မူလဘူတသော့
Vol. 72 Ch. 1012
"မှိန်ခြင်းနတ်ဘုရားအရှင်၊ ပြန်မဆုတ်သေးဘူးလား" လီဖူချန်းက အော်လိုက်တယ်။
"မြန်နှုန်းရောင်ခြည်တော်စက်ဝန်း၊ ဆူးရောင်ခြည်တော်စက်ဝန်း၊ စူးစိုက်ခြင်းရောင်ခြည်တော်စက်ဝန်း......."
အရောင်အမျိုးမျိုးရှိတဲ့ကွင်းတွေက မှိန်ခြင်းနတ်ဘုရားအရှင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ထွက်ပေါ်လာတယ်။ ဒီကွင်းတွေက အရောင်မတူရုံတင်မက သက်ရောက်မှုတွေကလည်း မတူပါဘူး။ မြန်နှုန်းကွင်းက သူ့မြန်နှုန်းကို အကြီးအကျယ်တိုးမြင့်စေတယ်၊ စူးစိုက်ကွင်းက သူ့ရဲ့စူးစမ်းရှာဖွေခြင်းစွမ်းရည်ကို တိုးမြင့်စေတယ်၊ ဆူးကွင်းက ထိခိုက်မှုအချို့ကို တန်ပြန်တယ်.......
နတ်ဘုရားမျိုးနွယ်ရဲ့စွမ်းအားက ဟန်ပြမဟုတ်ဘူး။ ပါရမီအရ ဘယ်မျိုးနွယ်ကမှ နတ်ဘုရားမျိုးနွယ်ကို မယှဉ်နိုင်ဘူး။
"ငါ့ရဲ့နောက်ထပ်ရိုက်ချက်ကို လက်ခံစမ်း"
သူ့ခန္ဓာကိုယ်ပေါ်ရှိရောင်ခြည်တော်စက်ဝန်းအားလုံးက တောက်ပလျက်ရှိပြီး မှိန်ခြင်းနတ်ဘုရားအရှင်က လီဖူချန်းထံ သူ့ရဲ့တုတ်နဲ့ ရိုက်ချလိုင်တယ်။
"အနန္တဓားခန္ဓာကိုယ်"
ဒါကို မြင်ပြီး လီဖူချန်းက ထပ်မထိန်းထားတော့ဘူး။ သူ့ခွန်အားက အဆနှစ်ဆယ်တိုးလာပြီး သူက ဓားကို ဝှေ့ယမ်းလိုက်တယ်။
ဝုန်း......
ဆူနာမီနဲ့ငလျင်တစ်ခုပမာပဲ၊ အလင်းနှစ်အနည်းငယ်အကွာအဝေးရှိစကြာဝဠာရဲ့ကြယ်ကောင်းကင်က ပြင်းထန်စွာ တုန်ခါနေတယ်။
ဖြောက်......
မှိန်ခြင်းနတ်ဘုရားအရှင်ရဲ့ခန္ဓာကိုယ်ပေါ်ရှိရောင်ခြည်တော်စက်ဝန်းအားလုံးက တစ်စစီဖြစ်သွားပြီး သူက လွင့်ထွက်သွားလေတယ်။
"မင်းက တိုက်ခိုက်ချင်နေရင် ဒါဆိုလဲ တိုက်ခိုက်ကြတာပေါ့"
လီဖူချန်းက မှိန်ခြင်းနတ်ဘုရားအရှင်ကို မညှာပါဘူး။ သူက အလင်းမြန်နှုန်းနဲ့အတူ လိုက်သွားကာ မှိန်ခြင်းနတ်ဘုရားအရှင်ကို ထပ်ခါတလဲလဲ ခုတ်ပိုင်းလိုက်တယ်။
ခုတ်ချက်တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း.....
မှိန်ခြင်းနတ်ဘုရားအရှင်က တိုက်ခိုက်မှုတွေကြောင့် မိန်းမောတွေဝေနေတယ်။ သူက နတ်ဘုရားမျိုးနွယ်ဝင်ဖြစ်ပြီး ခုတ်ချက်တစ်သောင်းမှ စွမ်းအင်ကုန်ဆုံးမှုကို လစ်လျူရှုနိုင်တယ်။ ဒါပေမယ့် ခုတ်ချက်တစ်သောင်းကို တရစပ်ထိမှန်နေတာကတော့ မကောင်းလှပါဘူး။
"မှိန်ခြင်းနတ်ဘုရားပိုင်နက်"
မှိန်ခြင်းနတ်ဘုရားအရှင်ရဲ့ပတ်ပတ်လည်ရှိ စကြာဝဠာဥပဒေသတွေက ဖယ်ရှားသွားပြီး အလင်းနဲ့အမှောင်ကြားရှိမှိန်ခြင်းဥပဒေသတစ်ခုက အစားထိုးလာတယ်။
လီဖူချန်းရဲ့ဓားက မှိန်ခြင်းဥပဒေသကို ထိတွေ့လိုက်တာနဲ့ မြန်နှုန်းက ချက်ချင်းနှေးကွေးလာပြီး ရွှံ့ဗွက်ထဲသို့ ရောက်ရှိသွားသည့်ပမာ ဖြစ်သွားတယ်။
အခွင့်အရေးကို အမိအရယူကာ မှိန်ခြင်းနတ်ဘုရားအရှင်က လီဖူချန်းမှ ခွာလိုက်တယ်။
အရမ်းကောင်းတယ်၊ မင်း ငါ့ရဲ့မှိန်ခြင်းနတ်ဘုရားပိုင်နက်ကို ထုတ်ဖို့ တကယ် ဖိအားပေးခဲ့တာပဲ"
မှိန်ခြင်းနတ်ဘုရားအရှင်က မှိန်ခြင်းကမ္ဘာကို အုပ်ချုပ်တဲ့နတ်ဘုရားတစ်ယောက်ပမာဖြစ်ပြီး သူက လီဖူချန်းကို ကြည့်လိုက်တယ်။
နတ်ဘုရားပိုင်နက်က မွေးရာပါရောင်ခြည်တော်စက်ဝန်းတွေမှ ဆင်းသက်လာတယ်။
နတ်ဘုရားမျိုးနွယ်ရဲ့အဖွဲ့ဝင်တစ်ယောက်က သူတို့ရဲ့မွေးရာပါရောင်ခြည်တော်စက်ဝန်းတွေကို နတ်ဘုရားပိုင်နက်တွေအဖြစ် ပြောင်းလဲလိုက်တာနဲ့ သူတို့က အထွတ်အထိပ်ပြိုင်ကက်ကင်းအရှင်တွေ ချက်ချင်းဖြစ်လာတယ်။
နတ်ဘုရားပိုင်နက်တစ်ခုရှိတဲ့အထွတ်အထိပ်ပြိုင်ဘက်ကင်းအရှင်တစ်ယောက်က စကြာဝဠာဥပဒေသကို အလွယ်တကူ လွင့်ပြယ်စေနိုင်ပြီး စကြာဝဠာရင်းမြစ်စွမ်းအားကို သီးခြားဖြစ်စေနိုင်တယ်။ ဒါက တိုက်ခိုက်ဖို့အတွက် ရန်သူကို စကြာဝဠာဥပဒေသနဲ့စကြာဝဠာရင်းမြစ်စွမ်းအားကို အသုံးပြုခွင့်မပြုဘူး။
ဒါပေမယ့် နတ်ဘုရားပိုင်နက်တစ်ခုကို ထုတ်ဖော်ခြင်းက တန်ဖိုးတစ်ခုရှိတယ်၊ ၎င်းက မှိန်ခြင်းနတ်ဘုရားအရှင်ရဲ့စွမ်းအင်ကုန်ဆုံးမှုကို လျင်မြန်စွာ တိုးလာစေပြီး သူက အကြာကြီးမထိန်းသိမ်းနိုင်ပါဘူး။
သို့မဟုတ်ရင် မှိန်ခြင်းနတ်ဘုရားအရှင်က မှိန်ခြင်းနတ်ဘုရားနယ်မြေထုတ်ဖော်ဖို့အတွက် အခုထိ စောင့်နေမှာမဟုတ်ဘူး။
"နတ်ဘုရားမျိုးနွယ်ကို လျှော့တွက်လို့မရဘူးပဲ"
လီဖူချန်းက မေးငေါ့လိုက်တယ်၊ သူ့ကို နတ်ဘုရားပိုင်နက်က လွှမ်းခြုံထားခဲ့ရင် မှိန်ခြင်းနတ်ဘုရားအရှင်နဲ့တိုက်ခိုက်ရတာက ရေနတ်ဘုရားအုတ်ဂူထဲမှာ ရေတာအိုကျင့်ကြံသူတွေနဲ့ တိုက်ခိုက်ရတာနဲ့တူတယ်။
"အရှုံးပေးစမ်း"
မှိန်ခြင်းနတ်ဘုရားအရှင်ရဲ့စွမ်းအားက ပေါက်ကွဲထွက်လာပြီး မှိန်ခြင်းနတ်ဘုရားပိုင်နက်က ညကန့်လန့်ကာတစ်ခုပမာ ဆင်းသက်လာပြီး အလင်းနှစ်ဒါဇင်ကျော်ကို ချက်ချင်း ဖုံးအုပ်သွားတယ်။
ဒိီနေရာမှာ မှိန်ခြင်းဥပဒေသကလွဲပြီး အခြားစကြာဝဠာဥပဒေသအားလုံးကို နှင်ထုတ်ထားတယ်။ မှိန်ခြင်းရင်းမြစ်စွမ်းအားကလွဲပြီး အခြားစကြာဝဠာရင်းမြစ်စွမ်းအားအားလုံးကို သီးခြားဖြစ်စေတယ်။
မှိန်ခြင်းနတ်ဘုရားပိုင်နက်ထဲမှာ သူနဲ့တိုက်ခိုက်သူက ခွန်အားတစ်ဆင့်ဒါမှမဟုတ်နှစ်ဆင့် လျော့ကျသွားပေလိမ့်မယ်။ သူ့ခွန်အားက အလွန်အမင်းအားကောင်းပြီးသားဖြစ်တာကြောင့် တစ်ဆင့်ဒါမှမဟုတ်နှစ်ဆင့်တိုးဖို့က မဖြစ်န်ိုင်ပေမယ့် တစ်ဆင့်ရဲ့တစ်ဝက်လောက်တော့ တိုးနိုင်ပါသေးတယ်။
ဒီအနေအထားအောက်မှာ လီဖူချန်းကို အပြင်းအထန်ဒဏ်ရာရစေဖို့က ပြဿနာတစ်ခုမဟုတ်တော့ဘူး။ သူက အရာအားလုံးကို စွန့်စားရဲရင် သူက လီဖူချန်းကို သတ်နိုင်လောက်တယ်။
"မင်း ငါ့ကို အနိုင်ယူနိုင်မယ်လို့ တကယ်ထင်နေတာလား"
မူလအဆုံစွန်းဓားကို ပြန်သိမ်းပြီး ကပ်ဘေးစွမ်းအားကို ပေါက်ကွဲထွက်စေပြီးနောက် လီဖူချန်းက မှိန်ခြင်းနတ်ဘုရားအရှင်ကို လက်ဗလာနဲ့ တိုက်ခိုက်လိုက်တယ်။
ကပ်ဘေးလက်က အလယ်ဆင့်အခြေအနေမှာရှိပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်အပြင်အားခွန်အားက ဓားတာအိုခွန်အားထက် မနိမ့်ကျပါဘူး။ ဒါ့ပြင် ကပ်ဘေးမသေမျိုးခန္ဓာကိုယ်နဲ့ဆိုရင် သူက သူ့ထက်ပိုသန်မာတဲ့သူတွေကိုတောင် တိုက်ခိုက်နိုင်တယ်။
ဝုန်း ဝုန်း ဝုန်း......
ကြောက်စရာကောင်းတဲ့တိုက်ခိုက်မှုလှိုင်းတစ်ခုဖြစ်လာပြီး လီဖူချန်းနဲ့မှိန်ခြင်းနတ်ဘုရားအရှင်တို့က တစ်စက္ကန့်အတွင်း အကွက်မရေမတွက်နိုင်စွာ တိုက်ခိုက်ခဲ့ကြတယ်။
"မဖြစ်နိုင်ဘူး"
လီဖူချန်းက နောက်ထပ်စွမ်းအားတစ်ခုကို သုံးပြီး သူနဲ့တိုက်ခိုက်လိုက်တဲ့အခါ မှိန်ခြင်းနတ်ဘုရားအရှင်က အလွန်အံ့အားသင့်သွားခဲ့ရတယ်။ ဒါပေမယ့် ဒီစွမ်းအားက မှိန်ခြင်းကြယ်ပိုင်နက်ထဲမှာတောင် အားမနည်းပါဘူး။
"နတ်ဆိုးလက်၊ မင်း နတ်ဆိုးလက်ကို သိတာလား".
မှိန်ခြင်းနတ်ဘုရားအရှင်က နတ်ဘုရားလက်ကို မှတ်မိခဲ့တယ်။ ဒါပေမယ့် နတ်ဘုရားမျိုးနွယ်မှာ ထာဝရနတ်ဘုရားရဲ့နောက်ဆုံးတိုက်ကွက်ကို နတ်ဘုရားလက်လို့ မခေါ်ဘူး၊ နတ်ဆိုးလက်လို့ ခေါ်တယ်။
တိုက်ပွဲက ဆက်လက်ပြင်းထန်နေပြီး မှိန်ခြင်းနတ်ဘုရားအရှင်က လီဖူချန်းကို ဖိနှိပ်နေခဲ့ပေမယ့် လီဖူချန်းရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်နဲ့ ရင်ဆိုင်ရတဲ့အခါ သူ့ရဲ့တိုက်ခိုက်မှူတွေက လုံးဝမထိရောက်တော့ဘူး။
I
ရက်အနည်းငယ်ကြာပြီးနောက် နှစ်ဖက်စလုံးက စွမ်းအင်အမြောက်အများကုန်ဆုံးလာတယ်။
သူတို့က သေတဲ့အထိ တိုက်ခိုက်မယ်ဆိုရင် ဘယ်သူက အောင်ပွဲရမလဲကို မသိနိုင်ဘူး။
"မူလအဆုံးစွန်းအရှင်၊ မင်းက ငါနဲ့တိုက်ခိုက်ဖို့ အရည်အချင်းမှီတယ်ဆိုတာ ငါ ဝန်ခံတယ်" မှိန်ခြင်းနတ်ဘုရားအရှင်က ကန့်လန့်ဖြတ်မြစ်ဘိုးဘေးကို တစ်ချက်ကြည့်ကာ ပြောလိုက်တယ်" မင်း ငါ့ကို ကန့်လန့်ဖြတ်မြစ်ဘိုးဘေးကို လွှတ်ပေးစေချင်ရင် ငါ လုပ်နိုင်တယ်။ သူ့ကို မူလဘူတကြေးညိုရောင်သော့ကို လက်လွှဲခိုင်းလိုက်ပါ၊ သို့မဟူတ်ရင် ငါ သူ သေတဲ့အထိ ရပ်တန့်မှာမဟုတ်ဘူး"
"မူလဘူတကြေးညိုရောင်သော့လား"
လီဖူချန်းက ကန့်လန့်ဖြတ်မြစ်ဘိုးဘေးကို ကြည့်လိုက်တယ်။
ကန့်လန့်ဖြတ်မြစ်ဘိုးဘေးက ရှင်းပြလိုက်တယ်" မူလဘူတကြယ်ပိုင်နက်ထဲမှာ မူလဘူတမြေပြင်လို့ခေါ်တဲ့ဆန်းကြယ်ပြီးအန္တရာယ်များနဲ့နေရာတစ်ခုရှိတယ်။ နေရာတိုင်းမှာ ထိပ်တန်းရတနာတွေရှိပြီး မူလဘူတမြေပြင်ရဲ့အနက်ပိုင်းထဲမှာ မူလဘူတမဟာခန်းမဆိုတာ ရှိတယ်။ အထဲမှာ အခန်းတွေအများကြီးရှိပြီး အခန်းတစ်ခုစီမှာ စကြာဝဠာရတနာတစ်ခုစီရှိတယ်။ မူလဘူတကြေးညိုသော့က အခန်းဖွင့်တဲ့သော့ပဲ။ ဒါပေမယ့် ဒါအထက်မှာ မူလဘူတငွေသော့နဲ့ မူလဘူတရွှေသော့တို့လဲ ရှိတယ်"
"ဒီလိုကိုး"
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ သူက မူလဘူတကြယ်ပိုင်နက်ကို သိတယ်။ ဒါက စကြာဝဠာမှာ ပြောင်းလဲဖြစ်ပေါ်လာတဲ့ပထမဆုံးကြယ်ပိုင်နက်လို့ ပြောကြတယ်။ အထဲရှိဒြပ်ဝတ္ထုတွေ၊ စွမ်းအင်တွေက အလွန်အမင်းသိပ်သည်းပြီး စကြာဝဠာဥပဒေသတွေက အလွန်အမင်းခိုင်မာတယ်။ ပုံမှန်အားဖြင့် စကြာဝဠာရှိအဓိကဂိုဏ်းအားလုံးက သူတို့ရဲ့ဌာနချုပ်ကို မူလဘူတကြယ်ပိုင်နက်မှာပဲ အခြေချကြတယ်။
သူက မူလဘူတမြေပြင်နဲ့ပတ်သက်ပြီးတော့လည်း သိတယ်။ အဲဒါက မူလဘူတကြယ်ပိုင်နက်ရှိအဆန်းကြယ်ဆုံးမြေပြင်တစ်ခုဖြစ်ပြီး စကြာဝဠာရှိ အဆန်းကြယ်ဆုံးမြေပြင်တစ်ခုလည်း ဖြစ်တယ်။ အဲဒါက အန္တရာယ်အများဆုံးမြေပြင်တစ်ခုဆိုတာတော့ မသိပါဘူး။