← Chapters

တာအိုနှလုံးသားကို တန်းတိုက်ခိုက်ခြင်း

Vol. 111 Ch. 1456

တာအိုနှလုံးသားကို တန်းတိုက်ခိုက်ခြင်း

Vol. 111 Ch. 1456

ချင်မူ့အသိစိတ်အလျဉ်မှာ အားကောင်းသော်ငြား ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်ဘုရင်လန်ဝူတို့ဖြင့် ယှဉ်လျှင်တော့ နိမ့်ကျသေးသည်။ အမျိုးသမီးနှစ်ဦး၏ အသိစိတ်အလျဉ်ကောင်းကင်နတ်သိုင်းများက မဟာဧကရာဇ်၏ မဟာခြုံလွှမ်း အဆင့်မြင့်အသိစိတ်အလျဉ်ကောင်းကင်ဘုံအား တုပထားခြင်းကို တခဏအတွင်း ပျက်စီးသွားစေသည်။

သို့သော် ချင်မူအနေဖြင့် ကောင်းကင်နတ်အရှင်ကုန်းနှင့် နတ်ဘုရင်လန်ဝူတို့၏ အသိစိတ်အလျဉ်များ မထိတွေ့အောင် တားဆီးလိုက်နိုင်လေသည်။ သူတို့၏ အသိစိတ်အလျဉ်များ မထိတွေ့သရွေ့ ကောင်းကင်နတ်အရှင်ကုန်းအနေဖြင့် နတ်ဘုရင်လန်ဝူကို စကားလုံးများဖြင့် ဖြောင်းဖြသိမ်းသွင်းရန် ခက်ခဲပေလိမ့်မည်။

စကားလုံးများကို အသုံးပြုခြင်းက အသိစိတ်အလျဉ်လောက် မမြန်ဆန်သလို ၊ နားလည်သိမြင်နိုင်ရန် ပို၍ ခက်ခဲ၏။ ထိုမျှသာမက ချင်မူလည်း အချိန်မရွေး ဝင်ရောက်နှောင့်ယှက်နိုင်ပေသည်။

လန်ဝူက ချင်မူ ထိခိုက်ဒဏ်ရာမရစေရန် အသိစိတ်အလျဉ်အား ချက်ချင်း ရုတ်သိမ်းလိုက်၏။

သို့သော် ကောင်းကင်နတ်အရှင်ကုန်းကတော့ မရုတ်သိမ်းပေ။ ချင်မူ သူမ၏ ကောင်းကင်နတ်သိုင်းစွမ်းအားအောက်၌ သေဆုံးရတော့မည့်အချိန်မှာပဲ ဗျပ်စောင်းသံတစ်သံ ထွက်ပေါ်လာ၏။ ကောင်းကင်နတ်အရှင်ယွဲ့က ဗျပ်စောင်းကြိုးများကို တီးခတ်နေပြီး နေရာဟင်းလင်းပြင်အလွှာများကား ကောင်းကင်နတ်အရှင်ကုန်း၏ ကောင်းကင်နတ်သိုင်းကို ကာကွယ်ရန် ထွက်ပေါ်လာကြချေပြီ။

ကောင်းကင်နတ်အရှင်ကုန်း အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ထိုအချိန်တွင် ကောင်းကင်နတ်အရှင်ဟွေ့လည်း သူ၏ရုပ်ခန္ဓာကို ရှာတွေ့သွား၏။ မီးတောက်များ ဖွားခနဲ တောက်ပလာပြီး သူသည် ကောင်းကင်နတ်အရှင်ကုန်းဘေး၌ သုန်မှုန်စွာ ပေါ်လာလေသည်။

ကောင်းကင်နတ်အရှင်ယွဲ့က တောင်၀င်ရိုးစွန်း၏ တာအိုမီးတောက် ဘိုးဘေးနယ်မြေကို အဝေးသို့ ပို့ထားခဲ့သောကြောင့် မည်သည့်နေရာမှန်း မရှာတွေ့တော့ရာ ကောင်းကင်နတ်အရှင်ဟွေ့၏ ရင်ထဲတွင် ဒေါသမီးတို့ တဟုန်းဟုန်း တောက်လာသည်။

ကောင်းကင်နယ်စားမင်း၏ ကောင်းကင်တာအိုကိုပင် မရသေးသည့်အပငြ် တောင်၀င်ရိုးစွန်း၏ တာအိုမီးတောက် ဘိုးဘေးနယ်မြေကိုပါ ဆုံးရှုံးခဲ့ရလေရာ သူသည် အမျက်တစ်ချောင်းချောင်း ထွက်နေတော့၏။

ချင်မူက ကောင်းကင်နတ်အရှင်ကုန်းနှင့် ကောင်းကင်နတ်အရှင်ဟွေ့တို့ကို မိတ်ဆွေဟောင်းများပမာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည့်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ကောင်းကင်နတ်အရှင်ယွီက အသက်ရှိနေသေးတယ်နော်… ခင်ဗျား ဒါကို မေ့မသွားသေးဘူးမလား”

ကောင်းကင်နတ်အရှင်ဟွေ့မှာ ရင်ထဲတွင် တုန်ရီလာပြီး သူ၏အကြည့်သည် ချင်မူ့အပေါ်သို့ ကျရောက်သွား၏။ ချင်မူက သူ၏မျက်နှာကို ဖုံးကွယ်ထားသော်လည်း အနက်ရောင်အဝတ်စမှာ ကောင်းကင်နတ်အရှင်များအတွက် အရာမရောက်ချေ။

ကောင်းကင်နတ်အရှင်တစ်ပါးသည် တစ်ချက်ကြည့်ရုံနှင့် အဝတ်အောက်မှ မျက်နှာကို သိနိုင်သဖြင့် မှန်းနေစရာပင် မလိုပေ။

ကောင်းကင်နတ်အရှင်ဟွေ့အနေဖြင့် ကောင်းကင်နတ်အရှင်ယွီ အသက်ရှင်နေသေးကြောင်း ကြားခဲ့သည်မှာ ကြာလှပြီဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျ သွားရောက်မစစ်ဆေးခဲ့ချေ။

သို့သော် ချင်မူက ရှေးဟောင်းနတ်ဘုရားများကိုပင် အသက်ပြန်သွင်းပေးနိုင်သော ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ မှော်ဝိဇ္ဇာရှင် မဟုတ်ပါလော။ ကောင်းကင်နတ်အရှင်ယွီ၏ ရုပ်အလောင်းကို ယခုအချိန်အထိ ထိန်းသိမ်းထားနိုင်ပါက ချင်မူ့အနေဖြင့် ကောင်းကင်နတ်အရှင်ယွီကို အသက်ပြန်သွင်းပေးနိုင်ရန် ဖြစ်နိုင်၏။

ကောင်းကင်နတ်အရှင်ယွီနှင့် ပတ်သက်လာလျှင် ကောင်းကင်နတ်အရှင်ဟွေ့၏ ခံစားချက်များမှာ အမှန်တကယ် ရှုပ်ထွေးလှသည်။ ချင်မူက ဤအကြောင်းကို အစဖော်၍ သူ၏တာအိုနှလုံးသားအပေါ် တိုက်ခိုက်လိုက်သဖြင့် ကောင်းကင်နတ်အရှင်ဟွေ့မှာ တာအိုမီးတောက်ဘိုးဘေးနယ်မြေအကြောင်းပင် တခဏမျှ မေ့လျော့သွားမိသည်။

ချင်မူက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဘုံမှာ ကောင်းကင်နတ်အရှင်ဆယ့်တစ်ပါး ရှိတယ်….” သူက အေးအေးလူလူ ပြော၏။ “နှင်ထုတ်ခံခဲ့ရတဲ့ ကောင်းကင်နတ်အရှင်ရှောင်ကလွဲရင် ကျန်တဲ့ကောင်းကင်နတ်အရှင်တွေက ရွှမ်တုဆီ လာကြမှာပဲ… အခုအချိန်မှာ ကောင်းကင်နတ်ဘုံဟာ ဗလာဖြစ်နေပြီလေ… ကျွန်တော်သာ ကောင်းကင်နတ်အရှင်ယွီဆိုရင် ဒီအခွင့်အရေးကို အသုံးချပြီး ကောင်းကင်နတ်ဘုံဆီ သွားမှာပဲ… ကျောက်ယန်ခန်းမကို ဖွင့်ပြီး ဝိညာဉ်အပိုင်းအစကို ပြန်ယူရမယ်လေ မဟုတ်ဘူးလား”

ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်နှာရှေ့တွင် မီးပုံတစ်ခု တောက်လောင်နေသည့်အလား ထင်ရသည်။ သူ၏မျက်နှာကြီးက တစ်ခါတစ်ရံ တောက်ပလာပြီး တစ်ခါတစ်ရံတွင်တော့ မည်းမှောင်သွားတတ်၏။

သူက ရွှမ်တုစစ်မြေပြင်ဆီသို့ လှမ်းကြည့်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟုန်နှင့် ကျန်ကောင်းကင်နတ်အရှင်လေးပါးသည် ကောင်းကင်နယ်စားမင်းနှင့် ကောင်းကင်လက်နက် ကောင်းကင်နတ်အရှင်ယွီကို တိုက်ခိုက်နေကြ၏။ သူတို့၏တိုက်ကွက်များက ပိုမိုပြင်းထန်လာကြသည့်အလျောက် ကောင်းကင်နယ်စားမင်း ရှုံးနိမ့်ရန် အချိန်တစ်ခုသာ လိုတော့ချေပြီ။

ဤအချိန်တွင် ရွှမ်တု၌ ကောင်းကင်နတ်အရှင်ခြောက်ပါး စုဝေးနေကြသည်။ ဟောင်၊ ယန်၊ ရှုနှင့် ရှေးဟောင်းနတ်ဘုရားဘုရင်တို့သာ ပေါ်မလာခဲ့ကြပေ။

ကောင်းကင်နတ်အရှင်ဟွေ့၏ အသံက အက်ကွဲစွာ ထွက်ပေါ်လာ၏။ “နတ်အရှင်မယန်၊ ကောင်းကင်နတ်အရှင်ဟောင်နဲ့ ကောင်းကင်နတ်အရှင်ရှုတို့ ကောင်းကင်နတ်ဘုံမှာ ရှိနေသေးတဲ့အတွက် သူ အခွင့်အရေးရမှာ မဟုတ်ဘူး”

ချင်မူက ပြုံးသည်။ “ကောင်းကင်နယ်စားမင်း သေသွားတဲ့အခါကျ လာပြီး ဝေစုမယူတဲ့ ကောင်းကင်နတ်အရှင် ရှိပါ့မလား… အဲဒီအချိန်ကျရင် ကောင်းကင်နတ်အရှင်ဆယ်ပါးလုံး ရွှမ်တုမှာ မြေခွေးအုပ်လို အုံနေကြမှာလေ… အဲဒီအခိုက်အတန့်က ကောင်းကင်နတ်အရှင်ယွီအတွက် အခွင့်အရေးပဲ…. သူ့ရဲ့ ဝိညာဉ်အပိုင်းအစကို ပြန်သိမ်းပိုက်ပြီး အရင်ကောင်းကင်နတ်အရှင်ယွီ ပြန်ရောက်လာမှာကို ခင်ဗျား မလိုချင်ဘူးလား”

ချင်မူက ကောင်းကင်နတ်အရှင်ဟွေ့၏ ခံစားချက်ဟူသမျှ လွတ်မသွားအောင် သူ့မျက်နှာအား အသေအချာ စိုက်ကြည့်နေ၏။ သူ၏စကားလုံးများက ခိုင်ဧကရာဇ်၏ဓားနှင့် သားသတ်သမား၏ဓားမကဲ့သို့ သူ၏နှလုံးသားထဲရှိ ပြစ်ချက်များဆီသို့ တန်းတန်းမတ်မတ် ထိုးစိုက်နေလေသည်။

“ခင်ဗျား လေးစားအားကျရဆုံး ပုဂ္ဂိုလ်က သူလို့ ပြောခဲ့တာကို ကျွန်တော် မှတ်မိနေပါသေးတယ်… ခင်ဗျားက သူ့ကို အမြဲတမ်း အစ်ကိုကြီးလို့ခေါ်တဲ့အပြင် သူ့အတွက် ကလဲ့စားချေပေးမယ်လို့ ကျိန်ဆိုထားခဲ့တာလေ… အခုအချိန်မှာ သူက လူပြန်ဝင်စားနေပြီ… ဝိညာဉ်အပိုင်းအစကို ပြန်ယူနိုင်တာနဲ့ ပြန်လာလိမ့်မယ်”

ချင်မူက ဝမ်းသာအားရ ဆက်ပြောသည်။ “အခု ခင်ဗျားအတွက် အခွင့်အရေးရလာခဲ့ပြီ… ကောင်းကင်နတ်အရှင်ဟောင်ကို လျှို့ဝှက်တိုက်ခိုက်လိုက်ရင် ခင်ဗျားရဲ့ အစ်ကိုကြီးယွီက သိပ်ကို စိတ်ကျေနပ်နေလိမ့်မယ်လို့ ကျွန်တော် ထင်တယ်”

ကောင်းကင်နတ်အရှင်ကုန်းသည် တင်းမာခက်ထန်နေသော အမူအရာဖြင့် ကောင်းကင်နတ်အရှင်ဟွေ့၏ ဘေးမှ ခွာထွက်သွား၏။

ကောင်းကင်နတ်အရှင်ဟွေ့၏ ဦးခေါင်းနောက်ရှိ မီးတောက်ဘီးက လျင်မြန်စွာ လှည့်ပတ်ကာ လင်းထိန်လာသောကြောင့် သူ၏မျက်နှာအမူအရာကို ပို၍မည်းမှောင်လာစေ၏။ “ကောင်းကင်နတ်အရှင်ယွီ အသက်ပြန်ရှင်လာရင်တောင် ကျောက်ယန်ခန်းမကို ဖွင့်နိုင်မှာမဟုတ်ဘူး… ဒီနေ့က ကောင်းကင်နယ်စားမင်းကို ရှင်းလင်းဖယ်ရှားရမယ့်နေ့ပဲ… ငါ့ကို တားတဲ့သူမှန်သမျှ သေရလိမ့်မယ်”

သူ၏အသတ်အဖြတ်စိတ်ဆန္ဒတို့က ပေါက်ကွဲထွက်လာပြီး ချင်မူ၊ ကောင်းကင်နတ်အရှင်ယွဲ့နှင့် ကျန်သူများအားလုံးဆီသို့ ကြည့်လိုက်သည်။ သူက အေးစက်ခက်ထန်စွာ ကြိမ်းဝါးလိုက်၏။ “မင်းတို့အားလုံးအပါအဝင်ပေါ့”

သူ ထိုသို့ပြောခဲ့သည့်တိုင် ကောင်းကင်နတ်အရှင်ကုန်းသည် သူ့အား သတိထားနေကြောင်း သူ ခံစားနေရလေသည်။ သူတို့နှစ်ယောက်အနေဖြင့် မည်သည့်အခက်အခဲမှမရှိပဲ ရန်သူကို ပူးပေါင်းတိုက်ခိုက်ရန်မှာ မဖြစ်နိုင်တော့ပေ။

ချင်မူ့စကားများသည် သူနှင့် ကောင်းကင်နတ်အရှင်ကုန်းအကြား၌ သံသယတို့ ပေါက်ဖွားလာစေခဲ့ချေပြီ။ ထို့ကြောင့် သူ့အနေအထားမှာ ခံစစ်အနေအထား ဖြစ်လာသည်။

ချင်မူသည် နှလုံးသားအပေါ် တိုက်ခိုက်ရာတွင် ကျွမ်းကျင်၏။ တစ်ဖက်လူသည် သူ့အား ရန်သူတစ်ယောက်ဟု မခံစားရစေဘဲ မိတ်ဆွေတစ်ယောက်ဟု တွေးမိသွားအောင်လည်း ဆောင်ရွက်တတ်၏။

သူက မိတ်ဆွေရင်းတစ်ဦးကဲ့သို့ သူတို့အား ကောင်းကောင်းနားလည်နေတတ်သည်။ နှလုံးသားမှစတင်၍ အတွေးအခေါ်များ၊ လုပ်ဆောင်မှုများကို အကဲခတ် အဖြေထုတ်ကာ မှန်ကန်သည်ဟု ထင်ရသော အကြံပြုချက်များ ပေးတတ်၏။

သို့သော် တစ်ဖက်လူမှာ ကိုယ်တိုင်ပင် မသိလိုက်ဘဲ သူ့ထောင်ချောက်အတွင်း ကျရောက်နေပြီး ဖြစ်လိမ့်မည်။

ကောင်းကင်နတ်အရှင်ဆယ်ပါးအနက် အတော်များများသည် ချင်မူ၏ နှလုံးသားတိုက်ပွဲကို ကြုံခဲ့ဖူးလေသည်။ ယခုက ကောင်းကင်နတ်အရှင်ဟွေ့၏ အလှည့်ပင်။

ထိုစဉ် ရွှမ်တုမှာ ပြင်းပြင်းထန်ထန် တုန်ခါလာပြီး ကြယ်တာရာများ ပျံ့ကြဲသွား၏။ အားလုံး တအံ့တဩ လှမ်းကြည့်လိုက်ကြသည်။

ကောင်းကင်နယ်စားမင်းကား သူ၏ခန္ဓာကိုယ်ကို ချုံ့၍ ခြေထောက်ကို လှုပ်ရှားရင်း လမ်းလျှောက်နေလေရာ ရွှမ်တုတွင် အုတ်အော်သောင်းနင်း ဖြစ်နေတော့သည်။

ကောင်းကင်နယ်စားမင်း၏ ခန္ဓာကိုယ်အစစ်အမှန်သည် ကြီးမားကျယ်ပြန့်လွန်းပြီး မလှုပ်မယှက်သာ ထိုင်နေခဲ့၏။ ကောင်းကင်နတ်အရှင်ဟုန်နှင့် အခြားကောင်းကင်နတ်အရှင်လေးပါး တိုက်ခိုက်လာသည့်အချိန်၌ပင် ခြေထောက်မလှုပ်ခဲ့ပေ။

သူ့ခြေထောက်အား လှုပ်ရှားလိုက်ပါက တစ်လောကလုံးရှိ ကြယ်တာရာများ နေရာပြောင်းကုန်နိုင်သဖြင့် အပြောင်းအလဲများ အကြီးအကျယ် ဖြစ်ပေါ်လာပေလိမ့်မည်။

ယခုတွင် သူသည် ကောင်းကင်နတ်အရှင်လေးပါး၏ တိုက်ကွက်ကို ရှောင်တိမ်းရန် ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ရခြင်း ဖြစ်၏။

ချင်မူ့မျက်လုံးထောင့်များ တွန့်သွားသည်။ “ကောင်းကင်နယ်စားမင်း၊ ခင်ဗျား အကျဉ်းထောင်ကိုးထပ်စင်မြင့်ကနေ မလွတ်သေးဘူးလား… ကောင်းကင်နှလုံးသားကို သိမြင်နားလည်နေသင့်ပြီလေ… ပြောရရင် ခင်ဗျားက ကောင်းကင်တာအိုက‌နေ မွေးဖွားလာပြီး အကျွမ်း၀င်နေတာ ကြာခဲ့ပြီလေ…. ကောင်းကင်နှလုံးသားနဲ့ ကောင်းကင်တာအိုရဲ့ ကောင်းကင်ဘုံ ၂၄ခုကို သိမြင်နားလည်နိုင်ရင် ခင်ဗျား လွတ်မြောက်နိုင်လိမ့်မယ်”

တာအိုနတ်ဘုရားတစ်ပါးဖြစ်သည့် ကောင်းကင်နယ်စားမင်းသည် ကောင်းကင်တာအိုမှ မွေးဖွားလာခဲ့သူ မဟုတ်လော။ သူ့ဘဝသက်တမ်းတလျှောက်တွင် ကောင်းကင်တာအိုနှင့် ပတ်သက်သည့် အောင်မြင်မှုများသာ ရရှိခဲ့သဖြင့် ‌ကောင်းကင်တာအိုအပေါ် သိမြင်နားလည်နိုင်ချေအမြင့်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူသည် ကောင်းကင်တာအို၏ ကောင်းကင်ဘုံ ၂၄ ခုကိုလည်း ဖော်ဆောင်နိုင်ခြေအရှိဆုံး ဖြစ်၏။

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်သာ ကောင်းကင်နှလုံးသားကို သိမြင်နားလည်ပါက ကောင်းကင်တာအို၏ အချုပ်အနှောင်များမှ လွတ်မြောက်သွားသည့်အခါ အာဏာနှင့် ကျော်ကြားမှုကို တပ်မက်စွဲလမ်းနေသည့် ကောင်းကင်နတ်အရှင်ဟုန် ဖြစ်လာတော့မည်မဟုတ်ပေ။

ဤသည်က ချင်မူ မျှော်လင့်ထားသည့်အရာပင်။

ကောင်းကင်နယ်စားမင်း၏ မူလဝိညာဉ်အနေဖြင့် အကျဉ်းထောင်ကိုးထပ်စင်မြင့်မှ လွတ်မြောက်နိုင်သရွေ့ ကောင်းကင်နတ်အရှင်ဟုန်သည် ကောင်းကင်နယ်စားမင်း၏ အသိစိတ်အလျဉ် ဖြစ်လာလိမ့်မည်မဟုတ်။ သူသည် တစ်လောကလုံးအတွက် ကပ်ဘေးမဟုတ်တော့မည့်အပြင် သူ၏တာအိုမိတ်ဆွေပင် ဖြစ်ကောင်းဖြစ်လာနိုင်သည်။

ကောင်းကင်နယ်စားမင်း၏ တာအိုကျင့်စဉ်စနစ် မြင့်မားလာသည်နှင့်အမျှ ကောင်းကင်နတ်အရှင်ဟုန်၏ အန္တရာယ်များသော အသိစိတ်အလျဉ်လည်း အားနည်းလာကာ ကောင်းကင်နယ်စားမင်းအပေါ် များများစားစား သက်ရောက်နိုင်တော့မည် မဟုတ်ပေ။

အဓိက မေးစရာမှာ ကောင်းကင်နယ်စားမင်းသည် အကျဉ်းထောင်ကိုးထပ်စင်မြင့်၏ အချုပ်အနှောင်တို့အား ဖောက်ထွက်နိုင်သည့်အထိ ကောင်းကင်နှလုံးသားကို အချိန်တိုအတွင်း အဆင့်တိုးမြှင့်နိုင်ပါမည်လော။

ကောင်းကင်နတ်အရှင်ဟွေ့၏ အကြည့်က ဖြတ်ခနဲလက်သွားပြီး ချင်မူနှင့် ကျန်သူများထံမှ အကြည့်လွှဲကာ ကောင်းကင်နယ်စားမင်းကို တိုက်ခိုက်နေကြသော ကောင်းကင်နတ်အရှင်ဟုန်နှင့် အခြားကောင်းကင်နတ်အရှင်များထံ ရောက်ရှိသွားသည်။

ကောင်းကင်နတ်အရှင်ကုန်းမှာလည်း အလားတူပင်။

အခြေအနေသည် အရေးကြီးသော အခိုက်အတန့်သို့ ရောက်ရှိနေချေပြီ။ ကောင်းကင်နတ်အရှင်လေးပါးသာ ပူးပေါင်းလိုက်ပါက ကောင်းကင်နယ်စားမင်းမှာ သူတို့ကို မယှဉ်နိုင်တော့ဘဲ သတ်ဖြတ်ခံရလိမ့်မည်။

သူတို့ ကောင်းကင်နယ်စားမင်းကို သတ်ဖြတ်လိုက်သည့် အခိုက်အတန့်သည် အကျိုးအမြတ်များ ခွဲယူရမည့် အရေးကြီးဆုံးအခိုက်အတန့် ဖြစ်၏။

နောက်ကျသွားလျှင် ခဲလေသမျှ သဲရေကျသာ ဖြစ်မည်။

ကောင်းကင်နတ်အရှင်ဟွေ့က ရုတ်တရက် မီးတန်းတစ်တန်းသဖွယ် ပြောင်းလဲကာ ကောင်းကင်နယ်စားမင်းဆီ ပျံသန်းသွားသည်။ ကောင်းကင်နတ်အရှင်ယွဲ့က လှုပ်ရှားလိုက်ရာ ဗျပ်စောင်းသံ ထွက်ပေါ်လာပြီး လေလယ်တွင် သူ့အား တားဆီးလိုက်၏။

သူတို့နှစ်ယောက်က ရွှမ်တုတွင် လျင်မြန်သွက်လက်စွာ လှုပ်ရှားနေကြပြီး ဗျပ်စောင်းသံနှင့် တာအိုမီးတောက်တို့က အရှိန်အဟုန်ပြင်းစွာ ထိတွေ့တိုက်ခိုက်နေကြလေသည်။

ကောင်းကင်နတ်အရှင်ယွဲ့သည် ဗျပ်စောင်းကြိုးကို တီးခတ်လိုက်သည့်အခါ ဗျပ်စောင်းသံသည် အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ပြည့်နှက်သွား၏။ ထောင်သောင်းများစွာသော နေရာဟင်းလင်းပြင်တို့က တစ်ခုနှင့်တစ်ခု ရောယှက်ဖြတ်သန်းလျက် ကောင်းကင်နတ်အရှင်ဟွေ့ကို အထဲ၌ ပိတ်လှောင်ထားလိုက်တော့သည်။

မီးတောက်များက ကောင်းကင်နတ်အရှင်ဟွေ့၏ ပတ်ပတ်လည်တွင် လောင်ကျွမ်းနေကြ၏။ သူက နေရာဟင်းလင်းပြင်ကို မီးလောက်တိုက်သွင်းလျက် နေရာဟင်းလင်းပြင်အလွှာများကို ဖြတ်သွားသည်။ ထို့နောက် သူ့အရှေ့တွင် မက်မွန်ပွင့်များ ပွင့်လန်းနေကြသော မက်မွန်တောအုပ်ကို မြင်လိုက်ရလေသည်။ ကောင်းကင်နတ်အရှင်ဟွေ့က နှာတစ်ချက်မှုတ်ကာ တောအုပ်တစ်ခုလုံးကို မီးရှို့ပြာချလိုက်သည်။

မက်မွန်တောအုပ်မှာ ပြာသာ ကျန်တော့သည့်တိုင်အောင် မီးလောင်ပျက်စီးသွားသည်။ ကောင်းကင်နတ်အရှင်ဟွေ့က မြေပြင်သို့ ဆင်းသက်လိုက်ပြီး ခပ်သုတ်သုတ် လျှောက်နေသည်။ သူက ပတ်ဝန်းကျင်အား အကဲခတ်ပြီးနောက် မျက်လုံးထောင့်စွန်းများ တွန့်သွားပြီး ခက်ထန်စွာ ရေရွတ်လိုက်၏။ “ကောင်းကင်နတ်အရှင်ယွဲ့…”

သူ့မျက်လုံးထဲသို့ ဝင်လာသည်မှာ ယွမ်တု၏ နေ၊လ၊ တောင်တန်းမြစ်ချောင်းများ ဖြစ်သည်။ သူ့မှာ ကောင်းကင်နတ်အရှင်ယွဲ့ ခင်းကျင်းလိုက်သော နေရာဟင်းလင်ပြင်ကောင်းကင်နတ်သိုင်းအား ဖြတ်သွားမိပြီး တဒင်္ဂလေးအတွင်း ရွှမ်တုမှ ယွမ်တုသို့ တန်းရောက်သွားတော့သည်။

သူ့အနေဖြင့် ဘိုးဘေးနန်းတော်မှ ရွှမ်တုသို့ ပြန်လိုလျှင် တစ်လကျော် ကြာမည်။ ယခုချက်ချင်း ထွက်ခွာလျှင်တောင်မှ ရွှမ်တုသို့ ရောက်ရန် တစ်လအနည်းဆုံး ကြာဦးမည်သာ။

သူရောက်သည့်အချိန်တွင် အခြေအနေတို့ ပြီးဆုံးနေလောက်ချေပြီ။

ကောင်းကင်နတ်အရှင်ဟွေ့ကား ရူးမတတ်အောင် ဒေါကန်လာသည်။ သို့သော် သူ့မှာ မည်သို့မျှမတတ်နိုင်တော့ပေ။ ဤနေရာသို့ ရောက်လာပြီဖြစ်၍ ရွှမ်တုသို့ ပြန်နိုင်မည့်အခွင့်အရေး မရှိတော့ပေ။

သူ့တွင် တာအိုမီးတောက်ဘိုးဘေးနယ်မြေ ရှိစဉ်တုန်းက ကောင်းကင်နတ်အရှင်ယွဲ့အနေဖြင့် သူ့ကို အဝေးမပို့နိုင်ခဲ့ပေ။ တာအိုမီးတောက်ဘိုးဘေးနယ်မြေက နေရာဟင်းလင်းပြင်ကို ပုံပျက်စေသည့်အပြင် ကောင်းကင်ဘုံ ကိုးထပ်လည်း ပါဝင်သည့်အတွက် ကောင်းကင်နတ်အရှင်ယွဲ့၏ ကောင်းကင်နတ်သိုင်းများမှာ သူ့အား မည်သို့မျှ မလုပ်နိုင်ခဲ့ပေ။

သို့သော် ချင်မူ၏ အလစ်တိုက်ခံရပြီးနောက် ကောင်းကင်နတ်အရှင်ယွဲ့က အခွင့်အရေးကို အသုံးချကာ တာအိုမီးတောက်ဘိုးဘေးနယ်မြေကို အဝေးပို့နိုင်ခဲ့သဖြင့် သူ့မှာ ကူကယ်ရာမဲ့သွားတော့သည်။

‘ဒါဖြင့် ကောင်းကင်နတ်ဘုံဆီ ပြန်ပြီး ကောင်းကင်နတ်အရှင်ယွီ ရောက်လာတာကို ကျောက်ယန်ခန်းမနားမှာ သွားစောင့်နေသင့်လား’

ထိုအခိုက်အတန့်တွင် ကောင်းကင်တာအို၏ အရှိန်အဝါကို သူ ခံစားလိုက်ရသည်။ သူသည် ရင်ထဲတွင် လှုပ်ခတ်သွားပြီး ကောင်းကင်တာအို၏ အရှိန်အဝါဘက်သို့ လှည့်ကြည့်လိုက်၏။

“ကောင်းကင်ယင်ကမ္ဘာ”

ကောင်းကင်နတ်အရှင်ဟွေ့ ပျံထွက်သွားသည်။ “ကောင်းကင်နယ်စားမင်းရဲ့ ခြေဖနောင့်... ဒီ ကောင်းကင်တာအိုအရှိန်အဝါက ... မဟုတ်မှ.... အဲဒီမျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးနဲ့ ရှေးဟောင်းနတ်ဘုရားဘုရင် ကောင်းကင်ယင်ကမ္ဘာထဲ အခု ရောက်နေတာများလား... အဲဒီလူ မထင်ရဘူးပဲ”

ရွှမ်တုတွင် ကောင်းကင်နတ်အရှင်ကုန်းလည်း ထကာ ကောင်းကင်နယ်စားမင်းဆီ ဦးတည်သွားသည်။ ကောင်းကင်နတ်အရှင်ရုံနှင့် လန်ဝူကလည်း သူမာအး တားရန် တစ်ပြိုင်တည်း ပြေးဝင်လာကြသည်။

ကောင်းကင်နတ်အရှင်ကုန်းသည် ကောင်းကင်နတ်အရှင်ယွဲ့ ကောင်းကင်နတ်အရှင်ဟွေ့အား အဝေးသို့ ပို့လွှတ်လိုက်ကြောင်း မြင်လျှင် ရင်ထဲ တုန်ရီလာမိ၏။ သူမအနေဖြင့် ကောင်းကင်နတ်အရှင်ယွဲ့ကို မကြောက်ချေ။ တစ်ယောက်တစ်ယောက်ချင်း တိုက်ခိုက်ပါက ကောင်းကင်နတ်အရှင်ယွဲ့ ကောင်းကင်နတ်သိုင်းမသုံးနိုင်အောင် အတွေးများအား သူမ နှောင့်ယှက်နိုင်သည်။

ကောင်းကင်နတ်အရှင်ယွဲ့၏ ကောင်းကင်နတ်သိုင်းကို သူမ လွယ်ကူစွာ ဖျက်စီးနိုင်၏။ ကောင်းကင်နတ်အရှင်ယွဲ့အနေဖြင့် သူမကို အဝေးသို့ ပို့နိုင်မည်မဟုတ်ပေ။

သို့သော် ကောင်းကင်နတ်အရှင်ရုံနှင့် လန်ဝူအပြင် သားကောင်ကို ချောင်းနေသော ကျားပမာ သူမအား မျက်စိဒေါက်ထောက် ကြည့်နေသည့် ချင်မူကိုပါ ထည့်တွက်လိုက်လျှင် သူမအတွက် အန္တရာယ် ရှိသည်။

ချင်မူက သားသတ်သမားတို့ကို ခေါ်ကာ တစ်ယောက်တည်းဖြစ်နေသည့် ကောင်းကင်နတ်အရှင်ကုန်းဆီသို့ စိတ်လှုပ်ရှားစွာ ပြေးတက်လာသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်နတ်အရှင်ယွဲ့ကလည်း ကောင်းကင်နတ်အရှင်ဟွေ့ကို ယွမ်တုသို့ နှင်ထုတ်နိုင်လိုက်သဖြင့် စိတ်သက်သာရာသွားပြီး ကောင်းကင်နတ်အရှင်ကုန်းထံ ပြေးဝင်လာတော့သည်။

ကောင်းကင်နတ်အရှင်ကုန်းက တင်းမာခက်ထန်နေသည့် အမူအရာဖြင့် တစ်ချက်အော်လိုက်သည်။ သူမအနောက်၌ ကောင်းကင်နန်းဆောင် အလွှာအထပ်ထပ် ဖွဲ့တည်လာပြီး ကောင်းကင်နန်းဆောင် ၃၅ ဆောင်သည် မဟာကောင်းကင်နတ်ဘုံအား ဖော်ဆောင်လိုက်၏။

သူမ နတ်ကောင်းကင်ခန်းမသို့ ဝင်ခဲ့စဉ်တုန်းက ခိုင်ဧကရာဇ်၏ အလစ်တိုက်ခိုက်ခြင်း ခံခဲ့ရသဖြင့် ဒဏ်ရာအပြင်းအထန် ရထားခဲ့သည်။ သို့သော် သူမ၏အစွမ်းအစများကား ကောင်းကင်နတ်အရှင်ဆယ်ပါးအကြား အားအနည်းဆုံး မဟုတ်ပေ။

တခြားကောင်းကင်နတ်အရှင်တစ်ယောက်ယောက်သာ ခိုင်ဧကရာဇ်၏ ချုံခိုတိုက်ခိုက်ခြင်း ခံခဲ့ရလျှင် မသေသွားခြင်းကပင် အောင်မြင်မှုကြီး ဖြစ်နေလိမ့်မည်။

ခိုင်ဧကရာဇ်၏ ကျင့်စဉ်စွမ်းအင်က ကောင်းကင်နတ်အရှင်များနှင့် မယှဉ်နိုင်သော်လည်း သူ၏ဓားလမ်းစဉ်က ကောင်းကင်နတ်အရှင်ဆယ်ပါးထက် မြင့်မားကျော်လွန်သည် မဟုတ်လော။ ကောင်းကင်နတ်အရှင်ဟောင်၊ ကောင်းကင်နတ်အရှင်ရှောင်နှင့် နတ်အရှင်မချန်းတို့ပင် သူတို့၏ကောင်းကင်နတ်သိုင်းများက ခိုင်ဧကရာဇ်၏ ဓားလမ်းစဉ်ထက် သာလွန်သည်ဟု ပြောဝံ့မည်မဟုတ်ပေ။

ချင်မူက အပြေးအလွှား သွားနေသော်လည်း ရုတ်တရက် ရပ်ကာ ကောင်းကင်နတ်အရှင်ကုန်းအား ကြည့်သည်။ သူ၏မျက်နှာအမူအရာက တည်ကြည်လေးနက်နေပြီး သူမအနောက်ရှိ ကောင်းကင်နန်းဆောင်အရေအတွက်ကို ရေကြည့်ရင်း သင်္ကာမကင်း ဖြစ်နေလေသည်။ “ခိုင်ဧကရာဇ်ကတော့ ဘယ်လိုလုပ်လိုက်တာတုန်း... ကောင်းကင်နတ်အရှင်ကုန်းကို ဒဏ်ရာအပြင်းအထန် ရအောင် လုပ်ပေးရုံပဲ ရှိတာကို ဒါလေးတောင် မလုပ်နိုင်ဘူး...”

All Chapters