ယန်နိုင်ငံဖြစ်စဉ် (၂)
Vol. 18 Ch. 345
ထိုအချက်ကိုထောက်လျှင် ကျင်းနှင့် ရှုနှစ်နိုင်ငံသည် အကြံကြီးကြောင်း ထင်ရှားနေသည်။ ထိုအ ခါတွင် ကျန်းချန်ရွှမ်က ဟောင်တုန်းပိုင်အား
“စင်မြင့်သခင်ဟောင်၊ ဒီကိစ္စမှာ ကျုပ်တို့ကျန်းမိသားစုလည်း ဘေးကနေ ရပ်ကြည့်မနေနိုင်ဘူး၊ အချိန်အခါသင့်ရင် ကျုပ်လည်း ခင်ဗျားတို့နဲ့အတူ ယန်နိုင်ငံကို လိုက်ပါလိုပါတယ်”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ရှေးဦးမဆွကပင် နှစ်ကိုယ်ကြား အဝေးအသံပို့စနစ်ဖြင့် ဆက် သွယ်တိုင်ပင်ပြီးဖြစ်သည်။ ကျန်းချန်ရွှမ်က ယန်နိုင်ငံအား စစ်ကူပေးရန် ဟောင်တုန်းပိုင်ဦးဆောင် သည့်အဖွဲ့နှင့်အတူ လိုက်ပါမည်ဖြစ်ကာ ရှန်းရူယန်က နောက်တန်းတွင် ကျန်းမိသားစုကို ကွပ်ကဲ လျက် ကျန်ရစ်ခဲ့ရမည်ဖြစ်သည်။ ထို့နောက် ကျန်းချန်ရွှမ်ကပင် ဆက်လက်၍
“နောက်ပြီး ယွင်နိုင်ငံက စစ်ကူလွှတ်မဲ့ အင်အားအရေအတွက်ကိုလည်း သိလိုပါတယ်။ ဒါ့အပြင် ယန်နိုင်ငံကို ဘယ်လိုဘယ်ပုံ ချီတက်ကြမလဲဆိုတဲ့ ကိစ္စကိုလည်း ထည့်စဉ်းစားရဦးမယ်”
ဟောင်တုန်းပိုင်ဦးဆောင်သည့် လျန်နိုင်ငံ၏ ရွှေအမြုတေအဆင့် အင်အားစုသုံးခုတည်းနှင့် တိုက် ပွဲအဖြေကို မပြောင်းလဲနိုင်မှန်း ထင်ရှားနေသည်။ တစ်စုံတစ်ခု ချွတ်ချော်သွားပါက ဖန်းမိသားစု ကို ကယ်ဆယ်နိုင်ဖို့ဝေးစွ၊ ကျင်းနှင့်ရှု နှစ်နိုင်ငံ၏ ပိတ်ဆို့တိုက်ခိုက်မှုအောက်တွင် တပ်လုံးပြုတ် သွားနိုင်မည့် အနေအထားမျိုးဖြစ်နေသည်။ သို့သော် မဟာမိတ် ယွင်နိုင်ငံမှ ရွှေအမြုတေအဆင့် များ စစ်ကူလွှတ်လိုက်လျှင်တော့ အခြေအနေသည် တစ်မျိုးတစ်ဖုံ ဖြစ်သွားနိုင်ပါသည်။ ဟောင် တုန်းပိုင်က လေသံအေးအေးဖြင့် ရှင်းပြသည်။
“ယွင်နိုင်ငံမှာက ကျုပ်တို့လျန်နိုင်ငံထက် ရွှေအမြုတေအဆင့် ကျင့်ကြံသူ အင်အားနည်းတယ်။ ဒါပေမဲ့ ကန်းယန်ဂိုဏ်းက ကျန်းပိုင်လုံနဲ့ ဆက်သွယ်ကြည့်တော့ သူတို့ဖက်ကနေ ရွှေအမြုတေအ ဆင့် လေးဦးစေလွှတ်ပေးမယ်လို့ အာမခံတယ်။ ကျုပ်တို့လျန်နိုင်ငံက ရွှေအမြုတေအဆင့် အင် အားစု ၆ခုရယ်၊ ဖန်းမိသားစု၊ စစ်မှန်မှုကိုယ်ခံပညာဂိုဏ်းနဲ့ ရှောင်းယန်တောင်ဂိုဏ်းတို့ အားလုံး ပေါင်းလိုက်ရင် သူတို့ကျင်းနဲ့ရှုနှစ်နိုင်ငံပေါင်း ရွှေအမြုတေအဆင့် ကျင့်ကြံသူအင်အားကို ယှဉ်နိုင် လောက်ပါတယ်။ ယန်နိုင်ငံကို ချီတက်မဲ့ကိစ္စကတော့….”
ထိုခဏတွင် ဟောင်တုန်းပိုင်က ခေတ္တမျှ စကားရပ်သွားပြီးနောက် အတန်ကြာမှ စကားကိုဆက် လိုက်သည်။
“လွန်ခဲ့တဲ့နှစ်များစွာက ကျုပ်တို့လျန်၊ ယွင်နဲ့ယန် သုံးနိုင်ငံကြားမှာ လျှို့ဝှက်နေရာရွှေ့ပြောင်းပေး တဲ့ အစီအရင်ဂိတ်တွေ တည်ဆောက်ထားဖို့ သဘောတူညီမှုရထားခဲ့ကြတယ်။ ဒီအစီအရင်ဂိတ် တွေရဲ့ တည်နေရာကို ရွှေအမြုတေအဆင့်ရဲ့ အထက်က ကျင့်ကြံသူတွေပဲ သိခွင့်ရှိတယ်။ အချိန် တစ်ခုရောက်လာရင် ဒီအစီအရင်တွေကို သုံးပြီး ယန်နိုင်ငံကို အလွယ်သွားနိုင်ပါလိမ်မယ်”
ဟောင်တုန်းပိုင်၏ စကားကိုကြားလိုက်ရမှ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း စိတ်သက်သာရာ ရသွားမိသည်။ ယွင်နိုင်ငံမှ ရွှေအမြုတေအဆင့် လေးဦးအထိ စစ်ကူရောက်လာပါက ဖန်းမိသားစု အတွက် ရှင်သန်ရန် မျှော်လင့်ချက်များ ပိုမိုအားကောင်းလာပါလိမ့်မည်။ တစ်ချိန်တည်းတွင် သုံး နိုင်ငံအကြား လျှို့ဝှက်အစီအရင်ဂိတ်များ တည်ရှိနေမှန်းကိုတော့ ကျန်းချန်ရွှမ်တို့လည်း ပထမ ဆုံးအကြိမ် ကြားဖူးခြင်းဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် ရွှေအမြုတေအဆင့်ကို တက်လှမ်းနိုင် သည်မှာ မကြာသေး၍ ထိုကိစ္စမှာ အဆန်းမဟုတ်ပါ။ အထူးသဖြင့် စစ်ပွဲတွင်း အရေးကြီးကာလ မျိုးမဟုတ်ပါက ဟောင်တုန်းပိုင်အနေနှင့် ထိုမျှအရေးကြီးသည့် သတင်းအချက်အလက်ကို ကျန်း ချန်ရွှမ်တို့အား အလွယ်တကူ အသိပေးမည်မဟုတ်မှာ သေချာပါသည်။ ထိုအချိန်တွင် ရှန်းရူယန် က တစ်စုံတစ်ခုကို သတိရမိလိုက်ပြီး
“ဒါနဲ့ တာအိုမိတ်ဆွေခွန်ရှုနဲ့ ဟိုင်ကျန့်တို့လည်း ဒီစစ်ဆင်ရေးမှာ မပါဘူးလား”
ထိုအခါ ဘေးမှနားထောင်နေသော လီမင်ကောင်းက ဝင်ရောက်ရှင်းပြသည်။
“သူတို့နှစ်ယောက်က တစ်ကိုယ်တော်ကျင့်ကြံသူတွေဆိုတော့ ဒီနိုင်ငံကို ဘယ်သူပဲ အုပ်ချုပ်ချုပ် စိတ်မဝင်စားကြဘူး။ သူတို့အကျိုးအမြတ် မထိသရွေ့အထိပေါ့။ အရင်တစ်ခေါက် ကြာပွင့်နီဂိုဏ်း ကို နှိမ်နင်းတဲ့စစ်ဆင်ရေးမှာ သူတို့နှစ်ယောက် ကျုပ်တို့ကို ကူညီခဲ့တယ်ဆိုတာက နတ်ဆိုးကျင့် ကြံသူတွေက ကျုပ်တို့အားလုံးရဲ့ ဘုံရန်သူဖြစ်နေလို့ပဲ”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း လီမင်ကောင်းရှင်းပြမှ လိပ်ပတ်လည်သွားသည်။ အမှန်တွင် လည်း ခွန်ရှုနှင့် ဟိုင်ကျန့်တို့တွင် တာဝန်ယူစရာ ဝတ္တရားများများစားစား မရှိသလို တပည့်အင် အားမှာလည်း အထူးပင်နည်းပါးလှသည်။ ပိုင်ဆိုင်သော နယ်မြေမှာလည်း များများစားစား မရှိရှာ ခြင်းကြောင့် ယခုစစ်ပွဲတွင် ကျောက်စိမ်းရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့ အရေးနိမ့်ပြီး လျန်တစ်နိုင်ငံလုံးကို ကျင်းနှင့်ရှု နိုင်ငံများမှ ရွှေအမြုတေအဆင့် ဂိုဏ်းကြီးများ အစားထိုးကြီးစိုး လာခဲ့လျှင်တောင် ခွန်ရှုတို့အတွက် ကြီးကြီးမားမား သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပါ။ ထိုနည်း တူ ကျင်းနှင့်ရှုနိုင်ငံများသည်လည်း လျန်နိုင်ငံကို သိမ်းပိုက်ပြီးပါက ခွန်ရှုတို့လို တစ်ကိုယ်တော် ကျင့်ကြံသူများကို တစ်စုံတစ်ရာ ဒုက္ခပေးနိုင်မည်မဟုတ်ပါ။ သူတို့အလွန်ဆုံးတတ်နိုင်သည်က ခွန်ရှုနှင့်ဟိုင်ကျန်တို့ကို ကြိုးရှည်ရှည်ဖြင့် လှန်ထားရုံသာ ဖြစ်ပါလိမ့်မည်။
ပုံမှန်အားဖြင့် ပြင်ပနိုင်ငံများမှ ဂိုဏ်းကြီးများအနေနှင့် တစ်ကိုယ်တော်ကျင့်ကြံသူများကို တော်ရုံ ပြဿနာရှာလေ့မရှိပါ။ ထို့ကြောင့် ခွန်ရှုနှင့်ဟိုင်ကျန်တို့သည် ဤစစ်ပွဲတွင် မည်သည့်ဘက်တွင်မှ ရပ်တည်မည်မဟုတ်ဘဲ သူတို့နှစ်ဦးနှင့် ရင်းနှီးကျွမ်းဝင်သူ တစ်စုံတစ်ဦး ထိခိုက်လာမည်ဆိုမှသာ စစ်ပွဲတွင် ပါဝင်ပတ်သက်လာပါလိမ့်မည်။ ပုံမှန်အားဖြင့် တစ်ကိုယ်တော်ကျင့်ကြံသူများသည် ကြားနေအဖြစ်သာ စစ်ပွဲကိုစောင့်ကြည့်လေ့ရှိကြသည်။ ထို့နောက်တွင်တော့ ကျန်းချန်ရွှမ်၊ ကုယွဲ့ ဖန်း၊ ဟောင်တုန်းပိုင်၊ ဝမ်ရှုကျွန်း၊ ယောင်ယိဖန်း၊ လီမင်ကောင်းတို့လည်း စင်မြင့်ဌာနချုပ်မှ ခပ် သုတ်သုတ် ထွက်ခွာလာကြပြီး ယန်နိုင်ငံနှင့် ဆက်သွယ်ထားသည့် လျှို့ဝှက်နေရာရွှေ့ပြောင်း အ စီအရင်ဂိတ်ရှိရာသို့ ဦးတည်ပျံသန်းလာကြသည်။
ထိုနေရာသို့ရောက်သောအခါ အဆင့် ၄ ကိုယ်ပျောက်အစီအရင်တစ်ခုနှင့် အကာအကွယ် အစီအ ရင်တစ်ခုတို့ကို တွဲလျက်သား ပြင်ဆင်ထားသည်ကို တွေ့ရှိရသည်။ လိုအပ်သည့် အစီအရင်ပြား နှင့် တိုကင်မရှိပါက ထိုအစီအရင်ဂိတ်ကို အသုံးပြုနိုင်ဖို့ဝေးစွ၊ သာမန်မျက်စိဖြင့် ရှာတွေ့ရန်ပင် အ လွန်ခက်ခဲ့ပါလိမ့်မည်။ ခရီးစဉ်သည် အတော်ပင်ရှည်လျားသည်က တစ်ကြောင်း၊ အစီအရင်ဂိတ် က တစ်ချိန်တွင် လူအရေအတွက် အများအပြားကို သယ်ယူနိုင်ခြင်း မရှိသည်က တစ်ကြောင်းတို့ ကြောင့် ကျန်းချန်ရွှမ်၊ စင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့သည် နောက်လိုက်တပည့်များကို ခေါ် ဆောင်လာခဲ့ခြင်းမရှိပါ။ ထိုအချိန်တွင် ဟောင်တုန်းပိုင်သည် အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်ရာကို အစီအရင်အကွက်အတွင်း ထည့်သွင်းလိုက်သည်။
ဤအစီအရင်ကဲ့သို့ အဆင့်မြင့်နေရာရွှေ့ပြောင်းခြင်း ဂိတ်ကို အသက်သွင်းရန် သာမန်အဆင့် ဝိ ညာဉ်ကျောက်တုံးများဖြင့် လုံလောက်ခြင်းမရှိဘဲ အလယ်အဆင့် ကျောက်တုံးများကို လိုအပ်ပါ သည်။ မကြာမီ ဟောင်တုန်းပိုင်သည် လက်ထဲရှိ တိုကင်ပြားကို ထပ်မံအသက်သွင်းလိုက်ပြီး အစီ အရင်ကွက်အတွင်းမှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာကာ သူတို့ခြောက်ဦးစလုံးကို လွှမ်းအုပ်သွားသည်။ ထိုအလင်းများ ကွယ်ပျောက်သွားသောအခါ ကျန်းချန်ရွှမ်တို့လည်း လျန်နိုင် ငံမှ ပျောက်ကွယ်သွားပြီး အခြားတစ်ဖက်ရှိ ယန်နိုင်ငံတွင် ပြန်ပေါ်လာကြတော့သည်။ ထိုအခါ ယန်နိုင်ငံကို ကြိမ်ဖန်များစွာ ရောက်ဖူးသည့် လီမင်ကောင်းက သူတို့ရောက်ရှိနေသည့် အရပ်ဒေ သသည် ဖန်းမိသားစုရှိရာအရပ်နှင့် အတော်ပင်လှမ်းသေးကြောင်း မှတ်ချက်ချသည်။
သူတို့ခြောက်ဦးစလုံး ရွှေအမြုတေအဆင့်များ ဖြစ်နေသော်လည်း ထိုနေရာကို ရောက်ရှိရန် အ နည်းဆုံး နေ့တစ်ဝက်အချိန်ပေးရပါလိမ့်မည်။ အကယ်၍ ရန်သူများ ခြေရာခံထောက်လှမ်းခြင်း မ ပြုနိုင်ရန် ကိုယ်ပျောက်အစီအရင်များ ဖန်တီးရဦးမည်ဆိုပါက အနည်းဆုံး တစ်ရက်နှင့်တစ်ပိုင်း ကြာမြင့်ပါလိမ့်မည်။ ထိုအချိန်အထိ ဖန်းမိသားစုတောင့်ခံနိုင်ရန် အာမမခံနိုင်ပါ။ အထူးသဖြင့် ရန် သူတွင် အဆင့် ၄ အစီအရင်ဖောက် ပုတီးစေ့ကဲ့သို့ ရွှေအမြုတေအဆင့် ဂိုဏ်းများပင် ခုခံရန် ခက် ခဲသောရတနာမျိုး ပါလာခဲ့လျှင် ဖန်းမိသားစုအတွက် စိုးရိမ်စရာ အလွန်ကောင်းနေပါလိမ့်မည်။ သို့သော် အဆိုပါပုတီးစေ့ကဲ့သို့ ရတနာမျိုးသည် ရွှေအမြုတေအဆင့် အင်အားစုများအတွက်ပင် အလွန်ရှားပါးနေသည့် အချက်က ဖန်းမိသားစုအတွက် ကံဖေးမသည်ဟု ဆိုနိုင်ပါလိမ့်မည်။
အမှန်တွင် ကျင်းနှင့်ရှုနှစ်နိုင်ငံအနေနှင့် ထိုအစီအရင်ဖောက်ပုတီးစေ့ကို အသုံးမပြုခဲ့လျှင်တောင်မှ ဖန်းမိသားစုအတွက် ရတက်အေးစရာ အနေအထားမျိုး မဟုတ်ပါ။ လက်ရှိအချိန်တွင် ဖန်းမိသား စု၏ တောင်ကာအစီအရင်ကွက်သည် သွက်သွက်ခါ ယိမ်းထိုးလျက်ရှိပြီး အစီအရင်ခံတပ်ကို ပဲ့ ကိုင်နေသူ ဖန်ကျိရွမ်နှင့် ဖန်ကျိနန်တို့၏ မျက်နှာများမှာ ဖြူလျော့နေသလို ကိုယ်တွင်းမှ ဓမ္မစွမ်း အင်များသည်လည်း ကုန်ဆုံးစပြုနေပြီဖြစ်သည်။ စစ်မှန်မှုကိုယ်ခံပညာဂိုဏ်းမှ သွမ်ယိတောင်၊ ရှောင်းယန်တောင်ဂိုဏ်းမှ ကောယွင်လင်းတို့သာ အချိန်မီရောက်မလာလျှင် ဖန်းတစ်မိသားစုလုံး သုတ်သင်ခံရမည်မှာ သေချာလှသည်။ သို့သော် ကျင်းနှင့်ရှု နှစ်နိုင်ငံပေါင်း ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၁၄ ဦးနှင့် ကျီဖုအဆင့် လေးဆယ်တို့ ပါဝင်ကြသည့် ထိုးစစ်ကို ဖန်းမိသားစု၏ တောင် ကာအစီအရင်သည် အလွန်ဆုံးသုံးရက်အထိသာ တောင့်ခံနိုင်ပါလိမ့်မည်။
ထိုအချိန်ရောက်လျှင် ဖန်းမိသားစုဝင်အားလုံးနှင့်တကွ စစ်ကူပေးလာသည့် ကဲ့ယွင်လင်း၊ သွမ် ယိတောင်တို့ ဦးဆောင်သည့် နောက်လိုက်တပည့်များအားလုံးလည်း မရှုမလှ သုတ်သင်ခံရပါ လိမ့်မည်။
“တာအိုမိတ်ဆွေသွမ်နဲ့ကဲ့တို့၊ လျန်နိုင်ငံနဲ့ ယွင်နိုင်ငံက စစ်ကူတွေ ဘယ်တော့မှ ရောက်လာ ကြမှာလဲ”
ထိုအချိန်တွင် ဖန်ကျိရွမ်က သွမ်ယိတောင်တို့လူစုအား အားကိုးတကြီးဖြင့် မေးမြန်းလိုက်သည်။ ဖန်ကျိနန်က မျှော်လင့်အားထားသည့် မျက်ဝန်းများဖြင့် အဖြေကို နားစွင့်လိုက်မိသည်။ သို့သော် သွမ်ယိတောင်က စိတ်ပျက်လက်ပျက်ဖြင့် ဆိုလိုက်သည်။
“မိတ်ဆွေတို့ရေ နည်းနည်းသည်းခံကြပါဦး၊ ကြားထဲမှာ ပြဿနာတစ်ခုခု မတွေ့ရင် လျန်နဲ့ယွင် နိုင်ငံက ကျင့်ကြံသူတွေ ရောက်ဖို့ အနည်းဆုံးနှစ်ရက်တော့ ကြာပါဦးမယ်”
ထိုအဖြေကြောင့် ဖန်းကျိနန်တို့လည်း အံကိုတင်းတင်းကြိတ်မိကြသည်။ လက်ရှိအနေအထားဖြင့် နောက်ထပ်နှစ်ရက် တောင့်ခံရန်မှာ လွယ်ကူသည့်ကိစ္စမဟုတ်ပါ။ သို့သော် သူတို့အတွက် အသက် ရှင်ကျန်ရန် တစ်ခုတည်းသော နည်းလမ်းဖြစ်နေ၍ အစွမ်းကုန် ကြိုးစားတောင့်ခံရုံမှတပါး အခြား မရှိပါ။ ထိုအချိန်တွင် ဖန်းမိသားစု၏ တောင်ကာအစီအရင်ကို ဝန်းရံထားသည့် ပြင်ပမှ ရွှေအမြု တေအဆင့် ကျင့်ကြံသူ ၁၄ ဦးအနက် အဝါရောင်ဝတ်ရုံဝတ် ရွှေအမြုတေ ဆဌမအဆင့် ကျင့်ကြံ သူက အသံအုပ်အုပ်ဖြင့်ဆိုသည်။
“ကျုပ်တို့ဒီအတိုင်း ဆက်သွားလို့မဖြစ်ဘူး။ ဒီနေရာမှာ ကျုပ်တို့အချိန်ဖြုန်းခဲ့တာ တစ်ရက်နဲ့တစ် ညရှိပြီ။ ဒီပုံစံအတိုင်းဆိုရင် ဖန်းမိသားစုရဲ့ အစီအရင်လုံးဝပြိုကျဖို့ နောက်ထပ်တစ်ရက်ကနေ သုံး ရက်ကြာလိမ့်မယ်။ အဲဒီအချိန်ကျရင် ယွင်နဲ့လျန်က စစ်ကူတွေ မရောက်လာဘူးလို့ မပြောနိုင်ဘူး၊ ကျုပ်တို့အစီအရင်ကို ဖျက်လို့မပြီးခင်မှာ သူတို့ရောက်လာခဲ့ရင် ကျုပ်တို့အားထုတ်ခဲ့သမျှ သဲထဲ ရေသွန်ဖြစ်သွားလိမ့်မယ်နော်”
ထိုစကားကိုပြောလိုက်သူမှာ ရှေးဦးတောင်ကြားဂိုဏ်းမှ ရွှေအမြုတေအဆင့် ဘိုးဘေးတစ်ဦးဖြစ် ပြီး ထိုသူ၏အမည်မှာ ကောယွမ်ရှန်းဖြစ်သည်။ ကောယွမ်ရှန်း၏ စကားကြောင့် ကျန်ရှိနေသော ရွှေအမြုတေအဆင့် ကျင့်ကြံသူများအားလုံး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြသည်။ ထိုအချိန်၌ အသက် ခြောက်ဆယ်ကျော် တာအိုဝတ်ရုံဝတ်လူကြီးတစ်ဦးက
“ဒါဆို တာအိုမိတ်ဆွေကော အနေနဲ့ ကျုပ်တို့ဘာဆက်လုပ်သင့်တယ်လို့ မြင်သလဲ”