တိုက်ပွဲသားရဲတိုကင်
Vol. 72 Ch. 1009
လီဖူချန်း ရှေးကျောက်တုံးကြယ်ပိုင်နက်ကို သွားလည်တဲ့အချိန်တိုင်း အဲဒါက သူ့ကို မတူညီတဲ့ခံစားချက်တစ်ခုကို ပေးစွမ်းတယ်။
ဒါက ခွန်အားက ယူလာတဲ့ပြောင်းလဲမှုတစ်ခုဆိုတာ လီဖူချန်းက သိတယ်။
ဒီတစ်ကြိမ် သူရှေးကျောက်တုံးကြယ်ပိုင်နက်ကို လာရောက်တဲ့အခါ ရှေးကျောက်တုံးကြယ်ပိုင်နက်ထဲရှိနေရာတိုင်းမှာ သိမ်မွေ့တဲ့ကျိန်စာချီတည်ရှိမှုတွေ ပြည့်နှက်နေတာကို လီဖူချန်းက ရှင်းလင်းစွာ ခံစားမိတယ်။ အတိတ်မှာ ဒီကျိန်စာချီတည်ရှိမှုကို လီဖူချန်းရဲ့စိတ်ဝိညာဉ်စွမ်းအားက အာရုံခံမိခဲ့ပေမယ့် ဒီတစ်ခါလောက်တော့ မရှင်းလင်းဘူး။
စိတ်ဝိညာဉ်စွမ်းအားက လီဖူချန်းကို ပြိုင်ဘက်ကင်းအမြင်တစ်ခုကို ပေးစွမ်းပေမယ့် စိတ်ဝိညာဉ်စွမ်းအားက အရာရာတိုင်းတော့ မစွမ်းဆောင်နိုင်ပါဘူး။ လီဖူချန်းရဲ့ခွန်အားအကန့်အသတ်ကြောင့် စိတ်ဝိညာဉ်စွမ်းအားရဲ့အခန်းကဏ္ဍက အလွန်သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုသာ ဖြစ်နေခဲ့တယ်။
သူ့ရဲ့စိတ်ဝိညာဉ်ကို ပြီးပြည့်စုံစွာ အသုံးပြုနိုင်မယ်လို့ လီဖူချန်းက ဘယ်တုန်းကမှ မတွေးထားခဲ့ဘူး။ ဘယ်လိုဟာသတစ်ခုလဲ၊ သူ့စိတ်ဝိညာဉ်က နတ်စိတ်ဝိညာဉ်ပဲ ဖြစ်သင့်တယ်။ သေမျိုးခန္ဓာကိုယ်ကို သုံးပြီး နတ်စိတ်ဝိညာဉ်ကို အသုံးပြုတာက သေချာပေါက်သဘောဝမကျပါဘူး။ စကြာဝဠာရဲ့ကန့်သတ်မှုကြောင့် သူ့ရဲ့စိတ်ဝိညာဉ်က ဆင့်ကဲပြောင်းလဲမှုကို ရပ်တန့်ခဲ့ရတယ်။ စကြာဝဠာက ဒီလိုအားကောင်းတဲ့စိတ်ဝိညာဉ်တစ်ခုတည်ရှိမှာကို ခွင့်မပြုပါဘူး။
အရင်ကတော့ လီဖူချန်းက မသိခဲ့ဘူး၊ အခု သူက နားလည်ခဲ့တယ်။ သူတော်စင်အောက်မှာ လူတိုင်းရဲ့စိတ်တိညာဉ်က မီးခိုးရောင်ဖြစ်တယ်၊ အချို့က မီးခိုးဖျော့ရောင်ရှိပြီး အချို့က မီးခိုးရောင်ရှိတယ်။
သူတော်စင်နယ်ပယ်မှာတော့ စိတ်ဝိညာဉ်က အစိမ်းရောင်ဖြစ်လာတယ်။ ယေဘုယျပြောရရင် ကောင်းကင်ဘုံအရှင်အောက်ကသူတွေရဲ့စိတ်ဝိညာဉ်က စိမ်းဖျော့ရောင်ဖြစ်တယ်။ ကောင်းကင်ဘုံအရှင်ရောက်မှသာ စိတ်ဝိညာဉ်က အစိမ်းရောင်ဖြစ်လာတယ်။
အကြိုနတ်ဘုရားနယ်ပယ်ကို ရောက်ရှိပြီးနောက် စိတ်ဝိညာဉ်ကို အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက သန့်စင်ပြီး အစိမ်းရောင်မှ အပြာဖျော့ရောင်သို့ ထပ်မံပြောင်းလဲလာတယ်။
အခြားစကားဖြင့်ပြောရရင် အပြာဖျော့ရောင်က ဒီစကြာဝဠာရဲ့အကန့်အသတ်ဖြစ်တယ်။
လီဖူချန်း အကန့်အသတ်ကို ချိုးဖြတ်နိုင်တဲ့အကြောင်းရင်းကတော့ ရွှေရောင်အဆောင်ရဲ့တည်ရှိမှုကြောင့်ပါပဲ။
"ရွှေရောင်အဆောင်နဲ့ဆိုရင်တောင် ငါ့ရဲ့စိတ်ဝိညာဉ်က အနီရောင်မဖြစ်လာနိုင်လောက်ဘူး။ ဒါက အနာဂတ်မှာ ငါ အကြိုနတ်ဘုရားဖြစ်လာတဲ့အခါမှာလဲ အတူတူပဲ ဖြစ်နိုင်လောက်တယ်"
လီဖူချန်းမှာ နောင်တရစရာတွေ အများကြီးမရှိပါဘူး။ ခရမ်းနီရောင်စိတ်ဝိညာဉ်က သူ့ကို ပြိုင်ဘက်ကင်းအသာစီးရမှုတစ်ခုကို ပေးထားပြီးဖြစ်တယ်။လေ။
လီဖူချန်းရဲ့အရှိန်က အလွန်မြန်တယ်၊ အလင်းနှစ်ဆယ်နှစ်ကို ခရီးနှင်ဖို့ သူက အသက်တစ်ခါရှုချိန်တောင် မလိုခဲ့ပါဘူး။
မကြာမီမှာပဲ လီဖူချန်းက တားမြစ်ကျောက်တုံးလိုဏ်ဂူရဲ့အနီးနားကို ရောက်ရှိလာတယ်။
တားမြစ်ကျောက်တုံးလိုဏ်ဂူကို အပြင်ကနေ ကြည့်ရတာ တောင်တစ်ခုနဲ့ တူတယ်။ ဒါက စကြာဝဠာမြို့တစ်မြို့ထက် အဆများစွာပိုကြီးတဲ့တောင်တစ်ခုပဲ။ တောင်ရဲ့မျက်နှာပြင်ပေါ်မှာ လိုဏ်ဂူတွေ များစွာရှိတယ်။
"ဒီလိုစုစည်းတဲ့ကျိန်စာချီတည်ရှ်ိမှုတစ်ခု"
လီဖူချန်းရဲ့အမြင်အရ ကောင်းကင်ဘုံအရှင်တွေကလွဲပြီး တစ်ယောက်မှ တားမြစ်ကျောက်တုံးလိုဏ်ဂူကို မချဉ်းကပ်နိုင်တယ်။ သူတို့က တစ်ကြိမ်ချဉ်းကပ်တာနဲ့ ကျိန်စာမိသွားပေလိမ့်မယ်။
လိုဏ်ဂူတစ်ခုကို ရွေးချယ်ကာ လီဖူချန်းရဲ့ပုံရိပ်က လက်သွားပြီး လျှပ်ပြေးသွားတယ်။
တားမြင်ကျောက်တုံးလိုဏ်ဂူမှာ မွန်းစတာတွေ များစွာရှိပြီး တားမြစ်ကျောက်တုံးမျောက်တွေက အားကောင်းတဲ့မွန်းစတားတွေထဲ တစ်ခုအပါအဝင်ဖြစ်တယ်။
လီဖူချန်း တားမြစ်ကျောက်တုံးလိုဏ်ဂူ ဝင်လာတဲ့အခါ သူ့ဆီ တစ်ဟုန်ထိုးပြေးလာနေတဲ့သဲလူသားနှစ်ယောက်ကို မြင်လိုက်ရတယ်။
ဒါက တားမြစ်ကျောက်တုံးလိုဏ်ဂူထဲရှိ အားအနည်းဆုံးမွန်းစတားတွေပဲ။ သူတို့ကို တားမြစ်သဲလူသားတွေလို့ခေါ်ပြီး သူတို့ရဲ့ခွန်အားက သာမန်ကောင်းကင်ဘုံအရှင်တစ်ယောက်နဲ့ ညီမျှတယ်။
ဝုန်း......
လီဖူချန်းက သူတို့ကို ဂရုစိုက်ရမှာ ပျင်းရိတယ်၊ သူ့ခန္ဓာကိုယ်က လှုပ်ခါသွားပြီး သဲလူသားနှစ်ယောက်က သဲပုံတွေအဖြစ် ပြောင်းလဲသွားကာ နောက်ထပ်မစုစည်းနိုင်တော့ပါဘူး။
ဒိလိုနဲ့ လီဖူချန်းက တားမြစ်ကျောက်တုံးလိုဏ်ဂူရဲ့အနက်ပိုင်းထဲကို လျင်မြန်စွာ ရောက်ရှိလာတယ်။
ဒီနေရာရှိမွန်းစတားတွေက အပြင်ကထက် အပြင်နယ်မြေကအကောင်တွေထက် ပိုသန်မာပြီး သူတို့အားလုံးက အခြေခံအားဖြင့် မြို့အရှင်အဆင့်တွေဖြစ်ကြတယ်။
အလားတူစွာပင် ဒီနေရာရှိကျိန်စာက အပြင်ကမ္ဘာထက် အများကြီးပိုသန်မာတယ်။
"ဘယ်လိုတည်ရှိမှုက ရှေးကျောက်တုံးကြယ်ပိုင်နက်ကို စွန့်ပစ်ကြယ်ပိုင်နက်တစ်ခု ဖြစ်စေခဲ့မှန်း ငါ သိချင်တယ်၊ သူက အနည်းဆုံး အကြိုနတ်ဘုရားတစ်ယောက်ပဲဖြစ်ရမယ်"
လီဖူချန်းက ထိုလူရဲ့ခွန်အားနဲ့ပတ်သက်ပြီး အနည်းငယ်တုန်လှုပ်မိတယ်။
"ဟမ်၊ သားရဲတိုကင်တစ်ခု"
မြို့အရှင်အဆင့်မွန်းစတားတစ်ကောင်ကို သတ်ပြီးနောက် ငွေရောင်သတ္တုတိုကင်တစ်ခုက ကျလာတယ်။
ဒီတိုကင်က အမှောင်လက်ကောင်းကင်ဘုံအရှင်ရဲ့တိုကင်နဲ့အတူတူပါပဲ၊ တစ်ခုပဲ အမှောင်လက်ကောင်းကင်ဘုံအရှင်ရဲ့ဟာက အနက်ရောင်ဖြစ်ပြီး လီဖူချန်းဟာက ငွေရောင်ဖြစ်တယ်။
"တိုက်ပွဲသားရဲတိုကင်ကို သားရဲထိန်းကျောင်းသူမဟာဆရာသခင်တစ်ယောက်က သန့်စင်ခဲ့တာပဲ၊ ဒါပေမယ့် ဒါက ဘယ်လိုလုပ် တားမြစ်ကျောက်တုံးလိုဏ်ဂူမှာ လာပေါ်နေရတာလဲ" လီဖူချန်းက အနည်းငယ် ဗဟေဠိဖြစ်နေတယ်။
သားရဲထိန်းကျောင်းသူမဟာဆရာသခင်နဲ့ ရှေးကျောက်တုံးကြယ်ပိုင်နက်ကို ကျိန်စာတိုက်ခဲ့တဲ့အကြိုနတ်ဘုရားက တစ်ယောက်တည်းလို့တော့ သူ မထင်ဘူး။ ဒီသားရဲထိန်းကျောင်းသူမဟာဆရာသခင်က ငြီးငွေ့လွန်းတာကြောင့် ဖြစ်နိုင်တယ်၊ သူက သူသန့်စင်ထားတဲ့တိုက်ပွဲသားရဲတိုကင်တွေကို ဖြန့်ပြီး ကံကြမ္မာရေစက်ရှိသူတွေအတွက် အန္တရာယ်နယ်မြေတွေမှာ ထားထားတာ ဖြစ်နိုင်လောက်တယ်"
နှစ်ပေါင်းများစွာ အသက်ရှင်လာပြီးနောက် အဲဒီလိုထူးဆန်းတဲ့စိတ်ဝင်စားမှုတွေရှိတာ ပုံမှန်ပါပဲ။
"အနက်ရောင်တိုက်ပွဲသားရဲတိုကင်က သာမန်ကောင်းကင်ဘုံအရှင်အဆင့်နက္ခတ်တာရာဧရာမသားရဲတစ်ကောင်ကို ပြောင်းလဲနိုင်ပြီး ငွေရောင်တိုက်ပွဲသားရဲတိုကင်က မြို့အရှင်အဆင့်နက္ခတ်တာရာဧရာမသားရဲတစ်ကောင်ကို ပြောင်းလဲနိုင်တယ်လို့ ခန့်မှန်းထားတယ်"
လီဖူချန်းက ငွေရောင်တိုက်ပွဲသားရဲတိုကင်ကို သိမ်းလိုက်တယ်။ သူ့အတွက် ဒီပစ္စည်းတွေက စုဆောင်းမှုကို ကြွယ်ဝစေရုံသာဖြစ်ပြီး အများကြီးအသုံးမဝင်ပါဘူး။
ဝုန်း......
ခွေးတစ်ကောင်နဲ့တူတဲ့ကျောက်ရုပ်တုတစ်ခုက ရုတ်တရက် ပင်မခန္ဓာကိုယ်မှ ခွဲထွက်လာပြီး လီဖူချန်းဆီ ပြေးဝင်လာတယ်။
"မးလအဆုံးစွန်းဓားရဲ့စွမ်းအားကို စမ်းသပ်ကြည့်ရတာပေါ့"
အရှေ့ကမြို့အရှင်အဆင့်မွန်းစတာတွေအတွက်က လီဖူချန်းက သူ့လက်ကို ကြုံသလိုဝှေ့ယမ်းရုံနဲ့ သူတို့ကို ဖယ်ရှားနိုင်တယ်။ ဒီခွေးသဏ္ဍာန်ကျောက်ရုပ်တုကတော့ အရှင်တစ်ယောက်ရဲ့ခွန်အားရှိပြီး အလွယ်တူမရှင်းထုတ်နိုင်ပါဘူး။
မူလအဆုံးစွန်းဓားက ဓားအိမ်မှ ထွက်လာပြီး လီဖူချန်းက ခွေးသဏ္ဍာန်ကျောက်ရုပ်တုကို ခုတ်ပိုင်းလိုက်တယ်။
ဝုန်း.......
ခွေးသဏ္ဍာန်ကျောက်ရုပ်တုက တစ်ခဏ တုန်ခါသွားပြီးနောက် သဲအစုအပုံတစ်ခုအဖြစ် ပြောင်းလဲသွားတော့တယ်။
"စွမ်းအားအရဆိုရင် ခွေးသဏ္ဍာန်ကျောက်ရုပ်တုက သာန်အရှင်တွေနဲ့တောင် မနှိုင်းယှဉ်နိုင်ဘူးပဲ" လီဖချန်းက စောစောကဓားချက်မှာ ခွန်အားအပြည့်တောင် မသုံးခဲ့ပါဘူး။
အနက်ပိုင်းထဲသို့ဝင်လာလေလေ၊ လီဖူချန်းရင်ဆိုင်ရတဲ့မွန်းစတားတွေက ပိုသန်မာလာလေပါပဲ။ ပထမ သူတို့က သာမန်အရှင်အဆင့်မွန်းစတားတွေပဲ၊ နောက်မှာတော့ သာလွန်အဆင့်၊ အထွတ်အထိပ်အဆင့်မွန်းစတားတွေပေါ့။
ကျွိ ကျွိ ကျွိ.......
စူးရှတဲ့မျောက်အော်သံတစ်ခုက ထွက်လာတယ်၊ လိုဏ်ဂူထိပ်ရဲ့အက်ကြောင်းထဲမှာ အရိပ်တစ်ခုက လီဖူချန်းဆီ ပြေးဝင်လာတယ်။ ၎င်းရဲ့အရှိန်က အံ့မခန်းပါပဲ။
ချွမ်း.......
လီဖူချန်းက မူလအဆုံးစွန်းဓားကို ဝှေ့ယမ်းကာ ရန်သူကို လွင့်ထွက်သွားစေလိုက်တယ်။
"ဒါ တားမြစ်ကျောက်တုံးမျောက်ပဲ"
အဝေးရှိမိုင်တစ်ရာအကွာမှာ လူတစ်ယောက်လောက်မြင့်မားတဲ့ ကျောက်တုံးမျောက်တစ်ကောင်ရှိတယ်။ ၎င်းရဲ့အနောက်မှာတော့ ကျောက်သားတုတ်ချောင်းနဲ့တူတဲ့အမြီးတွေ ရှိတယ်။
စောစောက ထိပ်တိုက်ရင်ဆိုင်မှုအရ တားမြစ်ကျောက်တုံးမျောက်ရဲ့ခွန်အားက အထွတ်အထိပ်အရှင်အဆင့်မှာရှိမှန်း သိသာတယ်။ မဖျက်ဆီးနိုင်တဲ့ခန္ဓာကိုယ်နဲ့အတူ တားမြစ်ကျောက်တုံးမျောက်သုံးကောင်က သာမန်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်နဲ့ တကယ်တိုက်ခိုက်နိုင်တယ်။ ဘယ်သူအနိုင်ရမလဲဆိုကာက အဆုံးသတ်ထိ ဘယ်သူက တောင့်ခံနိုင်မလဲဆိုတာအပေါ် မူတည်တယ်။
"မဖျက်ဆီးနိုင်ဘူးလား။ ဒါက တကယ်ပဲ မဖျက်ဆီးနိုင်ဘူးလာကို ငါ သိချင်တယ်"
တားမြစ်ကျောက်တုံးမျောက်ရဲ့ခန္ဓာကိုယ်က မဖျက်ဆီးနိုင်ဘူးဆိုတာကို လီဖူချန်းက မယုံဘူး။ မူလအဆုံးစွန်းဓားနဲ့အတူ သူက တစ်ချက်စမ်းသပ်ရမှာပေါ့။
ချွမ်း ချွင်း ချွမ်း.......
လီဖူချန်းနဲ့နှိုင်းယှဉ်ရင် တားမြစ်ကျောက်တုံးမျောက်ရဲ့တိုက်ခိုက်ရေးနည်းလမ်းတွေက နိမ့်ကျလွန်းတယ်ပြီး အစကနေအဆုံးအထိ ရိုက်နှက်ခံနေရတယ်။
ခုတ်ချက်တစ်ရာ၊ ခုတ်ချက်တစ်ထောင်၊ ခုတ်ချက်တစ်သောင်း။
ဖြောက်.....
အက်ရာတစ်ခုက တားမြစ်ကျောက်တုံးမျောက်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာတယ်။
"ကြည့်ရတာ တားမြစ်ကျောက်တုံးမျောက် မဖျက်ဆီးနိုင်ဘူးဆိုတာ မမှန်ဘူးပဲ"
အပြုံးတစ်ခုက လီဖူချန်းရဲ့မျက်နှာအပေါ်မှာ ထွက်ပေါ်လာတယ်။
မဖျက်ဆီးနိုင်ဘူးဆိုတာက သေစေနိုင်စွမ်းက မလုံလောက်လို့ပဲ။ သူ့ရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်လိုပေါ့၊ မသေနိုင်ဘူးလို့ ထင်ရပေမယ့် ဒါက ထွင်လုံးတစ်ခုမျှပါပဲ။
နောက်ထပ်ရက်အနည်းငယ်ကြာပြီးနောက် တားမြစ်ကျောက်တုံးမျောက်ရဲ့ခန္ဓာကိုယ်က တစ်စစီဖြစ်ပြီး နောက်ထပ်မစုစည်းနိုင်တော့ပါဘူး။
"တားမြစ်ကျောက်တုံးက ဘယ်နေရာမှာလဲ။အဲဒါက တားမြစ်ကျောက်တုံးမျောက်ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိတာလား"
လက်ရှိအချိန်မှာ လီဖူချန်းက ငွေရောင်သားရဲတိုကင်တစ်ခု၊ ကျိန်စာစွမ်းအားပါဝင်တဲ့ဓားမြှောင်တစ်ခု၊ ရွှေရောင်လက်ကောက်တစ်ခုနဲ့ ကြေးညိုရောင်မှန်တစ်ချပ်ကို ရရှိထားတယ်။ တန်ဖိုးအရှိဆုံးက ကြေးညိုရောင်မှန်ချပ်ဖြစ်ပြီး အဲဒါက ထူးကဲအဆင့်အန္တိမအဆင့်အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။
မမျှော်လင့်ထားတာ တစ်ခုခုမရှိရင် တားမြစ်ကျောက်တုံးက မွန်းစတားရဲ့ခန္ဓာကိုယ်ထဲမှာပဲ ရှိသင့်တယ်။ အဲဒါက တားမြစ်ကျောက်တုံးမျောက်ရဲ့ခန္ဓာကိုယ်ထဲမှာ ရှိသလားကိုတော့ လီဖူချန်းက မသိဘူး။
လီဖူချန်းက ရှေ့ဆက်သွားနေတယ်၊ သူက တားမြစ်ကျောက်တုံးကို မရနိုင်ဘူးလို့ သူက မယုံကြည်ပါဘူး။
……
ကျိန်စာချီတည်ရှိမှုက ပိုပိုသန်မာလာတယ်၊ ဒီနေရာရဲ့က်ျန်စာချီတည်ရှိမှုက အရှင်တစ်ယောက်ကို ကျိန်စာမိစေဖို့ လုံလောက်တယ်လို့ လီဖူချန်းက သံသယရှိတယ်။
လီဖူချန်းက တိုက်ခိုက်သံတွေကို မသဲမကွဲကြားလိုက်ရတယ်၊ ဒါက အထင်မှားတာ မဟုတ်ဘူး။
"ဒီဘက်ပဲ"
လီဖူချန်းက အသံကို ရှာဖွေခဲ့တယ်။
ခဏကြာပြီးနောက် ကျောက်တုံးခန်းတစ်ခန်းရဲ့အပြင်ဘက်မှာ စုပြုံနေတဲ့တားမြစ်ကျောက်တုံးမျောက်ဒါဇင်ကျော်ကို လီဖူချန်းက မြင်လိုက်ရတယ်။ ကျောက်တုံးခန်းထဲမှာ အမျိုးသားတစ်ယောက်နဲ့အမျိုးသမီးတစ်ယောက်ရှိတယ်၊ နှစ်ယောက်လုံးက ပြိုင်ဘက်ကင်းအရှင်တွေပါပဲ။ နှစ်ယောက်သား ပူးပေါင်းကာ တားမြစ်ကျောက်တုံးမျောက်တွေကို ဟန့်တားနေတယ်။