← Chapters

ကောင်းကင်ဓားမော့နဲ့မြေဓား

Vol. 72 Ch. 1010

ကောင်းကင်ဓားမော့နဲ့မြေဓား

Vol. 72 Ch. 1010

"မင်းတို့က ကောင်းကင်ဓားမော့တာအိုအရှင်မနဲ့မြေဓားတာအိုအရှင်မလား"

လီဖူချန်းက မေးလိုက်တယ်။

"မင်းက ဘယ်သူလဲ"

အမျိုးသမီးက မေးလိုက်တယ်။

"ငါက မူလအဆုံးစွန်းအရှင်ပဲ၊ တားမြစ်ကျောက်တုံးကို ရှာဖို့ ငါ့ကို ကြက်သွေးရောင်မီးဓားဘိုးဘေးက ငါ့ကို ဖိတ်ခေါ်ခဲ့တာပဲ" လီဖူချန်းက ပြန်ဖြေလိုက်တယ်။

"ဒါဆို မူလအဆုံးစွန်းအရှင်ပေါ့"

"သူတို့နှစ်ယောက်က အလွန်ပျော်သွားတယ်။ တားမြစ်ကျောက်တုံးလိုဏ်ဂူထဲမှာ သူတို့လည်း အရှင်သတ်မှတ်ချက်စာရင်းကို မြင်နိုင်တယ်။ မူလအဆုံးစွန်းအရှင်ရဲ့နာမည်က ထင်ရှားပြီး လစ်လျူရှုဖို့က မဖြစ်နိုင်ပါဘူး။

"မင်းတို့နှစ်ယောက်က ကျောက်တုံးခန်းထဲမှာ ပိတ်မိနေတာလား"

လီဖူချန်းဖော်ပြခဲ့တဲ့ကောင်းကင်ဓားမော့တာအိုအရှင်မနဲ့မြေဓားတာအိုအရှင်တို့က သာမန်လူတွေမဟုတ်ပါဘူး။

ကောင်းကင်ဓားမော့တာအိုအရှင်မက ဓားမော့မဟာမိတ်ရဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်ပြီး အရှင်သတ်မှတ်ချက်မှာ အဆင့်၇၁ရှိကာ စကြာဝဠာမှာ ‌ကျော်ကြားတဲ့အရှင်တစ်ယောက်ပါပဲ။

မြေဓားတာအိုအရှင်က ဓားသမားအစည်းအရုံးရဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ဖြစ်ပြီး အဆင့်သတ်မှတ်ချက်ရဲ့အဆင့်၇၂ဖြစ်တယ်။

သူတို့နှစ်ယောက်က ကောင်းကင်ဓားမော့နဲ့မြေဓားလို့ လူသိများကြတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သူတို့နှစ်ယောက်က တာအိုစုံတွဲတစ်တွဲဖြစ်ခဲ့ကြတယ်။

ဒီတာအိုစုံတွဲက အလွန်အမင်းပြောင်မြောက်တယ်။ ဓားမော့နဲ့ဓားပေါင်းစပ်လိုက်တဲ့အခါ သူတို့ရဲ့ခွန်အားက ဆယ်ဆတိုးလာတယ်။ကြက်သွေးရောင်မီးဓားဘိုးဘေးက ငွေအမြောက်အများသုံးပြီး သူတို့ကိုဖိတ်ခေါ်ခဲ့တာ အံ့ဩစရာမရှိဘူးပဲ။

"မူလအဆုံးစွန်းအရှင်၊ ဂရုစိုက်ပါ၊ ဒီတားမြစ်ကျောက်တုံးမျောက်တွေက မဖျက်ဆီးနိုင်ဘူး၊ သူတို့ဝိုင်းတာ မခံရစေနဲ့" မြေဓားတာအိုအရှင်က သတိပေးလိုက်တယ်။

"ငါ ဘာလုပ်နေလဲ သိပါတယ်"

ဝုန်း ......

လီဖူချန်းက ရှေ့သို့ တစ်ဟုန်ထိုးတက်ကာ ဓားခုတ်ချက်တစ်ချက်နဲ့အတူ တားမြစ်ကျောက်တုံးမျောက်ကို ‌လွင့်ထွက်သွားစေခဲ့တယ်။

ကျွိ ကျွိ ကျွိ........

ကျန်ရှိနေတဲ့တားမြစ်ကျောက်တုံးမျောက်တွေက ဒီအနေအထားကို မြင်ပြီး တစ်ဝက်လောက်က လီဖူချန်းကို ဝိုင်းလာတယ်။

"အချိန်ကျပြီ"

လီဖူချန်းက ဘာတစ်ခုမှ မကြောက်ပါဘူး။ မူလအဆုံးစွန်းဓားကို တားမြစ်ကျောက်တုံးမျောက်က လွင့်ထွက်သွားတယ်။

"မူလအဆုံးစွန်းအရှင်က ဒီလောက်‌တောင်အားကောင်းတာလား"

ကျောက်တုံးခန်းမထဲမှာ ကောင်းကင်ဓားမော့တာအိုအရှင်က အံ့အားသင့်သွားတယ်။

မြေဓားတာအိုအရှင်က ပြောလိုက်တယ်"မူလအဆုံးစွန်းအရှင်က အရှင်သတ်မှတ်ချက်ရဲ့၁၂လေ။ ငါတို့နှစ်ယောက်ပူးပေါင်းထားရင် အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်နဲ့ယှဉ်နိုင်တဲ့ခွန်အားရှိပေမယ့် ငါတို့က နိမ့်ကျပါသေးတယ်"

ဒါကို ကြားပြီး ကောင်းကင်ဓားမော့တာအိုအရှင်မက ခေါင်းညိတ်လိုက်တယ်။ သူတို့နှစ်ယောက်ပူးပေါင်းရင် ခံစစ်နဲ့တိုက်စစ်ကသာ တိုးမြင့်လာနိုင်တယ်။ သေစေနိုင်စွမ်းအရ သူတို့က အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တွေကို ဘယ်တော့မှ လိုက်မမီနိုင်ပါဘူး။

"ဖောက်ထွက်ကြစို့"

တားမြစ်ကျောက်တုံးမျောက်တစ်ဝက်သာ ကျန်ရှိ‌တော့တဲ့အတွက် ကောင်းကင်ဘုံဓားမော့တာအိုအရှင်က သူတို့နဲ့ယှဉ်ပြိုင်ဖို့ ယုံကြည်ချက်ရှိလာတယ်။

"ကောင်းပြီ"

မြေဓားတာအိုအရှင်က ခေါင်းညိတ်ကာ ကောင်းကင်ဓားမော့တာအိုအရှင်မနဲ့အတူ တစ်ဟုန်ထိုးပြေးထွက်လာတယ်။

တားမြစ်ကျောက်တုံးမျောက်၂၀ကျော်ဝိုင်းထားတာကြောင့် လီဖူချန်းက လဝက်ခန့်အချိန်ယူကာ ဖြေရှင်းခဲ့ရတယ်။

အခြားတစ်ဖက်မှာ ကောင်းကင်ဓားမော့တာအိုအရှင်မနဲ့မြေဓားတာအိုအရှင်တို့က ရုံးကန်နေရတယ်။ ပူးပေါင်းထားတာတောင် သူတို့က မရှုံးရုံမျှပဲ။

"သန်မာလွန်းတယ်။ ဒါက တားမြစ်ကျောက်တုံးမျောက် တွေကိုသတ်တာ ငါမြင်ဖူးတဲ့ ပထမဆုံးအကြိမ်ပဲ"

ကောင်းကင်ဓားမော့အရှင်မက လေးစားအားကျနေမိတယ်။

ဝုန်း......

လီဖူချန်းက ခုနှစ်ဆယ်မြောက်တားမြစ်ကျောက်တုံးမျောက်ကို ဖြေရှင်းပြီးတဲ့အခါ မီးခိုး‌ဖျော့ရောင်ကျောက်တုံးတစ်တုံးက မျောက်ရဲ့ခန္ဓာကိုယ်မှ ကျလာတယ်။

ကျောက်တုံး လေထဲမှာ ထွက်ပေါ်လာတာနဲ့ အဲဒါက ပတ်ပတ်လည်ရှိကျိန်စာကို ချက်ချင်း စတင်စုပ်ယူခဲ့တယ်။

"တားမြစ်ကျောက်တုံး"

လီဖူချန်းက လှုပ်ရှားလိုက်တယ်၊ တားမြစ်ကျောက်တုံးက သူ့လက်ထဲကို ရောက်လာတယ်။

တားမြစ်ကျောက်တုံးက ကျိန်စာချီတည်ရှိမှုကို အလိုအလျောက်စုပ်ယူနိုင်တာပဲ၊ ပြီးတော့ ၎င်းက ကျိန်စာဖျက်ဆီးခြင်းအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တယ်။

"ဂုဏ်ယူပါတယ်၊ မူလအဆုံးစွန်းအရှင်"

ဒါကို မြင်ပြီး ကောင်းကင်ဓားမော့တာအိုအရှင်မနဲ့မြေဓားတာအိုအရှင်တို့က ဂုဏ်ပြုလိုက်လေတယ်။

သူတို့က မနာလိုခြင်းမရှိပါဘူး။

ကြက်သွေးရောင်မီးဓားဘိုးဘေးက သူတို့ကို ကတိပေးထားပြီးသားပဲ၊ သူတို့က တားမြစ်ကျောက်တုံးကို တွေ့တွေ့မတွေ့တွေ ကိစ္စမရှိဘူး၊ သူက သူတို့ကို ဆုလာဒ်အားလုံးပေးရမှာပဲ။ သို့မဟုတ်ရင် သူတို့နှစ်ယောက်က တားမြစ်ကျောက်လိုဏ်ဂူကို လာမှာ မဟုတ်ဘူး။

သူတို့သုံးယောက်က တားမြစ်ကျောက်တုံးမျောက်တွေအားလုံးကို ဖြေရှင်းဖို့ တစ်နှစ်ကြာခဲ့တယ်။

အတိအကျပြောရရင် လီဖူချန်းတစ်ယောက်ထဲ သတ်ခဲ့တာပဲ၊  ကောင်းကင်ဓားမော့တာအိုအရှင်မနဲ့မြေဓားတာအိုအရှင်တို့က အနည်းငယ်သာ ကူညီပေးခဲ့တယ်။

"သွားကြစို့"

လီဖူချန်းက တားမြစ်ကျောက်တုံးလိုဏ်ဂူရဲ့လျှို့ဝှက်ချက်တွေကို ရှာဖွေဖို့ စိတ်မဝင်စားပါဘူး။ အခု တားမြစ်ကျောက်တုံးကို တွေ့ပြီးနေမှတော့ ဘာလို့ မထွက်သွားရမှာလဲ။

……

"ဒါ တားမြစ်ကျောက်တုံးလား"

ကြက်သွေးရောင်ဓားမြို့မှာ ကြက်သွေးရောင်မီးဓားဘိုးဘေးက တားမြစ်ကျောက်တုံးကို လက်တုန်တုန်ယင်ယင်နဲ့ လက်ခံလိုက်တယ်။

လွန်ခဲ့တဲ့တစ်နှစ်က သူ့ရဲ့မြေးမလေးက နောက်ထပ်ရူးသွပ်ခဲ့ပြန်တယ်။ ထိုကြောက်စရာကောင်းတဲ့အခြေအနေက ကြက်သွေးရောင်မီးဓားဘိုးဘေးကို အလွန်စိုးရိမ်စေခဲ့တယ်၊ အခု အားလုံးက အဆင်ပြေသွားပါပြီ။

"ကြက်သွေးရောင်မီးဓားဘိုးဘေး၊ သင့်ရဲ့မြေးမလေးကို အရင်ကယ်လိုက်ပါ၊ ငါတို့ ဒီမှာပဲ စောင့်နေမယ်"

လီဖူချန်းက ပြောလိုက်တယ်။

"ကောင်းပါပြီ၊ သူမကို ကယ်လိုက်ပါ၊ ငါတို့ရဲ့ဆုလာဒ်ကို မမေ့နဲ့အုံး" ကောင်းကင်ဓားမော့တာအိုအရှင်မက ပြုံးလိုက်တယ်။

ကြက်သွေးရောင်မီးဓားဘိုးဘေးကလည်း ရယ်ကာ ပြောလိုက်တယ်"ဟိုးအရင်ကတည်းက ငါ မင်းတို့ရဲ့ဆုလာဒ်တွေကို ပြင်ဆင်ထားပြီးပြီ။ ငါ မင်းတို့ကို အခုပေးမယ်" ဒီမတိုင်းခင် သူက သူတို့သုံးယောက်ကို ဆုလာဒ်ရဲ့သုံးဆယ်ရာခိုင်နှုန်း ပေးထားပြီးပြီ၊ အခု သူက နောက်ထပ်ခုနှစ်ဆယ်ရာခိုင်နှုန်းကို ပေးနေတယ်။

"အကြီးအကဲအမှတ်သုံးမီလီယံ၊ ငါ လျို့ဝှက်နည်းစနစ်အချို့ကို သင်ယူနိုင်ပြီ၊ ဒါမှမဟုတ် အသုံးဝင်တဲ့ပစ္စည်းအချို့အတွက် ဖလှယ်နိုင်ပြီ"

အကြီးအကဲအမှတ်က သုံးသန်းတိုးလာတာကို မြင်ပြီး လီဖူချန်းက ပိုပြီးယုံကြည်ချက်ရှိသွားတယ်။

သူတို့သုံးယောက်ကို ဆုလာဒ်တွေ ပေးပြီးနောက် ကြက်သွေးရောင်မီးဓားဘိုးဘေးက ဓားအိမ်တော်ရဲ့အတွင်းပိုင်းထဲသို့ ကမန်းကတန်းပြေးဝင်သွားတယ်။

ခဏကြာပြီးနောက် ကြက်သွေးရောင်မီးဓားဘိုးဘေးက ပြန်ရောက်လာတယ်။

"ဘယ်လိုလဲ အဆင်ပြေရဲလား" မြေဓားတာအိုအရှင်က မေးလိုက်တယ်။

ကြက်သွေးရောင်မီးဓားဘိုးဘေးက စိတ်အခြေအနေကောင်းနေတယ်၊ သူက ရယ်ကာ ပြောလိုက်တယ်" ထိရောက်တယ်၊ အသုံးဝင်တယ်"

တားမြစ်ကျောက်တုံးက သူထင်ထားတာထက်ာပိုထိရောက်တာပဲ။ အတိတ်မှာ သူက ကျိန်စာအရှိန်အဝါကို စုပ်ယူနိုင်တဲ့ရတနာတွေကို ရှာဖွေခဲ့ပေမယ့် ထိုရတနာတွေက ကျိန်စာအရှိန်အဝါကို  မစုပ်ယူနိုင်ခဲ့ကြဘူး ဒါမှမဟုတ် အရိပ်အယောင်တစ်ခုလောက်ကို စုပ်ယူပြီးနောက် သူတို့က ပေါက်ကွဲထွက်သွားကြတယ်။ တားမြစ်ကျောက်တုံးကသာ သူ့မြေးမရဲ့ကျိန်စာအရှိန်အဝါကို စုပ်ယူနိုင်ခဲ့တယ်။

"အဆင်ပြေတာ ကောင်းပါတယ်၊ မင်း မူလအဆုံးစွန်းအရှင်ကို ကျေးဇူးတင်သင့်တယ်၊ ဒါပေမယ့် ငါတို့လဲ သူ့ကို ကျေးဇူးတင်ရမှာပါပဲ" လီဖူချန်းသာ မရောက်လာရင် သူတို့က တားမြစ်ကျောက်တုံးလိုဏ်ဂူမှာပဲ ပိတ်မိပြီးသေဆုံးနေမှာကို ကောင်းကင်ဓားမော့တာအိုအရှင်မက သိတယ်။

ကြက်သွေးရောင်မီးဓားဘိုးဘေးက ခေါင်းညိတ်လိုက်တယ်"မူလအဆုံးစွန်းအရှင်၊ ငါ ကြက်သွေးရောင်မီးဓားဘိုးဘေးမှာ တခြားဟာ တွေ အများကြီးမရှိပေမယ့် အကြီးအကဲအမှတ်တွေ အများကြီးရှိတယ်။ ဒီအစည်းအရုံးအမှတ်နှစ်သန်းကို မငြင်းပယ်ပါနဲ့"

ပြောနေရင်း ကြက်သွေးရောင်မီးဓားဘိုးဘေးက လီဖူချန်းထံ နောက်ထပ်အကြီးအကဲအမှတ်နှစ်သန်းကို လွဲပြောင်းပေးခဲ့တယ်။

လီဖူချန်းကလည်း ငြင်းပယ်မနေပါဘူး၊ ဒီအကြီးအကဲအမှတ်တွေက ကြက်သွေးရောင်မီးဓားဘိုးဘေးအတွက် သိပ်အသုံးမဝင်ပေမဲ့ သူ့အတွက်က‌တော့ အကြီးအကျယ်အသုံးဝင်တယ်။

ကြက်သွေးရောင်မီးဓားဘိုးဘေးဆီမှ ထွက်လာပြီးနောက် လီဖူချန်းက ဓားအလင်းဖြာထွက်မြို့သို့ ချက်ချင်းပြန်သွားခဲ့တယ်။

ထူးကဲအဆင့်အန္တိမအဆင့်လျှို့ဝှက်နည်းစနစ်တွေဖြစ်ပေမယ့် ဓားနတ်ဘုရားမျက်လုံးနဲ့ဓားပိတ်လှောင်ခြင်းကမ္ဘာတို့က သာမန်ထူးကဲအဆင့်အန္တိမအဆင့်လျှို့ဝှက်နည်းစနစ်တွေပါပဲ။ အကြီးအကဲအမှန်အများကြီးလ်ိုအပ်တဲ့အံ့မခန်းထူးကဲအဆင့်အန္တိမအဆင့်လျှို့ဝှက်နည်းစနစ်အချို့လည်း ရှိတယ်။

"အနန္တဓားခန္ဓာကိုယ်၊ စွမ်းအားပေါက်ကွဲရေးဓားတာအိုလျှို့ဝှက်နည်းစနစ်၊ စုစုပေါင်းအဆင့်၁၀ဆင့်ရှိတယ်။ အဆင့်တစ်ခုစီက ခွန်အားနှစ်ဆနဲ့ ပေါက်ကွဲနိုင်တယ်။ အဆင့်၁၀က ခွန်အားနှစ်ဆယ်ဆနဲ့ ပေါက်ကွဲထွက်စေနိုင်တယ်။ ဖလှယ်ခြင်းတန်ဖိုး၊ အကြီးအကဲအမှတ်တစ်သန်း။

ပေါက်ကွဲတိုက်ပွဲခန္ဓာကိုယ်နဲ့နှိုင်းယှဉ်ရင် အနန္တဓားခန္ဓာကိုယ်က အနည်းငယ်ပိုသန်မာတယ်။ အရှေ့တစ်ခုက ခွန်အားဆယ့်နှစ်ဆနဲ့သာ ပေါက်ကွဲထွက်စေနိုင်တာလေ။

"နတ်ဓားတည်နေရာရွှေ့ပြောင်းရေး၊ ဓားတာအိုတည်‌နေရာရွှေ့ပြောင်းရေးလျှို့ဝှက်နည်းစနစ်၊ အကြိုပြီးပြည့်စုံခြင်းအဆင့်မှာ မြန်နှုန်းကို ကိုးဆတိုးလာစေတယ်၊ ပြီးပြည့်စုံခြင်းအဆင့်မှာ မြန်နှုန်းကို ဆယ့်ရှစ်ဆ၊ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ မြန်နှုန်းကို ၂၇ဆတိုးနိုင်တယ်။ လဲလှယ်ခြင်းတန်ဖိုး၊ အကြီးအကဲအမှတ်၁.၂သန်း။

မြန်နှုန်း၂၇ဆတိုးခြင်းက အလွန်ကြောက်စရာကောင်းတဲ့သဘောတရားတစ်ခုပဲ။ လီဖူချန်းရဲ့မြန်နှုန်းက နဂိုကတည်းက မယုံနိုင်လောက်အောင် မြန်နေပြီ၊ မြန်နှုန်း၂၇ဆတိုးလာတာနဲ့အတူ တစ်ယောက်မှ အကြိုနတ်ဘုရားအောက်တစ်‌ယောက်မှ သူ့ကို လိုက်မီနိုင်မှာမဟုတ်ဘူး။

"ဓားပိတ်လှောင်ခြင်းစကြာဝဠာ၊ ချိတ်ပတ်ခြင်းအမျိုးအစားဓားတာအိုလျှို့ဝှက်နည်းစနစ်။ အကြိုပြီးပြည့်စုံခြင်းအဆင့်မှာ အထွတ်အထိပ်အရှင်တစ်ယောက်ကို ပိတ်ထားနိုင်လိမ့်မယ်၊ ပြီးပြည့်စုံခြင်းအဆင့်မှာ သာမန်ပြိုင်ဘက်ကင်းအရှင်တစ်ယောကို ပိတ်ထားနိုင်တယ်၊ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို ပိတ်ထားနိုင်တယ်။ ဖလှယ်ခြင်းတန်ဖိုး၊ အကြီးအကဲအမှတ်၁.၈သန်း။

ဒါက စိတ်ဝင်စားဖို့အကောင်းဆုံးပဲ။ ဓားပိတ်လှောင်ခြင်းစကြာဝဠာက ဓားပိတ်လှောင်ခြင်းကမ္ဘာရဲ့ပိုသန်မာတဲ့ပုံစံပဲလေ။ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိလာတာနဲ့ လီဖူချန်းမှာ အားကောင်းတဲ့ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကို သတ်ဖို့ အခွင့်အလမ်းတစ်ခုရှိလာစေတယ်။

လက်ရှိ ဓားသမားအစည်းအရုံးမှာ ပြိုင်ဘက်ကင်းအရှင်တစ်ယောက်ကသာ ဓားပိတ်လှောင်ခြင်းစကြာဝဠာကို ကျင့်ကြံထားတယ်။ ကာဒီနယ်တောက်ပဓားဘိုးဘေးတောင်မဟုတ်ဘူး။

"ကံမကောင်းစွာနဲ့ ပိုကောင်းတဲ့လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်တစ်ခု မရှိဘူးပဲ" ဓားနတ်ဘုရားမျက်လုံးကသာ ဓားသမားအစည်းအရုံးရဲ့အကောင်းဆုံးလိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်တစ်ခု ဖြစ်နေသေးတယ်။

လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်တွေမှာ အကန့်အသတ်တစ်ခုရှိမှန်း လီဖူချန်းက သိတယ်။ ၎င်းကို လိပ်ပြာအသိစိတ်အာရုံရဲ့ခွန်အားက ကန့်သတ်ထားပြီး လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်တွေက ဝိညာဉ်တာအိုလျှို့ဝှက်နည်းစနစ်တွေ‌လောက် အားမကောင်းနိုင်တော့ဘူး။

ပုံမှန်အနေအထားမှာ အထွတ်အထိပ်အရှင်တစ်ယောက်ရဲ့သူ‌တော်စင်လိပ်ပြာကို နာကျင်စေနိုင်တဲ့ လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်တစ်ခုက အသန်မာဆုံးလိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်နေပါပြီ။ ဒီထက်ပိုသန်မာချင်ရင် ဝိညာဉ်တာအိုလျှို့ဝှက်နည်းစနစ်တွေကသာ ပြုလုပ်နိုင်လိမ့်မယ်။

အခြားစကားဖြင့်ပြောရရင် အရှင်အဆင့်မှာ လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်က အသုံးမဝင်ဘူး၊ အဆုံးအဖြတ်ပေးနိုင်စွမ်းရှိမှာမဟုတ်ဘူး။

လီဖူချန်းရဲ့လိပ်ပြာအသိစိတ်အာရုံက အားကောင်းလွန်းပြီး သူက လိပ်ပြာအသိစိတ်အာရုံလျှို့ဝှက်နည်းစနစ်ကို နှစ်ဆင့်လောက် တိုးစေနိုင်တယ်။

ထူးကဲအဆင့်အန္တိမအဆင့်လျှို့ဝှက်နည်းစနစ်သုံးခုက အကြီးအကဲအမှတ်လေးသန်းကျသင့်ပြီး အကြီးအကဲအမှတ်တစ်သန်းသာ ကျန်တော့တယ်။ လီဖူချန်းက ဒါကို အရေးပေါ်အတွက် သိမ်းထားရလိမ့်မယ်။

All Chapters