← Chapters

ဉာဏ်ကောင်းသည့်အရာရှိများ

Vol. 10 Ch. 137

ဉာဏ်ကောင်းသည့်အရာရှိများ

Vol. 10 Ch. 137

ဆေးအိုးတောင်ထိပ်မှ သုတေနပြုချက်များအရ အသားပေါက်စီကို ရေရှည်စားသုံးခြင်းသည်။ အဟာရမမျှတခြင်းနှင့် ခန္ဓာဖွံ့ဖြိုးမှုချို့ယွင်းခြင်းတို့ ဖြစ်စေတတ်ကြောင်း သိရသည်။ စိတ်ထားကောင်းသည့် လုယန်နှင့်မုန်ကျင်းကျိုးတို့ အရာရှိများ၏ အစာအဟာရမျှတစေရန်အတွက် ကိစ္စတစ်ခု လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့သည်။

မနက်ပိုင်းတွင် ဝီရိယကောင်းသည့် သခင်လုနှင့်သခင်မုန်တို့ အသားပေါက်စီအားလုံး ယူသွားသည်။ အရာရှိများကို မဖြစ်မနေအသီးရွက်စားဖြစ်အောင် ဖိအားပေးသည်။ ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ဖြစ်အောင် ပုံမှန်ပြေးခိုင်းသည်။ ကြွက်သားနှင့်အရိုးများ သွက်လက်ဖျတ်လတ်အောင် လေ့ကျင့်ပေးသည်။

ထိုနှစ်ယောက်အကြံကို အရာရှိများ ဝမ်းပမ်းတသာ လက်ခံကြသည်။ ဇွဲကောင်းကောင်းဖြင့် သူတို့နောက်သို့ အတင်းလိုက်သည်။ လူချင်းတွေ့၍ ကျေးဇူးတင်စကားဆိုရန် မြန်မြန်ဖမ်းမိဖို့ ကြိုးစားသည်။

လုယန်တို့နှစ်ယောက်သည် အပြောသမားသက်သက်မဟုတ်။ သူတို့ကိုယ်တိုင်လည်း ရှေ့မှပြေးပြ၍ ကျန်းမာရေးကောင်းမွန်ကြောင်း သက်သေခံသည်။

အရာရှိများ၏ အတော်စိတ်အားတက်ကြွလာကြသည်။ အပြေးလေ့ကျင့်ခန်း စလုပ်ကြသည်။ တစ်မနက်ခင်းလုံး ပြေးသည်။

ထိုအကြံပြုချက်က ကွက်တိကျသည်ဟု ခံစားရသဖြင့် အရာရှိများက ပညာရှင်နှစ်ယောက်က နာမည်ဂုဏ်သတင်းကို မြှင့်တင်ပေးသည်။ မကြာမီ တစ်မြို့လုံး အရာရှိများ အော်ဟစ်နေသံကိုကြားရသည်။

“သတ္တိရှိရင် ရပ်နေလိုက်စမ်း”

“ခွေးသူတောင်းစားတွေ။ ငါမင်းတို့ကို မသတ်ဘူးလို့ ကတိပေးပါတယ်”

“ဘာလို့ မင်းတို့မစားဘဲနဲ့ အသားပေါက်စီတွေ ယူသွားတာလဲကွ”

အရာရှိများ လုယန်တို့နောက်သို့ မရပ်မနားလိုက်ကြသည်။

အရာရှိများ မီလာမည်စိုးသဖြင့် အတင်းထွက်ပြေးကြသည်။ အရာရှိများ နောက်ကောက်ကျကျန်ခဲ့သည်။

ထွက်ပြေးရင်းမှ လုယန်ကပြောသည်။

“စည်းမျဉ်းတွေက တကယ်မလိမ်ဘူးကွ။ ဒီအရာရှိတွေ ဘယ်လောက်အန္တရာယ်များလဲ ကြည့်လေ။ ငါတို့နောက်ကို အကြောင်းမရှိဘဲ လိုက်နေတယ်။ သူတို့မီလာလို့မဖြစ်ဘူး”

မုန်ကျင်းကျိုး သဘောတူသည်။

“ဟုတ်တာပေါ့ ငါတို့ အခြေတည်အဆင့်ရောက်နေတာ ကံကောင်းတယ်။ တစ်ခြားလူတွေသာဆို အစောကတည်းက ဖမ်းမိပြီးလောက်ပြီ”

အရာရှိများက တစ်ဘက်မှကွေ့ပတ်၍ ချောင်ပိတ်ဖမ်းရန် ကြိုးစားသည်။ သို့သော် သူတို့နှစ်ယောက်က မြို့မြေပုံနှင့် ရင်းနှီးနေပြီးဖြစ်၍ လုံးဝမရပ်။

မနက်မှ ညနေအထိ အရာရှိများ လိုက်ဖမ်းကြသည်။ နောက်ဆုံးတွင် လုံးဝထပ်မပြေးနိုင်ကြတော့ဘဲ အသက်ကိုပင်ပန်းကြီးစွာရှူရိုက်၍ ခြေလှမ်းများယိမ်းယိုင်နေကြသည်။

ကိုးနာရီထိုးချိန်တွင် လုယန်တို့က အသားပေါက်စီများကိုင်၍ တည်းခိုခန်းသို့ ပြန်ကြသည်။ အရာရှိများက သူတို့ကို မကျေမနပ်စိုက်ကြည့်ပြီး ရုံးတော်သို့ မပြန်ချင်ဘဲ ပြန်ကြရသည်။

အရပ်သားမြို့အရာရှိများစည်းမျဉ်းအရ ညကိုးနာရီမှ မနက်ခုနစ်နာရီအထိ အစိုးရရုံးတွင် သူတို့နေရမည်။

လုယန်တို့နှစ်ယောက် နည်းနည်းစိတ်မကောင်းဖြစ်ကြသည်။ တည်းခိုခန်းတွင် ကြိုတင်ပြင်ဆင်မှုများစွာ လုပ်သည်။ အရာရှိများ တည်းခိုခန်းထဲဝင်လာလျှင် အံ့ဩစရာတစ်ခုပေးရန် စဉ်းစားထားကြသည်။

သိုသော် ထိုကိစ္စမျိုး ဖြစ်မလာ။

ငါးရက်နေ့မနက်တွင် အပျင်းကြီးခဲ့သည့် အရာရှိများ ပုံမှန်ချိန်အတိုင်း စားသောက်ဆိုင်သို့ ရောက်လာသည်။

အရင်က ဆယ့်ငါးမိနစ်လောက် အမြဲနောက်ကျသည်။ ဆိုင်လူကျချိန်မှ ရုတ်တရက်ပေါ်လာပြီး အားလုံးကို ခြောက်လှန့်သည်။ ယနေ့ ပြဿနာကောင်နှစ်ယောက်ထက် ကြိုဦးအောင်ဗိုက်ဖြည့်ရန် စောစောလာသည်။

သူတို့စားသောက်နေချိန်တွင် လုယန်နှင့် မုန်ကျင်းကျိုးတို့ တည်းခိုခန်းထဲမှ အေးအေးလူလူထွက်လာသည်ကို မြင်ကြရသည်။

“ငါတို့ရှေ့မှာ ပေါ်လာရဲသေးတယ်ပေါ့”

မနေ့ကအဖြစ်ကို ပြန်သတိရလာသဖြင့် အရာရှိများ ဒေါသထွက်သွားပြီး လိုက်ဖမ်းရန်ပြင်သည်။

လုယန် ခပ်အေးအေးပြန်ပြောသည်။

“ကျုပ်နာက်ကို မလိုက်တာကောင်းမယ်နော်။ မဟုတ်ရင် ဆိုးဝါးတဲ့ကိစ္စတွေ ဖြစ်လာလိမ့်မယ်”

“မင်းဘယ်သူ့ကိုခြောက်နေတာလဲကွ”

အရာရှိခေါင်းဆောင်က လုယန်စကားကို လုံးဝမယုံ။ တမင်လျှောက်ပြောနေသည်ဟု ထင်သည်။

အရပ်သားမြို့တွင် စည်းမျဉ်း ၂၁ ခုသာရှိသည်။ လုယန်ပြောသည့်အခြေအနေမျို ဖြစ်နိုင်စရာမရှိ။

“ဖမ်းကြ”

ဘယ်သူမှ သတိပေးစကားကို အရေးမစိုက်ကြသဖြင့် လုယန်နှင့်မုန်ကျင်းကျိုးတို့ သက်ပြင်းချ၍ လှည့်ပြေးသည်။

အရာရှိများ သိပ်ဝေးဝေးမရောက်မှ တစ်ယောက်က ဗိုက်ကိုနှိပ်၍ မြေပေါ်လဲကျပြီး လူးလှိမ့်နေသည်။ နဖူးမှ ချွေးသီးများ ထွက်လာသည်။

“ငါ့ဗိုက်ထဲမှာ အရမ်းနားတယ်”

ကွင်းဆက်ရိုက်ခတ်မှုတစ်ခုကဲ့သို့ နောက်ထပ်တစ်ယောက်ပြီးတစ်ယောက် နာကျင်စွာညည်းညူအော်ဟစ်လာကြသည်။ အရာရှိခေါင်းဆောင်ပင် ခံနိုင်ရည်မရှိတော့။ နာကျင်မှုသက်သာစေရန် မြေပေါ်တွင်ခွေခေါက်နေရသည်။ မတ်တပ်ထမရပ်နိုင်။

“အသားပေါက်စီတွေမှာ အဆိပ်ခတ်ထားတယ်ပေါ့...”

အရာရှိခေါင်းဆောင် လုယန်ကို ဒေါသဖြင့်စိုက်ကြည့်သည်။ သူတို့အဆိပ်ခတ်ခံလိုက်ရမှန်း သဘောပေါက်သွားသည်။

လုယန်က ပြန်ပြောသည်။

“ကျုပ်တို့နောက်ကို မလိုက်ပါနဲ့လို့ ပြောသားပဲ။ ခင်ဗျားတို့ နားမထောင်ဘူးလေ။ အခု ဒုက္ခရောက်နေပြီမဟုတ်လား”

“အဆိပ်ကို မင်းဘယ်ကရတာလဲ”

အရာရှိခေါင်းဆောင် နားမလည်။ ဆေးဆိုင်ပိုင်ရှင်က လုယန်ကို အဆိပ်ပေးမည်မဟုတ်။ အဆိပ်ကို ဘယ်ကရလာသည်မသိ။

လုယန် ဆောင်ကြောင့်ထိုင်၍ အရာရှိခေါင်းဆောင်၏ ဦးခေါင်းကို လက်ဖြင့်ပုတ်၍ ကရုဏာသက်သည့်လေသံဖြင့်

“မှတ်ထားပါ။ စားသောက်ပြီးစအချိန်မှာ ကြမ်းတမ်းတဲ့ ကိုယ်လက်လှုပ်ရှားမှုတွေ မလုပ်ရဘူး။ အူအတက်ရောင်တတ်တယ်။ စာအုပ်များများဖတ်ပါ။ အားလုံးကို အဆိပ်လို့ချည်း မထင်နဲ့။ ကျုပ်တို့က နာမည်ကြီးဂိုဏ်းတစ်ဂိုဏ်းက လူတွေပါ။ ဘယ်လိုလုပ် အဆိပ်သုံးမှာလဲ”

မသေမျိုးငါးဂိုဏ်းတွင် တစ်ဂိုဏ်းဖြစ်သည် တာအိုလမ်းစဉ်ဂိုဏ်းသည် သိက္ခာနှင့်အညီ ပြုမူသည်။ အဆိပ်ခတ်ရလောက်သည်အထိ အောက်တန်းကျသည့်အလုပ်မျိုးကို မလုပ်။

အနည်းဆုံးတော့ တာအိုလမ်းစဉ်ဂိုဏ်း အဆိပ်သုံးသည်ကို ကြုံဖူးသည့် သက်ရှိရန်သူဟူ၍ လုံးဝမရှိ။

အရာရှိများ ဗိုက်ဝေဒနာကြောင့် မြေပေါ်တွင် လူးလှိမ့်ညည်းညူနေကြသည်။ ဝေဒနာမခံရသူတို့ကလည်း ကြောက်ရွံ့တုန်လှုပ်စွာ ရပ်နေကြသည်။ မလှုပ်ရှားရဲကြ။ ထိုသို့ဖြင် လုယန်နှင့် မုန်ကျင်းကျိုးတို့ သူတို့မြင်ကွင်းရှေ့မှ အေးအေးလူလူ ထွက်သွားကြသည်။

လမ်းဘေးမှ အရပ်သားမြို့ခံများ၏ ထိတ်လန့်ရိပ်ပြည့်နေသည့်အကြည့်ကို သူတိုနှစ်ယောက် သတိမထားမိကြ။

“ဒီနှစ်ယောက် ပုံမှန်စည်းမျဉ်းအတိုင်း လိုက်နာနေရလို့ တော်သေးတာပေါ့။ သူတို့သာ ဝတ်ရုံနက်အရာရှိတွေဖြစ်သွာားရင် ငါတို့အသက်ရှင်နိုင်တော့မယ် မထင်ဘူး”

“ဟုတ်တယ်။ နာမည်ကျော်ဂိုဏ်းကလူတွေလို့ သူတို့ပြောတယ်။ ဒါပေမယ့် ဘယ်သူသိနိုင်မှာလဲ။ နတ်ဆိုးဂိုဏ်းကနေ တော်ဝင်ဂိုဏ်းထဲကို စိမ့်ဝင်လာတဲ့ သူလျိုတွေလည်း ဖြစ်နိုင်တာပဲ”

မုန်ကျင်းကျိုးနှင့်လုယန်တို့ သူတို့ဘက်တွင်ရှိနေသဖြင့် မြို့ခံများ စိတ်သက်ရာရသွားကြသည်။ မဟုတ်လျှင် သုံးရက်ထက် ပိုအသက်ရှင်နိုင်မည်မထင်ကြ။

ခြောက်ရက်မြောက်နေ့မနက်ခင်းတွင် အရာရှိများ ပို၍ဉာဏ်ကောင်းလာသည်။ အသားပေါက်စီများကိုမစားပဲ ဆွဲယူသွားပြီး တည်းခိုခန်းကို ဝိုင်းဝန်းပိတ်ဆို့ကြသည်။

လုယန်တို့နှစ်ယောက် ထိုသို့ဖြစ်လာမည်ကို ကြိုတင်မျှော်လင့်ထားပြီးဖြစ်၍ ဒုတိယထပ်ပြတင်းပေါက်မှ ခုန်ဆင်းပြေးကြသည်။

“လိုက်ဖမ်းကြစမ်း၊ မလွတ်စေနဲ့”

နှစ်ရက်ကြာအောင် စုစည်းထားသည့် မကျေနပ်ချက်များက ကြောက်စရာအတိုင်းအတာထိ ရောက်လာသည်။ မနေ့ကခံစားရသည့်ဝေဒနာကို ပြန်သတိရလာကြသဖြင့် ထိုနှစ်ယောက်ကို အစိတ်စိတ်အမွှာမွှာ ချေမွပစ်ချင်နေသည်။

လုယန်နှင့်မုန်ကျင်းကျိုး အပြေးပညာ ပိုကျွမ်းကျင်လာသည်။ သူ့တို့နောက်ကိုလိုက်ဖမ်းရင်း ကိုယ်ပိုင်ကျောင်းနယ်မြေထဲသို့ ရောက်လာသည်ကို အရာရှိများ သတိမထားမိကြ။

လုယန်တို့နှစ်ယောက်ကို မြင်သည်နှင့် ကိုယ်ပိုင်ကျောင်းဆရာ အံတင်းတင်းကြိတ်ပြီး ကျောင်းထဲမှ “စာဖတ်”နေသူများကို အော်ခေါ်လိုက်သည်။

ထိုစာဖတ်နေသူများသည် လူဟုပင် ခေါ်၍မရတော့။ ခန္ဓာကိုယ်တွင် အနက်ရောင်အမွှေးများ ဖုံးလွှမ်းနေသည်။ ပါးစပ်နှင့်နှာခေါင်းက ရှေ့သို့ ရှည်ထွက်နေသည်။ ထိုထက်အဖြစ်ဆိုးသူများက လေးဘက်ထောက်လုနီးပါး ဖြစ်နေသည်။ ခွေးနက်ဖြစ်လာဖို့ ခြေတစ်လှမ်းသာ လိုတော့သည်။

“သူတို့ကို ဖမ်းကြမ်း”

ကိုယ်ပိုင်ကျောင်းဆရာ အမိန့်ပေးလိုက်သည်။

ထိုအဖြစ်ကိုကြည့်၍ အရာရှိများလည်း ဒေါသထွက်သွားသည်။ ဘာကြောင့်သူတို့ပစ်မှတ်ကို လာလုရဲကြသနည်း။

ကျောင်းဆရာက လုယန်ကို မျက်လုံးချင်းဆုံကြည့်ရန် ကြိုးစားသည်။ လုယန် ကြိုတင်ပြင်ဆင်လာသည်။ မှန်တစ်ချပ်ဆွဲထုတ်၍ မျက်နှာရှေ့တွင် ထောင်လိုက်သည်။

“အရုပ်ဆိုးတဲ့မင်းမျက်နှာကို မင်းဘာသာပဲကြည့်ပါ”

မှန်ထဲမှ အရေပြားမရှိသည့်မျက်နာနှင့် သွေးနီရောင်မျက်လုံးများကို ကိုယ့်ဘာသာမြင်သွားပြီးနောက် ကျောင်းဆရာ အော်ညည်းသံတစ်ချက် ထွက်လာသည်။ စတင်အသွင်ပြောင်းလာသည်။ သူ့ပါးစပ်သူ အပ်ဖြင့်ချုပ်ရန် ကျောင်းခန်းဆီသို့ အမြန်ပြန်ပြေးသွားသည်။

ကျောင်းဆရာ၏ထိန်းချုပ်မှု မရှိတော့သဖြင့် ခွေးနက်လူသားများက အစောပိုင်းကအမိန့်အတိုင်း လိုက်လုပ်ကြသည်။ အရာရှိများနှင့် ရင်ဆိုင်တွေ့သည်။

ရှုပ်ရှက်ခတ်နေသည့် အခြေအနေကို အခွင့်ကောင်းယူ၍ လုယန်နှင့်မုန်ကျင်းကျိုး အရာရှိတစ်ယောက်ကို ဖမ်းဆွဲကြသည်။ အရာရှိဝတ်စုံကိုချွတ်ရန် ကြိုးစားသည်။ သို့သော် လုံးဝချွတ်မရ။

ထိုအရာရှိ၏ကိုယ်ပေါ်တွင် ရှာကြသည်။ အရပ်သားမြို့အရာရှိစည်းမျဉ်းစာရွက်ကို တွေ့သည်။ တည်းခိုခန်းမှ စားပွဲထိုးလိုပင် စည်းမျဉ်းများကို မမေ့စေရန် သွားလေရာဆောင်ထားသည်။

လိုချင်သည့်အရာ ရပြီးနောက် သူတို့နှစ်ယောက် ထွက်ပြေးသည်။

အရာရှိများကိုတော့ သူတို့သဘောဆန္ဒကို လေးစားပေးရန် ဆုံးဖြတ်ကြသည်။

တိုက်ခိုက်ချင်သည်ဆိုလျှင် တိုက်ခိုက်ကြပါစေ။

***********************************************

All Chapters