စစ်ပွဲစတင်ခြင်း
Vol. 18 Ch. 343
ထိုအခါ ရှန်းမိသားစုသည် ကျန်းမိသားစု၏ တွဲဖက်မိသားစုတစ်ခုဖြစ်လာမည်ဖြစ်သည်။ ကျန်း ချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှန်းယွမ်လုံက ထိုကဲ့သို့ တောင်းဆိုလာလိမ့်မည်ဟု မထင်ထားခဲ့ ကြပါ။ ကျန်းချန်ရွှမ်အနေနှင့် ရှန်းမိသားစုကို လျန်နိုင်ငံသို့ ရွှေ့ပြောင်းရန် တိုက်တွန်းရခြင်းမှာ မိ သားစုနှစ်စုအကြား တစ်ဦးနှင့်တစ်ဦး အမှီသဟဲပြုပြီး ကာကွယ်စောင့်ရှောက်နိုင်ရန်ဖြစ်သည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရွှေအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်သည့်အလျောက် အ ချိန်အများစုကို ဂူပိတ်ကျင့်ကြံခြင်းဖြင့်သာ ကုန်ဆုံးနေရလေ့ရှိပြီး ရှန်းမိသားစုသာ အဝေးယွင်နိုင် ငံတွင် ဆက်လက်အခြေစိုက်နေပါက အရေးတစ်စုံတစ်ရာ ပေါ်ပေါက်လာလျှင် ကူညီရန် ခဲယဉ်းပါ လိမ့်မည်။
နောက်တစ်ချက်က ကျန်းမိသားစုသည် တစ်နေ့တစ်ခြား အင်အားကြီးထွားလာသည့်အလျောက် ကျီဖုအဆင့် ကျင့်ကြံသူသုံးဦးတည်းဖြင့် လည်ပတ်ရန် မလုံလောက်တော့ပါ။ ရှန်းမိသားစုမှ ဝင် ရောက်ကူညီပေးပါက အုပ်ချုပ်ရေး၊ လုပ်ငန်းဆောင်တာများ လွယ်ကူချောမွေ့လာမည်ဖြစ်သလို မိသားစုနှစ်ခုစလုံး၏ အခြေခံအုတ်မြစ်နှင့် အင်အားသည်လည်း တိုးတက်လာမည်ဖြစ်၍ နှစ်ဦး နှစ်ဖက် အကျိုးရှိမည့် အကြံအစည်ဟုဆိုရမည်။ သို့သော် ယခုအခါ ရှန်းမိသားစုက ကျန်းမိသားစု နှင့် ပေါင်းစပ်လိုကြောင်း မေတ္တာရပ်ခံလာသောအခါ အခြေအနေက တစ်မျိုးတစ်ဖုံ ဖြစ်လာပြီး ရှန်းမိသားစုအတွက် ကောင်းကျိုးနှင့် ဆိုးကျိုး ဒွန်တွဲနေသည့် တောင်းဆိုချက်တစ်ခုဟု ကျန်းချန် ရွှမ် ယူဆမိသည်။
ဆိုးကျိုးမှာ ရှန်းမိသားစုအတွက် ကိုယ်ပိုင်ရပ်တည်ခွင့်၊ လွတ်လပ်မှုဆုံးရှုံးခြင်းဖြစ်သည်။ ကောင်း ကျိုးမှာ ဆိုးကျိုးထက် အလေးသာလျက်ရှိပြီး ပထမဆုံးအနေနှင့် ကျန်းမိသားစု၏ ခိုင်မာသော ရင်းမြစ်များကို ရှန်းမိသားစုဝင်များ အသုံးပြုခွင့်ရရှိမည်ဖြစ်သည်။ ထိုရင်းမြစ်များသည် မည်မျှပင် ရှားပါးတန်ဖိုးကြီးနေပါစေ၊ ရှန်းမိသားစုဝင်များတွင် လုံလောက်သည့် အကျိုးဆောင်ရမှတ်များ ရှိ ထားပါက အလွယ်တကူ ရယူနိုင်မည်ဖြစ်သည်။ ဥပမာ ခရမ်းရောင်ကောင်းကင်ဘုံဆေးပြား၊ ကျီ ဖုကျောက်စိမ်းပြား၊ ဓာတ်ငါးပါးသလင်းကျောက်၊ အခြေခံတည်ဆောက်ခြင်းဆေးပြား စသဖြင့် ဖြစ်သည်။
ရှန်းမိသားစုသာ ကျန်းမိသားစုနှင့် ပေါင်းစပ်ခြင်းမပြုဘဲ သီးခြားရပ်တည်မည်ဆိုပါက အဆိုပါရင်း မြစ်များကို ပိုင်ဆိုင်ခွင့်ရရှိရန် လွယ်ကူမည်မဟုတ်သလို ရှန်းမိသားစုအကြီးအကဲများနှင့် ကျန်း ချန်ရွှမ်၊ ရှန်းရူယန်တို့အကြား ထူးခြားသည့်ဆက်ဆံရေးတစ်ခု ရှိနေလျှင်ပင် အကြောင်းထူးမည်မ ဟုတ်။ အဘယ်ကြောင့်ဆိုသော် ကျန်းမိသားစု၏ ဘိုးဘေးများဖြစ်သည့် ကျန်းချန်ရွှမ်နှင့် ရှန်းရူ ယန်တို့အနေနှင့် သူတို့ကိုယ်တိုင်ချမှတ်ထားသော စည်းမျဉ်းများကို ချိုးဖောက်ပြီး ရှန်းမိသားစုကို မျက်နှာသာပေးရန် မဖြစ်နိုင်ပါ။ အထူးသဖြင့် ကျီဖုကျောက်စိမ်းပြားနှင့် အမြုတေဖွဲ့စည်းခြင်း ဆေးပြားများသည် အလွန်ပဓာနကျသည့် ရင်းမြစ်များဖြစ်ပြီး လတ်တလောတွင် ကျန်းမိသားစု ဝင်များအနေနှင့် ထိုရင်းမြစ်များကို အသုံးပြုရန် မလိုအပ်သေးလျှင်တောင် ကျန်းချန်ရွှမ်အနေနှင့် ထိုရင်းမြစ်များကို ရှန်းမိသားစုကဲ့သို့ ပြင်ပအဖွဲ့အစည်းများကို အလွယ်ရောင်းချ၍ မဖြစ်ပါ။
နောက်ဆုံးနှင့် အရေးကြီးဆုံးတစ်ချက်မှာ ရှန်းမိသားစုနှင့် ကျန်းမိသားစုတို့ ပေါင်းစပ်လိုက်ခြင်း ဖြင့် ရှန်းရူယန်နှင့် သွေးသားတော်စပ်သူ ရှန်းယွမ်လုံ၊ ရှန်းတောက်မင်တို့သာမက ရှန်းမိသားစုဝင် အားလုံးသည် ကျန်းမိသားစု၏ ကာကွယ်စောင့်ရှောက်မှုကို ရရှိသွားမည်ဖြစ်သည်။ ထိုအချက်ကို ရှန်းယွမ်လုံနှင့် ရှန်းတောက်မင်တို့က ကောင်းစွာသိရှိထား၍ အထက်ပါအတိုင်း တောင်းဆိုလိုက် ခြင်းဖြစ်သည်။ ထိုတောင်းဆိုချက်ကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က မငြင်းပယ်သလို ကျန်းမိ သားစု၏ ကျီဖုအဆင့် အကြီးအကဲသုံးဦးကလည်း လက်ခံပါသည်။ လိုအပ်သည်များကို စေ့စပ်ညှိ နှိုင်းပြီးနောက် ကျန်အကြီးအကဲများအားလုံး ရွှမ်းမင်တောင်ထွတ်မှ ထွက်ခွာသွားပြီး ကျန်းချန် ရွှမ်၊ ရှန်းရူယန်၊ ရှန်းတောက်မင်နှင့် ရှန်းယွမ်လုံတို့သာ ကျန်ရစ်ခဲ့တော့သည်။
ထိုအခါ ရှန်းရူယန်က ရှန်းယွမ်လုံကို ရေဓာတ်ဆီးသီးတစ်လုံး ကမ်းပေးလိုက်ပြီး
“ဘိုးဘိုး ဒီဆီးသီးက နှစ်ငါးဆယ်စာ ဓမ္မစွမ်းအင်ကို ဖြည့်ဆည်းပေးနိုင်လို့ ဘိုးဘိုးအတွက် ကျီဖုန ဝမအဆင့်ကို တက်လှမ်းဖို့ အဆင်ပြေသွားမယ်။ အဲဒီအချိန်ကျရင် ဘိုးဘိုးအနေနဲ့ ရွှေအမြုတေအ ဆင့်အထိ တက်လှမ်းနိုင်ဖို့ အခွင့်အရေးရှိလာပါလိမ့်မယ်”
ရှန်းယွမ်လုံတစ်ယောက် ကျီဖုအဌမအဆင့်ကို ရောက်ရှိခဲ့သည်မှာ အတန်ကြာခဲ့ပြီဖြစ်ကာ ကျီဖုန ဝမအဆင့်ကို တက်လှမ်းရန် အလိုအပ်ဆုံးအရာမှာ ရေဓာတ်ဆီးသီးကဲ့သို့ ဝိညာဉ်ရတနာတစ်မျိုး ဖြစ်သည်။ ကျင်းနိုင်ငံနှင့် စစ်ပွဲမဖြစ်ပွားမီ အချိန်သုံးနှစ်သာ ကျန်သောကြောင့် ကျန်းနှင့်ရှန်းမိ သားစုနှစ်ခုအနေနှင့် ထိုအတောအတွင်း မိမိတို့၏ အင်အားကို တတ်နိုင်သမျှ မြှင့်တင်ထားရန် လို အပ်သည်။ ရှန်းယွမ်လုံက ရေဓာတ်ဆီးသီးကို လက်ခံရယူပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန် တို့ကို နှုတ်ဆက်ကာ ရွှမ်းမင်တောင်ထွတ်မှ ထွက်ခွာသွားတော့သည်။ ထိုအခါ ကျန်းချန်ရွှမ်တို့ လည်း ရရှိထားသည့် အဆင့် ၄ နတ်ဆိုးသားရဲ ကုန်ကြမ်းပစ္စည်းများဖြင့် အဆင့် ၄ ဓမ္မရတနာများ သွန်းလုပ်ရန် ပြင်ဆင်သည်။
သည်တစ်ကြိမ်တွင် နှစ်ဦးသား လက်တွဲပြီး သွန်းလုပ်ရန် ဆုံးဖြတ်လိုက်သည်။ ရှန်းရူယန်က အဓိ ကဦးဆောင်ပြီး ကျန်းချန်ရွှမ်က ဘေးမှကူညီပေးရမည်ဖြစ်သည်။ ပထမဆုံးရတနာအဖြစ် သွေး စင်းကြောင်း လင်းယုန်ဘုရင်၏ တောင်ပံကို အဓိကကုန်ကြမ်းအဖြစ် အသုံးပြုပြီး ပျံသန်းနိုင်သည့် ဓမ္မရတနာတစ်ပါးကို သွန်းလုပ်ရန်ပြင်ဆင်သည်။ ထိုရတနာကို သွန်းလုပ်ရသည်မှာ လက်ဝင်ခက် ခဲပြီး ရှန်းရူယန်နှင့် ကျန်းချန်ရွှမ်လို ကျွမ်းကျင်သွန်းလုပ်သူများအတွက်ပင် နှစ်နှစ်နီးပါး ကြာမြင့် သွားသည်။ သို့သော် ရရှိလာသည့် ဓမ္မရတနာသည် စိုက်ထုတ်ခဲ့ရသည့် အချိန်၊ လုပ်အားနှင့် လိုက် ဖက်ညီစွာ သေသပ်ပြည့်စုံပါသည်။ ဓမ္မရတနာသည် အနီရောင်တောင်ပံတစ်စုံဖြစ်ပြီး အရှိန်မြှင့် ခြင်းနှင့် လေပေါ်မျောခြင်းတို့အတွက် မှော်သင်္ကေတများ ထွင်းထုထားသေးသည်။
ထိုရတနာကို အသက်သွင်းလိုက်ပါက ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ ပျံသန်းမှုအရှိန်ကို သုံးဆ အထိ မြှင့်တင်ပေးနိုင်ပါလိမ့်မည်။
“ယောကျ်ား ဒီရတနာကို အမည်ပေးကြရအောင်လေ”
ရှန်းရူယန်က ကျန်းချန်ရွှမ်အား ရတနာကို ကမ်းပေးလိုက်ပြီး ပြုံးလျက်ပြောသည်။ ကျန်းချန်ရွှမ် က ခေတ္တမျှ စဉ်းစားလိုက်ပြီး
“ဒီရတနာက သွေးစင်းကြောင်းလင်းယုန်ဘုရင်ကြီးရဲ့ တောင်ပံက ဖန်တီးထားတာကြောင့် သွေး လင်းယုန်တောင်ပံလို့ ခေါ်ကြရအောင်”
ရှန်းရူယန်က ခေါင်းညိတ်လိုက်သည်။
“ကောင်းပါတယ်၊ အမည်ပေးတဲ့သူက ရှင်ဆိုတော့ ဒီရတနာကိုလည်း ရှင်ပဲယူလိုက်ပါ။ ကျွန်မရဲ့ အမြန်နှုန်းကြောင့် ကျွန်မယူလိုက်ရင် ဒီရတနာကို အပြည့်အဝအသုံးချနိုင်မှာမဟုတ်ဘူး။ ရှင့်ရဲ့ အင်အားနဲ့ပေါင်းစပ်လိုက်ရင်တော့ ဒီရတနာက အများကြီးပိုအသုံးဝင်လာလိမ့်မယ်”
ကျန်းချန်ရွှမ်က အနည်းငယ် ချီတုံချတုံဖြစ်သွားသော်လည်း နောက်ဆုံးတွင် သဘောတူလိုက်ပြီး
“ကောင်းပြီ။ ဒါဆို ကိုယ်တို့နောက်ထပ် သွန်းလုပ်မဲ့ အတွင်းကိုယ်ကျပ်ဝတ်စုံကိုတော့ ရူယန်ယူ လိုက်ပါ။ ကိုယ့်မှာ အကန့်အသတ်မဲ့ဘီးရှိလို့ ကာကွယ်ရေးပိုင်းမှာ ရူယန်ထက် အများကြီးသာ လွန်တယ်။ ဒီတော့ အတွင်းချပ်ဝတ်က ရူယန်နဲ့ ပိုသင့်တော်လိမ့်မယ်”
ရှန်းရူယန်လည်း သဘောတူလိုက်သည်။ ထို့နောက်တွင် နှစ်ဦးသား ပင့်ကူဘုရင်၏ အဆီအနှစ်ကို အသုံးပြု၍ အတွင်းချပ်ဝတ် ဝတ်စုံကို သွန်းလုပ်ကြသည်။ ထိုရတနာကို သွန်းလုပ်ရသည်မှာ သွေး လင်းယုန်တောင်ပံကဲ့သို့ ခဲယဉ်းခြင်းမရှိသော်လည်း တစ်နှစ်နီးပါး အသုံးပြုပြီး သွန်းလုပ်လိုက်ရ သည်။ ထိုအချိန်တွင် လျန်နှင့်ကျန်း နှစ်နိုင်ငံအကြား အခင်းအကျင်းသည် ပိုမိုပြင်းထန်ဆိုးရွားလာ တော့သည်။ နှစ်ဖက်ကျင့်ကြံသူများအကြား ပဋိပက္ခများ၊ ထိပ်တိုက်တွေ့ဆုံမှုများ တစ်နေ့တစ် ခြား ပိုမိုများပြားလာသည်။ စစ်ပွဲစတင်ရန် နီးကပ်လာသည်နှင့်အမျှ တိုက်ပွဲဖြစ်ပွားမှုများ စိပ်သ ထက်စိပ်လာသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း ဂူထဲမှ ထွက်လာကြပြီး ကျန်းရန်ယီနှင့် တွေ့ဆုံသည်။
ကျန်းရန်ယီ၏ အဆိုအရ လျန်နှင့်ကျန်း နှစ်ဖက်ကျင့်ကြံသူများသည် နှစ်နိုင်ငံအကြား နယ်စပ်ဖြစ် သည့် မြစ်တစ်ရာတောင်ကြောတွင် အကြိမ်ရေမနည်း တိုက်ခိုက်ခဲ့ပြီးဖြစ်ကြောင်း၊ စင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့သည် ထိုနေရာသို့ အဆင့်နိမ့်ကျင့်ကြံသူများ စေလွှတ်ထားကြောင်းနှင့် ကျန်းမိသားစုသည်လည်း အခြေတည်အဆင့်နှင့် ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများကို စေ လွှတ်ပေးထားကြောင်း သိရသည်။ လက်ရှိအချိန်တွင် တိုက်ပွဲအဆင့်သည် အခြေတည်အဆင့် ကျင့်ကြံသူများအကြားတွင်သာ ဖြစ်ပေါ်နေပြီး ကျီဖုပထမအဆင့်ထိ မြင့်တက်လာရန် မရှိသေး ကြောင်းသိရပြန်သည်။ ကျင်းနိုင်ငံသည် လျန်နိုင်ငံထက် နယ်မြေပိုမိုကြီးမားသလို ကျင့်ကြံသူအင် အားလည်းပိုများသည့်အတွက် လျန်နိုင်ငံအတွက် ယွင်နှင့် ယန်နိုင်ငံတို့၏ စစ်ကူမလာခင်အထိ ကျင်းနိုင်ငံကို ယှဉ်ပြိုင်နိုင်ရန် မဖြစ်နိုင်သေးပါ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အံ့အားသင့်မိသည့်တစ်ချက်မှာ စစ်ပွဲသည် ကနဦးအဆင့်သာ ရှိနေ သေးသော်လည်း ကျင်းနိုင်ငံ၏ ရွှေအမြုတေအဆင့် အင်အားစုများပါ ပါဝင်ပတ်သက်နေခြင်းပင် ဖြစ်သည်။ ထိုအင်အားစုများ တညီတညာတည်း ပေါင်းစုပြီး လျန်းနိုင်ငံကို ဖြိုဖျက်ရန် ကြိုးစားနေ ရခြင်း၏ ဇာစ်မြစ်ရင်းခံကို ကျန်းချန်ရွှမ်အနေနှင့် သိလိုလှသည်။ အများအားဖြင့် အဆိုပါအင်အား စုများသည် မက်လောက်ဖွယ် ကမ်းလှမ်းမှု၊ အကျိုးအမြတ် တစ်စုံတစ်ရာမရှိပါက တညီတညွတ် တည်း ပေါင်းစုကြမည်မဟုတ်။ သို့သော် ထိုအကျိုးအမြတ်များမှာ ဘာပါလဲ၊ ထိုအကျိုးအမြတ်ကို ကမ်းလှမ်းသူမှာရော မည်သူဖြစ်နိုင်ပါမည်နည်း။
ကျန်းချန်ရွှမ်တစ်ယောက် အတွေးနယ်ချဲ့နေ့မိစဉ် ဆက်သွယ်ရေးကျောက်စိမ်းပြားများ ရုတ်တ ရက်လင်းလာသဖြင့် ထုတ်ယူကြည့်ရှုမိလိုက်သည်။ အစအဆုံးဖတ်ရှုပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့၏ မျက်နှာများပျက်သွားကြတော့သည်။