← Chapters

ကြေးခွံနက်လှေ

Vol. 72 Ch. 1004

ကြေးခွံနက်လှေ

Vol. 72 Ch. 1004

"လက်ရွေးစင်အရှင်တစ်ယောက်ကများ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို တိုက်ခိုက်ရဲတာပေါ့လေ။ ကြွယ်ဝမှုက တကယ်ကြီးကျယ်တဲ့တွန်းအားတစ်ခုပါပဲလား"

မမြင်နိုင်တဲ့ပုံရိပ်က ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ခွန်အားကို ထုတ်ပြနေပေမယ့် သူ့ရဲ့ချီတည်ရှိမှုက လက်ရွေးစင်အရှင်တစ်ယောက်သာ ဖြစ်ပါသေးတယ်။

ဒါပေမယ့် အခြားပြိုင်ဘက်ကင်းအရှင်တစ်ယောက်ယောက်သာဆိုရင် သူတို့က ထိုပုံရိပ်ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး၊ ထွက်ပြေးရုံသာ တတ်နိုင်လိမ့်မယ်။

ဒါပေမယ့် လီဖူချန်းက အခြားပြိုင်ဘက်ကင်းအရှင်တွေနဲ့ မတူဘူးလေ။

ဓားနတ်ဘုရားမျက်လုံးကို အသက်သွင်းလျက် မမြင်နိုင်တဲ့ဓားအလင်းတစ်ခုက မမြင်နိုင်တဲ့ပုံရိပ်ရဲ့ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့တယ်။

အား......

မမြင်နိုင်တဲ့ပုံရိပ်က နာကျင်စွာ အော်လိုက်တယ်။

"ဒါ ဘာလိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်လဲ" မမြင်နိုင်တဲ့ပုံရိပ်က ဒေါသထွက်သွားသလို ကြောက်ရွံ့ထိတ်လန့်သွားတယ်။

"မင်းကို သတ်နိုင်တဲ့ လိပ်ပြာအသိစိတ်အာရုံလေ"

မူလက ဓားနတ်ဘုရားမျက်လုံးက လက်ရွေးစင်အရှင်တစ်ယောက်ရဲ့သူတော်စင်လိပ်ပြာကိုသာ အပြင်းအထန်ဒဏ်ရာရစေနိုင်တယ်။ ဒါပေမယ့် လီဖူချန်းရဲ့လက်ထဲမှာ ၎င်းက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့သူတော်စင်လိပ်ပြာကို ဒဏ်ရာရစေနိုင်ပြီး လက်ရွေးစင်အရှင်တစ်ယောက်ရဲ့သူတော်စင်လိပ်ပြာကို ဆုတ်ဖြဲနိုင်တယ်။

ပြောနေရင်း လီဖူချန်းက ဓားနတ်ဘုရားမျက်လုံးကိ ဆက်လက်ထုတ်ဖော်လိုက်တယ်။

"မဟုတ်ဘူး၊ အဲဒါကို ထပ်မသုံးနဲ့တော့။ ငါ အရှုံးကို ဝန်ခံတယ်၊ ငါ ချက်ချင်း ထွက်သွားပါ့မယ်"

မမြင်နိုင်တဲ့ပုံရိပ်က ခေါင်းကွဲလုမတတ်ခံစားနေရပြီး သူ့ရဲ့ရေတာအိုဖုံးကွယ်မှုက ထွက်ပေါ်လာတယ်။ သူက ပုတိုတိုအကြီးအကဲတစ်‌ယောက်အဖြစ် ထွက်ပေါ်လာတယ်။

"နောက်ကျသွားပြီ"

ထက်ရှတဲ့လိပ်ပြာအသိစိတ်အာရုံဓားအလင်းက အကြီးအကဲရဲ့သူတော်စင်လိပ်ပြာကို ထိုးဖောက်သွားတယ်။

ပုတိုတိုအကြီးအကဲရဲ့သူတော်စင်လိပ်ပြာက ဆုတ်ပြဲသွားတော့တယ်။

သူတော်စင်လိပ်ပြာစုတ်ပြဲသွားတာနဲ့ ၎င်းကိုယ်တိုင် ကုသဖို့က မဖြစ်နိုင်လုနီးပါးပဲ။ သူတော်စင်လိပ်ပြာကုသခြင်းဆိုင်ရာစကြာဝဠာရတနာတစ်ခု မရှိရင်ပေါ့‌။

သူတော်စင်လိပ်ပြာရဲ့အကာအကွယ်မရှိတာနဲ့အတူ လိပ်ပြာအသိစိတ်အာရုံဓားအလင်းက ပုတိုတိုအကြီးအကဲတစ်ယောက်ရဲ့စိတ်ဝိညာဉ်ကို စတင်ခွဲဖြတ်သွားတော့တယ်။

ဒါက ဝိညာဉ်တာအိုလျှို့ဝှက်နည်းစနစ်နဲ့လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်တို့ကြား ခြားနားချက်ပါပဲ။

ဝိညာဉ်တာအိုလျှို့ဝှက်နည်းစနစ်က စိတ်ဝိညာဉ်ကို တိတိကျကျ ဒဏ်ရာရစေနိုင်ပြီး သူတော်စင်လိပ်ပြာအပေါ်မှာတော့ ထိရောက်မှုမရှိလှပါဘူး။

လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်အတွက်ကတော့ ၎င်းက သူတော်စင်လိပ်ပြာကို အရင်ဆုတ်ဖြဲပြီးမှ စိတ်ဝိညာဉ်ကို တိုက်ခိုက်နိုင်တယ်။ ဒါ့ပြင် တိုက်ခိုက်မှုစွမ်းအားက ဝိညာဉ်တာအိုလျှို့ဝှက်နည်းစနစ်ထက် နိမ့်ကျတယ်။

"ငါ သေရင်တောင် မင်းကို ငါနဲ့အတူ အပါခေါ်သွားမယ်"

သူက သေချာပေါက် သေရတော့မှာကို ပုတိုတိုအကြီးအကဲက သိတယ်။ သူတော်စင်လိပ်ပြာဆုတ်ပြဲသွားတာကြောင့် သူက အခု အရူးအမူးဖြစ်‌နေတယ်။ ဘာလျှို့ဝှက်နည်းစနစ်ကို သူ ဖော်ထုတ်ခဲ့မှန်း မသိဘူး၊ သူ့ခန္ဓာကိုယ်က ဖောင်းကားလာတယ်။ ဝုန်းခနဲမြည်သံနဲ့အတူ သွေးမြူတွေက ဦးတည်ဘက်တိုင်းကို ပေါက်ကွဲထွက်လာတယ်။ ၎င်းရဲ့စွမ်းအားက သူ့ရဲ့အရင်တိုက်ခိုက်မှုထက် အဆတစ်ထောင် ပိုသန်မာတယ်။ ဒီကြောက်စရာကောင်းတဲ့စွမ်းအားက လီဖူချန်းဒါမှမဟုတ်အမှောင်အရှင်ဘုရင်တို့ ထုတ်လုပ်နိုင်တာထက် ကျော်လွန်တယ်။

လီဖူချန်းက ပေါက်ကွဲမှကြောင့် လွင့်ထွက်သွားပြီး သူက ရွှေရောင်အတားအဆီးထဲသို့ ဝင်စောင့်သွားတယ်။ အက်ကွဲသံတစ်ခု ထွက်လာပြီး ရွှေရောင်အတားအဆီးက တစ်စစီဖြစ်သွားတယ်။

"ဒီလိုပြင်းထန်တဲ့စွမ်းအား....."

မြေပြင်ပေါ်မှာ ခြေထောက်နှစ်ဖက်ကို ဒရွတ်တိုက်ဆွဲလျက် မိုင်အနည်းငယ်အထိ ရွှေ့ပြီးမှ လီဖူချန်းက ရပ်တန့်လိုက်တယ်။

သူ့မှာ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်မရှိရင် ဒိလိုကိုယ်ကိုယ်ကိုယ်ဖျက်ဆီးမှုက သူ့ကို သေချာပေါက်ဒဏ်ရာရစေလိမ့်မယ်။

ဖောက်ကွဲမှုက သူ့ကို သတ်ဖို့ မဖြစ်နိုင်ပါဘူး။ ပုတိုတိုအကြီးအကဲက ပြိုင်ဘက်ကင်းအရှင်တွေကို အထင်ခဲ့သေးတာပဲ။

"သူ့ရဲ့နေရာလပ်လက်စွပ်လဲ မုန့်မုန့်ညက်ကြေသွားတာ ဝမ်းနည်းစရာပဲ"

သူက ပုတိုတိုအကြီးအကဲရဲ့နေရာလပ်လက်စွပ်ကို မရရှိခဲ့လို့ လီဖူချန်းက နောင်တရမိတယ်။

ဒါပေမယ့် ပုတိုတိုအကြီးအကဲက တစ်ခုခုကို ချန်ထားခဲ့သေးတယ်။ ထိုချိတ်ပိတ်ဒါမှမဟုတ်ထောင်ချောက်အမျိုးအစားအသုံးအဆောင်ပစ္စည်း၊ ရွှေရောင်ရေစက်လုံး။

အချိန်အချို့သုံးစွဲပြီးနောက် လီဖူချန်းက ရွှေရောင်ရေစက်လုံးကို အမျိုးအမည်ခွဲခြားနိုင်တော့တယ်။

"ဒါ အထွတ်အထိပ်အရှင်တစ်ယောက်ကို ပိတ် လှောင်နိုင်တဲ့ ချိတ်ပိတ်အမျိုးအစားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ။ ဒါက ဓားပိတ်လှောင်ခြင်းကမ္ဘာနဲ့ သိပ်မကွာဘူး။ ဒါပေမယ့် ဒီရေနတ်ဘုရားအုတ်ဂူမှာတော့ ဒါက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကိုတောင် ချိတ်ပိတ်နိုင်တယ်"

လီဖူချန်းအတွက် ရွှေရောင်ရေစက်လုံးက ပစ္စည်းကောင်းတစ်ခုလို့ မဆိုနိုင်ပေမယ့် ရေနတ်ဘုရားအုတ်ဂူမှာတော့ ဒီပစ္စည်းက အံ့အားသင့်စရာသက်ရောက်မှုတွေ ရှိတယ်။

လီဖူချန်းက ရေနတ်ဘုရားအုတ်ဂူကို ဆက်လက်ရှာဖွေနေလေတယ်။

…

အဆုံးမဲ့မိုးမုန်တိုင်းတစ်ခုက အထက်မှ ရွာသွန်းနေတယ်။

ပုံရိပ်တစ်ခုက အဆုံးမဲ့မိုးမုန်တိုင်းကို ဖြတ်သန်းသွားနေတယ်။

ဖောက်.....

ပုံရိပ်ရဲ့ခန္ဓာကိုယ်ပေါ်ရှိစွမ်းအင်အကာအကွယ်က ပျက်ဆီးသွားပြီး မိုးမုန်တိုင်းက ပုံရိပ်ရဲ့ခန္ဓာကိုယ်ပေါ်ကို ကျရောက်လာတယ်။

ရေနတ်ဘုရားအုတ်ဂူရဲ့မိုးမုန်တိုင်းရဲ့စွမ်းအားအရ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ခန္ဓာကိုယ်ကတောင် အဲဒါကို မရင်ဆိုင်နိုင်ဘူး။ ဒါပေမယ့် ဒီပုံရိပ်က မိုးမုန်တိုင်းကို လစ်လျူရှုနိုင်ပြီး မိုးထဲမှာ ဆက်လက်ပြေးလွှားနေတယ်။

"အမ်၊ အရှေ့မှာ နန်း‌‌တော်တစ်ခုပဲ"

အဝေးမှ လီဖူချန်းက နန်းတော်တစ်ခုကို မြင်လိုက်ရတယ်။

စိတ်ဝိညာဉ်စွမ်းအားကို ထုတ်လွှတ်လိုက်ရာ လီဖူချန်းက နန်းတော်ထဲရှိပုံရိပ်‌သုံးခုကို မြင်တွေ့လိုက်ရတယ်။

သူတို့အထဲကနှစ်ယောက်က ပြိုင်ဘက်ကင်းအရှင်တွေဖြစ်ပြီး အခြားတစ်ယောက်က အထွတ်အထိပ်အရှင်ဖြစ်တယ်။ ဒါပေမယ့် ဒီအထွတ်အထိပ်အရှင်က ရေတာအိုအရှင်တစ်ယောက်မှန်း သိသာတယ်၊ သူ့ခွန်အားက အသန်မာဆုံးဖြစ်ပြီး သူက ပြိုင်ဘက်ကင်းအရှင်နှစ်ယောက်ကို ဖိနှိပ်နေတယ်။

တိုက်ပွဲအတွက်အကြောင်းပြချက်က နန်းတော်ရဲ့အဆုံးရှိစင်မြင့်ပါပဲ။ ဝေလငါးပုံသဏ္ဍာန်တစ်မိီတာရှည်တဲ့လှေရှည်တစ်ခုရှိတယ်။ လှေရဲ့မျက်နှာပြင်ကို မရေမတွက်နိုင်တဲ့အနက်ရောင်ကြေးခွံတွေနဲ့ ဖုံးအုပ်ထားတယ်။

"ပျံသန်းရေးအမျိုးအစားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ၊ ဒီအသုံးအဆောင်ပစ္စည်းရဲ့တန်ဖိုးက ငါ မြင်ဖူးသမျှ ဘယ်အသုံးအဆောင်ပစ္စည်းတွေထက်မဆို ဆယ်ဆဒါမှမဟုတ်အဆတစ်ရာ ပိုသန်မာတာပဲ"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။ သူ ထင်တာမမှားရင် ဒီပျံသန်းရေးအမျိုးအစားအသုံးအဆောင်ပစ္စည်းက ထူးကဲအဆင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတွေထဲမှာ သေချာပေါက်အကောင်းဆုံးပဲ။

ရွှမ်း.....

မြန်နှုန်းတိုးလာပြီး လီဖူချန်းက မြားတစ်စင်းအဖြစ် ပြောင်းသွားကာ နန်းတော်သို့ ပြေးဝင်သွားကာ မြေပြင်နား ကပ်လိုက်တယ်။

နန်းတော်ထဲမှာ တိုက်ပွဲက အလွန်အမင်းပြင်းထန်တယ်။

"ပျက်သုန်းခြင်းတာအိုအရှင်၊ နတ်ဆူးတာအိုအရှင်၊ မင်းတို့နှစ်ယောက်က ငါ့အတွက် ပြိုင်ဘက်တွေ မဟုတ်ဘူး။ မြန်မြန်ထွက်သွားတော့"

"မိုးပြာရောင်အရှင်၊ မင်းက ရေနတ်ဘုရားအုတ်ဂူကို အသုံးပြုပြီး အသာစီးယူနေတာပဲ။ ဒါက အပြင်ကမ္ဘာဆိုရင် မင်း ပျောက်ကွယ်သွားတာကြာပြီ"

"ဟမ့်၊ ငါ နေရာအသာစီးယူတော့ရော ဘာဖြစ်လဲ။ မင်းတို့နှစ်ယောက် အခု မထွက်သွားရင် မင်းတို့သေတော့မှ ငါ့ကို အပြစ်မတင်နဲ့"

"မင်း ငါတို့ကို သတ်ချင်ရင် မင်း လုပ်ပြီးတာ ကြာပေါ့။ ပြိုင်ဘက်ကင်းအရှင်တွေက ရင်ဆိုင်ရလွယ်တယ်လို့ မင်း ထင်နေတာလား"

တိုက်ပွဲက နန်းတော်တစ်ခုလုံးပျံ့နှံ့နေပေမယ့် ကြေးခွံနက်လှေမှာ အနက်ရောင်အလင်းလွှာတစ်ခုရှိပြီး တစ်လက်မတောင် ရွေ့သွားခြင်းမရှိဘူး။

"မကောင်းတော့ဘူး၊ တစ်ယောက်ယောက် လာနေပြီ"

သုံးယောက်သား တစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်နေချိန်မှာ နောက်ထပ်ပုံရိပ်တစ်ခုက နန်းတော်ထဲ ပြေးဝင်လာတယ်။

အစကတော့ ပုံရိပ်က နန်းတော်ထဲရှိအနေအထားကို ကြည့်ဖို့ တစ်ချက်‌လောက်ရပ်လိုက်တာလို့ သူတို့က ထင်ထားခဲ့တယ်။ ပုံရိပ်က အရှိန်မြင့်ကာဆက်သွားပြီး သူတို့ကိုတောင် ကျော်ဖြတ်သွားမယ်လို့ မတွေးထားခဲ့ဘူး။ ရည်ရွယ်ချက်ကို သိဖို့ သူတို့အနေနဲ့ မေးစရာတောင် မလိုပါဘူး။

"‌သေချင်နေတာလား" သုံးယောက်သား ဒေါသထွက်သွားပြီး သူတို့က ပုံရိပ်ကို အတူတကွ တိုက်ခိုက်လာကြတယ်။

ဝုန်း ဝုန်း ဝုန်း......

သုံးယောက်လုံးရဲ့တိုက်ခိုက်မှုတွေက တကယ်ကြောက်စရာကောင်းတယ်၊ အထူးသဖြင့် မိုးပြာအရှင်ရဲ့တိုက်ခိုက်မှုပဲ။ သူ့ရဲ့တိုက်ခိုက်မှုကို ရေတာအိုရင်းမြစ်က တိုးမြှင့်ထားပြီး သာမန်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့အဆင့်ကို ကျော်လွန်သွားပြီဖြစ်တယ်။

ဒါပေမယ့် သုံးယောက်စလုံး ထိတ်လန့်သွားရတယ်၊ သူတို့ရဲ့တိုက်ခိုက်မှုတွေက ငှက်ပျောရွက်ပေါ်ကျရောက်သွားတဲ့မိုးစက်ပမာပင်။ တဖြောက်ဖြောက်မြည်သံတွေကလွဲပြီး လီဖူချန်းကို လုံးဝထိခိုက်စေခြင်းမရှိဘူး။

တစ်စက္ကန့်အတွင်း လီဖူချန်းက စင်မြင့်ရဲ့အရှေ့ကို ရောက်ရှိသွားတယ်။ ကပ်ဘေးစွမ်းအားက သူ့ရဲ့ညာဘက်လက်ကို လွှမ်းခြုံလျက် သူက အနက်ရောင်အတားအဆီးကို ‌ကျော်ဖြတ်ကာ ကြေးခွံနက်လှေကို ဆုတ်ကိုင်လိုက်တော့တယ်။ ပြီးနောက် ကြေးခွံနက်လှေကို သိမ်းဆည်းလိုက်လေတယ်။

"မဟုတ်ဘူး"

"အမှိုက်"

"သေစမ်း"

သုံးယောက်သား တုန်လှုပ်ပြီး ဒေါသတွေ ထွက်သွားကြတယ်၊ သူတို့က သူတို့ရဲ့ဒေါသတွေကို လီဖူချန်းအပေါ်  ပုံချလိုက်တော့တယ်။

ထူးကဲအဆင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတွေမှာလည်း ခွဲခြားမှုတွေ ရှိတယ်။

အဆင့်၁ထူးကဲအဆင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုက သာမန်အရှင်တစ်ယောက်ရဲ့သက်ရောက်မှုကို ထုတ်ဖော်ပြသနိုင်တယ်။ အဆင့်၂ထူးကဲအဆင့်အန္တိမအဆင့်က သာလွန်အရှင်တစ်ယောက်ရဲ့သက်ရောက်မှုကို ထုတ်ဖော်ပြသနိုင်တယ်။ အဆင့်၃က လက်ရွေးစင်အရှင်နဲ့ ညီမျှပြီး အဆင့်၄က အထွတ်အထိပ်အဆင့်၊ အဆင့်၅က သာမန်ပြိုင်ဘက်ကင်းအရှင်၊ အဆင့်၆က အားကောင်းပြိုင်ဘက်ကင်းအရှင်၊ အဆင့်၇က အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်။

ကြေးခွံနက်လှေက အနည်းဆုံးအဆင့်၆ထူးကဲအဆင့်အန္တိမအဆင့်ဒါမှမဟုတ်အဆင့်၇ထူးကဲအဆင့်အန္တိမအဆင့်တောင် ရှိတယ်လို့ သူတို့သုံးယောက်က သေချာတယ်။

ဒိအဆင့်အသုံးအဆောင်ပစ္စည်းက သေချာပေါက် အဖိုးမဖြတ်နိုင်ဖြစ်ပြီး သာမန်စကြာဝဠာရတနာတွေအောက် မနိမ့်ကျပါဘူး။

လီဖူချန်းက သုံးယောက်ရဲ့တိုက်ခိုက်မှုတွေကို မကြောက်ပါဘူး။ သူက ဓားနတ်ဘုရားမျက်လုံးကို ချက်ချင်းထုတ်ဖော်ခဲ့တယ်။

အား.....

အရင်အော်လိုက်တဲ့သူက မိုးပြာရောင်အရှင်ပဲ၊ တကယ်တော့ သူက အထွတ်အထိပ်အရှင်တစ်ယောက်သာ ဖြစ်သေးတာလေ။

ဒါပေမယ့် ပျက်သုန်းခြင်းတာအိုအရှင်နဲ့နတ်ဆူးတာအိုအရှင်တို့ကလည်း ပြင်းပြင်းထန်ထန်ခံစားခဲ့ရတာပဲ။

"ဒီလိုအားကောင်းတဲ့လိပ်ပြာအသိစိတ်အာရံလျှို့ဝှက်နည်းစနစ်တစ်ခုက ဘယ်လိုလုပ်ပြီး ‌ရှိနေရတာလဲ"

ပျက်သုန်းခြင်းတာအိုအရှင်နဲ့နတ်ဆူးတာအိုအရှင်တို့က နားမလည်နိုင်ဘူးဖြစ်နေတယ်။

ထူးကဲအဆင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတွေကို အဆင့်၇ဆင့်ခွဲခြားထားတယ်လို့ ပြောပေမယ့် ထူးကဲအဆင့်လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်တွေကို အဆင့်၇ဆင့်ခွဲခြားထားတယ်လို့တော့ တစ်ယောက်မှ မပြောခဲ့ဘူးမလား။

ယေလုယျအားဖြင့် ပြောရရင် အကောင်းဆုံးလိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်က အထွတ်အထိပ်အရှင်တွေကိုသာ ဒဏ်ရာရစေနိုင်ပြီး ပြိုင်ဘက်ကင်းအရှင်တွေကို ဒဏ်ရာရစေဖို့က မဖြစ်နိုင်ပါဘူး။

ကြောက်စရာအကောင်းဆုံးဝိညာဉ်တာအိုလျှိ့ဝှက်နည်းစနစ်တွေကသာ ပြိုင်ဘက်ကင်းအရှင်တွေကို ဒဏ်ရာရစေနိုင်တယ်။

သူတော်စင်လိပ်ပြာထိခိုက်ရင်တောင် သူတို့သုံးယောက်က ပြန်ဆုတ်ဖို့ထက် ‌သေတဲ့အထိ တိုက်ခိုက်ပါလိမ့်မယ်။ ဒါပေမယ့် တိုက်ခိုက်မှုအားလုံးက လီဖူချန်းကို မထိခိုက်တာကို သဘောပေါက်မိသွားတဲ့အခါ သူတို့က စိတ်ပျက်သွားကြရတယ်။

သူတို့သုံးယောက်က လီဖူချန်းကို သေစေချင်သလို လီဖူချန်းလည်း အတူတူပါပဲ။

ဓားနတ်ဘုရားမျက်လုံးကို ဖော်ထုတ်ခြင်းက ကြီးမားတဲ့လိပ်ပြာအသိစိတ်အာရုံပမာဏကို လိုအပ်တယ်။ အရှင်တစ်ယောက်ရဲ့သူတော်စင်လိပ်ပြာက အလွန်ခိုင်မာပြီး အခြေခံအားဖြင့် မယိမ်းယိုင်နိုင်ပါဘူး။ ဒါက ဘာကြောင့် တစ်ယောက်မှ လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်တွေကို မကျင့်ကြံကြတယ်ဆိုတာပဲ။ လီဖူချန်းအတွက်ကတော့ မတူဘူး၊ သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံက အရှင်အဆင့်ကို ကျော်လွန်နေပြီလေ။

နောက်ဆုံးမှာ မိုးပြာရောင်အရှင်ရဲ့သူတော်စင်လိပ်ပြာက ဆုတ်ပြဲသွားပြီး သူက ထွက်ပြေးချင်ပေမယ့် လီဖူချန်းက အနီးကပ်လိုက်လာခဲ့တယ်။

"သွားကြစို့"

သူတို့က လီဖူချန်းကို ရင်မဆိုင်နိုင်တာကို မြင်ပြီး ပျက်သုန်းခြင်းတာအိုအရှင်နဲ့နတ်ဆူးတာအိုအရှင်တို့ကလည်း ပြန်ဆုတ်ဖို့ စိတ်ကူးလာတယ်။ သူတို့က အခုပြန်မဆုတ်ရင် လီဖူချန်းက မိုးပြာရောင်အရှင်ကို ရှင်းပြီးတာနဲ့ သူက သူတို့ကို ရှင်းဖို့ သေချာပေါက် လာလိမ့်မယ်။ ပြီးရင်တော့ လွတ်မြောက်ဖို့ နောက်ကျပါလိမ့်မယ်။

ပျက်သုန်းခြင်းတာအိုအရှင်နဲ့နတ်ဆူးတာအိုအရှင် လွတ်မြောက်သွားတာနဲ့ မိုးပြာရောင်အရှင်အပေါ်ရှိဖိအားက ပိုဆိုးလာတယ်။

ရေနတ်ဘုရားအုတ်ဂူထဲမှာ သူ့ရဲ့မြန်နှုန်းက အရမ်းမြန်တယ်၊ ပုံမှန်ပြိုင်ဘက်ကင်းအရှင်တွေထက် ပိုမြန်တယ်။ ဒါပေမယ့် လီဖူချန်းရဲ့မြန်နှုန်းကလည်း သူ့ထက် လုံးဝမနှေးပါဘူး၊ ဒါ့ပြင် လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက အနှောင့်အယှက်‌ပေးနေပြီး သူ့ရဲ့ထွက်ပြေးခြင်းအရှိန်ကို သက်ရောက်နေတယ်။

"ကျေးဇူးပြုပြီး ငါ့အသက်ကို ချမ်းသာပေးပါ။ ငါက မိုးနတ်ဘုရားကလန်မှ အကြီးအကဲတစ်ယောက်ပဲ။ မင်း ငါ့ကို သတ်ရင် ငါ့ရဲ့ဘိုးဘေးမိုးနတ်ဘုရားက မင်းကို ခွင့်လွှတ်မှာမဟုတ်ဘူး"

မိုးနတ်ဘုရားအရှင်က ကြောက်ရွံ့နေတယ်၊ သူ့ကို ရေနတ်ဘုရားအုတ်ဂူထဲမှာ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က သတ်ဖြတ်လိမ့်မယ်လို့ သူ ဘယ်တော့မှ မတွေးထားခဲ့ဘူး။

"မိုးနတ်ဘုရားကလန်လား"

လီဖူချန်းက ဒီကလန်နဲ့ပတ်သက်ပြီး ကြားဖူးတယ်။ ကျူကလန်ရဲ့မီးနတ်ဘုရားနဲ့အလားတူစွာ မိုးနတ်ဘုရားကလန်မှာလည်း အားကောင်းတဲ့ဂိုဏ်းတစ်ဖြစ်ပြီး အကြိုနတ်ဘုရားတစ်ယောက်ဖြစ်တဲ့မိုးနတ်ဘုရားရှိတယ်။

"ဟုတ်တယ်၊ မိုးနတ်ဘုရားရဲ့စွမ်းအားက မင်းစိတ်ကူးထားတာထက် သာလွန်တယ်။ မင်း‌ဆယ်ယောက်ကတောင် မိုးနတ်ဘုရားရဲ့တစ်ကွက်ကို ခုခံနိုင်မှာမဟုတ်ဘူး" သူက အသက်ကယ်ကြိုးတစ်ခုကို ကိုင်ထားမိသလို မိုးပြာရောင်အရှင်က ခံစားမိတယ်။

လီဖူချန်းက ရယ်လိုက်တယ်"မိုးနတ်ဘုရားက မိုးနတ်ဘုရား၊ မင်းက မင်းပဲ။ သေစမ်း"

မိုးပြာအရှင်ရဲ့သူတော်စင်လိပ်ပြာကို အပိုင်းအစအဖြစ် ခွဲဖြတ်သွားပြီး သူ့ရဲ့စိတ်ဝိညာဉ်က ဖြည်းဖြည်းချင်း မှိန်လာတယ်။

ဝုန်း......

မိုးပြာရောင်အရှင်က ကျိန်ဆဲလိုက်တယ်၊ သူ့ရဲ့သူတော်စင်လိပ်ပြာက ပေါက်ကွဲသွားပြီး သူ့ရဲ့စိတ်ဝိညာဉ်ကလည်း ပြန့်ကျဲသွားတယ်။

"ဓားနတ်ဘုရားမျက်လုံးက ပြိုင်ဘက်ကင်းအရှင်အောက်လူတွေကို သေချာပေါက် သက်ရောက်မှုရှိတယ်။ ပြိုင်ဘက်ကင်းအရှင်တွေကို ရင်ဆိုင်ဖို့တော့ အတော်လေးခက်ခဲတယ်"

ပြိုင်ဘက်ကင်းအရှင်ရဲ့သူတော်စင်လိပ်ပြာက ခိုင်မာလွန်းတယ်၊ လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံအားလုံးကို ကုန်ဆုံးပြီးမှ ပစ်မှတ်ရဲ့သူတော်စင်လိပ်ပြာကို ပျက်စီးစေနိုင်လိမ့်မယ်။

မိုးပြာရောင်အရှင်ကို သတ်ပြီးနောက် လီဖူချန်းက စုပ်အားတစ်ခုကို သုံးကာ မိုးပြာရောင်အရှင်ရဲ့နေရာလပ်လက်စွပ်ကို ဆွဲယူလိုက်တယ်။

၎င်းအပေါ်ရှိအမှတ်အသားကို ဖျက်ကာ လီဖူချန်းက အထဲကို ကြည့်လိုက်တယ်။

"မိုက်တယ်"

လီဖူချန်းက မေးငေါ့လိုက်တယ်။ မိုးပြာရောင်အရှင်ရဲ့ကြွယ်ဝမှုက ပုံမှန်အထွတ်အထိပ်အရှင်တစ်ယောက်ရဲ့ကြွယ်ဝမှုကို ကျော်လွန်တယ်။ အထွတ်အထိပ်အဆင့်ဝိညာဉ်‌ကျောက်တုံးက ထရိီလီယံရာအနည်းငယ်ရှိပြီး အခြားအရင်းအမြစ်အားလုံးပေါင်းကလည်း အထွတ်အထိပ်အဆင့်ဝိညာဉ်‌ကျောက်တုံးထရိီလီယံရာအနည်းငယ်ရှိတယ်။

စိတ်မကောင်းစရာတစ်ခုကတော့ အခု ထိုကြွယ်ဝမှုအားလုံးက လီဖူချန်းလက်ထဲမှာ ရောက်နေပြီးလေ။

All Chapters