ။ အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံးတွေပဲ ဒါဇင်ထရီလီယံအနည်းငယ်ရှိတယ်။ အရင်းအမြစ်နဲ့ရတနာအားလုံး ပေါင်းစပ်ရင်လည်း အနည်းဆုံးဒါဇင်ထရီလီယံအနည်းငယ်ရှိတယ်။

နေရာလပ်လက်စွပ်ထဲမှာ တန်ဖိုးအရှိဆုံးပစ္စည်းက ထူးကဲအဆင့်အန္တိမအဆင့်တိုက်ခိုက်ရေးအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။

Seeing the cardinal pattern, Li Fuchen reckoned that this cardinal artifact was probably at the level of an unparalleled lord. It was unless for him, but it was a priceless treasure for anyone below the unparalleled lords.

အင်းကွက်တွေအရ ဒိီအသုံးအဆောင်ပစ္စည်းက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့အဆင့်မှာရှိမှန်း လီဖူချန်းက ယူဆထားတယ်။ သူ့အတွက် အသုံးမဝင်‌ရင်တောင် ဒါက ပြိုင်ဘက်ကင်းအရှင်အောက်ဘယ်သူမဆိုအတွက် အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုပါပဲ။

ဟူး.......

အသက်ကို ရှုထုတ်လျက် လီဖူချန်းက ကျေနပ်သလို ခံစားရတယ်။

ထန်း......ထန်း......

ရေနတ်ဘုရားအုတ်ဂူထဲမှာ မိုးရွာကျနေတယ်။

ဒီတစ်ခါတော့ မိုးဖွဲတစ်ခုမဟုတ်ဘဲ မိုးသည်းတစ်ခုဖြစ်တယ်။

မိုးသည်းတွေက အထွတ်အထိပ်အရှင်တွေကို ခြိမ်းခြောက်ဖို့ လုံလောက်တယ်။ သူတို့က ပုန်းကွယ်ဖို့ နေရာတစ်ခုကို မရှာတွေ့ရင် မိုးကြောင့်  တစ်စစီဖြစ်သွားရလိမ့်မယ်။

ဓားစွမ်းအင်ပေါက်ကွဲမှုတစ်ခုနဲ့အတူ ‌ဖောက်ထွင်းမြင်နိုင်တဲ့အကာတစ်ခုက လီဖူချန်းကို ကာကွယ်နေတယ်။

မိုး အကာအပေါ် ကျလာတဲ့အချိန်တိုင်း ၎င်းက တဖြောက်ဖြောက်မြည်သံတွေကို ထုတ်လွှတ်နေတာပေါ့။

လီဖူချန်းမှာ ကပ်လေးမသေမျိုးခန္ဓာကိုယ်ရှိရင်တောင် သူက မိုးရေတွေ ရွှဲရွှဲမစိုချင်ပါဘူး။

"ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ကြွယ်ဝမှုက အံ့အားသင့်စရာပဲ"

မိုးသည်းရဲ့အနက်ပိုင်းထဲမှာ မမြင်နိုင်တဲ့ပုံရိပ်တစ်ခုက ရပ်နေတယ်၊ သူ့မျက်လုံးတွေက လောဘတွေ၊ ရက်စက်ခြင်းတွေအပြည့်နဲ့ပေါ့။

အပြင်ကမ္ဘာမှာ သူက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကိုမှ ရန်မစရဲပါဘူး။ ဒါပေမယ့် ဒါက ရေတာအိုကျင့်ကြံသူရဲ့ခွန်အားကို အဆများစွာမြှင့်တင်ပေးတဲ့ ရေနတ်ဘုရားအုတ်ဂူလေ။

သာလွန်အရှင်ဆိုတဲ့သူ့ခွန်အားနဲ့အတူ ရေနတ်ဘုရားအုတ်ဂူထဲမှာ သူက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ခွန်အားရှိနေပြီ။ ဒါပေမယ့် ပြိုင်ဘက်ကင်းအရှင်တွေအတွက်ကတော့ မတူဘူး။ အားနည်းတဲ့ပြိုင်ဘက်ကင်းအရှင်တွေက ရေနတ်ဘုရားအုတ်ဂူထဲမှာ အထွတ်အထိပ်အရှင်တစ်‌ယောက်ရဲ့ခွန်အားသာ ထုတ်ဖော်နိုင်လိမ့်မယ်။ အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်တွေက  ပုံမှန်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ခွန်အားသာ ရှိပေလိမ့်မယ်။

အရေကြီးဆုံးကတော့ ရေနတ်ဘုရားအုတ်ဂူက ရေတာအိုရင်းမြစ်တွေနဲ့ ပြည့်နှက်နေကာ သူ့စွမ်းအင်ကို လျင်မြန်စွာ ပြန်ဖြည့်တင်းနိုင်တယ်။ အခြားကျင့်ကြံသူတွေအတွက်ကတော့ မတူဘူး၊ သူတို့က တိုက်ခိုက်ဖို့ သူတို့ရဲ့ကိုယ်ပိုင်စုဆောင်းထားတြဲစွမ်းအင်ကိုသာ မှီခိုနိုင်တယ်လေ။ တိုက်ပွဲကြာရှည်လာတာနဲ့အမျှ သူ့ရဲအသာရမှုက ကြီးထွားလာလိမ့်မယ်။

"အရင်က ငါက ဟိုပြိုင်ဘက်ကင်းအရှင်ကို လွတ်မြောက်ခွင့်ပေးခဲ့တယ်။ ဒီတစ်ကြိမ် ငါ သေချာပေါက် အောင်မြင်ရမယ်" မမြင်နိုင်တဲ့ပုံရိပ်က လီဖူချန်းဆီ လျင်မြန်စွာ ချဉ်းကပ်လာတယ်။

မိုးသည်းက သူ့ရဲ့ချီတည်ရှိမှုအားလုံးကို ဖုံးကွယ်ထားပေးတယ်။

"ရေရင်းမြစ်ကမ္ဘာ"

အဝေးမှ မမြင်နိုင်တဲ့ပုံရိပ်က လက်သီးအရွယ်အစားရွှေရောင်ရေစက်လုံးတစ်ခုကို ကောင်းကင်ထဲသို့ ပစ်လွှတ်လိုက်တယ်။ ပြီးနောက် ရွှေရောင်ရေစက်လုံးက ပေါက်ကွဲသွားပြီး ရွှေရောင်ရေအတားအဆီးတစ်ခုအဖြစ် ပြောင်းသွားကာ လီဖူချန်းကို ပိတ်လှောင်ထားလိုက်တယ်။

"ရေလည်ပတ်နဂါးရှစ်ကောင်သတ်ဖြတ်ခြင်း.....

"

မမြင်နိုင်တဲ့ပုံရိပ်က တုံ့ဆိုင်းမနေဘဲ သူက ရွှေရောင်အတားအဆီးအထဲသို့ ပြေးဝင်လာကာ လီဖူချန်းထံ လက်သီးတစ်ချက်ထုတ်ဖော်လိုက်တယ်။။

လက်သီးက ပြင်းထန်လွန်းပြီး လက်သီးအားက နဂါးရှစ်ကောင်အဖြစ် ပြောင်းသွားတယ်။ ရေနဂါးတစ်ကောင်စီက ရေတာအိုအရင်းမြစ်တွေ ပြည့်လျှံနေလေတယ်။

"အချိန်ကျပြီ" လီဖူချန်းက မမြင်နိုင်တဲ့ပုံရိပ်ကို သတိပြုမိတာ ကြာပါပြီ။ သူက ခုတ်ပိုင်းချက်တစ်ခုနဲ့အတူ ပြန်တိုက်ခိုက်လိုက်တယ်။

ဝုန်း ဝုန်း ဝုန်း.....

ရေနဂါးရှစ်ကောင်က ပေါက်ကွဲသွားပြီး မမြင်နိုင်တဲ့ပုံရိပ်က ‌ခြေဆယ်လှမ်း အလိုအလျောက် နောက်ဆုတ်လိုက်ရတယ်။

"ဒီလိုအံ့မခန်းခွန်အား"

မမြင်နိုင်တဲ့ပုံရိပ်ရဲ့မျက်လုံးတွေက ငြိမ်သက်နေတုန်းပဲ။ သူ့လက်သီးမှာ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ခွန်အားရှိပေမယ့် သူ့ပစ်မှတ်က ဒါကို တွန်းလှန်နိုင်တယ်။ ဒါက သူ့ပစ်မှတ်ရဲ့ခွန်အားက အလွန်အမင်းအားကောင်းပြီး ပုံမှန်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ထက် သာလွန်တာကို သက်သေပြခဲ့တယ်။

"သူက အရှင်သတ်မှတ်ချက်ရဲ့အဆင့်ဘယ်လောက်များပါလိမ့်" မမြင်နိုင်တဲ့ပုံရိပ်က လီဖူချန်းဆီ နောက်တစ်ကြိမ်ပြေးဝင်လာတယ်။ ရေနဂါးများစွာက ရွှေရောင်အတားအဆီးအတွင်းမှာ ထိန်းမနိုင်သိမ်းမနိုင်ကခုန်နေတော့တယ်။

All Chapters