← Chapters

အကျဉ်းထောင်ကိုးထပ်စင်မြင့်မှ ကောင်းကင်နယ်စားမင်းကို ချုပ်နှောင်ခြင်း

Vol. 111 Ch. 1453

အကျဉ်းထောင်ကိုးထပ်စင်မြင့်မှ ကောင်းကင်နယ်စားမင်းကို ချုပ်နှောင်ခြင်း

Vol. 111 Ch. 1453

“သေမယ် ဟုတ်လား”

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်က သူတို့ကို ကြိုဆိုကာ ကောင်းကင်နန်းဆောင်ထဲသို့ ဖိတ်ခေါ်သည်။ သူက အေးအေးလူလူ ပြောနေသည်။ “ငါ ဒီလိုနေ့ကို စောင့်နေခဲ့တာ ကြာခဲ့ပြီလေ… ငါ သေပြီး ကောင်းကင်တာအိုရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်နိုင်မှာကိုပေါ့…. ကောင်းကင်နတ်အရှင်မူ၊ မင်းက လွတ်လပ်တယ်… မဟာတာအိုကနေ မွေးဖွားလာခဲ့တဲ့ ရှေးဟောင်းနတ်ဘုရားတစ်ပါး မဟုတ်ဘူး… ဆိုတော့ မဟာတာအိုရဲ့ ဖိနှိပ်မှုကို နားမလည်ဘူး…. ဒါက ငါ့ရဲ့ခန္ဓာကိုယ်… ကြည့်လေ အခု ငါ့ခန္ဓာကိုယ်ကို သုံးလို့ရလို့လား”

“ခန္ဓာကိုယ်အပေါ် ထိန်းချုပ်မရဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ သိလား...”

သူက စိတ်ပျက်လက်မှိုင်ကျနေသည့် အမူအရာဖြင့် ရှင်းပြသည်။ “တာအိုကနေ မွေးဖွားလာတြ့ နတ်ဘုရားဆိုတာ ခန္ဓာကိုယ်အပေါ် အစိုးမရဘူး … အခု ကောင်းကင်တာအိုရဲ့ အသိစိတ်အလျဉ်က ငါ့ခန္ဓာကိုယ်အပြင် မူလဝိညာဉ်ကိုတောင် အပြည့်အဝ ထိန်းချုပ်နေပြီ… ငါ့မှာ အသိစိတ်အလျဉ် ရှိပေမယ့် ငါ့ရဲ့လှုပ်ရှားမှုတိုင်း၊ စကားလုံးတိုင်းက ကောင်းကင်တာအို ထိန်းချုပ်တာကို ခံနေရတာ… ငါက ငါ့ခန္ဓာကိုယ်ကို ထိန်းချုပ်နေတဲ့သူလို့ ထင်နေသေးတာလား… မဟုတ်ဘူး ကောင်းကင်တာအိုက ထိန်းချုပ်နေတာ… ကောင်းကင်တာအိုက စကြ၀ဠာမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်တဲ့အရာပဲ… ငါက မလွတ်လပ်ဘူး… ကောင်းကင်တာအိုရဲ့ ရုပ်သေးရုပ်တစ်ရုပ်သာသာပဲ ရှိတယ်… မင်းတို့အားလုံးက ကောင်းကင်ရဲ့ အပေါ်မှာ နေပြီး အဆုံးအစမရှိတဲ့ စွမ်းအားတွေ၊ အင်အားတွေ ပိုင်ဆိုင်ထားတဲ့ ကောင်းကင်နယ်စားမင်းကို အားကျနေကြပေမယ့် ငါကတော့ ဒီခန္ဓာကိုယ်ထဲမှာ မွေးဖွားလာကတည်းက ချုပ်လှောင်ခံခဲ့ရတာ… လှောင်အိမ်တစ်ခုထဲမှာ မွေးဖွားလာခဲ့သလိုပေါ့”

တကယ်တမ်း ဤအခိုက်အတန့်တွင် ကောင်းကင်နယ်စားမင်းမှာ အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း ချင်မူနှင့် ကျန်သူများအရှေ့တွင်တော့ သူ၏စိတ်လှုပ်ရှားမှုကို ထိန်းချုပ်ထား၏။

“ကိုးကွယ်ပူဇော်ခံရတဲ့ နတ်ဘုရားတွေကိုတောင်မှ အားကျမိတယ်… သူတို့က ကိုးကွယ်ပူဇော်တာကနေ မွေးဖွားလာခဲ့တဲ့အတွက် တာအိုက မွေးလာတဲ့ နတ်ဘုရားတွေလောက် အချုပ်အနှောင်တွေ မရှိကြဘူး.. လောကက သတ္တဝါတွေအပေါ်လည်း အားကျမိတယ်… သူတို့က ပုရွက်ဆိတ်လေးတွေလို သေးငယ်ပေမယ့် လွတ်လပ်စွာ နေနိုင်ကြတယ်လေ…”

“မဟုတ်ဘူး… ခင်ဗျား သူတို့ကို အားမကျဘူး…”

ချင်မူက ရပ်လိုက်ပြီး သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။ “ကောင်းကင်နယ်စားမင်းက အဲ့ဒီပုရွက်ဆိတ်တွေကို ဘာလို့အားကျရမှာလဲ… ကောင်းကင်နယ်စားမင်း၊ ခင်ဗျားရဲ့ ပန်းတိုင်က ကောင်းကင်တာအိုရဲ့ ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်ဖို့ပဲ… ဒါပေမဲ့ လွတ်မြောက်သွားတဲ့အခါကျ ပုရွက်ဆိတ် ဖြစ်ချင်တာ မဟုတ်ဘူး… ကောင်းကင်နယ်စားမင်းရဲ့ စွမ်းအားကို အရယူပြီး အာဏာရှိချင်နေသေးတာ… ခင်ဗျားက သတ္တဝါတွေနဲ့ တန်းတူဖြစ်လာချင်တာမဟုတ်ဘဲ သတ္တဝါတွေအပေါ် အုပ်စိုးချင်တာပဲ..”

“မှားတယ်…”

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်ကလည်း ရပ်၍ ချင်မူနှင့် ကျန်သူများဆီသို့ လှည့်ကြည့်လိုက်သည်။ “ငါက ပုရွက်ဆိတ်တွေကို အားမကျဘူးလို့ ပြောတာတော့ မှန်တယ်… ဒါပေမယ့် မင်းရဲ့ ဒုတိယစကားကတော့ အမှားကြီး မှားသွားပြီ… ငါက သတ္တဝါတွေအပေါ် အုပ်စိုးချင်တာမဟုတ်ဘူး အဆင့်တက်ချင်တာ… ကောင်းကင်တာအိုအထိ တက်ပြီးတော့ တာအိုနောင်တော်ထိုက်ယီလို လွတ်လပ်ပြီး ချုပ်နှောင်မှုမရှိတဲ့ အဆင့်တစ်ဆင့်အထိ ရောက်ချင်တာ..”

ချင်မူက သူ့ကို လက်ညှိုးထိုးကာ ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ “ကောင်းကင်နတ်အရှင်ဟုန် ဘာတွေတွေးနေလဲ ခင်ဗျားသိရဲ့လား... ကောင်းကင်တာအိုအထိ တက်လှမ်းချင်တယ်ဆိုတဲ့အဓိပ္ပာယ်က ကောင်းကင်နယ်စားမယ့်အဟောင်းကို သေစေပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါးအဖြစ်နဲ့ စကြ၀ဠာတစ်ခုလုံးအပေါ် အုပ်ချုပ်ချင်တဲ့ သဘောပဲလေ… ခင်ဗျား အဆင့်တက်လို့မရဘူး”

သူသည် ရယ်မောနေသော်လည်း သူ၏မျက်နှာတွင်ရော၊ နှလုံးသားထဲ၌ပါ ပျော်ရွှင်မှုတစ်စက်မှ ရှိမနေပေ။

သားသတ်သမားက မျက်မှောင်ကြုတ်လိုက်သည်။

သားသတ်သမားအနေဖြင့် ချင်မူ့ကို နက်နက်နဲနဲ နားလည်၏။ သူသည် ချင်မူ့ကို ဒုက္ခိတဘိုးဘွားကျေးရွာမှ တခြားအဘိုးအဘွားများနှင့်အတူ ပျိုးထောင်ပေးခဲ့သူမ ဟုတ်ပါလော။ ချင်မူ၏ မျက်နှာအမူအရာသည် သူ့စိတ်ရင်းနှင့် အရေးပါမှုကို ဖော်ပြပြီး သူ၏ တွေးတောဆင်ခြင်နိုင်စွမ်းကို ဖယ်ထုတ်ထားရသည့်အချိန်များလည်း ရှိတတ်သည်။

ဤအခိုက်အတန့်တွင် ချင်မူ၌ နည်းလမ်းတစ်ခုတည်းသာ ရှိပြီး ၎င်းသည် တုံ့ဆိုင်းမနေရန် ဖြစ်ပေသည်။

သူက ကောင်းကင်ဓားမ၏ ဓားမရိုးကို တိတ်တဆိတ် လှည့်လိုက်သောကြောင့် ကျဲ့ဟွလီ၊ လော့ဝူရွှမ်နှင့် ကျန်သူများလည်း ချက်ချင်း နားလည်သွားသည်။ ထျန်းရှု၏ အရက်နှစ်လုပ် မြိုချကာ သတ္တိမွေးလိုက်၏။

သူတို့အားလုံး အသင့်ဖြစ်နေချေပြီ။ ချင်မူ ဝိညာဉ်စင်မြင့်ပေါ်တွင် ကောင်းကင်နယ်စားမင်းကို စော်ကား၍ ကောင်းကင်နယ်စားမင်း၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရလျှင်တောင်မှ သူတို့အားလုံး တုံ့ဆိုင်းနေကြမည်မဟုတ်ပေ။

“ငါ သိပါတယ်”

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်သည် ‌မှင်သေသေ အမူအရာဖြင့် မမြန်လွန်း၊ မနှေးလွန်း ပြောသည်။ “ကောင်းကင်နတ်အရှင်ဟုန်က ငါပဲ… သူ့အတွေးတွေကလည်း ငါ့အတွေးတွေပဲ… ကောင်းကင်နတ်အရှင်မူ၊ ကောင်းကင်နတ်အရှင်ဟုန်က ငါ့ဝိညာဉ်တစ်ခုသက်သက်ပဲလို့ မင်း ထင်နေတာလား… လူက လူ့ပြည်မှာ ရှင်သန်ခဲ့ရတာများလို့ စိတ်ညစ်ညမ်းလာပြီး ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါးဖြစ်ချင်နေတယ်လို့ ထင်နေတာလား…. သူ့အတွေးတွေက ငါနဲ့ မတူဘူးလို့ မင်း ထင်နေတာလား… ဒီကိစ္စတွေကို ငါ့နောက်ကွယ်မှာ ငါ မသိအောင် လုပ်နေတယ်လို့ ထင်နေတာလား.. ဒါဆိုရင်တော့ မင်း မှားသွားပြီ… အမှားကြီး မှားသွားခဲ့ပြီ”

သူ့မျက်လုံးထဲရှိ အဖြူရောင်အလင်းတို့က တိမ်တိုက်များကဲ့သို့ လွင့်မြောလာပြီး သူ့အသံက ကောင်းကင်ခေါင်းလောင်းကဲ့သို့ ဟိန်းထွက်လာ၏။ “ကောင်းကင်နတ်အရှင်ဟုန်က ငါပဲ… သူ့အတွေးတွေက ငါ့အတွေးတွေပဲ…. သူ့ရဲ့ လုပ်ရပ်တွေအားလုံးက င့ါလုပ်ရပ်တွေ ဖြစ်ပြီး သူ့အတွေးတွေက ငါ့ရဲ့ကောင်းကင်နှလုံးသားထဲမှာ ရောင်ပြန်ဟပ်နေတယ်… သူ့ရဲ့ လိုအင်ဆန္ဒတွေ‌နဲ့ ရည်ရွယ်ချက်တွေကလည်း ငါ့လိုအင်ဆန္ဒနဲ့ ရည်ရွယ်ချက်တွေပဲ”

ချင်မူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရင်း အက်ကွဲစွာ မေးလိုက်သည်။ “သူ့လိုအင်ဆန္ဒနဲ့ ရည်ရွယ်ချက်တွေက ခင်ဗျားရဲ့ လိုအင်ဆန္ဒနဲ့ ရည်ရွယ်ချက်တွေရဲ့ တစ်စိတ်တစ်ပိုင်းမလား”

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်က ပြုံး၏။ “မင်း နောက်ဆုံးတော့ နားလည်သွားပြီပဲ… ဟုတ်တယ် ကောင်းကင်နတ်အရှင်ဟုန်ရဲ့ အတွေးတွေအားလုံးက ငါ့အတွေးတွေရဲ့ တစ်စိတ်တစ်ပိုင်းပဲ… သူက ငါ့ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်တဲ့အတွက် ငါ့ကို အစားထိုးလို့မရဘူး… ငါ သေရင် ကောင်းကင်တာအိုရဲ့ အချုပ်အနှောင်ကနေ လွတ်မြောက်ပြီး ငါ့အတွေးတွေအားလုံး ဆင်းသက်လာလိမ့်မယ်… သူ့အတွေးတွေက ငါ့အတွေးတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်…”

“ဒါဆိုရင် ခင်ဗျားမှာ ကောင်းကင်နှလုံးသား ရှိနေဦးမှာလား… ကောင်းကင်တာအိုရဲ့ နှလုံးသား ရှိနေဦးမှာလား”

ချင်မူက မေးသည်။ “အဲဒီအချိန်မှာ ခင်ဗျားက ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါးဖြစ်လာမှာလား… ဒါမှမဟုတ် ကောင်းကင်နယ်စားမင်း ဖြစ်နေဦးမှာလား..”

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်က တွေးတောပြီးနောက် ပြန်မေးသည်။ “ကောင်းကင်နှလုံးသားဆိုတာ ဘာလဲ… ငါ့နှလုံးသားက ငါ့နှလုံးသားပဲ မဟုတ်ပေလား”

သူ့စကားဆုံးသွားသည့် အခိုက်အတန့်တွင် ချင်မူက လှုပ်ရှားလိုက်သည်။ သူ ထုတ်ဖော်လိုက်သည့် တိုက်ကွက်ကား ကောင်းကင်နတ်သိုင်းကျင့်စဉ်စနစ်၏ ကောင်းကင်ဘုံ ၂၅ ဘုံအဆင့် အကျဉ်းထောင်ကိုးထပ်စင်မြင့် ဖြစ်သည်။

မရေမတွက်နိုင်သော ဆူးချွန်များက ကောင်းကင်နယ်စားမင်း၏ ဝိညာဉ်စင်မြင့်ထက်၌ ဖွဲ့တည်လာသည်။ ၎င်းတို့က ချွန်ထက်နေပြီး မြေပြင်ပေါ် ကျရောက်သည်နှင့် လျင်မြန်စွာ ကြီးထွားလာကြသည်။ ထို့နောက် တောင်တန်းများနှင့် အကျဉ်းထောင်စင်မြင့်များအဖြစ် ပြောင်းလဲသွားကြချေပြီ။

အကျဉ်းထောင်စင်မြင့် တစ်လွှာပြီးတစ်လွှာက ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ် ပတ်ပတ်လည်တွင် လှည့်ပတ်နေကြရင်း မူလဝိညာဉ်အား အကျဉ်းထောင်ကိုးထပ်ထဲတွင် ‌ချုပ်နှောင်လိုက်ကြသည်။

အကျဉ်းထောင်ကိုးထပ် တာအိုနှလုံးသားအပေါ် ချုပ်နှောင်ခြင်း။

တာအိုနှလုံးသားသည် တာအိုကျင့်စဉ်စနစ်နှင့် မတူ။ တာအိုနှလုံးသား ချုပ်နှောင်ခံရပါက တာအိုကျင့်စဉ်စနစ်၏ လုပ်ဆောင်နိုင်စွမ်းအပေါ် သက်ရောက်နိုင်သည်။ တာအိုသိမြင်နားလည်မှု၊ ပြန်လည်သက်သာနိုင်စွမ်းနှင့် ကျင့်ကြံခြင်းတိုးတက်မှုအပေါ်လည်း သက်ရောက်နိုင်၏။

ချင်မူ အကျဉ်းထောင်ကိုးထပ် တာအိုနှလုံးသားအချုပ်အနှောင် သိုင်းကွက်ကို အသက်သွင်းလိုက်သည်နှင့် ကောင်းကင်နယ်စားမင်း၏ ဝိညာဉ်စင်မြင့်ရှိ ကောင်းကင်တာအိုသင်္ကေတများက တဝီဝီ မြည်လာကြသည်။ ဝိညာဉ်သန္ဓေသားပေါ်ရှိ ကောင်းကင်တာအိုရတနာလည်း မြည်ဟီးလာ၏။ ဤသည်ကား ကောင်းကင်တာအို၏ အမျက်ဒေါသပင်။

ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်ရဲသည့် မည်သူမဆို ကောင်းကင်တာအို၏ ထိန်းချုပ်ခြင်း ခံရပြီး သတ်ဖြတ်ခံရပေလိမ့်မည်။

ချင်မူ စတင်တိုက်ခိုက်သည့်အချိန်တွင် သားသတ်သမား၊ ကျဲ့ဟွလီ၊ တျန်းရှုနှင့် လော့ဝူရွှမ်တို့အားလုံး ဓားမများ ဆွဲထုတ်လိုက်ကြ၏။ ဓားမသံတို့က ဆူညံလာပြီး လူရိပ်လေးခုက အရပ်လေးမျက်နှာသို့ ပျံထွက်သွားကြသည်။ သူတို့၏ သိုင်းအဆင့်များမှာ မလုံလောက်သေးသောကြောင့် ကောင်းကင်နယ်စားမင်း၏ ခမ်းနားလှသော ကောင်းကင်တာအိုစွမ်းအားအရှေ့တွင် မည်မျှပင် အံ့သြဖွယ်ကောင်းသော ဓားမကွက်များနှင့် ကောင်းကင်နတ်သိုင်းများဖြစ်စေကာမူ ချိုးဖျက်ခံရလိမ့်မည်သာ။

ချင်မူ ကောင်းကင်တာအိုစွမ်းအားကြောင့် သေဆုံးတော့မည့်အချိန်တွင် ကောင်းကင်တာအိုသင်္ကေတများနှင့် ကောင်းကင်တာအိုရတနာများမှာ ရုတ်တရက် ရပ်တန့်သွားသည်။

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်သည် ကောင်းကင်တာအို၏ စိတ်ဆန္ဒကို အတတ်နိုင်ဆုံး တွန်းလှန်နေရသဖြင့် တုန်ရီနေ၏။ သူက အက်ကွဲနေသောအသံဖြင့် ပြောသည်။ “ကောင်းကင်နတ်အရှင်မူ၊ မင်းရဲ့ ကောင်းကင်နတ်သိုင်းတွေကို ရုတ်သိမ်းလိုက်ပါ..မင်းက အသက်ရှင်နိုင်သေးပေမယ့် ငါ ကောင်းကင်တာအိုရဲ့ စိတ်ဆန္ဒကို မခုခံနိုင်ဘူး…”

ချင်မူက အကျဉ်းထောင်ကိုးထပ်စင်မြင့်ပေါ်ရှိ ကောင်းကင်နယ်စားမင်းမူလဝိညာဉ်ဆီသို့ ကြည့်ကာ လက်သီးဆုပ်လိုက်သည်။ “ဒီကောင်းကင်နတ်သိုင်းထဲက အရင်ထွက်လိုက်”

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်က ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။ ခြေတစ်လှမ်း လှမ်းရုံသာ ရှိသေးသည်၊ ဆူးချွန်များက နေရာတိုင်းတွင် ပေါက်လာကြလေသည်။

မရေမတွက်နိုင်သော ဆူးချွန်တို့က အကျဉ်းထောင်ကိုးထပ်စင်မြင့်၏ နံရံများမှ ဖောက်ထွက်လာကြသဖြင့် သူ့မှာ တစ်လက်မလေးပင် လှုပ်ရှားရန် ခက်ခဲနေတော့သည်။

ပို၍ကြောက်မက်ဖွယ်ကောင်းသည်က ဆူးချွန်တောအုပ်သည် သူ၏ တာအိုနှလုံးသားအပေါ် ပစ်မှတ်ထားခြင်းပင်။ သူ တစ်လက်မလေးမှ မလှုပ်ရှားလျှင်ပင် သူ၏တာအိုလုံးသားမှာ ပြင်းထန်လှသော နာကျင်မှုကို ခံစားနေရသည်။

ရုတ်တရက် ကောင်းကင်နယ်စားမင်း၏ ဝိညာဥ်စင်မြင့်က နောက်တစ်ကြိမ် တုန်ခါလာပြီး ‌ကောင်းကင်တာအိုရတနာနှင့် သင်္ကေတအမှတ်အသားတို့က စွမ်းအားတို့ ပေါက်ကွဲထွက်လာပြန်၏။ သားသတ်သမားနှင့် ကျန်သူများက ချင်မူ့အနားသို့ အပြေးအလွှားလာ၍ ဝန်းရံလိုက်ကြပြီး ဓားမများကိုင်ကာ ပတ်ဝန်းကျင်အပေါ် လွှမ်းခြုံထားသော ကောင်းကင်တာအိုအလင်းရောင်နှင့် ကောင်းကင်တာအိုရတနာများထံ ကြည့်လိုက်ကြသည်။

ဤနေရာရှိ ကောင်းကင်စွမ်းအားမှာ အားကောင်းပြင်းထန်လှသေည်။ လှိုင်းလေးတစ်ချက်ကပင် သူတို့အားလုံးကို ပြာကျသေဆုံးသွားစေနိုင်သည်အထိ ပြင်းထန်ပေသည်။

“ဂိုဏ်းသခင်ချင်၊ မင်း ကောင်းကင်နယ်စားမင်းရဲ့ အတွေးကို ထည့်တွက်သင့်တယ် ထင်တယ်”

ကျဲ့ဟွလီက နှုတ်ခမ်းထောင့်မှ သွေးကို လျက်လိုက်ရင်း အကြံပေး၏။ “မင်းရဲ့စိတ်ထဲမှာ လေးစားတန်ဖိုးထားပေမယ့် တကယ့်တကယ် မင်းရဲ့ လေးစားမှုနဲ့ မထိုက်တန်တဲ့ ပုဂ္ဂိုလ်တစ်ယောက်အတွက် မင်းရဲ့အသက်ရော၊ ငါတို့ရဲ့အသက်ကိုပါ စတေးပစ်ဖို့ မထိုက်တန်ပါဘူး”

All Chapters