ကျန်းမိသားစုနှင့် ပေါင်းစပ်ခြင်း
Vol. 18 Ch. 342
တစ်ချိန်တည်းတွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကျန်းပိုင်လုံတို့ ပါဝင်သောအဖွဲ့သည် ဝံပုလွေဘု ရင်ကို လိုက်မီသွားသည်။ အဆိုပါ ဝံပုလွေဘုရင်သည် ကန်းယန်ဂိုဏ်းနှင့် ရန်သူတော်ဟောင်းကြီး ဟု ဆိုရမည်။ ကုန်လွန်ခဲ့သော နတ်ဆိုးသားရဲကပ်ဘေးများ အတွင်းက ကန်းယန်ဂိုဏ်းသည် ဤ ဝံပုလွေဘုရင်ကို အကြိမ်များစွာ ရင်ဆိုင်ခဲ့ရပြီး ၎င်း၏ လက်ချက်ဖြင့် ကျင့်ကြံသူအများအပြား အ သက်ပျောက်ခဲ့ရသည်။ သည်တစ်ကြိမ်တွင်တော့ ကျန်းပိုင်လုံသည် ဝံပုလွေဘုရင်ကို အလွတ်ပေး တော့မည်မဟုတ်ပါ။ ရွှေအမြုတေအဆင့် သုံးဦး၏ စုပေါင်းတိုက်ခိုက်မှုကို အဆင့် ၄ အလယ်အ ဆင့်သာရှိသော ဝံပုလွေဘုရင်အနေနှင့် လုံးဝခံနိုင်ရည်မရှိပါ။ အဆုံးသတ်တွင် ကျန်းချန်ရွှမ်၏ လက်ချက်ဖြင့် ဝံပုလွေဘုရင်တစ်ယောက် ခေါင်းနှင့်ကိုယ် အိုးစားကွဲသွားရတော့သည်။
တစ်ချိန်တည်းတွင် ဟုန်တျန်ချီ၊ ယီချန်းတို့အုပ်စုကလည်း မီးပုတ်သင်ကို အပြတ်ရှင်းလိုက်နိုင် သည်။ ထို့ကြောင့် လေသောင်းချီတောအုပ်ကို ကြီးစိုးမင်းမူနေကြသည့် နတ်ဆိုးဘုရင်ငါးကောင် သည် လူသားကျင့်ကြံသူဆယ်ဦး၏ လက်ချက်ဖြင့် အသက်ပျောက်ကုန်ကြတော့သည်။ ထို့နောက် တွင် ကျန်းပိုင်လုံနှင့် ကျန်လူများသည် အနားယူခြင်းမရှိဘဲ ကျင့်ကြံသူအင်အား အလုံးအရင်းကို စုစည်းကာ လေသောင်းချီတောအုပ်ကို တိုက်ခိုက်သိမ်းပိုက်ရန် ပြင်ဆင်သည်။ တိုက်ပွဲရလဒ်ကား အံ့အားသင့်ဖွယ်မရှိပါ။ အကြီးအမှူးဖြစ်သူ နတ်ဆိုးဘုရင်ငါးကောင် မရှိတော့သည့်နောက်တွင် အ ဆင့်နိမ့်သားရဲများသည် ကန်းယန်၊ ရှန်းကွမ်းမန်၊ ပိုင်ယွင်ဂိုဏ်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို ယှဉ် ပြိုင်နိုင်စွမ်း မရှိတော့ဘဲ တစ်ပတ်အကြာတွင် တိုက်ပွဲပြီးဆုံးသွားတော့သည်။
ထိုအချိန်တွင် ကန်းယန်ဂိုဏ်း၏ အစည်းအဝေးခန်းမ တစ်ခုတွင်ဖြစ်သည်။ ထိပ်သီးကျင့်ကြံသူ အားလုံး စုံစုံညီညီ ရောက်ရှိနေပြီး တိုက်ပွဲအပြီး ဝေစုခွဲရေးကိစ္စများကို အကျေအလည် ဆွေးနွေး နေကြသည်။ သည်တစ်ခေါက် စစ်ဆင်ရေးတွင် သတ်ဖြတ်နိုင်ခဲ့သော နတ်ဆိုးဘုရင်အရေအတွက် သည် ယွင်နိုင်ငံ၏ ဆယ်စုနှစ်များအတွင်း အများဆုံးစံချိန်ဖြစ်သည်။ ထို့ကြောင့် အစည်းအဝေး တက်ရောက်သူအားလုံး၏ စိတ်အာရုံမှာ နတ်ဆိုးဘုရင်ငါးကောင်တို့ အပေါ်တွင်သာ ကျရောက် နေသည်။ အဆင့် ၄ နတ်ဆိုးဘုရင်တစ်ကောင်၏ ခန္ဓာကိုယ်အစိတ်အပိုင်း အားလုံးကို ရတနာဟု သတ်မှတ်နိုင်ပါလိမ့်မည်။
နတ်ဆိုးအမြုတေကို အမြုတေဖွဲ့စည်းခြင်းဆေးပြား ဖော်စပ်ရာတွင် အသုံးချနို်ငသလို သားမွေး ကို အဆင့် ၄ အဆောင်ပစ္စည်းများ ရေးဆွဲရာ၌သော်လည်းကောင်း၊ ဓမ္မရတနာများ သွန်းလုပ်ရာ၌ လည်းကောင်း အသုံးချနိုင်သည်။ လက်သည်း၊ ဆူးချွန်၊ အရိုးအစရှိသည့် အစိတ်အပိုင်းများကို တော့ တိုက်ခိုက်ရေးအသားပေး ဓမ္မရတနာများ ဖန်တီးရာတွင် အသုံးပြုနိုင်သည်။ ယုတ်စွအဆုံး သွေးကိုပင် အဆင့် ၄ ဟင်္သာပြဒါး ဖော်စပ်ရာတွင် သုံးနိုင်ပါသေးသည်။ အကျဉ်းဆိုရလျှင် နတ်ဆိုး ဘုရင်တို့၏ ကြွင်းကျန်သော ခန္ဓာကိုယ်များသည် သူတို့အားလုံးအတွက် အဖိုးတန်ရတနာပုံကြီး ဟုဆိုရပါလိမ့်မည်။
စစ်ဆင်ရေးမစတင်ခင်က တင်ကြိုချုပ်ဆိုခဲ့သော သွေးသစ္စာစာချုပ်သာ မရှိခဲ့လျှင် ယခုအချိန်တွင် ထိုရတနာပုံကြီး၏ တပ်မက်ဖွယ် ဆွဲဆောင်မှုကြောင့် သူတို့အားလုံး ငြင်းခုံအချင်းများနေလောက် ပြီ ဖြစ်သည်။ မူလကတည်းက ကြိုတင်သဘောတူညီချက်ဖြစ်သည့် ဝေစု၏ သုံးဆယ်ရာခိုင်နှုန်း ကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ရယူမည်ဆိုသောအချက်ကို လူအားလုံး သဘောတူညီလိုက် ကြသည်။ ကျန်းချန်ရွှမ်တို့စုံတွဲနှင့် ပြဿနာတက်ဖူးသော ဟယ်ယွင်နှင့် ဟုန်တျန်ချီတို့ပင် တစ်စုံ တစ်ရာ ကန့်ကွက်ခြင်းမရှိပေ။ အမှန်တွင်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ အရဲကိုးဆောင် ရွက်မှုကြောင့်သာ စစ်ဆင်ရေးတစ်ခုလုံး အထစ်အငေါ့မရှိ အောင်မြင်ခဲ့ခြင်းဖြစ်သည်လေ။
ထို့ကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း အားနာမနေတော့ဘဲ ဆုလာဘ်အဖြစ် သွေးစီး ကြောင်းလင်းယုန်ငှက်ကြီး၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရွေးချယ်လိုက်တော့သည်။ ထို့နောက် ပင့် ကူဘုရင်၏ အဆီအနှစ်ကိုလည်း ရုပ်အလောင်းမှ ထုတ်ယူလိုက်သည်။ လင်းယုန်ဘုရင်၏ နတ် ဆိုးအမြုတေသည် အမြုတေဖွဲ့စည်းခြင်းဆေးပြား ဖော်စပ်ရာတွင် အသုံးပြုနိုင်သလို အခြားတစ် ပါးသော အဆင့် ၄ ဝိညာဉ်ရတနာများနှင့်လည်း လွယ်ကူစွာ လဲလှယ်နိုင်သည်။ အထူးသဖြင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် လင်းယုန်ဘုရင်၏ တောင်ပံနှစ်ဖက်ကို အသုံးပြုပြီး ပျံသန်း နိုင်သော ဓမ္မရတနာတစ်ပါး သွန်းလုပ်လိုခြင်းဖြစ်သည်။ ကျန်အစိတ်အပိုင်းများဖြစ်သည့် လက် သည်း၊ အမွေးစသည့် ပစ္စည်းများကိုတော့ လတ်တလော သိမ်းဆည်းထားပြီး နောင်အနာဂတ် တွင် ဝယ်ယူလိုသည့် ဝိညာဉ်ရတနာများ တွေ့ပါက လဲလှယ်နိုင်မည်ဖြစ်သည်။
ပင့်ကူဘုရင်၏ အဆီအနှစ်ကိုမူ ကျန်းချန်ရွှမ်တို့သည် ကိုယ်ကျပ်ချပ်ဝတ်တစ်စုံ ချုပ်လုပ်ရာတွင် အသုံးချရန် ရည်ရွယ်ထားသည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်က ကျန်းပိုင်လုံ တင်ကြိုကတိပေး ထားခဲ့သည့် ကတိနှစ်ခုကို ဖြည့်ဆည်းပေးရန် တောင်းဆိုသည်။ ပထမတစ်ခုမှာ အဆင့်၄ အောက် ရှိ အမွေအနှစ်ကျင့်စဉ်၊ နည်းစနစ်သုံးခုဖြစ်ပြီး ကျန်တစ်ခုမှာ ရှန်းမိသားစုကို လျန်နိုင်ငံသို့ ပြောင်း ရွှေ့ရာတွင် ကူညီရန်ဖြစ်သည်။ ကျန်းပိုင်လုံအပါအဝင် ကျန်လူအားလုံး ထိုနှစ်ချက်ကို ဖြည့်ဆည်း ပေးရန် သဘောတူကြသည်။ မကြာမီ ကန်းယန်ဂိုဏ်း၊ ပိုင်ယွင်ဂိုဏ်းနှင့် ရှန်းကွမ်းမန်ဂိုဏ်းသုံးခု မှ အမွေအနှစ်ပစ္စည်းသုံးခုကို အသီးသီးကမ်းလှမ်းလာသည်။ ထိုသုံးခုမှာ ကန်းယန်ဂိုဏ်း၏ မီးအ ခြေခံ မန္တန်တစ်ခု၊ ရှန်းကွမ်းမန်ဂိုဏ်း၏ အဆင့် ၃ ဓမ္မရတနာတစ်ပါး သွန်းလုပ်ပုံနည်းလမ်း၊ ပိုင် ယွင်ဂိုဏ်း၏ အဆင့် ၃ အသက်သွင်းဆေးပြား ဖော်စပ်နည်းလမ်းတို့ဖြစ်သည်။
အသက်သွင်းဆေးပြားသည် ကျင့်ကြံသူတစ်ဦး၏ ကုန်ဆုံးသွားသော ဓမ္မစွမ်းအင်များကို ခဏချင်း ဖြည့်တင်းပေးနိုင်စွမ်းရှိသည်။ အချုပ်ပြောရလျှင် ထိုပစ္စည်းသုံးခုသည် အဖိုးအနဂ္ဃ ထိုက်တန်သည့် ရတနာများဟု မဆိုနိုင်သော်လည်း အရည်အသွေးနိမ့် ပစ္စည်းများတော့ မဟုတ်၊ အနည်းဆုံးတော့ ကျန်းမိသားစု၏ ကျင့်ကြံမှုအုတ်မြစ်ကို တိုးတက်စေမှာ သေချာသည်။ ကျန်းချန်ရွှမ်၏ နောက်ဆုံး တောင်းဆိုချက်မှာမူ တစ်ရက်နှစ်ရက်အတွင်း ဖြည့်ဆည်းပေးနိုင်သည့် အရာမျိုးမဟုတ်ပါ။ သို့ သော် ကန်းယန်ဂိုဏ်းဦးဆောင်သည့် ရွှေအမြုတေအဆင့် ဂိုဏ်းသုံးဂိုဏ်းသည် လူအင်အားအများ အပြား စေလွှတ်ကာ ရှန်းမိသားစု၏ သယ်ယူရွှေ့ပြောင်းရေးလုပ်ငန်းများကို ကူညီပေးသည့်အ တွက် လုပ်ငန်းစဉ်မှာ အထစ်အငေါ့မရှိ မြန်ဆန်စွာ ပြီးဆုံးသွားသည်။
လေသောင်းချီတောအုပ်ကို ဖြတ်သန်းရာတွင်လည်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်ကိုယ်တိုင် ဦးစီးဦး ရွက်ပြုသောကြောင့် အနှောက်အယှက် တစ်စုံတစ်ရာ မတွေ့ရဘဲ ရှန်းမိသားစုတစ်ဖွဲ့လုံး လျန်နိုင် ငံကို ဆိုက်ရောက်လာကြပါတော့သည်။ ခရီးစဉ်စဆုံးမှာ တစ်နှစ်တိတိ ကြာမြင့်ပါသည်။ လျန်နိုင် ငံကို ရောက်ရှိပြီး မကြာမီမှာပင် ကျန်းမိသားစု၏ ကူညီစေ့စပ်ပေးမှုဖြင့် ရှန်းမိသားစုသည် မှော် တိုင်တောင်နှင့် မနီးမဝေးအရပ်တွင် အဆင့် ၃ ဝိညာဉ်သွေးကြောတစ်ခုကို ဝယ်ယူနိုင်ခဲ့သည်။ ရှန်းမိသားစုအနေနှင့် ထိုဒေသတွင် အခြေစိုက်မည်ဖြစ်ပြီး တောင်အမည်ကိုလည်း ဟယ်ယန်ဟု ပြောင်းလဲခေါ်ဆိုလိုက်သည်။ ထိုအချိန်မှစ၍ ရှန်းမိသားစုသည် လျန်နိုင်ငံတွင် တရားဝင်ခြေကုပ် ယူနိုင်ခဲ့ပါတော့သည်။
ရှန်းမိသားစု ရွှေ့ပြောင်းလာခြင်းကြောင့် ကျန်းမိသားစုသည်လည်း ရှေးကထက် အင်အားပိုမိုကြီး မားလာသည်ဟု ဆိုရပါမည်။ မိသားစုနှစ်ခုစလုံးမှ အတိအလင်းကြေငြာခြင်း မပြုသော်လည်း စဉ်းစားဆင်ခြင်ဉာဏ်ရှိသူတိုင်းသည် ရှန်းမိသားစုအနေနှင့် ကျန်းမိသားစု၏ ဦးဆောက်မှုအောက် တွင် ရှိနေကြောင်း သိရှိပြီးဖြစ်သည်။ မကြာခင် ရှန်းမိသားစု၏ အကြီးအကဲများဖြစ်သည့် ရှန်း ယွမ်လုံ၊ ရှန်းတောက်မင်၊ ရွှီချန်း အစရှိသည့် ကျီဖုအဆင့် ခေါင်းဆောင်များသည် ကျန်းချန်ရွှမ်နှင့် တွေ့ဆုံပြီး ရှန်းမိသားစုကို ကျန်းမိသားစုအတွင်း ထည့်သွင်းပေါင်းစပ်လိုကြောင်း အဆိုပြုလိုက် ပါတော့သည်။
***