ယာယီစစ်ပြေငြိမ်းခြင်း (၂)
Vol. 18 Ch. 356
အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်တွင် ဖော်ပြထားသည့်မှာ နှစ်ဖက်မဟာမိတ်တပ်ဖွဲ့များနှင့် သက်ဆိုင်သော်လည်း တစ်ဦးချင်းနှင့် ဂိုဏ်းများကြားတွင်လည်း ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုများကိုတော့ အထူးတားမြစ်တားခြင်းမရှိပေ။
ဆိုလိုသည်မှာ ဤစစ်ပွဲသည် မဟာမိတ်အဖွဲ့ ၂ဖက်ကြားမှ သဘောတူညီမှုပြိုကွဲသ၍ ရွှေအမြုတေအဆင့်ဂိုဏ်းနှစ်ခု တိုက်ခိုက်ကြလျှင်တောင်မှ စာချုပ်ကိုချိုးဖောက်သည်ဟု ယူဆမည်မဟုတ်ပေ။
ထိုအကြောင်းတွေးမိသွားသည်နှင့် ကျန်းချန်ရွှမ်က ရုတ်တရက်ပြောလာခဲ့သည်။ “စင်မြင့်သခင်ဟောင်၊ သူတို့က ဘာလို့ ကျုပ်တို့နဲ့ တိုက်ပွဲရပ်ချင်ရတာလဲ။
သူတို့နိုင်ငံ၂ခုရဲ့ပုံစံအတိုင်းသာဆို ဒီကိစ္စကို လွယ်လွယ်အလျော့ပေးသွားမယ်လို့ ကျုပ်တော့ မယုံဘူး။”
ကျန်းချန်ရွှသည် ကျင်းနှင့်ရှုတို့၏ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၄ဦးကို သူတို့ဘက်မှ သတ်ခဲ့သည့်ကိစ္စကို ပြောလိုခြင်းဖြစ်သည်။ ထိုမေးခွန်းက လက်ရှိတွင် ထိုင်နေကြသည့်လူတိုင်း သိချင်နေကြသည့် မေးခွန်းလည်း ဖြစ်ပေသည်။
သို့သော်လည်း ဤတစ်ကြိမ်တွင်တော့ ဟောင်တုန်းပိုင်က ခေါင်းယမ်းလာခဲ့သည်။ “တာအိုရောင်းရင်းကျန်း၊ တကယ်တော့ ခင်ဗျားမေးလိုက်တဲ့မေးခွန်းက ကျုပ်လည်း အဖြေရှာမရဘဲ နားမလည်နိုင်ဖြစ်နေအရဆုံး အချက်ပဲ။ ဒါပေမယ့် လောလောဆယ်မှာတော့ ဒီအဖြေကို ကျုပ်တို့ရှာလို့ရနိုင်ဦးမှာမဟုတ်ဘူး။ နောက်မှ ဒီကိစ္စကိုစုံစမ်းဖို့ လူလွှတ်လိုက်ရုံပဲ တတ်နိုင်လိမ့်မယ်။
လောလောဆယ်အရေးအကြီးဆုံးကတော့ နောက်ဘက်ဆက်လုပ်ကြမလဲဆိုတာ သိဖို့ပဲ။ သူတို့ဘက်က ပို့လာတဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်နဲ့ပတ်သတ်ပြီး ခင်ဗျားတို့ ဘယ်လိုသဘောရကြလဲ။ ကျုပ်တို့ သဘောတူလိုက်သင့်လား။”
ဟောင်တုန်းပိုင်ပြောသည်က မှန်ပေသည်။
လောလောဆယ်တွင် သူတို့အဖြေရှာမရဖြစ်နေသည့် မေးခွန်းတစ်ခုအပေါ် အာရုံစိုက်နေမည့်အစား အပစ်အခတ်ရပ်စဲရေးစာချုပ်ကို သူတို့ သဘောတူသင့် မတူသင့်ဟူသည့် ကိစ္စကိုသာ အလေးအနက်ထား စဉ်းစားရမည်။
ယုဟောင်ကျီကအရင်ဦးစွာ သူ့အတွေးကို ဖော်ပြလာခဲ့သည်။
သူပြောလိုက်သည်က၊ “နှစ်ဖက်လုံးကသာ သွေးသစ္စာစာချုပ်ကို လက်မှတ်ရေးထိုးနိုင်မယ်ဆိုရင်တော့ ကျုပ်တို့ သဘောတူလိုက်လဲအဆင်ပြေမယ်လို့ ထင်တယ်။
ဘာပဲဖြစ်ဖြစ် ကျုပ်တို့ရဲ့အင်အားနဲ့ဆိုရင် ဒီလိုမျိုးဆက်ပြီး တိုက်ခိုက်နေကြတာက တစ်ဖက်နဲ့တစ်ဖက် အရင်းအမြစ်တွေ မလိုလားအပ်ဘဲ ဖြုန်းတီးနေရုံပဲရှိမယ်။ ရလဒ်ကောင်းကောင်းရယ်လို့ သိပ်ရမှာမဟုတ်ဘူး။”
သူ့အမြင်သည် လီမင်ကောင်းနှင့် ဝမ်ရှုကျွန်းတို့၏ မြန်မြန်ဆန်ဆန် သဘောတူမှုကို ရရှိခဲ့သည်။ သူတို့သည်လည်း ဤအဓိပ္ပါယ်မဲ့လှသည့်စစ်ပွဲကြောင့် ပင်ပန်းနေကြပြီမှာ သိသာလှသည်။ ဘာပဲဖြစ်ဖြစ် သူတို့ပြန်တိုက်ရသည့်အကြောင်းအရင်းမှာလည်း သူတို့ဘက်က ခေါင်းငုံ့ခံနေမည်မဟုတ်ကြောင်းကို ပြသလိုချင်၍သာဖြစ်သည်။
အခုတော့ သူတို့ရည်မှန်းချက်က ပြည့်သွားပြီဖြစ်ကာ အခုလိုမျိုးသာ အရင်းအမြင်းများကို အဆုံးမရှိ ဆက်လက်သုံးစွဲနေဦးမည်ဆိုလျှင် သေချာပေါက် မတန်တော့ပေ။
ကုယွဲ့ဖန်း၊ အကြီးအကဲစီးဆင်းမီးလျှံနှင့် ကျန်လူများကလည်း ယုဟောင်ကျီ၏သဘောထားကို သဘောတူကြသည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည်လည်း အလားတူပင်။ ဤကိစ္စတွင် နောက်ကွယ်၌ သူတို့မသိနိုင်သေးသည့်အရာများရှိလောက်သေးမှန်း ခံစားမိကြနေရင်တောင်မှပေါ့…
သို့သော်လည်း ဟောင်တုန်းပိုင် ပြောလိုက်သလိုပင် နောက်ကွယ်က အကြောင်းအရင်းအမှန်ကို ဖော်ထုတ်ဖို့ရန်က လွယ်ကူလိမ့်မည်မဟုတ်ပေ။ လောလောဆယ် အရေးအကြီးဆုံးကိစ္စမှာ စစ်ပွဲကို မြန်နိုင်သမျှ အမြန်ဆုံး ရပ်တန့်နိုင်ဖို့သာဖြစ်သည်။
“အားလုံးက တညီတညွတ်တည်း သဘောတူကြတယ်ဆိုမှတော့ ဒီလိုပဲ ဆုံးဖြတ်လိုက်ကြတာပေါ့။”
ဟောင်တုန်းပိုင်က အားလုံးကိုကြည့်ကာ ဆက်ပြောလာခဲ့သည်။ “သူတို့ပို့လာတဲ့ စာအရဆိုရင်၊ ကျုပ်တို့ဘက်ကသာ အပစ်အခတ်ရပ်စဲဖို့ သဘောတူရင် ငါးရက်အတွင်း ကျုပ်တို့နှစ်ဖက်ရဲ့ နယ်စပ်စည်းကို သွားပြီး သွေးသစ္စာစာချုပ်ကို လက်မှတ်ထိုးရမယ်။”
ငါးရက်ကြာပြီးနောက်~
ကျန်းချန်ရွှမ်၊ ရှန်းရူယန်၊ ကျောက်စိမ်းရေဓားစင်မြင့်၊ ကောင်းကင်ယွဲ့ဂိုဏ်းနှင့် ယွင်နှင့်ယန်နိုင်ငံတို့၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူများက ကျင်းနှင့်ရှုမဟာမိတ်အဖွဲ့၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူများနှင့် အပစ်အခတ်ရဲစဲရေးသဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
ထိုအချိန်မှစ၍ နိုင်ငံကြီး ငါးနိုင်ငံကြားမှ စစ်ပွဲမှာ နှစ်ပေါင်းများစွာကြာမြင့်သည်အထိ ယာယီပြီးဆုံးသွားတော့သည်။
ပြန်လာသည့်လမ်းတွင် ဟောင်တုန်းပိုင်က ကျန်းချန်ရွှမ်တို့ဇနီးမောင်နှံထံသို့ အနာဂါတ်တွင်လည်း ကျင်းနှင့်ရှုမှ ကျင့်ကြံသူများကို သတိထားကြဖို့ အသံပို့လွှတ်လိုက်သည်။
အထူးသဖြင့် ရှန်းကွမ်းမိသားစုကိုပေါ့။
မိသားစုနှစ်စုကြားမှ ရန်ငြှိုးကြောင့်ပဲဖြစ်ဖြစ် ကျန်းချန်ရွှမ်က စစ်ပွဲအစတွင် ရှန်းကျွမ်းယုံချန်ကို သတ်ခဲ့တာကြောင့်ပဲဖြစ်ဖြစ် ရှန်းကွမ်းမိသားစုအတွက် ကျန်းမိသားကို အသည်းထဲအထိအောင် မုန်းတီးနေဖို့ လုံလောက်နေပြီဖြစ်သည်။
သူတို့သည် အမှောင်ထဲမှာပုန်း၍ ကျန်းမိသားစုကို ဖျက်ဆီးပစ်နိုင်မည့် အခွင့်အရေးမှန်သမျှကို ရှာဖွေနေကြပေလိမ့်မည်။
ဤသည်မှာ သွေးသစ္စာစာချုပ်ပါ စည်းကမ်းချက်များတွင် မပါဝင်ပေ။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့လည်း သူတို့ ဂရုစိုက်မည့်အကြောင်း ပြန်ပြောလိုက်သည်။
မှော်ဝင်တိုင်တောင်ကိုပြန်ရောက်ပြီးနောက် မိသားစုခေါင်းဆောင် ကျန်းရန်ယီက ချက်ချင်းပင် သူတို့ကို လာရှာခဲ့သည်။ သူက အစည်းအဝေးပွဲ၏ရလဒ်အကြောင်း သိချင်၍ လာခြင်းဖြစ်သည်။
ကျန်းချန်ရွှမ်က ပြောလိုက်လေသည်။ “ရန်ယီ၊ ရန်တောက်နဲ့ ပဉ္စမဘိုးဘေးတို့ကို ပြန်လာဖို့ခေါ်လိုက်တော့။”
“ဟမ်။”
ကျန်းချန်ရွှမ်၏စကားကိုကြားပြီး ကျန်းရန်ယီ နှလုံးတစ်ချက်တုန်သွားလေသည်။ သူက ကျန်းချန်ရွှမ်ကို မော့ကြည့်လာခဲ့သည်။
ကျန်းချန်ရွှမ်က ခေါင်းညိတ်ကာ ပြောလိုက်လေသည်။ “စာချုပ်မှာ လက်မှတ်ထိုးပြီးသွားကြပြီ။ နောက်ထပ် နတ်ဆိုးသားရဲအဓိကရုန်းမတိုင်ခင်အထိ နှစ်ဖက်လုံး စစ်ကြေညာခွင့်မရှိတော့ဘူး။”
ကျန်းချန်ရွှမ် ပြောပြသည်ကိုကြားကာမှ ကျန်းရန်ယီတစ်ယောက် စိတ်သက်သာရာရကာ သက်ပြင်းချနိုင်လေတော့သည်။
“ဒါပေမယ့် ခရမ်းရောင်ကြေးနီမိုင်းတွင်းကိုတော့ ငါတို့ လွှတ်ထားလို့မဖြစ်သေးဘူး။”
ကျန်းချန်ရွှမ်က ဆက်ပြောလေသည်။ “အကြီးအကဲရှုကို သူ့နေရာမှာ အစားထိုးပေးဖို့ အဆင်ပြေမယ့်လူကို ငါတို့ရှာမတွေ့သေးခင်အထိ အဲ့မှာပဲ အချိန်တစ်ခုလောက်ဆက်နေခိုင်းလိုက်ပါ။”
ကျန်းချန်ရွှမ်၏အစီအစဉ်များအပေါ် ကျန်းရန်ယီအနေနှင့် ငြင်းဆန်စရာအကြောင်းမရှိပေ။ ဒါကြောင့် သူက ချက်ချင်းပင် ခေါင်းညိတ်လိုက်သည်။
ခဏကြာပြီးနောက်။
သူ့မျက်နှာထက်တွင် တုံ့ဆိုင်းနေသည့်အရိပ်အယောင်တချို့ပေါ်လာခဲ့သည်။
ကျန်းချန်ရွှမ်သည်လည်း ထိုအမူအရာကို သတိထားမိတာကြောင့် ချက်ချင်းပင် မေးလိုက်လေသည်။
***