← Chapters

ယာယီစစ်ပြေငြိမ်းခြင်း

Vol. 18 Ch. 355

ယာယီစစ်ပြေငြိမ်းခြင်း

Vol. 18 Ch. 355

ကျောက်စိမ်းရေဓားစင်မြင့်ဘက်မှ သတင်းစကားကို ကျန်းချန်ရွှမ်ရော ရှန်းရူယန်ပါ လျစ်လျူမရှုဝံ့ပေ။ နောက်ဆုံးတစ်ကြိမ်တုန်းက သတင်းစကားသည် ယွင်နိုင်ငံအတွက် ကြောက်စရာကောင်းလှသည့် အဖြစ်အပျက်များဖြစ်စေခဲ့သည်။ ဒီတစ်ကြိမ်ရော ဘာတွေလာအုံးမလဲ သူတို့လည်း မသိတော့ပေ။

ဇနီးမောင်နှံနှစ်ယောက်လည်း ကျန်းရန်ယီကို အခြေအနေများကို အတိုချုံးရှင်းပြလိုက်သည်။ ထို့နောက် နှစ်ဦးသား ကျောက်စိမ်းရေဓားစင်မြင့်သို့ အလျင်စလိုသွားကြတော့သည်။

ပြီးခဲ့သည့်အခေါက်ကအတိုင်းပင်၊ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ကျောက်စိမ်းရေဓားစင်မြင့်၏ အစည်းအဝေးခန်းမထဲသို့ ရောက်ရှိသွားချိန်၌ ထိုနေရာတွင် လူတော်တော်များများ ထိုင်နေနှင့်ကြပြီကို သတိထားမိလိုက်ရသည်။ အများစုမှာ အသိအကျွမ်းများပင်ဖြစ်သည်။

စင်မြင့်သခင်ဟောင်တုန်းပိုင်၊ အထွတ်အထိပ်အကြီးအကဲ ကုယွဲ့ဖန်းနှင့် အကြီးအကဲ စီးဆင်းမီးလျှံတို့ ဖြစ်ကြသည်။ ကောင်းကင်ယွဲ့ဂိုဏ်းမှ ဝမ်ရှုကျွန်းနှင့် လီမင်ကောင်းတို့လည်းပါသည်။ ထိုအသိမိတ်ဆွေများအပြင် နောက်ထပ် သူစိမ်းနှစ်ယောက်လည်း ရှိသေးသည်။

ဟောင်တုန်းပိုင်၏မိတ်ဆက်ပေးမှုပြီးနောက်မှာတော့ ထိုသူစိမ်းနှစ်ယောက်အနက် တစ်ယောက်မှာ ကျောက်စိမ်းရေဓားစင်မြင့်၏နောက်ထပ် အထွပ်အထိပ်အကြီးအကဲဖြစ်သော ချင်မန်လန်ဖြစ်သည်ကို သိလိုက်ရဿည်။ သူမသည် ရွှေအမြုတေ တတိယအဆင့်ကျင့်ကြံသူဖြစ်ကာ ကျောက်စိမ်းရေဓားစင်မြင့်၏ အထွတ်အထိပ်အကြီးအကဲ ၅ဦးအနက်တွင် တစ်ဦးတည်းသော အမျိုးသမီးကျင့်ကြံသူလည်း ဖြစ်ပေသည်။

နောက်တစ်ယောက်သည်က ပညာသင်သားတစ်ယောက်ဟန်တူလှသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူကတော့ ကောင်းကင်ယွဲ့ဂိုဏ်းမှ ယုဟောင်ကျီဖြစ်သည်။ သူ့တပည့်တစ်ဦး၏တာအိုလက်တွဲဖော်သည် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လက်ချက်ဖြင့် သေဆုံးသွားခဲ့သော ငရဲမီးဂိုဏ်းမှ အကြီးအကဲတစ်ဦး၏တပည့်ဖြစ်သည်။

အရင်တုန်းကတော့ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို လက်စားပြန်ချေပေးရန် သူ့ဆရာကို အကူအညီတောင်းပေးဖို့ သူမခင်ပွန်းကို စည်းရုံးခဲ့သော်လည်း အလုပ်မဖြစ်ခဲ့ပေ။

ကျန်းချန်ရွှမ်၏ထူးချွန်လှသော တိုက်ပွဲထောက်ပံ့စွမ်းရည်အကြောင်း ပျံ့နှံ့သွားပြီးနောက်တွင် ယုဟောင်ကျီသည် သူတို့ကြားတွင် မလိုလားအပ်သည့် နားလည်မှုလွဲခြင်းများမရှိစေဖို့ရန် မျှော်လင့်ကြောင်းကိုပါ တကူးတက စာတစ်စောင်ပို့ခိုင်းခဲ့သေးသည်။ ဇနီးမောင်နှံနှစ်ဦးသည်လည်း သူတို့ စိတ်ထဲမထားကြောင်း ပြန်လည်ဖော်ပြခဲ့သည်။

ယခုလို နှစ်ဦးနှစ်ဖက် တွေ့ဆုံကြသည့်အခါတွင်တော့ ယုဟောင်ကျီသည် အမှန်တကယ်ကို အလွန်မှဖော်ရွေလှသည့်သဘောထားမျိုး ပြသလာခဲ့သည်။

“တာအိုမိတ်ဆွေကျန်းနဲ့ ရှန်းတို့ရဲ့ ထူးချွန်လှတဲ့အရည်အချင်းတွေအကြောင်း ကျုပ်ကြားဖူးနေတာကြာပြီ။ ခင်ဗျားတို့နှစ်ယောက်နဲ့ အမြဲတမ်း သိကျွမ်းခွင့်ရချင်နေခဲ့ပေမယ့် အခွင့်အရေးမရှိခဲ့ဘူး။ ဒီနေတော့ ခင်ဗျားတို့နဲ့ ကိုယ်တိုင်တွေ့ခွင့်ရပြီပေါ့။”

ယုဟောင်ကျီက ပြောနေတုန်းမှာပင် မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ဆုပ်ပြီး ကျန်းချန်ရွှမ်တို့ ဇနီးမောင်နှံကို ပြုံးကာ နှုတ်ဆက်လိုက်သည်။

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည်လည်း ချက်ချင်းပင် ပြုံးလိုက်ကာ လက်နှစ်ဖက်ဆုပ်ပြီး ပြန်လည်နှုတ်ဆက်လိုက်သည်။

“တာအိုမိတ်ဆွေယုက အရမ်းယဉ်ကျေးလွန်းနေပါပြီ။” ထို့နောက် ဇနီးမောင်နှံနှစ်ဦးသည် အခြားသော ရှိနေသည့် အသိမိတ်ဆွေများကိုပါ ဆက်လက်နှုတ်ဆက်ခဲ့သည်။

အချင်းချင်းခရီးဦးကြိုနှုတ်ဆက်စကားပြောကြပြီးနောက် ဤစည်းဝေးပွဲ၏အဓိကတာဝန်ရှိသည် ဟောင်တုန်းပိုင်က ရှိနေသည့်လူတိုင်းကြည့်လိုက်ကာ အလေးအနက်ပြောလာခဲ့သည်။

“အားလုံးပဲ၊ ကျုပ်ဒီနေ့ ခင်ဗျားတို့အားလုံးကို စုဝေးဖို့ဖိတ်ခေါ်လိုက်ရတာက အခုဖြစ်နေတဲ့ တိုက်ပွဲကြောင့်ပဲ။”

ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်အပါအဝင် ထိုစကားကိုကြားလိုက်ရသည့်လူအားလုံး အံ့ဩကုန်ကြသည်။ ထိုတိုက်ပွဲဖြစ်နေခဲ့သည်မှာ နှစ်များစွာကြာနေခဲ့ပြီမှန်း သူတို့လည်းသိသည်။ ကျင်းနှင့်ရှုမဟာမိတ်တပ်ပေါင်းစု သို့မဟုတ် သုံးနိုင်ငံမဟာမိတ်တပ်ပေါင်းစုဖြစ်ပါစေ အားလုံးမှာ အမျိုးမျိုးသော အဆုံးအရှုံးများကို ခံစားခဲ့ကြရပြီးဖြစ်သည်။

ဟောင်တုန်းပိုင်က ရုတ်တရက်ကြီး ဒီအကြောင်းကိုပြောလာခဲ့တယ်ဆိုတော့ သူတို့မသိလိုက်တဲ့ တစ်စုံတစ်ခုများဖြစ်သွားခဲ့လို့လား။

ထင်သည့်အတိုင်းပင်၊ ဟောင်တုန်းပိုင်က ဆက်ပြောလာခဲ့သည်။ “ရိုးရိုးသားသားပြောရရင် မကြာသေးခင်တုန်းက ကျင်းနိုင်ငံ ရှေးဦးယန်တောင်ကြားနဲ့ ရှုနိုင်ငံ ချန်ဖဂိုဏ်းတို့ကနေ သတင်းစကားတစ်ခု ကျုပ်ရထားတယ်။

သူတို့ရဲ့သက်ဆိုင်ရာနိုင်ငံတွေရဲ့ကိုယ်စား ကျုပ်တို့နဲ့ စစ်ပြေငြိမ်းရေး အတိုက်အခိုက်ရပ်စဲမှုစာချုပ် ချုပ်ချင်တယ်ဆိုပြီး ပြောလာတာပဲ။”

“ဘာ။”

ဟောင်တုန်းပိုင်၏စကားများကိုကြားပြီးနောက် ကျောက်စိမ်းရေဓားစင်မြင့်မှလူများကလွဲ၍ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းမှလူသုံးဦးလုံး အံ့အားသင့်သွားခဲ့ကြသည်။ ကျင်းနှင့်ရှု မဟာမိတ်ဘက်က အရင်ဦးစွာ အတိုက်အခိုက်ရပ်စဲရေးအတွက် ကမ်းလှမ်းလာလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။

ဒါက တကယ်ကို ရှားပါးဖြစ်ရပ်ပဲ။

အတိတ်တုန်းကဆိုလျှင် ကျင်းနှင့်ရှုတို့သည် အခွင့်အရေးရတိုင်း တခြားသုံးနိုင်ငံကို အနိုင်ကျင့်နေကြဖြစ်သည်။ သူတို့သည် လွှမ်းမိုးလိုစိတ်ကြီးကာ နိုင်လိုမင်းထက်ဖိနှိပ်လိုသူများဖြစ်သည်။

သို့သော်လည်း အခုတော့ တကယ်ကို သူတို့ဘက်ကအရင် အတိုက်အခိုက်ရပ်စဲဖို့ ကမ်းလှမ်းလာလေပြီ။

ဒါက အရှုံးကို ဝန်ခံလိုက်တာနဲ့ မတူဘူးလား။

သူတို့ဘက်က ရွှေအမြုတေအဆင့် ၄ဦးကိုတောင် ဆုံးရှုံးလိုက်ရခြင်းကြောင့် နိုင်ငံ၃နိုင်ငံ၏စုပေါင်းပျမ်းမျှအင်အားထက် များစွာသာလွန်ခြင်းမရှိတော့တာကို သိသွားတာကြောင့်လား။

ပုံသေနည်းအရဆိုလျှင် ထိုအဖြေမှာ အတော်လေးဖြစ်နိုင်ချေရှိသော်လည်း သေချာပြန်သုံးသပ်ကြည့်ပါက ၎င်းသည် သူတို့၏လုပ်ဆောင်နေကျပုံစံနှင့် မကိုက်ညီနေချေ။

သူတို့မသိသေးတဲ့တစ်ခုခုတော့ ရှိနေလောက်ဦးမယ်။

လက်ရှိတွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းမှ ရွှေအမြုတေအဆင့် ၃ဦးသည်လည်း သံသယဖြစ်နေသည့်အမူအရာများရှိနေကြသည်။

ကောင်းကင်ယွဲ့ဂိုဏ်းမှ လီမင်ကောင်းက ပြောလာခဲ့လေသည်။

“စင်မြင့်သခင်ဟောင်၊ ခင်ဗျားပြောတာ အမှန်ပဲလား။ ကျင်းနဲ့ရှုဘက်က နောက်ထပ် ဉာဏ်ဆင်လာတာ မဟုတ်လောက်ဘူးလား။”

လီမင်ကောင်း၏အမေးစကားပြီးသည်နှင့် လူတိုင်းက ဟောင်တုံးပိုင်ကို လှည့်ကြည့်လိုက်ကြသည်။

ဟောင်တုန်းပိုင်က ပြန်ဖြေခဲ့သည်။ “သူတို့ဘက်က ဒီစစ်ပွဲအဆုံးသတ်ပါမယ်ဆိုပြီး သွေးသစ္စာစာချုပ်ကိုပါ တခါတည်းလက်မှတ်ရေးထိုးပါမယ်လို့ ပြောထားတာဆိုတော့ ကြည့်ရတာ တစ်ခုခုကြံနေတာတော့ မဟုတ်လောက်ဘူး။”

ဟောင်တုန်းပိုင်ဘက်မှ အတည်ပြုပေးလာတာကြောင့် နောက်ဆုံးမှာတော့ ကျန်းချန်ရွှမ်တို့လည်း ယုံကြည်သွားကြတော့သည်။ တစ်ဖက်က သွေးသစ္စာစာချုပ်ကိုပါ လက်မှတ်ထိုးဖို့အထိ ဆန္ဒရှိနေသည်ဆိုတော့ ၎င်းကို ချိုးဖောက်နိုင်ချေက အတော်လေး နည်းသွားပေပြီ။

သို့သော်လည်း တချိန်တည်းမှာပဲ ကျန်းချန်ရွှမ်နှင့် ကောင်းကင်ယွဲ့ဂိုဏ်းမှ ၃ဦး၏စိတ်ထဲ အကြောင်းအရာတစ်ခုက ပေါ်လာခဲ့ပြန်သည်….

***

All Chapters