← Chapters

ဓားသန္ဓေသား

Vol. 72 Ch. 1007

ဓားသန္ဓေသား

Vol. 72 Ch. 1007

နှစ်ခြောက်ရာအတွင်းမှာ မူလအဆုံးစွန်းဓားပညာက အလယ်အခြေအနေကြယ်ပိုင်နက်အဆင့်မှ နှောင်းပိုင်းအခြေအနေကြယ်ပိုင်နက်အဆင့်ကို တိုးမြှင့်လာတာပဲ။ ဒါက လီဖူချန်းမျှော်မှန်းထားတာကို ကျော်လွန်သွားပါပြီ။ နှစ်တစ်ထောင်အတွင်းမှာတောင် ချိုးဖြတ်ဖို့ခက်ခဲမယ်လို့ သူက တွေးထားတာလေ။

"ကမ္ဘာသစ်သီးက ၎င်းရဲ့ဂုဏ်သတင်းနဲ့ ထိုက်တန်တယ်။ ဒါပေမယ့် ကမ္ဘာသစ်သီးထဲမှာ ဝင်ရောက်မကျင့်ကြံခင် တစ်ယောက်ယောက်က ကမ္ဘာသစ်သီးရဲ့အသိအမှတ်ပြုခြင်းကို အရင်ရယူရမယ်ဆိုတာကို လူအနည်းငယ်ကပဲ သိလောက်မယ်။ ဒါက ကမ္ဘာသစ်သီးအပြင်ဘက်ကနေ နားလည်ခြင်းထက် အဆတစ်ရာပို‌ကောင်းတယ်"

ကမ္ဘာသစ်သီးက ရှားပါးလွန်းတယ်၊ ကမ္ဘာသစ်ရွက်ထက်တောင် ပိုရှားပါးတယ်။ လုံလုံလောက်လောက်ထိုးထွင်းသိမြင်မှုမရှိရင် နားလည်ဖို့အတွက် အချိန်ကို အသုံးပြုရလိမ့်မယ်။ ဥပမာအားဖြင့် တစ်ယောက်ယောက်က ကမ္ဘာသစ်သီးကို နှစ်တစ်ထောင်မှမဟုတ်နှစ်သန်းတစ်ရာကြာ နားလည်စေရင် ကမ္ဘာသစ်သီးရဲ့အသိအမှတ်ပြုမှုကို ရရှိပါလိမ့်မယ်။ ဒါပေမယ့် တစ်ယောက်ယောက်က ကမ္ဘာသစ်သီးရဲ့အသိအမှတ်ပြုမှုကို လုံးဝမရရှိနိုင်တာလဲ ရှိနိုင်ပါတယ်၊ ဒါဆိုရင် ၎င်းကို အပြင်ကနေပဲ နားလည်နိုင်ပါတယ်"

စကြာဝဠာမှာ ကံကြမ္မာအခွင့်အလမ်းတွေအပြင် မင်းမှာ စွမ်းရည်လည်း ရှိရပါမယ်၊ သို့မဟုတ်ရင် မင်းက အခွင့်အရေးတွေကို ဆုပ်ကိုင်နိုင်လိမ့်မှာမဟုတ်ဘူး။

"ကြက်‌သွေးရောင်မီးဓားဘိုးဘေးရဲ့နှစ်တစ်ထောင်ကတိပြည့်ဖို့ နှစ်လေးရာကျန်သေးတယ်၊ ငါ ဒါကို ဖြုန်းတီးလို့မရဘူး"

လီဖူချန်းက နေရာလပ်-အချိန်ဥပဒေသကို စတင်နားလည်စေခဲ့တယ်။

အနှစ်နှစ်ဆယ်မြောက်မှာ လီဖူချန်းရဲ့နေရာလပ်-အချိန်တာအိုက အလယ်အခြေအနေမြို့အရှင်အဆင့်ရဲ့အလယ်အခြေအနေကို ရောက်ရှိလာတယ်။

နောက်နှစ်ငါးဆယ်မှာ အဲဒါက မြို့အရှင်အဆင့်ရဲ့နှောင်းပိုင်းအခြေအနေကို ရောက်ရှိလာတယ်။

နှစ်တစ်ရာ့နှစ်ဆယ်မှာ မြို့အရှင်အဆင့်ရဲ့အလုံးစုံတတ်သိနားလည်ခြင်းအခြေအနေကို ရောက်ရှိလာတယ်။

နှစ်၃၈၀မှာ လီဖူချန်းရဲ့နေရာလပ်-အချိန်တာအိုက မူလအဆုံးစွန်းဓားပညာလို ကြယ်ပိုင်နက်အဆင့်ကို ရောက်ရှိလာတယ်၊ ဒါပေမယ့် ၎င်းက ကြယ်ပိုင်နက်အဆင့်ရဲ့စဦးအခြေအနေမှာပဲ ရှိတယ်။

"နေရာလပ်နဲ့အချိန် အရှိန်မြှင့်တင်စမ်း"

လီဖူချန်းက လက်ကို ဝှေ့ယမ်းလိုက်တယ်၊ နေရာလပ်-အချိန်အားတစ်ခုက သူ့ကို ဝန်းရံသွားတယ်။

နှစ်ဆ။

သုံးဆ။

နေရာလပ်-အချိန်တာအိုက ကြယ်ပိုင်နက်အဆင့်ကို ရောက်ရှိပြီးနောက် လီဖူချန်းက သူတည်ရှိရာနေရာလပ်-အချိန်ကို အရှိန်မြှင့်တင်နိုင်တယ်။

ဒါက သုံးဆသာဆိုပေမယ့် ဘာမှမရှိတာထက်ပိုကောင်းတယ်။

လီဖူချန်းက ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဆိုတာကို သိရမယ်၊ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရှိ‌တဲ့‌နေရာရဲ့နေရာလပ်-အချိန်ကို အရှိန်မြှင့်တင်နိုင်တာက ကြီးကျယ်တဲ့အရာတစ်ခုပဲ။

ဒါပေမယ့် ဒါက လီဖူချန်းအနေနဲ့ အခြားပြိုင်ဘက်ကင်းအရှင်တွေအတွက် နေရာလပ်-အချိန်ကို အရှိန်မြှင့်တင်ပေးနိုင်တယ်လို့တော့ မဆိုလိုဘူး။

ပထမ၊ သူက မခုခံတာကြောင့်  လီဖူချန်းက သူ့ကိုယ်သူ အရှိန်မြှင့်တင်ပေးတယ်၊ အခြားပြိုင်ဘက်ကင်းအရှင်တွေက ခုခံပါလိမ့်မယ်။

ဒုတိယ၊ အခြားပြိုင်ဘက်ကင်းအရှင်တွေက မခုခံရင်တောင် ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို နေရာလပ်-အချိန်အရှိန်မြှင့်တင်ပေးဖို့က မဖြစ်နိုင်ဘူး၊ လီဖူချန်းရဲ့နေရာလပ်-အချိန်တာအိုက ပိုမြင့်မားတဲ့အဆင့်တစ်ခုကို ရောက်ရှိမနေရင်ပေါ့။

ကမ္ဘာသစ်သီးမှ လီဖူချန်းက မသေမျိုးအရှင်ကို ပြောလိုက်တယ်"မခုခံနဲ့၊ ငါ မင်းရှိနေတဲ့နေရာလပ်-အချိန်ကို အရှိန်မြှင့်တင်ပေးမယ်"

ပြောရင်း လီဖူချန်းကို နေရာလပ်-အချိန်စွမ်းအားတစ်ခုကို ထုတ်လွှတ်ကာ မသေမျိုးအရှင်ကို ဖုံးအုပ်လိုက်တယ်။

ငါးဆ။

ဆယ်ဆ။

အဆနှစ်ဆယ်။

မသေမျိုးအရှင်ကိစ္စမှာ လီဖူချန်းရဲ့အကန့်အသတ်က အဆနှစ်ဆယ်အထိဖြစ်တယ်။

တကယ်တော့ လီဖူချန်းရဲ့နေရာလပ်-အချိန်တာအိုက မသေမျိုးအရှင်နဲ့အတူတူပဲလေ။ သူတို့အားလုံးက သာမှန်အရှင်အဆင့်မှာ ရှိကြတယ်။

"မင်းရဲ့နေရာလပ်-အချိန်တာအိုက......"

မသေမျိုးအရှင်က အံ့အားသင့်သွားတယ်။

နေရာလပ်-အချိန်အရှိန်မြှင့်တင်ခြင်းအဆနှစ်ဆယ်ကတော့ ၎င်းရဲ့သက်ရောက်မှုက အဆနှစ်ဆယ်ရှိတယ်လို့ ဆိုလိုတယ်။ အပြင်ကမ္ဘာမှာ နှစ်တစ်သောင်းဆိုရင် သူက နှစ်နှစ်သိန်းကြာ နားလည်နေတာပဲ။

မသေမျိုးအရှင်အတွက် မြန်နှုန်းကို အဆနှစ်ဆယ်သာ တိုးနိုင်ပေမယ့် သမန်းဝံပုလွေလူဝင်စားအတွက်ကတော့ အဆနှစ်ရာအထိ မြှင့်တင်နိုင်တယ်။

ကြယ်ပိုင်နက်အဆင့်ကောင်းကင်ဘုံအရှင်နဲ့မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေကြား ခြားနားချက်က ဒိီအချက်ကနေ မြင်နိုင်တယ်။

"အဆနှစ်ရာနေရာလပ်-အချိန်အရှိန်မြှင့်တင်ခြင်းက သမန်းဝံပုလွေလီဖူချန်းကို နှစ်တစ်ထောင်အတွင်း အရှင်တစ်‌ယောက်ဖြစ်လာစေဖို့ လုံလောက်တယ်"

နှစ်တစ်ထောင်ကို အဆနှစ်ရာအရှိန်မြှင့်တင်ခြင်းရင် နှစ်နှစ်သိန်းဖြစ်လာလိမ့်မယ်။ ဒါတောင် သမန်းဝံပုလွေလီဖူချန်းက အရှင်တစ်ယောက်မဖြစ်လာသေးရင် သူဘာပြောရမှန်း လီဖူချန်းက မသိပါဘူး။

လီဖူချန်းက အခြားသူတွေကိုတော့ နေရာလပ်-အချိန်အရှိန်မြှင့်တင်ခြင်းမပြုလုပ်ခဲ့ပါဘူး။ ရန်ချင်းဟူဆိုရင်တောင် သူမရဲ့သက်တမ်းက နှစ်သန်းအနည်းငယ်ပဲရှိတာလေ။ သူက သူမကို သူ့ရဲ့ခွန်အားအပြည့်နဲ့ အရှိန်မြှင့်တင်ပေးရင် အဆတစ်ထောင်ပတ်လည်ရှိလာပေလိမ့်မယ်။ ဒီလိုဆိုရင် အပြင်ကမ္ဘာမှာ နှစ်တစ်ထောင်က သူမအတွက်ညနှစ်တစ်သန်းဒါမှမဟုတ်နှစ်သန်းအနည်းငယ်နဲ့ ညီမျှလိမ့်မယ်။

သူမက ကောင်းကင်ဘုံအရှင်တစ်ယောက်ဖြစ်လာပြီးမှ မြှင့်တင်ပေးလည်း မနောက်ကျပါဘူး။

"ဓားသွားယူဖို့ အချိန်ပဲ"

လီဖူချန်းက မူလအဆုံးစွန်းဓားသန္ဓေသား‌က ဘယ်လိုလဲဆိုတာ သိချင်စိတ်ပြင်းပျနေတော့တယ်။

……

ကြက်သွေးရောင်ဓားမြို့၊ ကြက်သွေးရောင်ဓားအိမ်တော်။

ကြက်သွေးရောင်မီးဓားဘိုဘေးက အခုထိ မထွက်လာသေးပါဘူး။ သူက ဓားထုလုပ်ခြင်းခန်းမမှာ ရှိနေတာ နှစ်ပေါင်း၉၈၀ကျော်ပြီ။ ဒိီနှစ်၉၈၀ကျော်အတွင်း ဓားထုလုပ်ခြင်းခန်းမရဲ့ကြက်သွေးရောင်အလင်းတန်းထုတ်လွှတ်နေတာ ဘယ်တော့မှ မရပ်တန့်ခဲ့ဘူး။

"အရာအားလုံးမှာ တစ်မူထူးခြားတဲ့စွမ်းအားရှိတယ်၊ အံ့ဖွယ်နတ်သတ္တုတွေလည်း အတူတူပါပဲ။ စကြာဝဠာရဲ့ထိပ်ဆုံးအံ့ဖွယ်နတ်သတ္တုဆယ်ခုထဲကတစ်ခုအနေနဲ့ ရှေးဦးမူလကြေးနီအဆီအနှစ်အတွင်းရှိစွမ်းအားကို ကိုင်တွယ်ရတာ မလွယ်ကူပါဘူး။ အကိုင်အတွယ်မတတ်ရင် ရှေးဦးမူလကြေးနီအဆီအနှစ်ရဲ့စွမ်းအားအဆီအနှစ်ကို အလွယ်တကူထိခိုက်စေလိမ့်မယ်"

ဓားသန္ဓေသားထုလုပ်တာက ဓားပုံသဏ္ဍာန်ထုလုပ်သလို မဟုတ်ဘူး။ ဓားပုံသဏ္ဍာန်ထုလုပ်တာလောက်ကတော့ လီဖူချန်းကိုယ်တိုင်လည်း ပြုလုပ်နိုင်ပါတယ်။

လီဖူချန်းက အကြာကြီးမစောင့်ရပါဘူး။ နောက်သုံးနှစ်ကြာပြီးနောက် ကြက်သွေးရောင်မီးဓားဘိုးဘေးက ထွက်လာတယ်။

"ဟားဟား၊ ကံကောင်းစွာနဲ့ ငါ မင်းကို စိတ်မပျက်စေခဲ့ဘူး။ မင်းရဲ့ဓားသန္ဓေသားက အသင့်ဖြစ်နေပြီ"

ကြက်သွေးရောင်မီးဓားဘိုးဘေးက ကြက်သွေးရောင်ဓားသန္ဓေသားကို လီဖူချန်းဆီ ပစ်ပေးလိုက်တယ်။

"ဒါ လေးလွန်းတယ်"

ဓားသန္ဓေသားကို လက်ခံပြီးနောက် သူ့လက်က လေးလံလာတာကို လီဖူချန်းက ခံစားမိတယ်။

ဒါက ဓားသန္ဓေသားတစ်ခုမဟုတ်ဘဲ ကြယ်တစ်ရာလိုမျိုးပဲ။

လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက ဓားသန္ဓေသားလောင်းထဲကို ဝင်ရောက်သွားပြီး သူက အတွင်းရှိဓား‌သန္ဓေသားရဲ့စွမ်းအားရင်းမြစ်ကို တွေ့လိုက်တယ်။

"ဒါက ပြင်းထန်တဲ့စွမ်းအားရင်းမြစ်တစ်ခုပဲ၊ ဒါ့ပြင် ဒါက  စွမ်းပကားတစ်ခုမှမရှိတဲ့ရှေးဦးမူလဖရိုဖရဲစွမ်းအားရင်းမြစ်တစ်ခုပဲ"

စွမ်းအားရင်းမြစ်ရဲ့ခွန်အားအရ ဓားသန္ဓေသားက အရှင်တစ်ယောက်ထက် မနိမ့်ကျပါဘူး၊ ပြီးတော့ ဒါက ရှေးဦးမူလဖရိုဖရဲတာအိုကို ကျွမ်းကျင်တဲ့အရှင်တစ်ယောက်ပဲ။

ကြက်သွေးရောင်မီးဓားဘိုးဘေးက ပြောလိုက်တယ်"ရှေးဦးမူလဖရိုဖရဲစွမ်းအားက ဘယ်လိုစွမ်းအားပုံစံမျိုးကိုမဆို ကူးပြောင်းနိုင်တယ်။ ဒါက ဘာကြောင့် ရှေးဦးမူလဖရိုဖရဲကြေးနီအဆီအနှစ်က ထိပ်ဆုံးအံ့ဖွယ်နတ်သတ္တုဆယ်ခုထဲကတစ်ခုဖြစ်ရတဲ့ အကြောင်းပြချက်ပဲ။ ထပ်ပြောရရင် မင်းက ရှေးဦးမူလဖရိုဖရဲကြေးနီအဆီအနှစ်ကို အလုံအလောက်ပေးထားတာကြောင့် စွမ်းအားရင်းမြစ်က လုံလုံလောက်လောက်တောင့်တင်းခိုင်မာတယ်။ ဓားအင်းကွက်ကို မထည့်သွင်းရင်တောင် အဆင့်၂ထူးကဲအဆင့်အန္တိမအဆင့်ဓားတစ်လက်ရဲ့စွမ်းအားရှိတယ်လို့ပြောတာ မလွန်ပါဘူး။ မင်းရဲ့ဓားအင်းကွက်က ဓားသန္ဓေသားရဲ့စွမ်းအားကို ဘယ်လောက်အတိုင်းအတာအထိ တိုးမြင့်စေနိုင်မလဲ ကြည့်ရအောင်"

ဓားသန္ဓေသားရဲ့စွမ်းအင်းရင်းမြစ်က အရှင်တစ်ယောက်ရဲ့စွမ်းအားနဲ့ ညီမျှပြီး ဓားအင်းကွက်က အရှင်တစ်ယောက်ရဲ့အဆုံးသတ်တိုက်ကွက်နဲ့ ညီမျှတယ်။

ပြောင်မြောက်တဲ့အဆုံးသတ်တိုက်ကွက်တစ်ခုက စွမ်းအားရဲ့တစ်ဆယ်ရာခိုင်နှုန်းကို အသုံးပြုကာ သေစေနိုင်စွမ်းကို ဆယ်ဆဒါမှမဟုတ်အဆတစ်ရာနဲ့ ပေါက်ကွဲထွက်စေတယ်။

အလားတူစွာပင်၊ ပြောင်မြောက်တဲ့ဓားအင်းကွက်တစ်ခုက ဓားရဲ့စွမ်းအားကို ဆယ်ဆဒါမှမဟုတ်အဆတစ်ရာအထိ တိုးမြင့်စေနိုင်တယ်။

"ကျေးဇူးတင်ပါတယ်၊ ကြက်သွေးရောင်မီးဓားဘိုးဘေး"

လီဖူချန်းက မူလအဆုံးစွန်းဓားသန္ဒေကို အလွန်ကျေနပ်အားရကာ ကြက်သွေးရောင်မီးဓားဘိုးဘေးကို ထပ်မံ‌ကျေးဇူးတင်လိုက်တယ်။

ကြက်သွေးရောင်မီးဓားဘိုးဘေးက ပြောလိုက်တယ်"နှစ်တစ်ထောင်အောက်နဲ့ မင်းက အရှင်သတ်မှတ်ချက်ရဲ့၉၉မှ၁၂အထိ တိုးမြင့်လာတာပဲ။ မင်းကသာ ဒီဓားသန္ဒေလောင်းနဲ့ ထိုက်တန်တယ်"

အခု လီဖူချန်းက ဓားသမားအစည်းအရုံးရဲ့အမှတ်သင်္ကေတတွေထဲကတစ်ခုဖြစ်လာပြီ‌လေ။ လီဖူချန်းရဲ့ကမ္ဘာသစ်သီးကို လောဘတက်နေတဲ့ ပြိုင်ဘက်ကင်းအရှင်တွေအများကြီးရှိတယ်လို့ ကြက်သွေးရောင်မီးဓားဘိုးဘေးက ကြားခဲ့ပြီးပြီ။ အခုဆိုရင် ဒီလူတွေက လီဖူချန်းကို ရန်စရဲတော့မှာမဟုတ်ဘူး။ ဒါက ခွန်အားက ယူဆောင်လာတဲ့အခွင့်အလမ်းတစ်ခုဖြစ်တယ်။

"ကြက်သွေးရောင်မီးဓားဘိုးဘေးက ချီးကျူးလွန်းနေပါပြီ" လီဖူချန်းက ခေါင်းခါလိုက်တယ်။

ကြက်သွေးရောင်မီးဓားဘိုးဘေးက တစ်ခုခုကို ပြောချင်ပုံ‌ရပေမယ့် သူကချီတုံချတုံဖြစ်နေတယ်။ ဒါကို မြင်ပြီး လီဖူချန်းက ပြောလိုက်တယ်"ကြက်သွေးရောင်မီးဓားဘိုးဘေး၊ ပြောစရာတစ်ခုခုရှိလား"

အံကြိတ်ပြီးနောက် ကြက်သွေးရောင်မီးဓားဘိုးဘေးက ပြောလိုက်တယ်"မူလအဆုံးစွန်းအရှင်၊ ငါ မင်းကို အကူအညီတစ်ခုအတွက် မေးချင်တယ်၊ ဒီကိစ္စအောင်မြင်မအောင်မြင်မြင် ကိစ္စမရှိဘူး၊ ငါ မင်းကို အကြီးအကဲအမှတ်သုံးသန်းပေးမယ်" နှစ်ပေါင်းမရေမတွက်များစွာ ကြက်သွေးရောင်မီးဓားဘိုးဘေးစုဆောင်းထားတဲ့အကြီးအကဲအမှတ်တွေက အများကြီးရှိနေပြီလေ။

လီဖူချန်းက ပြောလိုက်တယ်"ကျေးဇူးပြုပြီး ပြောပါ"

"ငါ မူလအဆုံးစွန်းအရှင်ကို ရှေးကျောက်တုံးကြယ်ပိုင်နက်ရဲ့တားမြစ်ကျောက်တုံးလိုဏ်ဂူထဲကို သွားစေချင်တယ်။ ငါ့ရဲ့မြေးမလေးကြည်ညိုလကောင်းကင်ဘုံအရှင်က တားမြစ်ကျောက်တုံးလိုဏ်ဂူရဲ့တားမြစ်ကျိန်စာထိမှန်ထားပြီး နှစ်တစ်ရာပြည့်တိုင်း သူမက ရူးသွပ်နေရတယ်။ ဒီတားမြစ်ကျိန်စာကို တားမြစ်ကျောက်လိုဏ်ဂူရဲ့တားမြစ်ကျောက်တုံးကပဲ ဖယ်ရှားပေးနိုင်တယ်၊ အခြားနည်းလမ်းမရှိဘူး"

လီဖူချန်းက သိလိုစိတ်နဲ့ မေးလိုက်တယ်"ဒီတားမြစ်ကျောက်တုံးလိုဏ်ဂူက အရမ်းအန္တရာယ်များလို့လား။ အခြားပြိုင်ဘက်ကင်းအရှင်တွေကရော မလုပ်နိုင်ဘူးလား" ကြက်သွေးရောင်မီးဓားဘိုးဘေးရဲ့ခွန်အားနဲ့အဆင့်အတန်းနဲ့ဆိုရင် ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို ဖိတ်ခေါ်ဖို့က လွယ်ကူသင့်ပါတယ်။

ကြက်သွေးရောင်မီးဓားဘိုးဘေးက ခေါင်းခါလိုက်တယ်"ငါ တားမြစ်ကျောက်တုံးလိုဏ်ဂူကို သွားခဲ့တယ်။ အထဲမှာ တားမြစ်ကျောက်တုံးမျောက်လို့ခေါ်တဲ့မွန်းစတားတစ်ကောင်ရှိတယ်။ ၎င်းက မဖျက်ဆီးနိုင်ရုံတင်မက အလွန်အမင်းအားကောင်းတယ်။ သူတို့အထဲကသုံးကောင်က ပြိုင်ဘက်ကင်းအရှင်တွေနဲ့ ယှဉ်ပြိုင်နိုင်တယ်။ ငါ့ရဲ့စွမ်းရည်အရ တစ်ကြိမ်မှာငါက တားမြစ်ကျောက်တုံးမျောက်ဆယ်ကောင်နဲ့ပဲ ယှဉ်ပြိုင်နိုင်တယ်၊ ဒါပေမယ့် အဲနေရာမှာ တားမြစ်ကျောက်တုံးမျောက်ရာကျော်ရှိတယ်။ အကြွင်းမဲ့ခွန်အားမရှိဘဲနဲ့ တားမြစ်ကျောက်တုံးကို ရှာဖို့က မဖြစ်နိုင်ဘူး"

သူက အရှင်သတ်မှတ်ချက်ရဲ့တစ်ရာအတွင်း ဝင်တယ်။ သူတောင် မလုပ်နိုင်မှတော့ လူအနည်းငယ်ကပဲ ဒါကို လုပ်နိုင်ပါလိမ့်မယ်။ လီဖူချန်းလို ထိပ်ဆုံးဆယ်ယောက်ထဲဝင်တဲ့ပြိုင်ဘက်ကင်းအရှင်ကသာ မျှော်လင့်ချက်အချို့ ရှိနိုင်တယ်။

"ကောင်းပြီလေ၊ ဓားသန္ဓေသားထဲကို ဓားအင်းကွထည့်သွင်းပြီးရင် ငါ တားမြစ်ကျောက်တုံးလိုဏ်ဂူကို သွားဖို့ အခွင့်အရေးတစ်ခု ရှာ‌လိုက်မယ်" အကြီးအကဲအမှတ်သုံးသန်းက သူ့ကို အလွန်‌သွေးဆောင်ခဲ့တယ်။

ကြက်သွေးရောင်မီးဓားဘိုးဘေးက ပြောလိုက်တယ်"မူလအဆုံးစွန်းအရှင်မသိလို့၊ တားမြစ်ကျိန်စာက နှစ်တစ်ရာပြည့်တိုင်း တစ်ကြိမ်ဖြစ်ပေါ်ပြီး ကိုးဆယ့်ကိုးကြိမ်မြောက်ကျရင် သူမက မွန်းစတားတစ်ကောင်ဖြစ်သွားလိမ့်မယ်။ အခု ငါ့ရဲ့မြေးမလေးက နှစ်ဆယ့်ရှစ်ကြိမ်မြောက်ရှိနေပြီ"

သူက လီဖူချန်းကို သတိပေးလိုက်တယ်၊ သူမရဲ့မြေးမလေး မွန်းစတားတစ်ကောင်မဖြစ်ခင် နှစ်နှစ်ထောင်ပဲ ကျန်တော့တယ်၊ ဒါကြောင့် နှောင့်နှေးစေလို့မရဘူး။

ဒါပေမယ့် သူက အရာအားလုံးကို လီဖူချန်းအပေါ်မှာပဲ ပုံအပ်မထားပါဘူး။ လွန်ခဲ့တဲ့နှစ်ထောင်ကျော်က သူက ထိပ်ဆုံးငါးဆယ်ထဲဝင်ပြိုင်ဘက်ကင်းအရှင်နှစ်ယောက်ကို ဖိတ်ခေါ်ထားခဲ့တယ်၊ ဒါပေမယ့် အခုထိ ဘာသတင်းမှ မကြားရသေးဘူး။ ဒါကြောင့် သူက လီဖူချန်းကို ဖိတ်ခေါ်ဖို့ ဆုံးဖြတ်ခဲ့တာ။

"ငါ သိပြီ"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

နှစ်ခုနှစ်ထောင်က သူ့အတွက် လုံလောက်ပါတယ်။ ဓားအင်းကွက်ထည့်သွင်းခြင်းက ပုံမှန်အားဖြင့် အရမ်းမြန်ပါတယ်လေ။

All Chapters