← Chapters

မင်း ငါ့အပေါ် အကြွေးတင်နေသေးတယ်

Vol. 111 Ch. 1463

မင်း ငါ့အပေါ် အကြွေးတင်နေသေးတယ်

Vol. 111 Ch. 1463

စွဲလမ်းတပ်မက်မှုသည် တစ်စုံတစ်ယောက်ကို ရူးသွပ်သွားစေနိုင်၏။ ကောင်းကင်နယ်စားမင်း၏ အလိုရမ္မက်တို့ကြောင့် မွေးဖွားလာသော ရှေးဟောင်းနတ်ဘုရားဘုရင်သည် ချုပ်တည်းခံထားရသည့် စိတ်ရမ္မက်တို့အား ထုတ်လွှတ်နိုင်သွားသောကြောင့် ရူးသွပ်သွားပြီး စိတ်လှုပ်ရှားလာတော့သည်။

သူ့အနောက်ရှိ ကောင်းကင်နတ်အရှင်ဟွေ့ကိုပင် မမြင်တော့ချေ။

သူက လိုချင်တောင့်တခဲ့သော ဆန္ဒ ပြည့်ဝသွားသည်နှင့် စိတ်ဖြေလျော့လိုက်သည်။

တစ်စုံတစ်ယောက်သည် ရည်မှန်းထားသော အောင်မြင်မှု ရရှိရန် ဘဝတစ်လျှောက်လုံး စိတ်ကူးယဉ်နေခဲ့သည့်အပြင် အကျင့်စရိုက်ကိုပင် ဟန်ဆောင်ဖန်တီးထားခဲ့ရလျှင် ထိုဆန္ဒ ပြည့်ဝသွားသည့်အချိန်က ထိုသူ့အတွက် လုံးဝ စိတ်အေးသွားရသော အခိုက်အတန့် ဖြစ်ပေလိမ့်မည်။ သူ၏ အားအနည်းဆုံးအချိန်လည်း ဖြစ်ပေလိမ့်မည်။

ကောင်းကင်န‌တ်အရှင်ဟွေ့အနေဖြင့် ဤမျှရှားပါးသောအခွင့်အရေးကို လက်လွှတ်ခံလိမ့်မည် မဟုတ်ပေ။

သူသည် ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် ရှေးဟောင်းနတ်ဘုရားဘုရင်နှင့်နည်းတူ တည့်တိုးဆန်သောသူအဖြစ် နာမည်ကျော်ကြားသော်လည်း တုံ့ဆိုင်းမှုမရှိဘဲ တိုက်ခိုက်ပေလိမ့်မည်။

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် ဉာဏ်နီဉာဏ်နက် မထုတ်တတ်ဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူသည် စိတ်ထဲရှိသမျှကို အရှိအတိုင်းသာ ပြောတတ်၏။

ထိုပုဂ္ဂိုလ်နှစ်ယောက်မှာ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် မိတ်ဆွေများဖြစ်လာနိုင်ခြင်းအရှိဆုံး ပုဂ္ဂိုလ်နှစ်ယောက်ပင်။ သို့သော် ထူးဆန်းစွာဖြင့် မိတ်ဆွေများဖြစ်မလာကြသည့်အပြင် သူတို့နှစ်ဦး၏ဆက်ဆံရေးမှာ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲတွင် အထူးဆန်းဆုံးဖြစ်၏။

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ဆက်သွယ်စကားပြောကြသည်မှာ ရှားပါးလှသည်။ တစ်ယောက်နှင့်တစ်ယောက် တွေ့သည့်အချိန်များတွင် နှုတ်ဆက်စကားတချို့သာ ဖလှယ်တတ်ကြ၏။ တစ်ယောက်ကိုတစ်ယောက် အင်မတန် သတိထားကြလေသည်။

မြွေမြွေချင်း ခြေမြင်သကဲ့သို့လည်း ဖြစ်နိုင်သည်။ ဘာသာစကားများစွာ ပြောတတ်ကြသော်လည်း တစ်ဖက်ပုဂ္ဂိုလ်မှာ မိမိကိုယ်တိုင်နှင့် အင်မတန် ဆင်တူနေသောကြောင့် သတိထားကြသည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံတို့က ခဏအတွင်း အထွတ်အထိပ်အထိ မြင့်တက်သွားကြသည်။ ထို့နောက် ရှေးဟောင်းနတ်ဘုရားဘုရင်၏ နောက်ကျောအား လက်ဖဝါးဖြင့် ရိုက်ချလိုက်ချေပြီ။ မီးတောက်များက ရှေးဟောင်းနတ်ဘုရားဘုရင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားကြတော့သည်။

မီးတောက်များက ရှေးဟောင်းနတ်ဘုရားဘုရင်၏ မျက်လုံးများ၊ နားရွက်များ၊ နှာခေါင်းနှင့် ပါးစပ်တို့မှ ပြန်ထွက်သွားကြသည်။ သူ၏ ကောင်းကင်နန်းဆောင်နှင့် ကောင်းကင်နတ်ဘုံပင်လျှင် မီးတောက်မီးလျှံတို့ဖြင့် လွှမ်းမိုးခံလိုက်ရ၏။ သူ၏ ကောင်းကင်တာအိုရတနာပင်လျှင် ဖိနှိပ်မထားနိုင်ချေ။

ဘိုးဘေးနန်းတော်၏ နတ်ဘုရားစီရင်ရာစင်မြင့်မှာ တာအိုအဆင့်ကို စစ်ဆေးသည့် စင်မြင့်တစ်ခုဖြစ်သည်။ စင်မြင့်တွင် မြင်ရသည့် လှေကားထစ်များက ထိုပုဂ္ဂိုလ်၏ တာအိုကျင့်စဉ်စနစ်ကျင့်ကြံခြင်းအခြေခံနှင့် ညီမျှ၏။ ကောင်းကင်နတ်အရှင်ဟုန်က ကိုးထစ်မြစ်ခဲ့ရပြီး ရှစ်ချီလော်ကတော့ ဆယ့်နှစ်ထစ် မြင်ခဲ့ရသည်။ ကောင်းကင်နတ်အရှင်ဟွေ့ကတော့ ၂၄ ထစ် မြင်ခဲ့၏။

ကောင်းကင်နတ်အရှင်ဟွေ့၏ တာအိုကျင့်စဉ်စနစ်ကျင့်ကြံခြင်းအခြေခံမှာ ကောင်းကင်နတ်အရှင်ဆယ်ပါးတွင် အကောင်းဆုံးများထဲမှ တစ်ခုပင်။ အခြားသူများ တာအိုအဆင့်ကို စတင်ထိတွေ့ကြသည့်အချိန်တွင် သူကား တာအိုအဆင့်တွင် အောင်မြင်မှုများရရှိနေခဲ့ပြီးဖြစ်၏။ တာအိုမီးတောက်လမ်းစဉ်တွင်လည်း အတော်လေးခရီးရောက်နေပြီဖြစ်သည်။

တာအိုအဆင့်ဟုတ်မဟုတ်ကိုသာ သူမသိခဲ့ချေ။ ခိုင်ဧကရာဇ် တာအိုကျင့်စဉ်စနစ်ကို တည်ထောင်ခဲ့သည့်အချိန်မှသာ သူသည် တာအိုအဆင့်မှ အောင်မြင်မှုတချို့ ရရှိခဲ့ပြီးဖြစ်မှန်း သဘောပေါက်ခဲ့၏။

တောင်နတ်မင်းကျုချွဲကို ရှင်းလင်းသတ်ဖြတ်ပြီးနောက် သူ၏တာအိုမီးတောက်တာအိုအဆင့်က အံ့သြဖွယ်ကောင်းစွာ တိုးတက်ခဲ့ပြန်သည်။ ထို့ကြောင့် ကောင်းကင်တာအို မီးတောက်တာအိုအဆင့်၏ ၂၄ ခုမြောက် ‌ကောင်းကင်ဘုံအထိ ကျင့်ကြံနိုင်ခဲ့လေသည်။

သို့သော် ကောင်းကင်နတ်အရှင်ဟွေ့ကား မည်သူမသိအောင် ဖုံးကွယ်ထားခဲ့သည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က ရုန်းကန်နေပြီး မီးတောက်အား ဖိနှိပ်ရန် ‌ကောင်းကင်တာအိုရတနာအား အတတ်နိုင်ဆုံး ကြိုးစားအသက်သွင်းနေ၏။

ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်လုံးများက တောက်ပလာကာ လက်ချောင်းများအား ဖြန့်လိုက်သည်။ ရုတ်တရက် ရှေးဟောင်းနတ်ဘုရားဘုရင်၏ ခြေလက်များမှာ တောင့်တင်းသွားပြီး လေလယ်တွင် ကြက်သေသေသွားချေပြီ။ သူ၏ခန္ဓာကိုယ်မှာ ဧရာမစာလုံးတစ်လုံး၏ ပုံသဏ္ဌာန်ဖြစ်နေသည်။ သူ့မှာ ကောင်းကင်တာအိုရတနာကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ကိုင်ထားသော်လည်း ခုခံနိုင်စွမ်းမရှိပေ။

“ရှေးဟောင်းနတ်ဘုရားဘုရင်၊ ကောင်းကင်နတ်အရှင်ယွဲ့သာ ငါ့ကို သေမျိုးလောကဆီ နှင်မထုတ်ခဲ့ရင် မင်း ကောင်းကင်ယင်ကမ္ဘာမှာ ခိုးကြောင်ခိုးဝှက် ပုန်းနေပြီး အလစ်တိုက်ဖို့ စောင့်နေခဲ့မှန်း သိခဲ့ရမှာမဟုတ်ဘူး...”

ကောင်းကင်နတ်အရှင်ဟွေ့က စိတ်အေးသက်သာစွာ သက်ပြင်းချလိုက်သည်။ သူ၏မျက်လုံးများက စိတ်လှုပ်ရှားမှုတို့ဖြင့် တောက်ပနေသော်လည်း တည်ငြိမ်အေးဆေးစွာ ဖိနှိပ်ထားလိုက်၏။

ရှေးဟောင်းနတ်ဘုရားဘုရင်က သူ ဤတစ်ဘဝလုံး မျှော်မှန်းခဲ့ရသည့် စိတ်ဆန္ဒအား ဖြည့်ဆည်းပေးလိုက်ချေပြီ။ ကောင်းကင်နတ်အရှင်ဟုန်ကို သတ်နိုင်ခဲ့ပြီး ကောင်းကင်နယ်စားမင်းလည်း သေဆုံးသွားခဲ့လေပြီ။ ကောင်းကင်နယ်စားမင်း၏ခန္ဓာကိုယ်နှင့် ကောင်းကငိတာအိုတို့ကိုလည်း သူ ထိန်းချုပ်နိုင်တော့မည်ဖြစ်သဖြင့် စိတ်လျှော့ထားလိုက်တော့၏။ ယခုအခြေအနေတွင် သူ အမှားပြုလုပ်မည်မဟုတ်ပေ။

ကောင်းကင်နတ်အရှင်ဟွေ့က သူ၏လက်ညှိုးကိုကွေးလိုက်ရာ ရုတ်တရက် ဂျွတ်ခနဲအသံ မြည်သွားသည်။ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ညာခြေထောက်မှာလည်း သူ့ဒူးနှင့် ဆန့်ကျင်ဘက်သို့ ကွေးသွား၏။

ရှေးဟောင်းနတ်ဘုရားဘုရင်၏ ခြေထောက်က နောက်သို့ကွေးသွားပြီး ဂျွတ်ခနဲ ကျိုးသွားတော့သည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က ညည်းတွားလျက် သူ့ကို မော့ကြည့်ပြီး နှာခေါင်းရှုံ့သည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ခင်ဗျား ကျုပ်ကို သတ်ရဲတယ်ပေါ့…. နတ်ဘုရားတစ်ပိုင်းတွေမှာ ခေါင်းဆောင်သုံးယောက် ရှိကြတယ်… ကျုပ်က သူတို့ထဲကတစ်ယောက်ပဲ… ခင်ဗျား ကျုပ်ကို သတ်လိုက်ရင် လန်ရွှမ်နဲ့ ကောင်းကင်နတ်အရှင်ဟောင်က လွတ်ထားမယ်ထင်လို့လား… ဟုတ်သားပဲ… ခင်ဗျားက ကောင်းကင်နယ်စားမင်းရဲ့ ခန္ဓာကိုယ်ကို လုပြီး ကောင်းကင်တာအိုကို ခိုးနိုင်မယ်ထင်နေတာလား… ဟက်…. ခင်ဗျားမှာ အစွမ်းအစမရှိပါဘူး… ကောင်းကင်နယ်စားမင်းရဲ့ သွေးဆက်မှမရှိဘဲ…”

ကောင်းကင်နတ်အရှင်ဟွေ့မှာ တခဏတုံ့ဆိုင်းသွားသည်။ သူက လက်ခလယ်ကို ကွေးလိုက်ရာ ရှေးဟောင်းနတ်ဘုရားဘုရင်၏ ဘယ်လက်မောင်းက ဂျွတ်ခနဲ ကျိုးသွား၏။ သူ့မှာ နာကျင်လွန်းသဖြင့် မျက်ရည်များ စီးကျလာသည်။ ၎င်းတို့က တာအိုမီးတောက်ကြောင့် အငွေ့ပျံသွားကြ၏။

ရှေးဟောင်းနတ်ဘုရားဘုရင်က နာကျင်မှုကို သည်းခံ၍ ရယ်မောလိုက်သည်။ “ခင်ဗျားနဲ့ ကျုပ်က အတူတူနဲ့ အနူနူချည်းပဲ… ကျုပ်ကို နာကျင်အောင်လုပ်နေတယ်လို့ မခံစားရဘူးလား”

ကောင်းကင်နတ်အရှင်ဟွေ့က အေးစက်စွာ နှာမှုတ်လိုက်၏။ “ကျုပ် ခင်ဗျားကို သတ်ဖြတ်လိုက်ရင် ကောင်းကင်နယ်စားမင်းနဲ့ ကောင်းကင်တာအိုအတွက် ဘယ်သူကမှ ကျုပ်နဲ့ ပြိုင်ဆိုင်ရဲတော့မှာမဟုတ်ဘူး”

သူ၏အကြည့်က ထူးဆန်းနေပြီး တတိယမြောက် လက်ချောင်းကို ကွေးလိုက်သည်။ ရှေးဟောင်းနတ်ဘုရားဘုရင်မှာ သူ၏ ဘယ်ခြေထောက် ဂျွတ်ခနဲ မြည်ကာ ကျိုးသွားသဖြင့် မျက်ရည်များ စီးကျလာပြန်၏။

“ကျုပ် ကောင်းကင်တာအိုကို သန့်စင်ပြီး တောင်နတ်မင်းကျုချွဲရဲ့ မှော်စွမ်းအင်ကို သန့်စင်နိုင်သရွေ့ ကောင်းကင်နတ်အရှင်ဆယ်ပါးရဲ့ အထွတ်အထိပ်ကို မြင့်တက်သွားလိမ့်မယ်… ကောင်းကင်နတ်ဘုံအဆင့်အထိ ကျင့်ကြံဖို့ လွယ်ကူလာလိမ့်မယ်”

ကောင်းကင်နတ်အရှင်ဟွေ့က လက်သန်းကို ကွေးလိုက်ပြန်ရာ ရှေးဟောင်းနတ်ဘုရားဘူရင်၏ ညာလက် ကျိုးသွားပြန်၏။

“ကျုပ် ကောင်းကင်နတ်ဘုံအဆင့်အထိ ကျင့်ကြံနိုင်သရွေ့ ခင်ဗျားတို့ရဲ့ ခွန်အားကို အားကိုးနေစရာမလိုတော့ဘူး… ဆန့်ကျင်ဘက်အနေနဲ့ လေယူရာယိမ်းတတ်တဲ့ ခင်ဗျားတို့ကတော့ ကျုပ်အရှေ့မှာ ဒူးထောက်ခစားကြရလိမ့်မယ်”

သူကား လက်မကို ကွေးတော့ပေမည်။ သူ လက်မကို ကွေးလိုက်လျှင် လက်ဖဝါးက လက်သီးဆုပ်သွားမည်ဖြစ်ပြီး ရှေးဟောင်းနတ်ဘုရားဘုရင်၏ လည်ပင်းကျိုးသွားပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ရှေးဟောင်းနတ်ဘုရားဘုရင်က ခေါင်းမော့၍ သူ့အနောက်သို့ ကြည့်ကာ ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။

ကောင်းကင်နတ်အရှင်ဟွေ့၏ မျက်လုံးထောင့်များ တွန့်သွားပြီး ရှေ့တက်ကာ ရှေးဟောင်းနတ်ဘုရားဘုရင်ကို ဆွဲထူလိုက်သည်။ သူက စိုးရိမ်ပူပန်စွာ မေးလေသည်။ “ရှေးဟောင်းနတ်ဘုရားဘုရင် ဒဏ်ရာရထားတာလား… ကောင်းကင်နတ်အရှင်ဟုန်က ကောင်းကင်နယ်စားမင်းရဲ့ လူဝင်စားတဲ့လား… ချီးပဲ… ရှေးဟောင်းနတ်ဘုရားဘုရင်ကို တော်တော်ဒဏ်ရာရစေခဲ့တာပဲ… ကံကောင်းစွာနဲ့ ကောင်းကင်နတ်အရှင်ဟုန် အသတ်ခံလိုက်ရပြီ”

ရှေးဟောင်းနတ်ဘုရားဘုရင်က သွေးအန်လိုက်သောကြောင့် သူ့ခန္ဓာကိုယ်ပေါ်ရှိ တာအိုမီးတောက်များ ငြိမ်းသေသွားသည်။ သူက ပြုံးလျက် ပြော၏။ “ကောင်းကင်နတ်အရှင်ဟွေ့ရဲ့ အချိန်ကိုက်ကူညီမှုကြောင့် ကောင်းကင်နယ်စားမင်းကို သတ်နိုင်ခဲ့ပြီး ကောင်းကင်နတ်အရှင်ဟုန် ထွက်မပြေးနိုင်ခဲ့တာပါ… နောင်တော်ဟောင်၊ ဘယ်တုန်းက ရောက်လာခဲ့တာလဲ”

ကောင်းကင်နတ်အရှင်ဟွေ့က ရှေးဟောင်းနတ်ဘုရားဘုရင်ကို ဆွဲထူလိုက်ပြီး ကောင်းကင်နတ်အရှင်ဟောင်အား လှည့်ကြည့်လိုက်သည်။

ရုတ်တရက် သူ၏မျက်လုံးထောင့်စွန်းများ တွန့်သွား၏။ ကောင်းကင်နတ်အရှင်ဟောင်၏ အနောက်သို့ ကြည့်လိုက်မိချိန်တွင် သူ၏မျက်နှာမှာ အနည်းငယ်ပျက်သွားသည်။

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလျက် မေးလေသည်။ “ကောင်းကင်နတ်အရှင်ဟွေ့၊ ဘာတွေ့ခဲ့ရလို့လဲ”

ကောင်းကင်နတိအရှင်ဟွေ့က အကြည့်ရုတ်လျက် မှင်သေသေ ဖြေသည်။ “နောက်ထပ်ကောင်းကင်နတ်အရှင်ဟောင်တစ်ယောက်ကို တွေ့ခဲ့ရလို့ပါ”

သူ့မှာ ကောင်းကင်နတ်အရှင်ဟောင်အနောက်ရှိ ထိုက်စုကို မကြည့်ဘဲ မနေနိုင်ချေ။ သူ မြင်တွေ့ခဲ့ရသည်က ကောင်းကင်နတ်အရှင်ဟောင် မဟုတ်ဘဲ သမိုင်းတွင်ရော ပစ္စုပ္ပန်တွင်ပါ ပြိုင်ဘက်ကင်းသည့် လူငယ်တစ်ယောက် ဖြစ်သည်။

နဂါးသွဲ့ရေကန်တွေ့ဆုံပွဲတွင် သေဆုံးခဲ့သည့် ကောင်းကင်နတ်အရှင်ယွီပင်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်အရှင်ကုန်း ရောက်လာ၏။ သူမ၏အကြည့်က ကောင်းကင်နတ်အရှင်ဟွေ့ထံ ကျရောက်လာပြီးနောက် ခြေလက်အားလုံး ကျိုးနေသည့်

ရှေးဟောင်းနတ်ဘုရားဘုရင်ကို ကြည့်လိုက်သည်။

ကောင်းကင်နတ်အရှင်ဟွေ့၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။

ကောင်းကင်နတ်အရှင်ဟောင်က သူ့ကို ကြည်ညိုလေးစားစွာ ကြည့်၍ ပြောသည်။ “ခင်ဗျားက ကျုပ်ရဲ့ သစ္စာအရှိဆုဲးသူပဲလေ… ခင်ဗျားလို သစ္စာရှိတဲ့သူတစ်ယောက်ကို တန်ဖိုးမထားမိဘဲ မနေနိုင်ပါဘူး*

ကောင်းကင်နတ်အရှင်ဟွေ့က အနည်းငယ် ဦးညွှတ်လျက် တုံ့ပြန်သည်“နောင်တော်ဟောင်ကို အလုပ်အကြွေးပြုဖို့ အဆင်သင့်ပါပဲ”

သူက ခါးမတ်လိုက်ရာ ကောင်းကင်နတ်အရှင်ဟောင်အနှောက်ရှိ လူငယ် ကောင်းကင်နတ်အရှင်ယွီသည် အဓိပ္ပာယ်ပါပါဖြင့် ပြုံးလျက် သူ့အား ကြည့်နေကြောင်း တွေ့လိုက်ရ၏။

ကောင်းကင်နတ်အရှင်ဟွေ့မှာ မျက်နှာတစ်ချက်မပျက်ဘဲ မားမားမတ်မတ် ရပ်နေသည်။

ကောင်းကင်နတ်အရှင်ဟောင်က ပြုံးလိုက်ပြီး ရှေးဟောင်းနတ်ဘုရားဘုရင်အား ပြောသည်။ “ရှေးဟောင်းနတ်ဘုရားဘုရင်ရဲ့ ဒဏ်ရာတွေက တကယ်ပြင်းထန်တာပဲ… ကျုပ်ကုသပေးလို့ရပေမယ့် ကျုပ်တို့ကြားကတိုက်ပွဲ ပြီးဆုံးသွားဖို့လိုတယ်… ရှေးဟောင်းနတ်ဘုရားဘုရင်‌ရော ဘယ်လိုထင်သလဲ”

ရှေးဟောင်းနတ်ဘုရားဘုရင်မှာ ခြေလက်အားလုံး ကျိုးနေပြီဖြစ်သည်။ သူက ရယ်မောလိုက်ရင်း ဖြေသည်။ “ကျုပ်ရှုံးနိမ့်သွားတာကို လက်ခံပါတယ်… ခင်ဗျားရဲ့ ညာလက်ရုံး ဖြစ်လာပါ့မယ်… ခင်ဗျားကို ထောက်ပံ့ပြီး အသုံးချစရာလူတော်တစ်ယောက် ဖြစ်လာအောင် အတတ်နိုင်ဆုံးကြိုးစားပါ့မယ်”

သူက ခေါင်းငုံ့၍ ဂါ၀ရပြုလိုက်သည်။

ကောင်းကင်နတ်အရှင်ဟောင်က တဟားဟား ရယ်မောလိုက်၏။ သူက အင်္ကျီလက်စကို လွှဲရမ်းလိုက်ပြီး ရှေးဟောင်းနတ်ဘုရားဘုရင်ကို ပင့်မြှောက်လိုက်သည်။ ရှေးဟောင်းနတ်ဘုရားဘုရင်မှာ သူ၏ကျိုးနေသော ခြေလက်အားလုံး ပြန်လည်ကောင်းမွန်လာကြောင်း ခံစားလိုက်ရ၏။ ကောင်းကင်နတ်အရှင်ဟွေ့ကြောင့် ဖြစ်ပေါ်လာခဲ့သော တာအိုဒဏ်ရာများလည်း လျင်မြန်စွာ ပျောက်ကွယ်သွားသည်။ သူ၏ဒဏ်ရာများက အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် သက်သာလာနေပြီး သူ၏သိုင်းအခြေခံမှာလည်း မြင့်တက်လာနေ၏။

သူ၏အကြည့်က ကောင်းကင်နတ်အရှင်ဟောင်အနောက်သို့ ရောက်သွားသည်။ သူမြင်နေရသည့် ပုံရိပ်များမှာ ကောင်းကင်နတ်အရှင်ဟုန်နှင့် ကောင်းကင်နယ်စားမင်းတို့ ဖြစ်ကြ၏။ မျက်စိတစ်မှိတ်အတွင်း ကောင်းကင်နတ်အရှင်ဟုန်နှင့် ကောင်းကင်နယ်စားမင်းတို့သည် တစ်သားတည်းပေါင်းစည်းကာ ကောင်းကင်နယ်စားမင်း အသွင်ယူထားသည်။

ရှေးဟောင်းနတ်ဘုရားဘုရင်က မျက်လွှာချကာ ထရပ်လိုက်ပြီး ကောင်းကင်နတ်အရှင်ဟောင်ကို ဦးညွှတ်လိုက်သည်။ သူက ထပ်မံဂါဝရပြုရန် ပြင်လိုက်၏။

ကောင်းကင်နတ်အရှင်ဟောင်က အလျင်အမြန် ရှေ့တိုးပြီး သူ့အား တံတောင်ဆစ်မှ ဆွဲထူကာ ပြုံးလျက် ပြောသည်။ “မလိုပါဘူး… ကျုပ်တို့နှစ်ယောက်လုံးက နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်တွေလေ…. တစ်ခါဦးညွှတ်ရင် ရပေမယ့် အဲ့လောက်အထိ ရိုသေဖို့ မလိုအပ်ပါဘူး… အခုကစပြီး ရှေးဟောင်းနတ်ဘုရားဘုရင်က ကျုပ်ရဲ့ ကောင်းကင်နယ်စားမင်းပဲ… ရွှမ်တုကို အုပ်ချုပ်ဖို့နဲ့ စကြ၀ဠာတစ်ခုလုံးက ကြယ်တာရာတွေအတွက် ခင်ဗျားကို အားကိုးရဦးမယ်လေ” သူက ထိုသို့ပြောပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်ပြန်သည်။

“ရှေးဟောင်းနတ်ဘုရားဘုရင်၊ ဒီကောင်းကင်နယ်စားမင်းရဲ့ခန္ဓာကိုယ်က ခင်ဗျားအပိုင်ပါ… ကျုပ် ခင်ဗျားအပိုင်ကို မလိုချင်ပါဘူး…”

ကောင်းကင်နတ်အရှင်ဟောင်က အေးဆေးတည်ငြိမ်စွာ ပြောသည်။ “ခင်ဗျားက ရွှမ်တုကို အုပ်ချုပ်ရမှာဆိုတော့ အင်အားစုငယ်လေးတွေကို ဖိနှိပ်ဖို့ အင်အားကြီးမားတဲ့ ခန္ဓာကိုယ်ကို လိုအပ်တယ်…. ဒါပေမဲ့ ကျုပ် ကောင်းကင်တာအိုရဲ့ တံဆိပ်တစ်ပိုင်းကိုတော့ လိုချင်သေးတယ်”

ရှေးဟောင်းနတ်ဘုရားဘုရင်က တုံ့ပြန်သည်။ “အကုန်လုံး နောင်တော့်အပိုင်တွေပါပဲ…. ကျုပ်ရဲ့အသက်ကိုတောင် နောင်တော်ပိုင်ပါတယ်… ယူလိုက်ပါ”

သူသည် ယခင်ကဒေါသကြီးခဲ့သော်လည်း ယခုတွင် တည်ငြိမ်အေးဆေးနေသဖြင့် အခြားသူများမှာ အံ့သြနေကြမိသည်။

ကောင်းကင်နတ်အရှင်ဟောင်က အသာအယာ ခေါင်းညိတ်လိုက်ပြီး သူ၏အကြည့်က ကောင်းကင်နတ်အရှင်ဟွေ့ထံ ကျရောက်သွား၏။ သူက ငြင်သာစွာပြောသည်။ “‌ညီတော်ဟွေ့၊ မင်းက ရှေးဟောင်းနတ်ဘုရားဘုရင်ကို ကယ်ခဲ့တာဆိုတော့ အကျိုးအများကြီး သယ်ပိုးပေးခဲ့တာပဲ… ချက်ကျလက်ကျပြောရရင် မင်းရဲ့အကျိုးသယ်ပိုးခဲ့တာတွေအတိုင်း ဆုချီးမြှင့်သင့်တယ်… ဒါပေမဲ့ ရွှမ်တုမှာ အကျိုးအမြတ်တွေက သိပ်မရှိတော့ မပေးနိုင်တော့ဘူး… စိတ်ထဲမထားပါနဲ့ ညီတော်”

ကောင်းကင်နတ်အရှင်ဟွေ့က ဦးညွှတ်အရိုအသေပေးကာ ပြန်ပြောသည်။ “ကျွန်တော် ဘယ်လိုလုပ် မျှော်လင့်ချက်တွေအများကြီး ထားရဲပါ့မလဲဗျာ”

သူက ကောင်းကင်နတ်အရှင်ဟုန်၏ စိစိညက်ညက် ကြေကာ ကောင်းကင်တာအိုလက်နက်များစွာဖြင့် ၀န်းရံနေသော အလောင်းကို ကြည့်လိုက်ပြီး ပြော၏။ “နောင်တော်ဟောင်၊ အဲဒီကောင်းကင်တာအိုလက်နက်တွေ…”

ကောင်းကင်နတ်အရှင်ဟောင်က စိတ်မကောင်းဖြစ်နေသကဲ့သို့ ခေါင်းခါရမ်းလိုက်သည်။ “ငါ မင်းကို ပေးလို့မရဘူး… ကောင်းကင်နတ်အရှင်ကုန်းရဲ့ အကျိုးသယ်ပိုးမှုက ပိုပြီးကြီးမားတယ်… ကောင်းကင်နယ်စားမင်းကို ဖယ်ရှားဖို့ သူက ရုံ၊ ချင်နဲ့ ယွဲ့တို့ကို တိုက်ခိုက်ခဲ့ရတယ်… အဲဒီ ကောင်းကင်တာအိုလက်နက်တွေကို ကောင်းကင်နတ်အရှင်ကုန်းဆီ ပေးရလိမ့်မယ်…. မင်းရဲ့အကျိုးသယ်ပိုးမှုက သူ့ထက်ပိုကြီးမားတယ်ဆိုရင် မင်းကိုခွဲပေးလို့တော့ ရပါတယ်”

ကောင်းကင်နတ်အရှင်ဟွေ့က အလျင်အမြန် ခေါင်းခါရမ်းလျက် ပြောသည်။ “ကောင်းကင်နတ်အရှင်ကုန်းနဲ့ မယှဉ်ပြိုင်ဝံ့ပါဘူး… ဒါနဲ့ ချင်ယဲ့၊ ရုံ၊ ယွဲ့နဲ့ လန်တို့ ဘယ်ရောက်သွားကြတာလဲ”

ထိုအခိုက်အတန့်တွင် နတ်အရှင်မယန်၏ အသံက ထွက်ပေါ်လာသည်။ “ရုံက အကြီးအကျယ် ဒဏ်ရာရသွားလို့ မြေအောက်ဘုံအရှင်သခင်က ယိုတုဆီ ပြန်ခေါ်သွားတယ်…ချင်ယဲ့၊ ယွဲ့နဲ့ လန်တို့က ကောင်းကင််နယ်စားမင်းသေသွားတာ တွေ့လိုက်ရလို့ တိုက်ခိုက်ချင်စိတ်မရှိတော့ဘူးထင်တယ်… ပြန်ဆုတ်သွားပြီ… ငါတို့ကိုသတ်ဖို့ ပြန်လာရင်တောင်မှ ငါတို့နဲ့ယှဉ်နိုင်မှာမဟုတ်ဘူး”

သူမက ခြေလှမ်းကျဲများဖြင့် လျှောက်လာသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားနှစ်ပါးက သူမ၏တစ်ဖက်တစ်ချက်တွင် နေရာယူထားကြသည်။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားများ၏ အနောက်တွင်တော့ ကောင်းကင်နတ်အရှင်ကုန်းကြောင့် သွေးသံတရဲရဲဖြစ်နေသော နတ်အရှင်မချန်း၊ ကောင်းကင်နတ်အရှင်ဟောင်ကြောင့် နဖူးဖောက်ခံထားရသော နတ်ဧကရာဇ်လန်ရွှမ်နှင့် ကောင်းကင်နတ်အရှင်ဟောင်ကြောင့် နှစ်ပိုင်းဖြတ်ခံထားရသော ရှစ်ချီလော်တို့ ရှိကြသည်။

ထိုသူများအားလုံးမှာ ဒဏ်ရာရထားကြ၏။ ထိုက်ကျိရှေးဟောင်းနတ်ဘုရားပင်လျှင် သူ့ခန္ဓာကိုယ်ပေါ်၌ ဓားဒဏ်ရာများစွာ ရှိပြီး နတ်အရှင်မယန်မှာလည်း ပြင်းထန်စွာ ဒဏ်ရာရထားသည်။

သူတို့သည် အဖွဲ့ခွဲကာ တိုက်ခိုက်ခဲ့ကြရ၏။

ကောင်းကင်နတ်အရှင်ဟောင်က ဂရုမစိုက်ဘဲ ပြုံးလျက် ပြောသည်။ “နတ်အရှင်မနှစ်ပါး၊ နတ်ဧကရာဇ်နဲ့ နန်းဆောင်သခင်ရှစ်တို့အားလုံး အကျိုးအများကြီး သယ်ပိုးပေးခဲ့ကြပါတယ်… ဆိုတော့ ရွှမ်တုအကျိုးအမြတ်တွေကို ခင်ဗျားတို့နဲ့ခွဲယူမယ်… ကောင်းကင်နတ်အရှင်ရှုနဲ့ ကောင်းကင်နတ်အရှင်ရှောင်က ရောက်မလာဘူးဆိုတော့ သူတို့ကို ထည့်တွက်နေစရာမလိုဘူး”

ရှစ်ချီလော်က အေးစက်စွာ နှာမှုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်အောက်ပိုင်းအား ပြန်ဆက်ရန် ကြိုးစားနေသည်။ သူက ခပ်တိုးတိုး ရေရွတ်နေ၏။ “တိတ်တိတ်ပုန်းသား…”

ကောင်းကင်နတ်အရှင်ဟောင်က မျက်ခုံးပင့်လိုက်သော်လည်း မည်သည်မှမပြောပေ။။

ကောင်းကင်နတ်အရှင်ဟွေ့က ဦးညွှတ်အရိုအသေပေးကာ ပြော၏။ “အားလုံးပဲ ကျုပ် ရွှမ်တုအကျိုးအမြတ်ကို မယူတော့ပါဘူး… ကောင်းကင်နတ်ဘုံမှာ လုပ်ရမယ့်အရာတစ်ခု ရှိသေးတယ်… ကျုပ် မြန်မြန်သွားမှဖြစ်မယ်”

ကောင်းကင်နတ်အရှင်ဟောင်က ခေါင်းညိတ်လိုက်ပြီး ပြုံးပြသည်။ “သွားပါ… လမ်းခရီးမှာ ဂရုစိုက်ဦး”

ကောင်းကင်နတ်‌အရှင်ဟွေ့က မီးတန်းတစ်တန်းအဖြစ် ပြောင်းလဲကာ ထွက်ခွာသွားတော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ယင်ကမ္ဘာ၌ ကောင်းကင်ယင်နတ်ဘုရားမသည် ကောင်းကင်နယ်စားမင်းနှင့် တစ်ထေရာတည်းတူသော ရွှံ့ရုပ်တစ်ရုပ်ကို ဂရုတစိုက် ကိုင်ထား၏။

ကောင်းကင်ယင်နတ်ဘုရားမ၏ ခန္ဓာကိုယ်မှာ ကြီးမားသောကြောင့် သူမကိုင်ထားသည့် ရွှံ့ရုပ်မှာ သာမန်လူတစ်ယောက်အရွယ် ရှိလေသည်။

“နတ်ဘုရားမက သိပ်တော်တာပဲ”

ချင်မူက ကောင်းကင်ယင်နတ်ဘုရားမ ကိုင်ထားသော ရွှံ့ရုပ်ကို စစ်ဆေးကာ ပြုံးနေတော့သည်။ တကယ်ကိုတူတာပဲဗျာ… ရွှမ်တုရဲ့ အလင်းရောင်မရောက်နိုင်တဲ့နေရာ၊ ရွှမ်တုရဲ့ အမှောင်ခြမ်းဖြစ်တဲ့ ကောင်းကင်ယင်ကမ္ဘာရဲ့ ကောင်းကင်ယင်နတ်ဘုရားမက ကောင်းကင်နယ်စားမင်းရဲ့ ကယ်တင်ရှင်ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ”

ကောင်းကင်ယင်နတ်ဘုရားမ ဝမ်းသာအားရ ပြောသည်။ “နင်ကတော့ တခြားသူတွေကို ဘယ်လိုမြှောက်ပင့်ရမလဲ ကောင်းကောင်းသိတာပဲ.. တကယ်တော့ ငါက လက်မှုပညာမှာ နည်းနည်းကျွမ်းရုံတင်ပါဟယ်”

သူမက ရွှံ့ရုပ်ကို မန်းမှုတ်လိုက်ကာ ၎င်းသည် အသက်ဝင်လာ၏။ ချင်မူက လက်ဖဝါးဖြန့်၍ လက်ချောင်းငါးချောင်းကို ဆန့်တန်းလိုက်ရာ ဖန်ဆင်းခြင်းကောင်းကင်‌နတ်သိုင်းက အသက်ဝင်လာသည်။ သူက ရွှံ့ရုပ်ကို တို့လိုက်သည့်အခါ ၄င်းသည် အသွေးအသားရှိသော ခန္ဓာကိုယ်အဖြစ် ချက်ချင်း ပြောင်းလဲသွား၏။

ချင်မူက လက်မြှောက်လိုက်ပြီး သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးကို ဖွင့်သည်။ သူ၏လက်ညှိုးထိပ်က ဒေါင်လိုက်မျက်လုံးအား အသာအယာ တို့လိုက်ရာ သူငယ်အိမ်က အက်ကွဲလာပြီး ကောင်းကင်နယ်စားမင်း၏ ကောင်းကင်မျက်လုံးသလင်းကျောက် တစ်စိတ်ကို ဖော်ထုတ်လိုက်၏။

ချင်မူ သလင်းကျောက်အား ရွှံ့လူသား၏ မျက်ခုံးနှစ်ဖက်ကြားတွင် ထည့်လိုက်ကာ သူ၏သိုင်းကွက်ကို အသက်သွင်းပြီး ရွှံ့လူသား၏ မျက်ခုံးနှစ်ဖက်ကြားသို့ ဝင်ရောက်သွားသည့် မျက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားစေသည်။

ကောင်းကင်ယင်နတ်ဘုရားမက သူဝိညာဉ်ကျမ်းစာအား အသက်သွင်းမည်ကို စောင့်ဆိုင်းနေ၏။ အသက်သွင်းပြီးနောက် သူတို့နှစ်ယောက်က ဝိညာဉ်ကို အတူတကွ ပြန်လည်တည်ဆောက်သည်။ ကောင်းကင်နယ်စားမင်း၏ ဝိညာဉ်သုံးခုက ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာချေပြီ။

ကောင်းကင်နတ်အရှင်ဟုန်က အလင်းထဲတွင် ရပ်နေပြီး မှိတ်တုတ်မှိတ်တုတ်ဖြစ်နေသော်လည်းလှမ်းအော်၏။ “ကောင်းကင်နတ်အရှင်မူ၊ ငါ့လက်ထဲမှာ မင်းရဲ့အကြွေးစာချုပ်ရှိတယ်… မင်း ငါ့အပေါ် အကြွေးတင်နေသေးတယ်နော်”

“အကြွေးစာချုပ်က ဘယ်မှာလဲ” ချင်မူက လက်ဖြန့်ကာ မေးလိုက်သည်။

ကောင်းကင်နတ်အရှင်ဟုန်မှာ ကြောင်အသွားပြီး ဖြေ၏။ “တိတ်တိတ်ပုန်းသား ရှေးဟောင်းနတ်ဘုရားဘုရင်ကြောင့် ဖျက်စီးခံလိုက်ရပြီ”

“အကြွေးစာချုပ် ကျုပ်လက်ထဲရောက်မှ အကြွေးပြန်ဆပ်နိုင်မယ်…. မဟုတ်ရင် သက်သေမရှိတဲ့ စကားသက်သက်ပဲ… ဘယ်သူမဆို ကျုပ်ကို တစ်ခုခုလုပ်ပေးဖို့ လာရှာနိုင်တယ်လေ မဟုတ်ဘူးလား”

ချင်မူက လက်ဖျောက်တီးလိုက်ရာ ကောင်းကင်နတ်အရှင်ဟုန်၏ ဝိညာဥ်မှာ ကြေမွသွားသည်။

ချင်မူက ကောင်းကင်နယ်စားမင်း၏ ကျန်ဝိညာဉ်နှစ်ခုကို ရွှံ့လူသားထဲ ထည့်သွင်းလိုက်သည်။ ရွံ့လူသား ကောင်းကင်နယ်စားမင်းမှာ ချက်ချင်း ဝိညာဉ်ရှိလာပြီး မျက်လုံးပွင့်လာ၏။

ချင်မူက ပြုံးသည်။ “ဂုဏ်ယူပါတယ် ကောင်းကင်နယ်စားမင်း… ခင်ဗျား မဟာတာအိုအချုပ်အနှောင်ကနေ လွတ်မြောက်ပြီး လွတ်လပ်သွားခဲ့ပြီ… မြေအောက်ဘုံအရှင်သခင်က ခင်ဗျားကို စောင့်နေပါတယ်”

All Chapters