Chapters

ပြန်လည်ဆုတ်ခွာခြင်း

Vol. 18 Ch. 350

ပြန်လည်ဆုတ်ခွာခြင်း

Vol. 18 Ch. 350

“အခုအချိန် ကျွန်မတို့မှာ အင်အားနည်းနေလို့ နောက်တစ်ခါ တိုက်ပွဲဖြစ်ရင် ကျွန်မတို့ဘက်က ရေရှည်တောင့်ခံနိုင်ဖို့မလွယ်ဘူး”

အမျိုးသမီး၏ စကားကြောင့် ရှန်းကွမ်းယုံရှန်း အပါအဝင် တောက်မိသားစုမှ ရွှေအမြုတေအဆင့် ကျင့်ကြံသူများ မျက်စိမျက်နှာပျက်ကုန်ကြသည်။ အထူးသဖြင့် ရှန်းကွမ်းယုံရှန်းအဖို့ ညီဖြစ်သူကို ဆုံးရှုံးလိုက်ရသလို တောက်မိသားစုသည်လည်း မျိုးနွယ်စုဝင်အချို့ကို ဆုံးရှုံးခဲ့ရခြင်းကြောင့် တစ်စုံတစ်ရာ လက်တုံ့ပြန်ခွင့်မရဘဲ တပ်ပြန်ခေါက်မည့် အကြံကို သဘောမတူလိုကြပါ။ သို့ရာတွင် ယန်နိုင်ငံမှ အမြန်ဆုံးဆုတ်ခွာရန်အကြံကို ဦးဆုံးတင်သွင်းသူမှာ သူတို့ထက် ကျင့်ကြံမှုအဆင့်နှင့် ဝါစဉ်အရ သာလွန်နေသူ ကျင်းရှုဖြစ်နေသည်။ ထို့ပြင် ကျင်းရှုနှင့် သက်လတ်ပို်ငးအမျိုးသမီးတို့၏ ကောက်ချက်ချမှုမှာ အကျိုးအကြောင်းညီနေသည့်အတွက် ရှန်းကွမ်းယုံရှန်းတို့လည်း ခေတ္တခဏမျှ စဉ်းစားလိုက်ပြီးနောက် ဆုတ်ခွာရန်အစီအစဉ်ကို လက်ခံလိုက်ကြသည်။

မဆုတ်ခွာဘဲ ဆက်လက်တောင့်ခံရန် ကြံစည်ပါက သူတို့အားလုံးအတွက် အခြေအနေ မကောင်းလှဘဲ ထိုအစား မိမိတို့နိုင်ငံသို့ ပြန်လည်ဆုတ်ခွာပြီး အင်အားဖြည့်တင်း စုဆောင်းခြင်းသည်သာ မှန်ကန်မျှတသည့် ဆုံးဖြတ်ချက်ဟု ဆိုနိုင်ပါမည်။ ရှန်းကွမ်းယုံရှန်းနှင့် တောက်မိသားစုဝင်များ သဘောတူပြီးနောက်တွင် ကျန်လူအားလုံး ကန့်ကွက်ခြင်းမရှိ၊ ဆုတ်ခွာရန် တစ်ညီတညွတ်တည်း လက်ခံလိုက်ကြသည်။ ဤသို့ဖြင့် ကျန်းချန်ရွှမ်တို့အဖွဲ့ ရွှေနေမင်းဂိုဏ်း၏ ဌာနချုပ်တံခါးဝကို ရောက်သည့်အခါတွင် နယ်မြေတစ်ခုလုံး လူသူလေးပါး ဆိတ်သုဉ်းလျက်ရှိသည်ကို တွေ့လိုက်ရတော့သည်။ ကျင်းနှင့်ရှုနှစ်နိုင်ငံ တပ်ပေါင်းစုကြီးသည် သူတို့၏ လက်ကျန်အင်အားဖြင့် ရွှေနေမင်းဂိုဏ်း၏ ကျယ်ပြောသောနယ်မြေတစ်ခုလုံးကို ကာကွယ်ရန် မဖြစ်နိုင်တော့သည်ကို သိရှိပြီးနောက် အရေးတကြီး ဆုတ်ခွာထွက်ပြေးသွားပုံရသည်။

ကျန်းချန်ရွှမ်တို့လည်း တံခါးဝမှတဆင့် အဆောက်အဦးပျက်များ စီတန်းတည်ရှိနေသည့် အပျက်အစီးပုံကြီးအနီးသို့ ဝင်လာကြသည်။ ရှေ့မှောက်ရှိ မြင်ကွင်းကို စိုက်ကြည့်ရင်း သူတို့အားလုံးတွင် တူညီသည့် အတွေးတစ်ရပ်ဖြစ်ပေါ်လျက်ရှိသည်။ ထိုအတွေးကား ရွှေနေမင်းဂိုဏ်း၏ နေရာတွင် သူတို့၏ မိသားစု၊ ဂိုဏ်းဖြစ်နေခဲ့ပါက သူတို့ကိုယ်တိုင်လည်း ကျင်းနှင့်ရှုတို့၏ လျှပ်တပြက်တိုက် စစ်ကို ခုခံနိုင်မည်မဟုတ်ဘဲ ရွှေနေမင်းဂိုဏ်းကဲ့သို့ပင် အမြစ်ဖြုတ်သုတ်သင်ခံရမည် ဟူသည့် အတွေးဖြစ်သည်။ ဤသည်မှာ စစ်၏ ရက်စက်ခက်ထန်သည့် သရုပ်သကန်ပင်ဖြစ်သည်။ ရွှေအမြု တေအဆင့် အဖွဲ့အစည်းတစ်ရပ်သည်ပင် သတိတစ်ချက်လွတ်သွားပါက ဤကျင့်ကြံရေးလောက မှ ထာဝရပျောက်ကွယ်သွားနိုင်ပါသည်။ ထိုအချိန်တွင် လီမင်ကောင်းက တိတ်ဆိတ်မှုကို စတင် ဖြိုခွင်းလိုက်တော့သည်။

“ဒါဆို ဘယ်လိုဆက်လုပ်ကြမလဲ”

လီမင်ကောင်း၏ စကားကိုကြားလိုက်မှ ကျန်းချန်ရွှမ်၊ ဟောင်တုန်းပိုင်နှင့် ကျန်းပို်ငလုံတို့လည်း သတိဝင်လာကြသည်။ အဝေးတွင် တာဝန်ထမ်းဆောင်နေသူ ဂိုဏ်းသားအချို့မှလွဲ၍ ရွှေနေမင်းတစ်ဂိုဏ်းလုံး အစအနမကျန် သုတ်သင်ခံလိုက်ရသလို ဂိုဏ်းပိုင်ရင်းမြစ်များ၊ ရတနာများသည်လည်း ကျင်းနှင့်ရှု ကျင့်ကြံသူများလက်ချက်ဖြင့် ပြောင်တလင်းခါကုန်ပြီဖြစ်သည်။ အဆုံးစွန်ပြောရလျှင် အဆင့် ၄ ဝိညာဉ်သွေးကြောမှအပ တစ်ဂိုဏ်းလုံးတွင် တန်ဖိုးရှိသည့်အရာဟူ၍ တစ်ခုတလေပင် မကျန်တော့ပါ။ ထိုသွေးကြောကို ကျင်းနှင့်ရှု ကျင့်ကြံသူများက ဖျက်ဆီးခြင်းမပြုဘဲ ချန်ထားရစ်သည်ကလည်း စိတ်သဘောကောင်းမွန်၍ မဟုတ်ဘဲ ဝိညာဉ်သွေးကြောတစ်ခုကို ဖျက်ဆီးခြင်းသည် ကောင်းကင်ကို ဆန့်ကျင့်သည့်သဘော သက်ရောက်နေခြင်းကြောင့် မဖျက်ဆီးဝံ့ ကြခြင်းသာဖြစ်သည်။

“ကျုပ်အမြင်ကတော့ ဒီနေရာကို တာအိုမိတ်ဆွေကြီးဖန်း၊ သွမ့်နဲ့ ကဲ့ တို့ကို တာဝန်ပေးပြီး စောင့်ရှောက်ခိုင်းလိုက်တာ ပိုကောင်းလိမ့်မယ်”

ကျောက်စိမ်းရေဓားစင်မြင့်မှ ယိယောင်ဖန်းက သူ့အမြင်ကိုဝင်ပြောသည်။ ထိုသူသည် စင်မြင့်ရှိ ရွှေအမြုတေအဆင့်ငါးဦးအနက် အဘိုးကြီးပုံပေါက်နေသည့် တစ်ဦးတည်းသော ကျင့်ကြံသူလည်း ဖြစ်သည်။ သူ့စကားကြောင့် မလှမ်းမကမ်းတွင် နားစွင့်နေကြသည့် ဖန်းမိသားစု၏ ဘိုးဘေးနှစ်ဦးအပြင် သွမ်ယိတောင်နှင့် ကဲ့ယွင်လင်းတို့လည်း ခေါင်းထောင်လာကြသည်။

***