စံသခင်ကြီး၏ဟောပြောပွဲ (၃)
Vol. 19 Ch. 368
“ကိုယ်လိုက်စားတဲ့တာအိုကို နားလည်ရမှာလား။”
လူတော်တော်များများသည် ပဟေဠိဖြစ်သွားကြသည်။
အဲ့ဒါ ဘာကိုပြောတာလဲ။
ဒီအခြေအနေထိတောင် ရောက်နေကြမှတော့ သူတို့က ဘယ်လိုလုပ် ကိုယ်လိုက်စားနေတဲ့တာအိုကို မသိရမှာလဲ။
အားလုံး၏အတွေးများကို ဖတ်မိသည့်အလား စံသခင်ကြီးရွှမ်းယန်သည် ပထမဆုံးအကြိမ်အဖြစ် နှာခေါင်းရှုံ့လိုက်လေသည်။
“ကိုယ်လိုက်စားတဲ့တာအိုကို အမှန်တကယ်နားလည်တဲ့လူဆိုလို့ ဒီထဲမှာ ငါးယောက်တောင် ပြည့်မှာမဟုတ်ဘူးလို့ ငါပြောရဲတယ်။”
“ဘာ?”
ရှိနေကြသည့် လူတော်တော်များများမှာ သူတို့ကြားလိုက်ရသည့်စကားကြောင့် ထိတ်လန့်နေ့သည့်အမူအရာများ မပေါ်လာဘဲ မနေနိုင်ကြတော့ပေ။
“ငါ့စကားကို သံသယမဝင်ကြနဲ့။”
စံသခင်ကြီးရွှမ်းယန်က ထပ်ပြောလာခဲ့ပြန်သည်။
“မေးပါရစေဦး။ မင်းတို့လိုက်စားနေတဲ့ တာအိုကို မင်းတို့ ဘယ်လိုနားလည်ကြလဲ။
အဲ့ဒါက ပိုပြီးသန်မာလာဖို့အတွက်လား။ ထာဝရအသက်ကိုပိုင်ဆိုင်ဖို့လား။ ကမ္ဘာကြီးကိုလွှမ်းမိုးနိုင်ဖို့လား။ ဒါမှမဟုတ် မသေမျိုးတစ်ယောက်ဖြစ်လာဖို့လား”
စံသခင်ကြီးရွှမ်ယန်သည် အဖြေကိုမစောင့်ဘဲ ဆက်ပြောလာသည်။
“ဒါတွေက မင်းတို့ရဲ့ ပန်းတိုင်တွေ၊ ဆန္ဒတွေ၊ ရည်မှန်းချက်တွေလို့ပဲ အများဆုံးယူဆနိုင်တယ်။ ဒါတွေက မင်းတို့ထင်သလို တာအိုမဟုတ်ဘူး။
စစ်မှန်တဲ့တာအိုဆိုတာ ခံယူချက်တစ်ခုပဲ။ တစ်ခုခုကိုပိုင်ဆိုင်နိုင်ဖို့အတွက် အရာအားလုံးကို စွန့်လွှတ်လိုတဲ့ ခံယူချက်တစ်ခု။ အဲ့ဒါက စကားနဲ့မဟုတ်ဘဲ ကိုယ်တိုင်ကြုံတွေ့မှသာ နားလည်နိုင်တဲ့အရာပဲ။
ထာဝရရှင်သန်ခြင်းကိုပဲ ဥပမာယူကြတာပေါ့။
မသေမျိုးတစ်ယောက်ဖြစ်လာဖို့အတွက် မင်းရဲ့ခံစားချက်တွေ၊ ဆန္ဒတွေ၊ မင်းရဲ့ဂုဏ်သရေတွေ အောင်မြင်မှုတွေ၊ အရာအားလုံးကို စွန့်လွှတ်ရမယ်လို့ လူတစ်ယောက်က မင်းကိုပြောလာမယ်။
မင်းအနေနဲ့ အရာအားလုံးကို လျစ်လျူရှုပြီး၊ အထီးကျန်စွာနဲ့ တစ်ရက်ပြီးတစ်ရက်၊ တစ်နှစ်ပြီးတစ်နှစ်၊ တစ်ကိုယ်တည်း ကျင့်ကြံနေရမယ်။
ဒီလိုဆို မင်းတို့လုပ်ချင်ကြလား။
ပိုပြီးသန်မာလာဖို့အတွက်။
ဘယ်လောက်သန်မာတာကိုမှ သန်မာတယ်လို့ယူဆကြမှာလဲ။
မင်းက တုနှိုင်းမဲ့ဖြစ်လာပြီး လက်တစ်ချက်ဝှေ့ယမ်းလိုက်ရုံနဲ့ ကမ္ဘာကြီးကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင် လုပ်နိုင်ရင်တောင်မှ ဒီသန်မာမှုက မင်းရဲ့နောက်ဆုံးကန့်သတ်ချက်မဟုတ်နိုင်သေးဘူး။
ဒါ မင်း ဆက်ပြီး သန်မာလာအောင် လုပ်ဦးမှာလား ဒါမှမဟုတ် ဒီလောက်နဲ့ပဲ ရောင့်ရဲလိုက်တော့မှာလား။
မင်းရဲ့မူလဆန္ဒအတိုင်းကပ်တွယ်နေပြီး တစိုက်မတ်မတ်ဆက်ပြီး လုပ်ဆောင်သွားမှာလား။”
ဘယ်သူကမှ ပြန်မဖြေလာခဲ့ပေ။
လူတိုင်း လမ်းပျောက်နေသလိုပင်ထင်ရသည်။
စံသခင်ကြီးရွှမ်းယန်က နှာခေါင်းရှုံ့လိုက်ပြန်သည်။
“ဘာလို့လဲ။ ဒီလောက်နဲ့ လမ်းပျောက်ကုန်ကြပြီလား။
ငါပြောသလိုပဲ စစ်မှန်တဲ့တာအိုဆိုတာ ပန်းတိုင်တစ်ခု၊ ဆန္ဒတစ်ခု၊ ရည်မှန်းချက်တစ်ခု၊ မင်းတို့တွေးထားသလို မဟုတ်ဘူး။
ဒီလိုပဲ အဲ့ဒါက စကားလုံးတွေနဲ့လည်း ဖော်ပြလို့ မရနိုင်ဘူး။
မင်းနားလည်နိုင်သွားရင် အဲ့ဒါ နားလည်သွားတာပဲ။ မင်း နားမလည်နိုင်ရင်လည်း ငါဘယ်လောက်ပဲပြောပြော ဘာမှအသုံးဝင်မှာမဟုတ်ဘူး။
ငါ့အနေနဲ့ အဲ့ဒါကို စကားလုံးတစ်လုံးနဲ့ ဖော်ပြပေးရမယ်ဆိုရင်တော့ အဲ့ဒါက ခံယူချက်တစ်ခုပဲ။”
ထို့နောက်မှာတော့ စံသခင်ကြီးရွှမ်းယန်သည် လူတိုင်း သူ့စကားတွေကို နားလည်နိုင်၏ နားမလည်နိုင်၏ ဂရုစိုက်မနေတော့ဘဲ နောက်ထပ်ခေါင်းစဉ်တစ်ခုဆီသို့ ကူးပြောင်းသွားလေသည်။
ထို့သို့ဖြင့် နောက်ထပ်တစ်လမှာ လျင်မြန်စွာပင် ကုန်ဆုံးသွားခဲ့သည်။
လူတိုင်းက စံသခင်ကြီးရွှမ်းယန်၏ ဟောပြောချက်များထဲတွင် နစ်မြုပ်နေချိန်မှာပဲ သူက ရုတ်တရက် ရပ်လိုက်သည်။
သူက ကောင်းကင်ကြီးကိုမော့ကြည့်ကာ ပြောလာခဲ့လေသည်။
“ဒီဟောပြောချက်က ဒီလောက်ပဲ။
မင်းတို့ ပြန်သွားပြီး သေချာပြန်ပြီးချေဖျက်ကြ။”
ထိုသို့ပြောပြီးနောက် စံသခင်ကြီးရွှမ်းယန်သည် ရှိနေသည့်လူများထဲမှာ အနည်းငယ်ကိုကြည့်မလာခင် စကားကို ခဏလောက်ရပ်လိုက်သည်။ ထိုထဲတွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် သူတို့ဘေးရှိ ကွမ်းရှင်းထင်တို့ ပါဝင်လေသည်။
“မိတ်ဆွေလေးတို့၊ မင်းတို့ အလျင်မလိုကြဘူးဆိုရင် နည်းနည်းလောက် ကြာကြာလေးဆက်နေကြပါဦးလား။
မင်းတို့ရဲ့ သံသယတွေနဲ့ မေးခွန်းတွေကို ငါဖြေပေးနိုင်လောက်ပါတယ်…”
***