← Chapters

ရေနတ်ဘုရားအစောင့်

Vol. 72 Ch. 1005

ရေနတ်ဘုရားအစောင့်

Vol. 72 Ch. 1005

မိုးပြာရောင်အရှင်ရဲ့နေရာလပ်လက်စွပ်ထဲမှာ ထူးကဲအဆင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်း၊ ထူးကဲအဆင့်အန္တိမအဆင့်လက်နက်နဲ့ ထူးကဲအဆင့်အန္တိမအဆင့်ချပ်ဝတ်အချို့ ရှိတယ်။

ထပ်ပြီးပြောရရင် သေးငယ်တဲ့တောင်တစ်လုံးအရွယ်အစားရှိတဲ့သတ္တုတစ်ခုရှိတယ်။

"ဒါ အံ့ဖွယ်နတ်သတ္တုလား"

လီဖူချန်းရဲ့မျက်နှာက ပျော်ရွှင်မှုတွေ ဝေဆာသွားတယ်။

ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းတွေ၊ ထူးကဲအဆင့်လက်နက်တွေနဲ့ ထူးကဲအဆင့်ချပ်ဝတ်တွေအားလုံးက အံ့ဖွယ်နတ်သတ္တုကို အသုံးပြုတယ်။ အဆက်မပြတ်သန့်စင်ခြင်းနည်းလမ်းတွေအောက်မှာ အံ့ဖွယ်နတ်သတ္တုကို ပိုထည့်လေလေ၊ စွမ်းအားက ပိုကြီးလေဖြစ်ပြီး မာကျောမှုက ပိုမြင့်မားလေဖြစ်တယ်။

တကယ်တော့ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်း‌တွေကို အံ့ဖွယ်နတ်သတ္တုနဲ့ ပြုလုပ်ထားတာပဲ။

ဒါပေမယ့် အံ့ဖွယ်နတ်သတ္တုရှိရုံနဲ့ အသုံးမဝင်ပါဘူး။ သန့်စင်ခြင်းနည်းလမ်းက အရေးကြီးဆုံးပါပဲ။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို သန့်စင်နိုင်တဲ့ အကြိုနတ်ဘုရားတစ်ယောက်ယောက်ကို ဘယ်တော့မှ မကြားဖူးဘူး။ တစ်ယောက်ယောက်က အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို လိုချင်ရင် သူက နတ်ဘုရားစစ်မြေပြင်ကိုသာ သွားနိုင်တယ်။ ရေနတ်ဘုရားအုတ်ဂူထဲရှိရေနတ်ဘုရားသုံးခွမှိန်းကလည်း နတ်ဘုရားစစ်မြေပြင်မှ လာပြီး ရင်းမြစ်က အတူတူပါပဲ။

သူက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို သန့်စင်မယ်လို့တော့ လီဖူချန်းက ဘယ်တုန်းကမှ မတွေးခဲ့ဘူး။ သူ့ရဲ့ရည်ရွယ်ချက်က ထူးကဲအဆင့်အန္တိမအဆင့်ဓားတစ်လက်ကို သန့်စင်ဖို့ပါပဲ။

"ငါ ထွက်သွားပြီးရင် ငါ ဒီအံ့ဖွယ်နတ်သတ္တုတွေကို သုံးပြီး ငါ့ရဲ့မူလအဆုံးစွန်းဓားကို ဖန်တီးရမယ်"

ကောင်းကင်ဘုံဆက်ဓားက အဆင့်မြင့်အန္တိမအဆင့်ဓားတစ်လက်သာဖြစ်ပြီး ၎င်းရဲ့အဆင့်က နိမ့်ကျလွန်းကာ အခြေခံအားဖြင့် သူ့ခွန်အားကို အများကြီးမတိုးမြှင့်စေနိုင်ပါဘူး။

မိုးပြာရောင်အရှင်ရဲ့နေရာလပ်လက်စွပ်ကို သိမ်းပြီးနောက် လီဖူချန်းက ကြေးခွံနက်လှေကို ယူထုတ်ကာ ဂရုတစိုက်ကြည့်လိုက်တယ်။

"ဒီကြေးခွံနက်လှေကို နက္ခတ်တာရာဧရာမသားရဲရဲ့အလောင်းနဲ့ ပြုလုပ်ထားတာ ဟုတ်နေမလား"

လီဖူချန်းက ကြေးခွံနက်လှေကို ပိုကြည့်လေလေ၊ နက္ခတ်တာရာဧရာမသားရဲရဲ့ချီတည်ရှိမှုကို သူက ပိုခံစားမိလေလေပဲ။

လိပ်ပြာအသိစိတ်အာရုံက ကြေးခွံနက်လှေကို ဝင်ရောက်ခဲ့ပြီး လီဖူချန်းက ကြေးခွံနက်လှေကို စတင်သန့်စင်လိုက်တယ်။

……

နောက်ထပ်နာရီအနည်းငယ်ကြာပြီးနောက် လီဖူချန်းက ကြေးခွံနက်လှေကို အောင်မြင်စွာ သန့်စင်နိုင်ခဲ့တယ်။

လှေရဲ့နာမည်က ဖရိုဖရဲတိမ်လှေလို့ခေါ်တယ်။

လီဖူချန်း ထင်ထားသလို၊ ဖရိုဖရဲတိမ်လှေက နက္ခတ်တာရာဧရာမသားရဲတစ်‌ကောင်ဖြစ်တဲ့ဖရိုဖရဲတိမ်ဝေလငါးရဲ့အလောင်းနဲ့ပြုလုပ်ထားတာပဲ။

ဖရိုဖရဲတိမ်ဝေလငါးက အရှင်တစ်ယောက်ရဲ့ခွန်အားနဲ့အတူ ‌မွေးဖွားလာတယ်။ ၎င်းက အဆုံးစွန်းအထိ ကြီးထွားပြီးတာနဲ့ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ခွန်အားကို ပိုင်ဆိုင်လာလိမ့်မယ်။ ဒါပေမယ့် ၎င်းရဲ့ခွန်အားနဲ့နှိုင်းယှဉ်ရင် ၎င်းရဲ့မြန်နှုန်းက ပိုသာတယ်။ ၎င်း အရှိန်တင်လိုက်တာနဲ့ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကတောင် လိုက်မမီနိုင်ဘူး။

"ဒီဖရိုဖရဲတိမ်လှေက အဆင့်၆ထူးကဲအဆင့် အနည်းဆုံးရှိတယ်။ အနာဂတ်မှာ ဒါနဲ့ဆိုရင် လူအုပ်ကြီးတစ်ခုသယ်ဆောင်ထားရရင်တောင်  ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့အရှိန်နဲ့ မောင်းနှင်နိုင်လိမ့်မယ်"

လီဖူချန်းက အနာဂတ်မှာ စကြာဝဠာမြို့တစ်မြို့ကို တည်ဆောက်ဖို့ အစီအစဉ်ချထားတယ်၊ ပြီးရင် ဓားဂိုဏ်းကို စကြာဝဠာမြို့ကို ပြောင်းရွှေ့မယ်ပေါ့။ ဖရိုဖရဲတိမ်လှေနဲ့ဆိုရင် သူက ဓားဂိုဏ်းကလူတွေကို အလွယ်တကူပြောင်းရွှေ့နိုင်မှာပါ။

ဒါပေမယ့် စကြာဝဠာမြို့တစ်မြို့ကို တည်ဆောက်ဖို့ အလျင်တော့မလိုပါဘူး။ သူက တည်ဆောက်မယ်ဆိုရင် အကြိုနတ်ဘုရားတွေရဲ့တိုက်ခိုက်မှုကိုခုခံနိုင်တဲ့စကြာဝဠာမြို့တစ်မြို့ကိုပဲ တည်ဆောက်မှာပါ။ သို့မဟုတ်ရင် ဓားဂိုဏ်းကလူတွေကို ဒီအတိုင်းပဲ နေထိုင်စေတာ ပိုကောင်းပါလိမ့်မယ်။ တကယ်တော့ ပြင်ပက ကောင်းကင်ဘုံအရှင်တွေက နက်ပြာပလိန်းကို မကျူးကျော်နိုင်ဘူးလေ။ ပလိန်းက ဘေးအကင်းဆုံးဖြစ်နေတာပေါ့။

……

"ငါ လုံလုံလောက်လောက် ရထားပြီ၊ အခုက ထွက်သွားဖို့ အချိန်ပဲ"

လီဖူချန်းက ရေနတ်ဘုရားအုတ်ဂူကို လာတာ အားကောင်းတဲ့အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်တွေ၊ ချပ်ဝတ်တွေ ရရှိဖို့အတွက်ပဲလေ။ အခု ရိတ်သိမ်းမှုက သူမျှော်မှန်းထားတာကို ကျော်လွန်နေပြီဆိုတော့၊ ဆက်နေဖို့က အဓိပ္ပါယ်မရှိဘူး။ သူက အပြင်ထွက်ပြီး မူလအဆုံးစွန်းဓားကို ထုလုပ်ဖို့ တစ်ယောက်ယောက်ကို ရှာဖွေရမယ်။

တုံ့ဆိုင်းမနေဘဲ လီဖူချန်းက အလာလမ်းအတိုင်း ပြန်လာတယ်။

……

ဝုန်း ဝုန်း ဝုန်း ဝုန်း.......

ဗုံကြီးတစ်ခုကို တီးခတ်နေတဲ့ပမာ လေးလံပြင်းထန်တဲ့ခြေသံတွေက အဝေးမှ ပျံ့နှံ့လာတယ်။

"မကောင်းတော့ဘူး၊ ဒါ ရေနတ်ဘုရားအစောင့်တွေပဲ"

"ဟာကွာ၊ ဘယ်လိုလုပ်ပြီး ငါတို့က ရေနတ်ဘုရားအစောင့်တွေထွက်လာတဲ့အချိန်နဲ့ လာတိုးနေရတာလဲ"

ရေနတ်ဘုရားအုတ်ဂူထဲရှိလူတွေရဲ့မျက်နှာက စိုးရိမ်တကြီးဖြစ်ပြီး ဖြူဖတ်ဖြူရော်ဖြစ်လာတော့တယ်။

ရေနတ်ဘုရားက ရှေးခေတ်ရဲ့ကြောက်စရာအကောင်းဆုံးအကြိုနတ်ဘုရားတွေထဲကတစ်ယောက်ပဲလေ။ သူဖန်တီးခဲ့တဲ့ရေနတ်ဘုရားအစောင့်တွေက အပြင်ကမ္ဘာမှာတောင် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့ခွန်အားမျိုး ပိုင်ဆိုင်ထားတာလေ၊ ရေနတ်ဘုရားအုတ်ဂူထဲမှာဆိုရင် သူတို့က အားနည်းတဲ့အကြိုနတ်ဘုရားတွေနဲ့တောင် ယှဉ်နိုင်ပြီးပေါ့။

ဘယ်သူပဲဖြစ်ဖြစ် ကိစ္စမရှိဘူး၊ ရေနတ်ဘုရားအစောင့်တွေနဲ့ ထိပ်တိုက်ဆုံတဲ့အခါ ရွေးချယ်စရာတစ်ခုသာ ရှိတယ်၊ အဲဒါက ထွက်ပြေးဖို့ပဲ။ မင်း မထွက်ပြေးနိုင်ရင် သေရမယ်ဆိုတာပဲ။

အဝေးမှ လူအချို့က ရေနတ်ဘုရားအစောင့်တွေကို မြင်လိုက်ရတယ်။

ရေနတ်ဘုရားအစောင့်တွေက ရေနတ်ဘုရားအုတ်ဂူထက် အဆများစွာပိုမြင့်တယ်။ သူတို့ရဲ့မျက်လုံးတွေက အဖြူရောင်အလင်းတွေ တောက်ပနေပြီး အသွင်အပြင်က ကြောက်စရာကောင်းလှတယ်။

လူအချို့ရဲ့ချီတည်ရှိမှုကို ခံစားမိပြီး ရေနတ်ဘုရားအစောင့်တွေက တစ်ဟုန်ထိုးပြေးလာတယ်။

ဝုန်း ဝုန်း ဝုန်း........

ရေနတ်ဘုရားအစောင့်တွေရဲ့အရှိန်က မြန်လွန်းတယ်။ အရေးကြီးဆုံးအချက်က ရေနတ်ဘုရားအစောင့်တွေက ရေနတ်ဘုရားအုတ်ဂူရဲ့အဆောက်အအုံတွေကို ရှောင်တိမ်းသွားလာနိုင်ပြီး တစ်ဖြောင့်တည်းတည့်မတ်စွာ ပြေးလာနိုင်တာပဲ။

"မဟုတ်ဘူး"

အနှေးဆုံးလူကို ရေနတ်ဘုရားအစောင့်တွေက တက်နင်းချလိုက်ရာ သွေးတွေ တလဟောပန်းထွက်လာတော့တယ်။

"အရှင်ကျင်းဇိီက အခုလို ‌သေသွားတာလား"

ကျန်သူတွေက ကြောက်ရွံ့တုန်လှုပ်နေတော့တယ်။

အရှင်ကျင်းဇီက အထွတ်အထိပ်အရှင်တစ်ယောက်လေ၊ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကတောင် သူ့ကို သတ်ဖို့ ခက်ခဲတာ၊ ဒါပေမယ့် ရေနတ်ဘုရားအစောင့်တွေရဲ့အရှေ့မှာတော့ သူက တက်နင်းသတ်ဖြတ်ခြင်းခံလိုက်ရတာပဲ။

ဝုန်း ဝုန်း.......

အထွတ်အထိပ်အရှင်တွေက ရေနတ်ဘုရားအ‌စောင့်ရဲ့တက်နင်းမှုကြောင့်‌ သေကြေခဲ့ကြရပြီး အဆုံးမှာ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကသာ ပြေးလွှားနေတုန်းပါပဲ။

"ငါ မသေနိုင်ဘူး၊ ငါက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ပဲ၊ အပြင်ကမ္ဘာမှာ ငါ လေလိုချင်ရင်လေ၊ မိုးလိုချင်ရင်မိုးပဲ၊ ငါ ရေနတ်ဘုရားအုတ်ဂူထဲမှာ မသေချင်ဘူး........"

အရှင်လီကျိုးက အံ့ကြိတ်ကာ သွေးရူးသွေးတန်းပြေးနေတော့တယ်။

ဒါပေမယ့် သူ ဘယ်လောက်မြန်မြန်ကိစ္စမရှိဘူး၊ သူက ဘယ်လိုလုပ်ပြီး ရေနတ်ဘုရားအစောင့် တွေနဲ့ နှိုင်းယှဉ်နိုင်မှာလဲ။ တစ်ခဏကြာပြီးနောက် သူ့ကို ရေနတ်ဘုရားအစောင့်တွေက လိုက်မိီလာတယ်။

ကောင်းကင်မှ ခြေဖဝါးကြီးတစ်ခု ကျဆင်းလာတာကို မြင်ပြီး အရှင်လီကျူးက တောင်ပံတွေရှိတဲ့ငှက်တစ်ကောင်အဖြစ်ပြောင်းကာ သူ့အရှိန်က တစ်ဟုန်ထိုးတက်လာတော့တယ်။

ဝုန်း.......

ရေနတ်ဘုရားအစောင့်တွေက တွင်းပေါက်တစ်ခုအပေါ်ကို ကြီးမားတဲ့အားတစ်ခုနဲ့ ခြေချမိကာ မြေပြင်ကို တုန်ခါသွားစေတယ်။

အရှင်လီကျူးအနေနဲ့ ပျော်ဖို့ စောလွန်းပါ‌သေးတယ်၊ ကြီးမားတဲ့ရိုက်ချက်တစ်ခုက အရှင်လီကျူးကို ရိုက်ချလိုက်လေတယ်။

သူ့ရဲ့အသိစိတ်က တစ်ခဏဗလာဖြစ်သွားပြီး နောက်အခိုက်မှာတော့ သူက ဘာတစ်ခုမှ အသိတော့တာကိုသာ အရှင်လီကျူးက ခံစားမိတယ်။

အရှင်လီကျူးကို သတ်ပြီးနောက် ရေနတ်ဘုရားအစောင့် တွေက သူတို့ရဲ့ပစ်မှတ်တွေမရှိတော့တာ‌တာကြောင့် နှေးကွေးလာတယ်။ သူတို့က ရေနတ်ဘုရားအုတ်ဂူထဲမှာ ဖြည်းဖြည်းချင်း လျှောက်လှမ်းနေတော့တယ်။

အခြားတစ်ဖက်မှာ မူလလမ်းကြောင်းအတိုင်းပြန်လာတဲ့လီဖူချန်းကလည်း ရေနတ်ဘုရားအစောင့်တွေကို မြင်လိုက်ရတယ်။

သူက ရေနတ်ဘုရားအစောင့်တွေရဲ့ကြောက်မက်ဖွယ်ရာကို သိထားပြီးထားပြီ၊ ဒါကြောင့် ရေနတ်ဘုရားအစောင့်တွေနဲ့ထိပ်တိုက်ဆုံမှာကို ရှောင်ရှားဖို့ သူက ရိတ်သိမ်းပြီးနောက် အမြန်ထွက်လာခဲ့တာပဲလေ။

မထင်မှတ်ဘဲ သူက နောက်ဆုံးမှာ ရေနတ်ဘုရားအစောင့်တွေနဲ့ ‌ဆုံတွေ့ခဲ့ရတာပဲ။

"ရေနတ်ဘုရားအစောင့်တွေက ခံစားချက်မရှိဘူး။ သူတို့ရဲ့တာဝန်က ရေနတ်ဘုရားအုတ်ဂူထဲဝင်လာသမျှကို သတ်ဖြတ်ဖို့ပဲ။ ဒါပေမယ့် သတ်ဖို့ဆိုရင် သူတို့က ပစ်မှတ်ရဲ့ချီတည်ရှိမှုကို အရင် ခံစားမိဖို့လိုတယ်။ ငါက ငါ့ရဲ့ချီတည်ရှိမှုကို ဖုန်းကွယ်ထားရင် သူတို့လက်ထဲမှ ပုန်းကွယ်နိုင်ပြီပေါ့"

ဒါကို စဉ်းစားမိပြီး လီဖူချန်းက သူ့ရဲ့စိတ်ဝိညာဉ်ပါရမီကို သုံးကာ ချီတည်ရှိမှုကို အပြည့်အဝ ဖုန်းကွယ်လိုက်တယ်၊ ပြီးနောက် သူက ရှေ့ဆက်သွားလိုက်တယ်။ တစ်ခါတစ်ရံမှာ ရေနတ်ဘုရားအစောင့်တွေမြင်တွေ့တာကို ရှောင်ရှားဖို့ သူက ကွေ့ပတ်သွားရတာပေါ့။

အချိန်အနည်းငယ် ကုန်ဆုံးသွားတယ်၊ အရှင်တွေရဲ့သေဆုံးမှုက လွန်ခဲ့တဲ့နှစ်‌ထောင်‌ပေါင်းများစွာနဲ့နှစ်သောင်းပေါင်းများစွာ ပေါင်းစပ်မှုထက် ပိုလာတယ်။

ရေနတ်ဘုရားအစောင့်တွေမွေးဖွားလာတဲ့အချိန်တိုင်းက ကပ်ဘေးတစ်ခုပါပဲ။

"ဒီလောက်ဆို သေချာပြီ၊ ရေနတ်ဘုရားအစောင့်တွေ ငါ့နောက် မလိုက်လာတော့ဘူး"

လမ်းတစ်လျှောက်မှာ လီဖူချန်းက ရေနတ်ဘုရားအစောင့်သုံးယောက်ထက်မနည်းရဲ့တည်ရှိမှုကို အာရုံခံမိတယ်၊ ဒါပေမယ့် တစ်ယောက်မှ သူ့ကို သတိမပြုမိခဲ့ကြဘူး။

ရက်အနည်းငယ်ကြာပြီး‌နောက် လီဖူချန်းက ထွက်ပေါက်ကို မြင်လိုက်တယ်။

လီဖူချန်းရဲ့အမူအရာကို ပြောင်းလဲစေတဲ့တစ်ခုတည်းသောအရာကတော့ ရေနတ်ဘုရားအစောင့်တစ်ယောက်ကလည်း ထွက်ပေါက်‌မှာ ရှိနေခြင်းပဲ။ အရေးကြီးဆုံးအချက်က ‌ထွက်ပေါက်အနီးမှာ မြင်ကွင်းကို တားဆီးပေမယ့် အဆောက်အအုံတွေ တစ်ခုမှမရှိတာပဲ။

"ဘာလုပ်ရမလဲ"

လီဖူချန်းက ရေနတ်ဘုရားအစောင့်ရဲ့မြန်နှုန်းကို မြင်တွေ့ပြီးပြီ။ ပြောတာ ပိုလွန်းတာတော့ မဟုတ်ဘူး၊ ရေနတ်ဘုရားအစောင့်ရဲ့မြန်နှုန်းက သူ့ထက် အများကြီး ပိုမြန်တယ်။

"အရင် စောင့်ဆိုင်းရမယ်"

ရေနတ်ဘုရားထွက်သွားမှာကို စောင့်ဆိုင်းဖို့ လီဖူချန်းက ရည်ရွယ်ထားတယ်။

သူက လဝက်ကြာတဲ့အထိ စောင့်နေခဲ့တယ်။

မူလကတော့ ရေနတ်ဘုရားအစောင့်က ထွက်သွားဖို့ စီစဉ်ထားပေမယ့် တစ်ပတ်ကြာပြီးနောက် ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က ထွက်ပေါက်ကို ပြေးလာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။ ထိုသူကို အလွယ်တကူသတ်ဖြတ်ပြီးနောက် ရေနတ်ဘုရားအစောင့်က ဆက်နေလိုက်တော့တယ်။ လဝက်အတွင်း ပြိုင်ဘက်ကင်းအရှင်နှစ်ယောက်နဲ့အထွတ်အထိပ်အရှင်တစ်‌ယောက် အသတ်ခံလိုက်ရတာကို လီဖူချန်းက မြင်လိုက်ရတယ်။

"ငါ ထပ်မစောင့်နိုင်တော့ဘူး။ ရေနတ်ဘုရားအစောင့်နှစ်ယောက်က ဒီနေရာကို ရောက်လာရင် ငါ့ရဲ့ထွက်ပြေးဖို့မျှော်လင့်ချက်က အရမ်းသေးငယ်သွားလိမ့်မယ်"

ရေနတ်ဘုရားအစောင့်တစ်ယောက်ပဲဆိုရင် သူက မျှေယ်လင့်ချက်ရှိသေးတယ်လို့ လီဖူချန်းက ခံစားမိတယ်။

အခြားပြိုင်ဘက်ကင်းအရှင်တွေနဲ့နှိုင်းယှဉ်ရင်း သူ့မှာ ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ရှိတယ်လေ။ ဒါက အသက်ပိုတစ်ခုမဟုတ်ဘူး၊ အသက်ပေါင်းများစွာနဲ့ ညီမျှတယ်။

ဒါက ဘေးကင်းဖို့ မသေချာသေးတာကို ခံစားမိပြီး လီဖူချန်းက နောက်ထပ်ထူးကဲအဆင့်အန္တိမအဆင့်ချပ်ဝတ်နဲ့ ထူးကဲအန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုကို သူ့ခါးမှာ တပ်ဆင်လိုက်တယ်။

ဒါတွေအားလုံးကို ပြုလုပ်ပြီးနောက် လီဖူချန်းက အသက်ကို အားရပါးရတစ်ချက်ရှုသွင်းပြီး ထွက်ပေါက်ဆီ တစ်ဟုန်ထိုးပြေးသွားလိုက်တယ်။

လီဖူချန်းက သူ့ကိုယ်သူ ထုတ်ဖော်ပြသလိုက်တဲ့အခါ ရေနတ်ဘုရားအစောင့်ကလည်း သူ့ကို သတိပြုမိသွားတယ်။

!

ဝုန်း......

ခြေဖဝါးမှ အားတွေ အသုံးပြုကာ  ရေနတ်ဘုရားအစောင့်က လီဖူချန်းနောက်ကို အလွန်အမင်းအရှိန်နဲ့ လိုက်လာတယ်။

"ဓားပိတ်လှောင်ခြင်းကမ္ဘာ"

ဒါ အသုံးဝင်မဝင်တော့ မသိဘူး၊ လီဖူချန်းက ဓားပိတ်လှောင်ခြင်းကမ္ဘာကို ရေနတ်ဘုရားအစောင့်ထံ ထုတ်လွှတ်လိုက်ပြီး ဓားအဆောင်တွေ ပြည့်နေတဲ့ စက်လုံးနေရာလပ်တစ်ခုက ရန်သူကို ဖုံးအုပ်သွားတယ်။

ဝုန်း.......

ဓားပိတ်လှောင်ခြင်းကမ္ဘာက တစ်ချက်တောင် မထိန်းနိုင်ခဲ့ဘူး၊ ရေနတ်ဘုရားအစောင့်ကြောင့် ပျက်စီးသွားပြီး ဓားအဆောင်တွေအားလုံးက ချက်ချင်းပေါက်ကွဲသွားတယ်။

"ရေရင်းမြစ်ကမ္ဘာ"

နောက်မှာတော့ လီဖူချန်းက ရေရင်းမြစ်ကမ္ဘာ- ရွှေရောင်ရေစက်လုံးကို အသက်သွင်းလိုက်တယ်။

ဝုန်း.......

ရွှေရောင်ရေစက်လုံးက ဖြစ်ပေါ်လာတဲ့ရွှေရောင်ရေအတားအဆီးကလည်း ခုခံနိုင်စွမ်းမဲ့ကာ ပျက်ဆီးသွားရပြန်တယ်။

ဆယ်မိုင်.......

ငါးမိုင်.........

တစ်မိုင်.....

မီတာနှစ်ရာ.....

မီတာတစ်ရာ......

မီတာတစ်ရာက ရေနတ်ဘုရားအစောင့်ရဲ့တိုက်ခိုက်ရေးအကွာအဝေးအတွင်းမှာ ရှိတယ်။ ရေနတ်ဘုရားအစောင့်က ရှေ့ကို တိုးလာပြီး လီဖူချန်းထံ လက်သီးတစ်ချက် ထုတ်ဖော်လိုက်တယ်။

ဖောက်......

ပထမဆုံးပျက်ဆီးတာက ထူးကဲအဆင့်အန္တိမအဆင့်ခုခံမှုအသုံးအဆောင်ပစ္စည်းက ဖန်တီးထားတဲ့ ခံစစ်အလွှာပါပဲ။ ဒီခံစစ်အလွှာက ပူ‌ဖောင်းပမာ ပေါက်ကွဲထွက်သွားတယ်။

ပြီးနောက် ရေနတ်ဘုရားအစောင့်ရဲ့လက်သီးက လီဖူချန်းအပေါ် ကျရောက်လာတယ်။ ထူးကဲအန္တိမအဆင့်ချပ်ဝတ်ကို ဖြတ်သန်းပြီးနောက် လက်သီးအားရဲ့၇၀မှ၈၀ရာခိုင်နှုန်းက လီဖူချန်းဆီ ကူးပြောင်းလာတယ်။

ဒါပေမယ့် ဒီ၇၀-၈၀ရာခိုင်နှုန်းက ဘယ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ထက်မဆို ပိုတယ်။ လီဖူချန်းရဲ့ခန္ဓာကိုယ်ထဲရှိကပ်ဘေးစွမ်းအားက အရူးအမူးကုန်ဆုံးသွားတယ်။ အရှင်သတ်မှတ်ချက်တစ်ရာဝင်ဖြစ်တဲ့အမှောင်အရှင်ဘုရင်ကတောင် သူ့ကပ်ဘေးစွမ်းအားရဲ့၅ရာခိုင်နှုန်းကျော်ကိုပဲ ကုန်ဆုံးစေနိုင်တာလေ။

ဒါပေမယ့် ရေနတ်ဘုရားအစောင့်ရဲ့လက်သီးအရှေ့မှာတော့ လီဖူချန်းရဲ့ကပ်ဘေးစွမ်းအားက ‌စီးဆင်းနေတဲ့ရေပမာ တစ်ခါတည်းနဲ့ ၉၀ရာခိုင်နှုန်းလောက် ကုန်ခန်းသွားတယ်။

နောက်ဆုံးမှာတော့ လီဖူချန်းရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်ကို ချိုးဖြတ်သွားတယ်၊ ဒါပေမယ့် ကံကောင်းတာကတော့ ရေနတ်ဘုရားအစောင့်ရဲ့လက်သီးခွန်အားကလည်း ကုန်ခန်းသွားတာပဲ။

ရွှမ်း......

ရေနတ်ဘုရားအစောင့် သူ့အပေါ်ထုတ်ဖော်ခဲ့တဲ့အားကို အသုံးပြုလျက် လီဖူချန်းရဲ့မြန်နှုန်းက မ‌လျော့ဘဲ တိုးလာတယ်။ သူက ထွက်ပေါက်ဖြစ်တဲ့ရေဝဲကတော့ကြီးထဲသို့ ချက်ချင်းဝင်ရောက်လိုက်တယ်။

ပစ်မှတ်ကို ဆုံးရှုံးသွားတာကြောင့် ရေနတ်ဘုရားအစောင့်က ကြီးမားတဲ့ပုံရိပ်၊ အဆုံးမဲ့ဖိအားနဲ့အတူ အနီးအနားကို ဆက်လက်လှည့်လည်သွားတော့တယ်။

"ကပ်သီးလေးပဲ"

အပြင်ကမ္ဘာမှာ လီဖူချန်းက မဲ့ပြုံးပြုံးလိုက်တယ်၊ ဒီတစ်ခါက တကယ် အန္တရာယ်များလွန်းတာပဲ။

ဒါပေမယ့် သူ့ရဲ့နောက်ခံက အားနည်းလွန်းတာ အဓိကပဲ။

သူရရှိခဲ့တဲ့ထူးကဲအဆင့်အသုံးအဆောင်ပစ္စည်းနဲ့ ထူးကဲအဆင့်ချပ်ဝတ်က အဆင့်၃ဒါမှမဟုတ်အဆင့်၄သာရှိတာလေ။ နှစ်ခုစလုံးက အဆင့်၄ဒါမှမဟုတ်အဆင့်၅ကို ရောက်ရှိနေရင်း သူတို့က ပိုပြီး ခုခံနိုင်လာပြီး ခန္ဓာကိုယ်ကို ဖျက်ဆီးနိုင်လိမ့်မှာမဟုတ်ဘူး။

All Chapters