← Chapters

ကလေးတစ်ယောက်၏နှလုံးသား

Vol. 10 Ch. 146

ကလေးတစ်ယောက်၏နှလုံးသား

Vol. 10 Ch. 146

ထိုအချိန်မှစ၍ တာအိုလမ်းစဉ်ဂိုဏ်းနှင့် ရန်သူဖြစ်ခြင်းသည် “နှစ်တစ်သိန်းကျိန်စာ”ကို ဖြည့်ဆည်းခြင်းဖြစ်ကြောင်း အင်ပါယာရှား သဘောပေါက်သွားသည်။

အရိပ်ထဲတွင် လှုပ်ရှားနေသူများက ယွမ်ကျိုကို ပါရမီမြင့်မားပြီး စွမ်းအားကြီးသည်ဟု ယူဆကြသည်။ သို့သော် ဘယ်လောက်စွမ်းအားကြီးသည်ကို အတိအကျမသိကြ။

ယွမ်ကျိ၏ စွမ်းအားအမှန်ကိုသာ သိခဲ့လျှင် သူတို့သပ်လျိုဖို့ကြိုးစားသည့် အစီအစဉ်သည် ဘယ်လောက်ရူးမိုက်ကြောင်း နားလည်သွားကြပေလိမ့်မယ်။

........

“ဘယ်ကိုသွားကြမှာလဲ အမယွမ်”

ဂိုဏ်းသို့ရောက်သော်လည်း ယွက်ကျိက ကောင်းကင်ဂိတ်တောင်ထိပ်တွင် မရပ်သေးဘဲ ဆက်၍ ပျံသန်းနေသည်။

ထိုနေရာသို့ လုယန်တစ်ခါမှ မရောက်ဘူး။ သူတို့အောက်ဘက်တွင် တောင်းတန်းများ နွံအိုင်များ၊ မိုင်ထောင်ချီသည့်အနီရောင်မြေပြင်များ ကျယ်ပြန့်သည့် ကန္တာရများရှိသည်။

“အကျဉ်ထောင်တောင်ထိပ်ကိုပေါ့”

လုယန်ရောမုန်ကျင်းကျိုးပါ ထိုတောင်ထိပ်နာမည်ကို မကြားဖူးကြ။

ယွမ်ကျိ ထို့နေရာများကို ဖြတ်ကျော်ပျံသန်းပြီးနောက် သံကြိုးကြီးများ ရစ်ပတ်ထထားသည့် မှုန်မှိုင်းမှိုင်းတောင်ထိပ်တွင် ဆင်းသက်သည်။ သံကြိုးများ၏အစွန်းတစ်ဘက်ကို အရပ်လေးမျက်နှာတွင် တောင်ထိပ်လေးခုတွင် ရစ်ပတ်ထားသည်။ လုယန်နှင့်မုန်ကျင်းကျိုး ကြက်သီးမွှေးညှင်းများထလာသည်။ ထို့နေရာသည် အငွေ့အသက်မကောင်းလှ။

ဖုန်းရွှေနှင့် မှော်စက်ဝန်းများအကြောင်း လုယန်နည်းနည်းလေ့လာဖူးသည်။ ဖုန်းရွှေက “စီးကြော”ကို အဓိကထားသည်။ အနည်းဆုံး အပြင်လောက အရှေ့အနောက်တောင်မြောက် ဦးတည်ရာတစ်ခုနှင့် ဆက်သွယ်နေသည့် အသက်ဓာတ်ကို ကိုယ်စားပြုသည်။ သို့သော် အကျဉ်းထောင်တောင်ထိပ်ကို တစ်ခြားတောင်ကုန်းများက အရပ်လေးမျက်နှာမှ ဝန်းရံထားသည်။ အသက်ဓာတ်အားလုံးကို ပိတ်ဆို့ထားသည်။ အကျဉ်းထောင်တောင်ထိပ်တွင် အုပ်ဆိုင်းနေသည့် တိမ်တိုက်များက အဖုံးတစ်ခုနှင့်တူသည်။ ထိုနေရာတစ်ဝိုက်ကို တင်းကြပ်စွာ ဖုံးဖိထားသည်။

အကျဉ်းထောင်‌တောင်ထိပ်ကို အကျဉ်းသားများ ထိန်းသိမ်းရန်နှင့်စစ်ဆေးမေးမြန်းရန် အသုံးပြုသည်။

သုံးယောက်လုံး မြေပေါ်ဆင်းကြသည်။ ယွမ်ကျိက ဂိတ်တံခါးမှော်စက်ဝန်းကိုဖွင့်ပြီး စုစည်းခြင်းအဆင့်ဝိညာဉ်နှစ်ယောက်ကို ဆွဲခေါ်သွားသည်။ တောင်ခြေဝင်ပေါက်မှ မီတာငါးထောင်ခန့် အောက်သို့ဆင်းပြီးမှ ရပ်သွားသည်။

အကျဉ်းသားအားလုံးကို အကျဉ်ထောင်တောင်ထိပ်အောက်တွင် ထိန်းသိမ်းထားသည်။

ထိုတောင်ထိပ်သို့ရောက်ပြီးနောက် လုယန်နျင့်မုန်ကျင်းကျိုးတို့ အရပ်သားမြို့သို့ ပြန်ရောက်လာသလို ခံစားလိုက်ရသည်။ ဝိညာဉ်စွမ်းအား သုံး၍မရ။ ဝိညာဉ်ချုပ်မှော်စက်ဝန်းမျိုးမဟုတ်။ စည်းမျဉ်းတစ်မျိုးဖြစ်သည်။

လှောင်အိမ်ပေါင်း တစ်ရာနီးပါးရှိသည်။ အများစုက အလွတ်များဖြစ်သည်။ အကျဉ်းသား တစ်ဒါဇင်ခန့်သာ ထိန်းသိမ်းထားသည်။

အတိအကျပြောရလျှင် လူများကို ထိန်းသိမ်းခြင်းမဟုတ်။ ဝိညာဉ်ခန္ဓဦများဖြစ်သည်။ စည်းမျဉ်းဖိနှိပ်မှုအောက်တွင် ထိုဝိညာဉ်ခန္ဓာများ အင်အားချိနဲ့၍ စိတ်ဓာတ်ကျနေကြသည်။

တစ်ချို့ဝိညာဉ်များက လုယန်နှင့်မုန်ကျင်းကျိုးကိုမြင်သည်နှင့် သွားရေယိုနေကြသည်။ ချက်ချင်းခုန်အုပ်၍ စားချင်စိတ်ပေါက်နေသည်။ သို့သော် ယွမ်ကျိကိုမြင်သွားချိန်တွင် အားလုံးအပိုးကျိုးသွားသည်။

ထိန်းသိမ်းထားသည့် “လူ”အရေအတွက်က် နည်းလွန်းသဖြင့် ထူးဆန်းသည်ဟု လုယန်ခံစားရသည်။ ယန်းကျန်းကောင်တီအကျဉ်းခန်းများပင် ထိုထက် ပိုလူများသည်။

“ဒီမှာအကျဉ်းချထားတာတွေက ရှေးခေတ်စုစည်းခြင်းအဆင့်တွေပဲ။ သတိထားပါ”

ယွမ်ကျိက သတိပေးသည်။

နှစ်ယောက်လုံး တုန်လှုပ်သွားသည်။ အကျဉ်းသားနည်းလွန်းသည်ဟု ဆက်မတွေးဖြစ်တော့။

စုစည်းခြင်းအဆင့် ဝိညာဉ်ခန္ဓာတစ်ဒါဇင်ခန့် အကျဉ်းချထားခြင်းဖြစ်သည်။

“အမယွမ်၊ သူတို့ထွက်ပြေးမှာ မစိုးရိမ်ရဘူးလား”

“ထွက်ပြေးဖို့တဲ့လား။ မင်းငါ့ကို တကယ်လျှော့တွက်ထားတာပဲ ကောင်လေး”

ကလေးသံတစ်ခု ပေါ်လာသည်။ လုယန် လှည့်ကြည့်သည်။ ဆံပင်များဖြူဖွေးနေသ်ည့ ကလေးတစ်ယောက်ဖြစ်သည်။ အရပ်သိပ်မမြင့်။ ခြေဖျားထောက်ရပ်နေမှ လုယန်၏ခါးကို မီရုံလောက်သာရှိသည်။

“ဘိုးဘေးဆရာ”

လုယန်နှင့်မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။ ဆံဖြူကောင်လေးက အမှန်တကယ် တာအိုဝစီပိတ်၏ ဆရာဖြစ်နေသည်။

“ဘိုးဘေးဆရာလား”

နှစ်ယောက်လုံး ပြိုင်တူအသံထွက်လာသည်။

“ဟဲဟဲ၊ ငါက အသက်ငယ်လွန်းတယ်လို မင်းတို့မထင်ဘူးလား”

“လုံးဝမထင်ပါဘူး”

ဆံဖြူကောင်လေးက အဘိုးအိုတစ်ယောက်၏ ဟန်ပန်ဖြင့် ပြောသည်။

“မင်းတို့က ငယ်လွန်းသေးတယ်။ အတွေ့အကြုံမရှိသေးဘူး။ ငါ့အခြေအနေကို မင်းတို့နားမလည်နိုင်ဘူး။ ဒါက ကျင့်ကြံမှုပုံစံတစ်မျိုးပါ”

ဒဏ္ဍာရီစကားတစ်ခုကို လုယန် ချက်ချင်းတွေးမိသည်။ “ရှေးလူတွေပြောတယ်။ သူတော်ကောင်းတရားမြဲရင် ကလေးငယ်ဘဝပြန်ရောက်သွားတယ်။ ယာဇ်ပူဇော်တဲ့ နွားတစ်ကောင်ကို ပွဲတော်တည်နေသလို နွေဦးချိန် လှေခါးထစ်စိုက်ခင်းတွေပေါ်တက်သလို လူအများက ပျားပန်းခတ်လှုပ်ရှားနေသည်။ ဒါပေမယ့် ကျွန်ုပ်က လက္ခဏာများလည်းမပြ။ ပြုံးပင်မပြုံးတတ်သေးသည့် မွေးကင်းစကလေးတစ်ယောက်လို တစ်ကိုယ်တည်းတည်ငြိမ်သည်။”တဲ့။

“မဟာကျင့်ကြံသူအတော်များများဟာ တစ်သက်လုံး ကလေးတစ်ယောက်ရဲ နှလုံးသားကို ရှာဖွေကြတယ်။ ဒါပေမယ့် ဒီအခြေအနေကို သူတို့ဘယ်တော့မှ မရောက်နိုင်နိုင်ကြဘူး။ တမင်တကာ လိုက်ရှာနေတာကကို ကလေးအတွေးမဟုတ်တော့ဘူး။.ကလေးတစ်ယောက်ရဲ့ နှလုံးသားအစစ်ကို ဘယ်လိုရနိုင်မှာလဲ”

“ဒါဆို ဘိုးဘေးဆရာက ကလေးငယ်အဖြစ်ကို ပြန်ရောက်တာလား။ မူလအခြေအနေကို ပြန်ရောက်ပြီး ကောင်းကင်နဲ့ပေါင်းစည်းသွားလို့ ကလေးနှလုံးသားကိုပိုင်ဆိုင်သွားတာလား”

မုန်ကျင်းကျိုးလည်း အံ့အားသင့်သွားသည်။ “ကလေးနှလုံးသား”ဟူသည့် အဖြ်စသည် ဒဏ္ဍာရီတွင် အမြဲရှိခဲ့သည်။ မုန်မိသားစုတွင် ဘယ်အကြီးအကဲမှ ထိုအခြေအနေသို့ မရောက်ခဲ့ဖူး။ ယခု တာအိုလမ်းစဉ်ဂိုဏ်းတွင် တစ်ယောက်တွေ့နေရသည်။

ဆံဖြူ‌ကလေးငယ်က ဘာမှမပြောဘဲ ပြုံးနေသည်။ ထိုကလေးနှစ်ယောက် သင်လို့ရသည်ဟူသည့်ဟန်ပန်ဖြင့် ညင်သာစွာခေါင်းငြိမ့်ပြသည်။

သို့သော် ယွမ်ကျိက နည်းနည်းအံ့အားသင့်သွားသည်။

“ကျွန်မကြားထားတဲ့ ဇာတ်လမ်းက အဲလိုမဟုတ်ပါဘူး။ ဘိုးဘေးဆရာငယ်ငယ်တုန်းက အပျော်အပါးလိုက်စားပြီး ဆောင်ကြာမြိုင်တွေမှာပဲ အချိန်ကုန်နေတော့ ကျင့်ကြံမှုမှာ နှောင့်နှေးသွားတယ်တဲ့။ နောက်တော့ ကိစ္စတစ်ခုကြောင့် ဘိုးဘေးဆရာရဲ့ စိတ်လှုံ့ဆော်မှုတစ်ခုရလာတယ်။ ကြိုးကြိုးစားစား ကျင့်ကြံမှဖြစ်မယ်ဆိုတာ နားလည်လာတယ်။ စိတ်ကိုပြတ်ပြတ်သားသာဖြစ်အောင် ခန္ဓာကိုယ်ကို ခြောက်နှစ်သားအရွယ်အတိုင်းထားလိုက်တယ်။ အဲလိုထားလိုက်တော့ ယန်စွမ်းအင် ဆုံးရှုံးစရာမလိုတော့ဘူးလေ”

လုယန် - “...”

မုန်ကျင်းကျိုး - “...”

မှန်သည်။ အမှန်တကယ် ကျင့်ကြံမှုပုံစံတစ်မျိုးဖြစ်ပါသည်။

ကျင့်ကြံသူတို့သည် အဆင့်တစ်ခုသို့ရောက်လျှင် ရုပ်သွင်ကို ထိန်းချုပ်နိုင်သည်။ ကလေးအသွင်နှင့် လူကြီးအသွင် ဘယ်ဟာကိုပိုရွေးမည်နည်း။ ဘိုးဘေးဆရာလည်း ထိုသို့ ရွေးချယ်ခဲ့လေသလား။

မဟုတ်သေး၊ မဟုတ်သေး။ ထိုအကြောင်း သိပ်မတွေးသင့်တော့။

“ဘာပဲဖြစ်ဖြစ်ပါ။ ငါဒီမှာရှိနေရင် ဒီမှာပိတ်လှောင်ထားတဲ့ စုစည်းခြင်းအဆင့်ဝိညာဉ်တွေ ထွက်ပြေးဖိူ့ စဉ်းစားရဲမှာမဟုတ်ပါဘူး”

ဆံဖြူကောင်လေးက စကားလမ်းကြောင်း အတင်းပြောင်းလိုက်သည်။

“ရှောင်ယွမ်၊ နောက်ထပ်နှစ်ယောက် ထပ်ခေါ်လာပြန်ပြီလား”

“ဟုတ်တယ်၊ စစ်မေးချင်လို့ပါ”

“သူတို့မှတ်ဉာဏ်ထဲ တိုက်ရိုက်ရှာလိုက်ရင်မရဘူးလား”

ယွမ်ကျိ ခေါင်းခါသည်။

“မှတ်ဉာဏ်ရှာရင် သူတို့စိတ်ဝိညာဉ်တွေ ပျက်စီးသွားမယ်။ စုစည်းခြင်းအဆင့်ဝိညာဉ်တွေက ရတနာသန့်စင်ဖို့ ပစ္စည်းကောင်းတွေပဲလေ။ စိတ်ဝိညာဉ်ပျက်စီးရင် ရတနာအရည်အသွေး လျော့သွားလိမ့်မယ်”

စုစည်းခြင်းဝိညာဉ်နှစ်ယောက် တုန်လှုပ်သွားကြသည်။ တာအိုလမ်းစဉ်ဂိုဏ်းသည် လမ်းမှန်ဂိုဏ်းတစ်ခုမှ ဟုတ်ပါလေစ။ ဘာကြောင့် သူတို့ထင်ထားသည်နှင့် ကွဲပြားနေသနည်း။

သူတို့အမူအရာကိုကြည့်၍ ယွမ်ကျိ နားမလည်နိုင်အောင်ဖြစ်သွားသည်။ ဘာကြောင့် ထိုမျှကြောက်နေကြသည်မသိ။

“ရှင်တို့လက်ချက်ကြောင့် လူတွေအများကြီး ကြောက်ကြောက်လန့်လန့် သေခဲ့ကြတာပဲ။ ဒီလိုပြန်ခံစားရတာ ပုံမှန်ပဲမဟုတ်လား။ သူများတွေကို လုပ်သလို ကိုယ်ပြန်ခံရမှာပဲလေ”

ယွမ်ကျိနှင့် ဆံဖြူကောင်လေးတို့ ဝိညာဉ်တစ်ယောက်ဆီ ဆွဲကိုင်ပြီး လှောင်အိမ်များထဲသို့ ပစ်ထည့်သည်။လုယန်က ယွမ်ကျိနောက်မှ လိုက်သွားသည်။ မုန်ကျင်းကျိုးက ဆံဖြူကောင်လေးနောက်မှ လိုက်သွားသည်။

ယွမ်ကျိက ပြင်ဆင်ထားသည့်ပစ္စည်းမျိုးစုံသုံး၍ ကြမ်းတမ်းသည့်နှိပ်စက်မှုများ စလုပ်သည်။ အကျဉ်းသားဝိညာဉ် နာကျင်စွာအ်ောဟစ်နေသည်။ လုယန် မျက်ခုံးတွန့်သွားသည်။ ယွမ်ကျိ ထိုမျှရက်စက်မည်ဟု ထင်မထား။

မဟုတ်သေး။ ယွမ်ကျိ သူ့ကိုစလေ့ကျင်းပေးစဉ်ကလည်း ထိုသို့သာဖြစ်ခဲ့သည်။

နှိပ်စက်ရာတွင်သုံးသည့်နည်းကို ကျင့်စဉ်သင်ကြားရာတွင် သုံးခဲ့သလားမသိ။

နှိပ်စက်သည့်ပစ္စည်းတစ်ခုသုံးတိုင်း ထာဝရနတ်မယ် တစ်ခါတုန်လှုပ်ရသည်။ တာအိုလမ်းစဉ်ဂိုဏ်းသို့ဝင်ခဲ့သည်မှာ မှန်သွားသည်ဟု သူထင်မိသည်။

ကိုယ့်ဂိုဏ်းဝင်များအပေါ်တော့ ထိုမျှရက်စက်မည်မထင်။

“ထူးဆန်းတယ်။ သူဘာလို့ ဝန်မခံသေးတာလဲ”

ယွမ်ကျိ သူသာရေရွတ်နေသည်။ ဘိုးဘေးဆရာက ထိုနည်းလမ်းအတိုင်းနှိပ်စက်လျှင် အကျဉ်းသားများ အားလုံးဖွင့်ဟဝန်ခံသည်ဟု ပြောခဲ့သည်။

လုယန်က ဘေးမှ တီးတိုးကပ်ပြောသည်။

“အမယွမ်၊ သူ့ကို ဘာမှမမေးရသေးဘူးလေ”

“ဪ”

ယွမ်ကျိ နှိပ်စက်သည့်ပစ္စည်းကို ကောက်ကိုင်လိုက်သည်။ အသစ်ပြန်စရန် ပြင်သည်။ စုစည်းခြင်းအဆင့်ဝိညာဉ် အကြီးအကျယ်ထိတ်လန့်တုန်လှုပ်သွားသည်။

“မလုပ်ပါနဲ့၊ မလုပ်ပါနဲ့။ ပြောပါ့မယ်။ ကျုပ်အားလုံးပြောပါ့မယ်”

“ရှင်ဘယ်ခေတ်ကလဲ”

“မဟာယုခေတ် နှစ်လေးသောင်းကပါ”

“ထာဝရအရှင်တို့၊ ထာဝရနတ်မယ်တို့ကို ကြားဖူးလား”

“မကြားဖူးဘူး”

“ဪ...လိမ်နေသေးတယ်ပေါ့”

ယွမ်ကျိ၏ အေးစက်စက်အကြည့်ကြောင့် ထိုလူသေမတတ်ကြောက်သွားပြီး မျက်ရည်စက်လက်ဖြင့်ပြောသည်။

“တကယ်ပါ၊ အဲဒီ့နာမည်တွေ ကျုပ်မကြားဖူးပါဘူး။ အနောက်ဘက်ရွှေဗုဒ္ဓနိုင်ငံ၊ တောင်ဘက်နတ်ဆိုးနယ်မြေ၊ အရှေ့ပင်လယ်နဲ့ မြောက်ပိုင်းအေးခဲနယ်မြေတွေမှာ မသေမျိုးတွေရှိတယ်လို့ ကောလဟာလကြားဖူးပါတယ်။ ဒါပေမယ့် မသေမျိုးနာမည် တစ်ခုမှမသိပါဘူး။

ထာဝရအရှင်ကို ရှာချင်ရင် မြောက်ပိုင်းမှာ သွားရှာလို့ရနိုင်ပါတယ်။ အဲဒီ့မသေမျိုးက ရေခဲသွားတာဖြစ်နိုင်တယ်။ အဲဒါကြောင့် ထာဝရရှိနေတာဖြစ်မှာပေါ့”

သူ့စကားကြောင့် လုယန်၏သိစိတ်နယ်မြေမှ ထာဝရနတ်မယ် ဆွေ့ဆွေ့ခုန် ဒေါသထွက်နေလေသည်။

*************************************************

All Chapters