စံသခင်ကြီး၏ဟောပြောပွဲ
Vol. 19 Ch. 366
လဝက်မှာ လျင်မြန်စွာပင် ကုန်လွန်သွားခဲ့သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့သည် ကွမ်းရှင်းထင်နှင့် ဆုံကြပြီးနောက် သုံးဦးသား ဘန်ဒူရင်ပြင်ရှိရာသို့ တန်းတန်းမတ်မတ် ထွက်ခွာခဲ့ကြလေသည်။
ထိုအချိန်တွင် ဘန်ဒူရင်ပြင်၌ စံသခင်ကြီး၏ဟောပြောပွဲကို နားထောင်ရန်အတွက် လူများစွာ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်သည် ဘေးပတ်လည်ကို လှည့်ပတ်ကြည့်ပြီးနောက် ဤနေရာတွင် ရွှေအမြုတေအဆင့် ကျင့်ကြံသူ ၁၀ယောက်မကရှိနေကြောင်း တွေ့ရှိလိုက်ရလေသည်။ ဤသည်မှာ ကန်းနန်ဒေသရှိ နိုင်ငံကြီးငါးနိုင်ငံတွင် မတွေ့နိုင်သည့် မြင်ကွင်းမျိုးဖြစ်ပေသည်။
ယခုနေရာတွင်ရှိနေကြသည့် ကျီဖုအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်ရှိသော ကျင့်ကြံသူများမှာ ထိုရွှေအမြုတေအဆင့်ကျင့်ကြံသူများ၏ ဂျူနီယာများ သို့မဟုတ် တပည့်များဖြစ်ကြသည်။ လေ့လွင့်ကျင့်ကြံသူများကတော့ သိပ်မများလှပေ။
ဤသို့ဖြစ်ရခြင်းမှာ စံသခင်ကြီးရွှမ်းယန်က သူ့ဟောပြောပွဲကို တက်ရောက်ရန် ဘယ်လိုနောက်ခံမျိုးရှိမှရမည်ဟု ပြောထား၍မဟုတ်ပေ။ တကယ်တော့ သူသည် ကံကြမ္မာအရဆုံတွေ့သည့် လူတိုင်းကို တန်းတူညီမျှဆက်ဆံသူဖြစ်သည်။ တစ်ခုတည်းသော လိုအပ်ချက်ကတော့ ဤသို့သောပွဲသို့ အချိန်မှီတက်ရောက်နိုင်ရန် သတင်းအချက်အလက်ရရှိနိုင်မည့် ကံရှိနေဖို့ပင်ဖြစ်သည်။
အားလုံး ကံကြမ္မာပေါ်တွင်သာ မူတည်ပေသည်။
မင်းက လမ်းပေါ်ကနေ ကြားလာလို့ပဲဖြစ်ဖြစ် ဒါမှမဟုတ် တစ်ယောက်ယောက်က မင်းကို သတင်းလာပေးလို့ပဲဖြစ်ဖြစ် မင်းလာနိုင်သ၍ ကံကြမ္မာသာဖြစ်ပေသည်။ ကံဆုံပြီးလာနိုင်သူမှန်သမျှကို စံသခင်ကြီးရွှမ်းယန်သည် ဝမ်းသာအားရလက်ခံပေးမည်ဖြစ်သည်။
ကျန်းချန်ရွှမ်တို့ဇနီးမောင်နှံသည် ခုံနေရာလွတ်တစ်ခုကို မြန်မြန်ဆန်ဆန်ပင် ရှာတွေ့သွားကာ ဝင်ထိုင်လိုက်သည်။ သူတို့ထိုင်လိုက်ပြီး မကြာခင်မှာပဲ ရုတ်တရက် သူတို့ရှေ့ရှိ စင်မြင့်ပေါ်တွင် ရောင်စုံမီးများ စုဝေးလာခဲ့သည်။ အဆုံးမှာတော့ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ ခြေဗလာနှင့် လူတစ်ဦးသည် အားလုံး၏ရှေ့မှောက်တွင် ပေါ်ထွက်လာလေသည်။ သူသည် နဖူးအလယ်တွင် ခရမ်းရောင်ဓားအမှတ်အသားရှိပြီး ၇နှစ် ၈နှစ်အရွယ်ကလေးတစ်ယောက်နှင့် တူပေသည်။
သူ၏အသွင်အပြင်ကြောင့် လူတိုင်းမှာ အံ့ဩထိတ်လန့်သွားကြသည်။
ထို့နောက်မှာတော့ စကားတစ်ခွန်းမှမဆိုဘဲ သူတို့က မတ်တပ်ထရပ်ကာ အလွန်လေးစားကြည်ညိုသည့် အမူအရာများဖြင့် သူတို့ရှေ့ရှိ ထိုကလေးကို ဦးညွှတ်အရိုအသေပြုလိုက်ကြသည်။
“စံသခင်ကြီးရွှမ်းယန်ကို နှုတ်ခွန်းဆက်သပါတယ်။”
“ထိုင်ကြပါ။”
စံသခင်ကြီးရွှမ်းယန် စကားပြောလိုက်သည်နှင့် ကျန်းချန်ရွှမ်တို့လည်း ထိုသူ၏အသံမှာ ကလေးတစ်ယောက်အသံမျိုးမဟုတ်ဘဲ ကံကြမ္မာပြောင်းအလဲ သဘောတရားများဖြင့် ပြည့်နှက်နေသည့် အသံဖြစ်ကြောင်း သိရှိလိုက်ရသည်။
အမှန်ပင်။
စံသခင်ကြီးရွှမ်းယန်သည် အသက်တစ်ထောင်ကျော်ပြီဟု ပြောကြတာကြောင့် သေချာပေါက် ကလေးတစ်ယောက် မဖြစ်နိုင်ပေ။ သူအခုလို ကလေးတစ်ယောက်ပုံစံဖြစ်နေခြင်းကတော့ အကြောင်းအရင်း တစ်ခုခုကြောင့်သာဖြစ်ပေလိမ့်မည်။
ဘယ်သူကမှ ထိုအကြောင်းအရင်း ဘာလဲဆိုတာကို မမေးရဲကြပေ။ သူတို့က ချက်ချင်းပင် စိတ်ကိုလျှော့ချကာ စံသခင်ကြီးရွှမ်းယန် ညွှန်ကြားသည့်အတိုင်း ထိုင်လိုက်ကြလေသည်။
ဤတာအိုဟောပြောပွဲမှာ နှစ်လတာ ကြာမြင့်မည်ဖြစ်သည်။ ဟောပြောပွဲပါ အဓိကအကြောင်းအရာကတော့ ကျင့်ကြံခြင်းအကြောင်းပင်။ ချီသန့်စင်ခြင်းအဆင့်မှ အခြေခံတည်ဆောက်ခြင်းအဆင့်၊ ကျီဖုအဆင့်၊ ရွှေအမြုတေအဆင့်၊ သူက အဓိကအဆင့်ကြီးအားလုံးကို ခြုံငုံဟောပြောသွားမည်ဖြစ်သည်။
သူ၏သင်ကြားရေးနည်းစနစ်မှာ လေးနက်သော အသိပညာများကို ရိုးရှင်းသော အသုံးအနှုန်းများဖြင့် ရှင်းပြခြင်းမျိုးဖြစ်သည်။ ကျန်းချန်ရွှမ်နှင့်တခြားသူများမှာ ချီသန့်စင်ခြင်းအဆင့်နှင့် အခြေခံတည်ဆောက်ခြင်းအဆင့်မှ အသိပညာများကို နားထောင်နေချိန်မှာပင် အလွန်ဉာဏ်အလင်းပွင့်သွားကြလေသည်။ ၎င်းမှာ သူတို့တစ်လျှောက်လုံး လုပ်မိခဲ့သည့် အမှားများကို စိစစ်တွေ့ရှိကာ အမှန်ပြင်ရာတွင် အလွန်အကူအညီဖြစ်ခဲ့သည်။
ထိုအတိုင်းပင်…
စံသခင်ကြီးရွှမ်းယန်သည် တစ်လလုံးကို ချီသန့်စင်ခြင်းအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့် နှင့် ကျီဖုအဆင့်အကြောင်း အသိပညာများကို ခြုံငုံဟောပြောပေးခဲ့သည်။
စံသခင်ကြီးရွှမ်းယန်၏ဟောပြောချက်ကို နားထောင်ပြီးနောက် ချီသန့်စင်ခြင်းအဆင့်၊ အခြေခံတည်ဆောက်ခြင်းအဆင့်နှင့် ကျီဖုအဆင့်မှ ကျင့်ကြံသူများအားလုံး၏ အော်ရာအတက်အကျများမှာ အနည်းနှင့်အများပြောင်းလဲလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားမိနိုင်ပေသည်။ တာအိုဟောပြောပွဲမစခင်ကနှင့်ယှဉ်လျှင် သူတို့၏အနှစ်သာရ၊ ချီနှင့် စိတ်ဝိညာဉ်တို့မှာ များစွာ တိုးတက်လာခဲ့ပေသည်။
သူတို့ပြန်ရောက်ပြီး ဤဟောပြောပွဲမှအချက်အလက်များကို သေချာချေဖျက်ပြီးနောက်မှာတော့ သူတို့၏ကျင့်ကြံဆင့်နှင့် အလားအလာသည် သေချာပေါက် သိသိသာသာ တိုးတက်လာကြပေလိမ့်မည်။
“နောက်ဆက်ပြီး ရွှေအမြုတေအဆင့်နဲ့သက်ဆိုင်တဲ့ အသိပညာတွေကို ငါ ပြောပြမယ်။”
စံသခင်ကြီးရွှမ်းယန်က ဖြည်းညှင်းစွာ ပြောလာခဲ့သည်။
“အားလုံးသိပြီးတဲ့အတိုင်း ရွှေအမြုတေသိပ်သည်းတာက ငါတို့ရဲ့ကျင့်ကြံခြင်းလမ်းကြောင်းမှာ အရမ်းအရေးကြီးတဲ့ အဆင့်တစ်ခုပဲ။
အဲ့ဒီမတိုင်ခင် မင်းတို့ရဲ့ကျင့်ကြံခြင်းနည်းစနစ်ကိုပြောင်းလဲပြီး တခြားလမ်းကြောင်း ပြောင်းချင်တယ်ဆိုရင်တော့ မင်းတို့မှာ လွတ်လမ်းတချို့ရှိသေးတယ်။
ဒါပေမယ့် မင်းရဲ့အမြုတေကိုသိပ်သည်းဖို့ ပြင်ဆင်ပြီးသွားတာ ဒါမှမဟုတ် မင်းရဲ့အမြုတေသဏ္ဍာန်ပေါ်သွားပြီဆိုရင်တော့ မင်းရဲ့ကျင့်ကြံခြင်းလမ်းကြောင်းကို ပြောင်းလဲဖို့ လွယ်ကူတော့မှာမဟုတ်ဘူး။
မင်းသာ အတင်းအကြပ်ပြောင်းလဲမယ်ဆိုရင်တော့ မင်းရဲ့အမြုတွေက ပြိုကွဲပြီး သေရလိမ့်မယ်။”
ထိုစကားလုံးများက ကျီဖုအဆင့် နောက်ဆုံးတွင်ရှိသော ကျင့်ကြံသူများ၏မျက်နှာအရောင်ကို ချက်ချင်းပင် ဖြူဖျော့သွားစေလေသည်။
ရွှေအမြုတေအဆင့်ကျင့်ကြံသူတချို့တောင်မှ အာရုံကြောများတင်းကြပ်သွားကြသည်။ ထိုအကြောင်းကို သူတို့ အရင်က မသိခဲ့ကြသည်မှာ အသိသာပင်။ မဟုတ်ရင်လည်း သေသေချာချာမသိထားခြင်းဖြစ်မည်။
အခုတော့ သူတို့သိသွားပြီဖြစ်ကာ မတွေးသည့်သည့် အတွေးတချို့ကို ချက်ချင်းဖယ်ထုတ်လိုက်ကြတော့သည်။
“ပြီးတော့ အမြုတေဖွဲ့စည်းတာနဲ့ပတ်သတ်ပြီးပြောမယ်…”
စံသခင်ကြီးရွှမ်းယန်က ဆက်ပြောလာလေသည်။ “အထူးသဖြင့် မင်းတို့ရဲ့ ရွှေအမြုတေအရည်အသွေးနဲ့ ပတ်သတ်လာရင် အရမ်းကို သတိထားရမယ်။”
ထိုအချိန်အရောက်တွင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တောင်မှ ပိုလို့ အာရုံစိုက်လာကြလေသည်။ ဘာပဲဖြစ်ဖြစ် သူတို့၏အထွတ်အထိပ်အဆင့် ရွှေအမြုတေနှင့် နတ်ဘုရားအဆင့် ရွှေအမြုတေများ သိပ်သည်းမည့်အချိန်တွင် ကောင်းကင်အတိဒုက္ခက မည်မျှ ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ မမေ့ကြပေ။
ထိုအရာမှာ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ယောက် ကြုံတွေ့ရမည့် ကောင်းကင်အတိဒုက္ခမျိုးမဟုတ်ပေ။ အတိဒုက္ခရှောင်လွှဲခြင်းပုလဲကြောင့်သာ မဟုတ်ပါက သူတို့ကိုယ်ပိုင်အင်အားတစ်ခုတည်းဖြင့် ရှင်သန်လွတ်မြောက်လာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ပေ။
“မင်းတို့ သိပ်သည်းလိုက်တဲ့ ရွှေအမြုတေရဲ့ အရည်အသွေး ဘယ်လောက်ရှိလဲဆိုတာက နောင်အနာဂါတ်မှာ အခြေတည်ဝိညာဉ်ကို မင်းတို့ အောင်အောင်မြင်မြင် သန့်စင်နိုင်မလားဆိုတာအပေါ် အတားအတာတစ်ခုအထိ အဆုံးအဖြတ်ပေးနိုင်တယ်လို့ပြောရင်တောင် ဒါချဲ့ကားနေတာမဟုတ်ဘူး။”
စံသခင်ကြီးရွှမ်းယန်၏အသံက ထပ်ပေါ်လာခဲ့သည်။
“ပုံမှန်အားဖြင့်ဆိုရရင်တော့ ရွှေအမြုတေရဲ့အရည်အသွေးကို အဆင့်၉ဆင့် ခွဲခြားနိုင်တယ်…”
***