← Chapters

မသေမျိုးငါးဂိုဏ်းတွင် စွမ်းအားအကြီးဆုံး

Vol. 10 Ch. 145

မသေမျိုးငါးဂိုဏ်းတွင် စွမ်းအားအကြီးဆုံး

Vol. 10 Ch. 145

မုန်ကျင်းကျိုး လုယန်ပုခုံးကိုပုတ်၍ ပြောသည်။

“နောက်ဆုံးတော့ မင်းလည်း တစ်ယောက်ယောက် လက်ထပ်ချင်လောက်အောင် ထင်ရှားလာပြီပဲ”

“”မင်းလည်း”တဲ့လား”

လုယန် မုန်ကျင်းကျိုးကို လှည့်ကြည့်သည်။

မုန်ကျင်းကျိုးက ဝင့်ကြွားသည့်လေသံဖြင့်

“ငါငယ်ငယ်ကတည်းက တော်ဝင်မျိုးနွယ်တွေ အဆင့်မြင့်ဝန်ကြီးတွေ နာမည်ကျော်ဂိုဏ်းကလူတွေ ငါ့အိမ်ကိုလာပြီး စေ့စပ်ကြောင်းလမ်းခဲ့ကြတာလေ။ သူတို့သမီးတွေကို သမီးအရင်းမဟုတ်သလို ငါ့ကြင်ဖက်ဖြစ်လာအောင် ကြိုးစားကြတာ။ ငါ့မိဘတွေ မိသားစုအကြီးအကဲတွေသာ သူတို့ကို ပြတ်ပြတ်သားသားမငြင်းခဲ့ရ ခုလောက်ဆိုငါ..”

“ခုချိန်ဆိုမင်း ကျောက်ကပ်ချို့ယွင်းတဲ့ရောဂါ ရနေလောက်ပြီ”

လုယန် ဖြတ်ပြောလိုက်သည်။

“ငါက ဆွဲဆောင်မှုရှိတဲ့သခင်လေးတစ်ယောက် ဖြစ်နေမှာကွ”

မုန်ကျင်းကျိုးက ဒေါသတကြီးပြန်ပြောသည်။

သူတို့နှစ်ယောက် လုံးထွေးသတ်ပုတ်ကြသည်။ ကျားလက်သီးသိုင်း သုံးကြသည်။ အော်ဟစ်ကြုံးဝါးသံများ တိမ်တိုက်ကြားတွင် လွင့်ပျံနေသည်။ ယွမ်ကျိက ပျံသန်းဖို့သာ အာရုံစိုက်ထားသည် သူတို့ကိုအရေးမစိုက်။

လုယန် ကျားနတ်ဆိုးအသွင်ပြောင်းပြီး မုန်ကျင်းကျိုးကို လက်ဝါးဖြင့်ပုတ်၍ ရိုက်လှဲလိုက်သည်။ မုန်ကျင်းကျိုး အရှုံးပေးရသည်။

မုန်ကျင်းကျိုး၏ ကျားလက်သီး လုယန်၏ ကျားအစစ်အသွင်ကို ယှဉ်၍မရ။

တိုက်ခိုက်ပြီးသည်အထိ လုယန် နားမလည်သေး။ ယန်ကျန်းကောင်တီတွင် သူပြခဲ့သည့် ထူးခြားအရည်အချင်းများသည် တစ်ခြားလူများလက်ထပ်ဖို့ လာကမ်းလှမ်းရသည့်အဆင့်ထိ တကယ်ရောက်သွားသလားမသိ။

“လက်ထပ်ဖို့ကမ်းလှမ်းခြင်း”၊ “မိန်းကလေးဘက်က စိတ်ပြောင်းခြင်း”၊ “ကိုယ်ထဲတွင်အားကောင်းသည် ဝိညာဉ်တစ်ခုရှိခြင်း”။ ဘာကြောင့် ထိုအဖြစ်အပျက်များကို ရင်းနှီးသလို ခံစားနေရသည်မသိ။

............

ရှားနိုင်ငံ၊ နန်းမြို့တော်၊ အင်ပါယာနန်းတော်။

ရွှေရောင်အမှတ်အသားများပါသည့် အနက်ရောင်ဝတ်စုံ ဝတ်ထားသည့် ခံ့ညားသည့် လူတစ်ယောက် ခန်းမ၏အမြင့်ပိုင်းတွင် ထိုင်နေသည်။ မျက်နှာက အပြုံးလုံးဝမရှိ။ တင်းမာသည်။ အောက်ဘက်မှ ဝန်းကြီးများ အသက်ရှည်ပါစေကြောင်း ဆုတောင်းနေသည်။ ဩဇာရိပ်လွှမ်းသည့် လေထုမျိုး ဖြစ်ပေါ်နေသည်။

“ထကြပါ ဝန်မင်းတို့”

“ကျေးဇူးပါ မင်းကြီး”

ရှားအင်ပါယာ ဝန်ကြီးများကို တစ်ချက်ဝေ့ကြည့်ပြီး အသစ်ရောက်လာသည့် အစီရင်ခံစာကို ထုတ်လိုက်သည်။

“ခုနကပဲ ချင်းကျိုးနယ်စားဆီက အစီရင်ခံစာတစ်ခုရတယ်။ အရပ်သားမြို့လို့ခေါ်တဲ့နေရာမှာ ရှေးခေတ်စုစည်းခြင်းအဆင့်ငါးယောက် ပြန်ရှင်သန်လာပြီး နယ်မြေတည်ထောင်ထားတာ တွေ့တယ်တဲ့။ တာအိုလမ်းစဉ်ဂိုဏ်းချုပ်က ခရီးသွားရင်းတွေ့လို့ သူ့တည့်နှစ်ယောက်နဲ့အတူ စုစည်းခြင်းအဆင့်သုံးယောက်ကို သတ်ခဲ့တယ်”

ထိုစကားကြားသည်နှင့် ဝန်ကြီးများ စိတ်သက်သာရာရသွားပြီး သက်ပြင်းချကြသည်။ စုစည်းခြင်းအဆင့်ငါးယောက် ပြန်ရှင်သန်လာသည့်ကိစ္စသည် ပေါ့သေးသေးမဟုတ်။ တာအိုရှင်ဝစီပိတ် သူတို့ကိုတွေ့ခဲ့၍သာ ကံကောင်းသွားသည်။ တစ်ခြားလူသာဆိုလျှင် အရပ်သားမြို့တွင် သေသွားနိုင်သည်။

တာအိုဝစီပိတ်၏ နာမည်ဂုဏ်းသတင်းက သိပ်တော့မကောင်းလှ။ ငယ်စဉ်အချိန်က လူအတော်များများကို လှည့်စားခဲ့သည်။ သို့သော် သူ့စွမ်းအားက စုစည်းခြင်းအဆင့်များကြားတွင် ထိပ်တန်းဖြစ်သည်။

“ဒါပေမယ့် စုစည်းခြင်းအဆင့်နှစ်ယောက် လွတ်သွားတယ်။ နှစ်ယောက်လုံးက စုစည်းခြင်းထိပ်ဆုံးအဆင့်တွေတဲ့”

အင်ပါယာရှားက အဓိကအချက်ကို ထောက်ပြသတိပေးသည်။

ထိုရှေးခေတ်ကျင့်ကြံသူများ နိုင်ငံ့ဥပဒေကိုလိုက်နာဖို့ သူမမျှော်လင့်ပါ။ ‌ရှေးဟောင်းကျင့်ကြံမှုနည်းလမ်းများသည် အတော်ကြမ်းတမ်းသည်။ လူ့အသက်များကို တန်ဖိုးမထားကြ။ ယခု ပြန်ရှင်သန်လာသည့် ဤအုပ်စုသည် မဟာကပ်အခွင့်အရေးအတွင် ပေါ်လာကြခြင်းဖြစ်သည်။ လုံးဝရပ်တန့်ကြမည်မဟုတ်။ ရှားနိုင်ငံတွင် ထိုအတွေ့အကြုံမျိုး ရှိခဲ့ပြီးဖြစ်သည်။

ဝန်ကြီးများ အချင်းချင်းတီးတိုးပြောနေသည်။ စုစည်းခြင်းအဆင့်နှစ်ယောက် သူတို့ဘာသာ ကိုယ်ရောင်ပြလာလျှင် ဘာမှကြောက်စရာမရှိ။ နန်းတော်တွင် သူတို့ကို အနိုင်ယူနိုင်သူများစွာရှိသည်။ ထိုနှစ်ယောက် ပုန်းအောင်းနေပြီး အမှောင်ထဲမှ တစ်ခုခုကြံစည်မည်ကိုသာ စိုးရိမ်သည်။ နတ်ဆိုးဂိုဏ်းများနှင့် ပူးပေါင်းသွားလျှင် ပို၍ဒုက္ခများလာမည်။

“ဒီရှေးခေတ်ကျင့်ကြံသူတွေတော့ကွာ”

အင်ပါယာရှားအတော်အခက်တွေ့သည်။ မိုးမြေဝိညာဉ်သန္ဓေက ပိုအသက်ဝင်လာသည်။ နိုးထလာသည့် ကျင့်ကြံသူများ ပို၍တိုးပွားလာသည်။

ယခုစုစည်းခြင်းစွမ်းအားရှင်အုပ်စုသည် ကြီးမားသည့်အန္တရာယ်တစ်ခု ဖြစ်သည်။ မစစ်ဆေးဘဲထားလျင် ကြီးမားသည့် ဘေးဒုက္ခများ ဖြစ်လာမည်။ လူပေါင်းများစွာ သေကြေပျက်စီးနိုင်သည်။

သို့သော် ယခုချိန်ထိ ကူးဖြတ်ခြင်းအဆင့်စွမ်းအားရှင်များ တစ်ယောက်မှ နိုးထမလာ၍ တော်သေးသည်။

စုစည်းထားသည့် သတင်းအရ အစောပိုင်း နိုးထခဲ့သူများသည် စုစည်းခြင်းအခြေခံအဆင့်များသာဖြစ်သည်။ နိုးထချိန်နောက်ကျလေ ကျင့်စဉ်အဆင့်မြင့်လေဖြစ်သည်။ အရပ်သားမြို့မှအုပ်စုတွင် လေးယောက်က စုစည်းခြင်းထိပ်ဆုံးအဆင့်ဖြစ်သည်။ တစ်ယောက်က အလတ်တန်းအဆင့်ဖြစ်သည်။

သိပ်မကြာမီ ကူးဖြတ်ခြင်းအဆင့်များ နိုးထလာနိုင်သည်။ ထိုအချိန်ရောက်လျင် အရှေ့ပင်လယ်, အနောက်ဗုဒ္ဓနိုင်ငံ၊ တောင်ဘက်နတ်ဆိုးနယ်မြေ မြောက်ပိုင်းအေးခဲနယ်မြေနှင့် နတ်ဆိုးဂိုဏ်းလေးဂိုဏ်းတို့ တစ်ပြိုင်တည်း ဂယက်ထလာမည်။ ရှားနိုင်ငံ ပြိုလဲတော့မည့်အနေအထား ဖြစ်လာမည်။ မင်းဆက်တစ်ခုကို နှစ်တစ်သိန်းသာတည်တံ့မည်ဟုသည် ကောလဟာလက အမှန်တကယ် ဖြစ်လာနိုင်သည်။

“ဒါတွေအားလုံး မသေမျိုးဖြစ်ချင်လို့ ဖြစ်လာရတာပဲ”

လျှို့ဝှက်ချက်အတော်များများသိထားပြီးဖြစ်၍ ရှားအင်ပါ၏မျက်လုံးများ အေးစက်သွားသည်။ ထိုဖြစ်စဉ်အားလုံးကို အရိပ်ထဲမှ လူတစ်ယောက်က စီစဉ်ခဲ့သည်။ မသေမျိုးများ သို့မဟုတ် အရိယဖလများ ပိုထွက်ပေါ်လာစေလိုသောကြောင့်ဖြစ်သည်။

ထိုကိစ္စကို ရှေးခေတ်မသေမျိုးငါးယောက်ထဲမှ တစ်ယောက်ဖြစ်သည့် အမည်မသိစွမ်းအားရှင်က လုပ်နေသည်ဟု အင်ပါယာရှား ယူဆသည်။

“မသေမျိုးဖြစ်ဖို့ အဲလောက်အရေးကြီးလို့လား”

သူ့စိတ်ထဲတွင် ကျိတ်၍ဒေါသဖြစ်နေသည်။ သို့သော် သူ့ဒေါသကို ထုတ်မပြ။

နောက်ကွယ်မှကြိုးကိုင်သူသည် ရှားနိုင်ငံကို နယ်ရုပ်တစ်ကောင်လို ကစား၍ရမည်ဟုထင်နေလျှင် မှားသွားပေလိမ့်မည်။

အမည်မသိစွမ်းအားရှင်အကြောင်း သူဆက်မတွေးတော့။ လွတ်သွားသည့် ရှေးဟောင်းကျင့်ကြံသူနှစ်ယောက်ကိစ္စကို ပြန်အာရုံစိုက်သည်။

ထိုစဉ် ခေါင်းဆောင်ကုန်းကုန်းက မှတ်တမ်းတစ်ကိုင်ပြီး အင်ပါယာရှားကို အမြန်လာပေးသည်။

အစီရင်ခံစာဖတ်ပြီးနောက် အင်ပါရာရှားမျက်နှာ အပျော်ရိပ်သန်းလာသည်။

“ကောင်းတယ်။ သိပ်ကောင်းတာပေါ့”

ဝန်ကြီးများ နားမလည်နိုင်အောင် ဖြစ်သွားသည်။ အစီရင်ခံစာတွင် ဘာရေးထား၍ အင်ပါယာရှား ထိုမျှပျော်ရွင်နေသည်မသိ။

“လွတ်သွားတဲ့နှစ်ယောက်အတွက် စိုးရိမ်စရာမလိုတော့ဘူး။ တာအိုလမ်းစဉ်ဂိုဏ်းကယွမ်ကျိက သူတို့ကို ဖမ်းထားပြီးပြီတဲ”

“ယွမ်ကျိ”

ဝန်ကြီးတစ်ချို့က ထိုနာမည်မကြားဖူးသဖြင့် ဇဝေဇဝါဖြစ်နေသည်။ တာအိုလမ်းစဉ်ဂိုဏ်း အကြီးအကဲရှစ်ယောက်တွင် ယွမ်ကျိဟူသည့်နာမည် တစ်ယောက်မှမရှိ။

သတင်းလမ်းကြောင်းစုံသည့် ဝန်ကြီးများက ယွမ်ကျိ၏ သရုပ်မှန်နှင့် ကြောက်စရာစွမ်းရည်များကို သိထားကြသည်။ စုစည်းခြင်းအဆင့်နှစ်ယောက်ကိုဖမ်းဖို့ ယွမ်ကျိအတွက် သိပ်မခက်ခဲမှန်း နားလည်သည်။

“နတ်ဆိုးနယ်မြေက အထောက်တော်လွှတ်လိုက်ပါတယ်...”

အင်ပါယာရှားနှင့်ဝန်ကြီးများ တစ်ခြားကိစ္စများ ဆက်ဆွေးနွေးသည်။

ညီလာခံပြီးသွားချန်တွင် စိတ်ကျင့်ကြံခြင်းခန်းမသို့ အင်ပါယာရှားပြန်သွားသည်။ အစီရင်ခံစာမှတ်တမ်းအသစ်များကို ဖတ်ရှုသည်။

“မင်းကြီး၊ ချင်ပြည်နယ်က နယ်စားကျင်းယန် အစီရင်ခံစရာရှိတယ်တဲ့”

ခေါင်းဆောင်ကုန်းကုန်းက တိုးတိုးကပ်ပြောသည်။

အင်ပါယာရှား မော့မကြည့်။

“ဝင်လာခိုင်းလိုက်”

နယ်စားကျင်းယန် ခန်းမထဲဝင်လာသည်။ အင်ပါယာရှား မှတ်တမ်းများကြည့်နေသည်ကိုမြင်သဖြင့် ရိုရိုသေသေရပ်လျက် အသံတိတ်နေသည်။ အင်ပါယာရှား အရေးကြီးမှတ်တမ်းအများစုကို ဖတ်ပြီးသွားသည်။

“နယ်စားကျင်းယန်၊ ဘာကိစ္စဆွေးနွေးစရာရှိလို့လဲ”

တည်ကြည်သည့်မျက်နှာဖြင့် နယ်စားကို သူကြည့်သည်။ နယ်စားက သူနှင့်မျက်လုံးချင်းမဆုံရဲ။

“မင်းကြီး၊ တာအိုလမ်းစဉ်ဂိုဏ်းကို ကျုပ်တို့သတိမထားလို့ မဖြစ်တော့ပါဘူး။ တစ်ချိန်က ဂိုဏ်းတပည့်ဖြစ်တဲ့ ယွမ်ကျိဟာ မသေမျိုးငါးဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေကို အနိုင်ယူပြီး ထူးခြားတဲ့မှတ်ကျောက်မျိုး တင်နိုင်ခဲ့ပါတယ်။ အဲဒီ့ကတည်းက သူလှုပ်ရှားတာကို မြင်ရခဲတယ်။ ဒါပေမယ့် သူလှုပ်ရှားလိုက်တာနဲ့ အားလုံးတုန်လှုပ်ခြောက်ခြားရပါတယ်။ ဒီနှစ်ပေါင်းရာချီအတွင်းမှာ သူ့ကျင့်စဉ်စွမ်းအားဟာလည်း‌ ကြောက်စရာကောင်းလောက်တဲ့အဆင့်မျိုး ရောက်နေပြီးဖြစ်မှာပါ။

သူရှိနေရင် နိုင်ငံ့အခြေခိုင် ယိမ်းယိုင်လာမှာကို ကျုပ်စိုးရိမ်ပါတယ်။ ဘာပဲပြောပြော တာအိုလမ်းစဉ်ဂိုဏ်းဟာ မဟာယုခေတ်မှာ စတည်ထောင်ခဲ့တာပါ။ နယ်မြေပိုင်းခြားမှုခေတ်နဲ့ မဟာရှားနိုင်ငံ တည်ထောင်တဲ့ခေတ်တွေကို သူတို့ဖြတ်ကျော်ခဲ့ပါတယ်။ ကျုပ်တို့နေရာကို အစားထိုးယူဖို့ရည်ရွယ်ချက်မျိုး ရှိနေနိုင်ပါတယ်။

ဒါက ကျုပ်ရဲ့ပုဂ္ဂလိကအမြင်သက်သက် မဟုတ်ပါဘူး။ ရုံးတော်ကိုလာတဲ့လမ်းမှာ အစေခံတစ်ယောက်က “တာအိုတိုးတက်လာရင် လောကကြီးငြိမ်းချမ်းမယ်”လို့ သီချင်းဆိုနေတာ ကြားခဲ့ပါတယ်”

အင်ပါယာရှား မျက်မှောင်ကျုံ့သွားသည်။

နယ်စားကျင်းယန်က ထိုအဖြစ်ကိုရိပ်စားမိသဖြင့် အင်ပါယာရှား တာအိုလမ်းစဉ်ဂိုဏ်းအပေါ် သံသယဝင်လာပြီမှန်း သိလိုက်သည်။ ဘာမှဆက်မပြောတော့ဘဲ ထွက်သွားသည်။

အင်ပါယာရှားက ကုန်းကုန်းကို ခေါ်သည်။

“ချင်ပြည်နယ်ရဲ့ နယ်စားကျင်းယန် အခုတလော ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့သလဲ စုံစမ်းပါ။ အထူးသဖြင့် နတ်ဆိုးနယ်မြေနဲ့ အဆက်အဆံရှိသလားဆိုတာ စစ်ဆေးပါ”

“ဟုတ်ကဲ့”

အင်ပါယာရှား ကျိတ်၍လှောင်ပြုံးပြုံးလိုက်သည်။ နန်းတော်ထဲမှလူတိုင်း ရှားနိုင်ငံနှင့်အတူ ရပ်တည်နေသည်မဟုတ်။

“ငါနဲ့တာအိုလမ်းစဉ်ဂိုဏ်းကို သွေးခွဲတယ်ပေါ့။ အတော်ပါးနပ်တဲ့စိတ်ကူးပဲ”

သူနန်းတက်ပြီးနောက် မသေမျိုးငါးဂိုဏ်းလုံးကို သူသွားလည်ခဲ့သည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ ရောက်ချိန်တွင် ယွမ်ကျိကိုတွေ့ပြီး သူအံ့ဩခဲ့ရသည်။ ထိုမိန်းကလေးကို သူမခန့်မှန်းနိုင်ဟု ခံစားရသည်။ သူကြိုးစားစုံစမ်းခဲ့သော်လည်း ယွမ်ကျိ၏နောက်ခံကို သေချာမသိရ။ ထို့ကြောင့် နန်းတော်ထဲမှ တားမြစ်နေရာသို့ ချက်ချင်းသွားပြီး သူ့ဘိုးဘေးကို ယွမ်ကျိအကြောင်း မေးခဲ့သည်။

ဘိုးဘေးက အတော်ကြာအောင် အသံတိတ်နေပြီးမှ တစ်ခွန်းတည်းပြန်ဖြေသည်။

“မသေမျိုးငါးဂိုဏ်းမှာ စွမ်းအားအကြီးဆုံးပါ”

ထိုမျှနှင့်မကျေနပ်သဖြင့် အင်ပါယာရှား ထပ်မေးသည်။

“သူနဲ့ဘိုးဘေး ဘယ်သူက ပိုစွမ်းအားကြီးလဲ”

“ထပ်မမေးနဲ့တော့”

အင်ပါယာရှားကို ဘိုးဘေးက နှင်ထုတ်လိုက်သည်။ ဘိုးဘေး၏လေသံက စိတ်ပျက်မှုနှင့်ရှက်ရွံ့မှု ရောထွေးနေသည်။

**********************************************

All Chapters