ကွမ်းရှင်းထင်၏ဖိတ်ကြားချက် (၂)
Vol. 19 Ch. 374
သို့သော်လည်း ကွမ်းရှင်းထင်က ခေါင်းယမ်းလာတာကြောင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို စိတ်ရှုပ်သွားစေလေသည်။
ရှန်းရူယန်က မေးလိုက်လေသည်။ “တာအိုမိတ်ဆွေကွမ်း၊ ဒါဆို ဘာလို့ ကျွန်မတို့ကို ဒီကိစ္စမေးရတာလဲ။”
ကွမ်းရှင်းထင်က ပြုံးလိုက်ကာ၊ “စကြဝဠာစစ်မှန်သောကျောက်စိမ်းကို ဘယ်နေရာမှာ ဝယ်လို့ရလဲ ကျွန်မမသိပေမယ့် ဘယ်နေရာမှာ ရှာလို့ရလဲတော့ သိတယ်။”
“တယ်လား?” ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ဝမ်းသာသွားကြသည်။
သူတို့အတူတူအချိန်တချို့ကုန်ဆုံးခဲ့ကြပြီးနောက် ကွမ်းရှင်းထင်၏အကျင့်စရိုက်ကို သူတို့ကောင်းကောင်း နားလည်ခဲ့ပြီးဖြစ်သည်။ ဒီအမျိုးသမီးသည် မဟုတ်ဘဲနှင့် လျှောက်ပြောမည့်သူ မဟုတ်တာ သေချာလေသည်။ စကြဝဠာစစ်မှန်သောကျောက်စိမ်းကို ဘယ်မှာရှာရမှန်း သိသည်ဟု သူမပြောလာမှတော့ သေချာပေါက် အမှန်အတိုင်းပြောနေခြင်းပင်။
ထိုသို့တွေးကြည့်လိုက်ပြီးနောက် ကျန်းချန်ရွှမ်က အသေးစိတ်မေးဖို့ပြင်လိုက်လေသည်။
သို့သော်လည်း သူတို့ရပ်နေသည့်နေရာမှာ လူကြားထဲဖြစ်နေခြင်းကြောင့် သူက ချက်ချင်းပင် အကြံပေးလိုက်သည်။
“တာအိုမိတ်ဆွေကွမ်း၊ အခု ကျုပ်တို့လည်း အားနေတာဆိုတော့ ရတနာစားသောက်ဆိုင်မှာ စကားသွားပြောကြရင်မကောင်းဘူးလား။”
ကွမ်းရှင်းထင်ကလည်း မငြင်းပေ၊ သူမက ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။ “ကောင်းပြီလေ။”
မကြာခင်မှာပဲ သူတို့သုံးဦး ရတနာအသင်္ချေအင်မော်တယ်မြို့၏ အကြီးဆုံးစားသောက်ဆိုင်သို့ ရောက်ရှိလာခဲ့ကြသည်။
ရတနာစားသောက်တွင်…
စားပွဲထိုးက အဆာပြေမုန့်အချို့နှင့် ဝိညာဉ်လက်ဖက်ရည် ချပေးပြီးသည့်နောက် ကျန်းချန်ရွှမ်က ကွမ်းရှင်းထင်ကို ပြုံးပြကာ မေးလိုက်သည်။
“တာအိုမိတ်ဆွေကွမ်း၊ စကြဝဠာစစ်မှန်သောကျောက်စိမ်းနဲ့ပတ်သတ်ပြီး ကျုပ်တို့ကို အသေးစိတ် ပြောပြလို့ရမလား။”
“ရတာပေါ့။” ကွမ်းရှင်းထင်က ပြုံးကာ ခေါင်းညိတ်လိုက်လေသည်။
“ရိုးရိုးသားသားပြောရရင် ရှင်တို့နှစ်ယောက်ကို တားလိုက်ရတဲ့ တကယ့်အကြောင်းအရင်းက ကျွန်မနဲ့အတူ ရှေးဟောင်းအပျက်အစီးတစ်ခုကို ရှာဖွေဖို့ ဖိတ်ခေါ်ချင်လို့ပဲ။”
“ရှေးဟောင်းအပျက်အစီးလား။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အံ့ဩစွာဖြင့် မျက်လုံးများပြူးကျယ်သွားကြသည်။
“ဟုတ်တယ်။” ကွမ်းရှင်းထင်က အသာခေါင်းညိတ်လိုက်လေသည်။
“အဲ့ဒီရှေးဟောင်းအပျက်အစီးထဲမှာ သေချာပေါက် စကြဝဠာစစ်မှန်သောကျောက်စိမ်းရှိတယ်ဆိုတာတော့ ကျွန်မပြောနိုင်တယ်။”
“အဲ့လိုလား။”
အခုတော့ ကွမ်းရှင်းထင်က သူတို့ကို ဘာကြောင့် ရပ်ခိုင်းလိုက်မှန်း ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ နားလည်သွားကြတော့သည်။
“ရှင်ပြောတဲ့ရှေးဟောင်းအပျက်အစီးနဲ့ပတ်သတ်ပြီး ကျွန်မတို့ကို ဒီထက်ပိုပြောပြလို့ရမလား။” ထိုအချိန်မှာပဲ ရှန်းရူယန်က ကွမ်းရှင်းထင်ကိုကြည့်ကာ ပြောလာခဲ့သည်။
“ကျွန်မခန့်မှန်းတာသာ မမှားရင်၊ အဲ့ဒီရှေးဟောင်းအပျက်အစီးထဲကို အရင်က ရှင်ဝင်ဖူးပြီးသားမဟုတ်လား။”
ကွမ်းရှင်းထင်က မငြင်းဆန်ဘဲ ခေါင်းညိတ်လိုက်လေသည်။
“ဟုတ်ပါတယ်။ ကျွန်မ အဲ့ဒီအပျက်အစီးထဲ ဝင်ဖူးတယ်။
အစကတော့ ယွင်ရှင်းခုံးတို့ဇနီးမောင်နှံကို ကျွန်မဖိတ်ချင်ခဲ့တာ။ ဒါပေမယ့် အခုတော့ ရှင်တို့နှစ်ယောက်ကို ခေါ်တာက ပိုကောင်းမယ်လို့ တွေးမိလို့ပါ။”
ကွမ်းရှင်းထင်က ဆက်မပြောလာခင် ခဏလောက် နားလိုက်သည်။
“အပျက်အစီးထဲကအခြေအနေကတော့ အဲ့ဒါက ရှေးဟောင်းစံသခင်ကြီးတစ်ယောက်ရဲ့ ဂူဆိုတာပဲ ပြောနိုင်တယ်။ အဲ့ဒီထဲမှာ ရှေးခေတ်တုန်းက ကျန်ရစ်ခဲ့တဲ့ အမွေအနှစ်တွေအများကြီးနဲ့ မပျက်စီးသေးတဲ့ ရတနာတွေအများကြီးလည်းရှိတယ်။
ဒီထက်ပိုအသေးစိတ်ကျတဲ့ အချက်အလက်တွေကတော့…
စိတ်မကောင်းပါဘူး၊ ဒါပေမယ့် ရှင်တို့ ကျွန်မဖိတ်ကြားချက်ကို လက်မခံသေးသ၍ ကျွန်မ ဘာမှမပြောပြနိုင်ဘူး။ ရှင်တို့လည်း နားလည်ပေးကြမယ်လို့ မျှော်လင့်ပါတယ်။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ခေါင်းညိတ်လိုက်ကြသည်။
သူတို့စုံတွဲက အသံလှိုင်းပေးပို့ကာ ခဏမျှ ဆွေးနွေးလိုက်ကြသည်။
ကျန်းချန်ရွှမ်က ပြောလာခဲ့သည်။ “တာအိုမိတ်ဆွေကွမ်း၊ ခင်ဗျားအပြင် ဒီအပျက်အစီးအကြောင်း တခြားဘယ်သူတွေ သိထားသေးလဲဆိုတာ ကျုပ်တို့သိချင်တယ်။”
ကျန်းချန်ရွှမ်၏အမေးကို ကွမ်းရှင်းထင်က မရှောင်ဘဲ အမှန်အတိုင်း ဖြေလာခဲ့သည်။ “ကျွန်မကလွဲပြီး ဒီအပျက်အစီးအကြောင်း သိထားတာ နှစ်ဖွဲ့ရှိတယ်။
ပြီးတော့ ကျွန်မလိုပဲ သူတို့လည်း ဒီအပျက်အစီးထဲ ဝင်ခဲ့ကြတယ်။”
“အဲ့လိုကိုး။”
ကွမ်းရှင်းထင်၏အဖြေကိုကြားပြီး ကျန်းချန်ရွှမ်နှင့် ရှန်းရူယ်တို့မှာ လေးနက်သွားကြသည်။
အပျက်အစီးအကြောင်းကို သိထားသည့်လူများလေ မမျှော်လင့်ထားသည့်ကိစ္စရပ်များစွာ ဖြစ်လာနိုင်ချေလည်း များပေသည်။
“အဲ့ဒီအဖွဲ့တွေက လူဘယ်နှယောက်တောင်ရှိလဲ။ ဘယ်လောက်တောင် သန်မာကြလဲ။”
ရှန်းရူယန်က မေးလိုက်လေသည်။
“အစကတော့ သူတို့လည်း ကျွန်မလို တစ်ယောက်တည်းပဲ။
ဒါပေမယ့် ဒီတစ်ခေါက် အပျက်အစီးပွင့်တဲ့အချိန်ကျရင်တော့ သူတို့လည်း သေချာပေါက် လူတွေထပ်ခေါ်လာခဲ့ကြမှာပဲ။
သူတို့ရဲ့ခွန်အားကတော့ အားလုံး ကျွန်မလို ရွှေအမြုတေ အလယ်အဆင့်ရှိကြတယ်။”
“သူတို့တွေ လူဘယ်လောက်များများကို ခေါ်ခဲ့မယ်လို့ထင်လဲ။ အရမ်းများလောက်လား။”
ရှန်းရူယန်က ထပ်မေးလိုက်သည်။
ကွမ်းရှင်းထင်က ခေါင်းယမ်းလိုက်လေသည်။
“အရမ်းများမယ်လို့တော့ မထင်ဘူး။ ဘာပဲဖြစ်ဖြစ် ရှေးဟောင်းအပျက်အစီးထဲက ထုတ်လို့ရမယ့်ပစ္စည်းတွေက အကန့်အသတ်ရှိတယ်လေ။
သူတို့သာ လူတွေအများကြီးခေါ်လာခဲ့ရင် သူတို့ရနိုင်မယ့် ပမာဏက အများကြီး လျော့သွားမှာ။ ဒီလိုဆို သူတို့အတွက် ဘယ်ကိုက်တော့မလဲ။
ကျွန်မအထင်တော့ တစ်ဖွဲ့ကို အများဆုံး လူ၂ယောက် ၃ယောက်လောက်ပဲ ခေါ်လာလိမ့်မယ်။”
ထိုအဖြေကိုကြားတော့မှ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ အနည်းငယ် စိတ်သက်သာရာရသွားကြကာ ကွမ်းရှင်းထင်နှင့်အတူ ရှေးဟောင်းအပျက်အစီးထဲသို့ လိုက်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူတို့သာ ဒီအခွင့်အရေးကို လက်လွှတ်လိုက်ရလျှင် သူတို့အနေနဲ့ ထပ်ပြီး စကြဝဠာစစ်မှန်သောကျောက်စိမ်းအကြောင်း သဲလွန်စထပ်ရဖို့ ဘယ်လောက်တောင် ထပ်ကြာဦးမလဲဆိုတာ ဘယ်သူများသိနိုင်မှာလဲ။
ထိုသို့တွေးကြည့်လိုက်ပြီးနောက် ကျန်းချန်ရွှမ်က ချက်ချင်းပင် ကွမ်းရှင်းထင်အား ပြောလိုက်သည်။ “တာအိုမိတ်ဆွေကွမ်း၊ ကျုပ်နဲ့ ကျုပ်ဇနီး ခင်ဗျားနဲ့အတူ ရှေးဟောင်းအပျက်အစီးထဲလိုက်ခဲ့ဖို့ သဘောတူပါတယ်။ ဒါနဲ့ ဒီရှေးဟောင်းအပျက်အစီးက ဘယ်အချိန်ဖွင့်မှာလဲ။
ပြီးတော့ အချိန်ကျလာရင် ကျုပ်တို့တွေ အကျိုးအမြတ်ကို ဘယ်လိုခွဲဝေကြမလဲ။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က သူမ၏ဖိတ်ကြားချက်ကို သဘောတူလိုက်သည်နှင့် ကွမ်းရှင်းထင် အလွန်ဝမ်းသာသွားတော့သည်။
သူမက ခဏမျှတွေးကြည့်လိုက်ပြီးနောက်၊ “ကျွန်မ အဲ့ဒီရှေးဟောင်းအပျက်အစီးထဲ နောက်ဆုံးတစ်ခေါက် ဝင်ခဲ့တာ ဆယ်နှစ်လောက်ရှိသွားပြီ။ နောက်တစ်ခေါက် ထပ်ပွင့်လာဖို့ဆို နှစ်နှစ်လောက်လိုဦးမယ်။”
“နှစ်နှစ်လား” ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ဒီလိုသာဆို သူတို့တွေ ရတနာအသင်္ချေအင်မော်တယ်မြို့မှာ နှစ်နှစ်ထပ်နေရဦးမှာပေါ့။
သို့သော်လည်း ဒါက ကောင်းတဲ့ကိစ္စပင်ဖြစ်သည်။ နှစ်နှစ်အတွင်း သူတို့အနေနှင့် အနှစ်သာရသုံးပါးဝိညာဉ်ဆေးလုံးကိုသန့်စင်ကာ အဆင့်ချိုးဖြတ်နိုင်ပေသည်။
သူတို့သာ ရှေးဟောင်းအပျက်အစီးထဲမဝင်ခင် ရွှေအမြုတေ အလယ်အဆင့်ကို ချိုးဖြတ်နိုင်သွားလျှင်
ဒါမှမဟုတ် ကျန်းချန်ရွှမ်သာ သူ့ခန္ဓာကိုယ်မွမ်းမံခြင်းနည်းစနစ်ကို အဆင့် ၄ ရောက်အောင် မြှင့်နိုင်ခဲ့လျှင် ရှေးဟောင်းအပျက်အစီးထဲဝင်မည့် ခရီးမှာ ပို၍ အန္တရာယ်ကင်းလာပေလိမ့်မည်။
အကျိုးအမြတ်ခွဲဝေခြင်းအတွက်ကိုတော့….
ကွမ်းရှင်းထင်က ၅၀-၅၀ ရာခိုင်နှုန်းအဖြစ် သတ်မှတ်ခဲ့သည်။
သူမက ၅၀ရာခိုင်နှုန်းယူမည်ဖြစ်ကာ ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့က ကျန်သည့် ၅၀ရာခိုင်နှုန်းကို ရည်ဖြစ်သည်။
သူတို့သာ စကြဝဠာစစ်မှန်သောကျောက်စိမ်းကို ရှာတွေ့ခဲ့လျှင် ကွမ်းရှင်းထင်က ၎င်းကို ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့အတွက် လိုလိုလားလားပေးလိုက်မည်ပင်။
ကျန်းချန်ရွှမ်နှင့်ရှန်းရူယန်တို့လည်း ထိုခွဲဝေမှုအပေါ် ပြဿနာရှိသည်ဟု မထင်ကြပေ။ နှစ်နှစ်အတွင်း သူတို့၏ခွန်အားမှာ ကွမ်းရှင်းထင်ထက် သေချာပေါက် သာလွန်သွားမည်ကို သိနေကြသော်လည်း ထိုရှေးဟောင်းအပျက်အစီးကို ကွမ်းရှင်းထင်က ရှာတွေ့ထားခြင်းဖြစ်ကာ သူမကသာ သူတို့ကို ဖိတ်ခေါ်ပေးခဲ့ခြင်းဖြစ်သည်။ ဒါကြောင့် သူမအနေနဲ့ ၅၀ရာခိုင်နှုန်းယူသည်က ဖြစ်သင့်ပေသည်။
ရုတ်တရက် ကွမ်းရှင်းထင်က သွေးသစ္စာစာချုပ်တစ်စောင်ကို ထုတ်ယူလိုက်ကာ ပြုံး၍ ကျန်းချန်ရွှမ်တို့အား ကမ်းပေးလိုက်သည်။
“တာအိုမိတ်ဆွေတို့၊ ပြီးခဲ့တဲ့ရက်တွေအတွင်း ကျွန်မတို့အချင်းချင်း အပြန်အလှန်ဆက်ဆံကြည့်ပြီးတဲ့နောက် ရှင်တို့က တကယ်ကို ယုံကြည်ရတဲ့လူတွေမှန်း ကျွန်မသိလိုက်ပါတယ်။
ဒါပေမယ့် ဒီ ရှေးဟောင်းအပျက်အစီးဆီသွားမယ့် ခရီးက အရမ်းကို အရေးကြီးလွန်းတယ်။ ဒါကြောင့် ရှင်တို့လည်း ကျွန်မနဲ့အတူ ဒီသွေးသစ္စာစာချုပ်မှာ လက်မှတ်ထိုးပေးနိုင်ဖို့ မျှော်လင့်ပါတယ်။”
ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ မအံ့ဩမိသွားကြပေ။ ကွမ်းရှင်းထင်ပြောသလိုပင် ရှေးဟောင်းအပျက်အစီးသို့သွားမည့်ခရီးသည် အလွန်ကိုမှ အရေးကြီးလှသည်။ ကွမ်းရှင်းထင်နှင့် ကျန်းချန်ရွှမ်တို့အတွက် စာချုပ်တစ်ခုရှိထားဖို့က အလွန်လိုအပ်ပေသည်။
ကျန်းချန်ရွှမ်တို့စုံတွဲလည်း သွေးသစ္စာစာချုပ်ကို ကွမ်းရှင်းထင်ထံမှ လှမ်းယူလိုက်ကာ စာချုပ်ပါ အကြောင်းအရာများကို ဂရုတစိုက်ဖတ်ရှုလိုက်သည်။
ယေဘုယျအားဖြင့်တော့ ရှေးဟောင်းအပျက်အစီးမှ ပြန်ထွက်မည့်လမ်းတွင် အချင်းချင်းမတိုက်ခိုက်ကြရန်ဖြစ်သည်။ သူတို့က အတူတကွလက်တွဲလုပ်ကိုင်ရမည်ဖြစ်သလို အချင်းချင်းလည်း ကူညီရိုင်းပင်းရမည်ဖြစ်သည်။ ထို့အပြင် အပျက်အစီးထဲမဝင်ခင် ထိုအပျက်အစီးအကြောင်း တခြားဘယ်သူ့ကိုမှ ပြောပြခွင့်ပြုမည်မဟုတ်ပေ။
စာချုပ်ပါအကြောင်းအရာအများစုမှာ ဘာမှမှားယွင်းမနေခဲ့ပေ။
တချို့သောအချက်အနည်းငယ်လောက်ကသာ သေချာစီစစ်ပြီး အတည်ပြုရန်လိုအပ်ခဲ့သည်။ အဆုံးမှာတော့ ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကွမ်းရှင်းထင်တို့ သူတို့နာမည်များကို သွေးသစ္စာစာချုပ်ပေါ်တွင် ရေးထိုးလိုက်ကြတော့သည်…
***