← Chapters

အဆင့်၇ထူးကဲအဆင့်မူလအဆုံးစွန်းဓား

Vol. 72 Ch. 1008

အဆင့်၇ထူးကဲအဆင့်မူလအဆုံးစွန်းဓား

Vol. 72 Ch. 1008

နက်ပြာပလိန်း၊ စွန့်ပစ်တိုက်ကြီးတစ်ခုအပေါ်မှာ။

လီဖူချန်းက အာရုံစုစည်းကာ မူလအဆုံးစွန်းဓားအင်းကွက်တွေကို ဓားသန္ဓေသားထဲသို့ ထည့်သွင်းနေတယ်။

သာမန်ဓားသန္ဓေသားထဲသို့ ဓားအင်းကွက်ထည့်သွင်းခြင်းနဲ့စွမ်းအားရင်းမြစ်ရှိတဲ့ဓားသန္ဓေသားထဲသို့ ဓားအင်းကွက်ထည့်ခြင်းတို့က မတူညီတဲ့ကိစ္စနှစ်ရပ်ပါပဲ။

ဓားအင်းကွက်တွေကို သာမန်ဓားသန္ဓေသားထဲ ထည့်သွင်းခြင်းက အခြေခံအားဖြင့် အာရုံစိုက်စရာမလိုပါဘူး။

ဓားအင်းကွက်တွေကို စွမ်းအားရင်းမြစ်ရှိတဲ့ဓားသန္ဓေသားထဲသို့ ထည့်သွင်းနေစဉ်မှာ ဓားသန္ဓေသားရဲ့စွမ်းအားရင်းမြစ်ထိခိုက်မှုကို ရှောင်ရှားဖို့ လိုအပ်တယ်။

စိတ်ဝိညာဉ်စွမ်းအားရဲ့လေ့လာမှုအောက်မှာ ဓားသန္ဓေသားရဲ့အသေးစိတ်အားလုံးကို အကြိမ်မရေမတွက်များစွာ ပုံကြီးချဲ့ခဲ့တယ်။ အသေးစိတ်အင်းကွက်တွေရဲ့လမ်းညွှန်မှုအရ လီဖူချန်းက ဝင်ပေါက်ကို တွေ့ရှိခဲ့ပြီး မူလအဆုံးစွန်းဓားအင်းကွက်တွေကို ထည့်သွင်းခဲ့တယ်။

ဓားသန္ဓေသားရဲ့မျက်နှာပြင်မှာ ရိုးရှင်းရှေးကျတဲ့အင်းကွက်တွေ တွားသွားနေတာကို ပကတိမျက်စိနဲ့ မြင်နိုင်တယ်။ ဒီအင်းကွက်တွေက အလွန်အမင်းနက်နဲသိမ်မွေ့တယ်။

ဓားအင်းကွက်တွေကို ဖြည်းဖြည်းချင်း ထည့်သွင်းနေပြီး လီဖူချန်းက သတိမဲ့မရဲပါဘူး။ မူလအဆုံးစွန်းဓားအင်းကွက်တွေက ဓားသန္ဓေသားနဲ့ အပြည့်အဝပေါင်းစပ်နိုင်ပါစေလို့ သူက မျှော်လင့်ထားတယ်။

……

နက်ပြာပလိန်းအနီး ကြယ်တောင်တန်းတစ်ခုအပေါ်မှာ ပုံရိပ်နှစ်ခုက ရပ်နေတယ်။

"မင်ယွဲ့၊ ငါ နင့်ကို ဒီတစ်ကြိမ် ဒုက္ခပေးရတော့မယ်"

အသင်္ချေပန်းအမျိးသမီးက မျှော်လင့်ချက်တွေ အပြည့်ဖြစ်နေတယ်။

အတိတ်မှာ အသင်္ချေပန်းအမျိးသမီးက လူတွေကို မြင့်မြတ်ပြီးလွှမ်းမိုးတဲ့ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးတယ်။

ဒါပေမယ့် အကြွင်းမဲ့ခွန်အားနဲ့ ရင်ဆိုင်ရတဲ့အခါ မြင့်မြတ်တာက ပုံရိပ်ယောင်တစ်ခုမျှပဲဆိုတာ ကမ္ဘာကြီးက မသိပါလား။

သူမ ကျောက်မင်ယွဲ့ကို နက်ပြာပလိန်းဆီ ခေါ်လာတဲ့အကြောင်းကတော့ အသင်္ချေပန်းအမျိးသမီးက အလွန်ရိုးရှင်းတယ်၊ လီဖူချန်းက သူမကို ကမ္ဘာသစ်သီးကို နားလည်ဖို့ အခွင့်အလမ်းပေးမယ်လို့ မျှော်လင့်နေတယ်။

သူမက မြို့အရှင်ကောင်းကင်ဘုံအရှင်အဆင့်မှာပဲ တစ်နေတာ တော်တော်ကြာပါပြီ။ ကမ္ဘာသစ်သီးမရှိရင် သူမက စိတ်ရှည်သည်းခံစွာနဲ့ ဆက်လက်ကျင့်ကြံနေရဥိီးမှာပဲ။ ကြယ်ပိုင်နက်အဆင့်ကို တိုးမြှင့်ပြီး အရှင်တစ်ယောက်ဖြစ်လာဖို့ နှစ်တစ်သန်းအထိ လိုအပ်မယ်လို့ သူမက ခန့်မှန်းထားတယ်။

ဒါပေမာ့် ကမ္ဘာသစ်သီးနဲ့ဆိုရင် ဒီအချိန်ကို အဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင်အထိ ချုံ့နိုင်မှာပါ။

"မစိုးရိမ်ပါနဲ့၊ လီဖူချန်းက လူကောင်းတစ်ယောက်ပါ။ အရှင်မ ကမ္ဘာသစ်သီးကို နားလည်ခွင့်ရဖို့ ပြဿနာရှိမှာမဟုတ်ဘူး" ကျောက်မင်ယွဲ့က အခုဆိုရင် စိတ်ဝိညာဉ်ပေါင်းစပ်ခြင်းနယ်ပယ်ရဲ့အဆင့်၇မှာ ရှိနေပါပြီ။

အလင်းတန်းတစ်ခုအဖြစ်ပြောင်းသွားကာ ကျောက်မင်ယွဲ့က နက်ပြာပလိန်းဆီ ပျံသန်းသွားတော့တယ်။

……

"ဓားအင်းကွက်ထည့်သွင်းမှုက ပြီးမြောက်သွားပြီ"

ကြေးညိုရောင်ဓားသန္ဓေသားကို ရှေးကျတဲ့မူလအဆုံးစွန်းဓားအင်းကွက်တွေနဲ့ ဖုံးအုပ်ထားတယ်။ လီဖူချန်းက အသက်ကို ရှုသွင်းကာ မူလအဆုံးစွန်းဓားစွမ်းအားကို မူလအဆုံးစွန်းဓားထဲသို့ ထည့်သွင်းလိုက်တယ်။

"ယား....."

ဓားဟိန်းသံက နက်ပြာပလိန်းတစ်လျှောက် ပဲ့တင်ထပ်သွားပြီး ရှေးကျပြီးပြိုင်ဘက်ကင်းဓားတစ်လက်က နိုးထလာတယ်။

တစ်ချိန်တည်းမှာပဲ မဖျက်ဆီးနိုင်တဲ့ထက်ရှမှုတစ်ခုက ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်တစ်ခုလုံးကို ဖြတ်သန်းသွားပြီး ကြယ်ပိုင်နက်တွေကြားရှိဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာတယ်။

"အဆင့်၆လား အဆင့်၇လား"

လီဖူချန်းက လေ့လာနေတယ်။

ဓားအင်းကွက်ကို မထည့်သွင်းခင် မူလအဆုံးစွန်းဓားသန္ဓေသားက အဆင့်၂ထူးကဲအဆင့်ဓားတစ်လက်ဖြစ်နေပြီ။ မူလအဆုံးစွန်းဓားအင်းကွက်တွေကို ထည့်သွင်းပြီးနောက် တတိယနဲ့စတုတ္ထအဆင့်မြင့်တက်လာဖို့က ပြဿနာတစ်ခုမဟုတ်ဘူး။ တကယ်တော့ လက်ရှိလီဖူချန်းရဲ့မူလအဆုံးစွန်းဓားအင်းကွက်က ကြယ်ပိုင်နက်အဆင့်ရဲ့နှောင်းပိုင်းအခြေအနေမှာ ရှိပြီးသာပဲ။

"ဒီလိုကြောက်စရာကောင်းတဲ့ထက်ရှမှု"

ထက်ရှမှုက သူမရဲ့ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားတဲ့အခါ သူမရဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်က အေးစက်နေသလို အသင်္ချေပန်းအမျိးသမီးက ခံစားရတယ်။

လီဖူချန်းကသာ ဒီလှုပ်ရှားမှုကို ပြုလုပ်ခဲ့မှန်း သူမက မခန့်မှန်းဘဲသိတယ်။

"ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့လက်ထဲမှာ အဆင့်၁ထူးကဲအဆင့်အန္တိမအဆင့်ဓားတစ်လက်က အကြမ်းဖျင်းအားဖြင့် သေစေနိုင်စွမ်းအားကို တစ်ဆယ်ကနေနှစ်ဆယ်ရာခိုင်နှုန်း‌လောက်ထိ တိုးစေတယ်၊ အဆင့်၂က သုံးဆယ်ကနေလေးဆယ်ရာခိုင်နှုန်းထိ တိုးစေတယ်၊ အဆင့်၃က သေစေနိုင်စွမ်းအားကို နှစ်ဆတိုးစေတယ်၊ အဆင့်၄က သေစေနိုင်စွမ်းအားကို ဆယ်ဆတိုးစေတယ်၊ အဆင့်၅က သေစေနိုင်စွမ်းအားကို အဆတစ်ရာတိုးစေတယ်၊ အဆင့်၆က သေစေနိုင်စွမ်းအားကို အဆတိုးစေပြီး အဆတစ်ထောင်တိုးစေတယ်။ ငါ့ရဲ့အထွတ်အထိပ်အဆင့်ပြိုင်ဘက်ကင်းအရှင်ခွန်အားနဲ့ဆိုရင် သေစေနိုင်စွမ်းအားကို အဆဒါဇင်ကနေရာအထိ တိုးနိုင်လောက်မယ်"

ပြိုင်ဘက်ကင်းအရှင်တွေကြားမှာလည်း ခွန်အားခြားနားချက်ရှိတယ်။ အဆင့်၇ထူးကဲအဆင့်ဓားတစ်လက်က သာမန်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ရဲ့သေစေနိုင်စွမ်းအားကို အဆတစ်ထောင်အထိ တိုးစေနိုင်ပေမယ့် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်‌ယောက်ရဲ့သေစေနိုင်စွမ်းအားကိုတော့ အဆတစ်ထောင်အထိ မတိုးစေနိုင်ပါဘူး။ မူလအဆုံးစွန်းဓားရဲ့သေစေနိုင်စွမ်းအားဘယ်လောက်ရှိသလဲကိုတော့ ငါ အရင်ဆုံး စမ်းသပ်ရပါမယ်။

ထိုအချိန်မှာ လီဖူချန်းက ကျောက်မင်ယွဲ့နဲ့အသင်္ချေပန်းအမျိးသမီးတို့ရဲ့တည်ရှိမှုကို အာရုံခံမိခဲ့ကာ တစ်ဖက်လူရဲ့ရည်ရွယ်ချက်ကို ခန့်မှန်းမိပေမယ့် သူက အလျင်စလိုမဖြစ်ပါဘူး။ သူက မူလအဆုံးစွန်းဓားရဲ့စမ်းသပ်မှုပြီးဆုံးတဲ့အထိ စောင့်နေတယ်။

ပုံရိပ်တစ်ခုလက်သွားပြီး လီဖူချန်းက နက်ပြာပလိန်းရဲ့အပြင်ဘက်ကြယ်ကောင်းကင်သို့ ရောက်ရှိလာတယ်။

"ဖြောက်"

မူလအဆုံးစွန်းဓားကို ကိုင်ဆွဲလျက် လီဖူချန်းက ကြယ်ကောင်းကင်ကို ခုတိပိုင်းလိုက်တယ်။

ကြယ်ကောင်းကသ်က အနက်ရောင်ဝတ်ရုံတစ်ခုပမာ အလယ်ကနေ ပြတ်သွားတယ်။ ထိုအခိုက်မှာ စကြာစကြာဥပဒေသ၊ အချိန်နဲ့နေရာလပ်အားလုံးက အချည်းနှီးဖြစ်သွားတော့တယ်။

"ဒါက ‌သေစေနိုင်စွမ်းအားကို ၈၅ဆတိုးစေတာပဲ၊ ဒါက အများဆုံးအဆင့်၇ထူးကဲအဆင့်အန္တိမအဆင့်ဓားတစ်လက်နီးပါးပဲ"

လီဖူချန်းရဲ့မျက်နှာက ပျော်ရွှင်သွားရတယ်။

အတိတ်မှာ မူလအဆုံးစွန်းဓားပညာကို ထုတ်ဖော်ရတာ လွယ်ကူပြီးသားပါပဲ။ အခု မူလအဆုံးစွန်းဓားကို သုံးပြီး မူလအဆုံးစွန်းဓားပညာကို ထုတ်ဖော်ရတာ နတ်ဘုရားတွေရဲ့အကူအညီကို ရနေသလိုမျိုး စွမ်းအားထိုးတက်ခြင်းအရှိန်က အဆမရေအတွက်များစွာ ပိုမြန်လာတယ်။

ဒါက မူလအဆုံးစွန်းဓားက သူ့စွမ်းအားကို လမ်းညွှန်နေမှန်း လီဖူချန်းက သိတယ်၊ တကယ်တော့ မူလအဆုံးစွမ်းဓားကိုယ်တိုင်ကလည်း စွမ်းအားရင်းမြစ်တစ်ခုပဲလေ။

"အဆင့်၇ထူးကဲအဆင့်ဓားတစ်လက်ဖြစ်ဖို့ တကယ်ထိုက်တန်တယ်၊ ငါ့ခွန်အားက ဒီအဆင့်ထိ ရောက်ရှိပြီးသားတောင်မှ သေစေနိုင်စွမ်းအားကို ၈၅ဆ တိုးလာ‌စေသေးတယ်"

"ဒီဓားနဲ့ဆိုရင် သာမန်ပြိုင်ဘက်ကင်းအရှင်တွေကို ဓားတစ်ကွက်နဲ့ သတ်ဖြတ်ရတာက ရေသောက်ရသလို လွယ်ကူနေမှာပဲ"

ဟူး......

အသက်ကို ရှုထုတ်လျက် လီဖူချန်းရဲ့ပုံရိပ်က အသင်္ချေပန်းအမျိးသမီးရှိရာမှာ ထွက်ပေါ်လာတယ်။

"မူလအဆုံးစွန်းအရှင်ကို နှုတ်ဆက်ပါတယ်"

လီဖူချန်း ရုတ်တရက် ထွက်ပေါ်လာတာကို မြင်ပြီး အသင်္ချေပန်းအမျိးသမီးက ကမန်းကတန်း နှုတ်ဆက်လိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"မင်း ဒီလောက်ထိ ယဉ်ကျေးနေစရာမလိုပါဘူး၊ မင်း ဒီကိုလာတာ ကမ္ဘာသစ်သီးအတွက်ပဲမလား"

"သေချာတာပေါ့၊ ငါက ဘယ်လိုတန်ဖိုးမဆို ပေးချေဖို့ ဆန္ဒရှိပါတယ်"

လီဖူချန်းက ပြောလိုက်တယ်"အရှင်မကို ကမ္ဘာသစ်သီးကို နားလည်ခွင့်ပြုတာက ဘာပြဿနာမှ မရှိဘူး၊ ဒါပေမယ့် အရှင်မက နက်ပြာပလိန်းကို မဝင်နိုင်ဘူး၊ ငါကလဲ ကမ္ဘာသစ်သီးကို အပြင်ကမ္ဘာမှာ အချိန်အကြာကြီး မထွက်ပေါ်လာစေချင်ဘူး" ကမ္ဘာသစ်သီးက နက်ပြာပလိန်းပေါ်မှာဆိုရင် လီဖူချန်းမရှိရင်တောင် အန္တရာယ်ကင်းတယ်၊ တစ်ယောက်မှ ဓားပိတ်လှောင်ခြင်းကမ္ဘာကို ချိုးဖြတ်ပြီး ကမ္ဘာသစ်သီးကို မဆုတ်ကိုင်နိုင်ဘူး၊ ဒါပေမယ့် ဒါက နက်ပြာပလိန်းအပြင်ဘက်မှာတော့ မတူဘူး။ လီဖူချန်းသာမရှိရင် ပြိုင်ဘက်ကင်းအရှင်တွေက ဒါကို သေချာပေါက် ခိုးယူနိုင်လိမ့်မယ်။

အသင်္ချေပန်းအမျိးသမီးက ဘာမှမပြောခင် လီဖူချန်းက မေးလိုက်တယ်"အသင်္ချေပန်းအမျိးသမီး၊ ကမ္ဘာသစ်သီးရှိရင် မင်း ချိုးဖြတ်ဖို့ ဘယ်လောက်ကြာမလဲ"

အသင်္ချေပန်းအမျိးသမီးက တစ်ချက်စဉ်းစားကာ ပြောလိုက်တယ်"အများဆုံးနှစ်တစ်ထောင်ပဲ၊ မဟုတ်ဘူး၊ နှစ်ငါးရာလောက်ပဲ"

"ကောင်းပြီလေ"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

လက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားအဆောင်တွေပြည့်နေတဲ့စက်လုံးနေရာလပ်တစ်ခုက နက်ပြာပလိန်းမှ ပျံသန်းထွက်လာပြီး ကျောက်မင်ယွဲ့ကလည်း ထွက်ပေါ်လာတယ်။

"မင်းတို့နှစ်ယောက်လုံးဝင်သွား"

လီဖူချန်းက အသင်္ချေပန်းအမျိးသမီးနဲ့ကျောက်မင်ယွဲ့ကို ပြောလိုက်တယ်။

ဓားပိတ်လှောင်ခြင်းကမ္ဘာကို ဝင်ပြီးနောက် အသင်္ချေပန်းအမျိးသမီးနဲ့ကျောက်မင်ယွဲ့က ထိတ်လန့်သွားတယ်၊ သူတို့မြင်လိုက်ရတာကတော့ ကြယ်တစ်လုံးအရွယ်အစားရှိတဲ့သစ်သီးတစ်လုံးပါပဲ၊ ဒါပေမယ့် ဒီသစ်သီးရဲ့ချီတည်ရှိမှုအရ ကြယ်တစ်သောင်းကြယ်တစ်သန်းကတောင် မနှိုင်းယှဉ်နိုင်ဘူး။

"အရှင်မ၊ မခုခံနဲ့၊ ငါ သင်ရှိတဲ့နေရာကို နေရာလပ်-အချိန် အရှိန်မြှင့်တင်ပေးမယ်၊ ဒါက မင်းရဲ့ချိုးဖြတ်ခြင်းအချိန်ကို တို‌တောင်းစေမယ်"

လီဖူချန်းက ပြောလိုက်တယ်။

"ကောင်းပြီ"

အသင်္ချေပန်းအမျိးသမီးက အနည်းငယ် အံ့အားသင့်သွားတယ်။ လီဖူချန်းက နေရာလပ်-အချိန်တာအိုကို ကျင့်ကြံထားခဲ့ပြီး ဒါက ကောင်းတဲ့အရာတစ်ခုပဲ။ သူမက နေရာလပ်-အချိန်အရှိန်မြှင်တင်ခြင်းကို ဆယ်ဆဒါမှမဟုတ်အဆတစ်ရာလောက်ထိ ရှိဖို့ မလိုပါဘူး၊ သုံးဆကနေငါး‌ဆလောက်ထိ မြှင့်တင်နိုင်ရုံနဲ့ အဆင်ပြေပါပြီ။ ဒီလိုဆိုရင် သူမက နှစ်ငါးရာနားလည်ပြီး အဲဒါက နှစ်နှစ်ထောင်နားလည်ခြင်းနဲ့ ညီမျှပါလိမ့်မယ်။ ဒါက ချိုးဖြတ်ခြင်းအခွင့်အလမ်းကို အကြီးအကျယ် ‌တိုးမြင့်စေလိမ့်မယ်။

နေရာလပ်-အချိန်စွမ်းအားကို အသက်သွင်းလျက် အသင်္ချေပန်းအမျိးသမီးရှိရာနေရာလပ်-အချိန်ကို စတင်မြှင့်တင်ခဲ့တယ်။

နှစ်ဆ၊ ငါးဆ၊ ဆယ်ဆ......

"ဘာ။ ဆယ်ဆကျော်တောင်လား" အသင်္ချေပန်းအမျိးသမီးက မှင်တက်သွားတယ်။

အဆငါးဆယ်၊ အဆတစ်ရာ၊ အဆတစ်ရာ့ငါးဆယ်။

"အဆတစ်ရာ့ငါးဆယ်လားလား"

အသင်္ချေပန်းအမျိးသမီးက အသက်ကို ခပ်ပြင်းပြင်း ရှုထုတ်လိုက်ရတယ်။

အဆတစ်ရာ့ငါးဆယ်၊ ဒါ ဘယ်လိုသဘောတရားမျိုးလဲ။ အပြင်ကမ္ဘာမှာ နှစ်ငါးရာက သူမအတွက် နှစ်၇၅၀၀၀နဲ့ ညီမျှတယ်။

"အများဆုံးနှစ်တစ်ရာလောက်နဲ့ ငါ ချိုးဖြတ်နိုင်လောက်တယ်"

အသင်္ချေပန်းအမျိးသမီးက လီဖူချန်းကို ကျေးဇူးတင်စွာ ကြည့်ပြီး နားလည်ခြင်းအခြေအနေကို ချက်ချင်းဝင်ရောက်ခဲ့တယ်။

",အသင်္ချေပန်းအမျိးသမီး ချိုးဖြတ်ပြီးတဲ့အခါ ငါ တားမြစ်ကျောက်တုံးလိုဏ်ဂူကို သွားရတာပေါ့"

လီဖူချန်းရဲ့ခန္ဓာကိုယ်က ကမ္ဘာသစ်သီးထဲသို့ နစ်မြုပ်သွားပြီး နေရာလပ်-အချိန်တာအိုကို ဆက်လက်နားလည်စေခဲ့တယ်။ နေရာလပ်-အချိန်တာအိုက ကြယ်ပိုင်နက်အဆင့်ကို ရောက်ရှိပြီးနောက် အချိန်တိုအတွင်း မချိုးဖြတ်နိုင်ဘူးဆိုတာ သူ သိတယ်။ တကယ်တော့ သူ့ရဲ့နေရာလပ်-အချိန်တာအိုအခြေခံအုတ်မြစ်က ဓားတာအိုထက် နိမ့်ကျတယ်လေ။

ဆယ်နှစ်၊ အနှစ်နှစ်ဆယ်......

မကြာမီမှာပဲ အနှစ်ငါးဆယ်က ကုန်ဆုံးသွားတယ်။

"မင်း ချိုးဖြတ်တော့မလိုလား"

ကမ္ဘာသစ်သီးရဲ့မျက်နှာပြင်ပေါ်မှာ အားကောင်းတဲ့ခြောက်သွေ့ညှိုးနွမ်းခြင်းစွမ်းအားက နိုးထလာတာကို လီဖူချန်းက ခံစားမိတယ်။

တစ်လကြာပြီးနောက် အသင်္ချေပန်းအမျိးသမီးက မျက်လုံးတွေ ဖွင့်လိုက်တယ်။ သူမရဲ့ခန္ဓာကိုယ်ထဲမှာ မရေမတွက်နိုင်တဲ့နွယ်ပင်တွေက ကြီးထွားလာတယ်။ ဒီနွယ်ပင်တွေမှာ အစိမ်းရောင်သစ်ရွက်တွေက မရေမတွက်နိုင်စွာ ကြီးထွားလာတယ်။ အစိမ်းရောင်သစ်ရွက်တွေထဲမှာ ပန်းပွင့်တွေ ဖူးပွင့်လာတယ်။ ပြီးရင် ပန်းနတ်သမီးတွေက ပန်းပွင့်တွေမှ ပျံသန်းထွက်လာကာ အသင်္ချေပန်းအမျိးသမီးပတ်ပတ်လည်မှာ ကခုန်နေတယ်။

နှစ်ပေါင်းမရေမတွက်များစွာအားထုတ်မှုကြောင့် အသင်္ချေပန်းအမျိးသမီးက နောက်ဆုံးမှာ ကြယ်ပိုင်နက်အဆင့်ကို ခြေချနိုင်ခဲ့တယ်။

အခုဆိုရင် သူမရဲ့ခွန်အားက အကြိမ်များစွာ တိုးလာရုံတင်မက သူမရဲ့သက်တမ်းကလည်း ထာဝရဖြစ်လာတယ်။

"အသင်္ချေပန်းအမျိးသမီး၊ ဂုဏ်ပြုပါတယ်"

လီဖူချန်းက ထွက်လာကာ ဂုဏ်ပြုလိုက်လေတယ်။

r.

"အရှင်ရဲ့ကြင်နာမှုကို ငါ ပြန်မပေးချေနိုင်ဘူး။ အနာဂတ်မှာ  လိုအပ်တာဆိုရင် အသင်္ချေပန်းအမျိးသမီးကို တစ်ခွန်းပဲ ပြောပါ" အသင်္ချေပန်းအမျိးသမီးက အလွန်စိတ်လှုပ်ရှားလျက် ရှိနေတော့တယ်။ အရှင်တစ်ယောက်မဖြစ်လာဘဲနဲ့ အရှင် တစ်ယောက်ရဲ့စွမ်းအားကို ဘယ်လိုမှ စိတ်ကူးယဉ်ဖို့ မဖြစ်နိုင်ပါဘူး။

"ဒါ ကိစ္စသေးသေးလေးပါပဲ၊ ပြဿနာမရှိပါဘူး" တစ်ခဏရပ်ပြီးနောက် လီဖူချန်းက ဆက်ပြောလိုက်တယ်" အရှင်မချိုးဖြတ်သွားပြီးဆိုတော့ ငါ သူမကို မပို့တော့ဘူး။ ကျောက်မင်ယွဲ့က ကမ္ဘာသစ်သီးကို ဆက်လက်နားလည်နေလိမ့်မယ်"

ပြောနေရင်း လီဖူချန်းက ကမ္ဘာသစ်သီးကို နက်ပြာပလိန်းမှာ ပြန်ထားလိုက်တော့တယ်။

စကားအနည်းငယ်ပြောပြီးနောက် အသင်္ချေပန်းအမျိးသမီးက ထွက်ခွာသွား‌လိုက်တယ်။

All Chapters