အရှင်သတ်မှတ်ချက်အဆင့်၁၂
Vol. 72 Ch. 1006
အပြင်ကမ္ဘာမှာ အရှင်သတ်မှတ်ချက်က မကြာခဏထွက်ပေါ်လာပြီး ထွက်ပေါ်လာတဲ့အခါတိုင်း သေဆုံးသွားတဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့နေရာမှာ အထွတ်အထိပ်အရှင်တစ်ယောက်က ဝင်လာနေတာပေါ့။
ဒီတစ်ကြိမ် ရေနတ်ဘုရားအုတ်ဂူထဲမှာ သေဆုံးသွားတဲ့ ပြိုင်ဘက်ကင်းအရှင်တွေ အများကြီးရှိတယ်လေ၊ နှစ်ဆယ်လောက်ရှိပါလိမ့်မယ်။
ပြိုင်ဘက်ကင်းအရှင်တစ်ယောက်သေဆုံးသွားတဲ့အခါ အရှင်သတ်မှတ်ချက်မှာ နေရာလွတ်တစ်ခုရှိလာတယ်။ ဒီနေရာကို အထွတ်အထိပ်အရှင်တွေကပဲ ဖြည့်နိုင်တာလေ။
တကယ်တော့ လူတိုင်းက အကြွင်းမဲ့ချီတည်ရှိမှုနဲ့အတူအဆင့်သတ်မှတ်ချက်ရဲ့အဆင့်၉၉ကိုဝင်ရောက်နိုင်တဲ့လီဖူချန်းလိုမဟုတ်ဘူးလေ။
ရေနတ်ဘုရားအုတ်ဂူမှ ထွက်လာပြိးနောက် လီဖူချန်းက ဓားအလင်းဖြာထွက်မြို့မှတစ်ဆင့် အခြားအဆင့်၁ဂိုဏ်းခွဲတစ်ခုဖြစ်တဲ့ကြက်သွေးရောင်ဓားမြို့ကို တည်နေရာရွှေ့ပြောင်းခဲ့တယ်။
ကြက်သွေးရောင်ဓားမြို့မှာ ကြက်သွေးရောင်မီးဓားဘိုးဘေးလို့ခေါ်တဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရှိတယ်။
ကြက်သွေးရောင်မီးဓားဘိုးဘေးက အကြိုနတ်ဘုရားတွေအောက်မှာ နံပါတ်၁ဓားထုလုပ်သူဖြစ်တယ်။ သူ့ရဲ့အထွတ်အထိပ်အလုပ်ကတော့ အဆင့်၇ထူးကဲအဆင့်ကြက်သွေးရောင်ဓားပဲဖြစ်တယ်။
ကြက်သွေးရောင်ဓားက ကြက်သွေးရောင်ဓားမြို့ရဲ့အမှတ်သင်္ကေတဖြစ်တယ်။
လီဖူချန်းက အဆင့်၇ထူးကဲအဆင့်အန္တိမအဆင့်ဓားတစ်လက်ကို ဖန်တီးဖို့မမျှော်လင့်ထားပါဘူး။ သူ့အတွက် အဆင့်၅ထူးကဲအန္တိမအဆင့်ဓားနဲ့တင် သူ့ခွန်အားကို ဆယ်ဆကျော်တိုးစေဖို့ လုံလောက်ပါပြီ။
လီဖူချန်းက ဌာနချုပ်အကြီးအကဲတစ်ယောက်ဖြစ်သလို ပြိုင်ဘက်ကင်းအရှင်တစ်ယောက်လည်း ဖြစ်တာကြောင့် ကြက်သွေးရောင်မီးဓားဘိုးဘေးကို တွေ့ခွင့်ရဖို့က အလွယ်လေးပါပဲ။
"မူလအဆုံးစွန်းအရှင်၊ သင့်ရဲ့နာမည်ကို ကြားဖူးတာ ကြာပါပြီ"
ကြက်သွေးရောင်မီးဓားအိမ်တော်မှာ ကြက်သွေးရောင်မီးဓားဘိုးဘေးက လီဖူချန်းကို ပြုံးပြလိုက်တယ်။
ယခု ဓားသမားအစည်းအရုံးက လီဖူချန်းကို စကြာဝဠာကလေးတစ်ယောက်အနေနဲ့ အသိအမှတ်ပြုထားတာ၊ တစ်ယောက်မှ သူ့ကို ငြင်းပယ်ခွင့်မရှိဘူး။
"ကြက်သွေးရောင်မီးဓားဘိုးဘေးကို နှုတ်ဆက်ပါတယ်"
လီဖူချန်းက ကြက်သွေးရောင်မီးဓားဘိုးဘေးကို အရိုအသေပေးလိုက်တယ်။
ကြက်သွေးရောင်မီးဓားဘိုးဘေးက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်" မင်း ငါ့ကို ရှာတာ ဓားတစ်လက်လုပ်ခိုင်းဖို့ပဲမလား။ အရင်ဆုံး ရှင်းရှင်လင်းလင်းပြောကြတာပေါ့၊ ဓားတစ်လက်ပြုလုပ်ဖို့ ပထမ အံ့ဖွယ်နတ်သတ္တုရှိရမယ်၊ ဒုတိယ ထုလုပ်ခြင်းကုန်ကျစရိတ်က အထွတ်အထိပ်အဆင့်ဝိညာဥ်ကျောက်တုံး၃၀၀ဘီလီယံပဲ။ တတိယ၊ ငါ အကြီးအကဲအမှတ်သုံးသောင်းလိုအပ်တယ်"
သူက ဓားသမားအစည်းအရုံးရှိလူတိုင်းကို ညီတူမျှတူဆက်ဆံတယ်။ ဒါပေမယ့် ဒါက အပေါ်ယံပါပဲ။ သူ့လက်ထဲမှာ ဓားထုလုပ်စရာအများကြီး ကျန်ရှိသေးတယ်။ လီဖူချန်းက ဓားတစ်လက်ထုလုပ်ချင်ရင် သူက လီဖူချန်းကို အခြားသူတွေရဲ့အရှေ့မှာ ထားပြီး သူတို့ကို စောင့်ဆိုင်းစေနိုင်တယ်။
"သေချာတာပေါ့၊ ပြဿနာမရှိဘူး"
ဒိတန်ဖိုးက လီဖူချန်းအတွက် ပြဿနာတစ်ခုမဟုတ်ပါဘူး၊ ရေနတ်ဘုရားအုတ်ဂူထဲမဝင်ခင် အထွတ်အထိပ်အဆင့်ဝိညာဉ်ကျောက်တုံး၃၀၀ဘီလီယံက သူ့အတွက် တကယ်ကို ကြီးမားတဲ့အရေအတွက်တစ်ခုပဲ။ အခု အဲဒါက ရေပုံးထဲရှိရေတစ်စက်မျှသာပဲ။ အကြီးအကဲအမှတ်သုံးသောင်းကလည်း ပြဿနာမရှိပါဘူး။
"ကောင်းပြီ၊ ငါ့ကို မင်းရဲ့အံ့ဖွယ်နတ်သတ္တုကို ပြပါ"
ကြက်သွေးရောင်မီးဓားဘိုးဘေးက လီဖူချန်းရဲ့အံ့ဖွယ်နတ်သတ္တုကို ကြည့်လိုတယ်။
စကြာဝဠာမှာ အံ့ဖွယ်နတ်သတ္တုအမျိုးအစားအများကြီးရှိတယ်၊ ပိုတန်ဖိုးရှိလေလေ၊ ပိုအားကောင်းတဲ့အန္တိမအဆင့်ဓားတစ်လက်ကို ထုလုပ်နိုင်လေလေပဲ။
"ဒီမှာ"
လီဖူချန်းက တောင်သေးတစ်လုံးအရွယ်အစားရှိတဲ့အံ့ဖွယ်နတ်သတ္တုတစ်ခုကို ကမ်းပေးလိုက်တယ်။
"ဒါက" ကြက်သွေးရောင်မီးဓားဘိုးဘေးရဲ့မျက်လုံးတွေက စူးရှသွားတယ်"ရှေးဦးမူလဖရိုဖရဲကြေးနီအဆီအနှစ်ပဲ"
"ရှေးဦးမူလဖရိုဖရဲကြေးနီအဆီအနှစ်လား"
"မင်း အတော်ကံကောင်းတာပဲ၊ ရှေးဦးမူလဖရိုဖရဲကြေးနီအဆီအနှစ်က စကြာဝဠာရဲ့ထိပ်ဆုံးအံ့ဖွယ်နတ်သတ္တုဆယ်ခုထဲကတစ်ခုပဲ။ အင်းမှာ ဒီလောက်ကြီးမားတဲ့အပိုင်းအစတစ်ခုရှိမယ်လို့ ငါ မထင်ထားဘူး"
"ဒါ လုံလောက်ရဲ့လား"
လီဖူချန်းက မေးလိုက်တယ်။
ကြက်သွေးရောင်မီးဓားဘိုးဘေးက ပြောလိုက်တယ်"မင်းရဲ့စကားတွေအရ မင်းက ဘာမှမသိတဲ့လူမှန်း သိသာတယ်။ လက်နက်တွေကို ထုလုပ်ရာမှာ လုံလောက်တယ်ဆိုတာ မရှိဘူး။ နည်းရင် နောက်ဆုံးရလဒ်က အနည်းငယ်ပိုဆိုးဝါးမယ်။ ပိုများရင် နောက်ဆုံးရလဒ်က အနည်းငယ်ပိုကောင်းလာမယ်။ ဓားပြုလုပ်ဖို့ မင်း ရှေးဦးမူလဖရိဖရဲကြေးနီအဆီအနှစ်ဘယ်လောက်အထိ အသုံးပြုဖို့ စီစဉ်ထားလဲ"
"အကုန်လုံး သုံးမယ်"
"ကောင်းပြီ၊ ဒါကို ငါနဲ့ ချန်ထားခဲ့၊ နှစ်ငါးရာ၊ မဟုတ်ဘူး၊ နောက်ထပ်နှစ်တစ်ထောင်ကျရင် ဓားသန္ဓေသားကို ပြန်ထုတ်ဖို့ ပြန်လာခဲ့"
သူက လူတွေကို ဓားထုလုပ်ရာမှာ ကူညီပေးတယ်။ ပြီးပြည့်စုံတဲ့ဓားတစ်လက်ကို ထုလုပ်မယ့်အစား ပြီးပြည့်စုံတဲ့ဓားသန္ဓေသားကို ထုလုပ်ပေးတယ်။ ပြီးရင် ဓားပိုင်ရှင်ကိုယ်တိုင်က ဓားအပေါ်မှာ ဓားအင်းကွက်တွေကို ထည့်သွင်းရတယ်။ ဒါပေမယ့် ပိုင်ရှင်က ပြဿနာမရှိရင် သူလည်းပဲ ဓားအင်းကွက်တွေကို ထည့်သွင်းပေးလို့ရတယ်။ ဓားအင်းကွက်တွေအပေါ်မှာ သူ့ရဲ့အောင်မြင်မှုတွေက မြင့်မားတယ်ဆိုပေမယ့် သူက ကိုယ်စားထည့်သွင်းပေးရမယ်ဆိုရင် အပိုပေးချေမှုတစ်ခုကို ပေးဆောင်ဖို့ လိုအပ်တယ်။ ထပ်ပြောရရင် ပိုင်ရှင်ကိုယ်တိုင်က ဓားအင်းကွက်တွေကို ကိုယ်တိုင်ထည့်သွင်းတာက အသင့်တော်ဆုံးပဲ။ အနည်းငယ်ကသာ သူ့ကို ကိုယ်စားထည့်သွင်းခိုင်းဖို့ ဆန္ဒရှိတယ်။
"ဒါဆိုလဲ ကျေးဇူးတင်ပါတယ်၊ ကြက်သွေးရောင်မီးဓားဘိုးဘေး"
နှစ်တစ်ထောင်က လျင်မြန်စွာ ကုန်ဆုံးသွားမှပါ၊ အခု လီဖူချန်းက နက်ပြာပလိန်းကို ချက်ချင်းပြန်ပြီး ကမ္ဘာသစ်သီးကို နားလည်ချင်ခဲ့တယ်။
သူ့ရဲ့မူလအဆုံးစွန်းဓားပညာက လုံလုံလောက်လောက်မြင့်မားရင် သူ့ရဲ့မူလအဆုံးစွန်းဓားအင်းကွက်က လုံလုံလောက်လောက် သန်မာလာလိမ့်မယ်။ ဓားသန္ဓေသားကို ထည့်သွင်းပြီးနောက် ဖြစ်ပေါ်လာတဲ့ဓားက မြင့်မားတဲ့အဆင့်တစ်ခုကို အလိုအလျောက် ရောက်ရှိပေလိမ့်မယ်။
ကြက်သွေးရောင်မီးဓားဘိုးဘေးကို နှုတ်ဆက်ပြီးနောက် လီဖူချန်းက ကြက်သွေးရောင်ဓားမြို့မှ ထွက်ခွာလာတော့တယ်။
……
အချိန်က သွားနေတယ်၊ ငါးနှစ်က လျှပ်တစ်ပျက်အတွင်း ကုန်ဆုံးသွားတယ်။
ရေနတ်ဘုရားအုတ်ဂူမှာဖြစ်ပျက်ခဲ့တဲ့အဖြစ်ဆိုးက အချိန်ကြာလာတဲ့အမျှ တည်ငြိမ်လာတယ်။
နက်ပြာပလိန်းပေါ်မှာ လီဖူချန်းက ကမ္ဘာသစ်သီးပေါ်မှာ ထိုင်ရင်း ကမ္ဘာဥပဒေသကို ငြိမ်သက်စွာနားလည်နေတယ်။
သိပ်သည်းတဲ့ဓားတာအိုဥပဒေသစွမ်းအားက ကမ္ဘာသစ်သီးမှ စ်မ့်ထွက်လာပြီး လီဖူချန်းရဲ့ချီတည်ရှိမှုထဲသို့ ပေါင်းစပ်သွားတယ်။
အခြားတစ်ဖက်မှာ ထာဝရတာအိုဥပဒေသစွမ်းအားက ကမ္ဘာသစ်သီးမှ စိမ့်ထွက်လာပြီး မသေမျိုးအရှင်ရဲ့ချီတည်ရှိမှုထဲသို့ ပေါင်းစပ်သွားပေမယ့် ဓားတာအိုဥပဒေသစွမ်းအားနဲ့ နှိုင်းယှဉ်ရင် မသေမျိုးအရှင်ရဲ့ထာဝရတာအိုဥပဒေသက ပါးလွန်းတယ်။
"တာအိုက တစ်ကို မွေးဖွားတယ်၊ တစ်က နှစ်ကို မွေးဖွားတယ်၊ နှစ်က သုံးကို မွေးဖွားတယ်၊ သုံးက အရာအားလုံးကို မွေးဖွားတယ်၊ အလားတူစွာ ဓားက တစ်ကို မွေးဖွားတယ်၊ တစ်က နှစ်ကို မွေးဖွားတယ်၊ နှစ်က သုံးကို မွေးဖွားတယ်၊ သုံးက အရာအားလုံးကို မွေးဖွားတယ်"
လီဖူချန်းရဲ့နားလည်မှုက ပိုနက်ရှိင်းလာပြီး ကမ္ဘာသစ်သီးက အနည်းငယ် တုန်ခါလာတယ်၊ သိပ်သည်းတဲ့ဓားတာအိုဥဒေသစွမ်းအားက အကောင်အထည်ဖြစ်တည်လာပြီး လီဖူချန်းပတ်ည်မှာ ဝန်းရံလိုက်တယ်။
"ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့ထိုးထွင်းသိမြင်မှုလဲ"
မသေမျိုးအရှင်က နားလည်ခြင်းအခြေအနေမှ နိုးထလာပြီး လီဖူချန်းက ထိတ်လန့်တုန်လှုပ်စွာ ကြည့်လိုက်တယ်။
လီဖူချန်းနဲ့ နှိုင်းယှဉ်ရင် သူ့ရဲ့ထိုးထွင်းသိမြင်မှုက အဆတစ်သောင်းပိုဆိုးတယ်။
ရုတ်တရက် ပိုထိတ်လန့်တုန်လှုပ်ဖွယ်ရာအမူအရာတစ်ခုက မသေမျိုးအရှင်ရဲ့မျက်နှာကို ဖြတ်သန်းသွားတယ်။ လီဖူချန်းရဲ့ခန္ဓာကိုယ်က တဖြည်းဖြည်း ပုံရိပ်ယောင်ဖြစ်လာပြီး ကမ္ဘာသစ်သီးထဲသို့ နစ်မြုပ်သွားတယ်။
"ဘာဖြစ်နေတာလဲ"
မသေမျိုးအရှင်က တကယ်တော့ ငယ်ရွယ်ပါသေးတယ်၊ သူက ကမ္ဘာသစ်သီးနဲ့ပတ်သက်ပြီး အများကြီးမသိဘူး၊ ဘာဖြစ်နေလဲဆိုတာ သူ နားမလည်ဘူး။
"မူလအဆုံးစွန်းအရှင်ကို ကမ္ဘာသစ်သီးက အသိအမှတ်ပြုလိုက်တာများလား"
မသေမျိုးအရှင်က ခန့်မှန်းလိုက်တယ်။
မသေမျိုးအရှင်ရဲ့ခန့်မှန်းမှုက မှန်ကန်တယ်။ လီဖူချန်းကို ကမ္ဘာသစ်သီးက တကယ်အသိအမှတ်ပြုခဲ့တာပဲ။ ကမ္ဘာသစ်သီးကို ဝင်ရောက်ပြီးနောက် လီဖူချန်းက ကမ္ဘာအသစ်တစ်ခုကို ရှာတွေ့ခဲ့တယ်။ ဒါက ဖရိုဖရဲအတွင်းဖွဲ့စည်းပုံစနစ်နဲ့ပြည့်နေတဲ့ကမ္ဘာတစ်ခုပဲ။ ဒါက တည်ဆောက်တော့မယ့်ကမ္ဘာတစ်ခုပါပဲ။ ဒီလိုဖြစ်စဉ်မျိုးကို ပလိန်းတစ်ခုမွေးဖွားတဲ့အချိန်အတောအတွင်းမှာပဲ တွေ့နိုင်တယ်။
ပလိန်းနဲ့နှိုင်းယှဉ်ရင် အခြားလျှို့ဝှက်ပိုင်နက်တွေ၊ တစ်မူထူးခြားတဲ့နေရာတွေက တကယ်တော့ ပြီးပြည့်စုံတဲ့ကမ္ဘာတွေလို့ မဆိုနိုင်ပါဘူး။ သူတို့ကို ဥပဒေသတွေရှိတဲ့နေရာတွေလို့သာ ဆိုနိုင်တယ်။
ပလိန်းတွေကို ပလိန်းကမ္ဘာတွေလို့လည်း အသိများပြီး သူတို့က လောကရဲ့ရင်းမြစ်တွေဖြစ်ကြတယ်။
အရင်က လီဖူချန်းက ကမ္ဘာကို အပြင်ဘက်က ကြည့်တယ်၊ အခု သူက ကမ္ဘာကို အတွင်းဘက်က ကြည့်နေတယ်။ လေ့လာခြင်းရှုထောင့်ဒါမှမဟုတ်လေ့လာခြင်းနက်ရှိုင်းမှုဖြစ်စေ နှစ်ခုလုံးက တခြားစီဖြစ်တယ်။
"ဒါက ကမ္ဘာသစ်သီးဆိုတာ အံ့ဩစရာမရှိဘူးပဲ၊ ဒီလိုရှင်းလင်းတဲ့ဥပဒေသစွမ်းအား"
လီဖူချန်းက အက္ခရာတွေကို ဖြစ်ပေါ်စေတဲ့အမျှင်တန်းတွေကို မြင်လိုက်ရတယ်။ သူတို့က ကောင်းကင်မြေကြီးအက္ခရာတွေပဲ၊ ကမ္ဘာရဲ့ဆန်းကြယ်မှုနဲ့စစ်မှန်တဲ့အနှစ်သာရပါဝင်တဲ့ကမ္ဘာအက္ခရာတွေပဲ။
မကြာမီမှာပဲ လီဖူချန်းက ဓားတာအိုအမျှင်တန်းနဲ့ဓားတာအိုအက္ခရာတွေကို တွေ့လိုက်တယ်။
"ဒီနေရာမှာ ဓားတာအိုကို နားလည်စေမယ်ဆိုရင် မြန်နှုန်းက အပြင်ထက် အဆါဇင်ကျော် အနည်းဆုံးပိုမြန်တယ်"
လီဖူချန်းက ဉာဏ်အလင်းရသွားတယ်။
နောက်နှစ်တစ်ရာကြာပြီးနောက် ကြောက်စရာကောင်းတဲ့တည်ရှိမှုတစ်ခုက လီဖူချန်းမှ ထွက်လာတယ်။
အပြင်ကမ္ဘာမှာ အရှင်သတ်မှတ်ချက်စာရင်းက ထွက်ပေါ်လာပြီး လီဖူချန်းက အဆင့်၉၉မှ အဆင့်၁၂အထိ ရုတ်တရက် တက်သွားတယ်။
ဓားပညာချိုးဖြတ်တာပဲဒါမှမဟုတ်ဓားနည်းစနစ်ချိုးဖြတ်တာပဲဖြစ်ဖြစ်၊ အဲဒါက ချီတည်ရှိမှုကို အကြီးအကျယ်တိုးမြင့်စေတယ်။ တကယ်တော့ ဓားပညာဒါမှမဟုတ်ဓားနည်းစနစ်ပဲဖြစ်ဖြစ် အဲဒါက ဓားတာအိုအရင်းမြစ်စွမ်းအားနဲ့ဓားတာအိုအရင်းမြစ်အဆီအနှစ်နဲ့ ချိတ်ဆက်နိုင်လာကာ ခန္ဓာကိုယ်ရဲ့သွေးမျိုးဆက်ကို ပိုသန်မာလာစေတယ်။
"ထပ်ချိုးဖြတ်ပြန်ပြီးလား"
မသေမျိုးအရှင်က ဘာပြောရမှန်းတောင် မသိတော့ဘူး။
ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်မှာ သူက ပါရမီရှင်တစ်ယောက်လို့ လူတိုင်းက ပြောကြပေမယ့် လီဖူချန်းနဲ့ နှိုင်းယှဉ်ရင် သူက သာမညောင်ညတောင် မဟုတ်ဘူး။
"အဆင့်၁၂လား"
ကန့်လန့်ဖြတ်မြစ်မြို့မှာ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးရဲ့မျက်လုံးတွေက အလင်းတွေ ပေါက်ကွဲထွက်လာတယ်။
"ဒီကလေးကို ရန်စလို့မရဘူး"
သူက မွန်းကျပ်စွာ အသက်ရှုထုတ်လိုက်တယ်၊ ကန့်လန့်ဖြတ်မြစ်ဘိုးဘေးရဲ့မျက်လုံးတွေထဲရှိအလင်းတွေက ပျောက်ကွယ်သွားပြီး ပြင်းထန်တဲ့ကြောက်ရွံ့မှုသာ ကျန်တော့တယ်။
သူနဲ့လီဖူချန်းက ရန်ငြိုးရန်စတွေတော့ မရှိဘူး၊ ရင်းနှီးမှုအချို့ရှိပေမယ့် သူတို့က တူညီတဲ့ကြယ်ပိုင်နက်ထဲမှာ ရှိတာလေ၊ နှစ်ယောက်လုံးရဲ့သက်တမ်းက ထာဝရအဆုံးမဲ့တယ်၊ အနာဂတ်မှာ ဘာဖြစ်လာမလဲ တစ်ယောက်မှ မသိနိုင်ဘူး။
"ကြည့်ရတာ ငါက နှစ်ပေါင်းများစွာ သက်သောင့်သက်သာရှိလာခဲ့တာပဲ။ စကားပုံတစ်ခုရှိတယ်' တစ်ယောက်ယောက်က ဒုက္ခနဲ့ မွေးဖွားလာပြီး ငြိမ်းချမ်းစွာ သေဆုံးတယ်'"
ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက စိတ်ထဲမှာ စွန့်စားခရီးထွက်ဖို့ ဆုံးဖြတ်ချက်ချထားတယ်။ သူ့ခွန်အားအရ ပုံမှန်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်နဲ့ရင်ဆိုင်ရရင်တောင် သူက တိုက်ခိုက်နိုင်ပါသေးတယ်။ သူ့အနေနဲ့ သတိကြီးလွန်းပြီး အများကြီးစဉ်းစားစရာမလိုပါဘူး။
ဒီနေ့မှာတော့ မူလအဆုံးစွန်းဓားအရှင်ရဲ့နာမည်က စကြာဝဠာရဲ့နေရာတိုင်းမှာ ပျံ့နှံ့နေတော့တယ်။ လီဖူချန်းကို မျက်လုံးထဲမထည့်တဲ့အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်အချို့ကလည်း ဒီနာမည်ကို စတင်အာရုံစိုက်လာကြတယ်။
"စကြာဝဠာကလေးတွေကြားမှာ မူလအဆုံးစွန်းအရှင်က သေချာပေါက် မွန်းစတာတစ်ကောင်ပဲ"
ဓားသမားအစည်းအရုံးမှာ အရှင်အားလုံးက ထိတ်လန့်တုန်လှုပ်နေကြတယ်။
"ဒါ နှောင်းပိုင်းအခြေအနေကြယ်ပိုင်နက်အဆင့်မူလအဆုံးစွန်းဓားပညာလား"
အတိတ်မှာ လီဖူချန်းရဲ့ဓားပညာက ဓားတာအိုရင်းမြစ်အဆီအနှစ်အနည်းငယ်ကိုသာ ဆွဲထုတ်နိုင်တယ်။ အခု ကြီးမားတဲ့ဓားတာအိုရင်းမြစ်အဆီအနှစ်ပမာဏကို ဆွဲထုတ်နိုင်တယ်။ ဒါ့ပြင် အချိန်တိုင်းမှာ ဓားတာအိုအရင်းမြစ်အဆီအနှစ်အားလုံးက လီဖူချန်းရဲ့ခန္ဓာကိုယ်နဲ့ပေါင်းစပ်လာပြီး သူ့ရဲ့သွေးမျိုးဆက်ကို ပိုသန်မာလာစေတယ်။
"အစွန်းအလင်းမိခင်ကျောက်တုံးမှာ အချိန်ရင်းမြစ်အဆီအနှစ်ပါဝင်တယ်။ ငါ့ရဲ့ဓားပညာက ကြယ်ပိုင်နက်အဆင့်အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိရင် သေချာပေါက်ညစကြာဝဠာရတတစ်ခုဖြစ်လာလိမ့်မယ်"
ရုတ်တရက် ထူးဆန်းတဲ့အတွေးတစ်ခုက လီဖူချန်းရဲ့စိတ်ထဲမှာ လင်းလက်သွားတယ်။