← Chapters

 အားလုံးစုဝေးခြင်း၊ အပျက်အစီးပွင့်ပြီ (၂)

Vol. 19 Ch. 378

 အားလုံးစုဝေးခြင်း၊ အပျက်အစီးပွင့်ပြီ (၂)

Vol. 19 Ch. 378

ဝှီး… ဝှီး… ဝှီး 

ကောင်းကင်တွင် အပြာရောင်၊ ခရမ်းရောင်နှင့် ငွေရောင်အလင်းတန်း အလင်းတန်းသုံးခုက လျှင်မြန်စွာ ပျံသန်းနေကြသည်။ 

လဝက်ခန့်ကြာသော်...... 

ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကွမ်းရှင်းထင်တို့ တိုင်းပြည်ကြီးဟု သတ်မှတ်ထားသော ခမ်နိုင်ငံ၏အနီးရှိ ချိုင်ဝှမ်းကျယ်တစ်ခုထဲတွင် ရပ်တန့်လိုက်ကြသည်။ သို့သော် ယုနိုင်ငံလောက် အင်အားမတောင့်တင်းပေ။ 

ထိုစဉ်မှာပဲ…

 ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦးသည် သူတို့၏နတ်ဘုရားအာရုံဖြင့် ပတ်ဝန်းကျင်ကို ဂရုတစိုက် စစ်ဆေးခဲ့ကြသည်။ ကြည့်ရသည်မှာ သာမာန်ချိုင့်ဝှမ်းတစ်ခုလိုပင်။

ကျန်းချန်ရွှမ်က ကောင်းကင်ဘုံထိုးထွင်းမျက်လုံးကို အသုံးပြုခဲ့တာတောင်မှ ဘာကိုမှ ရှာမတွေ့သေးပေ။

သုံးဦးသား တစ်ပါတ်ခန့်စောင့်ကြည့်ခဲ့ကြသော်လည်း ကွမ်းရှင်းထင်ပြောခဲ့သော လူအုပ်စုနှစ်စုကိုပင် မတွေ့ခဲ့ရပေ။ 

ကွမ်းရှင်းထင်နှင့် သွေးသစ္စာရည်မသောက်ခဲ့လျှင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့နှစ်ဦး လှည့်စားခံရသည်ဟု ထင်ကောင်းထင်နိုင်ပေသည်။ 

ထိုအချိန်တွင် သုံးဦးသား အဝေးကကောင်းကင်ကို ရုတ်တရက် ကြည့်လိုက်သောအခါ အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့ လျင်မြန်စွာ ပျံသန်းလာကြသည့် ရောင်စဉ်တန်း လေးတန်းကို တွေ့ခဲ့ကြရသည်။ ထိုသူများမှာ ရွှေအမြုတေ တတိယအဆင့် တစ်ဦး၊ ရွှေအမြုတေ အလယ်အဆင့်နှစ်ဦးနှင့် ရွှေအမြုတေ သတ္တမအဆင့်ရှိသော ကျင့်ကြံသူများသာဖြစ်လေသည်။ 

သူတို့ဆင်းသက်လာသောအခါ သူတို့၏နတ်ဘုရားအာရုံများသည် ကျန်းချမ်ရွှမ်နှင့် ကျန်နှစ်ယောက်ကို ကျော်ဖြတ်သွားခဲ့သည်။ ရွှေအမြုတေ သတ္တမအဆင့်ကျင့်ကြံသူ၏ အကြည့်ထဲတွင် အန္တရာယ်အရိပ်အယောင်များကိုမြင်တွေ့ရသဖြင့် ကွမ်းရှင်းထင်တစ်ယောက် မျက်နှာပျက်သွားလေသည်။ 

သူမနှင့်အတူ အပျက်အစီးထဲသို့ဝင်ရောက်လာခဲ့သည့် ရွှေအမြုတေအလယ်အဆင့်ကျင့်ကြံသူ ရှဲ့ဟယ်ချွမ်းသည် အကူအညီသုံးဦးအား ခေါ်ဆောင်လာခဲ့သည်မှာ သူမတကယ်ပင် မမျှော်လင့်ခဲ့ပေ။ ထို့အပြင် သူတို့အထဲတွင် နဝမအဆင့်ရောက်နေသော ရွှေအမြုတေနောက်ဆုံးအဆင့် ကျင့်ကြံသူလည်း ပါဝင်နေသေးသဖြင့် သူတို့အဖွဲ့အင်အားသည် သိသိသာသာပင် အားကောင်းနေခဲ့သည်မှာ ထင်ရှားလှပေသည်။ 

ထို့ကြောင့် သူတို့သုံးဦးအားတွေ့ဆုံသောအခါ မနှစ်မြို့ဖွယ်အမူအရာများသည် အထူးအဆန်းမဟုတ်ပေ။ သူတို့အားလုံးသည် ပြိုင်ဘက်ဖြစ်လာမည့်သူများသာဖြစ်လေသည်။ 

အပျက်အစီးမပွင့်ခင် အဆင့်မြင့်ကျင့်ကြံသူများကိုဖယ်ရှားရန်အတွက် နည်းလမ်းရှိခဲ့လျှင် ရှဲ့ဟယ်ချွမ်းတို့အုပ်စုသည် ဝမ်းပမ်းတသာပင် လုပ်ဆောင်ပေလိမ့်မည်။ 

ဂျိ..! 

ရှဲ့ဟယ်ချွမ်းနှင့်တခြားနှစ်ယောက်၏ နတ်ဘုရားအာရုံများ နီးကပ်လာချိန်တွင် ကျန်းချန်ရွှမ်၊ ရှန်းရူယန်နှင့် ကွမ်းရှင်းထင်တို့၏ အော်ရာများသည်လည်း စူးရှစွာ ထိုးထွက်လာခဲ့သည်။

ရုတ်တရက်ဆိုသလို လေထဲတွင် အက်ကွဲသံများဆက်တိုက်ပေါ်လာကာ သူတို့ရပ်နေသည့် မြေတွင်လည်း အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။

ရှဲ့ဟယ်ချွမ်းအဖွဲ့ရှိ အနိမ့်ဆုံးအဆင့်ရှိသော ကျင့်ကြံသူ ချင်းထန်တစ်ယောက် မတတ်သာစွာဖြင့် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရလေသည်။

တစ်ဖက်တွင်လည်း ရွှေအမြုတေ သတ္တမအဆင့် အမျိုးသားကျင့်ကြံသူ ရှန်ခန်းလုံသည်တော့ အေးစက်စက် နှာခေါင်းရှုံလိုက်လေသည်။ သူက နောက်သို့ မဆုတ်သွားဘဲ သူ့ပတ်လည်ရှိအော်ရာတို့က ပိုလို့တောင်မှ တောက်ပလာခဲ့သည်။ 

 အဆုံးတွင် ရွှေအမြုတေအလယ်အဆင့်ရှိ လှပသော မိန်းကလေး လုရွှမ်းယွဲ့သည် သူ့အားခေါင်းခါပြရင်း ရှဲ့ဟယ်ချွမ်းကို ရပ်တန့်နိုင်ခဲ့သည်။ ရှန်ခန်းလုံက စကားနားထောင်၍ နောက်ဆုတ်ကာ ရပ်တန့်လိုက်သည်။ ထိုအရာသည် ကျန်းချန်ရွှမ်နှင့်အခြားနှစ်ယောက်အား အံ့အားသင့်စရာဖြစ်စေခဲ့သည်။ သို့သော်လည်း မကြာခင်မှာပဲ ရှန်ခန်းလုံသည် လုရွှမ်းယွဲ့ကို ပိုးပန်းနေသူဖြစ်ကြောင်း သိလိုက်ရလေသည်။ 

နှစ်ဖက်စလုံး အခြေအနေများ ယာယီငြိမ်သက်နေခဲ့ကြသည်။ တစ်ဖက်နှင့်တစ်ဖက် ဆက်သွယ်ပြောဆိုခြင်းလည်း မရှိကြပေ။

ရက်အနည်းငယ်ကြာသော်....... 

အလင်းတန်းအများအပြား ကောင်းကင်တွင်ပျံသန်းနေသည်ကို အကုန်လုံးမြင်ခဲ့ကြသည်။ ထိုအလင်းတန်းများထဲတွင် အလင်းတန်း၃ခုသည် အရှိန်အမြင့်ဆုံးဖြင့်ပျံသန်းနေသည်။ 

ဦးဆောင်လာသည့်လူသည် အစိမ်းရောင်တာအိုဝတ်စုံကို ဝတ်ဆင်ထားပြီး အင်အားကြီးသည့် အော်ရာရှိပေသည်။ သူကတော့ ရွှေအမြုတေ နဝမအဆင့်ကျင့်ကြံသူပင်။

ကျန်နှစ်ယောက်သည် ရွှေအမြုတေ အလယ်အဆင့်များသာဖြစ်ကြသော်လည်း နှစ်ယောက်လုံးသည် ဆဌမအဆင့်သို့ ရောက်နေကြပြီဖြစ်သည်။

တစ်ချိန်တည်းမှာပဲ ထိုနှစ်ဦးသည် ကျန်းချန်ရွှမ်၏ အသိအကျွမ်းများဖြစ်နေလေသည်။

မင်ကျန်းဂိုဏ်းမှ ရှောက်လျန်နှင့် ရှန်းကွမ်းမိသားစုမှ ရှန်းကွမ်းယုံရှန်းတို့ဖြစ်နေခြင်းပင်။

သူတို့နှစ်ဦးကိုမြင်လိုက်သည်နှင့် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ ချက်ချင်းပင် မျက်မှောင်ကြုတ်သွားကြတော့သည်။

ရှန်းကွမ်းယုံရှန်းက ဘယ်အချိန်ကစပြီး မင်ကျန်းဂိုဏ်းရဲ့ ရှောက်လျန်နှင့် အတူတူဖြစ်သွားတာလဲ။

ထို့အပြင် ကြည့်ရသည်မှာ သူတို့အချင်းချင်း အတော်လေး ရင်းနှီးနေကြသည်ပုံပင်။

သို့သော်လည်း ကွမ်းရှင်းထင်နှင့် ရှဲ့ဟယ်ချွမ်းတို့ကို ထိတ်လန့်သွားစေသည်မှာ အရင် သူတို့နှင့်အတူ အပျက်အစီးထဲ ဝင်ခဲ့သည့်လူမှာ ထိုသုံးယောက်ထဲတွင် ပါမလာခြင်းပင်ဖြစ်သည်။

ကြည့်ရသည်မှာ ထိုလူသည် ဤသုံးယောက်လက်ထဲတွင် ဇီဝိန်ချုပ်သွားသည့်ပုံပင်။

ထိုအချိန်မှာပဲ သူတို့သုံးဦးသည် ကျန်းချန်ရွှမ်နှင့် ရှဲ့ဟယ်ချွမ်းတို့အုပ်စုနှင့် သိပ်မဝေးသည့်နေရာတွင် ဆင်းသက်လိုက်ကြလေသည်။

ရှောက်လျန်နှင့် ရှန်းကွမ်းယုံရှန်းတို့သည်လည်း ချက်ချင်းနီးပါးပင် ကျန်းချန်ရွှမ်နှင့် ရှန်းရူယန်တို့ကို ကြည့်လာခဲ့သည်။

သူတို့နှစ်ဖက်လုံး ဘယ်သူမှစကာ စကားမဆိုသလို တိုက်ခိုက်မှုလည်း မလုပ်ကြပေ။

သို့သော်လည်း သူတို့မျက်လုံးများထဲမှ သတ်ဖြတ်လိုစိတ်ကိုတော့ မဖုံးကွယ်ထားကြပေ။

အထူးသဖြင့် ရှန်းကွမ်းယုံရှန်းသည် သွေးအေးစွာသတ်ဖြတ်မည့်ရည်ရွယ်ချက်ကို ဖော်ထုတ်ခဲ့သည်။

ရွှေအမြုတေ နဝမအဆင့် တာအိုဆရာကွမ်းရွှမ်က ရှန်ခန်းလုံကို ကြည့်လိုက်သည်နှင့် သူ့တစ်ကိုယ်လုံးတောင့်တင်းသွားတော့သည်။ အကြောင်းမှာ တာအိုဆရာကွမ်းရွှမ်သည် မင်ကျန်းဂိုဏ်းတွင် ကျော်ကြားသော ရွှေအမြုတေနောက်ဆုံးအဆင့် ကျင့်ကြံသူဖြစ်ကြောင်း မှတ်မိလိုက်ခြင်းကြောင့်ပင်။ 

ထိုပုဂ္ဂိုလ်၏တိုက်ခိုက်ရေးနည်းလမ်းများသည် အလွန်အမင်း ထူးဆန်းသည်ဟု ပြောကြလေသည်။ တစ်ခါက ရွှေအမြုတေ နဝမအဆင့်ကျင့်ကြံသူတစ်ဦးသည် သူ၏လက်ထဲတွင် အကြောင်းမရှိ သေဆုံးခဲ့ဖူးသည်။ ရန်သူဖြစ်လာနိုင်သည့် ထိုသို့သောပုဂ္ဂိုလ်မျိုးကို ရင်ဆိုင်ရန် ရှန်ခန်းလုံသည် လုံးဝစိတ်မပူကြောင်းပြောလျှင် လိမ်ညာနေခြင်းပင်ဖြစ်လိမ့်မည်။ 

ထိုစဉ် ချိုင့်ဝှမ်းအနီးတွင် ထူးဆန်းသော အတက်အကျတစ်ခုပေါ်လာခဲ့သည်။ ဤအရာသည် ရှေးဟောင်းအပျက်အစီးနေရာထွက်ပေါ်လာတော့မည့် လက္ခဏာတစ်ခုပင်ဖြစ်လေသည်။  

သွေးကြွေးရှိသော ရှန်းကွမ်ယုံရှန်းနှင့် ကျန်းချန်ရွှမ်တို့ပင် ရန်ငြှိုးများကိုဂရုမစိုက်နိုင်ပဲ ထိုအဖြစ်အပျက်ကိုသာအာရုံစိုက်ရင်း အခြေအနေများကိုမရှုပ်ထွေးစေရန် ဂရုစိုက်နေကြသည်။ 

ဝူးးးး ဝူးးးးး ဝူးးးးးး 

ရုတ်တရက် လေတိုက်သံများကျယ်လောင်လာပြီး ကျောက်စရစ်ခဲများ ကောင်းကင်သို့လွင့်စင်သွားခဲ့သည်။ ဤအရာကိုမြင်သော ကွမ်းရှင်းထင်သည် ကျန်းချန်းရွှမ်နှင့် ရှန်းရူယန်တို့အား ပြောလိုက်သည်။ 

"တာအိုမိတ်ဆွေကျန်း၊ တာအိုမိတ်ဆွေရှန်း အပျက်အစီးနေရာကပွင့်တော့မယ်။ 

ပွင့်ရင် အပျက်အစီးထဲအရင်ဝင်ပြီး အထဲရောက်သွားရင် အတူတူပြန်တွေ့ဖို့ကြိုးစားကြမယ်"  

ကျန်းချန်းရွှမ်နှင့် ရှန်းယူယန်တို့ခေါင်းငြိမ့်လိုက်ကြသည်။ 

အပျက်အစီးထဲရောက်သွားလျှင် မတူညီတဲ့နေရာများကို အပို့ခံရမည်မှာသူတို့သိပြီးသည့်အတွက် ထိုအချိန်မှာအတူပြန်တွေ့ရန် အလွန်လိုအပ်လှပေသည်။ 

ဘုန်း!!! 

ထိုအချိန်တွင် ချိုင့်ဝှမ်းထဲမှတုန်လှုပ်မှုသည် ပို၍ပြင်းထန်လာပြီး ကျယ်လောင်သောပေါက်ကွဲသံတစ်ခုပေါ်ပေါက်လာသည်။ လူတိုင်းရှေ့တွင် မှိန်ပြပြတံခါးများပေါ်ပေါက်လာသည်။ 

"သွားကြမယ်" 

တာအိုရောင်းရင်းကွမ်းရှန်းဦးဆောင်မှုနဲ့အတူ ရှောက်လျန်နှင့် ရှမ်းကွမ်းယုံရှန်းတို့ တံခါးထဲသို့အလျင်အမြန်ဝင်သွားကြသည်။ 

"ငါတို့လဲသွားကြမယ်" 

နောက်မဆုတ်ချင်သော ရှန်ခန်းလုံသည် သူ့အနားမှလူသုံးယောက်အားခေါ်ပြီး တံခါးထဲသို့ဝင်သွားလေသည်။ 

ဤအရာကိုမြင်သော ကျန်းချန်းရွှမ်နှင့် အခြားနှစ်ယောက်လည်း ရပ်မနေတော့ပဲ တံခါးနောက်သို့ လျင်မြန်စွာ ဝင်ရောက် ပျောက်ကွယ်သွားတော့သည်…

***

All Chapters