← Chapters

ယန်နိုင်ငံဖြစ်စဉ်

Vol. 18 Ch. 344

ယန်နိုင်ငံဖြစ်စဉ်

Vol. 18 Ch. 344

ပေးပို့လာသူမှာ ဟောင်တုန်းပိုင်ဖြစ်ပြီး စာပါအကြောင်းအရာမှာလည်း တိုတောင်းလှသည်။

“ယန်နိုင်ငံ အန္တရာယ်ကျနေပြီ။ အရေးကြီးကိစ္စဆွေးနွေးဖို့ စင်မြင့်ကိုလာခဲ့ပါ”

စာအရေးအသားအရ ယန်နိုင်ငံတွင် အလွန်ကြီးမားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပုံရသည်။ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း တစ်ဦးမျက်နှာတစ်ဦး ကြည့်မိလိုက်ကြပြီးနောက် စင်မြင့်ကို လိုက်သွားပြီး ယန်နိုင်ငံအကြောင်း အသေးစိတ်စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ ကျန်းချန်ရွှမ်လည်း ကျန်းရန်ယီကို ဟောင်တုန်းပိုင်၏ သတင်းစကားအကြောင်း အသိပေးလိုက်ပြီး တစ်စုံတစ်ခုဖြစ် ပွားလာခဲ့သည်ရှိသော် အသင့်အနေအထား ပြင်ဆင်ထားရန် မှာကြားလိုက်သည်။ ထို့နောက်တွင် ကျန်းချန်ရွှမ်လည်း ရှန်းရူယန်နှင့်အတူ ကျောက်စိမ်းရေဓားစင်မြင့်သို့ ထွက်ခွာသွားတော့သည်။

မကြာခင် စင်မြင့်ဌာနချုပ်သို့ ရောက်ရှိကြပြီး သူတို့ဇနီးမောင်နှံကို အသင့်စောင့်မျှော်နေဟန်တူ သည့် ဟွားမန်ရုံက သူတို့နှစ်ဦးကို မြင်လျှင်မြင်ချင်း အစည်းအဝေးခန်းမအတွင်းသို့ ဦးဆောင်ခေါ် ယူသွားသည်။ အစည်းအဝေးခန်းမအတွင်း၌ ကျောက်စိမ်းရေဓားစင်မြင့်၏ ရွှေအမြုတေအဆင့် ကျင့်ကြံသူငါးဦးလုံး ရှိနေရုံမက ကောင်းကင်ယွဲ့ဂိုဏ်း၏ ရွှေအမြုတေအဆင့် လေးဦးအနက် သုံး ဦးလည်း ရောက်ရှိနေကြောင်း သတိပြုမိသည်။ ယန်နိုင်ငံနှင့် စပ်လျဉ်းနေသည့် ဤအရေးသည် မည်သည့်နည်းနှင့်မျှ ပေါ့သေးသေးမဟုတ်နိုင်ကြောင်း ကျန်းချန်ရွှမ် မှတ်ချက်ချမိသည်။ ကျန်းချန် ရွှမ်တို့ အခန်းထဲဝင်လာသည်ကို မြင်သောအခါတွင် အစည်းအဝေး ဦးဆောင်ကျင်းပသူ ဟောင် တုန်းပိုင်သည် မတ်တတ်ထရပ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။

ထို့နောက် ကျန်းချန်ရွှမ်လည်း အချိန်မဆိုင်းတော့ဘဲ လိုရင်း အကြောင်းအရာကို တည့်တိုးမေးမိ လိုက်သည်။ ဟောင်တုန်းပိုင်ကလည်း ယန်နိုင်ငံတွင် ဖြစ်ပွားခဲ့ပုံများကို စီကာပတ်ကုံး ရှင်းပြပါ တော့သည်။ လွန်ခဲ့သည့်နှစ်ရက်နီးပါးက ကျင်းနိုင်ငံ၏ ရွှေအမြုတေအဆင့် အင်အားစုလေးစုဖြစ် သည့် ရှန်းကွမ်းမိသားစု၊ ကွမ်းလင်ဂိုဏ်း၊ ရှေးဦးယန်တောင်ကြား၊ ချင်ယို့ဂိုဏ်းတို့သည် ရှုနိုင်ငံမှ အင်အားစုများဖြစ်သည့် တောက်မိသားစု၊ ဟိုင်ယွင်ဂိုဏ်း၊ ချန်ဖဂိုဏ်းတို့နှင့် အင်အားချင်းပေါင်း စည်းလိုက်ပြီး စုစုပေါင်း ရွှေအမြုတေအဆင့် ၁၄ ဦး၊ ကျီဖုအဆင့် ၅၀ ရှိသည့် အင်အားအလုံးအ ရင်းဖြင့် ယန်နိုင်ငံ အနောက်တောင်ဘက်ရှိ ရွှေနေမင်းဂိုဏ်းကို ရုတ်တရက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုတိုက်ပွဲတွင် ကျင်းနိုင်ငံဖက်မှ အဆင့် ၄ အစီအရင်ခံတပ်ဖောက် ပုတီးစေ့ကို အသုံးပြုခဲ့သည်ဟု လည်း သိရသည်။ ထို့ကြောင့် တစ်နာရီအတွင်း ရွှေနေမင်းဂိုဏ်း၏ တောင်ကာအစီအရင်မှာ တစ် စစီ ဆွဲစုတ်ခံလိုက်ရပြီး ရွှေနေမင်းဂိုဏ်း၏ ရွှေအမြုတေအဆင့် ကျင့်ကြံသူနှစ်ဦး၊ ကျီဖုအဆင့် ၂၀၊ အခြေခံတည်ဆောက်ခြင်းအဆင့် ရှစ်ဦးတိတိ အသတ်ခံလိုက်ရပြီး ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံ သူများမှာ ထောင်ချီ၍ သေဆုံးကုန်ကြသည်။ ရွှေနေမင်းတစ်ဂိုဏ်းလုံးတွင် ချီသန့်စင်ခြင်းအဆင့် တချို့နှင့် ပြင်ပတွင် တာဝန်ထမ်းဆောင်နေသူ အခြေတည်ဆောက်ခြင်းအဆင့် အနည်းငယ်မှအပ ကျန်လူအားလုံး သုတ်သင်ခံလိုက်ရခြင်းဖြစ်သည်။ နောက်ထပ်ရရှိထားသည့် သတင်းမှာ ရွှေနေ မင်းဂိုဏ်းကို သုတ်သင်ခဲ့သော ကျင်းနှင့်ရှု အင်အားစုကြီးသည် ယန်နိုင်ငံ၏ ရွှေအမြုတေအဆင့် အင်အားစုဖြစ်သည့် ဖန်းမိသားစုထံ ဦးတည်ချီတက်နေကြောင်း သိရသည်။

ဤအခြေအနေမျိုးတွင် စစ်ကူတစ်စုံတစ်ရာ မရရှိလျှင် ဖန်းမိသားစုသည်လည်း မကြာမီ ရွှေနေမင်း ဂိုဏ်း၏ လမ်းစဉ်နောက်သို့ လိုက်ပါသွားရဖွယ်ရှိသည်။ သို့သော် ကံကောင်းစွာဖြင့် စစ်မှန်မှုကိုယ်ခံပညာဂိုဏ်းနှင့် ရှောင်းယန်တောင်ဂိုဏ်းတို့သည် ဖန်မိသားစုကို ကူညီရန် အပြေး ရောက်လာကြပြီး သူတို့နှစ်ဂိုဏ်းပေါင်း တပ်ကူအင်အားစုကို ဦးဆောင်လာသူမှာ ရွှေအမြုတေအ ဆင့် ကျင့်ကြံသူနှစ်ဦးဖြစ်သည်။ သို့ရာတွင် ထိုအင်အားမျှနှင့် ကျင်းနှင့်ရှုနှစ်နိုင်ငံရှိ ရွှေအမြုတေ အင်အားစု၇ခု ပေါင်းစုထားသည့် ကျင့်ကြံသူတပ်ကြီးကို‌တော့ မည်သည့်နည်းနှင့်မျှ ယှဉ်ပြိုင်နိုင် စွမ်းမရှိပါ။ ဖန်းမိသားစု၏ တောင်ကာအစီအရင် ချိုးဖျက်ခံရသည်နှင့် ဖန်းမိသားစု၊ ရှောင်းယန် တောင်ဂိုဏ်းနှင့် စစ်မှန်မှုကိုယ်ခံပညာဂိုဏ်းမှ ကျင့်ကြံသူအားလုံး သုတ်သင်ခံရမည်မှာ သေချာသ လောက်ရှိသည်။

ထို့ကြောင့် ဖန်းမိသားစုသည် လျန်နှင့် ယွင်နိုင်ငံရှိ ရွှေအမြုတေအဆင့် အဖွဲ့အစည်းများကို အရေး‌ ပေါ် အကူအညီတောင်းပြီး အချိန်နှင့်တပြေးညီ စစ်ကူပေးပါရန် မေတ္တာရပ်ခံလာခြင်းဖြစ်သည်။ ထိုအခါ ကျောက်စိမ်း‌ရေဓားစင်မြင့်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းတို့ ခေါင်းချင်းဆိုင်ဆွေးနွေးပြီး ဆုံး ဖြတ်ချက်တစ်ခု ချမှတ်လိုက်သည်။ စင်မြင့်ဖက်မှ ဟောင်တုန်းပိုင်၊ ကုယွဲ့ဖန်းနှင့် ယောင်ယိဖန်း ရွှေအမြုတေအဆင့် အကြီးအကဲသုံးဦးမှ လက်အောက်ငယ်သားများကို ဦးဆောင်ပြီး ယန်နိုင်ငံကို ချီတက်ကြမည်ဖြစ်သည်။ ကောင်းကင်ယွဲ့ဂိုဏ်းဖက်မှ ဝမ်ရှုကျွန်းနှင့် လီမင်ကောင်းတို့ ဦးစီးဦး ရွက်ပြုပြီး ယန်နိုင်ငံသို့ ကျင့်ကြံသူတပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်မည်ဖြစ်သည်။

ကျန်ကျင့်ကြံသူများသည် ဂိုဏ်းတွင်ပင် ကျန်ရစ်ခဲ့ကာ ရန်သူ၏ အလစ်တိုက်ခိုက်မှုကို ကြိုတင်ခု ခံရန် ပြင်ဆင်ထားကြမည်ဖြစ်သည်။ အခြေအနေအရပ်ရပ်ကို ကြားသိပြီးနောက် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း တုန်လှုပ်သွားကြသည်။ ကျင်းနှင့် ရှုနှစ်နိုင်ငံသည် ထိုမျှအတင့်ရဲလိမ့်မည်ဟု သူတို့မတွေးထင်ခဲ့ကြပါ။ ကျင်းနှင့်လျန်နိုင်ငံကြား နယ်နိမိတ်ဒေသသို့ အဆင့်နိမ့်ကျင့်ကြံသူများ အယောင်ပြစေလွှတ်ပြီး တစ်ချိန်တည်းတွင် ရွှေအမြုတေအဆင့် ခုနစ်ခုကို ပေါင်းစည်းပြီး ရွှေနေ မင်းဂိုဏ်းကို သုတ်သင်လိုက်ပုံမှာ အကြံပက်စက်သလို ပိရိသေသပ်သည်ဟုလည်း ဆိုနိုင်ပါမည်။ ယခုလည်း နောက်ထပ်ရွှေအမြုတေအဆင့် အင်အားစုတစ်ခုဖြစ်သည့် ဖန်းမိသားစုကို ချေမှုန်းရန် အင်အားအလုံးအရင်းဖြင့် အလျင်အမြန် ချီတက်လာကြပြန်သည်။

ကျင်းနှင့်ရှုနိုင်ငံ၏ အကြံအစည် အထမြောက်သွားပါက ယန်နိုင်ငံရှိ ရွှေအမြုတေအဆင့် အင်အား စုလေးခုအနက် နှစ်ခုကို အချိန်တိုအတွင်း ဆုံးရှုံးလိုက်ရမည်ဖြစ်ကာ ကျန်ရှိနေသည့် ရှောင်းယန် တောင်ဂိုဏ်းနှင့် စစ်မှန်မှုကိုယ်ခံပညာ နှစ်ဂိုဏ်းတည်းနှင့် ကျင်းနှင့်ရှု နှစ်နိုင်ငံထိုးစစ်ကို ဘယ်လို နည်းနှင့်မျှ‌ တောင့်ခံနိုင်မည်မဟုတ်ပါ။ ထို့ကြောင့် ဖန်းမိသားစုအတွက် စစ်ကူအချိန်မီ ရောက်၊ မ ရောက်သည် ယန်တစ်နိုင်ငံလုံး၏ ကံကြမ္မာကို ဆုံးဖြတ်နိုင်သည်ဟု ဆိုနိုင်ပါမည်။ စစ်ပွဲမစခင်က ကျင့်ကြံသူအများစုသည် ကျင်းနှင့်လျန် နှစ်နိုင်ငံအကြား ပဋိပက္ခကိုသာ အဓိကထား စဉ်းစားခဲ့ကြ ပြီး ယန်နိုင်ငံသည် စစ်ပွဲ၏ အဖျားခတ်ရုံမျှသော ဒဏ်ကိုသာ ခံရလိမ့်မည်ဟု တွေးခဲ့ကြသည်။ သို့ သော် လက်ရှိတွင် ထိုအတွေးနှင့်ပြောင်းပြန်ဖြစ်နေပြီး ကျင်းနိုင်ငံသည် လျန်နိုင်ငံကို အဓိကထိုး စစ်ဆင်ခြင်းမပြုဘဲ ယန်နိုင်ငံကိုသာ အငိုက်ဖမ်းစစ်ဆင်ခဲ့သည်။

ကျင်းနိုင်ငံ၏ အကြံမှာ ယန်နိုင်ငံကို အင်အားအလွန်အကျွံ သုံးစွဲပြီး တစ်ချီတည်းဖြင့် ဝါးမျိုသိမ်း ပိုက်ရန်ဖြစ်ကြောင်း ထင်ရှားသည်။ ထို့ကြောင့်ပင် ကျင်းနှင့်ရှု နှစ်နိုင်ငံပေါင်း ရွှေအမြုတေအဆင့် အင်အားစု ၇ ခုကို ပေါင်းစည်းခဲ့ခြင်းဖြစ်သည်။ ယန်နိုင်ငံကို အချိန်တိုအတွင်း သိမ်းပိုက်နိုင်ခဲ့ပါက အဆိုပါ အင်အားစု ၇ ခုအတွက် လိုအပ်သည့် ရင်းမြစ်များကို လျင်မြန်စွာ ဖြည့်ဆည်းနိုင်မည့်အ ပြင် ယန်နိုင်ငံကို ခြေကုပ်ယူပြီး လျန်နိုင်ငံအား အဆက်မပြတ် ထိုးစစ်များ ဆင်နွှဲနိုင်ဦးမည်ဖြစ်ပါ သည်။

All Chapters